အပိုင်း ၁၀၄
Viewers 32k

🧑‍⚕️Chapter 104



နောက်ဆုံးတော့ သာယာလှပသည့်ညနေခင်းအချိန်အခါလေး ရောက်ရှိလာပြီဖြစ်သည်။

ကျန်းချန်နှင့်ဆက်သွယ်ရန် ကျရှုံးသွားပြီးနောက် ဟော်ချန်ချွန်း တမင်တကာပင် သူ၏လေယာဉ်လက်မှတ်ကိုရှေ့တိုးကာ တရုတ်ပြည်သို့ပြန်ရန် နှစ်ရက်ရှေ့တိုးလိုက်သည်။ လေယာဉ်ပေါ်မှဆင်းသည်နှင့် လီယာလေ့နှင့် ကျီဟွား၏ပြင်ပလူနာဌာနတွင်စုံကာ လူနာကြည့်ပြီးပြန်လာသော ရှန့်ဖန်းယွိကို လမ်းတွင်ပိတ်ဆို့ထားခဲ့ကြသည်။

ဂျပန်နှင့်ကိုရီးယားစတိုင်ဝတ်ဆင်ထားပြီး အစိမ်းရင့်ရောင်ဦးထုပ်ဝိုင်းကို ဝတ်ထားသူမှာ ဟော်ချန်ချွန်းဖြစ်ပြီး စီးပွားရေးဆန်ဆန်အနောက်တိုင်းဝတ်စုံဖြင့် စိမ်းပြာရောင်နက်တိုင်စည်းထားသူမှာ လီယာလေ့ဖြစ်လေသည်။

အချိန်အတော်ကြာခွဲခွာခဲ့ရပြီးနောက် အခန်းဖော်သုံးဦးမှာ ပြန်လည်ပေါင်းစုံသွားကြပြီဖြစ်သည်။ ရှန့်ဖန်းယွိ သူတို့ကိုကြည့်ကာ မျက်ခုံးကိုပင့်၍ နှုတ်ဆက်လိုက်သည်။ 

" မတွေ့တာကြာပြီနော် မင်းတို့ကအစိမ်းရောင်တွေ တိုက်ဝတ်ထားကြတာဆိုတော့ ဒါကနွေဦးရဲ့ခေတ်ပေါ်‌အရောင်အသစ်များလား…"

ဟော်ချန်ချွန်းနှင့်လီယာလေ့ : "...."

" မင်းဒီညအားလား…" ဟော်ချန်ချွန်းမှ လည်ချောင်းကိုရှင်းကာ ခြိမ်းခြောက်သည့်အပြုံးဖြင့် မေးလိုက်သည်။

 " မစ်စတာလီက မင်းကိုညစာဖိတ်ကျွေးချင်နေလို့လေ…"

" ကားထဲဝင်တော့…" လီယာလေ့ မျက်လုံးကိုမှေး၍ အံကြိတ်လျက်ဖြင့် ပြောလိုက်သည်။ 

" မာစတာဟော်ကလည်း မင်းအတွက်ဝိုင်နီတစ်ပုလင်းပါလာတယ်တဲ့…."

ရှန့်ဖန်းယွိ သူတို့နှစ်ဦးကို တစ်ချက်ကြည့်ကာ သေစေနိုင်လောက်သော ထိုးနှက်ချက်တစ်ခုပေးလိုက်သည်။ 

" ဟင့်အင်း ငါကျန်းရွှိကို အိမ်ပြန်ပို့ရဦးမယ်…"

" သောက်ကျိုးနည်း…"

" မင်းသောက်ကောင်…" ဟော်ချန်ချွန်း ပြိုလဲကျသွားပြီး " မင်းတို့နှစ်ယောက်တကယ်ကြီးတွဲသွားကြပြီလား…"

လီယာလေ့မှ " ငါတော့မယုံဘူး… သူ့ကိုဖုန်းခေါ်ပြချည်…"

ရှန့်ဖန်းယွိ ဖုန်းကိုထုတ်ကာ စပီကာဖွင့်၍ ကျန်းရွှိထံဖုန်းခေါ်လိုက်သည်။

" ဘာကိစ္စရှိလို့လဲ…" မမှားနိုင်သောကျန်းရွှိ၏အသံမှ တစ်ဖက်မှထွက်ပေါ်လာခဲ့သည်။

" ငါစပီကာဖွင့်ထားတယ်နော်…" ရှန့်ဖန်းယွိ အရင်ဆုံးသတိပေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

