အပိုင်း ၉၄
Viewers 12k

🧑‍⚕️Chapter 94




ဆီးသီး ဥယျာဉ်မှပြန်လာပြီးနောက် ကျန်းရွှိသည်တစ်စုံတစ်ဦးအားလျစ်လျူရှုထားလိုက်သည်။

ရှန့်ဖန်းယွိ ထိုကိစ္စနှင့်ပတ်သက်၍အတော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော်လည်းသူလုပ်နိုင်သည်မှာ ဘာမျှမရှိပေ။ သူသည်ကိုယ်တိုင်လေးနက်စွာတွေး၍ စာများစွာကိုရေးသားခဲ့ပြီး မရေမတွက်နိုင်သောတောင်းပန်မှုများကိုကမ်းလှမ်းခဲ့သည်။ သို့သော်နောက်ဆုံးတွင်သူသည်ဆိုဖာပေါ်၌အိပ်စက်ရခြင်းကံကြမ္မာကိုသာရင်ဆိုင်ခဲ့ရသည်။

ရှန့်ဖန်းယွိ ၏ဆိုဖာပေါ်တွင်အိပ်ရသည့် လေးညမြောက်တွင် ကျန်းရွှိသည်အိပ်ခန်းအတွင်း စာရွက်စာတမ်းများဖတ်နေသည်။ ထိုအချိန်တွင်တစ်စုံတစ်ဦးက တံခါးကိုတိတ်တဆိတ်တွန်း၍ လက်ထဲတွင်လည်း တက်ဘလက်တစ်လုံးနှင့် ခိုးကြောင်ခိုးဝှက်ဝင်လာ၏။

ကျန်းရွှိ ကသူ့အားလျစ်လျူရှုကာ သနားကရုဏာမရှိပဲပြောလိုက်သည်။ 

"ထွက်သွား.."

"မင်းကိုပျော်စရာကောင်းတဲ့ဂိမ်းတစ်ခုဝေမျှချင်လို့ပါ " ရှန့်ဖန်းယွိ တက်ဘလက်အား ကျန်းရွှိ လက်ထဲသို့ထည့်လိုက်သည်။

ကျန်းရွှိ ကကြည့်လိုက်သောအခါ ရှန့်ဖန်းယွိနှင့်သူ အတူကစားခဲ့ဖူးသည့် တူညီသော ဂိမ်းပင်ဖြစ်သည်။ ရှန့်ဖန်းယွိကသူ့လက်အားကိုင်ကာ

 " ကြိုးစားကြည့်ပါ ဦး.."

သူသည် ကျန်းရွှိ ၏နောက်မှ နေ၍ လက်ကိုတက်ဘလက်ပေါ်တွင်တင်လိုက်သည်။ သူဂိမ်းဇာတ်ကောင်များကိုရွာဆီသို့ပြေးရန်ထိန်းချုပ်ပြီး ကျေးရွာအကြီးအကဲနှင့် PK ပွဲကိုလျင်မြန်စွာရွေးချယ်လိုက်ရင်း ကျန်းရွှိအားပွေ့ဖက်လိုက်၏။

ကျန်းရွှိ ခဏမျှတွန့်ဆုတ်ပြီးနောက် ကျွမ်းကျင်မှုများစွာဖြင့်နှိပ်လိုက်သည်။ မမျှော်လင့်ဘဲ ပင့်ကူသူဌေးက လဲကျသွားသည်နှင့်တပြိုင်နက် ၎င်းမှာမကောင်းသောရုပ်ရှင်ဇာတ်ကားတွင်တတိယအဆင့်သရုပ်ဆောင်တစ် ဦး ၏ကစားပုံကဲ့သို့စိတ်ပျက်ဖွယ်ကောင်းသောပုံစံဖြင့်သေဆုံးသွားသည်။

"မင်းဘာတွေ လုပ်လိုက်တာလဲ..ဒါလုပ်ဖို့.."

ကျန်းရွှိ သည်လွန်ခဲ့သောနှစ်ပေါင်းများစွာက ကြောက်မက်ဖွယ်ကောင်းသောရန်သူဖြစ်ခဲ့သည့်ပင့်ကူသူဌေးက လုံလောက်သောအစာမစားရသည့်အလားထိုကဲ့သို့သောအားနည်းခြင်းသို့ပြောင်းလဲသွားသည့်အဖြစ်ကိုနားမလည်နိုင်ပါ။

ရှန့်ဖန်းယွိ က 

"ငါလယ်ဗယ်တွေ တက်ဖို့ ပိုက်ဆံတွေ သုံးလိုက်ရတယ်.."

"…."

