အပိုင်း ၉၇
Viewers 12k

🧑‍⚕️Chapter 97




ရှုပ်ထွေးသောပိုးသန့်ဆေးလုပ်ငန်းစဉ်ပြီးသည့်နောက် ရှန်ဖန်းယွိနှင့် ဒေါက်တာအဲလ်ဘတ်သည် မစ္စတာ ဘိတ်ကာ၏ အိပ်ရာရှေ့မှောက်တွင်ရပ်နေကြသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မစ္စတာဘိတ်ကာတွင်လှပသောရွှေရောင်ဆံပင်နှင့် စီးပွါးရေးသမားတစ်ဦးနှင့်မတူသည့်မျက်နှာတစ်ခုရှိကာ အနုပညာရှင်တစ်ဦး၏မျက်နှာမျိုးပင်။

သို့သော်ယခုသူ၏ခန္ဓာကိုယ်မှာအရွယ်အစားအမျိုးမျိုးရှိသောပြွန်များနှင့်ကိရိယာများဖြင့်ပြည့်နှက်နေကာ ICU အခန်းအားသိမ်းပိုက်ထားသည်။ မစ္စတာဘိတ်ကာသည် အားနည်းနေကာ သေးငယ်၍ ကျိုးပဲ့နေသောပန်းအိုးကဲ့သို့ဖြစ်နေ၏။

စာရွက်စာတမ်းများမှမှတ်တမ်းအချို့ကိုကြည့်ရသည်နှင့် မအောင်မြင်သောစစ်ဆင်ရေးအား စခရင်ပေါ်မှ ကိုယ်တွေ့တွေ့မြင်ရခြင်းသည်ကွဲပြားခြားနားသည်။

ယခုခွဲစိတ်မှုမအောင်မြင်သောဤလူနာမှာ ရှန့်ဖန်းယွိရှေ့တွင်လဲလျောင်းနေကာ သူ၏ ဘ၀ကဟန်ချက်ညီနေသည်။

ရှန့်ဖန်းယွိ သူ၏လက်များနှင့်ခြေထောက်များက အေးလာသည်ဟုခံစားရသည်။

မစ္စတာ ဘိတ်ကာ၏ အသားအရေမှာ ကျန်းရွှိကဲ့သို့အလွန်ဖျော့တော့နေသည်။

အမြင်အာရုံသက်ရောက်မှုမှာကြောက်စရာကောင်းကာ ရှန့်ဖန်းယွိသည် ICU တွင်လဲလျောင်းနေသော ကျန်းရွှိ ၏ပုံရိပ်အား မြင်ယောင်မိသွားသည်။

ဒေါက်တာအဲလ်ဘတ်သည်လူနာ၏စောင်အား ရုပ်သိမ်း၍ ဒေါက်တာရှန့်အား လူနာအသက်ရှင်ရန် စောင့်ရှောက်ပုံနည်းလမ်းအသေးစိတ်ကိုရှင်းပြသည်။

မစ္စတာ ဘိတ်ကာ ၏ ဝမ်းဗိုက်သည် အပြည့်အဝ ပြန်လည် မကောင်းမွန်သေးပေ။ကိုယ်ဝန်ဆောင်မှုကြောင့်ဆန့်နေသော အရေပြား…ကြွက်သားများနှင့်အတူ ခွဲစိတ်ရာများအား ရှင်းရှင်းလင်းလင်းမြင်နိုင်နေဆဲဖြစ်သည်။ ဝမ်းဗိုက်ဘေးဘက်တွင် အပေါက်ငယ်တပေါက်ရှိကာ အဝါရောင် အညစ်ကြေးရည်များအား အကြည်ရောင်အိတ်ဖြင့် စုထားသည်။

ဒေါက်တာရှန့်သည်ထိုအခြေအနေနှင့်လူနာများအားတွေ့ခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူသည်အရွယ်အစားအမျိုးမျိုးရှိသောခွဲစိတ်မှုများစွာကိုပြုလုပ်ခဲ့ပြီးမရေမတွက်နိုင်သောဆီးအိတ်ပြွန်များနှင့်မရေမတွက်နိုင်သောခွဲစိတ်မှုများပြုလုပ်ခဲ့ပြီးမရေမတွက်နိုင်သောလူနာများ၏ဝမ်းဗိုက်နှင့်သားအိမ်များကိုလည်းအေးဆေးတည်ငြိမ်စွာဖြတ်တောက်ခဲ့ဖူးသည်။

သို့သော် ဤအကြိမ်မှာဒေါက်တာရှန့်သည်လူနာ၏ခန္ဓာကိုယ်ကြောင့်ကြောက်ရွံ့မှုကိုခံစားခဲ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကျန်းရွှိကြောင့်….။

သူကတိတ်တဆိတ် ဒေါက်တာအဲလ်ဘတ်၏ ခွဲစိတ်ပုံအား စောင့်ကြည့်နေ၏။ဒေါက်တာရှန့်သည် အတွေးထဲတွင်နစ်မြောနေကာဒေါက်တာအဲလ်ဘတ် လက်ဖြင့်လာပုတ်မှသာ သတိပြန်ဝင်လာသည်။

“ ကျွန်တော်အခုပြောခဲ့တာကိုဒေါက်တာမကြားလိုက်ဘူးလား... ” 

ဒေါက်တာအဲလ်ဘတ်ကသူ့အားမေးသည်။

ဒေါက်တာရှန့်က အာရုံစိုက်မှုမရှိစွာပြန်ကြည့်၍ 

 “ ဘာ..ဘာပြောလိုက်တာလဲ..."

