🧑⚕️Chapter 93
ဥယျာဉ်ထဲမှ ရပ်နားရာနေရာသည် ရုတ်တရက်တိတ်ဆိတ်သွားရကာ နေရောင်ခြည်က သူတို့ကို အား အိပ်ငိုက်ချင်သည့် စိတ်မျိုး ခံစားရစေသည်။ ကျန်းရွှိ မတ်တပ်ရပ်ကာ ရှန့်ဖန်းယွိအား ပြောလိုက်သည်
"ကားထဲမှာ ခဏအိပ်ကြရအောင်"
သူတို့၏ကားကို ဆီးသီး ဥယျာဉ်ဟောင်း၏နောက်ကွယ်ရှိလစ်လပ်နေသောမြေများတွင်အနီးအနားတွင်ရပ်ထားသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ကမြို့တော်၌ ဆီးသီး ဥယျာဉ်သစ်တည်ဆောက်ပြီးကတည်းကပင် ဆင်ခြေဖုံးရှိ ဆီးသီး ဥယျာဉ်ဟောင်းသို့ လာရောက်သည့် ဧည့်သည်အရေအတွက်လျော့နည်းသွားသည်။ ယခင်ကပေးဆောင်ရသော ယာဉ်ရပ်နားစရာများပင် စွန့်ပစ်ခံထားရကာလာမည့်သူပင်မရှိကြပေ။
ဝန်းနံရံများမှတစ်ဆင့် ဆီးသီးပန်းပွင့်များ၏အမွှေးနံ့များကို ရနိုင်ဆဲပင်။ ရှန့်ဖန်းယွိ သည်သူနှင့်အတူထိုင်နေစဉ် ကျန်းရွှိကနောက်ကျောထိုင်ခုံတွင်ခဏအိပ်ပြီးသူ၏ပေါင်များကိုခေါင်းအုံးအဖြစ်အသုံးပြုခွင့်ပြုခဲ့သည်။
ကျန်းရွှိ နိုးလာသောအခါ ရှန့်ဖန်းယွိက အဖွားပေးလိုက်သော ကလေးငယ် ကျား၊မရေးရာတွက်ချက်မှုစာအုပ်အား လှန်ကြည့်နေသည်။
သူက သူ့မျက်လုံးအားပွတ်သပ်ကာ ရှန့်ဖန်းယွိအား ကြည့်ပြီး
“ မင်းဒါကိုတကယ်ယုံသလား..”
ရှန့်ဖန်းယွိက ပြန်ဖြေသည်။
“ ဒါတွေက လျှို့ဝှက်ဆန်းကြယ်တာပဲလေ… အဲ့ဒါကြောင့်ငါစပ်စုချင်တယ်..”
“ငါ့ကိုပေး.." ကျန်းရွှိကဆွဲယူရန်ပြင်လိုက်သည်။
“ မပေးပါဘူး” ရှန့်ဖန်းယွိ သည်စာအုပ်ငယ်ကိုခပ်မြင့်မြင့်မြှောက်တင်ခဲ့ပြီး ကျန်းရွှိအားတမင်တကာမေးမြန်း၏။
"ဘယ်နေ့ကို ရွေးခဲ့သင့်တာပါလိမ့်"
ကျန်းရွှိ ကသူနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။သို့သော်သူသည်ခပ်ကြာကြာ လှဲအိပ်ပြီးမှ အလျင်အမြန်ထခဲ့သောကြောင့်သူ၏နောက်ကျောတွင်ရုတ်တရက်နာကျင်မှုဖြစ်စေခဲ့သည်။ သူ၏စကားသံပြောင်းလဲမှုကိုသိလိုက်သောအခါ ရှန့်ဖန်းယွိကစာအုပ်ကိုလျင်မြန်စွာဖယ်ကာ ကျန်းရွှိအား ကူပေးလေသည်။
"ဘာဖြစ်တာလဲ"
ကျန်းရွီက အသက်ပြင်းပြင်းရှူကာ ရှန့်ဖန်းယွိအား "ကျောနာနေလို့.."
