အပိုင်း ၉၁
Viewers 12k

🧑‍⚕️Chapter 91



ကျန်းရွှိ အိပ်ရာပေါ်တွင်လှဲအိပ်လိုက်သောအခါ ရှန်းဖန်းယွိတယောက် သူ၏ညဝတ်အင်္ကျီ ပေါ်ရှိကြယ်သီးများအား လုံ့လဝီရိယရှိရှိသေချာစွာတပ်ဆင်ကာ တံခါးကိုမရဲတရဲဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။

ကျန်းရွှိ ကသူ့အား ခေါင်းအစခြေအဆုံး ကြည့်ကာ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။ လုံခြုံရေးစစ်ဆေးမှုကိုဖြတ်သန်းပြီးသွားသောရှန့်ဖန်းယွိက သူ့အနားတွင်ချက်ချင်းဝင်လှဲလိုက်၏။သူ့အား ပွေ့ဖက်ရန်အချိန်ဖြုန်းမနေတော့ပေ။

ကျန်းရွှိကသူ့အားဆန့်ကျင်ကာတဖက်သို့လှည့်၍ကွေးနေသည်။ ရှန့်ဖန်းယွိက ထ၍ထိုင်ကာ ပခုံးနဲ့ခါးသို့နှိပ်နယ်ရန် ကြိုးစားရင်းပရောပရည်စကားတချို့ပြောလိုက်သည်။

"ဒီနေ့ မင်း ကျန်းချန်ကို ဘာပြောခဲ့တာလဲ.."
ကျန်းရွှိက ရုတ်တရက်သူ့ခေါင်းကိုလှည့်ကာမေးသည်။

သူတို့နှစ်ဦး ခွဲစိတ်ခန်းမှထွက်လာသောအခါ ကျန်းရွှိ က ကျန်းချန်နှင့်ရှန့်ဖန်းယွိ စကားပြောနေသည်ကိုတွေ့မြင်ခဲ့သည်။သူတို့စကားလုံးများဖလှယ်နေခဲ့ကြသည်။ကျန်းချန်က သူ့အားသိမ်မွေ့သော အကြည့်များနှင့် ရံဖန်ရံခါကြည့်လာတတ်သည်။

ရှန့်ဖန်းယွိ သည်သူ၏ပါးစပ်ထောင့်ကိုကွေးကာ…
"မင်းကြည့်ကောင်းတယ်လို့ ပြောခဲ့တာ.."

"မလိမ်စမ်းနဲ့.."

"မင်းကြည့်ကောင်းတယ်လို့ပြောခဲ့ကြတာ အမှန်တရားပဲ မဟုတ်လား.."

"ငါ့စိတ်ထဲမှာတော့ အဲ့ဒါက လုံးဝလက်တွေ့ဆန်တဲ့ အမှန်တရားပဲ…CNS က စာရွက်စာတမ်းတွေနဲ့ ထိပ်တန်း သတင်းစာဂျာနယ် ၄ခုလုံးထက် ပိုပြီးမှန်တယ်…"

"ဒါပေမယ့် အဲ့စာတမ်းတွေကလည်း အဲလောက်ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး …ထိပ်တန်းဂျာနယ်တိုက်တွေမှာပြန်လည်ထုတ်ဝေနိုင်တဲ့နှုန်းတွေနိမ့်ကျတာက ဆွေးနွေးမှုတွေရဲ့အဓိကအကြောင်းအရာပဲလေ.."

ကျန်းရွှိ စကားလမ်းကြောင်းလွှဲရန်ကြိုးပမ်းမှုသည် အချည်းနှီးပင်။ရှန့်ဖန်းယွိသည် စကားအား ပြန်လည် ဆက်စပ်ကာ ကူကယ်ရာမဲ့နေသော မျက်နှာ အနေအထားဖြင့် ကျန်းရွှိအားကြည့်လိုက်သည်။ ကျန်းရွှိ၏နှလုံးသားများ အရည်ပျော်သွားသည်။

"စကားမစပ်…ငါဒီနေ့တစ်ခုခုတွေ့လာသေးတာ…ငါပြောပြသင့်တယ်လို့ထင်တယ်.. "

သူ ကျန်းရွှိ၏ မျက်နှာဘေးဘက်ခြမ်းကိုကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။

