အပိုင်း ၉၆
Viewers 11k

🧑‍⚕️Chapter 96



ရှန့်ဖန်းယွိ သည် ကျန်းရွှိ သယ်ဆောင်လာပေးသော ကံကောင်းခြင်းအား ညည်းညူလိုက်ကာ ရေနှင့်အသားညှပ်ပေါင်မုန့်ကို ချက်ချင်းပစ်ချလိုက်ပြီး အောက်ထပ်သို့အလျင်အမြန်ပြေးဆင်းသွားသည်။

ဗီလာ၏ဝင်ပေါက်တွင် ကားတစ်စီး ရပ်တန့်သွားကာလူသုံးဦးက ကားထဲမှထွက်လာသည်။ရှန့်ဖန်းယွိ နောက်ဆုံးလူက ဒေါက်တာအဲလ်ဘတ် ဖြစ်ကြောင်း ချက်ချင်းမှတ်မိလိုက်၏။ ထိုသူသည် နှာခေါင်းစည်း ဝတ်ထာသော်လည်းအထူးသဖြင့် ထိုလူ၏ အညိုရောင်ဆံပင်အားမှတ်မိနေသည်။ ရှန့်ဖန်းယွိသည် သာနေဆဲလရောင်အားဖြင့်သူ၏မျက်ခုံးနှင့်မျက်စိအား အကြမ်းဖျင်းသာမြင်နိုင်သည်။

ရှန့်ဖန်းယွိ ဒေါက်တာအဲလ်ဘတ်တံခါးတွင်းသို့ မဝင်မီအလျင်အမြန်ပြေးသွားကာ သူ၏နာမည်ကိုအနောက်မှခေါ်ခဲ့သည်။

ဒေါက်တာ အဲလ်ဘတ်သည်ယခုအချိန်တွင် သူ၏ ဗီလာအနီး၌ တယောက်ယောက်ရှိမနေရန် မျှော်လင့်ထားပုံရသည်။

တစ်ချိန်တည်းမှာပင်ကားပေါ်မှဆင်းလာသောလူနှစ်ဦးသည်ကာကွယ်သည့်ကိုယ်ဟန်အနေအထားဖြင့် ရှေ့တွင်ခြေလှမ်းနှစ်လှမ်းမျှ ဦးစွာလျှောက်နေကြသည်။

"ဘယ်သူလဲ "

သူတို့နှစ်ဦးက တစ်ချိန်တည်းတွင်မေးမြန်းခဲ့ကြသည်။

သူတို့သုံးဦး၏လှုပ်ရှားမှုများကိုရပ်တန့်သွားသည်ကိုမြင်သောအခါ ရှန့်ဖန်းယွိက သူ၏ဖုန်းပေါ်ရှိ ဓာတ်မီးကိုဖွင့်ကာ တစ်ဆင့်ပြီးတစ်ဆင့်သူတို့ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားခဲ့သည်။

ယခုအချိန်တွင်ဒေါက်တာ အဲလ်ဘတ်မှာသူ၏မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်ရလေသည်။

"ဒေါက်တာရှန့်…ခင်ဗျားဒီမှာဘာလုပ်နေတာလဲ.."

ဒေါက်တာကို အနက်ရောင်ဝတ်နှင့်လူနှစ်ယောက်က အချက်ပြလိုက်ကြသည်။အဲလ်ဘတ်ကသူတို့အား ပြန်လည်ကာ လက်ဝှေ့ယမ်းပြလိုက်၏။ 

"စိတ်မပူပါနဲ့ ဒါ Z နိုင်ငံက ငါ့သူငယ်ချင်းပါ.."

သူကလူမည်းနှစ်ယောက်ကိုလက်ညိုးထိုးပြကာ ရှန့်ဖန်းယွိနှင့် မိတ်ဆက်ပေးလိုက်သည်။

" ဒါကငါ့ကိုယ်ရံတော်တွေလေ.."

“ ကိုယ်ရံတော်တွေ...”