ဒေါက်တာအဲလ်ဘတ်သည် သက်ပြင်းချ၍ စိတ်မရှည်စွာ ပြန်ပြော၏။

"ခင်ဗျားရဲ့ နိုင်ငံကို ပြန်ဖို့စီစဉ်ထားလား…လို့မေးနေတာ…အကယ်၍ ခင်ဗျားဒီနေရာမှာ ရက်အနည်းငယ်နေလိုတယ်ဆိုရင် ကျွန်တော့်နေရာမှာ နေလို့ရတယ်… ဒါပေမဲ့ ခင်ဗျားကိုနေ့တိုင်းတော့ အဖော်မပြုပေးနိုင်ဘူးပေါ့..."

“ကျွန်တော် ခဏလောက် ထိုင်ချင်လို့ အဆင်ပြေမလား... ” 

ဒေါက်တာရှန့်သည် သူ၏ခြေထောက်များအားနည်း၍ လမ်းလျှောက်ရန်အခက်အခဲရှိသည်ကိုတွေ့လိုက်ရသည်။

 “ကျွန်တော့်မှာ လုပ်ဖို့အလုပ်တွေရှိနေသေးတယ်.. နောက်မှကိုယ့်ဘာသာ အိမ်ပြန်မှာပါ…ဒေါက်တာစိတ်မပူပါနဲ့.."

“ ဒါဆို အိုကေလေ.. ” ဒေါက်တာသည် အပြင်ဘက်မှာရပ်နေသော သူ၏ ကိုယ်ရံတော်နှစ်ယောက်အားလှမ်းကြည့်ရင်း….

" ကျွန်တော်အရင်ပြန်နှင့်မယ်…ဒီသနားစရာလူနာကို ပြန်လည်ရှင်သန်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုဆက်လက်လေ့လာဖို့လိုတယ်.."

သူလှည့်လာသောအခါဒေါက်တာက ရှန့်ဖန်းယွိ၏ ကျောကိုပုတ်ကာ…
"ကျွန်တော်သတိပေးထားတဲ့ဟာကို သတိရပါ…ခင်ဗျားကတောက်ပတဲ့အနာဂတ်နဲ့အကောင်းဆုံးဆရာဝန်ပါ…ကျွန်တော်လုပ်ခဲ့တဲ့ ခွဲစိတ်မှုလိုမျိုးခင်ဗျားဘဝကိုဖျက်ဆီးဖို့ မလိုအပ်ပါဘူး..."
ဒေါက်တာရှန့်က မျက်လွှာချထားကာ 

"ဒါပေမယ့်သူကကျွန်တော့်အတွက်အရမ်းအရေးကြီးတဲ့သူပါ..”

“ ဒါဖြင့်ရင် မင်းဒီကိစ္စကို တာဝန်မယူသင့်ဘူး… သူ့ကို ICU ထဲ မင်းလက်နဲ့ကိုယ်တိုင် ပို့တာကို လက်မခံနိုင်ရင် မလုပ်ပါနဲ့...”

 ဒေါက်တာအဲလ်ဘတ်သည် ICU ရှိ မစ္စတာဘိတ်ကာနှင့် မှန်ကိုကြည့်နေသော အခန်းအပြင်ဘက်ရှိအမျိုးသမီးအားကြည့်ကာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်သူသည် စိတ်ပျက်တုန်လှုပ်ကာထွက်သွားလေ၏။

ဒေါက်တာရှန့်က အချိန်ကြာမြင့်စွာစဉ်းစားခဲ့သည်။ နောက်ဆုံးတွင်သူသည်နံရံကိုမှီကာ မျက်နှာဖြူလျော့နေပြီး ICU အပြင်ဘက်ရှိကုလားထိုင်ပေါ်တွင်ထိုင်နေခဲ့သည်။

ကုလားထိုင်၏အခြားအဆုံးတွင်သူ့အားသတိကြီးစွာပြောခဲ့သည့်ကြော့ရှင်းသောအမျိုးသမီးကသူ့အားခေါ်လာသည်။

“ ဆရာ…ဆရာနဲ့စကားပြောလို့ရမလား.."

ဒေါက်တာရှန့် သည်ယခုအချိန်တွင်စကားပြောဆိုရန်စိတ်နေစိတ်ထားမရှိသော်လည်းအမျိုးသမီး၏စိတ်ရင်းမှန်ကိုငြင်းဆန်ရန်မစွမ်းနိုင်ပေ။

သူသည် သူ့နဖူးအားသပ်ထားသောလက်ကိုလွှတ်လိုက်ကာ ကြည့်၍မေးသည်။

 "ဘာပြောချင်တာလဲ ခင်ဗျ...”