သူကသူ့ဖုန်းကိုထုတ်ယူကာ ကျန်းရွှိအား ပန်းချီကားတစ်ချပ်၏ပုံကို ပြလိုက်သည်။ပန်းချီကားတွင်အမျိုးသားနှစ် ဦး သည် မျက်နှာချင်းဆိုင်နေပြီးသူ၏ခေါင်းနောက်ကျောကိုသာ ပြသထားကာ အခြားတစ်ဦးကမူ မျက်နှာအား မှုန်ဝါးထားသော်လည်းသူ့ထံသို့မျက်နှာမူနေသည်….ထိုအရာက နားမလည်နိုင်လောက်အောင်ပင် အကျွမ်းတဝင်ဖြစ်နေသကဲ့သို့ခံစားရသည်။

ကျန်းရွှိ သိသိသာသာအံ့အားသင့်သွားခဲ့သည်။

"ဒီမွန်းလွဲပိုင်းတုန်းကသူငယ်ချင်းတစ်ယောက်ကနေပြီးတော့ ပန်းချီကားထဲမှာပါတဲ့လူတစ်ယောက်ကို ဘယ်သူလဲ အတည်ပြုပေးနိုင်မလားရုတ်တရက်မေးလာတာ… နောက်ခံက ငါတို့ရဲ့ဆေးရုံနဲ့တူနေတယ်လေ.. " 
ရှန်ဖ့န်းယွိက ရှင်းပြသည်။

"ဒါ…က…"
ကျန်းရွှိ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။

ရှန့်ဖန်းယွိ ကသူ့အား…

"အဲ့နေ့က မင်းရဲ့ဘလိုင်းဒိတ်နေ့က မင်းကို တွေ့ဖို့လာတုန်းကမလား.."

ရှန့်ဖန်းယွိက ဆက်လက်၍ နားထောင်နေစဉ် ကျန်းရွှိက မျက်မှောင်ကြုတ်ကာ 

"ငါ့သူငယ်ချင်းက အဲ့ဒါကို အွန်လိုင်းပေါ်မှာတွေ့ခဲ့တာလို့ပြောတာပဲ…အဲ့ဒါကြောင့် ပုံတင်ထားတဲ့ လူရဲ့အကောင့်ကို မေးလိုက်တာ…ငါစစ်ကြည့်လိုက်တော့ ပုံဆွဲတဲ့သူကလည်း မင်းရဲ့ဘလိုင်းဒိတ်က တယောက်ပဲဖြစ်နေတယ်.."

ကျန်းရွှိက ရိုးရှင်းသည့်အနုပညာရှင်တစ်ဦး ဖြစ်ကာသူ့အတွက်ပန်းချီဆွဲပေးလိုကြောင်း ထုတ်ပြောခဲ့သော်လည်းထိုအချိန်ကသူငြင်းဆိုခဲ့သည်။
ရှန့်ဖန်းယွိကပြောသည်။ 
"ငါ့သူငယ်ချင်းကို ငြင်းလိုက်ပြီးတော့သူ့ကိုမသိဘူးလို့ပဲပြောလိုက်တယ်. "

"အဲ့ဒါနဲ့ ငါအဲဒီ မိန်းကလေးကိုပြန်ဆက်သွယ်ပြီးတော့ သူဆွဲခဲ့တဲ့ ပုံကိုဖျက်ပစ်ဖို့တောင်းဆိုခဲ့လိုက်တယ်…သူ့ ဝေ့ပေါ်အကောင့်မှာလည်းဓာတ်ပုံတစ်ပုံပေါ်ကို အခြေခံပြီးဆွဲထားတဲ့ ပန်းချီကားဆိုပြီး အဲ့ဒါကိုတင်ထားတာ တွေ့လိုက်သေးတယ်…အဲဒီတော့ သူ့ကိုခွင့်ပြုချက်မရှိဘဲဓာတ်ပုံမရိုက်ဖို့…ပုံကိုလည်းဖျက်ပေးဖို့ ပြောလိုက်တယ်.."