“ ဟုတ်တယ်.. ”

ဒေါက်တာ အဲလ်ဘတ်က ရှန့်ဖန်းယွိအားသူ၏ ဗီလာသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ထိုင်ခုံရှိဆိုဖာသို့တည်သွားသည်။

သက်တော်စောင့်နှစ်ဦးသည် ဝင်လာပြီးနောက် တစ်ယောက်ကဒေါက်တာဘေးတွင်ရပ်သည်။ အခြားတယောက်သည် ဗီလာအတွင်းရှိ အခန်းများအား တစ်ခန်းပြီးတစ်ခန်း စူးစမ်းစစ်ဆေးနေသည်။ ထို့ နောက် သူတို့သည် အကြည့်ဖြင့် အချင်းချင်း အချက်ပြကြပြီးနှစ်ဦးစလုံးတံခါးသို့ဆုတ်ခွါသွားကာ ဆရာဝန်နှစ်ဦး စကားပြောရန်နေရာချထားပေးခဲ့သည်။

ဒေါက်တာအလ်ဘတ်သည် သက်တော်စောင့်နှစ်ယောက်အား ခပ်အေးအေးသဘော ထား၍ သူ၏လည်စည်းကိုဆွဲချကာခြေထောက်များကိုဆိုဖာပေါ်တွင်ပျင်းရိစွာထပ်တင်ထားလိုက်သည်။

ရှန့်ဖန်းယွိမှာ သူ၏မျက်နှာပေါ်မှပင်ပန်းနွမ်းနယ်မှုကိုတွေ့မြင်နိုင်သည်။

"ခင်ဗျား ကျွန်တော့်အိမ်အပြင်ဘက်မှာတစ်ချိန်လုံးစောင့်နေတာလား..” 

ဒေါက်တာ အဲလ်ဘတ်ကမေးသည်။

ရှန့်ဖန်းယွိသည် လှည့်ပတ်မနေဘဲတိုက်ရိုက်ပြောလိုက်၏။

“ ဟုတ်ပါတယ်…တိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်ပြီးနောက်ဘာဖြစ်ခဲ့သလဲဆိုတာကိုမေးချင်လို့ပါ..."

“ ခင်ဗျားမဟုတ်သလိုပါပဲလား ဒေါက်တာရှန့် ” 

ဒေါက်တာအဲလ်ဘတ်က ရုတ်တရက် တခစ်ခစ်ထရယ်သည်။

“ ဒီလို ရှင်းရှင်းလင်းလင်းရည်ရွယ်ချက်နဲ့ကျွန်တော့်ကိုစကားပြောတာ ဒါပထမဆုံးအကြိမ်ပဲ… အနည်းဆုံးတော့ကျွန်တော်နဲ့ အေးအေးဆေးဆေးစကားတွေဖလှယ်မယ် ကျွန်တော်ကောင်းကျိုးအကြောင်းမေးမယ်…ဒါမှမဟုတ်ခင်ဗျား ကျွန်တော့်ကိုစိတ်ပူနေလို့လာတာလို့ပြောလိမ့်မယ်လို့ထင်ခဲ့တာဗျာ"

ရှန့်ဖန်းယွိသည် ထိုသူကအနည်းငယ်စိုးရိမ်ပူပန်နေကြောင်းသဘောပေါက်သွားကာ ခဏရပ်နားပြီး ရှင်းပြရန် ပြင်သည်။ သို့သော်ဒေါက်တာအဲလ်ဘတ်က ဂရုစိုက်ပုံမရပေ။

"အဆင်ပြေပါတယ် ကျွန်တော့်အတွက်လာတယ်ပဲထားကြပါစို့…. အဖြစ်အပျက်တွေပြီးတဲ့နောက် ကျွန်တော့်သူငယ်ချင်းတွေကိုရက်တွေအကြားကြီး မတွေ့ခဲ့ရဘူးလေ.."

“ အစကတော့ ဒီအချိန်ဆို အခမ်းအနားတွေ ကျင်းပပြီး ကျွန်တော့်ရဲ့ တယောတီးတဲ့ သူငယ်ချင်းတွေက ကျွန်တော့်အတွက် ရှမ်ပိန်တစ်ပုလင်းကိုဖွင့်ပေးလောက်ပြီပေါ့… ဒါပေမယ့်ကံမကောင်းတာက အခုဆို ပါတီလည်းမရှိတော့ဘူး… ရှမ်ပိန်လည်းမရှိ..တယောလည်းမရှိ.."