“ ကျွန်မက မစ္စတာ ဘိတ်ကာရဲ့ဇနီးပါ… ဆရာ ကျွန်မကို ဒေစီလို့ခေါ်လို့ရပါတယ်” ထိုအမျိုးသမီးကမိမိကိုယ်ကိုမိတ်ဆက်လာသည်။

သူမ၏စကားလုံးများကိုကြားသောအခါ ရှန့်ဖန်းယွိ၏ မျက်ခွံများက ခပ်ရေးရေးလှုပ်သွားသည်။

ဒေါက်တာအဲလ်ဘတ်သည် မစ္စတာ ဘိတ်ကာ ၏ကိုယ်ဝန်ဆောင်လိုသောဆန္ဒကိုဖော်ပြခဲ့ပြီး ရှန့်ဖန်းယွိသည် လည်း မစ္စတာ ဘိတ်ကာသည်လိင်တူချစ်သူအသိုင်းအဝိုင်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုယခင်ကယူဆခဲ့သည်။

မစ္စစ် ဒေစီသည် မစ္စတာ ဘိတ်ကာ ၏ လက်ထောက်သို့မဟုတ် အစ်မဖြစ်မည်ဟု မသိစိတ်မှ ထင်ခဲ့သည်။ မျှော်လင့်မထားဘဲသူမသည်သူ၏ဇနီးဖြစ်နေခဲ့သည်။

“ ဆရာက ဒေါက်တာအဲလ်ဘတ်ရဲ့လက်ထောက်ဆိုရင် ကျွန်မတစ်ခု မေးလို့ရမလား ” မစ္စစ် ဒေစီက အစမ်းသဘောမေးလာသည်။

“ ကျွန်မခင်ပွန်းရဲ့အခြေအနေကိုစစ်ဆေးခဲ့တယ်မလား ….သူ…နိုး လာနိုင်လားဟင်.."

ရှန့်ဖန်းယွိသည် မစ္စစ်ဒေစီ ၏ စကားရပ်နှင့်ရင်းနှီးပြီးသားပင်။သူတို့၏လူမျိုးစုများ၊ အသွင်အပြင်များနှင့်အရေပြားအရောင်များသည်ကွဲပြားခြားနားသော်လည်းလူနာအားလုံး၏ဖော်ပြချက်…မိသားစု၀င်အားလုံး၏ဖော်ပြချက်သည်ဤကဲ့သို့သောအခြေအနေများတွင်အတူတူပင်ဖြစ်သည်။

ထိုကဲ့သို့သောအသုံးအနှုန်းသည် လူတစ်ဦးအားနှစ်သိမ့်မှုဖြစ်စေသည်။( "သူပိုကောင်းလာပါလိမ့်မယ်..")

သို့သော် မည်သူမဆိုဆရာဝန်များ မှလွဲ၍ ထိုကဲ့သို့သောစကားလုံးများကိုပြောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာဝန်များမှာ သူတို့ချမှတ်သည့် ဆုံးဖြတ်ချက်တိုင်းအတွက်တာဝန်ရှိ၍ပင်။

ထို့ကြောင့်အဆုံးတွင် ရှန့်ဖန်းယွိကသူမအား

 “ စိတ်မကောင်းပါဘူး…ကျွန်တော်ဘာအာမခံချက်မျှမပေးနိုင်ပါဘူး…ကျွန်တော်က ဒေါက်တာနှင့်တိုင်ပင်ဖို့ရောက်လာတဲ့ ဆရာဝန်တစ်ဦးပါပဲ…"

သူမဤစကားလုံးများကိုအကြိမ်ပေါင်းများစွာကြားခဲ့ရသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ မစ္စစ် ဒေစီ ၏ မျက်လုံးများက ရှန့်ဖန်းယွိစကားပြောသောအခါအလွန်စိတ်ပျက်သည့်ပုံမျိုး မပြခဲ့ပေ။

“အဆင်ပြေပါတယ်” သူမကအေးဆေးတည်ငြိမ်စွာပြုံးပြ၏။ “ ဆရာအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ”

ရှန့်ဖန်းယွိ ကသူမအား " ပြဿနာမရှိပါဘူးခင်ဗျ..."

သူတို့နှစ်ဦးသည်ကုလားထိုင်၏ဆန့်ကျင်ဘက်ဘက်တွင်တိတ်ဆိတ်စွာထိုင်နေကာ လူနာတစ်ဦးတည်း ရှိသော ICU အခန်းမှာအလွန်တိတ်ဆိတ်၍ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ၏ရံဖန်ရံခါခြေသံများမှအပ အခြားအသံများကြားရခဲသည်။

မည်သူမဆိုနှင့်အချိန်ကြာမြင့်စွာဆက်သွယ်ပြောဆိုခြင်း… စိတ်ပိုင်းဆိုင်ရာဖိနှိပ်ချုပ်ခြယ်မှုခံစားရခြင်းနှင့် ရှန့်ဖန်းယွိ အားအကြံဥာဏ်အချို့ပေးသင့်သည်ဟုထင်သောကြောင့် မစ္စစ်ဒေစီသည်နာရီဝက်ခန့်အကြာတွင် တိတ်ဆိတ်မှုကိုချိုးဖောက်ကာ စကားစလာသည်။

“ ဒေါက်တာအဲလ်ဘတ် ခွဲစိတ်မှုမအောင်မြင်ပေမဲ့ M နိုင်ငံကပါမောက္ခ ခန်းက အဲဒီလိုခွဲစိတ်မှုကိုအောင်မြင်ပြီးစီးခဲ့တာ…ဆရာလည်းသူ့ဆီကနေ အကြံဥာဏ်ရှာနိုင်မယ်ထင်ပါတယ်...”