"အိုး ... "

ကျန်းရွှိ သည်လျှို့ဝှက်စွာဓာတ်ပုံရိုက်ခြင်းကိုမနှစ်သက်သော်လည်းသူသည်ထိုကဲ့သို့သောသေးငယ်သည့်ကိစ္စရပ်များအားအမှန်တကယ်ဂရုမစိုက်ခဲ့။ထို့အပြင် ရှန့်ဖန်းယွိ သည်ထိုပြဿနာအား ဖြေရှင်းပြီးဖြစ်သည်။ ထို့ကြောင့်သူ့ထံ ဘာမျှ သက်ရောက်စရာမရှိပေ။

သို့သော်တိတ်ဆိတ်ငြိမ်သက်ပြီးနောက် သူသည်ရုတ်တရက်တစ်ခုခုကိုသဘောပေါက်လာကာ ရှန့်ဖန်းယွိအား အဓိပ္ပာယ်အပြည့်နှင့် ကြည့်လိုက်သည်။

ဒီလူက ချီးကျူးခံချင်နေသည်…။

ရှန့်ဖန်းယွိ သည်ထိုသို့တွေ့မြင်ရခြင်းအား ရှက်ရွံ့ခြင်းမရှိပါ။ သို့သော်သူ မကြည်မသာဖြင့်…

"သူက မင်းရဲ့ ဘလိုင်းဒိတ်ဖြစ်နေတော့ မင်းကိုပြောပြသင့်တယ်လို့ထင်လို့…. ပြီးတော့ အဲ့ဒါကငါတို့နှစ်ယောက်ရဲ့ပုံပဲလေ…ဒါနဲ့ သူက ငါ့မျက်နှာပုံကိုရော ဘာလို့မရိုက်တာလဲ.."

ကျန်းရွှိ အကြောင်းပြချက်မရှိပဲ ထိုနေ့တွင်ရုတ်တရက်စိတ်အပြောင်းအလဲဖြစ်သွားသော ရှန့်ဖန်းယွိနှင့်တူသွားကာ

"ဒါဖြင့် မင်းငါ့ကို ပြန်သဘောကျခဲ့လား.."

ရှန့်ဖန်းယွိ သည်ပုံမှန်လုပ်ရိုးလုပ်စဉ်များ အတိုင်းလိုက်နာရန်မရည်ရွယ်ပေ။ သူပြန်လည်မေးမြန်းလိုက်သည်။ 

"ငါမင်းကို ပိုသဘောကျလေ မင်း ပိုပြီးပျော်လေလို့ဆိုလိုတာလား…"

ကျန်းရွှိ ကဘာမျှပြန်မပြောခဲ့ပေ။သူ ရှန့်ဖန်းယွိနားသို့တိုးတိုးလေးပြောလိုက်သည်နှင့် ရှန့်ဖန်းယွိ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

"ငါက ငါမွေးလာကတည်းက မင်းကိုသဘောကျတာ…ငါမင်းကိုသဘောကျတာ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်လောက်တောင်ရှိပြီ.."

ကျန်းရွှိ သည် ရှန့်ဖန်းယွိအားသူ၏မဟာရန်သူဖြစ်စေ၊ မဖြစ်စေ လုံးဝမတူညီသော ပါးစပ်နှစ်ခုရှိသည်ဟုမကြာခဏခံစားခဲ့ရသည်။ သူတို့နှစ်ဦးသည်ကား ခုတ်မောင်းနေသောရထားများနှင့်တူသည်။တစ်ဦးကသူ၏ဒေါသဆီသို့ ဦးတည်သွားပြီး နောက်တစ်ဦးကသူ၏နှလုံးသားသို့ ဦးတည်သွားနေသည်။

သူသည် ရှန့်ဖန်းယွိ၏ ချိုမြိန်သောစကားလုံးများနှင့်ရင်ခုန်စရာအမူအယာများက စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို သိသည်။သို့သော် သူသည် သူ၏ ပင်ကိုယ်အသိအရ အမှန်တကယ် သဘောကျမိနေကြောင်းလည်း သဘောပေါက်ခဲ့သည်။

သူ အတော်ပင် ကူကယ်ရာမဲ့နေ၏။

ရှန့်ဖန်းယွိ သည် သူ၏နီရဲသောနားရွက်များကိုကြည့်ကာ တယုတယပြန်ပြောလိုက်သည်။

" အကယ်၍ ငါ့ရဲ့ ချော့နည်းက မင်းကိုပျော်ရွှင်စေလို့ ပြုံးချင်နေရင် ပြုံးလိုက်….မင်းထိန်းထားစရာမလိုပါဘူးနော်.."