 " ဟော်ချန်ချွန်းနဲ့ လီယာလေ့တို့က ငါ့ကိုအတင်းညစာသွားစားဖို့ခေါ်နေတာ မင်းရောလိုက်ဦးမလားလို့…"

တစ်ဖက်တွင် ခဏတာရပ်တန့်သွားပြီးနောက် ကျန်းရွှိပြောလိုက်လေသည်။ " သွားလေ…"

ထိုသူတို့၏အလွန်အမင်းရှုပ်ထွေးပွေလီလှသော ကြောက်မက်ဖွယ်ရာ အခန်းဖော်ဆက်ဆံရေးကြီးတွင် ပါဝင်မပတ်သက်ချင်သောကြောင့် ကျန်းရွှိ ငြင်းဆိုလိုက်သည်။

 " ငါကတော့ တက်စီငှားပြီးပဲ ပြန်သွားလိုက်တော့မယ်…"

" ဒီလိုဆိုရင် အဆင်ပြေလား…"

" ငါကလေးမဟုတ်ဘူး.." ကျန်းရွှိ ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။ " စောစောပြန်လာခဲ့…"

" ကောင်းပါပြီ…" ရှန့်ဖန်းယွိ မနာလိုမှုကြောင့် အစိမ်းရောင်ပြောင်းလုနီးပါးဖြစ်နေသည့်သူငယ်ချင်းနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ကျန်းရွှိကို ပြောလိုက်သည်။ 

" ဂရုစိုက်ဦးနော်…"

တစ်ဖက်မှဖုန်းချသွားပြီးနောက် ရှန့်ဖန်းယွိဖုန်းကို ပြန်ထည့်ကာ လက်ကိုဆန့်တန်း၍ သူငယ်ချင်းကောင်းနှစ်ယောက်ကို ပုခုံးဖက်လိုက်ပြီး " သူခွင့်ပြုပြီဆိုတော့ ငါတို့ဘယ်မှာသွားစားကြမလဲ.."

ဟော်ချန်ချွန်းနှင့်လီယာလေ့တို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ချိန်တွင် သူတို့၏မျက်လုံးများတွင် နှလုံးဖောက်နိုင်လောက်သည့်အကြည့်ကို အချင်းချင်းမြင်လိုက်ရသည်။

ဤသည်မှာ နှလုံးသားကို အနိုင်ယူ၍ လူသတ်ခြင်းပင်ဖြစ်သည်။

ဟော်ချန်ချွန်း သူ၏ရင်ဘတ်ကို ဖိကိုင်ထားရချိန်တွင် လီယာလေ့မှာ နဖူးကိုပွတ်သပ်နေမိသည်။ အဆုံး၌ လီယာလေ့၏လက်ထောက်ထံမှ ကားရောက်လာပြီး သူတို့နှစ်ဦးကို အနောက်ခုံတွင်ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ရှန့်ဖန်းယွိသည်လည်း သူတို့နှစ်ဦးကို ကြည့်ကာ အရှေ့ခုံတွင်ဝင်ထိုင်လိုက်လေသည်။

လမ်းတစ်လျောက်လုံး ကားထဲတွင် တိတ်ဆိတ်နေကာ အနောက်ခုံမှ တစ်ယောက်ကို‌တစ်ယောက်သတ်ဖြတ်တော့မည့်အကြည့်များနှင့် နာရေးရှိရာသို့ သွားတော့မလို့ ကြည့်နေကြသဖြင့် လီယာလေ့၏လက်ထောက်မှာ ကားမောင်းနေရင်းဖြင့်ပင် တုန်ယင်လာရပြီး အရှေ့ခုံမှ လူတစ်ဦးသည်သာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ချိတ်ဆွဲထားခဲ့သည်။

အဆုံးတွင် လက်ထောက်မှ သူတို့သုံးယောက်ကို ကြိုတင်မှာယူထားသော ဈေးကြီးသည့်စားသောက်ဆိုင်တွင် ချပေးလိုက်ပြီးနောက် သူ၏သူဌေးဖြစ်သူစကားမပြောလာခင်မှာပင် အလျင်အမြန် ထွက်ပြေးသွားတော့သည်။

