အပိုင်း ၉၀
Viewers 11k

🧑‍⚕️Chapter 90




မကြာသေးမီက ကျီဟွား ဆေးရုံ၏ သားဖွားနှင့် မီးယပ်အထူးကုဌာနတွင် ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပွါးခဲ့ကာ လူအများအားစိတ်ရှုပ်ထွေး၍ သိချင်စိတ်များစေခဲ့သည်။ ရှန့်ဖန်းယွိ သည် အခြားသူများ၏အိတ်ကပ်များအတွင်းမှ ဘောပင်များတောင်းယူခြင်းကိုရပ်တန့်လိုက်ပြီဖြစ်သည်။

ရက်အနည်းငယ်မျှ တိတ်တဆိတ် လေ့လာပြီးနောက် ယွီဆန်းသည် ဒေါက်တာရှန့်ထံတွင် အနီရောင်၊ အပြာရောင် နှင့်အနက်ရောင်ဟူ၍ဘောပင်ထည့်သည့်သေတ္တာ၃လုံးမျှရှိသည်ကို သတိထားမိခဲ့သည်။ သူသည် ဌာနတစ်ခုလုံး တွင် ဘောပင်အပေါဆုံးသူဖြစ်နေသည်။

သို့သော်ဒေါက်တာရှန့် သည် သူ၏ဘောပင်များနှင့် ပတ်သက်၍ အလွန် ကပ်စေးနှဲ၏။သူသည် ထိုဘောပင်များအား သော့အသေးစားဖြင့် အသေအချာသော့ခတ်ထားကာ ဒါရိုက်တာ ချွေ့အား တစ်ချောင်းမျှ ငှါးရန်ပင် ငြင်းဆန်ခဲ့သေးသည်။ အခွင့်အရေးရလျှင်သူ၏ဘောပင်သေတ္တာများအား အဖိုးတန်ရတနာသေတ္တာများကိုင်ဆောင်ထားသကဲ့သို့ ထုတ်ကြွားပြတတ် သေးသည်။

တစ်ရက်တွင်ယွီဆန်းသည် ဒေါက်တာရှန့်မှ သူ၏ ဘောပင်များနှင့် ပတ်သက်၍ ထပ်မံကြွားလုံးထုတ်နေသည်အား ကြားခဲ့ရသောအခါဒေါသများကိုဆက်မထိန်းနိုင်တော့ပေ။ သူသည် ကျန်းရွှိအား တွတ်ထိုး၍ပြောပြလိုက်၏။

"ငါဒေါက်တာရှန့်ဆီမှာ ရှိတဲ့ ဘောပင်တံဆိပ်တွေကို တစ်ခါမှတောင် မကြားဖူးဘူး.….အဲ့ဒါတွေက အကောင်းစားတွေ မဟုတ်ဘူးနေမှာပေါ့… အဲ့တော့ သူအဲ့ဒါတွေအကြောင်းထုတ်ကြွားပြောစရာမလိုဘူးလို့ ထင်တာပဲ…"

နှစ်ပေါင်းများစွာတူညီသောဘောပင်များကိုသာအသုံးပြုခဲ့သည့် ကျန်းရွှိမှာ ခဏမျှ ငြိမ်သက်သွားသည်။

" မင်း တစ်ခါမှမကြားဖူးတာ သေချာလား.."

ယွီဆန်း သည် သူ့အနေနှင့် ဒေါက်တာရှန့်အား ဝေဖန်နေသည်ကို ကျန်းရွှိကဝင်မပါကြောင်းသိသောအခါအနည်းငယ်အံ့ဩသွားရသည်။ သူအသေအချာ ပြန်လည်စဉ်းစား၍ သူ၏မှတ်ဉာဏ်ထဲမှ ဝိုးတဝါး အပိုင်းအစအချို့အား ပြန်လည်သတိရသွားသည်။

"ဟုတ်ပြီ သူတို့ကတော်တော်လေးကို အကျွမ်းတဝင်ရှိနေတာပဲ… ငါ သူတို့ကို တစ်နေရာရာမှာ မြင်ဖူးခဲ့သလိုပဲ.."