သူသည် ကျန်းရွှိ၏နောက်ကျောအားနှိပ်ပေးနေသောသူ့လက်များအား ဖယ်ကာ သူ့အားပွေ့ဖက်လိုက်သည်။

"ဒါပေမယ့် ငါတို့တွေ ဘယ်အချိန် ပုံတွေထပ်ရိုက်ကြမလဲလို့တွေးမိသွားပြန်ရော.."

"ဘာပုံတွေလဲ.." ကျန်းရွှိ ကနားမလည်စွာပြန်မေးသည်။

"မင်္ဂလာဆောင်ဓာတ်ပုံတွေ.."

"ငါဘယ်တုန်းကမင်းကိုလက်ထပ်ချင်တယ်လို့ပြောခဲ့လို့လဲ.."

"မင်းကငါနဲ့ လေးလေးနက်နက်အတူရှိချင်တယ်ပြောတယ်လေ… ဒါကြောင့်ငါကလက်ထပ်ဖို့ပဲတွေးလိုက်တာ…ဘာလဲ…မင်းက မလိုချင်ဘူးလား.."

ကျန်းရွှိ ကသူ့အားကြည့်နေသော်လည်း ရှန့်ဖန်းယွိမှာ သူ၏ အတွေးများထဲတွင်ပျောက်ဆုံးနေကာ 

"ခေါင်ရန်းသစ်ပင် နားမှာဓာတ်ပုံရိုက်ကြရအောင်…အဓိပ္ပါယ်အများကြီးရှိတာပေါ့…ငါတို့ပြန်ဆုံခဲ့တဲ့နေရာပဲလေ.."

ကျန်းရွှိ က "ခေါင်ရန်း သစ်ပင် တွေက အခုချိန်မှာ အပွင့်တွေ မပွင့်သေးဘူ..း"

"ငါတို့ အခုသွားရိုက်ရမယ်လို့မပြောမိပါဘူး…အဲ့တော့ ဆိုလိုတာက မင်းကအခု ငါ့ကို လက်ထပ်ဖို့ သဘောတူတယ်ပေါ့.."

ရှန့်ဖန်းယွိသည် သူ၏စကားလုံးများမှ အထအန ကောက်ရာတွင်ကျွမ်းကျင်လွန်းသည်။

ကျန်းရွှိ ".."

သူသည် မကြာမီ ကျန်းရွှိ၏အမျက်ဒေါသအားနှိုးဆွပေးမိတော့မည်ကိုမြင်သောအခါ ရှန့်ဖန်းယွိမှာ စကားလမ်းကြောင်းအား လျင်မြန်စွာပြောင်းလိုက်ရသည်။

"ပန်းတွေမပွင့်သေးလည်း ဘာမှမဖြစ်ဘူး… အဲဒီမှာငါတို့နာမည်တွေပါတဲ့ကဗ္ဗည်းပြားတစ်ခုရှိမှာလေ…မင်္ဂလာလက်မှတ်စာအုပ်လိုမျိုးအနီရောင်နဲ့လေ…နောက်ခံအနေနဲ့လည်း ကြည့်ကောင်းတယ်.."

"ဒါမှမဟုတ်အင်တာနက်ကဖေးကိုသွားလို့ရတယ်…B မြို့ ထဲကတစ်ခုက ငါတို့အတူတူကစားခဲ့နေကျလေ…ငါတို့ဂိမ်းနည်းနည်း ထပ်ကစားလို့လည်းရတာပေါ့.."

ကျန်းရွှိ အနည်းငယ်အိပ်ချင်လာသောကြောင့် ရှန့်ဖန်းယွိ ၏လက်မောင်းအားတွန်းထုတ်ကာ သူ့ဘေးတွင်လှဲလိုက်ရင်းပြောလိုက်သည်။

"အင်တာနက်ကဖေးက ပိတ်သွားပြီ.."

"မင်းလည်းသိတယ်လား.."