“ ကျွန်တော်သိပါတယ်... ”

မစ္စစ် ဒေစီ ၏မျက်စိ၌ရှုပ်ထွေးနေသည့်အရိပ်အမြွက်ရှိနေသည်ကို သူမြင်နေရ၏။

“ကျွန်တော် ဒေါက်တာခန်းရဲ့ ခွဲစိတ်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာနိုင်သမျှ သုတေသနပြုပြီးပါပြီ…သူ့ဆီကနေလည်း လူချင်းဆက်သွယ်ပြီးလေ့လာပြီးပါပြီ… ပါမောက္ခ ခန်းရဲ့ ခွဲစိတ်မှုကအဲ့လိုဖြစ်မယ်မထင်ပါဘူး…ဒါပေမယ့် ဒေါက်တာအဲလ်ဘတ်ရဲ့အတွေ့အကြုံလည်းအရေးကြီးပါတယ်…သက်ဆိုင်ရာကိစ္စအနည်းငယ်စီ ရှိတာကြောင့်ခွဲစိတ်မှု တစ်ခုစီက အရေးကြီးကြတာပါပဲ... ”

“ ဒီခွဲစိတ်မှုမှာကျရှုံးဖို့အကြောင်းပြချက် တစ်ရာရှိလေလေ ကျွန်တော့်ရဲ့ အောင်မြင်မှုအခွင့်အလမ်းများလေလေပေါ့….၁ ရာခိုင်နှုန်းကနေ ၉၉ရာခိုင်နှုန်းထိ သွားရင်တောင်. ဒါဟာကျွန်တော့်အတွက်တန်ပါတယ်... ”

နားထောင်ပြီးနောက်မစ္စစ်ဒေစီသည်ခေတ္တတိတ်ဆိတ်နေကာ ညင်သာစွာသက်ပြင်းချလိုက်၏။

“ ကျွန်မဒေါက်တာခန်းလိုဖြစ်ဖြစ် ဆရာ့လိုပဲ ဖြစ်ဖြစ် ဒါမှမဟုတ်လိုင်စင်ရဆရာဝန်ဖြစ်ချင်တယ်…အဲဒီလိုဆို ဒီလို အချည်းနှီးစောင့်ဆိုင်းနေမယ့်အစားကျွန်မခင်ပွန်းကို ဆရာ့လိုမျိုး ကူညီဖို့ကြိုးစားနိုင်လောက်မှ...”

ရှန့်ဖန်းယွိသည်ခဏတာတိတ်ဆိတ်စွာနေပြီးမစ္စစ်ဒေစီအား “ ကျွန်တော့်ရဲ့လူနာက ကျွန်တော် ချစ်မြတ်နိုးရသူလည်းဟုတ်ပါတယ်... ”

“ ယောက်ျားတစ်ယောက်လား...”

မစ္စစ်ဒေစီသည်အပြုသဘောဆောင်သောအဖြေကိုကြားရ၍အံ့အားသင့်နေခဲ့၏။သူမ၏ အမူအရာက ရုတ်တရက်ရှုပ်ထွေးလာကာသူမ၏ နက်ရှိုင်းသော အပြာရောင်မျက်လုံးများမှာမူ မဖော်ပြနိုင်သော စိတ်ခံစားမှုများနှင့် ပြည့်နေသည်။

ခဏကြာသောအခါ သူမဖုန်းမှတဆင့် ဓာတ်ပုံတစ်ပုံကိုရှာပြီး ရှန့်ဖန်းယွိအား ပြလိုက်သည်။

“ ကြည့်ပါ၊ ဒါကျွန်မကလေးလေ...”

အနှီးထဲမှ ကလေးမှာ မျက်မှောင်ကြုတ်နေသော်လည်း ချစ်ဖို့ကောင်းဆဲ။

ရှန့်ဖန်းယွိကဆိုသည်။
“သူကအရမ်းကျန်းမာတာပဲ...”

မစ္စစ်ဒေစီကပြုံးပြပြီးခေါင်းညိတ်လိုက်သည်။ သူမ ထိုကလေးအား ကြည့်လိုက်မှသာသူမအပြုံးကအနည်းငယ် ပို၍ စစ်မှန်လာသည်ဟုခံစားရသည်။

သူမသည်သူမ၏ဖုန်းကိုပြန်ယူကာ ICU ရှိသူမ၏ခင်ပွန်းရှိရာအား မှန်ပြတင်းမှ တဆင့်လှမ်းကြည့်သည်။ 

"သူက အစ်မရဲ့ခင်ပွန်းဖြစ်ပြီး သူက ကျွန်မအတွက်ဒီကလေးကိုမွေးပေးခဲ့တာ.”

