အပိုင်း ၁၀၃
Viewers 32k

🧑‍⚕️Chapter 103





လူသုံးယောက်၏ဦးနှောက်များမှာ တစ်ချိန်တည်းတွင် တောင့်ခဲသွားကြပြီး ရှန့်ဖန်းယွိမှာ ပထမဆုံးသတိဝင်လာသူဖြစ်ကာ တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။ 

" အာ.. မင်း…"

ရှန့်ဖန်းယွိ၏စကားသံကြောင့် သတိပြန်ဝင်လာခဲ့သောကျန်းချန်မှာ မြေပြင်ပေါ်သို့ပြုတ်ကျနေသည့်ခွက်ကိုကြည့်၍ တံတွေးမြိုချလိုက်ပြီး အဆုံး၌ ပြန်လည်သတိမရခင်ခဏအထိ အတွေးနက်နေခဲ့ပုံရကာ " ရုံးကရေသန့်စက်က ပျက်နေတာနဲ့ ရေထည့်ဖို့လှေကားကိုလာခဲ့လိုက်တာ…"

" အို…" ရှန့်ဖန်းယွိ အနောက်သို့ဆုတ်ကာ လှေကားရင်းတွင်ရှိနေသည့် ရေသန့်စင်စက်ကို ညွှန်ပြလိုက်ပြီး တည်ငြိမ်ဟန်ဆောင်၍ပြောလိုက်သည်။

 " သွားထည့်လေ…"

ကျန်းချန်၏ဂုတ်ပိုးမှာတောင့်တင်းသွားရပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းညိတ်လိုက်မိသည်။ သူကြောင်တောင်တောင်ဖြစ်နေစဉ်မှာပင် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရမိသွားသောကြောင့် သူ၏အမူအယာမှာ ထိတ်လန့်နေသည့်ပုံစံသို့ ပြောင်းလဲသွားပြီး " ‌တွေးကြည့်မှပဲ ငါရေမဆာတော့ဘူး… ကျေးဇူးနော်…"

ထိုသို့ပြောပြီးနောက် အောက်သို့ထိုင်ချ၍ပြုတ်ကျနေသည့်ခွက်ကိုကောက်ကာ ရှန့်ဖန်းယွိစကားပြန်ပြောသည်ကိုပင် မစောင့်ဘဲ အလျင်အမြန်ပြေးထွက်သွားခဲ့သည်။

ကျန်းချန် ထိတ်လန့်သွားသည်ကိုမြင်လိုက်ရသောကြောင့် ရှန့်ဖန်းယွိမျက်မှောင်ကြုတ်ကာ နဖူးပြင်ကိုပွတ်သပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ပျက်နေသည့်အရိပ်အယောင်ထပ်ဟပ်နေသည်။

 " ရုံးခန်းထဲကရေသန့်စက်ကာ အရင်ကမပျက်ဖူးပါဘူး…ဘာလို့အခုကြမှထဖြစ်ရတာလဲမသိနော်…"

ကျန်းရွှိမှ သူ့ကိုစိုက်ကြည့်လာသဖြင့် နောက်ပိုင်းတွင် သူအမှားလုပ်မိသည်ကို သတိရသွားသောကြောင့် ခေါင်းကိုငုံ့ကာ ရိုးရိုးသားသားပြောလိုက်သည်။

 " တောင်းပန်ပါတယ်… ငါမင်းကိုချစ်တယ်နော်…"

ကျန်းရွှိ : "..."

" သူဘယ်လောက်ထိမြင်သွားတယ်ထင်လဲ…" ရှန့်ဖန်းယွိ မျှော်လင့်တကြီးမေးလိုက်မိသည်။ " အဲဒီနေရာကနေဆို ငါတို့နမ်းနေတာ မြင်သွားနိုင်လား…"

" ဘာမှမမြင်ရင် သူဒီလိုတုံ့ပြန်လာမှာလား…" ကျန်းရွှိမှ သူ၏မျှော်လင့်ချက်ပူဖောင်းလေးကို ထိုးဖောက်လိုက်သည်။

" အင်းနော်…" ရှန့်ဖန်းယွိ ခပ်လေးလေးပြောလိုက်သည်။ " ဒါ‌ဆို ငါမင်းဗိုက်ကိုထိပြီး ရှောင်ရှောင်းကိုပြောနေတာကော…သူကြားသွားနိုင်လား…"

ပြောရခက်လှသည်။

ကျန်းရွှိ မျက်မှောင်ကြုတ်လျက် ရှန့်ဖန်းယွိကို အကြံပေးလိုက်၏။ " သူ့ကိုသွားရှာပြီး စကားပြောကြည့်တာပေါ့…"