ရှန့်ဖန်းယွိက သူ့အား စကားမပြောဘဲကြည့်လိုက်သည်။ ဤကဲ့သို့သောအချိန်မျိုးတွင်တိတ်ဆိတ်ခြင်းသည်ဂုဏ်ယူရသည့်ဆရာဝန်ရှေ့တွင်အကောင်းဆုံးသက်သောင့်သက်သာရှိစေသည်။

ခဏအကြာတွင်ဒေါက်တာအဲလ်ဘတ်သည် လေးနက်စွာသက်ပြင်းချကာသူ၏ စိတ်အား ပြန်လည်စုစည်း၍ ပြော လေ၏။

"သွေးခဲသွားတာတွေရှိခဲ့တယ်…ကိုယ်ဝန်ဆောင်နေစဉ်အချိန်က သန္ဓသေားရဲ့ ဖိအားကြောင့်ကိုယ်တွင်းင်္အဂါတွေ ပိတ်ဆို့တာက လူနာရဲ့ခန္ဓာကိုယ်အတွင်းမှာ ဖြစ်သွားပြီးသွေးပြန်ကြော သွေးခဲတာကိုဖြစ်စေတယ်လေ.. သားဥအိမ်တွေကိုဖယ်ရှားပြီတော့ သွေးကြောတွေကိုပြန်လည်ချိတ်ဆက်တဲ့ဖြစ်စဉ်မှာလည်း သွေးခဲနှုန်းတွေ ပိုမြန်ပြီး ပိုလည်းများလာတယ်…ကြိုတင်တွက်ချက်ထားတဲ့ သွေးခဲတာကိုတားတဲ့ဆေးကလည်း မလုံလောက်ဘူး"

"သန္ဓသေားကိုဖယ်ပြီးတာပါပေါင်းလိုက်တော့ သွေးကြောဖိအားတွေက ရုတ်တရက်ထွက်လာပြီး သွေးခဲတာက မြင်းရိုင်းလိုပဲ အဆုတ်ထိ မြန်မြန်ရောက်သွားတယ်…အဲ့တော့ အဆုတ်ထဲက သွေးကြောထဲမှာ အဲဒီသွေးခဲကပိတ်နေတော့တာပေါ့…" 
အဲလ်ဘတ်သည်သူ၏ရင်ဘတ်ကိုညွှန်ပြကာ ခါးသီးစွာ ရယ်၏။

“ အဲဒီလူ အသက်ရှင်နေသေးလား..” ရှန့်ဖန်းယွိကမေးလိုက်သည်။

“ အင်း… ဒါပေမဲ့ မေ့မြောနေတုန်းပဲ…သတိမရသေးဘူး.."

အဆုတ်များက အောက်စီဂျင်ဖလှယ်ခြင်းအတွက်တာ၀န်ရှိသည်။ ဦးနှောက်သည်၎င်း၏လုပ်ဆောင်မှုအတွက်အောက်စီဂျင်အပေါ်အလွန်အမင်းမှီခိုရသည်။အောက်စီဂျင်မလုံလောက်သော ကာလတိုပင်လျှင် ဦးနှောက်ကိုသိသိသာသာပျက်စီးစေနိုင်သည်။

 “ ကျွန်တော့်ရဲ့ မဆင်မခြင်မှုကြောင့်ဒီလိုအဖြစ်အပျက်နဲ့ နိုင်ငံကိုရှက်စရာကောင်းတဲ့အခြေအနေရောက်စေခဲ့တယ်. ... ဒေါက်တာရှန့် ခင်ဗျားက အရမ်းတော်ပါတယ်… ခင်ဗျားသာဆို သေချာတွက်ဆနိုင်မှာ…"

"ခင်ဗျားအဲဒီလူနာနိုးလာဖို့ စောင့်နေတုန်းပေါ့.."