"ဘယ်လောက်ကြာနေပြီလဲ…ဘာလို့ငါ့ကိုမပြောတာလဲ.."
ကျန်းရွှိ သာမန်အတိုင်းပြောဆိုနေသော်လည်း ရှန့်ဖန်းယွိကတစ်ရက်သို့မဟုတ် နှစ်ရက်ကျော်ကြာဖြစ်ပျက်နေကြောင်းသိသည်။
ကျန်းရွှိကခေါင်းခါပြသည်။
ထုံအောင့်သော နာကျင်မှုက စူးအောင့်သောနာကျင်မှုနှင့်မတူ။ ကျန်းရွှိသည် အမြဲတမ်းသည်းခံကြိတ်မှိတ်နေတတ်သည်။သူတစ်ခုခုကိုဖုံးကွယ်ချင်နေသမျှကာလပတ်လုံး ရှန့်ဖန်းယွိ သိရရန်အခွင့်အလမ်းများစွာမရှိကြောင်းသူသိသည်။
ကျန်းရွှိအတွက် ရှန့်ဖန်းရှေ့တွင်အားနည်းချက်ကိုပြသခြင်းကအလွန်ခက်ခဲသောကြောင့်တစ်နေ့တွင်သူသည် ရှန့်ဖန်းယွိအား သူနာကျင်နေကြောင်းအေးဆေးတည်ငြိမ်စွာပြောပြနိုင်လိမ့်မည်ဟု မတွေးမိခဲ့ပေ။
သို့သော် တကယ်ဖြစ်ခဲ့သည်။သူသည် သူ့ကိုထောက်ထားသည့် ရှန့်ဖန်းယွိ၏လက်ကိုတွန်းထုတ်၍ ဖြည်းဖြည်းပြန်ထိုင်ကာ သူ၏နဖူးပေါ်တွင်ချွေးအနည်းငယ်စို့နေခဲ့သည်။ ရှန့်ဖန်းယွိက သူ့အားရှုပ်ထွေးသောအတွေးများနှင့် ကြည့်နေသည်။
သူကအကြံပြုလိုက်သည်။
"ငါနှိပ်ပေးမယ်"
"မရ…"
ကျန်းရွှိ စကား ပြီးအောင်ပင် မပြောရသေးခင် ရှန့်ဖန်းယွိက သူ့အား ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။
ချက်ချင်းဆိုသလို ကျန်းရွှိ သည်ကား၏နောက်ဘက်ထိုင်ခုံတွင်နူးညံ့၍နွေးနေသောကိုယ်ခန္ဓာကိုဆန့်ကျင်စွာထိုင်နေရသည်။ကျန်းရွှိ အံ့အားသင့်သွားသည်။ရှန့်ဖန်းယွိ၏လက်ကသူ၏အင်္ကျီအတွင်း၌ရောက်ရှိနေကာသူ၏ခါးကိုဖိထားသည်။
ရှန့်ဖန်းယွိ က "မင်းငါ့ရှေ့မှာအရမ်းသန်မာပြဖို့ဖို့မလိုပါဘူး… ငါ့ကိုအားကိုးဖို့ကြိုးစားလို့ရပါတယ် ကျန်းရွှိရဲ့.."