တာဝန်ယူမှုကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရသည့်ရှန့်ဖန်းယွိမှ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူရုံးခန်းသို့လျှောက်လာကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး ကျန်းချန်ကို ခေါ်ထုတ်လိုက်လေသည်။ 

" ခဏထွက်လာဦး…"

ကျန်းချန်မှာမူ သူ၏ရေခွက်ကို တင်းကြပ်စွာဖက်ထားကာ အသက်ကိုခြိမ်းခြောက်ခံလိုက်ရသကဲ့သို့ အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့သည်။ ထို့နောက် သူကြောက်ရွံ့လာကာ ရုတ်တရက်ထပြောလိုက်လေသည်။

 " မလာဘူးနော် မင်းဘာပြောပြောမလာဘူးပဲ…ငါဘာမှမမြင်ခဲ့တာမလို့ ငါ့ကိုနှုတ်ပိတ်ပြီးသတ်လိုက်‌လို့မရဘူး… သေရင်တောင်မလာဘူး…"

ရုံးခန်းတွင်းရှိအခြားသူများလည်း သူတို့နှစ်ဦးကို နားမလည်နိုင်စွာကြည့်လာကြကာ ဘေးမှယွီစန်းမှ သူ၏ကံမကောင်းမှုကို ကျေနပ်စွာပြောလိုက်သည်။

 " မင်းတို့ညီအစ်ကိုတွေအချင်းချင်းရန်ဖြစ်နေကြတာလား…"

ဝူရွေ့မှလည်း ဝင်အကြံပေးလိုက်သည်။ " သေတာရှင်တာတွေ ပြောမနေကြနဲ့…လူနာတွေကြားသွားရင် မကောင်းဘူးနော်…"

ကျန်းချန်မှာ နေရာတွင်ပင် တောင့်ခဲနေကာ ပြောစရာစကားကင်းမဲ့နေပြီး သီးသွားခဲ့ရသည်။ သူမြင်တွေ့ခဲ့ရသည့်အရာကို တိုက်ရိုက်ပင်ထုတ်ပြောလိုက်ရန်ပင် ဆန္ဒရှိလာကာ ဤအကြောင်းကိုသာ ထိုသူနှစ်ဦးသိသွားပါက သူ့ကိုဆက်လက်၍တည်တည်ငြိမ်ငြိမ်ဖြင့် နောက်ပြောင်နိုင်ဦးမည်လားဆိုသည်ကို ကြည့်ချင်သေးသည်။

" ငါကလူမသတ်တတ်ပါဘူး… ထွက်လာခဲ့စမ်းပါ… ငါကမင်းနဲ့စကားပြောချင်ရုံလေးပဲ…"

" ငါ့ဖင်ကြီးကိုပဲပြောလိုက်…" ကျန်းချန်မှာ သူ၏ပုံမှန်ယဉ်ကျေးသောစကားအပြောအဆိုကိုပင် ထိန်းမထားနိုင်တော့ပေ။ " မင်းအဲဒီဟာကိုတောင်လုပ်နိုင်ခဲ့ရင် ဘာမလုပ်နိုင်တာရှိဦးမှာလဲ…"

" သူဘာလုပ်ခဲ့တာလဲ…" ယွီစန်း ပို၍သိချင်လာကာ ရှန့်ဖန်းယွိကို မေးလိုက်သည်။ " ဘာလုပ်ခဲ့လို့လဲ…"

ရှန့်ဖန်းယွိ ဘာလုပ်ခဲ့သည်နည်း။

သူ၏ရန်သူနှင့်ပင်ချစ်ကျွမ်းဝင်ခဲ့ကာ ကလေးပင်ရှိနိုင်လိမ့်မည်။

ကျန်းချန် ယခုပင်မြင်တွေ့ခဲ့ရသောအကြောင်းကို ပြန်သတိရသွားပြီးနောက် သူယခုအချိန်ထိ မနိုးထသေးဟု သံသယဝင်မိသွားသည်။

ရှန့်ဖန်းယွိမှာ ကျန်းရွှိနှင့်ပင်အတူရှိနေပြီဖြစ်ရာ တစ်စုံတစ်ယောက်ကိုလူသတ်နှုတ်ပိတ်ခြင်းမျိုးမှာ မဖြစ်နိုင်သောအရာမဟုတ်ချေ။

သောက်ကျိုးနည်း… မကြာသေးမီကပင် ရှန့်ဖန်းယွိ သူနှင့်ကျန်းရွှိတို့အတူရှိနေကြပြီဟု ပြောလာသည်ကို အမှတ်ရလိုက်သည်…