ဒေါက်တာ အဲလ်ဘတ်ခေါင်းညိတ်ပြသည်။

S နိုင်ငံသည်မူလက တည်ရှိမှုသိပ်မထင်ရှားသည့် သေးငယ်သောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယခုဆေးဘက်ဆိုင်ရာအဖြစ်အပျက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပိုမိုပြင်းထန်လာခဲ့သည်။ S တိုင်းပြည်သည် ကျယ်ပြန့်သောအာရုံကိုလက်ခံရရှိရန်လည်း များသောအားဖြင့်အာရုံစိုက်မှုမပေးခဲ့။

ယခုဒေါက်တာ အဲလ်ဘတ်၏ပျက်ကွက်မှုသည် ဤသံသယများ၏မီးလောင်မှုကို လောင်စာများထည့်သွင်းခဲ့သကဲ့သို့ ပွင့်ပွင့်လင်းလင်းဝေဖန်သူများက S နိုင်ငံကို ဝေဖန်နေကြသည်။ အချို့သောမာနထောင်လွှားသောနိုင်ငံများက S နိုင်ငံ၏ပြည်တွင်းရေးကိုပင် ၀င်ရောက်စွက်ဖက်ရန်ပင်စတင်ကြိုးပမ်းနေကြသည်။

ယခုလူနာနိုးလာမှသာ မီဒီယာအင်တာဗျူးများနှင့်ပူးပေါင်း၍ ယခင်ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်လာသောအငြင်းပွါးမှုများအား ဖယ်ရှားနိုင်မည်ဖြစ်သည်။

“ ဒေါက်တာ ရှန့်က ခွဲစိတ်ကုသမှုအတွေ့အကြုံ စုဆောင်းဖို့ ဒီကိုလာခဲ့တာကိုသိပေမယ့် ခင်ဗျားကိုတန်ဖိုးအရှိဆုံးအကြံဥာဏ်ပေးခွင့်ပြုပါ…ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင်ဒီလိုမျိုးမလုပ်ပါနဲ့.."

ရှန့်ဖန်းယွိ သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကယုံကြည်မှုရှိလာသောဒေါက်တာ အဲလ်ဘတ်မှထိုကဲ့သို့သောစကားများ ပြောမည်ဟုမထင်ခဲ့ပေ။

ဒေါက်တာ အဲလ်ဘတ်၏လက်များမှာသိသိသာသာရှုပ်ထွေးနေကာ သူ၏မျက်လုံးများတွင် ညှိုးငယ်နေသည်ကိုတွေ့နိုင်သည်။

“ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပထမတစ်ဝက်ကိုခင်ဗျားအားလုံးတွေ့ခဲ့ရတယ်မလား…သူများတွေကနားမလည်ကြဘူး. ကျွန်တော့်လူနာနဲ့ဒေါက်တာခန်းရဲ့နာက လုံးဝတူညီတဲ့အခက်အခဲအဆင့်တွေ မဟုတ်ကြဘူးလေ.."

ထိုသို့သော ခွဲစိတ်ကုသမှုဆိုသည်မှာ ဘာမှန်းမသိသောသေတ္တာတစ်ခုအား ဖွင့်ရခြင်းနှင့်တူသည်။ ကြိုတင်စစ်ဆင်ရေးစာမေးပွဲသည် မည်မျှစေ့စေ့စပ်စပ်ဖြစ်ပါစေ…ခွဲကြောင်းပြန်ချုပ်ပြီးနောက် ရလဒ်အားကြိုတင်ခန့်မှန်းရန်ခက်ခဲသည်။

ဒေါက်တာအဲလ်ဘတ်အတွက်မူ သူ့ခွဲစိတ်မှုသည် ဒေါက်တာခန်း၏ခွဲစိတ်မှုထက် ပိုမိုခက်ခဲမှု ရှိခဲ့သည်ကို မည်သူမျှဂရုမစိုက်ကြပေ။ခွဲစိတ်ကုသမှုနှစ်ခုလုံးသည်အမျိုးသားကိုယ်ဝန်ဆောင်ခြင်းအတွက် သားအိမ်နှင့် သားဥပြွန်များဖယ်ထုတ်သည့် ခွဲစိတ်မှုများဖြစ်ကာဒေါက်တာခန်းက အောင်မြင်ခဲ့၍ ဒေါက်တာအဲလ်ဘတ်ကကျရှုံးသည်ဟုသာလူတိုင်းသိကြသည်။

ရှန့်ဖန်းယွိ၏ မျက်စိထဲတွင် ဒေါက်တာအတွက်မယုံကြည်နိုင်ဖြစ်နေသည်ကို ဒေါက်တာအဲလ်ဘတ်ကမြင်သောအခါဖြောင်းဖျပေးသည်။ 

"ဒေါက်တာရှန့် ခင်ဗျားက Z နိုင်ငံမှာဆို ထိပ်တန်းဆရာဝန်တွေထဲကတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်….ဒါပေမယ့်အမှန်တရားဆိုရင် တခါတလေ ရက်စက်တတ်တယ်ဗျာ.."

