အပိုင်း ၉၂
Viewers 11k

🧑‍⚕️Chapter 92




နံနက်ကိုးနာရီခန့် ကျီဟွား ဆေးရုံခွဲစိတ်ခန်း၏ အဝတ်လဲခန်းတွင် ကျန်းရွှိသည် အစိမ်းရောင် ခွဲခန်းဝတ်စုံဝတ်၍ အခန်းမှထွက်လာစဉ် ကပ်လျက်အခန်း၏တံခါးသည်လည်းပွင့်လာခဲ့သည်။

မက်မွန်ပွင့်ကဲ့သို့ မျက်လုံးများရှိသူသည်တံခါးကိုမှီ၍ရပ်နေကာ ကျန်းရွှိအား လက်ယပ်၍ခေါ်၏။

"ဒီကိုလာပါအုံး.."

ပျားရည်ဆမ်းအဆင့်ရှိသော ချစ်သူစုံတွဲများမှာ လက်မှုပညာရှင်၏လက်ထဲတွင် ရွှေအဆင်းနှင့်ပြည့်စုံစွာ အရည်ပျော်နေကြသောသကြားလုံးများ ကဲ့သို့ပင် မိနစ်တိုင်းအတူတကွပူးကပ်နေလိုကြသည်။

သို့သော်ပျားရည်ဆမ်းအဆင့်တွင်ချစ်သူများသည်လည်း အလုပ်လုပ်ကြရန်လိုအပ်သည်။ အထူးသဖြင့်သူတို့၏ကလေးနို့ဖိုးအတွက် ငွေရှာရန်လိုအပ်သည်ဟုမျှော်လင့်ထားသည့်ဖခင်နှစ်ဦးကဲ့သို့….။

သူတို့သည် အခြားသူများ၏ရှေ့မှောက်၌ အလွန်ရင်းနှီးမှုပြသ၍မရပေ။ ထို့ကြောင့်သူတို့ခမျာ သတိရှိရှိသာ ချစ်ခင်နိုင်ကြသည်။

ကျန်းရွှိ ခွဲစိတ်ခန်းသို့မဝင်မီ မည်သူတစ်ဦး တစ်ယောက်မျှမရှိကြောင်းသေချာစေရန်ပတ်ဝန်းကျင်ကို သေချာစစ်၍ လက်ပိုက်ကာမေးလိုက်သည်။

"ဘာလဲ.."

ရှန့်ဖန်းယွိ သည်ချောကလက်နှစ်ခုအား ကျန်းရွှိ၏ခွဲစိတ်ခန်းဝင် ဝတ်စုံမှ အိတ်ထဲသို့ထည့်ကာ

"ဒေါက်တာကျန်းကို လာဘ်ထိုးပြီး ကျန်းရွှိ ကိုမိနစ်ဝက်လောက်ငှါးချင်လို့.."

ကျန်းရွှိ သူ၏အိတ်ကပ်ထဲမှချောကလက်ကိုယူကာဖွင့်ဖောက်၍ တစ်ခုစားကြည့်သည်။ ကိုကိုးထောပတ်၏ပြီးပြည့်စုံ၍မွှေးကြိုင်သောရနံ့ကချောကလက်ထက်စေးပျစ်သောသူ၏ချစ်သူအကြည့်နှင့်ရောနှောနေကာ ကျဉ်းမြောင်းသောခွဲစိတ်ခန်း၏ အဝတ်လဲခန်းတွင် မီးပွါးများပင် အလွယ်တကူလောင်ကျွမ်းစေသည်။

မည်သူမျှစကားမပြောကြပေ။သို့သော် လေထုက ချိုအီလာသည်။

နောက်ဆုံးတွင် ကျန်းရွှိ သည်အခွံအားသူ၏အိတ်ကပ်ထဲသို့ထည့်ကာ ခွဲစိတ်ခန်း တံခါးလော့ခ်ဖွင့်ရန်လှည့်လိုက်၏။ 

"မိနစ်ဝက်ပြည့်ပြီ…ငါသွားတော့မယ်.."

သို့သော်ခဏမျှစောင့်ဆိုင်းပြီးသည်ထိ ပြန်လည်ဖြေကြားသံမကြားရသော်လည်း ဒေါက်တာကျန်းသည် သူ၏လည်ပင်းအနောက်ဘက်၌ချစ်သူထံမှအနမ်းတပွင့်အား မမျှော် လင့်ပဲရလိုက်သည်။

တံခါးလော့ခ် လှည့်ဖွင့်နေသော ဒေါက်တာကျန်း၏လက်မှာ တုန်လှုပ်သွားသည်။ သူသည် အိတ်ကပ်တဖက်တွင်လက်ထည့်ထားကာ ရှန့်ဖန်းယွိ၏အကြည့်အားမြင်ရရန် နောက်သို့လှည့်လိုက်၏။

