အပိုင်း ၉၅
Viewers 11k

Chapter 95




ကျန်းရွှိ၏အိပ်ခန်းတွင် ဆရာဝန်နှစ်ဦးသည် ကုတင်ထိပ်ဘေးတွင် ဘေးချင်းယှဉ်ရပ်နေကာ အင်တာနက်ပေါ်ရှိဒေါက်တာအဲလ်ဘတ်၏ခွဲစိတ်ကုသမှုနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုထပ်ခါတလဲလဲရှာဖွေနေကြသည်။

ခွဲစိတ်ကုသပြီးကတည်းကသုံးရက်ကြာခဲ့ပြီး S နိုင်ငံဘက်မှ မည်သည့်သတင်းမျှ မတက်လာပေ။ ဒေါက်တာအဲလ်ဘတ်၏အဆင့်မြင့်အဆင့်အတန်းကြောင့် ခွဲစိတ်မှုမအောင်မြင်သည်လား၊ လူနာအသက်ရှင်နေသေးသည်လားနှင့် ပတ်သက်၍ ကမ္ဘာတဝှမ်းရှိလူများထံမှသံသယများကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်သည်။နောက်ဆုံးတွင် S နိုင်ငံပင် ထိုယုံကြည်ကိုးစားမှုနှင့်ပတ်သက်၍မေးခွန်းထုတ်လာရသည်။

သတင်းများဆက်လက်မြင့်တက်နေသော်လည်း S ကောင်တီအစိုးရသည် သက်ဆိုင်ရာပြဿနာများနှင့် ပတ်သက်၍ တိတ်ဆိတ်စွာနေခဲ့ပြီးဒေါက်တာအဲလ်ဘတ်သည်လည်းသူ၏လူမှုမီဒီယာအကောင့်အားလုံးကိုပိတ်ထားခဲ့သည်။ ထိုသူမှာကမ္ဘာမြေမျက်နှာပြင်မှပျောက်ကွယ်သွားသကဲ့သို့ပင် အစအနပျောက်နေ၏။

ဒေါက်တာအဲလ်ဘတ်သည်တိုင်းပြည်အားအရှက်တကွဲအကျိုးနည်းစေခြင်းကြောင့်အဖမ်းခံခဲ့ရသည်ဟုကောလာဟလများထွက်ပေါ်ခဲ့သည်။ အချို့ကမူသူသည်ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ခွဲစိတ်မှုမအောင်မြင်သောအကျိုးဆက်များကိုရင်ဆိုင်နိုင်ခြင်းမရှိဟုပြောကြသည်။သို့သော် S ကောင်တီ၏ပြောရေးဆိုခွင့်ရှိသူသည်အခြေအနေကိုရှင်းပြရန် ကမ္ဘာတစ်ဝှမ်းရှိဆရာဝန်များ၏တောင်းဆိုမှုများကိုလျစ်လျူရှုခဲ့ကာ ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

"ဒေါက်တာအဲလ်ဘတ် ကိုရှာဖို့ S နိုင်ငံကိုသွားဖို့လိုတယ်.."

ရှန့်ဖန်းယွိ ကသူ၏တက်ဘလက်အားရုတ်တရက်ချလိုက်၏။

"မင်းသူ့ကိုရှာတွေ့ပါ့မလား.."

"ငါလည်း မသေချာဘူး…ဒါပေမယ့် သူကငါ့ကိုသူ့ကိုယ်ပိုင် လိပ်စာတစ်ခုပေးခဲ့တယ်…သူကတိုင်းပြည်ကနေမထွက်သေးသမျှကာလပတ်လုံး ငါအခွင့်အရေးရရင်သူ့ကိုအချိန်မရွေးလည်ပတ်နိုင်တယ်လို့ပြောခဲ့သေးတယ်.. အဲ့ဒါကြောင့်ဒါနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တော့ရှိပါသေးတယ်.."

ဒေါက်တာအဲလ်ဘတ်က သူဤခွဲစိတ်ကုသမှုကိုခံယူမည်ဟုကြေငြာပြီးကတည်းက ရှန့်ဖန်းယွိ သူနှင့်အဆက်အသွယ်မပြတ်ခဲ့ပေ။