သူ၏ခါးပေါ်ရှိလက်ဖဝါးကကြည်လင်ချောမွေ့ကာ ကွဲပြားသော၍ လက်ဆစ်များကထင်ရှားနေသည်။ နှိပ်လိုက်တိုင်း နူးညံ့သိမ်မွေ့သော်လည်းနာကျင်မှုကိုသက်သာစေရန်လုံလောက်၏။
ကား၏ခေါင်မိုးကမမြင့်သောကြောင့် ကျန်းရွှိသည် သူ၏ ခေါင်းအားအနည်းငယ်ငုံ့ထားပြီး ရှန့်ဖန်းယွိဆံပင်က သူ၏မျက်နှာနှင့်ထိမိတော့မလိုဖြစ်သွားသည်။
တစ်စုံတစ်ဦး ၏ရင်ခွင်၌ထည့်ထားခံရသည့်အနေအထားက အလွယ်တကူထိန်းချုပ်ခံရေကြာင်းကိုပြသနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်ကြောင့်အခြားသူတစ်ဦးအပေါ်ရှိနေစဉ်သူ၏ခန္ဓာကိုယ်က အခြားသူ၏လှုပ်ရှားမှုများနှင့်အတူ လိုက်၍ လှုပ်ရှားနေသည်။
ကျန်းရွှိ ဟန်ချက်ညီအောင်ထိန်းသိမ်းရန်ရှန့်ဖန်းယွိ ၏ပခုံးများအားဆုပ်ကိုင်လိုက်သည်။
စေ့စပ်သေချာသောအနှိပ်မျိုးသည်ရုပ်ပိုင်းဆိုင်ရာခွန်အားများစွာလိုအပ်သည်။ မိနစ် ၂၀ ခန့်အကြာတွင် ရှန့်ဖန်းယွိ၏နဖူးများတွင်ချွေးထွက်လာသည်။သူက ကျန်းရွှိအား ကြည့်ကာ
"နာနေတုန်းပဲလား.."
ကျန်းရွှိသည် နာကျင်မှုနှင့် ပတ်သက်၍ မေ့နေကာ စက္ကန့်ပိုင်းအတွင်းအာရုံပျံ့လွင့်နေပြီး တစ်ခဏတာမျှတိတ်ဆိတ်နေသည်။
ရှန့်ဖန်းယွိက သူ၏တိတ်ဆိတ်နေမှုအား နာကျင်မှုအဖြစ်အလိုအလျောက်အဓိပ္ပာယ်ကောက်ယူလိုက်သည်။
ကျန်းရွှိ နားရွက်များမှာ အသက်ရှုသံပြင်းပြင်းအားပို၍ကျယ်လောင်စွာ ကြားနေရခြင်းကြောင့် ပူလာသလိုခံစားရသည်။သူ ခဏမျှ ငြိမ်နေပြီးနောက် ရှန့်ဖန်းယွိအား…
"မင်းခဏမနားတော့ဘူးလား.."
ရှန့်ဖန်းယွိပင့်သက်ရှိုက်လိုက်ချိန်တွင် မျက်လုံးများပါကွေးတက်သွားသည်။
"အဆင်ပြေပါတယ်…ငါမပင်ပန်းပါဘူး…ငါ့လက်ကနည်းနည်းနာနေပေမဲ့... မင်းငါ့ကိုယုံကြည်ပြီး နှိပ်ခွင့်ပြုတာကိုငါအရမ်းဝမ်းသာတယ်.."
ရှန့်ဖန်းယွိ၏ပူပြင်းသောအသက်ရှူမှုသည် ကျန်းရွှိ၏လည်ပင်းပေါ်သို့ကျသွားသောကြောင့် ကျန်းရွှိသူ၏ခေါင်းကိုရုတ်တရက်လှည့်သည်။သူ၏စိတ်သည် ချက်ချင်းအာရုံစိုက်၍ တုံ့ပြန်နေမှုကြောင့်အံ့အားသင့်ခဲ့ရသည်။ ထိုအချိန်တွင် ရှန့်ဖန်းယွိကသူ၏ မြီးညှောင့်ရိုးအား မတော်တဆနှိပ်မိသွားသည်။
ကျန်းရွှိ ရှန့်ဖန်းယွိ၏လက်မောင်းများထဲတွင်ထိုင်နေစဉ်အနည်းငယ်တုန်လှုပ်သွား၏။
ထိုတုန်လှုပ်မှုက သူတို့နှစ်ဦးစလုံးအားစိတ်လွတ်သွားစေသည်။
ရှန့်ဖန်းယွိ တစ်စုံတစ်ရာကိုအတည်ပြုချင်သည့်အလားခဏတဖြုတ်တွန့်ဆုတ်နေပြီးနောက် စဉ်းစားစရာမလိုဘဲထပ်မံဖိလိုက်သည်။ကျန်းရွှိ ရှန့်ဖန်းယွိ၏နားမလည်နိုင်လောက်အောင်သိလိုစိတ်ကြောင့် အံ့အားသင့်ရန်အချိန်ပင်မရှိ။ သူသည် နှုတ်ခမ်းကိုကိုက်ထား၍ အသံမထွက်စေရန် အံကြိတ်၍သာ ညည်းညူမိတော့သည်။
"မင်းဘာလုပ်နေတာလဲ.."