ထိုအချိန်တုန်းက ကျန်းချန်မယုံကြည်နိုင်ခဲ့ဘဲ ရှန့်ဖန်းယွိ နောက်နေသည်ဟုသာ ပြန်ပြောခဲ့မိသည်။

ယခုအချိန်မှ သိလိုက်ရသည်မှာ သူကိုယ်တိုင်သာလူပြက်တစ်ယောက်ဖြစ်သွားခဲ့ရသည်ကိုပင်။

ဤရက်ပိုင်းအတွင်း ကောလဟာလများမှာ ယုံကြည်နိုင်စရာမကောင်းလေလေ ပို၍စစ်မှန်တတ်လေလေဟု လူအများပြောနေကြသည်မှာ အံ့ဩဖွယ်ရာမရှိပေ။

ကျန်းချန်မှာ အလွန်အမင်းခုခံနေသည့်အတွက် ရှန့်ဖန်းယွိ အတွင်းသို့ ဝင်လာခဲ့သည်။ ကျန်းချန်၏လက်မှရေခွက်ကို စားပွဲပေါ် အတင်းအကြပ်ချပေးလိုက်ကာ သူ့ကိုမ၍ အပြင်သို့ဆွဲခေါ်လာလိုက်လေသည်။

" အိုး ဘုရားရေ ကယ်ကြပါဦး…"

ကျန်းချန်အပေါ်သို့သက်ရောက်မှုမှာ အလွန်ကြီးမားသောကြောင့် ထိုအချိန်၌ သူ၏ခေါင်းမှာလေးလံနေသည်ဟုခံစားလိုက်ရကာ ခြေလက်များပျော့ခွေသွားပြီး သူ၏ခြေထောက်များမှာ ဝါဂွမ်းလုံးပေါ်တွင်ရပ်နေရသကဲ့သို့ အားနည်းနေခဲ့သည်။ တစ်လှမ်းပြီးတစ်လှမ်း တိမ်လိုက် နစ်လိုက်ဖြစ်နေခဲ့ရာ ရှန့်ဖန်းယွိ သူ့ကိုဆွဲခေါ်သွားသည်အား မရုန်းနိုင်တော့ပေ။

ဝူရွေ့မှာ သူတို့၏ကတောက်ကဆများကို မည်သည့်အချိန်ကမှ ဝင်မပါခဲ့သူဖြစ်ပြီး ယွီစန်းမှာမူ သူတို့တစ်ဦးကိုတစ်ဦးဆန့်ကျင်နေကြသည့်အတွက် ပျော်ရွှင်နေကာ မီးထဲသို့ပင် လောင်စာထပ်လောင်းပေးလိုက်သည်။

 " တွေ့ပြီလား..ငါတို့အစ်ကိုရွှိက တကယ်စိတ်ကောင်းရှိတယ်ဆိုတာ… ဒါပေမယ့် ဒေါက်တာရှန့်ကတော့ စိတ်ရှည်ပုံမရဘူးနော်… ဘယ်ကောင်းမလဲ…"

ကျန်းချန် အမှန်တရားအကြောင်းမသိသေးသောယွီစန်းကိုကြည့်ကာ အားနည်းစွာဖြင့် သတိပေးလိုက်သည်။ " အကြံပေးတာနော် ရှန့်ဖန်းယွိအကြောင်းမကောင်း‌မပြောနဲ့တော့… အထူးသဖြင့် ကျန်းရွှိရှေ့မှာပဲ.. မဟုတ်ရင် မင်းနောင်တရလိမ့်မယ်…"

ယွီစန်း ကျစ်ခနဲစုတ်သပ်လိုက်ပြီး သိသိသာသာပင် သူ၏အကြံကိုလိုက်နာမည့်ဟန်မရှိချေ။

အဆုံး၌ ကျန်းချန်မှာ ရုံးခန်းအပြင်ဘက်သို့ ဆွဲခေါ်သွားခံရပြီး လက်ပိုက်ကာ ရှန့်ဖန်းယွိကို ကူညီရမည်လား မကူညီရမည်လား ဆိုသည်ကိုတွေးလျက် ရပ်နေသည့်ကျန်းရွှိကို မြင်လိုက်ရသည်။