ချစ်ခင်ရင်းနှီးတတ်သောလူများသည်လူမှုရေကောင်းသူများနှင့်စကားပြောလိုကြသည်။ရှန့်ဖန်းယွိသည်အခြားသူများနှင့် စကားပြောအလွန်ကောင်းသည်။ ရက်အနည်းငယ်အကြာတွင်ဒေါက်တာအဲလ်ဘတ်က ရှန့်ဖန်းယွိနှင့်ပညာရေးဆိုင်ရာဖလှယ်ပြီးနောက်ဖုန်းခေါ်ဆိုမှုများနှင့်အီးမေးလ်ဖလှယ်မှုအနည်းငယ်သာရှိခဲ့သော်လည်းသူ၏အဖော်ကောင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အပျော်ရွှင်ဆုံးအချိန်များတွင်ဒေါက်တာအဲလ်ဘတ်သည် ရှန့်ဖန်းယွိ အား S ကောင်တီဆင်ခြေဖုံးရှိ သူ၏ ဗီလာလိပ်စာကိုပင်ပေးခဲ့ကာသူ့ထံအချိန်မရွေးလည်ပတ်ရန်ကြိုဆိုခဲ့သည်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် ရှန့်ဖန်းယွိသည်ဒေါက်တာအဲလ်ဘတ်အားဖုန်းဖြင့် ဆက်သွယ်၍ မရပေ။ သူ၏အီးမေးလ်များသည်လည်းပြန်စာမရရှိခဲ့။အဲလ်ဘတ်ကိုသိသောအခြားလုပ်ဖော်ကိုင်ဖက်များနှင့်မေးမြန်းခြင်းသည်လည်း ရလဒ်မရှိပေ။ဂရုတစိုက်စဉ်းစားပြီးနောက် ရှန့်ဖန်းယွိသည် S ကောင်တီသို့သွားရန်ဆုံးဖြတ်ခဲ့သည်။

"ငါ S နိုင်ငံကိုသွားဖို့ ဗီဇာရထားပြီးပြီ… ဒီနေ့ဒါရိုက်တာချွေ့ကိုပြောပြလိုက်တယ် သူမကလည်း ငါ့ရဲ့ခွင့်ရက် ငါးရက်ကိုအတည်ပြုပေးခဲ့တယ်…ငါမကြာခင်ပြန်လာခဲ့မယ်…"

ကျန်းရွှိသည် သူတို့အတူတကွစတင်နေထိုင်ပြီးကတည်းကသူနှင့် ရှန့်ဖန်းယွိ ထိုကာလပတ်လုံးတခါမျှသီးခြားစီမဖြစ်ခဲ့ကြောင်းရုတ်တရက်သဘောပေါက်ခဲ့သည်။ ယခင်က M နိုင်ငံတွင်လက်နက်ကိုင်လုယက်မှုများဖြစ်ပွားခဲ့သည့်တိုင် ရှန့်ဖန်းယွိကသုးရက်အတွင်းပြန်လာခဲ့သည်။

သူခဏမျှတိတ်ဆိတ်နေခဲ့ပြီးနောက် ရှန့်ဖန်းယွိအား…
" ငါအဆင်ပြေမှာပါ… သူ့ကိုငါးရက်အတွင်းမတွေ့နိုင်ရင် ခုနစ်ရက်ဒါမှမဟုတ် လဝက်လောက်ကိုမင်းဆက်ရှာလို့ရတယ်…ကိုယ့်ကိုကိုယ်ဂရုစိုက်…ဒါရိုက်တာချွေ့နဲ့ ပြဿနာရှိရင် ငါရှင်းပေးမယ်.."

"အဆင်ပြေပါတယ်… ဒါရိုက်တာချွေ့ ကအခြေအနေတွေကချောချောမွေ့မွေ့မဖြစ်ဘူးဆိုရင်လစာကိုနုတ်ယူရင်တောင်ရက်အနည်းငယ်ထပ်တိုးတောင်းလို့ရနိုင်ပါတယ်.."

ရှန့်ဖန်းယွိကသူ၏မျက်လုံးများကိုကြည့်နေစဉ်ကျန်းရွှိကိုစိတ်ချစေခဲ့သည်။မျက်လုံးများကိုကြည့်နေစဉ်ကျန်းရွှိကိုစိတ်ချစေခဲ့သည်။

“အလွန်ဆုံးအနေနဲ့ငါခုနစ်ရက်အတွင်းပြန်လာပါ့မယ်.."

ကျန်းရွှိ သည် သူ၏မျက်လွှာကိုချကာ ခေါင်းညိတ်လိုက်၏။

"မင်းရဲ့လက်မှတ်ကိုဘွတ်ကင်လုပ်တဲ့အချိန်ကိုပြော…မင်းကိုလေဆိပ်ကိုခေါ်သွားပေးမယ်.."

"အဲ့ဘက်ခြမ်းကို လေယာဉ်တွေသွားခဲတယ်..အချိန်လည်းမကောင်းဘူး… ငါ ကျန်းချန်ကိုမောင်းပို့ခိုင်းလိုက်မယ်…မင်းက နေကောင်းတာမဟုတ်ဘူး…ဒါကြောင့်ကိုယ့်ကိုကိုယ်အမောမခံနဲ့….လေဆိပ်ကအရမ်းဝေးလွန်းပြီးကားမောင်းရတာအရမ်းပင်ပန်းလိမ့်မယ်.."