ကျန်းရွှိ ကျေနပ်စွာ ခေါင်းညိတ်တော့မည့်အချိန်တွင် ယွီဆန်းက ဟင်းခနဲ သက်ပြင်းချကာ ပြောလိုက်သည်။

" ဒါပေမယ့် တံဆိပ်ကဘာပဲဖြစ်နေနေ အဲ့ဒါတွေက ကောင်းတဲ့ ဘောပင်တွေ ဖြစ်တဲ့ပုံမပေါ်ပါဘူး… တစ်နေ့နေ့ကျမင်တွေယိုပြီး သူ့အဖြူရောင်င်္အကျီကိုတောင်စွန်းနိုင်သေး.."

သူ၏လက်ဆောင်အပေါ် ယွီဆန်း ၏ဝေဖန်မှုအား ကြားပြီးနောက် ကျန်းရွှိခဏမျှ အသံတိတ်သွားသည်။ထို့နောက် တည်ကြည်သောအမူအရာဖြင့်သာတုံ့ပြန်လိုက်၏။

"ငါတော့အဲ့လိုတွေဖြစ်မယ်လို့ မထင်ပါဘူး.."

"ဘာလို့မဖြစ်ရမှာလဲ…ကျန်းသေဖြစ်လောက်မှာကို.."
ယွီဆန်းက မလျှော့တမ်းပြန်ပြောသည်။ထို့နောက်ထပ်၍ ထင်ကြေးပေးသည်။

"အကိုရွှိ ရော အဲ့ဘောပင်တွေက သူ့လက်တွဲဖော် လက်ဆောင်အနေနဲ့ ပေးတာလို့ထင်လို့လား.."

 ကျန်းရွှိသည်မေးခွန်းထဲမှ ကာယကံရှင်အနေနှင့်အတည်ပြုကာ " အင်းလေ" ဟု ဖြေလိုက်သည်။

"ဒါပေမယ့် သူ့မှာ ကောင်မလေးရှိတယ်လို့မကြားရပါဘူ..း" ယွီဆန်းသည် ကျန်းရွှိ၏ ပြတ်သားသော စကားလုံးများအား သတိမမူမိပဲပြန်ပြောလိုက်သည်။ပြီးနနောက် သူ၏စိတ်ကအခြားအကြောင်းအရာတစ်ခုသို့ အလျင်အမြန်ပြောင်းသွားလေသည်။

"အကိုရွှိ…အဲ့ဒါကိုဘယ်လိုသိတာလဲ..အဲ့ကောင်မလေးကိုရော တွေ့ဖူးလား…သူတော်တော်လှမယ်ထင်တယ်.."

ယွီဆန်းထံမှ သူ၏အသွင်အပြင်အား တိုက်ရိုက်ချီးမွမ်းသည်ကိုကြားရသောအခါ ကျန်းရွှိအနေဖြင့် အနည်းငယ်နေရခက်သွားသည်။ ခဏမျှစဉ်းစားတွေးတောပြီးနောက် ကျန်းရွှိက ခပ်ပေါ့ပေါ့ပင်…

 "ဟုတ်မှာပေါ့…အဲဒီကောင်မလေးက ငါနဲ့ ခပ်ဆင်ဆင်ရယ်.."

"အကိုရွှိနဲ့ ဆင်တယ်လား… ဒါဆို သူက တကယ်ကို လှတာပဲနေမယ်..ဒေါက်တာရှန့် တယောက် အဲ့လိုကောင်မလေးမျိုးရှိတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ.."