အဆင့်အတန်းမြင့်မြင့်အလှဆင်ထားသောအခန်းထဲတွင် ဟော်ချန်ချွန်း၏ထိပ်တန်းအဆင့်ဝိုင်ပုလင်းကို အလယ်တွင် ချထားသည်။ ပွဲကြည့်ရန်အတွက် စောစောရောက်လာခဲ့သည့်ကျန်းချန်မှာ စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲဝင်လာကြသောလူသုံးယောက်၏အမူအယာများကိုကြည့်ကာ သူ၏ဒဏ်ရာများပင် များစွာသက်သာသွားပြီဟု ခံစားလိုက်ရသည်။

" သစ္စာဖောက်ကောင်…" ဟော်ချန်ချွန်းမှ ဦးစွာတိုက်ခိုက်လာသည်။

ရှန့်ဖန်းယွိ မွှေးပျံ့သောရနံ့ရှိသည့်ငါးစွပ်ပြုတ်တစ်ငုံသောက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ချေပလိုက်သည်။ 

" ဘယ်သူကတကယ့်သစ္စာဖောက်လဲ…ဘယ်သူတွေကများ တက္ကသိုလ်တုန်းက တစ်ဘဝတာလုံးညီအစ်ကိုကောင်းတွေလုပ်ကြမယ်ဆိုပြီး သစ္စာဆိုထားပြီးတော့ ငါ့နောက်ကွယ်မှာ ငါ့ရဲ့ကမ္ဘာ့ရန်သူကိုလိုက်ခဲ့ကြတာလဲနော်…"

ပုံမှန်အားဖြင့် နူးညံ့သောအမူအကျင့်ရှိသည့် လီ‌ယာလေ့သည်ပင် ထိန်းမထားနိုင်တော့ဘဲ ထဆဲမိလိုက်သည်။ " ကျန်းရွှိက မင်းရဲ့ကမ္ဘာ့ရန်သူဆိုတာတော့ မင်းသောက်ခေါင်းကသိသေးတဲ့ပုံပဲနော်…"

" အင်းလေ…" 

ဟော်ချန်ချွန်းမှ နှာခေါင်းရှုံ့လိုက်ပြီး " ကမ္ဘာ့ရန်သူတွေ ဒီ‌လိုမျိုးအဆင်ပြေသွားကြတာမျိုး ငါဖြင့်အရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး…"

" ကျန်းရွှိကမင်းဆီမှာ ဘာများမြင်မိလို့လဲနော်…" လီယာလေ့ စိတ်မပါလက်မပါမေးလိုက်သည်။ 

" တက္ကသိုလ်တက်တုန်းက သူကမင်းကိုကြည့်မရဆုံးမဟုတ်ဘူးလား…"

" ရန်ဖြစ်တယ်ဆိုတာလည်း ချစ်ခင်မှုကိုပြတဲ့နည်းတစ်မျိုးပဲလေ…သူကငါ့ကိုသဘောမကျဆုံးဆိုတော့ ငါ့ကိုဂရုအစိုက်‌ဆုံးလို့ ဆိုလိုတာပေါ့…" ရှန့်ဖန်းယွိ အလွန်ကျေနပ်နေဟန်ဖြင့် ပြုံးလျက်ပြောလိုက်သည်။ " ဒါ သူငါ့ကိုအထူးစပါယ်ရှယ်နေရာမှာထားတယ်လို့ ဆိုလိုတာပဲ…"

" ကျိုးကြောင်းမဆီလျော်လိုက်တာ…" ဟော်ချန်ချွန်း ဒေါသထွက်ရလွန်းသောကြောင့် စားပွဲထိုးကိုခေါ်ကာ ဝိုင်ပုလင်းကိုဖွင့်ခိုင်းလိုက်ပြီး ရှန့်ဖန်းယွိအတွက် တိုက်ရိုက်ပင် ခွက်ကြီးတစ်ခွက်လောင်းထည့်ပေးလိုက်သည်။ " ဒီပုလင်းမကုန်ရင် မပြန်ရဘူးပဲ…"

" ကျန်းရွှိကအိမ်မှာစောင့်နေတာ ငါအရမ်းနောက်ကျလို့်မရဘူး…"

ဟော်ချန်ချွန်း : "...."