ရှန့်ဖန်းယွိ ကအတိုင်းအတာတစ်ခုအထိခန့်မှန်းခဲ့သော်လည်းသူမအတည်ပြု၍ပြောသောအခါတွင်လည်း အံ့သြနေဆဲဖြစ်သည်။

တဦးတည်းကြံရာမရဖြစ်နေချိန်တွင် တူညီသောကံကြမ္မာကိုမျှဝေသူတစ် ဦးနှင့်တွေ့ဆုံရန်ဖြစ်လာသောအခါ ယုံကြည် စိတ်ချမှုသည်အထူးသဖြင့် ပို၍ ခိုင်မာလာတတ်သည်။နောက်ဆုံးတွင်မစ္စစ်ဒေစီသည်ဤစာနာတတ်သောလူစိမ်း ရှန့်ဖန်းယွိ အားသူမ၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကိုထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျွန်မက ကလေးတစ်ယောက်အမြဲတမ်းလိုချင်ခဲပေမယ့် နှစ်ပေါင်းများစွာလက်ထပ်ထိမ်းမြားပြီးတာတောင် ကိုယ်ဝန် မရခဲ့ပါဘူး… လွန်ခဲ့တဲ့ငါးနှစ်က ကျမမှာ ကင်ဆာရောဂါရှိတာ သိရတော့ သားအိမ်ကိုဖယ်ထုတ်လိုက်ရတယ်...”

“ အဲဒီအချိန်တုန်းကကျွန်မ အရမ်းစိတ်ပျက်သွားတယ်...ကျွန်မယောက်ျားက ကျွန်မကိုနှစ်သိမ့်ပေးပြီး ကလေးမရှိလည်း ပျော်ရွှင်နေနိုင်သေးတယ်...အဲ့ဒါကြောင့်တဖြည်းဖြည်းကလေးတစ်ယောက် လိုချင်တဲ့ ဆန္ဒကိုစွန့်လွှတ်ဖို့ ကြိုးစားသေးတယ်..မရခဲ့ဘူး…တခါတလေ အခြားကလေးရှိတဲ့လူတွေကိုမနာလိုပေမယ့် တခါတလေလည်း ဘုရားသခင်ရဲ့ မတရားဘူးဆိုတဲ့ အကြောင်းသူ့ကိုပြောနေမိတာ..."

“ တစ်နေ့ကျ ကျမခင်ပွန်းကရုတ်တရက် စအိုပိုင်းသွေးထွက်တဲ့လက္ခဏာတွေရှိလာတော့…ကျွန်မတို့ အရမ်းကြောက်သွားတာ…သူလည်းကင်ဆာရောဂါရှိတယ်လို့ထင်ခဲ့တာ…ဒါပေမယ့်ဆရာဝန်ကသူ့ကိုစစ်ဆေးပြီးတော့ သူကရာသီသွေးလာနေတာလို့ပြောခဲ့တယ်...”

သူမ၏အသံသည်နိမ့်ကျပြီးဝမ်းနည်းပူဆွေးနေကာအဖြစ်ဆိုး၏မူလအစကိုပြန်ပြောပြသည်။

 “ ဆရာဝန်ကပြောတာတော့ ကျွန်မခင်ပွန်းသည်က သူ၏ခန္ဓာကိုယ်အတွင်းမှာ ရုတ်တရက်ဖွံ့ဖြိုးလာတဲ့ သားအိမ်ရှိကြောင်း ပြောတယ်လေ..."

“ နောက်ပိုင်းတော့ သူလည်း ဒေါက်တာအဲလ်ဘတ်ကိုတွေ့ခဲ့တာ… ပြီးတော့သူကမျိုးဆက်ပွားနည်းပညာကတဆင့်ကလေးတစ်ယောက်ရနိုင်တယ်လို့ပြောခဲ့တယ် …သူ့ရဲ့ ဗိုက်ထဲမှာတဲ့…"

“ အဲ့နောက် သူကိုယ်ဝန်ရခဲ့ပြီး ကျွန်မတို့ နှစ်ယောက် စလုံးအရမ်းပျော်ရွှင်ခဲ့ကြတာ…သာမန်ဇနီးမောင်နှံတွေလို ဒီကလေးရောက်ရှိလာတာကိုမျှော်လင့်နေကြတာ..."

“ ဒါပေမယ့်ဒီခွဲစိတ်မှုမှာ ဒီလိုအန္တရာယ်ကြီး ရှိတယ်လို့သူဘယ်တော့မှမပြောခဲ့ဘူး”

မစ္စစ်ဒေစီမှာ နောင်တရပြီးစိတ်သောကရောက်နေသည်။

“ ကျွန်မသူနဲ့အတူကလေးတစ်ယောက်လိုချင်ရတဲ့အကြောင်းရင်းက သူ့ကိုအရမ်းချစ်လို့…ရိုးရိုးလေးပဲဆိုတာသူနားမလည်ဘူး….သူ့ကြောင့်သူနဲ့ကျွန်မဗီဇရောစပ်ထားတဲ့ကလေးတစ်ယောက်ရချင်ခဲ့တယ်… အကယ်၍ သူကလေးမရှိဘဲကောင်းကောင်းနေနိုင်မယ်ဆို ကျွန်မပျော်ရွှင်နေမှာပဲကို…"

“ ဒီခွဲစိတ်မှုရဲ့အန္တရာယ်တွေအရမ်းများတယ်ဆိုတာကိုသိရင်သူ့ကိုကိုယ်ဝန်လွယ်ဖို့ ဘယ်တော့မှခွင့်ပြုခဲ့မှာမဟုတ်ဘူး…သူကစီးပွားရေးသမားတစ်ယောက်မလို့ အခြားဘယ်သူထက်မဆို စွန့်စားတာ အကဲဖြတ်တာတွေကိုပိုနားလည်သင့်တယ်..."