“ ကျွန်တော့်လိုပေါ့… ကျွန်တော် ၁၀ နှစ်တာကာလအတွင်းအဓိကခွဲစိတ်ဆရာဝန်ဖြစ်ခဲ့တယ် ကျွန်တော့်ခွဲစိတ်ခုံမှာ လူနာတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိခဲ့ဖူးဘူး…တစ်ခါတုန်းက တိုင်းပြည်မှာချီးကျူးဂုဏ်ပြုခံခဲ့ရတဲ့လူငယ်တစ်ယောက်ပါ….သူတို့ကကျွန်တော့်ကို ပါရမီရှင်လို့ ပြောခဲ့ကြတာပါပဲ.."

“ အခုထက်ထိ ဘုရားသခင်ကလွဲပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ အရှုံးမပေးနိုင်ရုံနဲ့ မာနထောင်လွှားလို့ မရဘူးဆိုတာ ကျွန် တော်သဘောပေါက်သွားပြီ..."

ရှန့်ဖန်းယွိက 

“ ကျွန်တော်ကတော့ ဘုရားသခင်ကို မယုံဘူး.."

“ ခင်ဗျား ဘုရားသခင်ကိုမယုံဖို့ ရွေးချယ်နိုင်တယ်… ဒါပေမဲ့ ခင်ဗျားကိုယ့်ကိုယ်ကိုတော့ အရမ်းမယုံကြည်နဲ့ပေါ့ဗျာ"

ဒေါက်တာအဲလ်ဘတ်က အဝေးသို့ငေး၍ကြည့်နေရာမှ သူကိုယ်တိုင်အတွက် ပွက်ပွက်ဆူနေသောကော်ဖီတစ်ခွက်ပြုလုပ်ခဲ့ကာ ရှန့်ဖန်းယွိအတွက်ပါ တစ်ခွက်လောင်းထည့်ပေးသည်။

“ ဒေါက်တာ့မှာသကြားရှိလား.. ” 

ရှန့်ဖန်းယွိကမေးလိုက်သည်။

“မရှိဘူး…အခါးဓာတ်က လူတွေကို နိုးကြားစေနိုင်တယ်…ကျွန်တော်အရင်က အရမ်းချိုတဲ့ကော်ဖီတွေပဲသောက်လေ့ရှိတာ.."

ရှန့်ဖန်းယွိ သည် သူ၏မျက်လုံးများကိုမှေးကာ ချဉ်ခါခါး ကော်ဖီတစ်ခွက်ကိုယူ၍ တစ်ငုံမျှသောက်လိုက်သော်လည်း ဆက်၍မသောက်နိုင်ခဲ့ပေ။

ဒေါက်တာ အဲလ်ဘတ်သည် အခြားတစ်ဖက်တွင်ကာဖီခါးတစ်ခွက်သောက်ပြီးနောက် ခါးသီးမှုကိုမမြည်းစမ်းနိုင်သကဲ့သို့သူ၏ ၀မ်းနည်းမှုများကိုမျှောချနေခဲ့သည်။

“ မင်းရော မြို့ထဲကကျွန်တော့်အိမ်ကိုရောက်ပြီးပြီလား …အခုချိန်မှာ ကျွန်တော်က S နိုင်ငံထဲကလူတိုင်းရိုက်နှက်ချင်နေတဲ့လမ်းဘေးကြွက်ပဲ….နေ့တိုင်းဆေးရုံမှာအိပ်တယ်…သတင်းအချက်အလက်လိုအပ်မှ အိမ်ကိုလာပြီးခဏထိုင်ရတာ..."