" ဒါဆိုလည်း တိုက်ကြမယ်ကွာ…"

" ငါမင်းနဲ့မတိုက်ချင်ပါဘူး…" ရှန့်ဖန်းယွိ စနောက်နေသည့်အသံဖြင့် " ငါဒဏ်ရာရသွားရင် ကျန်းရွှိစိတ်မကောင်းဖြစ်လိ့မ်မယ်…"

လီယာလေ့မှ " ချီးလိုပဲ…မင်းအချိန်တိုင်း တကျန်းရွှိတည်း ကျန်းရွှိနေတာကို ရပ်ပေးလို့ရမလားဟေ… ချစ်ခင်မှုတွေထုတ်မပြရရင် သေတော့မှာမလို့လား…"

" လီယာလေ့…" ဟော်ချန်ချွန်း သူ၏တင်ပါးပေါ်တွင်လက်ထောက်ကာ အကူအညီတောင်းလိုက်သည်။ " ငါ့ကိုကူသောက်ပေးပါဦး…"

လီ‌ယာလေ့ချက်ချင်းလိုပင် သူ့အတွက်တစ်ခွက်လောင်းထည့်ကာ ရှန့်ဖန်းယွိနှင့်ခွက်ချင်းတိုက်လိုက်ပြီး ကြမ်းတမ်းစွာပြောလိုက်သည်။ 

" ငါအရင်သောက်မယ်… မင်းမသောက်ရင်တော့ ယောင်္ကျားမဟုတ်လို့ပဲ…"

ရှန့်ဖန်းယွိ ပြုံးလျက် ခေါင်းကိုစောင်း၍ ဝိုင်ခွက်ကို တစ်ငုံတည်းသောက်ချလိုက်ကာ ဟော်ချန်ချွန်းမှ သူ၏ခွက်ကို ထပ်ဖြည့်ပေးလာသည်။ " ဒီနေ့ညမမှောက်ရင် ပြန်ဖို့မစဉ်းစားနဲ့…"

" ဟျောင့်တွေ စိတ်လျော့ကြပါဦးဟ…" လိမ္မာပါးနပ်ဟန်ရှိသောကျန်းချန်မှ ဘေးတွင်မီးထိုင်ရှို့ပေးနေလေသည်။ 

" နောက်ကျ သူတကယ်အမူးလွန်သွားပြီး ကျန်းရွှိကို လာခေါ်ခိုင်းနေမှ မင်းတို့ပိုသနားစရာကောင်းသွားဦးမယ်…"

" မဖြစ်နိုင်တာကြီး…" ဟော်ချန်ချွန်း တိုက်ရိုက်ပင် တုန့်ပြန်လာခဲ့သည်။ 

" ကျန်းရွှိကဘယ်လိုလုပ်ပြီး အမူးသမားကိုလာခေါ်မှာလဲ… သူကအရက်သောက်တာကို အမုန်း‌ဆုံးပဲဟာ…"

" အမှန်ပဲ…" မူးစပြုနေပြီဖြစ်သောလီယာလေ့မှ ဝင်ပြောလာသည်။ " ငါသူ့ကိုနှစ်တွေအကြာကြီးသိလာခဲ့တာ တစ်ခါမှ သူအရက်သောက်တာမမြင်ဖူးဘူး…"

ဝိုင်နီပုလင်း၏တစ်ဝက်ကျိုးချိန်တွင် ရှန့်ဖန်းယွိ ထွေစပြုလာပြီဖြစ်သည်။ သူလက်‌တစ်ချောင်းထောင်ကာ ထိုသူနှစ်ဦးရှေ့တွင် ယမ်းပြလိုက်ပြီး " သူကငါနဲ့ပထမဆုံးအရက်မူးဖူးတာလေ…"

" ငါ့ချီးးးးးး "

ထိုစကားများထွက်လာချိန်၌ ကျန်းချန် နှလုံးသားနှစ်ခုတစ်စစီကွဲကြေသွားသံကို ကြားလိုက်ရသည်ဟုပင် ခံစားမိသွားသည်။