ကျန်းရွှိ ရှန့်ဖန်းယွိ ၏လည်ပင်းကိုမှီကာ …
"အင်းပါ…"

ရှန့်ဖန်းယွိ၏ ပြည်ပသို့ထွက်ခွါသွားခြင်းတွင် ယခင်အတွေ့အကြုံသည် သူ့အားကြောက်ရွံ့မှုများဖြင့်စွန့်ခွာသွားသောကြောင့် သို့မဟုတ် ဒေါက်တာအဲလ်ဘတ်၏ပျက်ကွက်မှုကသူ့အားမငြိမ်မသက်ဖြစ်စေသောကြောင့် ဖြစ်သည်။ သူလွန်ခဲ့သောရက်အနည်းငယ်အတွင်းစိတ်မငြိမ်မသက်ဖြစ်နေခဲ့သည်။

ဆောင်းရာသီနက်ရှိုင်းလာသည်နှင့်အမျှထိုနေ့များကပို၍မှောင်လာသည်။

သူထွက်သွားရမည့်နေ့တွင် ရှန့်ဖန်းယွိအရုဏ်တက်မတိုင်မီနိုးလာသည်။ အိပ်ခန်းအပြင်ဘက်တွင်ပင် အဝတ်အစားများကိုပြောင်းဝတ်ကာတိတ်တဆိတ်ထွက်သွားခဲ့၏။

သူက ကျန်းရွှိအား နံနက်စောစောလေယာဉ်ခရီးစဉ်အမှီစောစီးစွာထွက်ခွါရမည့်အ ကြောင်းကြိုတင်ပြောခဲ့သည်။ထို့ကြောင့် ကျန်းရွှိသည်လည်း ကောင်းကောင်းအိပ်နိုင်ကာ သူ့အားမတွေ့ရတော့ပေ။ ကျန်းရွှိနိုးလာ၍ဗလာကျင်းနေသောအိပ်ရာအား ခံစားမိခဲ့ရသောအခါသူပင်ကိုအသိစိတ်နှင့်ပင် နိုးထနေရသည်။

သူသည် မျက်လုံးများကိုဖွင့်၍ သူ၏ကုတ်င်္အကျီကိုအလျင်အမြန်ဝတ်ကာ အိပ်ခန်းထဲမှပြေးထွက်လာပြီး သူ၏ခရီးဆောင်အိတ်များကိုသယ်ဆောင်ကာ ထွက်ခွာရန်ပြင်ဆင်နေသည့် ရှန့်ဖန်းယွိထံသို့ ပြေးသွားသည်။

သူသည် တံခါးကြားမှ အလင်းဝင်၍ ကျန်းရွှိ၏ အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်လိမ့်မည်ဟုစိုးရိမ်သောကြောင့်ရှန့်ဖန်းယွိသည် ဧည့်ခန်းအလင်းကိုပင်မဖွင့်ထားပေ။

နံနက်အလင်းကမှိန်နေကာ ဧည့်ခန်းသည်အနည်းငယ်မှောင်မိုက်နေခဲ့၏။ သူတို့နှစ်ဦး သည်မှေးမှိန်နေသောကောင်းကင်အောက်တွင်တစ်ဦးကိုတစ်ဦး တိတ်တဆိတ်ကြည့်နေခဲ့ကြကာ သူတို့၏အရိပ်များမှာမြေပြင်ပေါ်တွင်ထပ်နေသည်။

ကျန်းရွှိမှာ အလျင်အမြန် ၀တ်ဆင်ပြီး ထွက်လာသောကြောင့် ပါးလွှာစွာဝတ်ဆင်ထားရကာ ဖိနပ်များကဘယ်ညာမှားနေပုံရသည်။အလင်းမှိန်သော်လည်းသူ၏ဆူနေသောဝမ်းဗိုက်အားရှင်းလင်းစွာမြင်နေရ၏။

နံနက်စောစောကောင်းကင်မှာ တိတ်ဆိတ်နေပြီးလေထုကလတ်ဆတ်ကာ ဝရန်တာမှအလင်းအနည်းငယ်ကျနေသည်။ ရံဖန်ရံခါသူတို့သည် ရှင်းလင်းသောငှက်တေးသီသံအချို့ ကြားရပြီးသူတို့၏အထိခိုက်မခံသောအာရုံကြောများအား ညင်ညင်သာသာနှိုးဆော်နိုင်သည်။

ထို့ကြောင့်ထွက်ခွါရန် ပြေးလွှားနေသူမှာသူ၏ လက်ဆွဲအိတ်များအား မချထားဘဲ မနေနိုင်တော့ပေ။ သူ၏ ခြေလှမ်းများအားခပ်သွက်သွက်လှမ်းကာ သူ့အား မသွားခင် ထွက်ကြည့်နေသော ချစ်ရသူအားပွေ့ဖက်လိုက်သည်။