ရှန့်ဖန်းယွိ သည်အံ့အားသင့်သွားကာ ကျန်းရွှိကိုမျက်နှာမူပြီး လှဲလိုက်၏။

"ဒါကမင်းလည်း ငါ့အကြောင်းကို စဉ်းစားတယ်လို့ဆိုလိုတာလား…မွေးကတည်းကမင်းငါ့ကိုကြိုက်ခဲ့တာလား."

"….." 

ကျန်းရွှိမှာ ပြန်လည် ညည်းတွားချင်သွားသည်။ ရှန့်ဖန်းယွိ၏ဦးနှောက်သည် ယခင်တည်းက ထိုသို့ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နေသည်ကို သူမသိခဲ့ပေ။
သူပြန်ပြောလိုက်သည်။
"ငါမွေးတုန်းကမင်းတောင်မမွေးသေးဘူး.."

ရှန့်ဖန်းယွိကခဏမျှစဉ်းစားပြီးနောက် လှောင်ပြောင်လိုက်၏။

"ဒါဖြင့် ငါ့ကိုဘာလို့အကို လို့ခေါ်တာလဲ.."

ကျန်းရွှိ ဆို့နင့်သွားကာ ခဏတာမျှမတုံ့ပြန်နိုင်ပေ။

သူသည် ရှန့်ဖန်းယွိအား လှောင်ပြောင်သောအခါ ထိုကိစ္စနှင့်ပတ်သက်၍ သိပ်မစဉ်းစားခဲ့ပေ။ အခြားသူတစ်ဦး အားလေးစားမှုရှိစေရန်အရေးကြီးကြောင်းနှင့် သူ၏ အမည်အတိုင်း တုံပြန်ပြောဆိုခြင်းသည် အကောင်းဆုံးဖြစ်သည်ဟူသော ယွီဆန်း ၏စာအုပ်မှအကြံဥာဏ်များကိုသာလိုက်နာခဲ့သည်။ 

ကျန်းရွှိ သည် မစ္စတာရှန့် ၊ပါမောက္ခ ရှန့်၊ ဒေါက်တာရှန့်၊ စသည့်ခေါင်းစဉ်များမှတဆင့် နောက်ဆုံးတွင် ပုံမှန်အတိုင်း အကိုဟု တပ်ခေါ်ကြည့်လိုက်သည်။

ထိုအချိန်ကသူ သိပ်မစဉ်းစားခဲ့ပေ။ နာမည်အခေါ်အဝေါ် ဝေါဟာရသည်လည်း သိပ်အရေးမကြီးခဲ့ပေ။သို့သော်ယခုတွင် ရှန့်ဖန်းယွိ နှင့်အတူအိပ်ရာပေါ်တွင်လဲလျောင်းနေကာ ချစ်သူများအဖြစ်စကားပြောနေစဉ် ထို "အကို" ဟူသော အခေါ်အဝေါ်အားပြန်တွေးမိသောအခါကျန်းရွှိ ၏မျက်နှာမှာရုတ်တရက် ရှက်သွေးဖြန်းသွားသည်။ သို့သော် ရှန့်ဖန်းယွိက တော်တော်နှင့် မပြီးပြတ်သေးပဲ ထပ်၍ အထအနကောက်ကာ စနောက်နေသေးသည်။

 "နောက်ထပ်ခေါ်ပါအုံး…တစ်ခါလောက်ပဲလေ…နော်"

ကျန်းရွှိ ကသူ့ခေါင်းအားတဖက်သို့ လှည့်လိုက်သည်။
"စိတ်ကူးတောင်မယဉ်နဲ့.."

ငြင်းဆန်ခံလိုက်ရပြီးနောက် ရှန့်ဖန်းယွိခမျာ စိတ်ပျက်အားလျော့သွားသည်။ကျန်းရွှိသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အလျှော့ပေးသည့်သဘောဖြင့်…
 
"ဒါဆိုလည်း တခြားတစ်ခုခု တောင်းဆိုကြည့်ပေါ့.."

ရှန့်ဖန်းယွိ သည် လုံးဝတုံ့ဆိုင်းခြင်း အလျဉ်းမရှိ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆုံးဖြတ်ခဲ့ပြီးသည့်အတိုင်းပြောလိုက်သည်။

"ငါတို့အိပ်နေတုန်း မင်းကိုဖက်ထားလို့ရမလား.."