ဒေါက်တာရှန့်တွင် လှပသောရည်းစားရှိကြောင်းကြားပြီးနောက် ယွီဆန်းက ကျန်းရွှိအားစိတ်ပူသွားပြန်၏။

" အစ်ကိုရွှိရော ဘယ်အချိန်မှာ ရည်းစားရှာမှာလဲ…အကိုရွှိ သူ့ကိုရှုံးလို့မရဘူးနော်…ဒေါက်တာရှန့်က သူ ကျုံးလန်ကို လိုက်တုံးက မအောင်မြင်ခဲ့တာကို မေ့ပြီး ရှေ့ဆက်နိုင်ခဲ့ပြီ…ဒါပေမယ့် အကိုရွှိကတော့ အတိတ်မှာပဲ ပိတ်မိနေတဲ့ပုံပဲ.."

"…"

ယွီဆန်းသည် သူ၏အမေနှင့်တူညီမှုများစွာရှိသည်ဟု ရုတ်တရက်ခံစားခဲ့ရသည်။

ခဏတာမျှတွေးတောပြီးနောက် ယွီဆန်းကဆိုသည်။

" ဒါပေမယ့် အကိုရွှိရယ်.. အရင်ဆုံး အကို့ဘီယာဗိုက်ဆီမှာ မရှုံးစေနဲ့…အကိုရွှိကို ကြည့်ရတာဝလာသလိုပဲ…အကို့လို ရုပ်ချောတဲ့လူမျိုးအတွက်က ဝိတ်တက်လာရင် ကောင်မလေးရဖို့ မလွယ်တော့ဘူးနော်…"

သူ၏မှတ်ချက်စကားများပြောဆိုပြီးနောက် ယွီဆန်း ကျန်းရွှိ၏မျက်နှာအား စစ်ဆေးကြည့်လိုက်သည်။

"ဒါပေမယ့် အကိုရွှိက တော့ မတူဘူး… ကိုယ်လုံးကိုယ်ပေါက်က ကောင်းတော့ ဝိတ်တက်လာရင်တောင် အကို့မျက်နှာမှာ မပေါ်ဘူးလေ…အဝတ်တွေနဲ့ ဖုံးလို့ရတယ်.."

"…"

ကျန်းရွှိ က သူ ယွီဆန်းအား လျှော့တွက်မိခဲ့သည်ဟုခံစားရသည်။ ယွီဆန်းကားသူ၏မိခင်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။အနည်းဆုံး တော့ သူ၏အမေသည် သူ့အား ကိုယ်အလေးချိန်ချရန် ဖိအားမပေးခဲ့ပါပေ။

ကျန်းရွှိ သည် ယွီဆန်း နှင့်အတူ ဘီယာဗိုက်နှင့် အဝလွန်ခြင်းအကြောင်းအား အမှန်တကယ်ပင် မဆွေးနွေးလိုပေ။ ယွီဆန်းစကားပြောသည့်အကြောင်းအရာအား သွေးပေါင်ချိန်မြင့်ခြင်း၊ သွေးသကြားဓာတ်မြင့်မားခြင်းနှင့်ကိုလက်စထရောမြင့်မားခြင်းတို့၏အန္တရာယ်များ ထံသို့ မတိုးချဲ့မီ တွင်….

"ကျွန်တော့်မှာလည်း ကောင်မလေးရှိတယ်.."

"ဝိုး…တကယ်ကြီးလား…"
ယွိဆန်းက ထိတ်လန့်စွာဖြင့် ထအော်သည်။

"ဘာလို့ ကျွန်တော်တို့ကို စောစောစီးစီး မပြောခဲ့တာလဲ… ဒါက တကယ့် ကိစ္စကြီးလေ…အဲ့ဒါကို ဖုံးကွယ်ထားသေးတာလား…အကိုရွှိအတွေးမှဟုတ်ရဲ့လား.."

ကျန်းရွှိ ရေတစ်ငုံမျှသောက်လိုက်ကာ သူ၏မျက်လုံးများတွင်ပေါ်လာသောအပြုံးကိုထိန်းချုပ်၍ ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။ 

"ကျွန်တော်တို့ စပြီး ဒိတ်နေကြပြီ.."