သူ၏နှလုံးသားလေးမှာမူ အပိုင်းပေါင်းများစွာ ကွဲကြေပြီးနေပြီဖြစ်ရာ တိုက်ခိုက်ချင်စိတ်လည်း ဆုံးရှုံးသွားပြီဖြစ်သည်။

ဟော်ချန်ချွန်းနှင့်လီယာလေ့တို့နှစ်ဦးမှာမူ အစပိုင်းတွင် တစ်ဦးကိုတစ်ဦးအရက်ဖြင့်ဖြေသိမ့်ပေးကာ ရှန့်ဖန်းယွိကိုအမူးလွန်အောင်လုပ်မည်ဟု ကြံရွယ်ထားကြသော်လည်း အဆုံး၌ သူတို့နှစ်ဦးမှာ ရှန့်ဖန်းယွိထက်ပင် မူးယစ်သွားခဲ့လေသည်။

ရှန့်ဖန်းယွိ သူ၏အတွေ့အကြုံကောင်းကိုပင် ထုတ်ပြောကာ အကြံပေးလိုက်သည်။ " ငါတော့မင်းတို့ကိုလျော့သောက်ကြဖို့ အကြံပေးချင်တယ်…အချစ်ပြိုင်ဘက်နှစ်ယောက်သာ အရက်အတူသောက်ကြရင် ပြသနာဖြစ်ဖို့လွယ်တယ်လေ…"

စားပွဲတစ်ခုလုံးတွင် ခွက်များနှင့် ဟင်းပွဲများဖြင့် အရက်ပွဲတော်ကြီးတစ်ခုနှယ် ရှုပ်ပွနေခဲ့သည်။ အစောပိုင်းလေးမှာပင် မောက်မာကာ စွမ်းဆောင်နိုင်ဟန်ပြနေကြသော ဒုတိယမျိုးဆက်သူဌေးသားနှစ်ဦးမှာ ယခုအချိန်၌ လုံးဝသနားစဖွယ်ဖြစ်နေကြကာ တစ်ဦးမှာ ကျန်းချန်ကို ဖက်၍ငိုယိုနေပြီး တစ်ဦးမှာမူ ရှန့်ဖန်းယွိကို ‌ဆွဲခေါ်၍ " အသည်းကွဲမိတ်ဖက် " သီချင်းကို ငိုကြွေးမြည်တမ်းနေခဲ့သည်။

ရှန့်ဖန်းယွိ သူ့ကို လျစ်လျူရှုကာ မူးတစ်ဝက်နှင့် သတိတဝက်ဖြင့် တွန်းထုတ်လိုက်ပြီး " ငါကအသည်းမကွဲဘူးနော်… ငါ့ကိုထည့်မတွက်နဲ့.."

အဆုံး၌ ပြည့်ပြည့်ဝဝမူးယစ်သွားကြပြီးနောက်တွင် လီ‌ယာလေ့မှဖုန်းကိုထုတ်ကာ သူ၏လက်ထောက်ကို လှမ်းခေါ်လိုက်သည်။ " ရှောင်လျို ငါ့ကိုလာကြိုဦး…"

ထိုစဉ် အရက်သောက်ပြီးနောက် အိမ်သာသွားရာမှပြန်ရောက်လာသည့် ဟော်ချန်ချွန်းသည်လည်း ရှန့်ဖန်းယွိ၏ရှေ့တွင် စာရိုက်လိုက်သည်။ " ဦးလေးဝမ် ကျွန်တော့်ကိုလာခေါ်ပေးပါ…"

ဒုတိယမျိုးဆက်သူဌေးသားလေးနှစ်ယောက်မှာ ရှန့်ဖန်းယွိကို တစ်ပြိုက်နက်တည်းကြည့်ကာ သူတို့၏နောက်ဆုံးခေါင်းမာမှုအဖြစ် ချမ်းသာကြွယ်ဝခြင်းကြောင့် ဖြစ်ပေါ်လာသောမိမိကိုယ်ကိုယုံကြည်မှုကို ထုတ်ဖော်ပြသနေခဲ့သည်။

ရှန့်ဖန်းယွိ လက်ကိုဝှေ့ယမ်းလိုက်ပြီး " ငါ‌ကတော့ ဒရိုင်ဘာမရှိတာမလို့ ပြန်သွားပြီး ကားငှားရဦးမယ်.."