များသောအားဖြင့်အချိန်တိကျခြင်းကိုနှစ်သက်သော ကျန်းရွှိသည် သူ့အား မြန်မြန်သွားရန် မတိုက်တွန်းခဲ့ပေ။

ရှန့်ဖန်းယွိသည် ကြာကြာနေ လေ ထွက်ခွါရန်တွန့်ဆုတ်လေဖြစ်နေသည်။ ချစ်ရသူ၏ ပွေ့ဖက်မှုမှာ မငြင်းဆန်နိုင်သော ကြင်နာမှုပင်။

သို့သော်ကံမကောင်းအကြောင်းမလှစွာဖြင့်အရှေ့ဘက်တွင်နေထွက်လာသည်နှင့်တပြိုင်နက် ရပ်နားသည့် ခလုတ်အားဆက်နှိပ်ထား၍မရတော့။

ပြတင်းပေါက်အပြင်ဘက်ရှိအလင်းသည်အခန်းကိုတဖြည်းဖြည်းထွန်းလင်းတောက်ပစေကာ အရိပ်များကွဲပြားလာသောအခါ ရှန့်ဖန်းယွိသည် ကျန်းရွှိအား ဖြည်းဖြည်းချင်းလွှတ်လိုက်ကာ သူ၏နားတွင်ခပ်တိုးတိုးလေးပြောလိုက်၏။

"ပြီးရင်ကြာကြာလေးပြန်အိပ်…ငါသွားရတော့မယ်.."

ကျန်းရွှိ သူ၏ ဦး ခေါင်းအားငုံ့ထားကာ ရှန့်ဖန်းယွိ၏ပွင့်နေသောသောကုတ်င်္အကျီအားစိုက်ကြည့်နေသည်။သူသည်ခန္ဓာကိုယ်အပူချိန်အားရှင်းလင်းစွာခံစားရသည်မှာ မထူးဆန်းပါပေ။

သူသည်မုတ်ဝရှေ့တွင်ရပ်နေကာ ရှန့်ဖန်းယွိ၏ကုတ်အား ကြယ်သီးတစ်လုံးချင်းတပ်ပေးလိုက်သည်။ထို့နောက် သူ၏လက်များအား ရှန့်ဖန်းယွိပုခုံးများပေါ်သို့တင်၍ ခြေဖျားပါထောက်ကာ သူ၏နဖူးအား နမ်းလိုက်၏။

"ခရီးအဆင်ပြေပါစေ.."

ထိုစကားလုံးများကြောင့် ရှန့်ဖန်းယွိသည်ပင်လယ်ကိုဖြတ်ကျော်ကာ လေယာဉ်သည် S နိုင်ငံသို့ဆင်းသက်သည့်တိုင်သူ၏နှလုံးသည်ဆူပွက်နေသောရေကဲ့သို့ပူနေဆဲဖြစ်သည်။

S နိုင်ငံတွင် ဆီးနှင်းများက သူ၏ဦးခေါင်းပေါ်သို့ကျနေပြီး သူသည်ပဝါကိုတင်းကျပ်စွာပတ်ထားရသည်။ စာရွက်အပိုင်းအစထဲရှိလိပ်စာအရတည်ရှိသည့်ဆေးရုံသို့ပထမဆုံးသွားခဲ့သော်လည်းဒေါက်တာအဲလ်ဘတ်မှာနုတ်ထွက်သွားပြီဖြစ်ကြောင်းသိရှိခဲ့ရသည်။သူသည်လူနာ၏အခြေအနေနှင့် ပတ်သက်၍ မေးမြန်းသောအခါဆေးရုံကမည်သည့်သတင်းအချက်အလက်ကိုမဆိုထုတ်ဖော်ရန်မရကြောင်းငြင်းဆန်ခဲ့သည်။

ရှန့်ဖန်းယွိ ဆေးရုံမှထွက်လာပြီးနောက်ဒေါက်တာအဲလ်ဘတ်၏ဆင်ခြေဖုံးလိပ်စာသို့ စာရွက်အရသွားခဲ့သည်။သို့သော် အနီရောင် ဗီလာတံခါးကိုပိတ်ထားကာ သူမည်မျှတံခါးခေါက်သည်ဖြစ်စေ ဖွင့်လာမည်မဟုတ်ပေ။

သူ တစ်နေ့လုံးရပ်ကွက်အတွင်းတအိမ်ဝင်တအိမ်ထွက် လိုက်မေးပြီး နောက်ဆုံးအနီးအနားရှိအိမ်တစ်အိမ်၏ ဥယျာဉ်မှူးထံမှအနည်းငယ်သိလိုက်ရသည်။ 