ဒေါက်တာကျန်းရွှိ၏ အမြဲ ချစ်ခင်၍ သစ္စာရှိသော ပရိသတ်ဖြစ်သူ ယွီဆန်းသည် ကျန်းရွှိနှင့် ရှန့်ဖန်းယွိ တို့၏ဆက်ဆံရေးရလဒ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်ခဲ့သည်။

"အကိုရွှိရဲ့ ကောင်မလေးက ကြည့်ကောင်းလား ဒါမှမဟုတ် သူ့ကောင်မလေးက ရော ကြည့်ကောင်းလား.."

ကျန်းရွှိ ဌာနအတွင်းရှိ သူနှင့်ဝေးကွာလှသော အလုပ်စားပွဲသို့ စဉ်းစားတွေးတောရင်း လှမ်းကြည့်လိုက်သည်။အလုပ်စားပွဲတွင် မှာမည်သူမျှရှိမနေပေ။ သို့သော် ကုလားထိုင်ပေါ်တွင် အပြာနုရောင်ကုတ်အင်္ကျီတစ်ထည်ရှိနေသည်။ သူသည် ထိုအင်္ကျီအား သူတို့၏ဆက်ဆံရေးကိုအတည်ပြုသည့်ဒုတိယနေ့တွင် ရှန့်ဖန်းယွိ အတွက်ဝယ်ပေးခဲ့ကာ ဘောပင်များကမူ ပထမဦးဆုံးနေ့က ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

ရှန့်ဖန်းယွိ၏မက်မွန်ပွင့်ကဲ့သို့ မျက်လုံးများမှာကျက်သရေအပြည့်နှင့်တောက်ပနေသည်။ အပြာရောင်နုရောင်ကုတ်အင်္ကျီ၏အေးမြသောအရောင်ကသူ၏ရွှင်မြူးနေသောစွမ်းအင်ကိုချိုးနှိမ်ခဲ့ပြီး အလွန်အကြူး မတောက်ပနေစေပဲ မျက်စိပသာဒဖြစ်စေကာ သူ့အား အေးဆေးတည်ငြိမ်၍ ကြည့်ကောင်းစေခဲ့သည်။

ကျန်းရွှိ က ရှန့်ဖန်းယွိ ထိုအင်္ကျီနှင့်မည်မျှကြည့်ကောင်းသည်ကိုပြန်တွေးကာ ယွီဆန်း အား ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်လက်တွဲဖော်ကတော်တော်ကြီးကို ကြည့်ကောင်းတယ်.."

ထို့ပြင် ထို ကြည့်ကောင်းသော သူက ခွဲစိတ်ခန်းစားပွဲရှေ့တွင် ကျန်းချန်နှင့်စကားပြောနေသည်။လူနာမှာမေ့ဆေးပေးခံထားရပြီး သူသည် လူနာ၏မေ့ဆေးအခြေအနေအားအတည်ပြုကာ ကျန်းချန်ပြောနေသည်ကိုလည်း နားထောင်နေသည်။ 

"မင်းသိလား…လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမင်းအကြောင်း နဲ့ပတ်သက်ပြီး တော်တော် ကိုးရိုးကားယားနိုင်တဲ့ အတင်းအဖျင်းတွေကြားခဲ့ရတာ"

"ဘာအတင်းဖျင်းတွေလဲ…ငါကအတင်းအဖျင်းတွေကိုဂရုမစိုက်ပါဘူး.." 

ရှန့်ဖန်းယွိက ဂရုမစိုက်စွာပြန်ပြောသည်။

ကျန်းချန် ကတွန့်ဆုတ်နေ၏။

"မင်းနဲ့ ကျန်းရွှိ တို့ချိန်းတွေ့နေတယ်ဆိုပြီး ငါကြားလာခဲ့တာ.."