ထိုသူနှစ်ဦး၏အကြည့်များမှာ သူ၏ခေါင်းပေါ်သို့ကျရောက်လာသည့်အတွက် ကျန်းချန်တုန်ယင်သွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို သူ၏အသိစိတ်များကိုစုစည်းကာ သူတို့နှစ်ဦး သူ့ကိုဆွဲမခေါ်သွားနိုင်ခင် ရှန့်ဖန်းယွိချုပ်ထားသည်မှ အလျင်အမြန်ရုန်းလိုက်ပြီး မကျေမနပ်ဖြင့် အရှုံးပေးလိုက်ရသည်။ " မင်းတို့စကားပြောချင်တဲ့နေရာကို သွားကြမယ်… ငါ့ကိုသာလွှတ်ပေး ငါ့ဘာသာသွားနိုင်တယ်…"

စားသောက်ဆိုင်တစ်ဆိုင်၏သီးသန့်ခန်းထဲတွင် ကျန်းချန် ဟင်းပွဲများနှင့်ပြည့်နေသောစားပွဲကို သတိတကြီးကြည့်လိုက်ပြီး ရှန့်ဖန်းယွိကို တစ်ချက်ကြည့်ကာ ထို့နောက်ကျန်းရွှိကိုကြည့်၍ ပြောလိုက်သည် 

" မင်းတို့တွေငါ့ကိုအဆိပ်ခပ်သတ်ကြတော့မလို့လား…"

ကျန်းရွှိ သက်ပြင်းချလိုက်ကာ အနည်းငယ်ယူစားပြလိုက်ပြီးနောက် ကျန်းချန်ကို ပြောလိုက်သည်။ " စားလို့ရပြီ…"

" သောက်ကျိုးနည်း…" ကျန်းချန် သူမြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေရပြီး သူ၏ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ " ငါဆက်မလုပ်နိုင်တော့ဘူး…သေရမယ်ဆိုရင်တောင် သိပြီးမှသေမယ်…"

ကျန်းချန် သူ၏တူများကို ချကာ ကျန်းရွှိကိုမေးလိုက်သည်။ " ရှန့်ဖန်းယွိနမ်းလာတုန်းက မင်းဘာလို့မရှောင်တာလဲ.."

" အချိန်မီ မတုံ့ပြန်နိုင်လို့…"

ကျန်းချန် ရှန့်ဖန်းယွိကို ထပ်မံ၍ကြည့်ကာမေးလိုက်သည်။ " ဒါဆို မင်းကျန်းရွှိကို အတင်းအကြပ်လုပ်ခဲ့တာလား…"

ရှန့်ဖန်းယွိမှ ကျန်းရွှိကို ကြည့်ကာ ဖြေလိုက်သည်။ " မဟုတ်ဘူးထင်တာပဲ…"

ကျန်းချန် သက်ပြင်းတစ်ချက်ချကာ ပြာမှုန်များသဖွယ်ဖြစ်နေပြီဖြစ်သည့် သူ၏နှလုံးသားဖြင့် အတည်ပြုလိုက်သည်။ " မင်းတို့နှစ်ယောက်တကယ်ကြီးတွဲနေကြတာလား…"

ကျန်းရွှိမှ ခေါင်းကိုငြိမ့်၍ " ဟုတ်တယ်…"

" သောက်ကျိုးနည်းကွာ…" ကျန်းချန်မနေနိုင်ဘဲ ရှန့်ဖန်းယွိကို အပြစ်တင်လိုက်လေသည်။ 

" ငါမင်းနားမှာ အမြဲရပ်ပြီးနှစ်ပေါင်းများစွာ ထောက်ခံခဲ့တာကို… အခုတော့ မင်းရဲ့သောက်ချီးလိုရန်သူနဲ့အတူရှိသွားပြီပေါ့…"

ရှန့်ဖန်းယွိ သူအမှားလုပ်မိသည်ကို သိသွားသောကြောင့် ခဏမျှတိတ်သွားပြီးနောက် သူငယ်ချင်းချင်း အကြံပေးလိုက်သည်။ 

" မင်းကောငါ့ရန်ဘက်နဲ့အတူရပ်ချင်လား…"

" ချီး.. ငိုးလိုပဲ…"

ကျန်းချန် သူနှင့်ဆက်၍စကားမများချင်သောကြောင့် သူ၏နဖူးကိုနှိပ်နယ်ကာ သိလာခဲ့ရသည့်သတင်းကို သူ၏ခြေလက်များအေးခဲလာသည်အထိ အချိန်အတော်ကြာအောင် ချေဖျက်နေခဲ့ရသည်။ ကျန်းချန် သူ၏လက်များနွေးထွေးစေရန်အတွက် စားပွဲပေါ်မှ ရေနွေးခွက်ကို ကောက်ယူလိုက်စဉ် ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသောကြောင့် မနေနိုင်ဘဲ ကျန်းရွှိ၏ဗိုက်ကို တစ်ချက်ခိုးကြည့်လိုက်သည်။

ကျန်းရွှိမှ " ဘာမေးချင်လို့လဲ ဒီတိုင်းပြောလိုက်ပါ.."