ရှန့်ဖန်းယွိ မျက်လွှာချထားသည်။ကျန်းရွှိ၏အကြည့်သည်သူ၏နှုတ်ခမ်းထောင့်သို့ရောက်သွားကာ သူ၏ပါးစပ်သည်လည်းအပြုံးဖြင့်ကွေးတက်နေသည်။

ခဏအကြာတွင် ကျန်းရွှိက 

"မင်း…နမ်းချင်လား"

ထို့နောက် ရှန့်ဖန်းယွိသည် ဒေါက်တာကျန်းထံမှ မိနစ်ဝက်မျှ အချိန်ထပ်တောင်းကာ ချောကလက်အရသာ အနမ်းများကို တပါတည်း ဝယ်ခဲ့တော့သည်။

သူတို့နှစ်ဦး သည် သူတို့၏အဝတ်အစားများကိုသေချာ ပြန်ပြင်ကာ အဝတ်လဲခန်းထဲမှ တစ်ယောက်စီ ထွက်လာကြသည်။ ထို့နောက် ဘေးချင်းယှဉ်လျက် တိတ်ဆိတ်စွာ လက်ဆေးနေကြပြီးနောက် ကျောပေးကာ ဆိုင်ရာ ခွဲစိတ်ခန်းအသီးသီးသို့ ဝင်သွားကြတော့၏။

သူတို့၏နှာခေါင်းစည်းများအောက်တွင် သွယ်ဝိုက်၍မရေမရာ ဒွိဟဖြစ်နေသော လျှို့ဝှက်လက္ခဏာများရှိသည်။

နံနက်ခင်းတွင်သူတို့ကွဲကွာနေချိန်မှစ၍ နောက်တွေ့ဆုံမှုသည် ညနေဘက်၌ ဧည့်ခန်းတွင်းရှိ ညစာစားပွဲပေါ်တွင်ဖြစ်လောက်သည်။

ခွဲစိတ်ဆရာဝန်များသည်သူတို့၏အလုပ်နှင့်ပင်အလုပ်များကြသည်။စားသောက်ခန်းမတစ်ခုရှိသော်လည်းထိုနေရာတွင်စားရန်ခဲယဉ်းပြီးအမျိုးမျိုးသောပြသနာများကိုလည်း တွေ့ရလေ့ရှိသည်။

ဆရာဝန်နှစ်ဦးမှာလူတိုင်းကိုကုသနေသောကြောင့် ယနေ့ည ဧည့်ခံပွဲကအသက်ဝင်လှသည်။ တစ်ယောက်က နို့လက်ဖက်ရည် စပွန်ဆာပေးကာ တခြားတစ်ယောက်က ကြက်ကြော်စပွန်ဆာ ပေးသည်။ တူညီကြသည့် အကြောင်းပြချက်မှာ နှစ်ဦးစလုံးသည်တွဲနေကြပြီဖြစ်သည်။

သီအိုရီအရလူနှစ်ဦးသည်တိုက်"ဆိုင်"ပင် တစ်နေ့ထဲ၌တစ်ကိုယ်ရေဘဝမှလွတ်မြောက်ရန်မှာ အလွန်ရှားပါးသည်။

သို့သော်ဌာနမှလုပ်ဖော်ကိုင်ဖက်များကသူတို့အားကျွေးမွေးသူများသည်ဒေါက်တာ ကျန်း နှင့်ဒေါက်တာရှန့်တို့ ဖြစ်ကြောင်းကြားသောအခါ လုံးဝမအံ့ဩခဲ့ကြပေ။

စဉ်းစားကြည့်လျှင် ထိုနှစ်ဦးသားသည် သူတို့၏ယှဉ်ပြိုင်မှုကြောင့်သာ တစ်နေ့တည်းမှာပင်ချိန်း၍တွေ့ကြလိမ့်မည်ဟုပင်တွေးခဲ့ကြသည်။

လူတိုင်းအားသူတို့၏ဆက်ဆံရေးနှင့် ပတ်သက်၍ အသိပေးပြောကြားလိုသူ ဒေါက်တာကျန်းအနေနှင့်ထိုကိစ္စက အလွန်စိတ်ပျက်ဖွယ်ဖြစ်သည်။

သူသည် သူတို့၏အတင်းအဖျင်းနှင့်ဆွေးနွေးမှုများကိုနားထောင်ခဲ့သည်။ သို့သော်သူနှင့်ဒေါက်တာရှန့် တိုးတိုးတိတ်တိတ်ချိန်းတွေ့လိမ့်မည်ဟုသံသယရှိသူ မည်သူ့ကိုမျှမတွေ့ရပေ။

တနည်းအားဖြင့် ဒေါက်တာရှန့် ရောက်ရှိလာသည်နှင့် ကျန်းရွှိ ၏စိတ်အားထက်သန်သောကျောင်းသားတစ်ဦး က ရှန့်ဖန်းယွိအား ကျန်းရွှိထံ မှအဝေးဆုံးနေရာတွင် ထိုင်စေခဲ့သည်။