"….."

စိတ်ချုပ်တည်းထား၍အေးဆေးတည်ငြိမ်နေသောခဲ့သောသူသည် မနေနိုင်တော့ပဲ အဝေးသို့မျက်နှာလွှဲသွားကာ ချောင်းနှစ်ကြိမ်မျှဟန့်လိုက်သည်။ ထို့နောက် စိတ်အေးနေချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"အဲ့ဒါကို ဘယ်သူတွေဆီက ကြားခဲ့တာလဲ မင်းက.."

"ငါတို့ တက္ကသိုလ်တက်တုန်းက အတန်းဖော်တစ် ဦးဆီကနေလေ…"

ကျန်းချန်သည်လက်နက်ကိုင်လုယက်မှုတစ်ခုကြုံခဲ့ရကာမတရားခံလိုက်ရသည်။ ထို့ကြောင့် ထိုတုန်လှုပ်ဖွယ်ဒုက္ခ မှလွတ်မြောက်ပြီးနောက်သူသည်ကမ္ဘာတစ်ခုလုံးအားကြွေးကြော်ချင်ခဲ့သည်။

သူသည်ဆေးရုံတွင်အပြီးသတ်ရမည့် ကိစ္စတစ်ခုခုရှိခဲ့၍ကျောင်းသားဟောင်းများပြန်လည်ဆုံဆည်းမှုကိုမတက်ရောက်နိုင်ခဲ့ပေ။ သူ အတန်းဖော်ဟောင်းများထံငိုနေစဉ်အတန်းဖော်ဟောင်းကသူ့အား နှစ်သိမ့်ပေးကာ နောက်ဆုံးပျံ့နှံ့နေသည့်အတင်းအဖျင်းအကြောင်းပြောခဲ့သည်။

အမှန်မှာ ထိုအတန်းဖော်ကျောင်းသားဟောင်းသည်လည်း ထိုတွေ့ဆုံပွဲသို့တက်ရောက်ခြင်းမရှိခဲ့ပေ။ တဆင့်စကား ကောလဟာလများကိုသာ သတင်းလုပ်ကာပြောနေကြခြင်းဖြစ်သည်။ ထိုကိစ္စအစမှာ ကျန်းရွှိမှ ရှန့်ဖန်းယွိလက်အား ဒေါသတကြီးကိုင်ဆွဲ၍ ပွဲကျင်းပရာနေရာမှထွက်သွားခြင်းကြောင့်သာဖြစ်သည်။ သို့သော်နောက်ပိုင်းတွင်အကြောင်းပြချက်များစွာအရ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သည်ပွဲတွင်လက်ကိုင်နေကြခြင်းမှာ ဒိတ်နေကြေသာကြောင့်ဖြစ်မည်ဟု ထင်ကြေးပေးကြသည်။

ကျန်းချန် ကြားခဲ့ရသောပုံကြီးချဲ့ထားသည့်ဗားရှင်းများတွင် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည်ဆယ်စုနှစ်တစ်ခုကျော်ကြာလျှို့ဝှက်စွာချိန်းတွေ့ခဲ့ကြသော်လည်း သူတို့၏ "ကျောင်းဘုရင်များ" ပုံရိပ် ကိုဆက်လက်ထိန်းသိမ်းထားရန်အတွက် တစ်ဦးနှင့်တစ်ဦးဆက်လက်ယှဉ်ပြိုင်ကြရန် ခက်ခဲသောဆုံးဖြတ်ချက်ချခဲ့ရသည်ဟုဆိုကြသည်။