ကျန်းရွှိ ရှန့်ဖန်းယွိ အားကြည့်၍မေးလိုက်သော်လည်းသူ၏အသံက သက်တောင့်သက်သာမရှိပေ။
"...ငါ…နှိပ်ပေးနေတာလေ .. " ရှန့်ဖန်းယွိက တံတွေးမြိုချ၍ ပြန်ဖြေသော်လည်း အံ့အားသင့်နေမိသည်။
ကျန်းရွှိ... "ငါ့ကိုလွှတ်.."
ရှန့်ဖန်းယွိ ကသွားခွင့်မပြုခဲ့ပေ။အဘယ့်ကြောင့်ဆိုသော် ကျန်းရွှိ ၏တုံ့ပြန်မှုသည် အလွန်သိမ်မွေ့နေကာ သူ့အားတစ်ခုခုအတည်ပြုချင်သွားသည်။
သူ၏အတည်ပြုချက်ရလဒ်မှာသူ၏လက်ကရှေ့သို့ရောက်သွားသောအခါ ကျန်းရွှိ၏ခန္ဓာကိုယ်သည်ပို၍မတ်လာခဲ့ခြင်း။
ရှန့်ဖန်းယွိသည် ကျန်းရွှိ ၏ ထိုသို့သော ဘက်ခြမ်းကိုပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။ သူသဘောပေါက်ခဲ့သည့်ပထမဆုံးအကြိမ်။ ကျန်းရွှိကသူ၏ထိတွေ့မှုများကို ပြန်လည်တုံ့ပြန်နိုင်သည်။
ရှန့်ဖန်းယွိကမေးသည်။
"မင်း ... ငါ့ကိုမင်းကိုကူညီစေချင်လား… အဲ့ဒါကမင်းရဲ့နာကျင်မှုကိုသက်သာစေမှာလား.."
ကျန်းရွှိသည်သူ၏သွားများကိုအံကြိတ်ထားပြီးနောက်ပိုင်းတွင် လက်မှအရင်ရောက်နေပြီဖြစ်ကာ နှုတ်က နောက်မှမေးသော သူအား ပြန်ပြောလိုက်သည်….
"မင်း စပြီးနေပြီမဟုတ်ဘူးလား.."
ရှန့်ဖန်းယွိ အနည်းငယ်ရီဝေဝေနှင့်ကြည့်ကာ အသက်ပြင်းပြင်းရှူ၍
"ငါဆက်လုပ်ရမှာလား.."
ဆီးသီး ဥယျာဉ်တွင် ကမ္ဘာလှည့်ခရီးသည်များစွာသိပ်မရှိသည့်အပြင် ကျွန်းတစ်ကျွန်းအဖြစ်သို့ပြောင်းလဲသွားသောကားရပ်နားရန်နေရာများမှာလည်း မကြာခဏလည်ပတ်သူပင် အလွန်နည်းသည်။
ကျန်းရွှိသည်ခဏတွန့်ဆုတ်နေပြီးနောက် သူ၏မျက်နှာကိုတဖက်သို့လှည့်၍ခပ်တိုးတိုးသာ ဆန္ဒအလျောက်ပြောလိုက်သည်။
"မြန်မြန်.."