လွန်ခဲ့သောနှစ်ရက်ကလူသုံးယောက်ထိုနေရာသို့ ရောက်လာခဲ့ကြ၏။

ဥယျာဉ်မှူးသည်မကြာသေးမီကဤနေရာတွင်စတင်အလုပ်လုပ်ခဲ့သည့်အချိန်ပိုင်းအလုပ်သမားတစ်ဦး ဖြစ်ကာ သူသည်ဤအိမ်ပိုင်ရှင်ကမည်သို့မည်ပုံရှိကြောင်း ဂရုမစိုက်ခဲ့၍ မသိကြောင်းပြောပြသည်။ ထို ရောက်ရှိလာသော လူ၃ယောက်တွင် မည်သူက အိမ်ပိုင်ရှင်ဖြစ်ကြောင်းလည်း သူမသိကြောင်းပြောခဲ့သည်။

ဒေါက်တာအဲလ်ဘတ်က သူ၏ဆင်ခြေဖုံးမှဗီလာသည်စနေ၊ တနင်္ဂနွမျေားတွင်အပန်းဖြေခြင်းနှင့်အပေါင်းအသင်းအတွက်ရံဖန်ရံခါအသုံးပြုခဲ့သည်ဟုဆိုသည်။

ကြည့်ရသည်မှာ မြို့တော်ရှိဒေါက်တာအဲလ်ဘတ်၏အိမ်သည်နံရံများတစ်လျှောက်တွင်ရေးသားထားသောစော်ကားမှုများနှင့်အတူနည်းလမ်းအမျိုးမျိုးဖြင့်ဖျက်ဆီးခံခဲ့ရပြီဖြစ်မည်။

ထိုဆင်ခြေဖုံးရပ်ကွက်မှလူများသည်လည်း ကံကောင်းသွား၏။ ဒေါက်တာ အဲလ်ဘတ်က ထိုဗီလာသို့ ခဏခဏမလာတတ်ပေ။သူသည် အချိန်ဇယားအရသာ လာလေ့ရှိကာ ပတ်ဝန်းကျင်မှသူများသည် နာမည်နှင့် လူပုံစံအား သေချာ မသိကြပေ…။

ဥယျာဉ်မှူးမှပေးသောသတင်းအချက်အလက်သည် အလွန်တိကျမှုမရှိသော်လည်း ရှန့်ဖန်းယွိအနေနှင့် ယခုအခါရရှိနိုင်သည့် တစ်ခုတည်းသောသဲလွန်စဖြစ်သည်။ သူသည်ချက်ချင်း အနီးအနားရှိအခန်းတစ်ခန်းကိုငှါးရမ်းခဲ့ကာ ဗီလာအား နေ့ရောညပါ အနားယူခြင်းမရှိဘဲစောင့်ကြည့်ခဲ့သည်။

ကျန်းရွှိကသူ့အား ဝရန်တာမှ ဖုန်းခေါ်သောအခါ ရှန့်ဖန်းယွိသည် ဗီလာအား စောင့်ကြည့်နေစဉ် အသားညှပ်ပေါင်မုန့်စားကာထိုင်နေ၏။ကျန်းရွှိအား ဗီဒီယိုတွင်တွေ့သည်နှင့်တပြိုင်နက်သူ၏နှုတ်ခမ်းထောင့်များကတွန့်တက်သွားသည်။

 " ငါ့ကို အကြွေးတောင်းတဲ့သူလုပ်သင့်တယ်လို့မင်းပြောခဲ့ဖူးတယ်နော်အခု ငါ အဲ့လိုနီးပါးဖြစ်နေပြီ.."

ကျန်းရွှိက ရှန့်ဖန်းယွိနောက်နေကြောင်းသိသည်။သူ ရှန့်ဖန်းယွိ၏မျက်လုံးအောက်ရှိထင်ရှားသောမျက်ကွင်းညိုများကို မြင်သောအခါမရယ်နိုင်တော့ပေ။

သို့သော် ရှန့်ဖန်းယွိသည်သူ့ကိုယ်သူဂရုမစိုက်ပဲ ကျန်းရွှိအားမေးနေသည်။

"မင်းကောင်းကောင်းလုပ်နိုင်လား.. နေမကောင်းရောဖြစ်သေးလား.."