ထိုပင့်ကူသည် အစာလုံလောက်စွာ မစားရရ၍ မဟုတ်ပဲ….အစားလွန်၍ ထိုသို့ဖြစ်သွားသည်လား…။

"ငါတို့ရဲ့ကံကြမ္မာကိုဖန်တီးတဲ့ အတွက်ဒီဂိမ်းကိုငါ ကျေးဇူးတင်သင့်တယ်လို့ အစကထင်ခဲ့တယ်…ဒါကြောင့်ငါ 520 RMB လောက်ဖြည့်လိုက်တယ်…ပြီးတော့အဲဒါက ရုတ်တရက်ငါ့ကိုအတွေ့အကြုံတွေရော ပစ္စည်းတွေရော…လက်ဆောင် တွေရော …ပြီးတော့ ... မင်းမြင်တဲ့အတိုင်းဒီလိုတွေပေါ့…"

ရှန့်ဖန်းယွိ သည် 520 RMB ဖြည့်ခဲ့ကာ လယ်ဗယ် မြှင့်ခဲ့သောကြောင့် ကျန်းရွှိက သူမိုက်မဲခဲ့သည်ဟုခံစားခဲ့ရသည်။

ကမ္ဘာကြီးသည် အမှန်တကယ်ပြောင်းလဲသွားခဲ့ကာ လူများ၏ နှလုံးသားသည်လည်းမတူညီတော့ပေ။

သူသည်ယခင်က ကြိတ်ခွဲစက်ထဲသို့ ၀င်ရောက်ခဲ့သည့်ပြင်းထန်သောအားထုတ်မှုကိုမှတ်မိကာ ဤမရိုးသားသောဂိမ်းကသူ၏သမာဓိကိုယိုယွင်းစေခဲ့သည်။သူအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး တက်ဘလက်အားရှန့်ဖန်းယွိထံ သို့ပြန်ပစ်လိုက်သည်။

မျှော်လင့်မထားဘဲ ရှန့်ဖန်းယွိကစိုးရိမ်သလိုဖြင့် သူ၏နာကျင်နေသော နေရာသို့ထိကာ မေးသည်။

"မင်းရဲ့နောက်ကျောနာနေတုန်းလား..."

ဆီးသီး ဥယျာဉ်တွင်ဖြစ်ပျက်ခဲ့သည့် အချိန်မှစ၍ ကျန်းရွှိ သူ၏ စိတ်ဖိစီးမှုက နောက်ကျောနာကျင်မှု တိုးလာရာမှဖြစ်လာသည်။

နာကျင်မှုသည်ပြန်လည်ဖြစ်ပွါးရန်လက္ခဏာများပြသသည့်အခါတိုင်း ကျန်းရွှိသည် ဆီးသီး ပန်းပွင့်များ၏ရနံ့အောက်မှ အလိုမကျသောလျှို့ဝှက်ချက်ကိုစဉ်းစားမိကာ စိတ်အဆင်မပြေမှုများစွာဖြင့် သူ့ကိုယ်သူအပြစ်တင်ပြီး သူ၏အာရုံအား လုံးဝပြောင်းလိုက်သည့်အခါ နာကျင်ခြင်းအားမေ့လျော့သွားလိမ့်မည်။

အကြိမ်ပေါင်းများစွာလျစ်လျူရှုခံခဲ့ရသောကိုယ်ဝန်နှင့်ဆက်စပ်သော ခါးအောက်ပိုင်း နာကျင်မှုသည်သဲလွန်စမရှိဘဲရှက်ခြင်းတရားနှင့်အတူ ပြန်လည်ပျောက်ကွယ်သွားလေ့ရှိကာ ကျန်းရွှိအား ဘယ်သောအခါမျှအနှောင့်အယှက်မဖြစ်စေခဲ့ပေ။

သို့သော် ကျန်းရွှိအား ပို၍စိတ်တိုလာစေသည်။

အာရုံကြောဆိုင်ရာနာကျင်မှုသည်တစ်ခါတစ်ရံအလွန်နာကျင်သော ဒဏ်ဖြစ်ကာ စိတ်ခံစားမှုအလိုက် စိတ်ပြောင်းလွယ်သည်။ ဆေးပညာဖြင့်ကုသရန် ခက်ခဲကာ စိတ်ပိုင်းဆိုင်ရာအသိပညာနှင့် ကုသခြင်းနှင့် ဆင်တူသည်။

ကျန်းရွှိသည်နှစ်ပေါင်းများစွာဆရာဝန်တစ်ဦးဖြစ်ခဲ့ကာ မရေမတွက်နိုင်သောလူနာများအားဤအခြေအနေကကုသရန်ခက်ခဲပြီးဂရုတစိုက်ညှိနှိုင်းခြင်းဖြင့်တဖြည်းဖြည်းတိုးတက်လာနိုင်သည်ဟုပြောခဲ့ဖူးသည်။ကလေးမွေးဖွားပြီးနောက်တွင် တဖြည်းဖြည်းပြန်လည်နာလန်ထူလာနိုင်သည်။

သူသည် တစ်နေ့တွင် ထိုအခြေအနေကို ဖြတ်ကျော်ရမည့်အကြောင်း တကယ်လေ့လာရမည်ဟု ဘယ်တော့မျှမမျှော်လင့်ထားခဲ့ပေ။

စိတ်ပျက်စရာအခြေအနေပင်ဖြစ်သည်။

မူလက ရှန့်ဖန်းယွိသည် ကျန်းရွှိရှေ့တွင် မျက်နှာသာရလိုသည်။သို့သော် သူသည် ကျန်းရွှိ ၏ မျက်နှာကပို၍မှောင်လာကာ ခန်းခန်းအဖွားပြောခဲ့သကဲ့သို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများက နေပူဆာလှုံရန်လိုအပ်သည်ကိုသတိရသွားစေသည်။ ထို့ကြောင့်သူဂရုတစိုက်ပြောလိုက်၏။

 " ဘယ်တော့အားမှာလဲ… နောက်တခေါက် နေပူဆာလှုံဖို့ သွားကြစို့.."