ဒေါက်တာအဲလ်ဘတ်သည်တံခါးရှိကိုယ်ရံတော်နှစ်ဦး အားလက်ညှိုးထိုးပြ၏။

"လူနာကို ကျွန်တော်ဂရုစိုက်နေတဲ့အချိန်မှာ ကျွန်တော့်ကိုကာကွယ်ဖို့ အစိုးရကနေပို့ထားကြတာလေ… ဒါပေမယ့်လည်းစောင့်ကြည့်ဖို့ပါပဲ… ဒေါက်တာရှန့်ရော ယုံတယ်မလား... ”

သူကသူ့နားအားပုတ်လိုက်သည်။ 

“ သူတို့တပ်ထားတဲ့နားကြပ်တွေက ကျွန်တော်တို့စကားလက်ဆုံပြောဆိုနေတာကိုနားထောင်နေတာ”

ဒေါက်တာအဲလ်ဘတ်သည်စိတ်ပျက်အားငယ်သည့်အခြေအနေတွင်ရှိနေပုံရသည်။

 “ ဒါပေမဲ့ သူတို့စောင့်ကြည့်တာ မကြည့်တာ ကျွန်တော်ဂရုမစိုက်ပါဘူး… သူတို့ကကျွန်တော့်ဘဏ်အကောင့်တွေကိုရပ်ထားတယ်…အခု ကျွန်တော်က လှောင်အိမ်ထဲသော့ခတ်ခံထားရတဲ့ အဖြူရောင်ကြွက်နဲ့ တူပြီး တိုင်းပြည်ကနေ မလွတ်မြောက်နိုင်ပါဘူး"

“ အကယ်၍ ကျွန်တော့်လူနာနိုးလာရင်တော့ ကျွန်တော့် ပြန်လွတ်လပ်မယ်…ဒါပေမဲ့ သူ ICU ထဲသေသွားရင် နှင်ထုတ်ခံရပြီးတောင်းပန်ရမှာ.."

“ အိုဘုရားသခင်…အခု သနားစရာကောင်လေးနိုးလာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်… မဟုတ်ရင် ကျွန်တော့်ရဲ့ ကျန်တဲ့ငွေတွေရောအသက်မွေးဝမ်းကျောင်းရော…အနာဂတ်ရော ရှိတော့မှာမဟုတ်ဘူး…အဲဒါအပြင် ကျွန်တော်ကသူ့ရဲ့ သွေးကြောတွေကို ခွဲစိတ်ခဲ့တဲ့သူမို့ သူသေရင် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်လွှတ်မှာမဟုတ်တော့ဘူး.."

သူပြော နေသည့်အတိုင်း မျက်ရည်များစီးကျခဲ့ကာ အချိန်အတန်ကြာ ကြောက်ရွံ့နေခဲ့သည်။

“ ခင်ဗျားရဲ့တိုင်းပြည်ကအဲဒီလိုလုပ်မှာမဟုတ်ဘူး…ဒါမှမဟုတ် ကျွန်တော့်လိုအာရုံကို ဆွဲဆောင်မထားသရွေ့ခင်ဗျားဟာကျွန်တော့်လိုအဆုံးသတ်မှာမဟုတ်ဘူး. …ဒါပေမဲ့ ဒေါက်တာရှန့် …ခွဲစိတ်မှုမအောင်မြင်ရင် ခင်ဗျားသည်းခံရအရမယ့်အရာတွေနဲ့ ပတ်သက်ပြီး ဂရုတစိုက်စဉ်းစားဖို့ လိုတယ်နော်….ဒီခွဲစိတ်မှုမျိုးက ကျွန်တော်တို့ အရင်ကထင်ခဲ့တဲ့အတိုင်း မလွယ်ကူပါဘူး...”

"ခွဲစိတ်ကုသမှုရလဒ်အတွက်ခင်ဗျားဒီကိုလာခဲ့တာကိုသိပေမယ့်စိတ်ရင်းမှန်နဲ့အကြံပေးချင်တယ်…ခင်ဗျားရဲ့လူနာကိုခွဲစိတ်ဖို့အတွက်ဒေါက်တာခန်း ဆီသွားဖို့စိတ်ရင်းမှန်နဲ့အကြံပေးပါတယ်.."

“ သူကကမ္ဘာပေါ်မှာ အကောင်းဆုံးဆေးဘက်ဆိုင်ရာအရင်းအမြစ်တွေနဲ့အတူ M နိုင်ငံရဲ့ အကောင်းဆုံးဆရာဝန်ဖြစ်တာမလို့ သူ့မှာအောင်မြင်တဲ့ခွဲစိတ်မှတွေနဲ့ ထိပ်တန်းစွမ်းရည်အတွေ့အကြုံတွေလည်းရှိတယ်… ငါတကယ်သူ့ကိုချီးကျူးတယ်.."