ကျန်းရွှိမ တုံ့ပြန်ခဲ့ပေ။ သူကခဏမျှနားပြီးနောက် ရုတ်တရက်မေးလာသည်။

“ မင်းငါ့မိဘတွေကိုခေါ်လိုက်တာလား ”

ရှန့်ဖန်းယွိ ထွက်ခွာသွားသည့်နေ့တွင် အမေကျန်း က သူတို့စုံတွဲမှာအားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ပြီးသူ့အားလာတွေ့လိုသည်ဟုပြောခဲ့သည်။ ယခုအချိန်တွင်သူသည်မိသားစုနှင့်အတူညစာစားပြီး သူ၏မိဘများသည် ဧည့်ခန်းတွင်တီဗွီကြည့်နေကြ၏။ သူကဖုန်းခေါ်ရန်ဝရန်တာသို့ထွက်လာခဲ့ခဲ့ခြင်းဖြစ်သည်။

ရှန့်ဖန်းယွိအား ဖုန်းဖြင့်မပြောသော်လည်းသူနှင့်ရှန့်ဖန်းယွိအတူတကွနေထိုင်ခဲ့သည်ကိုသိသော အမေကျန်းနှင့်အဖေကျန်း တို့သည် သူတို့ရောက်လာသောအခါလုံးဝအံ့အားသင့်သွားပုံမရခဲ့ပေ။ ရှန့်ဖန်းယွိအကြောင်းပင် မမေးခဲ့။

သူတို့၏ အချိန်ကာလတိုက်ဆိုင်မှုကိုထည့်သွင်းစဉ်းစားကာ ကျန်းရွှိက ရှန့်ဖန်းယွိဘာပြောခဲ့သည်ကို ခန့်မှန်းနိုင်သည်။

သေချာသည်။ ရှန့်ဖန်းယွိက " အင်း…မင်းရဲ့မိဘတွေကိုငါခရီးထွက်မှာမလို့… သူတို့မှာအချိန်ရှိရင် မင်းကို နည်းနည်းဂရုစိုက်ပေးဖို့ပြောလိုက်တာ.."

“ ငါ ကလေးမဟုတ်တော့ပါဘူးနော်..”

“ ဒါပေမယ့်မင်းက မင်းဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိတယ်လေ …မင်းသူ့ကိုဂရုစိုက်ရသလို တစ်ယောက်ယောက်ကလည်း မင်းကိုဂရုစိုက်ရမယ်လေ..”

သူပြောခဲ့သည့်အတိုင်းပင် ရုတ်တရက်ပြန်မှတ်မိလာပြီးထရယ်ကာ

 “ ငါ မင်းမိဘ တွေနဲ့ စကားပြောနေတုန်းက မင်းအဖေကငါ့ကိုဆူပြီးပြောတယ်…ကိုယ်ဝန်ရှိနေတာကို…ငါက ဘာကြောင့်ထွက်သွားရတာလဲဆိုပြီး သူက ဆန်ကုန်မြေလေးဆိုတဲ့ တံဆိပ် ငါ့ခေါင်းပေါ်ကပ်ထားချင်လိုက်တာလို့ပြောသေးတာ.."

“ ပြီးတော့မင်းရဲ့အမေ ... ဒေါက်တာအဲလ်ဘတ်ရဲ့အခြေအနေကိုသိပုံရတယ်…ဘာတွေဖြစ်နေတာလဲ…မင်းရဲ့ခွဲစိတ်မှုဟာအန္တရာယ်များလား…ဆိုပြီးမေးနေတော့တာ.."

ကျန်းရွှိ ဧည့်ခန်းတွင်စကားပြောနေသော သူ၏မိဘများကိုပြန်ကြည့်ပြီးနောက် အပြင်ဘက်ရှိမီးများလင်းနေသော ဝရန်တာသို့ ပြန်ကြည့်ခဲ့သည်။ခဏမျှရပ်နေပြီးနောက် ရှန့်ဖန်းယွိအား 

“ သူတို့က အခုပဲ ငါ့ကိုဆူသေးတာလေ.."

"သူတို့ကမင်းကိုပါဆူတယ်.." 

ရှန့်ဖန်းယွိ ခဏမျှတုန်လှုပ်သွားပြီး စိတ်ညစ်စွာပြန်ပြောခဲ့သည်။ 

"အကယ်၍ ငါသာကြိုသိရင်သူတို့ကို လာဖို့ မပြောလိုက်ပါဘူး.."

"ဘာဖြစ်လို့လဲဆိုတော့ ... ငါတို့အခုအတူတူနေတယ်လို့သူတို့ကိုပြောလိုက်တယ်.."

ကျန်းရွှိ ၏စကားများကိုကြားသောအခါ ရှန့်ဖန်းယွိသည်အံ့အားသင့်စွာမေးလိုက်သည်။ 

"မင်း ... ဘာလို့...အခုပြောဖြစ်သွားတာလဲ.."

"သူတို့လည်း အဲ့အကြောင်းမေးနေတာနဲ့ ပြောပြလိုက်တာ… သူတို့ကငါ့ကိုခဏတော့ ဆူလိုက်တယ်…ဒါပေမယ့်အခုသူတို့လက်ခံလိုက်ပါပြီ.."