ရလဒ်အနေဖြင့် အခြားမြေမြှုပ်မိုင်းတစ်ခုပေါ်သို့တက်နင်းမိသွားသောလူသစ်ကစားသမားကဲ့သို့ ရှန့်ဖန်းယွိသည်နောက်ဆုံးတွင် ဒိုင်လူကြီးကျန်းထံမှလုံးဝမောင်းထုတ်ခံလိုက်ရလေတော့သည်။

သို့သော် ကျန်းရွှိ မမျှော်လင့်ခဲ့သည့်အရာမှာ ထိုညတွင်မကြာသေးမီက သက်သာသွားသောနာကျင်မှုက ပြန်ပေါ်လာသည်ကိုပင်။

သူအိပ်ရာပေါ်တွင်ခဏတာမျှအိပ်ခဲ့ရသော်လည်းပြန်လည်ပေါ်ပေါက်လာသောနာကျင်မှုက ပို၍ ပြင်းထန်လာသည်။

ကျန်းရွှိ ခဏတာမျှ တွန့်ဆုတ်နေပြီး လေးလံစွာဖြင့်အိပ်ရာမှ ထထိုင်လိုက်သည်။ရှန့်ဖန်းယွိအား သူ၏ ကျီးကန်းပါးစပ်ကြောင့် အပြစ်တင်ရမည်လား သို့မဟုတ် စောစီးစွာစိတ်လျှောတတ်သည့် သူ့စိတ်အား အပြစ်တင်ရမည်လား မသိတော့ပေ။

ဖိနပ်အပါးနှင့်ကုတ်င်္အကျီကိုဝတ်ဆင်ကာ သူအိပ်ခန်းမှ ဧည့်ခန်းသို့လမ်းလျှောက်သွားပြီး ဆိုဖာပေါ်တွင်အိပ်ပျော်နေသောလူအားငေးကြည့်လိုက်သည်။

ခဏအကြာတွင်သူသည် ရှန့်ဖန်းယွိအားဆွဲထုတ်ကာ ရွှေ့လိုက်ပြီးသူနှင့်ဆိုဖာ၏နောက်ကျောအကြားတွင် ဝင်အိပ်ခဲ့သည်။ ထို့နောက် ရှန့်ဖန်းယွိကို အနောက်မှဖက်လိုက်၏။

သေချာသည်…။ နာကျင်မှုများ နောက်တဖန်ဖြေလျော့သွားပြီဖြစ်သည်။

“ ... “ ကျန်းရွှိမှာသူ၏ကိုယ်ခန္ဓာရှိနာကျင်မှု ဒဏ်များက သူ့အားအနိုင်ကျင့်နေသည်ဟုခံစားခဲ့ရသည်။

သူသည် ဘဝတွင် အလွန်အကျွံမှားယွင်းခြင်းကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

နောက်တစ်နေ့မနက်တွင် ရှန့်ဖန်းယွိသည်နှိုးစက်နာရီ၏ကျယ်လွန်းသော အသံကြောင့် ဒယီးဒယိုင်နှင့်နိုးလာသည်။သူ၏ခန္ဓာကိုယ်၏ထက်ဝက်သည်တစ်ခုခုပေါ်တွင်လဲလျောင်းနေ၍ အခြားတစ်ဝက်က လေထဲတွင်ရပ်တန့်နေသည်ဟုခံစားရပြီး အနေကျဉ်းကျပ်နေသည်ဟုလည်း ခံစားမိသည်။

သူသည်တိုက်လေယာဉ်တစ်စင်းမောင်းနေသည်ဟုအိပ်မက်မက်ခဲ့ကာ လေယာဉ်မှူးအခန်းကကျဉ်းကျဉ်းလေးဖြစ်သည်မှာပုံမှန်ဖြစ်သည်ဟုထင်ခဲ့သော်လည်းသူလက်လှမ်းသောအခါစတီယာရင်ကိုမရှာနိုင်ခဲ့ပေ။ခဏတဖြုတ်လှည့်ပတ်ပြီးနောက် စတီယာရင်ကြီးကရုတ်တရက်စကားထပြောခဲ့သည်။

"ထလို့ ဝပြီလား.."

ရှန့်ဖန်းယွိ သည်အလွန်နီးကပ်နေသော ကျန်းရွှိနှင့်မျက်နှာချင်းဆိုင်တွေ့ရန် သူ၏မျက်စိကိုဖွင့်လိုက်သည်။

 "မင်းဒီမှာဘာလုပ်နေတာလဲ … မင်းအိပ်နေရင်းလမ်းလျှောက်ခဲ့တာလား.."