အဆုံး၌ ဟော်ချန်ချွန်းနှင့်လီယာလေ့တို့မှာ အနိုင်ရသွားသောကြောင့် အောင်ပွဲခံအကြည့်ချင်းဖလှယ်နေကြစဉ် ရှန့်ဖန်းယွိ၏ဖုန်းမှ ရုတ်တရက်မြည်လာခဲ့သည်။

စပီကာမပိတ်ထားရသေးသောကြောင့် ကျန်းရွှိ၏အနည်းငယ်အေးစက်စက်အသံမှာ ကြည်လင်ပြတ်သားစွာထွက်ပေါ်လာပြီး သူတို့ယခင်အချိန်တွင် ဘယ်တုန်းကမှ မကြားခဲ့ဖူးသော နူးညံ့မှုတစ်စုံတစ်ရာရှိနေခဲ့သည်။

" ဘာလို့အခုထိပြန်မလာသေးတာလဲ…"

ရှန့်ဖန်းယွိ၏အသံမှာ အနည်းငယ်ရောထွေးနေပြီး " သူတို့ကငါ့ကိုအမူးတိုက်ဖို့ ခေါင်းမာနေကြလို့လေ…"

" မူးနေပြီလား…"

" အမ်းးးး…. မမူးပါဘူး…"

တစ်ဖက်လူမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလာခဲ့သည်။ 

" အဲဒီမှာစောင့်နေ ငါလာကြိုမယ်…"

ရှန့်ဖန်းယွိ နှာခေါင်းကိုထိ၍ ပြုံးလျက် ဖုန်းကိုစိုက်ကြည့်လိုက်ကာ " ကောင်းပြီ…"

ဟော်ချန်ချွန်းနှင့်လီယာလေ့ : " !? "

ယခုအချိန်မှသာ သူတို့နှစ်ဦးလုံး ကစားပွဲတွင်အနိုင်ရပြီးနောက် တစ်လောကလုံးကို ရှုံးသွားခဲ့ရပြီဆိုသည့် စကား၏ဆိုလိုရင်းကို နားလည်သွားခဲ့ကြသည်။

ကျန်းချန် ဗိုက်ကိုနှိပ်ကာ အဆက်မပြတ်ရယ်မောနေပြီး သူခံစားနေရသမျှအားလုံး အလုံးစုံသက်သာသွားပြီဟု ခံစားလိုက်ရသောကြောင့် ရူးသွပ်စွာအော်ပြောလိုက်သည်။ 

" ဟေးး ကျန်းရွှိသူ့ကိုလာကြိုမှာလို့ ငါပြောခဲ့တုန်းက မင်းတို့မယုံခဲ့ကြဘူးမလား…အခုတော့ တကယ်ကြီး သူ့ကိုလာကြိုနေပြီလေ…"

ဟော်ချန်ချွန်းနှင့်လီယာလေ့ : " ပါးစပ်ပိတ်ထား…"

ကျန်းရွှိဝင်လာချိန်၌ အရက်နံ့များကြောင့် အသက်ရှုပင်ကြပ်သွားခဲ့ရသည်။ သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းမှာ ဟော်ချန်ချွန်းနှင့်လီယာလေ့တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး အသုံးမကျခဲ့သောကြောင့် အဆုံးတွင်ရှန့်ဖန်းယွိမှ အလှလေးကိုအိမ်ခေါ်သွားနိုင်ခဲ့သည်ဟု ပြောဆိုကာရန်ဖြစ်နေကြပြီး ကျန်းချန်မှာမူ ဘေးမှသူတို့ကို ဗီဒီယိုရိုက်နေကာ အားပေးနေခဲ့သည်။

ထိုစဉ်ရှန့်ဖန်းယွိမှာမူ ခပ်ဖျော့ဖျော့ပြုံးလျက် ဝိုင်နီတစ်ခွက်ကို ကိုင်ထားကာ သူ၏မက်မွန်ပွင့်ပုံမျက်လုံးများမှ အရက်ရှိန်ကြောင့် ဆွဲဆောင်မှုရှိနေပြီး စိတ်ကူးယဉ်ဆန်၍ ပရောပရည်လုပ်ချင်နေပုံရသည်။