သူတို့၏ သားဖြစ်သူ ကိုယ်ဝန်ဆောင်နေခြင်းကိုသိသွားတုန်းကနှင့်ယှဉ်လျှင် သားဖြစ်သူ၏ ကောင်လေးအကြောင်းလက်ခံရန်မှာ သိပ်ခက်ခဲလှမည်မဟုတ်ပေ။

"သူတို့ကမင်းနဲ့ အတူ ထမင်းစားချင်တယ်လို့ပြောတယ်…ပြန်လာတဲ့အခါသူတို့ကိုဆက်သွယ်ဖို့သတိရအုံး…"

“ ဟုန်းမန်က ညစာစားပွဲ လိုမျိုးပေါ့.." 

ကျန်းရွှိ သည်သက်သောင့်သက်သာရှိသောလေသံဖြင့်ပြောသောကြောင့် ရျုပ်ထွေးနေသော ရှန့်ဖန်းယွိသည်လည်း သက်တောင့်သက်သာဖြစ်သွားသည်။ သူသည် ကျန်းရွှိအား "ကျန်းလျန်ကိုရော ဧည့်ခံပွဲကို ခေါ်လာလိုက်ရမလား.."

ကျန်းရွှိ၏လက်ချောင်းများကဝရန်တာတန်းပေါ်တွင်ဖြည်းဖြည်းချင်း ခေါက်နေကာ…" ကျန်းလျန်အတွက်မလိုပါဘူး… ကျန်းရွှိတယောက်တည်းပဲ.."

* ဟုန်းမန် ညစာစားပွဲ ကို တယောက်ယောက်အား စည်းရုံးခြင်း သို့မဟုတ်ဖော်ရွေသောမိတ်ဆွေများစုံစည်းပွဲအစီအစဉ်တစ်ခုအတွက်ဥပစာစကားအဖြစ်မကြာခဏအသုံးပြုသည်။အဆိုပါစားသောက်ပွဲသည် မဟာဗျူဟာတည်နေရာ ဟုန်မန်တွင်ကျင်းပခဲ့သည်။

"အိုကေ…ကျန်းရွှိကိုပဲ လာခေါ်ပါ့မယ်.."

ရှန့်ဖန်းယွိ ကျန်းရွှိအား ဗီဒီယိုတွင်ကြည့်ခဲ့ပြီးမိမိကိုယ်ကိုစိတ်အားထက်သန်စွာ ကြော်ငြာဝင်နေသော သူ့အားမြင်ကာ စိတ်နှလုံးထဲတွင်တစ်ခုခုခံစားခဲ့ရသည်။ သူ၏နှုတ်ခမ်းပေါ်တွယ်ကပ်နေသောအပြုံးအား မတွန်းလှန်နိုင်ပေ။

"ကျန်းရွှိဆိုတာသည်ငါ့ရဲ့ ကျန်းလျန် ပဲလေ… အကြံပေး ကျန်းကို ငါ့မိဘတွေနဲ့ တွေးပေးဖို့ တောင်းဆိုပါတယ်နော်..."

"မင်းမိဘတွေက ဘယ်သူတွေလဲ.."

ရှန့်ဖန်းယွိက ပြုံးပြရုံပြုံးပြကာ ဘာမှမပြောဘဲသူ့အားငေးကြည့်လိုက်သည်။

ကျန်းရွှိ သူ၏ခေါင်းကိုခဏလှည့်လိုက်သည်။ ထို့နောက်ကောင်းကင်ရှိမြူဆိုင်းသောလကိုကြည့်ပြီးရုတ်တရက်မေးလိုက်၏။ 

"မင်းရှိနေတဲ့နေရာမှာ လကိုမြင်ရလား.."

"မြင်ရတယ်.." ရှန့်ဖန်းယွိ ကသူ့ခေါင်းကိုမော့၍ကောင်းကင်မှလခြမ်းအားကြည့်လိုက်၏။

“ သူတို့က လဆိုတာ နိုင်ငံခြားတိုင်းပြည်တွေမှာ ပိုဝိုင်းတယ်လို့ပြောကြတယ်…ငါတော့ အဲ့လိုမထင်ဘူး.."