တစ်ညတာအနားယူပြီးနောက်ဒေါက်တာကျန်း၏နောက်ကျောနာကျင်မှုမရှိတော့ဘဲ သူသည်ကိုယ်ပိုင်စွမ်းအင်ကိုပြန်လည်ရရှိလာသည်။သူသည်ရှန့်ဖန်းယွိအား ဆိုဖာပေါ်တွင် ခြေထောက်တစ်ချောင်းဖြင့်ကန်၍ ထလာကာ ပြန်မကြည့်ဘဲရေချိုးခန်းသို့လမ်းလျှောက်ခဲ့သည်။

ရှန့်ဖန်းယွိ သူ၏ခေါင်းပေါ်ရှိစောင်များနှင့်အတူအောက်သို့ ကျသွားသောအခါ သူ၏ခေါင်းအား နားမလည်နိုင်စွာ ကုတ်ရင်း

"ဘာတွေ ဖြစ်နေတာလဲလို့…"

သို့သော် ကျန်းရွှိ၏ ခပ်တန်းတန်းအမူအရာအရ မည်သို့ပင်ဖြစ်စေ ထိုနေ့မှစ၍ ရှန့်ဖန်းယွိမှာ ကျန်းရွှိ၏အိပ်ခန်းနှင့်အိပ်ရာအားအသုံးပြုရန် ခွင့်ပြုချက်ပြန်လည်ရရှိခဲ့သည်။

ထို့အပြင်သူသည် ကျန်းရွှိအိပ်သောအခါသူ့အား ယခင်ကထက်ပို၍ တွယ်ကပ်နေပုံရသည်ကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ရသည်။

ယခင်က ကျန်းရွှိသည်သူ၏အိပ်ချိန် ၇၀% တွင် ပန်းရောင်ယုန်အားပွေ့ဖက်ကာ ၃၀% တွင် ရှန့်ဖန်းယွိအား ပွေ့ဖက်ခဲ့သည်။ ယခုတွင်မူ ရှန့်ဖန်းယွိသည် သူ၏အိပ်ချိန် ၇၀% ခန့်ပွေ့ဖက်ခံရကာ ပန်းရောင်ယုန်ငယ်လေးသည် ၃၀%သာ ပွေ့ဖက်ခံရတော့သည်။

ရှန့်ဖန်းယွိ သူအိပ်ရာပြင်တိုင်း ထိုပန်းရောင်ယုန်၏မျက်နှာကိုကြည့်မိအခါ နားမလည်နိုင်စွာအပြစ်ရှိသလိုခံစားရသည်။ ကိုယ်လုပ်တော်များက အခွင့်ထူးရရန်အတွက် ပြိုင်ဆိုင်နေကြသကဲ့သို့ပင်။

ထို့ကြောင့် ရှန့်ဖန်းယွိသည်မျက်နှာနှင့်စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမရှိဘဲ ဘုရင်၏မျက်နှာသာပေးမှုကိုခံနေရသောပုံစံဖြင့် ထို ယုန်ရုပ်ကိုကြည့်ပြီး မျက်နှာလွှဲကာပြောလိုက်သည်။ 

"လူကြီးတွေ ချစ်ကြတဲ့အခါ ကလေးတွေက ဟိုးဘက်ပဲကြည့်နေသင့်တယ်"

ပန်းရောင်ယုန်ရုပ် - "…….."

— — — — — -

S နိုင်ငံ၏ နံနက် ၉ နာရီတွင်ဒေသခံအချိန်တွင် ဒေါက်တာ အဲလ်ဘတ်သည် ခွဲစိတ်ကုသမှုကိုတရားဝင်စတင်ခဲ့ပြီး ကျီဟွားဆေးရုံ၏သားဖွားနှင့်မီးယပ်အထူးကု ကွန်ဖရင့်ခန်းသည်ထုတ်လွှင့်သည့်လင့်ခ်ကိုလက်ခံရရှိသူများနှင့်ပြည့်နှက်နေသည်။

ကျန်းရွှိသည် မှတ်စုစာအုပ်ဖြင့် ၀င်လာပြီး ထိပ်တွင်ထိုင်နေသောဒါရိုက်တာချွေ့အား နှုတ်ဆက်ကာ သူ၏ရှေ့တန်းမှ ပုံမှန်ထိုင်ခုံနေရာကို ယူလိုက်သည်။

လူနာ၏ ကိုယ်ရေးကိုယ်တာကိုကာကွယ်ရန်ဒေါက်တာအဲလ်ဘတ်သည်ထုတ်လွှင့်သည့်အမြင်နှစ်ခုကိုသာပေးခဲ့သည်။ ပထမ ဦးဆုံးမြင်ကွင်းမှာခွဲစိတ်မည့် ဧရိယာကို အဓိကထားပြ၍ ခွဲခန်း အဝတ် သေချာအုပ်ထားခြင်းနှင့် ပိုးသတ်ခြင်းများပြီးမြောက်သွားပုံကို ပြထားသည်။ဒုတိယအနေနှင့် နှလုံးနှင့်ပတ်သက်သော မော်နီတာကို ပြထားသည်။