ထို့အပြင် ဟွမ်းပင်း သည် အတန်းသားများပြန်လည်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီးနောက် အုပ်စုလိုက်စကားပြောသည့်အဖွဲ့ထဲတွင်ရုတ်တရက်သတင်းစကားတစ်ခု တင်ခဲ့သည်။ ကျန်းရွှိ နှင့်ပတ်သက်သောကောလာဟလများပျံ့နှံ့မှုအတွက်တောင်းပန်ကြောင်း၊သူ၏ရည်းစားနှင့်ပြတ်ဆဲရခြင်း အကြောင်းရင်းမှာသူ၏ကိုယ်ပိုင်အမှားဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ရှန့်ဖန်းယွိအားလည်းသူ၏အမှားများကိုနားလည်သဘောပေါက်စေရန်နှင့် ပိုမိုကောင်းမွန်သောလူတစ်ယောက်ဖြစ်လာရန်အခွင့်အလမ်းပေးသည့်အတွက်ကျေးဇူးတင်ရှိကြောင်းပြောထားသည်။

ဤသည်က လူအချို့အား အတွေးများစေခဲ့သည်။ ကျန်းရွှိ သည်ထိုနေ့တွင် ဟွမ်းပင်းအား ကန်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော်သူသည်ကျန်းရွှိအား ဖက်တီးဟုခေါ်သောကြောင့်ဖြစ်သည်။ သူကားဝနေခြင်းမဟုတ်ပဲရှန့်ဖန်းယွိ၏ကလေးနှင့်ကိုယ်ဝန်ရှိနေခြင်းသာ။ထို့ကြောင့် ရှန့်ဖန်းယွိ ကသူ့ကိုယ်စား ဟွမ်းပင်းနှင့် နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းချန်ပြောစကားများအား နားထောင်ပြီးနောက် အတင်းအဖျင်း၏အဓိကလူ ရှန့်ဖန်းယွိပင် အလွန်တုန်လှုပ်သွားရသည်။ 

"မင်းအဲ့ဒီ ကိုယ်ဝန်သတင်း ကောလဟာလကို ဘယ်ကကြားခဲ့တာလဲ.."

အကယ်၍ သူတို့သာပရောဖက်ကဒ်ကိုရွေးခဲ့ပါကသူယနေ့ညတွင်ပင် သူတို့ထံသွား၍လုပ်ကြံသတ်ဖြတ်ပစ်မည်။

"အဲ့ဒါက ငါတို့အတန်းထဲက တတိယအဆင့်ကျောင်းသားဆီက အတွေးလေ…ဒါဆိုတကယ့်ဇာတ်လမ်းကရောဘာလဲ…ဒီဟာတွေက ချဲ့ကားပြောဆိုထားတာတွေပါ… ငါက မင်းနဲ့ရင်းနှီးတော့ အတွင်းသတင်းရှိပြီး ငါတစ်ခုခုသိသလားဆိုပြီးတောင် သူတို့ကမေးသေးတယ်…. ငါလည်း ဘာပြောရမှန်းမသိဖြစ်သွားတာပေါ့… ဒါကြီးက အဓိပ္ပာယ်မရှိဘူးလေ.."

ရှန့်ဖန်းယွိ သည် ခဏမျှငြိမ်နေပြီးနောက် 

"ငါစိတ်လိုက်မာန်ပါ လုပ်လိုက်လို့ ကျန်းရွှိ ကဒေါသထွက်ပြီး ငါ့ကိုအဝေးခေါ်သွားတာ…ဒါကအဲ့လောက်ရှုပ်ထွေးနေတာမဟုတ်ပါဘူး.."

"ဘာ…ကျန်းရွှိ ဒေါသထွက်သွားလို့ မင်းကပါထွက်သွားတယ်..ရှန့်ဖန်းယွိ …မင်းမှာ ယှဉ်ပြိုင်ချင်စိတ် နည်းနည်းလေးမှ မရှိဘူးလား.."