" ဒါဆို ငါမေးလို့ရမလား…" စကားအချို့မှ သူ၏ခေါင်းထဲတွင် ထပ်ခါတလဲလဲဝေ့လည်နေကာ ကျန်းချန် အနာပေါက်တော့မလိုပင် ဖြစ်နေခဲ့ရသည်။ ထို့ကြောင့် ရှန့်ဖန်းယွိ၏စကားများကို သတိထား၍ပြန်လည်စဉ်းစားလိုက်ပြီး ‌တုန်ယင်စွာဖြင့် မေးလိုက်လေသည်။

 " ရှောင်ရှောင်း အဖေ့အတွက်ကူပြောပေးပါဦးဆိုတာက ဘာကိုဆိုလိုတာလဲ…"

ရှန့်ဖန်းယွိ၏မျက်လုံးများမှောင်မိုက်သွားခဲ့ရသည်။

ကျန်းချန် မည်သည့်အချိန်ကတည်းက ခိုးနားထောင်နေခဲ့သည်လဲ…သူတို့ပြောသမျှအားလုံးကို ကြားသွားသည်မှာ အသေအချာပင်ဖြစ်သည်။

" ဒါက…" ရှန့်ဖန်းယွိ မျက်မှောက်ကြုတ်လျက် သူ၏ဦးနှောက်ထဲတွင် ပုံပြင်တစ်ခုပြောရန် တောက်လျောက်အလုပ်ပေးနေကာ " ဒါက…"

ထိုစဉ် ကျန်းရွှိမှ သူ၏လက်ကို အသာအယာပုတ်ပေးလာကာ ရပ်တန့်ရန်အချက်ပြလိုက်သည်။

ကျန်းရွှိထံတွင် သူမမျှော်လင့်ထားသောပုံပြောနိုင်စွမ်းမျိုးရှိနေမည်လားဟု သူတွေးနေသည့်အချိန်တွင် ကျန်းရွှိတိုက်ရိုက်ပြောချလိုက်သည်ကို ရှန့်ဖန်းယွိကြားလိုက်ရသည်။ " ‌ဒီထဲမှာကလေးရှိနေတာလေ…"

" ခရပ်…" ရေနွေးခွက်နှစ်ခွက်ကျသွားသည့်အသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းရွှိမှာမူ သူ၏ရှေ့မှလူနှစ်ဦး၏မရင့်ကျက်မှုကြောင့် သက်ပြင်းတစ်ချက်သာတိတ်တဆိတ်ချလိုက်ရလေသည်။

အလိမ်အညာတစ်ခုတွင် မရေတွက်နိုင်သောအလိမ်အညာများလိုအပ်ပေလိမ့်မည်။ အကယ်၍သာ ကျန်းချန် မည်သည့်အရာကိုမှ မမြင်မကြားခဲ့ပါလျှင် အဆင်ပြေနိုင်မည်ဖြစ်သော်လည်း ယခုအချိန်၌ အရာအားလုံးကို မြင်ခဲ့တွေ့ခဲ့ပေရာ သိချင်စိတ်ကြောင့် သူတို့ကို စေ့စေ့စပ်စပ်လိုက်လံစပ်စုနိုင်သည်။

ကိုယ်ဝန်ဆောင်နေရခြင်းမှာ ကျန်းရွှိ၏ခန္ဓာကိုယ်နှင့်အလေ့အကျင့်များတွင် အပြောင်းအလဲများဖြစ်ပေါ်စေပြီး ဌာနတစ်ခုထဲတွင် လုပ်ကိုင်နေရသည်ဖြစ်သော‌ကြောင့် ကျန်းချန်နှင့်မကြာခဏတွေ့ဆုံခြင်းမှ ရှောင်တိမ်းရန် ခက်ခဲလိမ့်မည်ပင်။ ထို့အပြင် ကျန်းချန်သံသယဝင်နေခဲ့ပါက သူတို့အတွက်လည်းရေရှည် ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ချေ။

သူနှင့်ကျန်းချန်တို့သည့် ရင်းနှီးသောသူငယ်ချင်းများမဟုတ်ကြသော်လည်း ဆယ်နှစ်ကျော်ကြာသိခဲ့ကြသူများဖြစ်သောကြောင့် ကျန်းရွှိ ကျန်းချန်၏အကျင့်စရိုက်ကို ကောင်းစွာသိနေခဲ့သည်။