ဒေါက်တာအဲလ်ဘတ်သည်ခွဲစိတ်ကုသမှုနှင့်လူနာအခြေအနေအားစတင်မိတ်ဆက်ခဲ့ပြီးနောက်အခန်းကတတ်ဆိတ်သွားသည်။ ကျန်းရွှိ သူ၏သိပ်သည်းစွာထုပ်ပိုးထားသောမှတ်စုစာအုပ်အားဖွင့်၍ ပရောဂျက်အားလေးနက်စွာ နားထောင်နေသည်။

ဤခွဲစိတ်မှု၏ပြင်းထန်မှုနှင့်အန္တရာယ်မြင့်မားမှုများအားရှင်းပြနေမှုကြောင့် ကွန်ဖရင့်ခန်းရှိဆရာဝန်များသည်တိတ်ဆိတ်ငြိမ်သက်နေကြပြီးတစ်ဦးနှင့်တစ်ဦး ခပ်တိုးတိုးပြောသည့်အခါတွင်ပင် သူတို့၏အသံများကိုပို၍လျှော့ထားကြသည်။

ဝမ်းဗိုက်တွင်းနှင့်သားအိမ် ခွဲစိတ်မှု၏ပထမတစ်ဝက်သည် ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။ ခွဲစိတ်ကုသမှု နာရီဝက်ခန့်အကြာတွင် ကလေးငယ်ကိုအောင်မြင်စွာပို့ဆောင်နိုင်ခဲ့သည်။

ဒေါက်တာခန်း၏ခွဲစိတ်ကုသမှုမှ ယခင်ဆွေးနွေးမှုများနှင့်ခွဲခြမ်းစိတ်ဖြာမှုအတွင်း ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည် အမျိုးသား ဝမ်းဗိုက်နှင့်သားအိမ်အတွင်းပိုင်း ခွဲစိတ်မှု၏ အခက်ခဲဆုံးအပိုင်းသည် သန္ဓသေားအားမပို့ဆောင်နိုင်ဟုတညီတညွတ်တည်းယုံကြည်ကြသည်။သို့သော်သားအိမ်နှင့် သားဥပြွန်နှစ်ဖက်ခွဲစိတ်ဖယ်ရှားကုသမှုသည် အကျိုးရှိနိုင်မည်ဟုထင်ကြသည်။

ပုံမှန်အားဖြင့်လူတစ်ဦး ၏ခန္ဓာကိုယ်တွင်မျိုးပွားအင်္ဂါတစ်ခုတည်းသာရှိသည်။ သို့သော်မျိုးဆက်ပွါးသည့် ကိုယ်တွင်းအင်္ဂါနှစ်ခုသည်ခန္ဓာကိုယ်ထဲတွင်တစ်ချိန်တည်းတွင်ရှိနေသောအခါ ဝမ်းဗိုက်ကိုယ်တွင်းင်္အဂါများသည်အနေအထားပြောင်းလဲသွားပြီး ခွဲစိတ်ကုသမှုအားအခက်အခဲတိုးပွားစေသည်။ ထို့အပြင်လိင်ပိုင်းဆိုင်ရာပုံပျက်တတ်သောဖြစ်နေကျ ဖြစ်ရပ်များနှင့်မတူဘဲ လူနာ၏သားအိမ်နှင့် သားဥပြွန်နှစ်ခုအား အလွန်ပြည့်စုံသော အတိုင်းအတာအထိ ဖန်တီးခွဲစိတ်၍ရနိုင်သည်။ ကိုယ်ဝန်ဆောင်နိုင်စွမ်းရှိခြင်းသည်သက်ဆိုင်ရာသွေးကြောများနှင့်အာရုံကြောများသည်လည်းကောင်းစွာဖွံ့ဖြိုးပြီးဖြစ်ကြောင်းဖော်ပြသည်။ အနည်းဆုံးသူတို့သန္ဓသေားအတွက်လုံလောက်သောသွေးထောက်ပံ့မှုကိုပေးနိုင်သည့်အနေအထားမျိုးအထိဖြစ်သည်။

သို့သော်သွေးကြောများ၏အလွန်ရှုပ်ထွေးသောဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုယ်တွင်းအင်္ဂါများတွင်အပြောင်းအလဲများမှာ အကဲဖြတ်ရန်ခက်ခဲစေသည်။ ၎င်းသည်နှစ်များစွာတစ်လျှောက် ဦးဆောင်ခဲ့သည့် ခွဲစိတ်ဆရာဝန်များထံမှ စုဆောင်းထားသည့်ခန္ဓာဗေဒဆိုင်ရာ ဗဟုသုတများကို လုံးဝမှောက်လှန်ထားခြင်းနှင့်တူသည်။ အတိုချုပ်ဆိုရလျှင် လူနာ၏ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းင်္အဂါများနှင့်သွေးကြောများဖြန့်ဖြူးခြင်းသည်ခွဲစိတ်ဆရာဝန်၏ယခင်ကလေ့လာသိထားသည့် ဗဟုသုတများနှင့်ကွဲပြားသည်။