အခြားတစ်ဖက်တွင် မကြာသေးမီက ဓားပြပြဿနာ ကြောင့် ယွီဆန်းနှင့်ကျန်းချန်၏ ဆက်ဆံရေးက အတန်ငယ်တိုးတက်လာခဲ့သည်။ယခုမူကား သူတို့သည်နို့လက်ဖက်ရည်နှင့်ကြက်ကြော်တွင် မည်သည်က ပိုမို၍အရသာရှိမရှိနှင့် ပတ်သက်၍ ငြင်းခုံနေကြသည်။

ဒေါက်တာကျန်း သည်ကြက်ကြော်များကိုပျော်ရွှင်စွာစားနေသောလူအုပ်စုတွင်ထိုင်ကာ ဒေါက်တာရှန့်မှ သူ့အတွက်အထူးမှာပေးသောအာဟာရဂျုံယာဂုတစ်ခွက်အားကိုင်ထား၍ ကျန်းချန်နှင့်ယွီဆန်းတို့၏ ဘာမဟုတ်သည်ကို ငြင်းခုန်နေကြသည့်စကားများအားနားထောင်နေသည်။ မကြာမီ စကားခေါင်းစဉ်က ကျန်းရွှိ၏ရည်းစားနှင့် ရှန့်ဖန်းယွိ၏ ရည်းစားတွင် မည်သူပို၍ထူးချွန်သည်ဟု ငြင်းခုံနေကြပြန်သည်။

ကျန်းရွှိ၏ပါးစပ်ထောင့်များမှာတွန့်သွားပြီးခေါင်းထဲတွင် အတွေးများသွားသည်။ သူ့အားတစ်ဖက်မှ ကြည့်နေသည်လား သိချင်၍ ရှန့်ဖန်းယွိအားလှမ်းကြည့်လိုက်သည်။

နားလည်မှုအပြည့်ဖြင့်သူတို့နှစ်ဦးသည် သူတို့၏အစားအစာများကိုကိုင်ကာထရပ်လိုက်ကြပြီး ဧည့်ခန်းမ ရှိ ကျန်းမာရေး ဧရိယာသို့လုံးဝမတူညီသောလမ်းကြောင်းနှစ်ခုဖြင့်သွားကြကာ နောက်ဆုံးတွင်လွတ်နေသောလက်ဝှေ့အားကစားရုံ၌တွေ့ဆုံကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးတွင် တိတ်ဆိတ်စွာ ညစာစားကြသည်။

ကျန်းရွှိ သည် သူ၏အသက်အရွယ်တွင်ချိန်းတွေ့ခြင်းကအထက်တန်းကျောင်းအချစ်ဇာတ်လမ်းထက် ပို၍ ရှုပ်ထွေးလိမ့်မည်ဟုမမျှော်လင့်ခဲ့။

ရှန့်ဖန်းယွိက အလုပ်ခွင်၌သူတို့၏ဆက်ဆံရေးနှင့် ပတ်သက်၍ ဖွင့်ချပြသင့် မသင့်ကိုလည်း သူနှင့်ဆွေးနွေးခဲ့သည်။ ခဏစဉ်းစားပြီးနောက် ကျန်းရွှိ သည်ယခုအချိန်အထိမ မပြောသေးရန်သာ ဆုံးဖြတ်ခဲ့သည်။

ပထမဦး စွာသူတို့၏ဌာနတွင် လူအများအပြားရှိကာ အတင်းအဖျင်းများမှာသာမန်ဖြစ်သည်။ လိင်တူမေထုန်သည်ဆေးဘက်ဆိုင်ရာအသုံးအနှုန်းများတွင်ပုံမှန်ဖြစ်သော်လည်း လူတိုင်းလက်ခံနိုင်မည်မဟုတ်ပေ။ ကျန်းရွှိသည် ထိုကိစ္စက သူ၏အလုပ်ကိုအကျိုးသက်ရောက်မည်ကို စိုးရိမ်နေသည်။

ဒုတိယအချက်မှာသူသည် ယွီဆန်း မှစတင်၍ သူ၏ကျောင်းသားများ…လုပ်ဖော်ကိုင်ဖက်များနှင့်ရင်ဆိုင်ရန်အဆင်သင့်မဖြစ်သေးပေ။

သူနှင့် ရှန့်ဖန်းယွိ ၏ကျောင်းသားများသာယခုသူတို့အတူတကွနေကြကြောင်းသိရှိပါက၎င်းတို့အပေါ်ရှိ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုအား စိတ်ကူး၍ပင် မရပေ။

ယခုအချိန်တွင်သူသည်ဤသတင်းအား ထန်ခယ်ထံသို့သာထုတ်ဖော်ရန်စီစဉ်ခဲ့သည်။သူကအကျိုးအကြောင်းရှင်းပြ၍ပြောသော်လည်း မမျှော်လင့်ဘဲနှင့်ဒေါက်တာထန်ကသူ့အား စိတ်ရောဂါဌာနသို့ကြိုတင်ရက်ချိန်းယူရန်သာ တိုက်တွန်းနေခဲ့သည်။