ကျန်းရွှိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အမှန်မှာ သူနှင့် ရှန့်ဖန်းယွိတို့သည် ယခင်ကပွေ့ဖက်ခဲ့ဖူးကြသော်လည်း အိပ်ရာပေါ်ပွေ့ဖက်ခြင်းနှင့်အိပ်ရာပြင်ပတွင်ပွေ့ဖက်ခြင်းတို့ အကြားခြားနားချက်အချို့ရှိနေသေးသည်။

မှန်သည်။ ကျန်းရွှိကိုယ်တိုင်ပင် သူအိပ်ပျော်နေသည့်အခါ လူများအားပွေ့ဖက်တတ်သည့် အလေ့အကျင့်ရှိသည်ကို မသိခဲ့ပေ။

"မင်းဘာမှမပြောရင် သဘောတူတယ်လို့ ပဲ မှတ်ယူလိုက်ပြီနော်.." 

ရှန့်ဖန်းယွိကရှေ့သို့မှီ၍ လက်များက ကျန်းရွှိနောက်ကျောနားသို့သွားကာ သူ့အားဆွဲပွေ့လိုက်သည်။ သို့သော်သူ အလွန် မနီးကပ် မီမှာပင်ကျန်းရွှိ၏ဗိုက်ကြောင့် သူ၏ခန္ဓာကိုယ်သည်ရပ်တန့်နေခဲ့သည်။

ထို့နောက် ကလေးလေးကနားမလည်နိုင်လောက်အောင်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပုံရကာ သူမ၏ဖခင်ကိုဝမ်းဗိုက်မှတဆင့်ဒေါသတကြီးကန်လေတော့၏။

ကျန်းရွှိ သည်ဤအရာအားလုံးအားမြင်ပြီးနောက် မနေနိုင်ပဲ တခစ်ခစ်ရယ်နေသည်။

ကျန်းရွှိ သူ၏ခေါင်းကို ရှန့်ဖန်းယွိ ၏ရင်ဘတ်တွင်မှီထားပြီး သူ တခစ်ခစ်ရယ်လိုက်သောအခါ တုန်ခါမှုကသူ၏ရင်ဘတ်မှတစ်ဆင့်ရှန့်ဖန်းယွိ၏ခန္ဓာကိုယ်သို့ ကူးစက်ကာ တုန်လှုပ်စေခဲ့သည်။ ရုတ်တရက် ရှန့်ဖန်းယွိက သူ၏စိတ်နှလုံးမှာ မမြင်နိုင်သော ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေသည်ဟုခံစားခဲ့ရသည်။

ရှန့်ဖန်းယွိ သည်ခေါင်းကိုငုံ့ချကာ ကျန်းရွှိ၏နဖူးကိုသူ၏နဖူးနှင့်ဖိကပ်ထား၍ ထိုသူနှင့်သူ၏နှလုံးသားကို ပေါင်းစည်းစေလိုကြောင်းဆုတောင်းနေမိသည်။

"ဒေါက်တာအဲလ်ဘတ်ကငါ့ကိုသတင်းအချက်အလက်တွေ ဟိုတလောက ပို့ပေးသေးတယ်… ခွဲစိတ်ကုသမှုအောင်မြင်တာနဲ့တပြိုင်နက် သူ့ရဲ့အတွေ့အကြုံတွေကို ငါ့ဆီ ဖုန်းခေါ်ပြီပြောပြမယ်တဲ့.."

"အင်း…"

"ငါတို့ရဲ့ ကလေးလေးကအဆင်ပြေသွားမှာပါ.."

"အင်းပါ.."

ရှန့်ဖန်းယွိ၏လက်များကား ကျန်းရွှိ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည်။ သူ ကြင်နာစွာထွေးပိုက်နေရင်း စကားလမ်းကြောင်းပြောင်းကာမေးလိုက်သည်။

"မင်းငါ့ရေမွှေးကိုအိပ်ရာပေါ်မှာ ဖိတ်ခဲ့တာလား.."