ကိုယ်ဝန်ရှိနေခြင်းမှာ အနည်းငယ်ရှက်စရာကောင်းလှသော်လည်း ၎င်းသည်ရှက်ရွံ့သိမ်ငယ်နေရမည့်အခြေအနေမျိုးမဟုတ်ချေ။ အထူးသဖြင့် ယခုအချိန်မှာ ယခင်နှင့်ကွဲပြားသွားပြီဖြစ်ပြီး သူတို့ရှေ့မှာ အဖြစ်အပျက်နှစ်ခုကြောင့် ကျန်းရွှိသာမက ဤဌာနအတွင်းရှိဆရာဝန်များသည်ပါ အမျိုးသားကိုယ်ဝန်‌ဆောင်ခြင်းအပေါ် ပို၍လက်ခံနိုင်လာကြပြီဖြစ်သည်။

ဂရုတစိုက်လေ့လာသုံးသပ်လိုက်ပြီးနောက် ကျန်းချန်တစ်ဦးတည်းကို ပြောပြလိုက်ခြင်းမှာ အလွန်ပြင်း‌ထန်သောနောက်ဆက်တွဲပြသနာများမဖြစ်လာနိုင်ဟု ကျန်းရွှိကောက်ချက်ချမိသည်။

သို့သော်လည်း ကျန်းချန်မှာမူ ထိုသတင်းအတွက် ခံနိုင်ရည်မရှိခဲ့ပေ။

ကွဲကြေသွားသည့်ကြွေခွက်မှာ ‌ကြမ်းပြင်ပေါ်တွင်ရှိနေပြီး ပူနွေးသောရေနွေးကြမ်းများကသူ၏ဘောင်းဘီကိုစိုသွားစေသည့်အတွက် ကျန်းရွှိ ရှန့်ဖန်းယွိကို တစ်ရှူးအနည်းငယ်ပေးကာ ကျန်းချန်သည်လည်း တုန်တုန်ယင်ယင်ဖြင့် အနည်းငယ်တောင်းလာခဲ့သည်။ " မင်းတို့နှစ်ယောက်ကတော့ တကယ်ကြီးကို တစ်ခုခုပဲ… လျောက်ပျော်နေရင်းနဲ့ ကလေးပါရသွားကြတာပေါ့လေ…"

ကျန်းရွှိ : "...."

ကျန်းချန် တုန်လှုပ်ခြောက်ခြားစွာဖြင့် ယခင်အချိန်များတွင်ဖြစ်ပျက်ခဲ့သောအရာများကို တစ်စုတစ်စည်းတည်းစုပေါင်းကာ ရှန့်ဖန်းယွိကို တိုက်ခိုက်လိုက်သည်။

" ငါ့ကို လီယာလေ့နဲ့ဟော်ချန်ချွန်းအကြောင်းမေးတာ အံ့ဩစရာမရှိဘူးပဲ…အထူးသဖြင့်အဲလ်ဘတ်ရဲ့ကိစ္စအတွက် နိုင်ငံခြားကိုအပြေးသွားတာတွေ… ငါ့ကိုလက်တွဲဖော်ရှိနေပြီလို့ပြောပြလာတာတွေ‌…မင်းတို့အတူလုပ်ခဲ့တဲ့ ဒေါက်တာခန်းရဲ့ကေ့စ်အကြောင်း တင်ပြချက်က ညတွင်းချင်းလုပ်ထားတာ မဖြစ်နိုင်တာတွေက အံ့ဩစရာတကယ်မကောင်းတော့ဘူး… မင်းတို့ကအတူကလေးယူဖို့ ပြင်ဆင်နေကြတာပဲ…"

" နေဦး…မင်းအဲဒီတင်ပြချက်ကို မင်းအတွက် ထူးခြားတဲ့တစ်ယောက်ရှိတယ်လို့မပြောခင်မှာ လုပ်ခဲ့တာလေ…သောက်ကျိုးနည်း မင်းတို့အရင်တုန်းက မတွဲကြသေးဘူးမလား…မဟုတ်ဘူး တွဲနေကြပြီလား…ဒါမှမဟုတ် မင်းတို့နှစ်ယောက်က ငါတို့ကိုဆယ်စုနှစ်တစ်ခုစာလောက် ဖုံးကွယ်ထားကြတဲ့ငယ်ချစ်ဦးတွေလား…"