ဤအခြေအနေနှင့်ကြုံတွေ့ခဲ့ရသောဒေါက်တာ ရှန့် သည်ယခင်ကသူ့အား အတွေးများထဲမှနိုးထစေခဲ့သောဆရာဝန်ကြီး၏အမည်နှင့်ရက်ချိန်းပြခဲ့သည့်အချိန်ကို ပြောပြလိုက်၏။

ထန်ခယ်မှ "ကျေးဇူးပဲ" ဟု ပြန်ပြောသည့်နောက်မှသာ ကျန်းရွှိသည် စကားပြောလိုက်သူမှာ ရှန့်ဖန်းယွိမှန်း သဘောပေါက်သွားသည်။

"ကျန်းရွှိ မင်းတကယ်သွားပြီပဲ …အကယ်၍ မင်းကသူ့ဆီက ခြိမ်းခြောက်ခံနေရတယ်ဆိုရင်မျက်တောင်ခတ်လိုက်.."

ကျန်းရွှိ မျက်တောင်မခတ်ခဲ့ပေ။

"အကယ်၍ မင်းရဲ့ကလေးနဲ့ပတ်သက်လို့ ခြိမ်းခြောက်ခံနေရတယ်ဆိုရင်မျက်တောင်ခတ်လိုက်.."

ကျန်းရွှိမျက်တောင်မခတ်သေးပေ။

ထန်ခယ် ခဏတစ်ဖြုတ်စိတ်ပိုင်းဆိုင်ရာပြိုကွဲသွားပြီး ကျန်းရွှိ ၏အိမ်တွင် နာရီဝက်ခန့် လှည့်ပတ်နေပြီး နောက်ဆုံးတွင်ဝရန်တာပေါ်၌စီးကရက်မီးညှိလိုက်သည်။သို့သော် ရှန့်ဖန်းယွိ ကလွှင့်ပစ်ရန် ပြောခဲ့သည်။

"ကျန်းရွှိက ကိုယ်ဝန်ကြီးနဲ့လေ.."

ထန်ခယ် စီးကရက်အားပြာခွက်ထဲတွင်မီးသေစေပြီးမယုံနိုင်လောက်အောင်ပင်။

 " အဲ့နေ့ကငါ့ကိုခေါ်တာ သူ့ကြောင့်လား.."

ကျန်းရွှိ - " ဟုတ်တယ်.."

ရှန့်ဖန်းယွိ သည်ဘေးဘက်မှနေ၍

" ဘာခေါ်တာလဲ.."

ထန်ခယ်သည် ရှန့်ဖန်းယွိနှင့်ယခုစကားမပြောလိုသောကြောင့် "သန်းခေါင်ယံ ခေါင်းလောင်း" ဟုသာအေးဆေးစွာဖြေကြားခဲ့သည်။ အနည်းဆုံးယခုချိန်တွင်မူ ထိုဖုန်းခေါ်ဆိုမှုသည်သာ သူ့အတွက်ညသန်းခေါင်ယံခေါင်းလောင်းဖြစ်နေသည်လေ။

[[* horror bell(ကြောက်စရာခေါင်းလောင်း)
 သို့မဟုတ် ominous bell( နမိတ်မကောင်းသောခေါင်းလောင်း သည် ထိတ်လန့်တုန်လှုပ်စေသောခံစားမှုအဖြစ်နားလည်နိုင်သည်။]]

" ဒါကထိတ်လန့်စရာရုပ်ရှင်မလား…ကျန်းရွှိက တစ်ခုခုကြည့်ချင်တယ်ဆိုပြီး ဟိုတလောကပြောလို့ ကျွန်တော်ပါ အတူလိုက်ကြည့်လိုက်သေး.."

ရှန့်ဖန်းယွိကလက်ဖက်ရည်သောက်နေစဉ်ပြောလိုက်သည်။

"ကျန်းရွှိ တခြားသူတွေနဲ့ရုပ်ရှင်ကြည့်တာကိုမုန်းတယ်မဟုတ်လား.." 

ထန်ခယ်ကထိတ်လန့်တုန်လှုပ်စွာဖြင့်မေးလာ၏။

အရင်က ကျန်းရွှိအား ရုပ်ရှင်ကြည့်ရန်ဖိတ်သည့်အခါ ၁၀ ကြိမ်တွင် ၉ ကြိမ်မျှ ကျန်းရွှိက လက်မခံခဲ့ပေ။ ခွဲစိတ်မှုဗီဒီယိုများကြည့်ရန်သူ့အားခေါ်သည့်အခါ အမြဲအချိန်တိကျစွာလာလိမ့်မည်။

ကျန်းရွှိ-"…."