ထိုခြားနားချက်၏ပမာဏသည် ခွဲစိတ်မှု၏အခက်အခဲကိုတိုက်ရိုက်ဆုံးဖြတ်သည်။ ခြားနားချက်သိသာထင်ရှားမှုမရှိပါက ဦးဆောင်ခွဲစိတ်သော ဆရာဝန်သည်အတွေ့အကြုံအနည်းငယ်သာရှိသော်လည်း ခွဲစိတ်ကုသမှုကိုဂရုတစိုက်လုပ်ဆောင်နိုင်ကာ ကောင်းမွန်သောခွဲစိတ်မှုရလဒ်များရရှိနိုင်သည်။ အချို့သောဗဟုသုတများစွာ စုဆောင်းထားသောကျောင်းသားတစ်ဦးအားအနည်းငယ် ပို၍ ခက်ခဲသောမေးခွန်းတစ်ခုပေးခြင်းနှင့်ဆင်တူသည်။သို့သော်ခြားနားချက်အလွန်ကြီးလွန်းပါက မူလတန်းကျောင်းမှကျောင်းသားကို အဆင့်မြင့်သင်္ချာပြဿနာများကိုတိုက်ရိုက်ဖြေရှင်းခိုင်းသကဲ့သို့ ခြေလှမ်းကြီးလွန်းသည်။

ဒေါက်တာခန်းနှင့်နှိုင်းယှဉ်လျှင် ဒေါက်တာအဲလ်ဘတ်မှာပို၍ ကံမကောင်းတတ်သောသူဖြစ်သည်မှာ သေချာသည်။

အဆိုပါ သန္ဓသေား နေရာမှန်သို့ရောက်သွားသောအခါ သားအိမ်နှင့်နောက်ဆက်တွဲပင် မ ကိုယ်အင်္ဂါအခြေအနေများအကြောင်း အတည်ပြုပြောပြသောအခါ ကျန်းရွှိ၏မျက်နှာပြောင်းလဲသွားသည်။

ဒေါက်တာအဲလ်ဘတ်၏မျက်နှာသည်ဗီဒီယိုတွင်မမြင်ရသော်လည်း ကျန်းရွှိ ဒေါက်တာ အဲလ်ဘတ်၏ မျက်နှာသည် သူ၏ မျက်နှာထက် ပိုအခြေအနေကောင်းနေမည်မဟုတ်ကြောင်းကို သိလိုက်သည်။

ဤလူနာတွင် ဝမ်းဗိုက်ကိုယ်တွင်းင်္အဂါများနှင့်သွေးကြောများစီးဆင်းပုံသည်ခန္ဓာဗေဒဖတ်စာအုပ်များတွင်ပြသထားသည့်အရာနှင့်အလွန်ကွာခြားသည်။ ပို၍ အန္တရာယ်များသည်မှာသူ၏မျိုးဆက်ပွါးကိုယ်တွင်းင်္အဂါနှစ်ခု၏ သွေးကြောများစီးဆင်းပုံမှာပုံမှန်မဟုတ်ပဲ ရှုပ်နေသည်။ပထမတကြိမ်ကြည့်ရုံမျှနှင့် သဲလွန်စများအား ပိုင်းခြားသိမြင်ရန်ခက်ခဲသည်။

ထိုကဲ့သို့သောအခြေအနေများတွင်အကောင်းဆုံးချဉ်းကပ်မှုမှာသားအိမ်နှင့်သားဥအိမ်များကိုသာဖယ်ရှားပစ်လိုက်ခြင်းသာဖြစ်သည်။

လူနာ၏ခန္ဓာကိုယ်အပေါ် နောက်ဆက်တွဲသက်ရောက်မှုရှိနိုင်သည့်ဟော်မုန်းများမှာ သားဥအိမ်များမှအဓိကထုတ်လုပ်ခြင်းဖြစ်သည်။သားအိမ်ဖယ်ရှားခြင်းသည်ခက်ခဲပြီး နောက်ထပ်အကောင်းဆုံးကြိုးစားရန်မှာ အမှန်တကယ်တွင်ကျိုးကြောင်းဆီလျော်ဆုံးရွေးချယ်မှုဖြစ်သည့် သားဥအိမ်များကိုပထမဦး ဆုံးဖယ်ရှားရန်ဖြစ်သည်။

ဒေါက်တာ အဲလ်ဘတ်သည်ဝမ်းဗိုက်လမ်းကြောင်း၏အခြေအနေကိုစစ်ဆေးခဲ့ပြီးနောက် ခဏတစ်ဖြုတ်တွန့်ဆုတ်နေကာ သားအိမ်ကိုအပြီးသတ်ထုတ်ယူ၍ သားဥအိမ်များကိုဖယ်ရှားရန်ပြင်ဆင်ခဲ့သည်။

သားဥအိမ်ပမာဏသည်သားအိမ်နှင့်နှိုင်းယှဉ်လျှင်များစွာသေးငယ်သော်လည်း… ဤလူနာ၏ သားဥအိမ်ပတ်၀န်းကျင်ရှိ သွေးကြောများနှင့်အာရုံကြောများသည်အရွယ်အစားသေးငယ်သောကြောင့်သိပ်သည်းစွာစီးဆင်းနေကာ ကိုင်တွယ်ရန်ခက်ခဲသည်။