"အင်း ... ဟင်…"

ရှန့်ဖန်းယွိ ၏ပွေ့ဖက်မှုကသက်သောင့်သက်သာရှိကာ ကျန်းရွှိသည်သူ၏နားထဲသို့ဝင်လာသည့်စကားများကိုနားထောင်စဉ် မျက်လုံးများကိုပိတ်ထားပြီး ငိုက်မျဉ်းမှုကအစပျိုးနေပြီဖြစ်သည်။ သူသည်အိပ်ငိုက်နေပြီး ရှန့်ဖန်းယွိ၏ မေးခွန်းကြောင့် လန့်နိုးလာရ၏။

သူသည် သူ၏နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာဖိကိုက်ထားမိကာ ရှန့်ဖန်းယွိကဆက်ပြောခဲ့သည်မှာ

 "အဲဒီနေ့ငါပြန်လာကတည်းက..အိပ်ရာပေါ်မှရေမွှေးနံ့တွေ ပြင်းနေတာသတိပြုမိပေမယ့် အဲဒါကငါစိတ်ထင်နေတာပဲလို့ထင်ခဲ့တယ်" 

သူသည် လေးနက်စွာ ထပ်မံအနံ့ခံကြည့်ပြီးနောက် 

"မင်းရော အနံ့ရလား"

ကျန်းရွှိ ကပထမဆုံးမေးခွန်းကိုရှောင်ရှားခဲ့ကာ တည်ငြိမ်ချက်ယောင်ဆောင်၍

"မင်းရဲ့ရေမွှေးနေမှာပေါ့"

"ငါ့ရေမွှေး…" 
ရှန့်ဖန်းယွိသည် နောက်ကြောင်းပြန်တွေးကာ

"မင်းရဲ့ အနံ့ခံအာရုံမကောင်းတာကြောင့် အနံ့မရနိုင်ဘူးလို့ပြောခဲ့သေးတယ်မလား.."

ကျန်းရွှိ ကခဏမျှတွန့်ဆုတ်နေကာ

"အခု မင်းကငါနဲ့အရမ်းနီးကပ်နေတာလေ.."

"အိုး..." 

ရှန့်ဖန်းယွိက ကျန်းရွှိ ရေမွှေးရနံ့အားမကြိုက် လောက်ဟုထင်ကာ နားလည်ရန်ကြိုးစားခဲ့သည်။

"ငါနောက်ပြန်ဆုတ်လိုက်ပါ့မယ်.."

သူထိုသို့ပြောပြီးနောက် ကျန်းရွှိအားလွှတ်ရန်ပြင်လိုက်သည်။ သို့သော်မမျှော်လင့်ပဲ ကျန်းရွှိကသူ၏ညဝတ်င်္အကျီအနားစအားဆုပ်ကိုင်လာသည်။

သူဘာလုပ်ခဲ့မိသည်ကိုသဘောပေါက်ချိန်၌ ကျန်းရွှိ သူ့၏ဦးနှောက်မှာ စက္ကန့်ပိုင်းမျှအေးခဲနေသည်ဟုခံစားလိုက်ရသည်။

ထိုစက္ကန့်ပိုင်းမျှတွင် ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ပြန်ရုတ်သိမ်းရန်ပြင်နေသော လက်အား အလျင်အမြန်ဖမ်းဆွဲလိုက်သည်။

အခန်းက ရုတ်တရက်တိတ်ဆိတ်သွားသည်။တိတ်ဆိတ်လွန်း၍ လေ၏ ဝေ့ဝဲနေသံပင်ကြားနေရသည်။

ကျန်းရွှိ ၏အခြားလက်တစ်ဖက်သည် ရှန့်ဖန်းယွိ၏ ကြွက်သားများနှင့် ကျစ်လျစ်၍နွေးနေသော ဝမ်းဗိုက် နားတွင်ရှိနေသည်။ဝမ်းဗိုက်အတွင်းမှ ပင်မသွေးလွှတ်ကြော၏ သွေးခုန်နှုန်းသည် အရေပြားနှင့် ကြွက်သားများမှတဆင့် သူ၏ လက်ချောင်းထိပ်များသို့ကူးလူးနေသည်။ ကျန်းမာသန်စွမ်း၍ တိကျပြတ်သားနေသည်။