ကျန်းချန် ပို၍ပင်အံ့ဩနေသည်။

ရှန့်ဖန်းယွိ ၏လက်ကမရပ်တန့်ခဲ့ပေ။ သို့သော်မေ့ဆေးထိနေသောလူနာနှင့် ကျန်းချန် တို့၏ရှေ့တွင် ချစ်ခြင်းမေတ္တာအကြောင်းပြသခြင်းက သူ့အားမထိခိုက်ခဲ့။

"မင်းငါ့ကို အထင်သေးချင်ရင်လည်း ရတယ် ငါ့ကိုပဲ အထင်အမြင်သေးလိုက်…"

မည်သို့ပင်ဖြစ်စေ ယခု သူ့ထံတွင် လက်တွဲဖော်ရှိနေပြီဖြစ်သည်။

ရင်ခုန်စရာဆက်ဆံရေးတွင်နှစ်မြှုပ်ထားသောသူသည်သူ၏အခြေခံ ယှဉ်ပြိုင်နိုင်စွမ်းအား ဆုံးရှုံးခဲ့သည်။သူ၏စိတ်က ယနေ့နံနက်ကတံခါးရှေ့တွင်သူ၏အဝတ်အစားများကိုသူတောင်းနေသည့် ကျန်းရွှိ ၏အမှတ်တရများဖြင့်သာ ပြည့်နှက်နေသည်။ သူ၏ ဦး ခေါင်းသည်ငုံ့ထားကာ သူ၏ပျော့ပျောင်းသောဆံပင်စွန်းများမှာ နဖူးတွင်တရွတ်တိုက်ကျနေသည်။ သူသည် ထိုသူအား တစ်ချက်မျှရွေ့ကာ လှမ်းဖက်လိုက်၍ပင်ရသည်။

အိုး….သူတို့လူနာဆောင်များလှည့်နေချိန်တွင် ကျန်းရွှိသူ့အားလှည့်ကြည့်သော အကြည့်….။

ထိုအချိန်တွင် ကျန်းရွှိကကျောင်းသားတစ်ဦးအားကြယ်သီးများကိုစနစ်တကျတပ်ထားခြင်းမရှိသောကြောင့် ဆူနေခဲ့သည်။ ပထမဆုံးကြယ်သီးက တပ်မထားပေ။ကျန်းရွှိသည် မျက်မှောင်ကြုတ်ကာ အပြစ် ပြောတော့၏။

"ကြယ်သီးတွေက ဘာဖြစ်တာလဲ.."

သို့သော် ရှန့်ဖန်းယွိ ရုံးတံခါးကိုဖွင့်လိုက်သောအခါ ကျန်းရွှိ ကသူ့အားလှည့်ကြည့်သည်။ ထို့ပြင် ကျောင်းသားရှတွင် သူ၏လေသံကိုပြောင်းလဲလိုက်သေးသည်။

" ဒါလည်း…..တမူထူးခြားတာပေါ့လေ…"

ဝေဖန်မှုများကိုလက်ခံရန်ပြင်ဆင်ထားသည့် ကံမကောင်းသောကျောင်းသားခမျာ ထိတ်လန့်တုန်လှုပ်သွားသည်။အမြဲတမ်းတင်းကျပ်သောဆရာကျန်းကား သူ့အားဖြတ်ကျော်ကာ ထိုကိစ္စကို ပေါ့ပေါ့တန်တန် ဖုံးကွယ်လိုက်ကြောင်း သဘောပေါက်သွားသည်။

သူသည် နေရာတွင်ရပ်နေကာသူ၏အဝတ်အစားများပေါ်ရှိ မှားယွင်းစွာတပ်ဆင်ထားသောကြယ်သီးများအားကြည့်လိုက်သည်။ 

" တမူထူးခြားတယ်….ဆိုတာ…ဆရာကျန်းက သဘောကျတယ်လို့ဆိုလိုတာလား.."

ကြယ်သီးနှစ်လုံးသာတပ်ထားသောဒေါက်တာရှန့်သည်ကျောင်းသား၏နားထဲသို့ အဓိပ္ပာယ်ပြည့်ဝစွာခပ်တိုးတိုးပြောလိုက်၏။ 

"အိမ်ကိုချစ်ရင် အိမ်ကကျီးကန်းလည်းချစ်ရမယ် ဆိုသလိုဖြစ်မှာပေါ့.."

