အပိုင်း ၁၀၅
Viewers 32k

🧑‍⚕️Chapter 105




ကျန်းရွှိ သူ၏မျက်လုံးများကိုဖွင့်လိုက်ချိန်တွင် ရှန့်ဖန်းယွိ၏စနောက်ချင်နေသောအပြုံးကိုမြင်လိုက်ရပြီး စိုက်ကြည့်လိုက်ချိန်၌ ရှန့်ဖန်းယွိမှာ အနောက်သို့အနည်းငယ်ဆုတ်သွားခဲ့သည်။

ကျန်းရွှိအနောက်သို့ လှဲချတော့မည့်အချိန်တွင် ရှန့်ဖန်းယွိမှ သူ၏‌နှုတ်ခမ်းပေါ်သို့ လက်ညှိုးတစ်ချောင်းတင်ကာ အသံတိတ်စေလိုက်သည်။

" ရှုးးး ဘာမှမပြောနဲ့ဦး ကိုယ်မင်းကိုနမ်းပါရစေ…"

အနည်းငယ်အေးစက်နေသောလက်ချောင်းထိပ်များမှ ကျန်းရွှိ၏နှုတ်ခမ်းကိုပွတ်သပ်နေခဲ့သည်။ အရက်ရှိန်ကြောင့် ဖြစ်နိုင်ပေမည်၊ ရှန့်ဖန်းယွိ၏အကြည့်များမှာ အနည်းငယ်မသဲမကွဲဖြစ်နေသော်လည်း သူ၏မျက်လုံးများမှာ ကျန်းရွှိ၏မျက်နှာပေါ်တွင်သာရှိနေသောကြောင့် ရှန့်ဖန်းယွိ၏အကြည့်အောက်တွင် သူ၏မျက်နှာပူလောင်လာပြီဟု ကျန်းရွှိခံစားလိုက်ရသည်။

သူ၏အရေပြားပေါ်မှ ပိုးသားကိုပွတ်တိုက်သံများမှာ တိတ်ဆိတ်နေသည့်အိပ်ခန်းထဲတွင် ရှင်းရှင်းလင်းလင်းပေါ်ထွက်နေကာ ရှန့်ဖန်းယွိ၏အလွန်ချစ်မြတ်နိုးနေသောအကြည့်များဖြင့် ပေါင်းစပ်လိုက်ချိန်၌ သိမ်မွေ့နူးညံ့သောအဓိပ္ပါယ်တစ်ခုကို ဖော်ဆောင်နေပုံရသည်။

၎င်းမှာ နားရွက်နှင့်ပါးပြင်ပေါ်သို့ ညင်သာစွာပွတ်‌သပ်လိုက်သည်နှင့်တူနေခဲ့သည်။

ကျန်းရွှိ တည်ငြိမ်စွာ တံတွေးမြိုချလိုက်ချိန်တွင် သူ၏ရင်ဘတ်မှာ ပူနွေးသောနွေဦးစမ်းရေတွင်စိမ်ထားသကဲ့သို့ ခံစားနေရပြီး လည်ပင်းအရေပြားနားမှစိုစွတ်မှုကြောင့် အသက်ရှုရန်ပင် ခက်ခဲလာရသည်။

ကျန်းရွှိ သူ၏လက်ကို ရှန့်ဖန်းယွိ၏ရင်ဘတ်ပေါ်တင်၍ ရေနစ်နေသောငါးတစ်ကောင်ကဲ့သို့ အသက်ရှုနေခဲ့ရသည်။

သို့သော်လည်း သူ၏နှုတ်ခမ်းများကို ရှန့်ဖန်းယွိ၏လက်ချောင်းများဖြင့် ဖိကပ်ထားသည်ကို မေ့လျော့သွားပြီး သူ၏ဝင်သက်ထွက်သက်တိုင်းမှာ ရှန့်ဖန်းယွိ၏လက်ချောင်းထိပ်များပေါ်သို့ သက်ရောက်နေကာ တဖြည်းဖြည်းနှင့် ရေငွေ့ကြောင့် ၎င်းတို့ကိုစိုစွတ်လာစေသည်။

သူတို့၏အနေအထားအရ ကျန်းရွှိ၏အင်္ကျီနှင့်ဘောင်းဘီတို့ထိစပ်နေသည့်နေရာတွင် အနည်းငယ်ဟလာကာ သူ၏ခါးကိုလှစ်ဟာပြနေခဲ့သည်။

၎င်းမှာ ကြိုတင်ပြင်ဆင်ခဲ့သည်လား သို့မဟုတ်အလိုအလျောက်ဖြစ်ပေါ်လာသည်လားဟု မပြတ်မသားဖြစ်နေခဲ့သော်လည်း ရှန့်ဖန်းယွိမှ ရုတ်တရက်သူ၏လက်ကို ၎င်းအပေါ်သို့ တင်လိုက်လေသည်။