ရှည်လျားသောင်္အကျီသည်မရေရာသည့်မြင်ကွင်းအားအလွယ်တကူဖုံးအုပ်ထားကာ အနက်ရောင်မှန်ပြတင်းပေါက်သည်အပြင်ဘက်ရှိတောက်ပသောနေရောင်ခြည်နှင့်ကားအတွင်းရှိဆူညံသံများကိုသီးခြားခွဲထုတ်ပေးသည်။ နေရောင်ခြည်တွင်ပြန့်ကျဲနေသောဆီးသီးအပင်များမှ အမွှေးနံ့သာများသည် လူများအား ယစ်မူးစေပြီး နှလုံးသားများကိုမငြိမ်မသက်ဖြစ်စေသည်။
ခဏအကြာတွင်မျက်လုံးများရဲနေသော ကျန်းရွှိသည်ကားတံခါးကိုဖွင့်၍ နှာခေါင်းစည်း တပ်ကာ ပြန်မကြည့်ဘဲအလျင်အမြန်လမ်းလျှောက်သွားသည်။
ရှန့်ဖန်းယွိ တစ်သျှူးများကိုပလပ်စတစ်အိတ်ဖြင့်ထုပ်၍အနီးအနားရှိအမှိုက်ပုံးထဲသို့ပစ်လိုက်သည်။
သူလှမ်းကြည့်လိုက်သောအခါ ကျန်းရွှိကပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
"ဖြည်းဖြည်း..ကျန်းရွှိရေ…ချော်မလဲစေနဲ့.."
ရှန့်ဖန်းယွိကနောက်မှလိုက်သွားသည်။
ဒေါက်တာကျန်းရွှိ ၏မျက်နှာမှာ အလွန်ပူ၍ရဲနေကာ ကြက်ဥများကိုပင် ပြုတ်၍ရနိုင်သည်။ သို့သော် သူ၏ခေါင်းကိုမလှည့်ဘဲ နှေးကွေးခဲ့သည်။ သူ၏စိတ်ကမယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။
ညစ်ညမ်းရုပ်ပုံများကိုပင်မကြည့်နိုင်သည့် မိမိကိုယ်ကိုစည်းကမ်းထိန်းသိမ်းထားသော ကိုယ်ကျင့်တရားဖြောင့်မတ်သည့် လူငယ်တစ်ဦးမှာ မည်သို့ပြုခဲ့မိသနည်း..။ရှန့်ဖန်းယွိ၏ ရင်ခွင်ထဲတွင် ထိုင်ကာ သူ့အား ကားထဲတွင် ကူညီပေးရန် ရီဝေဝေနှင့် ခွင့်ပြုခဲ့သည်လား။
ထို့ပြင်သူသည်ကိုယ်ဝန်ရှိနေသည်။
၎င်းက ခုနကပင်ဖြစ်ပျက်နေခဲ့ပြီးဖြစ်သည်။
ကျန်းရွှိက အမှန်တကယ် သူကိုယ်တိုင် ဖြစ်နေခဲ့ကြောင်းသူ့ကိုယ်သူ ဝန်ခံရန်ငြင်းဆန်နေမိသည်။
ကျန်းရွှိနှင့်အမီလိုက်ရန် ရှန့်ဖန်းယွိခမျာ အဖွား ခန်းခန်းထံ သို့ပြေးဝင်သွားသည်။ အဘွားက…
"မင်းရဲ့သူငယ်ချင်းရှေ့ကိုလမ်းလျှောက်သွားတာတွေ့လိုက်တယ်ဖြစ်နေတာလဲ…မင်းတို့ရန်ဖြစ်ထားကြတာလား.."
"အဲ့ဒါထက် နည်းနည်းလေးပိုပြီးဆိုးမယ်ထင်တာပဲ.."
ရှန့်ဖန်းယွိ သူ၏နှုတ်ခမ်းကိုတင်းတင်းစေ့ထား၍ ကျန်းရွှိ၏ နောက်ကြောင်းပြန် တွေးနေပုံကို မြင်ကာ စိုးရိမ်နေမိသည်။
တစ်ချိန်တည်းမှာပင် ဆောင်းရာသီဆီးသီးပင်၏ ထိပ်တွင်ပွင့်နေသော ပန်းပွင့်များသည် တိတ်ဆိတ်စွာပြုံးနေကာ မွေးကြိုင်ထုံသင်းသည့်ရနံ့များပျံနှံ့နေသည့် နေရောင်အောက်တွင် လူငယ်နှစ်ဦးသား တစ်ဦးကိုတစ်ဦး လိုက်ဖမ်းနေသည်ကို ကြည့်နေလေသည်။