မစ္စစ်ဒေစီသည်သူမ၏ဖုန်းထဲမှ ကလေး၏ပုံကို တခါပြန်ကြည့်လိုက်သည်.။

“ ဆရာသိလား ဒီမှာကျွန်မခင်ပွန်းကိုလှဲနေတာကို မြင်တဲ့သူတိုင်းက သူရူးနေတယ်လို့ပဲ ပြောနေကြတယ်..”

ထိုအချိန်တွင် ရှန့်ဖန်းယွိ သည်မစ္စစ်ဒေစီကိုကြည့်ကာ ဒေါက်တာအဲလ်ဘတ် ပြောသည့်စကားအဓိပ္ပာယ်ကိုရုတ်တရက်နားလည်ခဲ့သည်။

—“ သူ့ကို ICU ထဲအထိကိုယ်တိုင်ကိုယ်ကျပေးပို့ရန်ဆန္ဒမရှိရင် ”

သူမ၏ကိုယ်ပိုင်ဆန္ဒကိုဆန့်ကျင်ကာ သူမ၏ချစ်ရသူကိုနာကျင်စေသည့်အပြစ်ရှိစိတ်က မစ္စစ်ဒေစီအားလွှမ်းမိုးသွားခဲ့သည်။

အစက ရှန့်ဖန်းယွိလည်း ထိုသို့ လွှမ်းမိုးခါနီးကြုံဖူးသည်။

မစ္စတာ ဘိတ်ကာ ရှိသည့်ဆေးရုံမှထွက်ခွာသောအခါ ရှန့်ဖန်းယွိ သည်သူ့တွင်ပါလာသောတစ်ရှူးအားလုံးကိုမစ္စစ်ဒေစီအားပေးခဲ့သည်။သို့သော်သူမ၏ရှည်လျားသောမျက်ရည်စီးကြောင်းများမှာ မရပ်တန့်နိုင်ပေ။ သူမ ကိုယ်ခံအားဓာတ်မညီမျှမှုကိုကြုံတွေ့ရခြင်းမှကာကွယ်ရန်ဆားငန်ရေခွက်တစ်ခုပြုလုပ်ပေးခဲ့သေးသည်။

ဆေးရုံမှထွက်ခွာပြီးနောက် ရှန့်ဖန်းယွိသည် S နိုင်ငံရှိအိမ်၏ရေတို ငှါးရမ်းမှုစာချုပ်ကိုဖျက်သိမ်းခဲ့ကာ ဒေါက်တာ အဲလ်ဘတ်ထံသူ၏အကူအညီနှင့်အကြံဥာဏ်များအတွက်ကျေးဇူးတင်ရှိကြောင်း မေးလ်ပို့လိုက်သည်။

နောက်ဆုံးတွင်သူသည်ဆင်ခြေဖုံး ဗီလာ ၏နှင်းဖုံးနေသောလမ်းကြောင်းတစ်လျှောက်လမ်းလျှောက်သွားပြီး တက္ကစီငှါးသည့်နေရာသို့သွားခဲ့သည်။

ဆီးနှင်းမှာအလွန်ထူ၍ နက်ရှိုင်းလွန်းသဖြင့်အရှိန်ပြင်းပြင်းနင်းသောအခါအသံမြည်လာသည်။ သူ၏ဖိနပ်များမှာနှင်းထုထဲသို့ နှစ်လိုက်ရုံဖြင့် အအေးဓာတ်မှာ ခြေထောက်မှ တစ်ဆင့် တက်လာသည်။ လေသည်ကြည်လင်ပြတ်သားနေကာ အေးမြသောနှင်းပွင့်များကိုသယ်ဆောင်နေပုံရသည်။ ရှန့်ဖန်းယွိကသူ၏ မျက်လုံးများကို ပိတ်လိုက်သောအခါသူသည် ကျောက်မျက်များကဲ့သို့တောက်ပနေသောမစ္စစ်ဒေစီ ၏ အပြာရောင်မျက်လုံးများကိုစဉ်းစားမိသည်။

မဖော်ပြနိုင်သောဝမ်းနည်းခြင်းနှင့်စွန်းထင်းပြည့်နှက်နေခဲ့၏။

ကျန်းရွှိမှာ ရှန့်ဖန်းယွိ ထံမှဖုန်းခေါ်ဆိုမှု လက်ခံရချိန်တွင် သူသည် သူ၏ကျောင်းသားတစ်ဦးထံမှစမ်းသပ်မှုတစ်ခုအပေါ် တိုးတက်မှုအစီရင်ခံစာအားနားထောင်ရန်ပြင်ဆင်နေသည်။