ဒေါက်တာ အဲလ်ဘတ်သည် သူ၏ဆံပင်ကိုရုတ်တရက်ဆုပ်ကိုင်ကာ

“ ဒေါက်တာခန်း ကိုမုန်းလိုက်တာ…ဒေါက်တာခန်းကို တော်တော့်ကို မုန်းတယ်"

ရှန့်ဖန်းယွိ ဒေါက်တာ အဲလ်ဘတ်၏အညိုရောင်ဆံပင်များကအဖြူရောင်ဆံပင်များနှင့်ရောထွေးနေသည်ကို မြင်နေရသည်။

“ အခုလူနာကဘယ်မှာလဲ"

“ သူ့ကိုအခြားဆေးရုံမှာ ရွှေ့ထားတယ်…. ” 

ဒေါက်တာအဲလ်ဘတ်သည် သူ၏မျက်နှာကိုသပ်လိုက်ကာ “ သူ့ကိုသွားတွေ့ချင်လား... ”

ရှန့်ဖန်းယွိကကြာမြင့်စွာစဉ်းစားခဲ့ပြီး 

“ ဟုတ်ကဲ့ ..ကျွန်တော်တွေ့ချင်ပါတယ်"

ဒေါက်တာ အဲလ်ဘတ်၏ လူနာက မစ္စတာဘိတ်ကာ ဟုခေါ်သည်။ ရှန့်ဖန်းယွိ ကိုယ်ရံတော်များနှင့်အတူ မစ္စတာဘိတ်ကာ တည်ရှိသည့်ဆေးရုံသို့တစ်ညတည်းဖြင့်ကားမောင်းခဲ့သည်။

မစ္စတာဘိတ်ကာသည်အလွန်ချမ်းသာကြွယ်ဝပြီးအသေးစားနှင့်ကြီးမားသောစီးပွါးရေးလုပ်ငန်းများဖြင့် S နိုင်ငံတွင်လူသိများသောစီးပွါးရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်၏။

ပထမဦးဆုံးဒေါက်တာပြီးနောက် မစ္စတာဘိတ်ကာသည် ဒေါက်တာအား သုတေသနရန်ပုံငွေအမြောက်အများကမ်းလှမ်းခဲ့သည်။ အဲလ်ဘတ်တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင်သဘောတူခဲ့သည်။

ယခု မစ္စတာ ဘိတ်ကာအားပြောင်းရွှေ့ထားသောဆေးရုံကသူကိုယ်တိုင်အစုရှယ်ယာပိုင်ဆိုင်သည့်ဆေးရုံဖြစ်သည်။

အထူး VIP အခန်းနှင့် လွတ်လပ်သော ICU လူနာဆောင်တွင် လူနာမှာ မစ္စတာ ဘိတ်ကာ တစ်ဦးသာ ရှိသော်လည်းမမျှော်လင့်ဘဲ လူနာဆောင်အပြင်ဘက်တွင်ထိုင်နေသောအမျိုးသမီးတစ်ဦး ရှိနေသည်။

သူမသည်နူးညံ့သိမ်မွေ့စွာနှင့်လှပစွာဝတ်ဆင်ထားသည့်ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦး နှင့်မတူပေ။ စိတ်ဓာတ်ကျနေသောမျက်နှာဖြင့်အချိန်ကြာမြင့်စွာ မအိပ်ခဲ့ရပုံပေါ်သည်။

ဒေါက်တာအားကြိုဆိုနှုတ်ဆက်စဉ်သူတို့ကိုမြင်သောအခါ သူမသည် ယဉ်ကျေးသောအပြုအမူနှင့် မတ်တပ်ရပ်လိုက်သည်။ ဒေါက်တာအဲလ်ဘတ်က ရှန့်ဖန်းယွိအား လက်ညှိုးထိုးပြသည်။

“ မစ္စတာ ဘိတ်ကာ ကိုတွေ့ချင်တဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ပါ..”

ရှန့်ဖန်းယွိ သည်သူမ၏ဖော်ရွေမှုကိုခေါင်းညိတ်ပြလိုက်၏။ သူမအားပြုံးပြခြင်းမပြုမီသူ၏မျက်နှာကိုတခဏမျှတည်နေခဲ့သေးသည်။

"ရပါတယ်ရှင်"