သူသည်အခြားသူများနှင့်ရုပ်ရှင်ကြည့်ခြင်းကိုမုန်းသည်မှာမှန်သော်လည်း ရှန့်ဖန်းယွိ ကအံ့အားသင့်၍ကြောက်လန့်နေသည်ကိုမြင်ရသည်မှာ သဘောကျဖွယ်ရာဖြစ်နေသည်။

သို့သော် ဒေါက်တာကျန်းသည် ထန်ခယ်အား ထိုသို့သော ပေကတ်ကတ်စိတ်ဝင်စားမှုအကြောင်း ဝန်ခံမပြောချင်ပေ။

ရှန့်ဖန်းယွိသည် ထို လူကြီးလူကောင်းအတွက်သူ၏ဘဝကိုစွန့်လွှတ်ရန်ပင်ဆန္ဒရှိကာ သူချစ်မြတ်နိုးရသောသူပြုံးရွှင်နိုင်ရန် အလွန်ဝေးကွာသော်လည်း ခရီးနှင်နိုင်လိမ့်မည်။ သူ့ကိုနာကျင်မှုနှင့် ရွှင်လန်းမှု ဖြစ်စေသောသူ၏ချစ်မြတ်နိုးရသူကို ချော့မြူရပုံအား ပွင့်ပွင့်လင်းလင်းဝန်ခံသေးမည်မဟုတ်ပေ။ 

"ငါက ကျန်းရွှိရဲ့စိတ်နှလုံးထဲက တစ်ယောက်ယောက်ဖြစ်နေရုံတင်မဟုတ်သေးဘူး.."

ထန်ခယ် လက်သီးဆုပ်လိုက်သည်။

နောက်ဆုံးအနေဖြင့်ဘယ်ဘက်နှင့်ညာအိတ်ကပ်နှစ်ခုလုံးတွင်အနီရောင်စာအိတ်များကိုလက်ခံရရှိခဲ့သောဒေါက်တာထန်သည် ဝမ်းနည်းပူဆွေးမှုနှင့်ဒေါသအပြည့်မျက်နှာနှင့် ကျန်နေခဲ့သည်။ 

"ရည်းစားတစ်ယောက်ရှိတာ တော်တော် အံ့ဩစရာပေါ့… ငါ့အမေကိုဖုန်းခေါ်ပြီး ငါ့အတွက် ဘလိုင်းဒိတ်စီစဉ်ခိုင်းအုံးမယ်.."

ကျန်းရွှိ ခံစားချက်အမျိုးမျိုးရှိသောသူအားနှုတ်ဆက်လိုက်သည်။ ထို့နောက် ထန်ခယ်ထံမှ Wechat မက်ဆေ့ခ်ျတစ်စောင်ဝင်လာကိုမြင်ခဲ့ရသည်။ 

" သူမင်းကို ထပ်ပြီး ဒေါသထွက်အောင်လုပ်ရင် ငါ့ကိုပြော… ငါသူ့ကို တုတ်နဲ့လာပြီးရိုက်ပစ်မယ်…ပြီးတော့ မင်းလည်း နှစ်ပေါင်းတစ်ရာလောက် လူသားဆန်ပြီး သဟဇာတဖြစ်ပါစေ.."

ကျန်းရွှိမှာ ဤကောင်းချီးတွင်သတိပေးအရိပ်အမြွက်ရှိသည်ဟုခံစားခဲ့ရသည်။

အမှန်မှာ သူနှင့်ရှန့်ဖန်းယွိတို့သည် ရုပ်ရှင်အတူတူမကြည့်ခဲ့ကြပေ။ သူတို့သည်ခွဲစိတ်မှုမှတ်တမ်းများ ပြန်လည်းကြည့်ရှုခြင်း…ရောဂါများကိုအတူတကွပြန်လည်သုံးသပ်ခြင်းနှင့် မြစ်ကမ်းတစ်လျှောက်လမ်းလျှောက်ခြင်း… A မြို့ ရှိစားသောက်ဆိုင်အမျိုးမျိုးတွင်ပတ်၍ထိုင်ခြင်း…ပထမဆုံးမှတ်တိုင်မှနောက်ဆုံးမှတ်တိုင်ထိ ကားစီးကာ မြို့သို့သွားသော မြို့ရှုခင်းများကိုကြည့်ရှုခြင်း…လမ်းများနှင့်လမ်းကြားများမှတဆင့်လမ်းလျှောက်ခြင်း၊ ထို့နောက် မြို့တော် A၏ ဆေးတက္ကသိုလ်၏လူရှင်းသော ထောင့်များတွင် လူငယ်ဘဝ၏လွဲချော်ခဲ့သောအနမ်းများကိုဖန်တီးခဲ့ကြခြင်း တို့သာ ပြုလုပ်ခဲ့ကြသည်။

သူတို့အနည်းငယ်ကြာကြာအနားယူပြီးနောက် မြို့ဆင်ခြေဖုံးသို့ကားမောင်းကြသည်။မကြာသေးမီက ဓာတ်ပုံပညာသို့ ပြန်လည် စိတ်ဝင်စားလာသော ကျန်းရွှိအတွက် လိုအပ်သည်များပြင်ဆင်ပေးရန်ဖြစ်သည်။