အချိန်ကုန်လွန်သွားသည်နှင့်ဒေါက်တာအဲလ်ဘတ်သည်သူ၏ချွေးများကိုဗီဒီယိုထဲတွင်မကြာခဏသုတ်ခိုင်းနေကိုတွေ့ရသည်။ကျန်းရွှိမှာသူ၏လက်ဖမိုးများပင် ချွေးထွက်နေသည်ဟုခံစားခဲ့ရသည်။

ခွဲစိတ်ကုသမှုသည်အရေးအကြီးဆုံးအဆင့်သို့ရောက်ရှိခဲ့၍ ကွန်ဖရင့်ခန်းရှိလူတိုင်းဒေါက်တာ၏ခွဲစိတ်မှုအပေါ်အာရုံစူးစိုက်နေကြကာမှတ်စုများကိုရေးနေသည့် တခြစ်ခြစ်အသံများပင်ရပ်သွားသည်။

နောက်ဆုံးအနေဖြင့်သားဥအိမ်တစ်လုံးအား နဂိုအတိုင်းဖယ်ရှားခဲ့ပြီးလူတိုင်း စိတ်သက်သာရာရခဲ့သည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိအား မသိမသာကြည့်လိုက်သော်လည်း ရှန့်ဖန်းယွိက သူ့အားကြည့်နေသည်ကိုမမျှော်လင့်ဘဲတွေ့ရှိခဲ့သည်။ သူတို့၏ အကြည့်များသည် ကွန်ဖရင့်စားပွဲကိုဖြတ်၍ဆုံခဲ့ကြကာ သူတို့နှစ်ဦးစလုံးသည် တစ်ချိန်တည်းမှာပင် စကရင်ပေါ်သို့ပြန်အကြည့်လွှဲလိုက်ကြသည်။

ထူးဆန်းသည်။ သာမန်အကြည့်တစ်ချက်ဖြစ်သော်လည်းကျန်းရွှိ၏ နှလုံးသားမှာ အလွန်စိတ်အေးသွားရသည်။

ဤလူနာ၏နှစ်ဖက်စလုံးမှသားဥအိမ်များ၏အခြေအနေသည် လွန်စွာကွဲပြားခြားနားမှုမရှိပေ။ ဒေါက်တာ အဲလ်ဘတ်သည်တစ်ဖက်ကိုအောင်မြင်စွာခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်။အခြားတစ်ဖက်တွင်မူအချိန်သာအဓိကဖြစ်လိမ့်မည်။

အချိန်ကြာမြင့်စွာ ရှိနေသောကွန်ဖရင့်ခန်းရှိဆရာဝန်များသည် ခဏနားချိန်တွင် ရေသောက်ကာ အသက်လုရှူနေကြပြီး သူတို့၏ကုလားထိုင်များပေါ်တွင် အချိန်နှင့်တပြေးညီအဆင်ပြေသလို မှီနေခဲ့ကြသည်။ အောင်မြင်သောခွဲစိတ်မှုအား ကြိုဆိုရန် အားတင်းထားကြသည်။

သို့သော် မည်သူမျှမျှော်လင့်မထားသည်မှာသူတို့သည်ရေကိုအပြည့်အဝမျိုချနိုင်ခြင်းမပြုမီသူတို့အနားမှရုတ်တရက်ကြွေးကြော်သံထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် မော်နီတာ၏ဒုတိယထုတ်လွှင့်မှုမြင်ကွင်း ပြတ်တောက်သွားပြီးခွဲစိတ်မှုထုတ်လွှင့်သည့်မြင်ကွင်းသည်လည်းလျင်မြန်စွာပြတ်တောက်သွားသည်။ ကွန်ဖရင့်ခန်းရှိပရိုဂျက်တာက ရုတ်တရက်အနက်ရောင်ပြောင်းသွားကာ ဆရာဝန်များအချင်းချင်း ရှုပ်ထွေးစွာကြည့်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်သွားသောကြောင့်သူတို့သည် ဖြစ်ပျက်ခဲ့ရာကိုသိရန်နည်းလမ်းမရှိခဲ့ပေ။ သို့သော်လူတိုင်းသည်သူတို့၏စိတ်ထဲတွင်တူညီသောခန့်မှန်းချက် တစ်ခုရှိခဲ့သည်။ ခွဲစိတ်ကုသမှုတွင် တစ်ခုခုမှားယွင်းသွား၍ဖြစ်မည်။

ကျန်းရွှိက ဘာမျှမျော်လင့်ထားခြင်း မရှိပေ။

သူသည် ခေါင်းကိုငုံ့ထားကာ သိပ်သည်းစွာရေးသားထားသောမှတ်စုများကိုကြည့်လိုက်၏။ ရုတ်တရက်သူ၏နှလုံးသည်အကြောင်းပြချက်မရှိဘဲလျင်မြန်စွာခုန်နေသည်ဟုခံစားရပြီး သူ၏အမြင်အာရုံကအတော်အတန်မှုန်ဝါးလာသည်။