ဖိကပ်ထားသည့်လက်မှ ရုတ်တရက်သူ၏အသားကို ပွတ်တိုက်လာသောကြောင့် ပင့်သက်တစ်ချက်ရှိုက်လိုက်ရကာ မသိစိတ်မှ နှုတ်ခမ်းကိုကိုက်မိသွားခဲ့သည်။ ရှန့်ဖန်းယွိမှာမူ သူ၏အကာအကွယ်ကင်းမဲ့နေသောထိုအခိုက်ကို အခွင့်ကောင်းယူကာ အနားကပ်၍ စိတ်အားထက်သန်စွာနမ်းရှိုက်လိုက်သည်။

ရှန့်ဖန်းယွိ၏လက်ချောင်းများမှ ပွတ်တိုက်ခဲ့ခြင်းကြောင့် နီမြန်းနေသောကျန်းရွှိ၏လက်များမှာ ယခုအချိန်တွင် ထူးထူးခြားခြားနူးညံ့နေကော ချိုမြသောလျှာနှင့်အတူ ချောကလက်ကဲ့သို့စွဲမက်ဖွယ်ကောင်းသည့် အပူရှိန်တစ်ခုထွက်ပေါ်လာခဲ့သည်။

လက်တစ်ဖက်မှာ ကျန်းရွှိ၏ခါးကိုကိုင်၍ တစ်ဖက်မှ ခေါင်းကိုကိုင်ထားကာနားရွက်ကိုထိတွေ့လိုက်ပြီး ကျန်းရွှိကို ဖက်ထားလျက်ဖြင့် လှဲချစေလိုက်ကာ သူ၏နှုတ်ခမ်းများကို မွတ်သိပ်စွာနမ်းရှိုက်လိုက်သည်။

ကျန်းရွှိ၏နှလုံးမှာ လျင်မြန်စွာခုန်ပေါက်လာပြီး သူရှန့်ဖန်းယွိ၏အဝတ်များကို တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။

အနမ်းများမှာ ခံစားချက်များစွာကို ပို့ဆောင်ပေးနိုင်‌သည်။

ရှန့်ဖန်းယွိ၏ယနေ့အနမ်းများမှာ ယခင်အချိန်များနှင့်မတူဘဲ တောက်လောင်နေသောမီးသွေးကဲ့သို့ မရင်းနှီးသည့်ရဲရင့်မှုတစ်ခုပါဝင်နေသည်ဟု ကျန်းရွှိခံစားလိုက်ရသည်။

နှာခေါင်းပေါ်မှသည် မျက်ခုံးနှင့်နားရွက်များအထိ ထို့နောက် သူ၏လည်ပင်းကို အသာအယာကိုက်လိုက်ကာ အေးစက်ဖြူဖွေးသောအသားအရေပေါ်တွင် အနမ်းကြောင့် အနီမှတ်များကို ဖြစ်ပေါ်စေလိုက်သည်။

၎င်းမှာ လူများကို မလုပ်စေချင်သော်လည်း လိုလိုလားလားပျော်ဝင်သွားစေရန် လုပ်ဆောင်ပေးနေခဲ့သည်။

သူ၏ခါးအောက်သို့ဆင်းသွားသည့်ရှန့်ဖန်းယွိ၏လက်ဖဝါးမှာနွေးထွေးနေကာ လက်ဖဝါးမှထိတွေ့သွားသည်ကို ခံစားနိုင်သည်အထိပင် အပူရှိန်မှာ ရှင်းလင်းစွာထွက်ပေါ်နေသည်။

ရှန့်ဖန်းယွိ၏နှုတ်ခမ်းနှင့်သွားများအကြားရှိ ဝိုင်နီ၏ချိုမြိန်သောရနံ့နှင့်ပေါင်းစပ်ထားသော တဟုန်ထိုးတက်လာသည့် ဟော်မုန်းများမှာ လရောင်အောက်တွင် ဝိုင်ဖြင့်စိမ်ထားသောစပျစ်သီးများကဲ့သို့ သူ့ကိုမွှေနှောက်နေခဲ့သည်။

ကျန်းရွှိ၏ခြေချောင်းလေးများကွေးကောက်သွားရပြီး ရှန့်ဖန်းယွိ၏လက်ကို အလိုလိုဆုပ်ကိုင်မိသွားသည်။

ကောင်းကင်ပေါ်မှ တိမ်များမှာ အချင်းချင်းထပ်နေပြီးနောက် ထပ်မံ၍ကွဲကွာသွားကြချိန်တွင် စောင်အောက်တွင် တစ်ခုကိုတစ်ခုကိုဖိကပ်ထားသောလက်များမှာ အနည်းငယ်စိုစွတ်နေခဲ့သည်။ လမ်းတစ်လျောက်တွင် ပန်းများပွင့်လန်းနေခဲ့သော်လည်း ခြံစည်းရိုးကိုထိလိုက်မိသည့်အချိန်၌ တဖြည်းဖြည်းပွင့်လန်းနေသည်မှာ ရပ်တန့်သွားခဲ့သည်။