"အိမ်ကိုချစ်ရင် အိမ်က ကျီးကန်းလည်းချစ်ရမယ်" ဆိုသည်မှာ လူတစ်ဦးနှင့်ဆက်နွယ်သောအရာအားလုံးကိုချစ်ရန်ဆိုလိုသည်။

အတိတ်ကာလတွင် ဒေါက်တာရှန့်သည် ကြယ်သီးများ ရိုးရှင်းစွာတပ်ဆင်ခြင်းကို သဘောကျခဲ့သည်။သို့သော်ယခု ရှန့်ဖန်းယွိသည် OCD ရှိသူတစ်ဦးအား ဆွဲဆောင်၍ သူ၏ကြယ်သီးများကို ကူတပ်ပေးစေရန် ရည်ရွယ်ကာအင်္ကျီကြယ်သီးများအားတဝက်သာ တပ်ထားတော့သည်။

မှန်သည်…။ထို နည်းလမ်းက အမြဲ အလုပ်မဖြစ်ခဲ့ပေ။

ဥပမာအားဖြင့် တစ်ညတွင် ကျန်းရွှိ သွားတိုက်နေစဉ် ရှန့်ဖန်းယွိသည် ကြယ်သီးတဝက်သာတပ်ထားသော ရှပ်င်္အကျီကိုဝတ်ဆင်ကာသူဘေးတွင်လှည့်ပတ်နေခဲ့သည်။ သူ့အားရက်ပေါင်းများစွာကြယ်သီးကူတပ်ပေးခဲ့သူ ကျန်းရွှိမှာ နောက်ဆုံးတွင်သည်းမခံနိုင်တော့ပေ…။သူ ရှန့်ဖန်းယွိအား မှန်မှတဆင့် ကြည့်လိုက်ကာ 

"မင်းရဲ့ကြယ်သီးတွေကို မှန်မှန်ကန်ကန်မတပ်နိုင်ဘူးဆိုရင် မင်းရဲ့အဝတ်အစားအားလုံးကိုယူပြီး ကြယ်သီးတွေနေရာမှာ ဇစ်တွေ နဲ့အစားထိုးပစ်မယ်.."

ရှန့်ဖန်းယွိ ကသူ့အားနောက်ကွယ်မှပွေ့ဖက်ကာ

"ဒါဖြင့် မင်း ဇစ်ကူတပ်ပေးပေါ့.."

ကျန်းရွှိ သည်မည်သည့်မျက်နှာအမူအရာမျှမပါပဲ သွားတိုက်ဆေးအမြှုပ်များအား ထွေးလိုက်သည်။သူ၏လူသတ်ချင်စိတ်ပေါက်နေသောစိတ်အားအသုံးပြုကာပြောလိုက်၏။

"ဒီနေ့ည အိပ်ခန်းထဲကို မလာနဲ့.."

သူတို့ဟိုတယ်မှ အိမ်သို့ပြန်လာသည့်ရက်က ရှန့်ဖန်းယွိသည် လွတ်မြောက်လာသော ကျွန်အကြောင်း သီချင်းကိုဆိုခဲ့ညည်းကာ ကျန်းရွှိ၏အိပ်ရာပေါ်သို့ယုံကြည်စိတ်ချစွာတက်သွားသည်။ အိပ်ယာပေါ်တွင် အိပ်ရခြင်းက ဆိုဖာပေါ်တွင် အိပ်ရခြင်းထက် ပို၍ သာလွန်းမနေသော်လည်း ကျန်းရွှိအနားတွင် အိပ်ရခြင်းဖြစ်သောကြောင့် သူ ဆိုဖာပေါ်သို့ပြန်မသွားချင်တော့ပေ။