 A မြို့ သို့မလာမီ ကျန်းရွှိသည် A မြို့ ၏ဆင်ခြေဖုံးရှိကျယ်ပြန့်သော ဆီးသီးသစ်တောအကြောင်းကြားခဲ့သေးသည်။

သို့သော် ကျန်းရွှိ အသက် ၁၈ နှစ်အရွယ်ခန့်က နှင်းများမကျတော့သည့်တစ်နေ့တွင် သူသည် လည်စည်းထူထူဝတ်ကာတစ်စုံတစ်ယောက်၏ လက်ကိုကိုင်၍ ဆီးပင်များ ဥယျာဉ်ထဲတွင် အတူတူလမ်းလျှောက်နေရမည်ဟု မတွေးမိခဲ့ပါချေ။သူခေါင်းစောင်း၍ကြည့်လိုက်ရုံမျှနှင့် ဓာတ်ပုံရိုက်သည့် ပစ္စည်းများ ကူသယ်ပေးသောကြောင့် ပြုံးရင်းပုံဆွဲပြနေသည့် သူ၏ ချစ်လှစွာသောလူအားတွေ့နေရသည်။

ကြည်လင်သောနေရောင်ခြည်သည်တောက်ပသောဆီးနှင်းများကိုထင်ဟပ်စေကာ ဆောင်းရာသီဆီးပန်းပွင့်များ၏ပွင့်ဖက်များပေါ်သို့ကျရောက်နေသည်။သူတို့သည် ဥယျာဉ်ထဲရှိ အနီရောင်အုတ်များနှင့်အစိမ်းရောင်ကြွေပြားများဖြင့်တည်ဆောက်ထားသော အဆောင်ငယ်လေးတွင်ထိုင်ကာ ပျင်းတွဲ့စွာ နေပူဆာလှုံနေကြသည်။

ခရီးရှည်ပြီးနောက်မောပန်းနေသော ရှန့်ဖန်းယွိသည်ကင်မရာနှင့် သုံးထောက် ကိုချကာနောက်ဆုံးတွင် ပြောင်ချော်ချော်ပုံရိုက်ရန် ကြိုးစားနေသည်။ကျန်းရွှိက မြင်သောအခါ သူ၏လက်ကို ဆန့်ထုတ်၍ ရှန့်ဖန်းယွိမျက်နှာသို့ပြောင်ချော်ချော်လုပ်နေသည်။

အနီးအနားရှိမိသားစုမှကလေးငယ်တစ်ဦးကသူတို့နှစ်ယောက်အားခဏမျှကြည့်ပြီးနောက်ရှန့်ဖန်းယွိထံသို့ပြေးသွားသည်။ ထိုသူသည် ရုတ်တရက် ရုပ်ပြောင်နေသော ကျန်းရွှိ၏ လက်မောင်းသို့ထိမိသွား၏။

ကျန်းရွှိ အလွန်အံ့အားသင့်သွားပြီးသုံးနှစ်အရွယ်ယောက်ျားလေးကသူ၏ဗိုက်အားကိုညွှန်ပြကာ ကလေးဆန်သောအသံဖြင့်ပြောခဲ့သည်ကိုသူကြားလိုက်ရသည်။ 

“ ဒီမှာညီမလေးရှိတယ်"

ကောင်လေး၏အဖွားသည် အလျင်အမြန်ပြေးလာကာ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို မြင်သည်နှင့် ကောင်လေးကိုဘေးသို့ဆွဲကာ ကျန်းရွှိအားနောင်တအရိပ်အမြွက်နှင့်အတူတောင်းပန်လာသည်။

" စိတ်မကောင်းပါဘူး…ကလေးကဘာမှသေချာကိုမသိဘူး…လျှောက်ပြောနေရုံပါ.."

ထို့နောက်သူမကကောင်လေးအားရှင်းပြ၏။
 
“ ဒီလိုအဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောရဘူးလေ… ဒါက ညီအစ်ကိုနှစ်ယောက်လေ …ညီအစ်ကိုတွေက ညီမလေးကို ကိုယ်ဝန်ဆောင်လို့မှမရတာ…သူတို့ကိုမြန်မြန်တောင်းပန်လိုက်.."

"လျှောက်ပြောနေတာမဟုတ်ပါဘူး…ဒီမှာညီမလေးရှိပါတယ်ဆို.."

ကျန်းရွှိသည် ထူထဲသောအဝတ်အစားများ ၀တ်ထားသဖြင့်မြင်နိုင်သောအရာမရှိ။သူကအကြိမ်အနည်းငယ် စိတ်လွတ်ကာ စကားပြောသော်နေလည်း ကြိုးစားပြုံးနေသော ရှန့်ဖန်းယွိ နှင့်အတူ အကြည့်တစ်ချက်ဖလှယ်လိုက်သည်။

ကျန်းရွှိ သည် ရှန့်ဖန်းယွိ ၏လက်မောင်းကိုခပ်ကြမ်းကြမ်းညှစ်လိုက်မှသာ ရှန့်ဖမ်းယွိ ကရယ်မောခြင်းကိုရပ်တန့်လိုက်သည်။ ထို့နောက်စနောက်သည့်သဘောဖြင့် ထိုကောင်ကလေးအား..