မြောက်မြားစွာသော လွှမ်းမိုးမှုအချက်များကြောင့်ဇီဝဗေဒဆိုင်ရာစမ်းသပ်မှုများပြန်လည်ထုတ်လုပ်နိုင်ခြင်းမှာမခံမရပ်နိုင်ဖြစ်စေ၏။ဤကျောင်းသားသည်တူညီသောစမ်းသပ်မှုကိုနှစ်လပြုလုပ်ခဲ့သော်လည်းထိန်းချုပ်မှုအဖွဲ့မှ အချက်အလက်များပင်တည်ငြိမ်မှုမရှိခဲ့ပေ။ကျန်းရွှိအား ဒေါသထွက်စေသောကြောင့် လေးလေးနက်နက်စကားပြောရန်ရည်ရွယ်ကာ သူ့ရုံးခန်းထဲဆွဲခေါ်လာလိုက်ခြင်းဖြစ်သည်။

ဝင်လာသော ဖုန်းခေါ်ဆိုမှုကိုမြင်သောအခါ သူမတ်တပ်ရပ်လိုက်ကာ ကျောင်းသားအားအမူအရာဖြင့် 

"မင်းရဲ့ PPT ကိုထပ်စစ်ဆေးပြီး မင်းရဲ့မှတ်စတွေကိုမကြည့်ဘဲ အင်္ဂလိပ်ဘာသာနဲ့ ပြန်တင်ပြ..."

ထို့နောက်သူရုံးခန်းမှထွက်လာကာ ရှန့်ဖန်းယွိ ၏ခေါ်ဆိုမှုကိုဖြေကြားခဲ့သည်။

“ ဟယ်လို.."

“ ကျန်းရွှိ ... ”

အကြောင်းပြချက်အချို့ကြောင့်အခြားတစ်ဖက်ရှိအသံသည်တောကန္တာရထဲမှ ဆီးနှင်းကဲ့သို့အကြောင်းပြချက်မရှိဘဲ ကျန်းရွှိအား အေးစက်သွားစေသည်။

“ ဘာဖြစ်လို့လဲ.. ” 
သူသည် ရှန့်ဖန်းယွိ ထူးဆန်းနေသည်ဟု ခံစားရသည်။

ဖုန်း၏အခြားတစ်ဖက်တွင်အချိန်ကြာမြင့်စွာတိတ်ဆိတ်နေခဲ့ပြီးနောက် ရှန့်ဖန်းယွိ ကသူ့အား ခပ်တိုးတိုးပြောလိုက်သည်။ 
“ ကျန်းရွှိ…ငါတောင်းပန်ပါတယ်..”

ကျန်းရွှိ၏ မျက်ခွံမှာ ရုတ်တရက် တွန့်သွားရသည်။

သူသည်ကျီဟွားဆေးရုံ၏အဆောက်အအုံကြီးထိပ်မှ ငုံ့ကြည့်လိုက်၏။ ဆေးရုံရှိအလုပ်များသောလူနာများ….ဘီးတပ်ကုလားထိုင်များတွန်းနေသောသူများ… အခြားသူများမှာ ခေါင်းများသာဖော်ထား၍အဖြူရောင် အခင်းများဖြင့်အုပ်ထားကာ သူတို့အား ဘယ်နေရာသို့ပြောင်းရွှေ့မည်ကို မသိကြပေ။

ရှန့်ဖန်းယွိ မည်သည့်အရာကိုစိတ်ညစ်နေမှန်း သူမသိသော်လည်း ရှန့်ဖန်းယွိပြောချင်သည့်စကားကို သူသိသည်။

သူနှင့် ရှန့်ဖန်းယွိတို့အကြား ပွင့်ပွင့်လင်းလင်းနားလည်မှုရှိပုံရသည်။ သူအားနည်းနေချိန်တွင် ရှန့်ဖန်းယွိကပိုသန်မာလာကာ ရှန့်ဖန်းယွိအားနည်းချိန်တွင် သူသည်ပိုသန်မာလာသည်။

ဖုန်းကိုင်ထားသည့် ကျန်းရွှိ၏လက်ကတုန်လှုပ်သွားသည်။ သူအသက်ပြင်းပြင်းရှုကာ သူ၏အခြားလက်ဖြင့် တုန်နေသည့်လက်အား ဖိကိုင်ထားရသည်။

“ အဲဒီညအတွက်မဟုတ်ခဲ့ရင်လည်း ငါကိုယ်ဝန်မရပေမယ့် ငါလအနည်းငယ်အတွင်း အသက်အန္တရာယ်ရှိတဲ့ သားအိမ်ဖယ်ရှားရေးခွဲစိတ်ကုသမှုကို ရင်ဆိုင်နေရအုံးမှာပဲ…အဲ့ဒါက လက်ရှိအခြေအနေထက် ပိုကောင်းမှာမဟုတ်ဘူး.."

“ ဒါက မင်းနဲ့ လုံးဝမသက်ဆိုင်ဘူး…အဲ့ဒါကို ပြောင်းလဲဖို့ နည်းလမ်းလည်း မရှိဘူးလေ… ပြီးတော့ မင်း အဲ့ဒီညအတွက်တောင်းပန်ပြီးပြီလေ… ပြီးခဲ့တဲ့လတွေကဖြစ်ပျက်ခဲ့တဲ့အရာအတွက် ထပ်ခါတလဲလဲတောင်းပန်နေတာကမင်းရဲ့မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး ငါ့ကို သံသယဖြစ်စေတယ်.."