ကျန်းရွှိ သူကျန်းချန်ကို မည်သည့်အရာမျှ ဆက်ပြောနေရန်မလိုတော့ဟု တွေးလိုက်မိသည်။

" ချီး…" ကျန်းချန် မအောင့်နိုင်ဘဲ အကြိမ်အနည်းငယ်မျှထပ်ဆဲမိလိုက်သည်။ အသိသာကြီးပင် သူအကြောင်းနှင့်အကျိုးကို အလွန်အမင်းဂရုစိုက်ခြင်းမဟုတ်သော်လည်း အကြောင်းအရာတစ်ခုတည်းကပင် သူ့ကိုလုံလုံလောက်လောက်ရှော့ရနေစေခဲ့သည်။ 

" ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ်…"

ကျန်းချန် ရှန့်ဖန်းယွိကို လှမ်းပြောလိုက်သည် " ငါ့ကိုတစ်ချက်‌လောက်ထိုးကြည့်စမ်းပါ .."

ရှန့်ဖန်းယွိ လက်ကိုမြောက်လာသည့်အချိန်တွင် ကျန်းချန်ကပျာကယာပြောလိုက်လေသည် " ထားလိုက်တော့ ထားလိုက်တော့ မလိုတော့ဘူး…"

" ငါသည်းမခံနိုင်တော့ဘူး…တကယ်သည်းမခံနိုင်တာ…ဒါကြီးကအရမ်းကို ပုံမှန်မဟုတ်သလိုခံစားနေရတယ်…"

ရှန့်ဖန်းယွိ ရပ်တန့်သွားပြီးနောက် ဖုန်းကိုထုတ်ကာ ကျန်းချန်ထံငွေအချို့လွှဲပေးလိုက်ပြီး စိတ်အားထက်သန်စွာ ညွှန်ကြားလိုက်သည်။ " ဒီပိုက်ဆံက ဂိမ်းစက်နှစ်ခုလောက်ဝယ်လို့ရတယ်ဆိုတော့ မင်းပါးစပ်ကိုပိတ်ထားဖို့သတိရ…"

လီယာလေ့နှင့် ဟော်ချန်ချွန်းတို့မှာ ကျန်းချမ်ကို ဂိမ်းစက်တစ်ခုဝယ်ပေးကာ ဆယ်နှစ်ကြာပါးစပ်ပိတ်ခိုင်းထားခဲ့သည်ဖြစ်ရာ ဂိမ်းစက်နှစ်ခုဆိုလျှင် နှစ်နှစ်ဆယ်မျှ သူ၏ပါးစပ်ကိုပိတ်ထားရန် လုံလောက်နိုင်လိမ့်မည်။

ကျန်းချန် အမူအယာကင်းမဲ့စွာဖြင့် ခေါင်းကိုယမ်း၍ သူ၏မျက်လုံးထဲတွင် အံ့ဩနေသောအကြည့်များရှိနေခဲ့သည်။ " မင်းရဲ့လျှို့ဝှက်ချက်က လီယာလေ့နဲ့ဟော်ချန်ချွန်းတို့လုပ်ခဲ့တာနဲ့ တူညီတဲ့အဆင့်မှာမရှိဘူး…"

ပြောရင်းနှင့် ရုတ်တရက်ခေါင်းကိုမော့ကာ " ငါသူတို့ကို မင်းတို့တွဲနေပြီဆိုတာ ပြောပြလိုက်လို့ရမလား… ကလေးအကြောင်းတော့မပါဘူးလေ ငါဒီအတိုင်းသူတို့ကိုလည်းပဲ ရှော့ရသွားစေချင်တာ… ငါတစ်ယောက်တည်းခံစားနေရလို့ ဘယ်ဖြစ်မှာတုန်း…"

ကျန်းရွှိနှင့်ရှန့်ဖန်းယွိ : "...."

" ဖန်းယွိ မင်းလည်းသူတို့ကျန်းရွှိကိုကြိုက်နေကြတာ သိနေပြီးသားပဲကို သူတို့သိသွားလို့ ဘာပြသနာမှမရှိပါဘူး ဟုတ်တယ်မလား…"

" ငါမင်းတို့တောင်း‌ဆိုနေတာပါကွာ…ငါဂိမ်းစက်အတွက်လည်း ပိုက်ဆံမလိုချင်ပါဘူး…ငါယုံကြည်ချက်ရှိရှိ ဒီအကြောင်းဘယ်သူကိုမှ ထပ်မပြောပြဘူးလို့ ကျိန်ပေးနိုင်တယ်ကွာ…သူတို့ကိုပဲ ပြောပြချင်တာပါ ဒီလိုမှမဟုတ်ရင် ငါတကယ်ပေါက်ကွဲထွက်သွားလိမ့်မယ်…"