ခုနစ်နာရီမှရှစ်နာရီ၏အချိန်ကွာခြားချက်သည်ကြာရှည်မည်မဟုတ်သော်လည်းအခြားတစ်နေရာတွင် ထွက်လာသည်ကို မြင်ရကာ တခြားနေရာတွင် လပြန်ဝင်တော့မည်ကို မြင်ရသည်။

ကျန်းရွှိက သူနှင့် ရှန့်ဖန်းယွိ အကြားမျိုးဆက်ကွာဟမှုသည်အချိန်ကွာခြားချက်ထက် ပို၍ ကျယ်ပြန့်နိုင်သည်ဟုထင်ခဲ့သည်။

ဥပမာအားဖြင့်…ယခုအချိန်တွင် သူသည် ဝေးကွာနေသော်လည်း လက တူညီနေသည်ဟုစဉ်းစားခဲ့သည်။ ထိုအချိန်တွင် မျိုးချစ်စိတ်ပါမောက္ခရှန့်သည်နိုင်ငံခြားသားများ၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ တိတ်တဆိတ်သရော်နေခဲ့၏။

ဒေါက်တာကျန်း တွင်ရွေးချယ်စရာလမ်းမရှိသော်လည်းအနည်းငယ်ပိုမိုရှင်းလင်းပြတ်သားစွာပွင့်လင်းလာသည်။ သူ နှုတ်ခမ်းများတင်းတင်းစေ့ထားကာ

“ မနေ့ညကငါအိပ်မက်မက်ခဲ့တယ်.. ကလေးလေးက စကားပြောနိုင်ပြီး မင်းဘယ်သွားမှာလဲ မေးတယ်လို့မက်တာ.."

ရှန့်ဖန်းယွိက ပေါ့ပေါ့ပါးပါး ပြုံးပြကာ သူနားမလည်သကဲ့သို့ထရယ်ခဲ့သည်။ 

“ ကလေးလေး ကလည်းအိပ်မက်ပေးနိုင်ပြီပေါ့…ငါ့ကိုလည်း အိပ်မက်တစ်ခုတိုက်ရိုက်ပို့ပြီး မေးခိုင်းပါအုံး.."

ကျန်းရွှိ သည်သူ၏စိတ်ရှည်မှုကိုဆုံးရှုံးခဲ့ပြီးနောက်ဆုံးတွင်သူ့အားဘေးတိုက်မျက်စောင်းနှင့်ကြည့်လိုက်သည်။

ကျန်းရွှိ သည်သူ၏ဒေါသထွက်တော့မည်ကိုမြင်သောအခါ ရှန့်ဖန်းယွိ သည်နောက်ဆုံးတွင်လေးနက်စွာဖြင့်ပြုံးကာအရိပ်အမြွက်ပြခဲ့သည်။

 “ ဖုန်းကိုမင်းရဲ့နားနဲ့ ပိုကပ်ထား…မင်းကို ပြောပြစရာ လျှို့ဝှက်ချက်ရှိတယ်"

ကျန်းရွှိ ဖုန်းအားသူ၏နားထဲသို့ထည့်ပြီးနောက်အဆုံးမှစကားတခွန်းကိုကြားခဲ့ရသည်။

 “ငါလည်းမင်းကိုလွမ်းတယ်..”

အလွန်နီးကပ်သောကြောင့် ဤစကားလုံးများသည်နူးညံ့သိမ်မွေ့သောစွာဖြင့် သူ၏နားတွင်တိုးတိုးလေးကဲ့သို့မြည်နေသည်။

ကျန်းရွှိ၏နားရွက်များသည် ပူလာကာ သူ၏နှလုံးခုန်သံမှာလွဲချော်သွားသည်။ ရှန့်ဖန်းယွိက သူ၏အတွေးများအားသိသောကြောင့်လှောင်ပြောင်သောစကားလုံး " ငါရောပဲ" ဟူ၍ ပြောသွားသည်ဟုထင်မိသည်။

ကျန်းရွှိကသူ၏ ခံစားချက်မရှိသောမျက်နှာဖြင့်  

" ငါတော့ သတိမရပါဘူး.."
ထို့နောက် ဖုန်းအား ချလိုက်သည်။

ထို့နောက် ရှန့်ဖန်းယွိသည် သူ၏ဖုန်းကိုဖယ်လိုက်ပြီးနောက်ရေတစ်ခွက်ကို ယူထားကာ သူ၏အသားညှပ်ပေါင်မုန့်ကိုကိုက်လိုက်သည်။သူ၏အကြည့်မှာလပေါ် မှကျဆင်းသွားပြီးဒေါက်တာအဲလ်ဘတ်၏ ဗီလာသို့ကြည့်နေခဲ့၏။

သူကြည့်လိုက်သောအခါ သူ၏အကြည့်မှာရုတ်တရက်အေးခဲသွားသည်။

နံနက်စောစောအမှောင်ထုအောက်တွင်သစ်ပင်အရိပ်များပေါ်ထွက်လာခြင်းနှင့်အတူအနက်ရောင်ကားသည်ဒေါက်တာအဲလ်ဘတ်၏ ဗီလာထဲ သို့ဖြည်းဖြည်းချင်းမောင်းသွားခဲ့လေသည်။