“ မင်းရဲ့ပါးစပ်က နေတောင်းပန်ပါတယ်ဆိုတာကို ထပ်မကြားချင်ဘူး… အကယ်၍ မင်းပြောချင်ရင်... ငါတောင်းပန်ပါတယ်ဆိုတာအစား မင်းကိုငါချစ်တယ် လို့ပဲပြော.."

စကားပြောပြီးနောက် သူသည်ဖုန်းကိုကိုင်ထားလျက် စားပွဲပေါ်ရှိလက်ဖက်ရည်ခွက်ကိုကောက်ကာသူ၏ရုံးခန်းသို့ပြန်သွားသည်။

ရေပူ၏အပူချိန်သည်သူ၏လက်ချောင်းများကိုနွေးစေပြီးအေး၍တုန်နေသောလက်ချောင်းများကိုတဖြည်းဖြည်းငြိမ်သက်သွားစေသည်။ 

သူကြည့်လိုက်သောအခါစာတမ်းတင်မည့်ကျောင်းသားက PPT ကိုပြုလုပ်ပြီးသူ့အားစိတ်လှုပ်ရှားစွာကြည့်နေသည်။

ကျန်းရွှိ ကသူ့အား ခေါင်းညိတ်ပြပြီးသူစတင်နိုင်ကြောင်းပြောလိုက်၏။

သူ၏အင်္ဂလိပ်စာကအနည်းငယ်အဆင်မပြေသေးသော်လည်းတစ်ဝက်ကျော်သွားသောအခါ သူ၏နဖူးပေါ်တွင်ချွေးထွက်လာသည်။သို့သော် PPT တွင်သူတင်ခဲ့သောစမ်းသပ်အချက်အလက်များမှာ သူ၏စမ်းသပ်မှုသည်အောင်မြင်ပြီး နောက်ဆုံးတွင်တသမတ်တည်းရမည့် ရလဒ်များကိုရှင်းလင်းစွာပြသခဲ့သည်။

ကျန်းရွှိ အံ့အားသင့်သွားသည်။ 

“ ဘယ်အချိန်မှာအဲဒီလိုလုပ်လိုက်တာလဲ ”

ကျောင်းသားက တွန့်ဆုတ်နေသော်လည်း 

"လွန်ခဲ့တဲ့… ရက်အနည်းငယ်ကပါ .. ကျွန် တော်က ဆရာ့ရဲ့ ညွှန်ကြားချက်တွေကိုလိုက်နာပြီး ကျွန်တော့်အရင်စမ်းသပ်ချက်မှတ်တမ်းတွေကိုလည်း အကြိမ်ပေါင်းများစွာပြန်လည်သုံးသပ်ပြီး ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကို ရှာဖွေ၊ နောက်ဆုံး ကျွန် တော် ထပ်ခါတလဲလဲ စမ်းသပ်မှုအကြိမ်ပေါင်းများစွာလုပ်ထားတာပါ.."

ကျန်းရွှိ သည်ကျောင်းသားအားစိတ်မသက်မသာခံစားနေရသည်အထိကျောင်းသားအားကြည့်နေခဲ့သည်။ ပြီးနောက် သူ၏ဖုန်းကိုရုတ်တရက်ထုတ်ယူခဲ့ကာ စမ်းသပ်မှုရလဒ်များကိုဓာတ်ပုံရိုက်ခဲ့သည်။

"မင်းရဲ့အောင်မြင်မှုကို တုံးအတဲ့ ကျောင်းသားတွေဆီ မျှဝေပေးလို့ရလား.."

အမြဲတမ်းအပျက်သဘောဆောင်သောဥပမာအဖြစ်ဆက်ဆံခံခဲ့ရသောကျောင်းသားက
“ အဆင်ပြေပါတယ်" ဟုပြန်ဖြေခဲ့သည်။

ကျန်းရွှိ သည်သူ၏ခေါင်းကိုငုံထားကာ ရှန့်ဖန်းယွိထံ သို့ဓာတ်ပုံပို့လိုက်သည်။ 

"လွန်ခဲ့တဲ့တစ်လကငါ့ရဲ့ဒုတိယမြောက်မာစတာကျောင်းသားကဒီစမ်းသပ်မှုအကြောင်းပြောပြတယ်…သူကရလဒ်ကောင်းတွေကိုမရနိုင်တော့လို့ဆိုပြီး အဲဒီအကြောင်းအရာ တွေနှင့်ပတ်သက်ပြီး ခွင့်လွှတ်ဖို့ပဲတောင်းပန်နေခဲ့တာလေ..အခု သူအောင်မြင်သွားပြီ.."

သူသည်ဤမိုက်မဲသောကျောင်းသားအတွက်မေးခွန်းတစ်ခုကျန်ခဲ့လေရာ သူက လက်တစ်ဖက်တည်းဖြင့်စာရိုက်ပို့လိုက်သည်။

"ပါမောက္ခရှန့်ရော ငိုချင်သေးလား"