တစ်မိနစ်ကြာပြီးနောက် ခွင့်ပြုချက်ရရှိသွားပြီဖြစ်ရာ ကျန်းချန်ထိုသူနှစ်ဦးနှင့်အသစ်လုပ်ထားသော စကားပြောခန်းကို ဖွင့်လိုက်‌သည်။

နောက်ဆုံးပြောထားသည့်စာများမှာ ထိုချမ်းသာသောမိသားစု၏ဒုတိယမျိုးဆက်သူဌေးသားလေးနှစ်ဦးမှ ရှန့်ဖန်းယွိအပေါ်လျှို့ဝှက်ထားမိသည့်အတွက် မည်သို့ပြန်ချော့ရမည်နည်းဟု ဆွေးနွေးနေသည့်အကြောင်းပင်ဖြစ်သည်။

လီယာလေ့မှ ရှန့်ဖန်းယွိ သူတို့အတွက်ပိုက်ဆံမရှင်းနိုင်စေရန် အေမြို့တော်၏ဘိုကင်တင်ရအခက်ဆုံးစားသောက်ဆိုင်တွင် မှာထားခဲ့ပြီးပြီဟုပြောလာခဲ့ပြီး ဟော်ချန်ချွန်းမှာမူ ရှန့်ဖန်းယွိသူတို့ကိုခွင့်လွှတ်ပေးနိုင်ရန်အတွက် နိုင်ငံခြားမှအဖိုးမဖြတ်နိုင်သော ထိပ်တန်းဝိုင်နီတစ်ပုလင်းယူလာမည်ဟု ကတိပေးထားခဲ့သည်။

ကျန်းချန် သူတို့နှစ်ဦး၏စကားဝိုင်းကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်လေသည် " ငါမင်းတို့အတွက်သတင်းကြီးရှိတယ်…"

လီယာလေ့ : " ! "

ဟော်ချန်ချွန်း : " ? "

" ရှန့်ဖန်းယွိက မင်းတို့နှစ်‌ယောက်ကို ဘာလို့ထမင်းဖိတ်ကျွေးမှာလဲဆိုတာ သိကြလား… သူနဲ့ကျန်းရွှိနဲ့တွဲသွားကြလို့လေ…"

လီယာလေ့ : " !!!!!!!! "

ဟော်ချန်ချွန်း : " ???????? "

ကျန်းချန် အမူအယာကင်းမဲ့စွာဖြင့် ဆက်လက်စာရိုက်လိုက်၏။

 " သူကျန်းရွှိကို နမ်းနေတာကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်လာခဲ့တာ… ကျန်းရွှိကလည်း မငြင်းခဲ့ဘူးနော်…"

မကြာမီအချိန်တွင် လီယာလေ့မှ အံ့ဩနေသည့်သင်္ကေတ ၉၉၈ခုပို့လာကာ ဟော်ချန်ချွန်းမှ အမေးသင်္ကေတ ၉၉၉ခုပို့လာခဲ့ပြီးနောက် သူတို့နှစ်ဦးထံမှ တုန်လှုပ်ခြောက်ခြားနေသည့်ဖုန်းကောများ ဆက်တိုက်ဆိုသလို ဝင်ရောက်လာခဲ့သည်။

လွင့်ပျံနေသည့်သ‌င်္ကေတများကို ကြည့်လိုက်ပြီးနောက် ကျန်းချန် တည်ငြိမ်စွာဖြင့် သူတို့နှစ်ဦးကိုဘလော့ထားလိုက်ကာ အဆုံး၌ သူခံစားနေရသည့်စိတ်ဖိအားများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဖုန်းကိုချကာ ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ကို ပြုံးပြလိုက်ပြီး တူကိုကိုင်၍ပြောလိုက်လေသည်။ " စားကြတာပေါ့…"

ကျန်းရွှိ : "...."

ကျန်းရွှိ ခေါင်းကိုအသာအယာစောင့်ကာ ရှန့်ဖန်းယွိကို အလေးအနက်ပြောလိုက်သည်။

 " မင်းတို့ရဲ့အဆောင်က ငါမြင်ဖူးသမျှထဲမှာ လိုက်ဖက်အညီဆုံးဆက်ဆံရေးရှိတာပဲ…"

" ဒီလိုဖြစ်သွားတာလား…" ရှန့်ဖန်းယွိ နှစ်ကြိမ်မျှ တဟီးဟီးရယ်မောလိုက်ပြီး " အဆင်ပြေမှာပါလေ… ထင်တာပဲ.."