"အဲဒီမှာညီမလေး မရှိဘူး. မင်းညီမလေးကိုရှာချင်ရင်လာလေ…မင်းကိုပြမယ်.."

ကောင်လေးကသူ့ကိုခဏတာကြည့်ကာ ကျန်းရွှိ ကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ ရှန့်ဖန်းယွိလက်ထဲသို့ ချီခေါ်သွားခွင့်ပေးလိုက်သည်။

သူက ရှန့်ဖန်းယွိအားမေးသည်။

"တကယ်လား " 

"တကယ်လို့မင်းမယုံဘူးဆိုရင်ထိလိုက်လေ.."

ရှန့်ဖန်းယွိကသူ့အား လှောင်ပြောင်သောအခါ ကောင်လေး၏အဖွားကရယ်၍

 "မင်းမှာစိတ်ထားကောင်းတွေရှိတယ်…ခန်းခန်း ကမင်းကိုနှောင့်ယှက်တယ်ထင်မှာစိုးလို့ပါ… ဒီနေ့ခေတ်မှာလူငယ်တွေက…ကလေးတွေကိုသိပ်မကြိုက်ကြဘူးလေ…မင်းတို့ကအရမ်း ငယ်ရွယ်ကြတာပဲ….ကလေးကို ဘယ်လိုချော့ရမလဲဆိုတာ မင်းတို့သိနေမယ်လို့တောင် မထင်မိဘူး"

ရှန့်ဖန်းယွိ သည် ကျန်းရွှိဆီသို့ အဓိပ္ပာယ်ပြည့်ဝစွာပြုံးပြသည်။

 " ကျွန်တော်က ကလေးတွေကိုအဲ့လောက်မချော့ရပါဘူး…ဒါပေမယ့် အဘိုးကြီးပေါက်စတစ်ယောက်ကိုတော့ နေ့တိုင်းချော့ နေရတယ်.."

သူစကားပြောပြီးသည်နှင့် ကျန်းရွှိ၏လက်အား ခပ်ဖွဖွညှစ်လိုက်သည်။ကျန်းရွှိကသူ့အား ခပ်ပေါ့ပေါ့သဘောဖြင့်ကြည့်လိုက်၏။ထို့နောက်သူ့မျက်စိဖြင့် အချက်ပြကာ အခြားသူများရှိကြောင်းပြောလိုက်သည်။ သို့သော် ရှန့်ဖန်းယွိ က မလွှတ်ပေ။ သူသည် ကျန်းရွှိ၏လက်ကို သူ၏အနွေးထည်အောက်တွင် ကိုင်ထားကာ သူ၏လက်ချောင်းများဖြင့် စက်ဝန်းများဆွဲကာ ကျီစယ်နေသည်။

"ဒါပေမယ့်မကြာခင်မှာ ကျွန်တော်တို့ကလေးတစ်ယောက်ရတော့မှာပါ.."

ခန်းခန်း ၏အဖွားက သိပ်မတွေးဘဲ ကြောင် သို့မဟုတ် ခွေးမျိုးဆက်သစ်လေးဟုသာထင်ခဲ့သည်။ရှန့်ဖန်းယွိ ကသူတို့မကြာခင်မှာပင် ကလေးတစ်ယောက်ရတော့မည့်အကြောင်း ပြောပြသည်ကို သူမကြားရသောအခါ အံ့ဩလောက်သွားသည်။

 "တကယ်လား…ဘယ်နှလရှိပြီလဲ.."

"ငါးလ ခြောက်လလောက်ပေါ့.."

"ဒီလိုဆို မင်းဇနီးသည်ကို ဒီရှည်လျားတဲ့ တနင်္ဂနွမှာနေရောင်ခြည်ကိုခံစားဖို့ ဘာလို့မခေါ်လာတာလဲ…ကိုယ်ဝန်ဆောင်အမျိုးသမီတွေကကယ်လစီယမ်အလုံအလောက်ရရှိဖို့လိုအပ်တယ်လေ….ဒါမှ ကလေးကစမတ်ကျပြီးကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ကျန်းမာရေးအတွက်လည်းကောင်းတာ"

 သူမသည်အကြံပေးသည်။

"သူ့ကို တနေ့လုံးအိမ်မှာ နေခွင့်မပေးနဲ့…ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မကောင်းတဲ့စိတ်ခံစားချက်တွေ ကြုံတွေ့ရတတ်တယ်… သူတို့နဲ့ကြာကြာအတူမရှိနေရင် သူတို့မပျော်တတ်ကြဘူး.."