ကျန်းရွှိ ရှန့်ဖန်းယွိ၏မျက်နှာနှင့်အလွန်ရင်းနှီးပြီးသားဖြစ်သော်လည်း တံခါးကိုဖွင့်ဝင်လာချိန်တွင် တွေ့လိုက်ရသောရှန့်ဖန်းယွိ၏ပေ့ါပေါ့ပါးပါးဟန်အမူအယာကြောင့် ရင်ခုန်သွားခဲ့မိသည်။

ကျန်းရွှိ သူ၏တက်လိုက်ကျလိုက်ဖြစ်နေသောခံစားချက်များကိုဖိနှိပ်ကာ အရက်နံ့များကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ဆက်လျှောက်လာခဲ့သည်။

ရှန့်ဖန်းယွိ ချက်ချင်းထရပ်လိုက်ကာ ရန်ဖြစ်နေ‌ဆဲဖြစ်သူနှစ်ဦးကို လက်ယမ်းပြလိုက်ပြီး " ငါပြန်တော့မယ် တာ့တာ…"

ထိုသူနှစ်ဦးမှာ ရှန့်ဖန်းယွိ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ကျန်းရွှိကို မြင်တွေ့လိုက်ရသည်။ လီယာလေ့ သူ၏မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး ဟော်ချန်ချွန်းမှာမူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ကျန်းရွှိ သူတို့နှစ်ဦးကိုကြည့်၍ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။ " မတွေ့တာကြာပြီ…"

" ကျန်းရွှိ…" ဟော်ချန်ချွန်း သူ၏နှလုံးသားလေးကို တင်းတင်းဖက်ကာ မေးလိုက်သည်။

 " ငါဒီမှာမရှိဘဲ နိုင်ငံခြားထွက်သွားခဲ့လို့ သူမင်းကိုနိုင်သွားတာလား…" ဟော်ချန်ချွန်းမှာ နောင်တရနေပြီး " ငါသာသိခဲ့မယ်ဆိုရင် နိုင်ငံခြားမသွားလိုက်ပါဘူး…"

လီ‌ယာလေ့မှာမူ ပို၍ပင် ကြမ်းတမ်းလှပြီး သူ၏ရင်ဘတ်ကိုပုတ်ကာ ကျန်းရွှိကို နားချလိုက်သည်။ 

" သူသာမင်းကိုဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ရင် ငါ့ဆီကိုအချိန်မရွေးပြန်လာနော်… ငါ့မိသားစုရဲ့စည်းစိမ်တစ်ဝက်က အမြဲတမ်းမင်းအတွက်ဖြစ်နေမှာပါ…"

" မင်းတို့တွေ ကိုယ့်နေရာကိုယ်သိပြီး ငါ့ဘက်ကိုလာမထိသင့်ဘူးနော်…" ရှန့်ဖန်းယွိ ကျန်းရွှိ၏ပုခုံးကိုဖက်ကာ ပြတ်ပြတ်သားသားပြောလိုက်လေသည်။

 " ကျန်းရွှိနဲ့ငါက မင်းရဲ့စည်းစိမ်တွေကို စိတ်မဝင်စားဘူး…"

ကျန်းရွှိမှာမူ အမူးသမားများနှင့်ရန်ဖြစ်ရန် လွန်စွာပျင်းရိနေသောကြောင့် ထိုသူသုံးဦးကို ယဉ်ကျေးစွာနှုတ်ဆက်ကာ အရက်မူးနေသည့်ရှန့်ဖန်းယွိကို သီးသန့်အခန်းတွင်းမှ တိုက်ရိုက်ခေါ်ထုတ်သွားလိုက်သည်။

ကံကောင်းစွာဖြင့် ရှန့်ဖန်းယွိထံတွင်အသိစိတ်အနည်းငယ်ကျန်ရှိနေသေးပြီး ရေချိန်ကျော်သည်အထိမသောက်ခဲ့သောကြောင့် မည်သူ၏အကူအညီကိုမှယူရန်မလိုဘဲ အိမ်သို့တည်တည်ငြိမ်ငြိမ်ပြန်နိုင်ခဲ့သည်။