သူသည်ထိုနည်းအတိုင်းမစဉ်းစားရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်းသူ၏အတွေးများသည်အဆိုးဆုံးခန့်မှန်းချက်ကိုထိန်းချုပ်၍မရတော့ပေ။

သူ့ပတ်၀န်းကျင်တွင်စဉ်ဆက်မပြတ်ဆွေးနွေးမှုများမှာ သူ၏နားများ၌ကြားနေရကာ နားရွက်များကိုပင်နာကျင်စေသည်။ အချို့ကစက်ပစ္စည်းများကိုချိန်ညှိရန်ရှေ့သို့ထွက်လာကြသည်။သို့သော်နောက်ဆုံးတွင်သူတို့သည်ခေါင်းသာခါပြနိုင်သည်။

"ဘာဖြစ်သွားတာလဲ.."

"အဲ့ဒါကငါတို့ပဲ မဟုတ်ဘူးထင်တယ်.. အသံလွှင့်ဆက်သွယ်မှုအားလုံးကိုပြတ်တောက်သွားပုံပဲ…"
 
ဖုန်းထဲမှတဆင့်ရှာကြည့်လိုက်သော တယောက်ကထပြောသည်။

ကွန်ဖရင့်ခန်းမှာ ပရမ်းပတာဖြစ်နေပြီးဆူညံသံနှင့်လှုပ်ရှားမှုအမျိုးမျိုးရှိသည်။ကျန်းရွှိ သူ၏နဖူးတွင်ခပ်စူးစူးနာကျင်မှုကိုခံစားနေရသည်။

သူသည်ခဏတစ်ဖြုတ်အနေဖြင့်စိတ်ကိုအေးဆေးငြိမ်သက်စေကာလေးပင်နေသော ဦးခေါင်းနှင့် ပေါ့ပါးသောခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်နှာအား သွားဆေးကြောရန် ရည်ရွယ်လိုက်၏။သို့သော် ထိုအချိန် လမ်းတစ်ဝက်အရောက်တွင် ရုတ်တရက် သူ၏အနောက်မှ ပွေ့ဖက်ခံလိုက်ရသည်။

ကျန်းရွှိသည်စိတ်ဖိစီးမှုကြောင့်ခေတ္တမျှ တင်းကျပ်နေခဲ့သော်လည်းလျင်မြန်စွာဖြေလျော့လိုက်ကာ သူ့နောက်ကွယ်မှ သူ၏ပွေ့ဖက်မှုသို့ လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

သူ အကျွမ်းတဝင်နှင့် ယုံကြည်စိတ်ချနိုင်သူတစ်ဦး။

သူသည် ရှန့်ဖန်းယွိ ၏အဖြူရောင်ကုတ်အင်္ကျီကိုဆုပ်ကိုင်ကာသူ၏လက်ချောင်းများကရေပေါ်မှ ကောက်ရိုးစည်းအားတွယ်ကပ်နေသောရေနစ်နေသူတစ်ဦးကဲ့သို့အနည်းငယ်တုန်ခါနေသည်။

ရှန့်ဖန်းယွိ၏လက်သည် ကျန်းရွှိ၏နောက်ကျောဘက်သို့ နူးညံ့စွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်၏။သူ၏နားတွင်ထပ်ခါတလဲလဲပြောနေသည်။

"အဆင်ပြေသွားမှာပါ…မကြောက်နဲ့နော်…"

ကျန်းရွှိ၏မေးစေ့က ရှန့်ဖန်းယွိ၏ပခုံးအပေါ်အနားတွင် ရှိနေသည်။ သူ ခေါင်းငုံ့ချ လိုက်ကာ မျက်စိမှိတ်ထားလိုက်ပြီးသူ၏ခေါင်းကို ညင်ညင်သာသာလှုပ်နေသည်။

ခွဲစိတ်ကုသမှုကိုကြည့်ရှုသူတိုင်း ထိုထုတ်လွှင့်သည့်လင့်ခ်အား နောက်တဖန်ပြန်ဖွင့်ရန် စိတ်အားထက်သန်စွာမျှော်လင့်နေသော်လည်း၁၂ နာရီကြာသည်အထိကွန်ဖရင့်ခန်းကမှောင်မိုက်နေဆဲဖြစ်ကာပရိုဂျက်တာမှာအမည်းရောင်ရှိနေဆဲဖြစ်သည်။

ရှန့်ဖန်းယွိ၏လက်သည် ကျန်းရွှိ၏လည်ပင်း၏နောက်ကျောကို ထောက်ထားကာ သူ၏ပွေ့ဖက်မှုတွင်တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်ထားသည်။

သူသည်ကျန်းရွှိရှေ့တွင်သူ၏ကြောက်ရွံ့မှုကိုပြသရန်မရဲဝံ့သေးပဲ ထိုအချိန်တစ်လျှောက်လုံးဆက်လက်ထိန်းသိမ်းထားခဲ့သည်။