သူတို့နှစ်ဦးသည်စောင်အောက်တွင်တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားကြကာ ကျန်းရွှိသည် ရှန့်ဖန်းယွိ၏နှလုံးခုန်မှုပိုမိုမြန်ဆန်လာသည်ဟုပင်ခံစားရနိုင်သည်။ သူ၏မျက်နှာပေါ်တွင်သူ၏အေးဆေးတည်ငြိမ်သောအပြုအမူများရှိသော်လည်းသွေးခုန်နှုန်းကမလိမ်ခဲ့ပါ။

ကျန်းရွှိ တံတွေးမြိုချကာ ရှန့်ဖန်းယွိ ၏ဝမ်းဗိုက်အားသူ၏လက်ချောင်းထိပ်များနှင့် ဖိကပ်ကြည့်လိုက်သည်။ဝမ်းဗိုက်ကြွက်သားများ၏ တောင့်တင်းခိုင်မာမှုအား ခံစားလိုက်ရ၏။

အနည်းငယ်ရယ်စရာဖြစ်နေသည်။

သူသည် လည်း ဝမ်းဗိုက်ကြွက်သား အချို့ရှိခဲ့ဖူးသည့်တိုင်ကိုယ်ဝန်ရပြီးနောက်ပျောက်ကွယ်သွားသည်။ သို့သော် ယခု သူသည်အခြားသူများ၏ ဝမ်းဗိုက်ကြွက်သား မှာ ပို၍ စိတ်ဝင်စားဖွယ်ကောင်းကြောင်းသဘောပေါက်လာသည်။

ရှန့်ဖန်းယွိဖမ်းဆွဲထားသည့် သူ၏လက်ကိုရုန်းကာ ကျန်းရွှိသည် ဝမ်းဗိုက်ကြွက်သားတစ်လျှောက်အား ထိကပ်ထားကာ အစာအိမ်အား ဖိထားသည့် နေရာရောက်သည်အထိလက်ဖြင့်ထိထားသည်။

ရှန့်ဖန်းယွိ ၏အသားအရေသည် ကိုယ်ဝန်ဆောင်ဝမ်းဗိုက်ဖြင့်ဖိခံထားရကာ သူ၏ဝမ်းဗိုက်အောက်ပိုင်းက ကိုယ်ပူချိန်ပိုတက်လာသည်။ကျန်းရွှိသူ၏လက်ချောင်းထိပ်များနှင့်အတူ ဗိုက်အစွန်းတစ်လျှောက်အား ထိ၍ဆွဲကြည့်ကာ ကောက်ကြောင်းပုံများကို ညင်ညင်သာသာဖော်ပြနေသည်။

"ငါ…ငါရေချိုးတုန်းက ဆံပင်ပေါင်းဆေး ကိုသုံးဖို့မေ့နေတာ ခုမှသတိရတယ်…ငါနောက်ထပ်ရေချိုးလိုက်အုံးမယ်.."

ရှန့်ဖန်းယွိ ရုတ်တရက်ပျာယာခတ်၍ ထထိုင်ကာပြောလိုက်သောအခါ ကျန်းရွှိသည်သူ့လက်အား အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်သည်။

သူ၏ကစားစရာပျောက်ဆုံးသွားသော ကျန်းရွှိ တိတ်ဆိတ်သွားသည်။
"…"

ရှန့်ဖန်းယွိအလျင်အမြန်ထွက်သွားသည်ကိုကြည့်ကာ ကျန်းရွှိ သူ၏လက်ကိုပြန်ရုတ်သိမ်း၍ ရှန့်ဖန်းယွိ လှဲခဲ့သည့်နေရာတွင်မှီ၍လှဲနေလိုက်သည်။သူ၏ခေါင်းအုံးကိုပါမှီနေလိုက်သည်။

ခဏအကြာတွင် ကျန်းရွှိသူ၏မျက်လုံးများကိုဖွင့်၍ အနံ့ခံကြည့်ရန် သူ၏ဦးခေါင်းကို သတိကြီးစွာငုံလိုက်သည်။

ယခင်ကအနံ့ခံအာရုံမကောင်းသော ကျန်းရွှိသည် ယခု အနံ့ခံစုံထောက်ကျန်းရွှိဖြစ်နေကာ ရှန့်ဖန်းယွိ၏ ခေါင်းအုံးမှ ဆံပင်ပေါင်းဆေးအနံ့အား သိသိသာသာပင်ရလိုက်လေ၏။