"ဟုတ်ကဲပါ…ကိုသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်" ရှန့်ဖန်းယွိက ပြုံး၍ပြောလိုက်သည်။

ခန်းခန်း ၏အဖွားကကျေနပ်အားရစွာဖြင့်ခေါင်းညိတ်ကာမြေးကိုပြန်ကြည့်လိုက်သည်။ကောင်လေးက ရှန့်ဖန်းယွိ၏ရင်ဘတ်ထဲတွင်လဲလျောင်းနေပြီး ရှန့်ဖန်းယွိ ၏အောက်အကျီကိုစိတ်အားထက်သန်စွာထိကာ မမွေးသေးသောညီမလေးကိုနှုတ်ဆက်သကဲ့သို့တစ်ခုခုရေရွတ်နေသည်။

သူ၏အဖွားက 

"ခန်းခန်း ရဲ့ သူငယ်တန်းအတန်းဖော်မှာ ညီမတစ်ယောက် ရှိတယ်လေ… ခန်းခန်းက သူ့မိဘတွေကိုညီမလေး တစ်ယောက်အမြဲတမ်း မွေးခိုင်းနေတော့တာ… သူ့မိဘ တွေလည်း သူ့ကြောင့်စိတ်ညစ်သွားကြပုံပဲ… သူ့ကိုအေးဆေးဖြစ်အောင် စိတ်ငြိမ်အောင် ခေါ်ထုတ်ခဲ့ပေမဲ့သူ့ကိုမင်းတို့တွေဆီလာမယ်လို့မထင်ခဲ့ဘူး.."

သူမပြောခဲ့သည့်အတိုင်းစိတ်လှုပ်ရှားမှုနှင့်သက်ပြင်းချလိုက်သည်။ 

" သမီးတစ်ယောက်ရှိတာကပိုကောင်းတယ်… ဆော့တတ်တဲ့ ယောက်ျားလေးတွေက တော်တော်ဆိုးရွားတာ..."

ခန်းခန်း သည်ညီမငယ်အား စကားများပြောပြီးနောက်ဆုံးတွင် ရှန့်ဖန်းယွိထံ မှသူ၏အဖွားသို့ပြန်ပြေးသွားသည်။

နောက်တစ်စက္ကန့်တွင်သူမ၏မြေးနှင့် ပတ်သက်၍ ညည်းညူနေသော ခန်းခန်း ၏အဖွားမှာအားလုံးကိုပြုံးပြနေသည်။ သူမသည်သူမမြေး၏ ဦး ခေါင်းကိုထိထားကာ ရှန့်ဖန်းယွိ အားသိချင်စိတ်ဖြင့်မေးခဲ့သည်။ 

"မင်းရဲ့ကလေးက မိန်းကလေးလား ယောက်ျားလေးလား.."

ရှန့်ဖန်းယွိ သူ၏အမူအရာကိုပြောင်းလဲခြင်းမရှိဘဲအေးဆေးတည်ငြိမ်စွာလိမ်ခဲ့သည်။

 " ဆေးရုံကကျွန်တော်တို့ကို မပြောပြလို့ကျွန်တော်တို့လည်းမသိပါဘူး"

"ဘာကြောင့်ဆေးရုံက ပြောဖို့လိုတာလဲ..."

အဖွားသည်ရုတ်တရက် သူမ၏အိတ်မှလက်တဖဝါးခန့် အရွယ်အစား စာအုပ်ငယ်တစ်ခုကိုဆွဲထုတ်လိုက်သည်။ 

"ငါတို့မိသားစုက ဒီလိုရက်တွက်ချက်တာကို အသုံးပြု နေသမျှကာလပတ်လုံးကိုယ်ဝန်ဆောင်တဲ့နေ့ကို ငါတို့သိတဲ့အတိုင်း တွက်ချက်လို့ရတယ်လေ…ဒါက အရမ်းတိကျတယ်.."

သူမသည် ရှန့်ဖန်းယွိက လိုချင်သည်..မလိုချင်သည်ကိုဂရုမစိုက်ဘဲရှန့်ဖန်းယွိ ၏အိတ်ကပ်ထဲသို့စာအုပ်အားစိတ်အားထက်သန်စွာထည့်လိုက်သည်။ မူလကသူမ သည် ရှန့်ဖန်းယွိအား ဤစာအုပ်ငယ်သည်မည်မျှတိကျကြောင်းမိတ်ဆက်လိုသော်လည်းမမျှော်လင့်ဘဲ ခန်းခန်းကညီမငယ်နှင့်စကားပြောပြီးသည့်နောက်တွင် ထိုနေရာတွင် ဆက်ထိုင်မနေတော့ပဲ ထွက်သွားခဲ့သည်။

ခန်းခန်းအဖွားကသူတို့နှစ်ယောက်အားနှုတ်ဆက်ကာ ခန်းခန်း အားအခြားနေရာများတွင်လမ်းလျှောက်ခေါ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။