ကျန်းရွှိမှာ ညလယ်ခေါင်ကြီးတွင် အပြင်သို့ထွက်ခဲ့ရကာ ကားခေါ်ခဲ့သော်လည်း ဆွယ်တာပါးလေးတစ်ထည်ကိုသာ ဝတ်ထားခဲ့မိသည်။ ထို့ကြောင့် ရှန့်ဖန်းယွိ ရေချိုးပြီးချိန်တွင် သူ၏အဝတ်များကိုချွတ်ကာ ရေချိုးခန်းတွင်းသို့ ဝင်သွားလိုက်သည်။

ကျန်းရွှိ အိပ်ခန်းတွင်းသို့ပြန်ရောက်ချိန်တွင် ရှန့်ဖန်းယွိအိပ်ပျော်နေပြီဟု ထင်မိသည့်အတွက် သူ့ကိုနှိုးမိမည်စိုးသောကြောင့် ခြေသံကိုဖွ၍ ဝင်လာလိုက်သည်။ သို့သော်လည်း သူရောက်လာသည်နှင့် ရှန့်ဖန်းယွိ၏မျက်လုံးများမှာ ပွင့်ဟလာခဲ့သည်။

" အိပ်မပျော်ဘူးလား…"

" အင်း…" ရှန့်ဖန်းယွိ၏မျက်လုံးများမှာ တွန့်ကွေးနေကာ ကောင်းကင်ပေါ်မှကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး " ငါတစ်စုံတစ်ခုကို တွေးနေမိတာ…" ကျန်းရွှိ သူ၏ဘေးမှနေရာကို ပုတ်ပြလိုက်ပြီး " လာ ဒီမှာလာလှဲချည်..

" အမ်း…" ရှန့်ဖန်းယွိ၏မျက်လုံးထောင့်များမှာ တောက်ပစွာကော့တက်သွားပြီး သူ၏လက်ကို ကျန်းရွှိ၏သေးငယ်သည့်ဗိုက်လေးပေါ်သို့တင်၍ " ဘာလို့မှန်းမသိ ငါ့ခံစားချက်တွေကောင်းနေတယ်…"

တစ်ညတည်းရေနှစ်ခါချိုးလိုက်ရသောကျန်းရွှိမှာ အနည်းငယ်ပျင်းရိလာသောကြောင့် သူ၏ကိုယ်ဝန်ဆောင်ချိန်ဗိုက်ပေါ်သို့ ပိုးသားအင်္ကျီမှတဆင့်ထိ‌တွေ့နေသည့်ရှန့်ဖန်းယွိ၏လက်ကို မခုခံခဲ့ပေ။

ကျန်းရွှိ၏အသားအရေမှာကောင်းမွန်လှပြီး ဖဲသားခံနေလျှင်ပင် ရှန့်ဖန်းယွိ၏လက်ထဲတွင် သူ၏အသားမှာချောမွေ့နေကာ နူးညံ့သောအကွေ့အဝိုက်လေးက သူ၏လက်ဖဝါးနှင့်အံဝင်ခွင်ကျဖြစ်နေခဲ့သည်။

ဤသို့ထိတွေ့မှုမျိုးမှာ ကျန်းရွှိကို သက်တောင့်သက်သာဖြစ်နေစေပြီး နွေးထွေးမှုနှင့် ငြိမ်းချမ်းမှုကို ခံစားမိစေသောကြောင့် သူ၏မျက်လုံးများကို မှိတ်ထားလိုက်မိကာ မျက်တောင်များမှာ အနည်းငယ်တုန်ယင်နေခဲ့သည်။ ညအိပ်မီး၏အလင်းရောင်အောက်တွင် သူတို့နှစ်ဦး၏အရိပ်များမှာ ကောင်းမွန်ကာ သိမ်မွေ့နေဟန်ရှိသည်။

နားထဲတွင်ကြားနေရသည့် ချစ်သူကောင်လေး၏နှလုံးခုန်သံမှလွဲ၍ အခန်းထဲတွင် တိတ်ဆိတ်နေပြီး သူ၏နှုတ်ခမ်းများပေါ်သို့ ရုတ်တရက်ကျရောက်လာသည့်နွေးထွေးမှုတစ်ခုမပေါ်လာခင်အထိ ကျန်းရွှိ၏စိတ်မှာ တည်ငြိမ်အေးချမ်းနေခဲ့လေသည်။