ကျန်းရွှိ မျက်လုံးကိုအောက်သို့ငုံ့ကာ ရှန့်ဖန်းယွိ သူ၏လက်ကို သူ့ဘာသာပြန်ဆုတ်သွားနိုင်ရန် စောင့်ဆိုင်းနေမိသည်။

သို့သော်လည်း ပန်းများမှာမူ ဆန့်ကျင်ဘက်အရပ်တွင်ပွင့်လန်းလာခဲ့လေသည်။

" စိတ်မလှုပ်ရှားပါနဲ့…" ရှန့်ဖန်းယွိ စကားပြောလိုက်စဉ် သူ၏အသက်ရှုထုတ်မှုထဲတွင် တိမ်မြုပ်နေသောအပူရှိန်တစ်ခုပါဝင်နေပြီး " ဒေါက်တာကျန်း ပုံမှန်လုပ်နေကြအရာလေးကို ကိုယ့်ကိုသင်ပေးနော်…"

ကျန်းရွှိ သူ၏မေးကိုစောင်းထားစဉ် ရှန့်ဖန်းယွိကို စိုက်ကြည့်နေခဲ့ပြီး သူ၏မျက်လုံးထောင့်များမှာမူ ဆွဲဆောင်မှုရှိစွာ နီရဲနေခဲ့သည်။ 

" မင်းလိုချင်တာက… မင်း မင်း မင်းမျက်နှာကိုတောင် ဂရုမစိုက်တော့ဘူးလား…"

အရက်မူးနေသည့်လူများ၏စကားနှင့်အပြုအမူများမှာ ယုတ္တိမတန်‌တတ်ပေရာ သဘာဝကျစွာပင် ရှန့်ဖန်းယွိ သူတို့၏မျက်နှာ‌အပေါ် အရေးစိုက်မနေခဲ့ပေ။

ထို့ကြောင့် ရှန့်ဖန်းယွိမှ ပျင်းတိပျင်းရွဲ့ဖြင့် ရှင်းပြလာသည်။ " ကိုယ်မင်းကိုသက်တောင့်သက်သာ‌ဖြစ်အောင် ကူညီပေးမယ်…"

ကျန်းရွှိ၏နဖူးတွင် ချွေးများရွှဲနစ်နေကာ အသံအက်အက်ဖြင့် မေးလိုက်မိသည်။ " ငါတို့က… အဲဒါတွေမပါတဲ့ဆက်ဆံရေးမဟုတ်ဘူးလား…"

" ကိုယ်ကတော့ ရပေမယ့် မင်းကမဖြစ်သင့်ဘူးလေ…" ရှန့်ဖန်းယွိ ရည်ရွယ်ချက်ရှိရှိစနောက်လိုဟန်ဖြင့် ကျန်းရွှိ၏နားထဲသို့ ခပ်တိုးတိုးရယ်လျက် ပြောလိုက်သည်။ " မင်းကလိင်မှုရေးရာမပါချင်ဘူးဆိုလည်း ကိုယ့်ကိုအခုရပ်လိုက်ဖို့ပြောလို့ရပါတယ်…"

ရှန့်ဖန်းယွိမှာ သီချင်းဆိုခြင်းကိုသင်ယူခဲ့ဖူးသူဖြစ်လေရာ သူ၏အသံကိုအသုံးပြုရာတွင် ကျွမ်းကျင်နေခဲ့သည်။

ခပ်ဖွဖွရယ်သံကြောင့် ကျန်းရွှိ၏နားရွက်များမှာ ထုံကျင်သွားရပြီး သူ၏နှလုံးသားမှာလည်း ယားယံလာသည်။

အရက်မူးနေသည့်ရှန့်ဖန်းယွိမှာ အနည်းငယ်ကွဲပြားနေကာ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မည်သည့်အရာကိုမဆိုအရှက်မရှိပြောနေလေသည်။

သို့်သော်လည်း မမျှော်လင့်စွာဖြင့် ဤသည်ကပင် ဆွဲဆောင်မှုရှိနေခဲ့သည်။

ခဏအကြာတွင် ကျန်းရွှိခေါင်းကိုငုံ့ကာ ခွင့်ပြုချက်ပေးသည့်အနေဖြင့် ရှန့်ဖန်းယွိ၏လည်ဇလုပ်ကို အနည်းငယ်ကိုက်လိုက်လေသည်။

ကျန်းရွှိ၏ခွင့်ပြုချက်ဖြင့် ရှန့်ဖန်းယွိ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာကာ ပေါ့ပေါ့ပါးပါးသတိပေးလိုက်သည်။ " အသံတိုးထားဖို့သတိရနော်… သူကအခုချိန်‌ဆိုအိပ်နေလောက်ပြီ သူ့ကိုမနှိုးလိုက်နဲ့…"

ခဏအကြာတွင် သူ့ကြောင့်စိတ်မရှည်ဖြစ်နေရသည့်ကျန်းရွှိကိုကြည့်ကာ ထပ်ပြောလိုက်သည်။ " တကယ်လို့မနေနိုင်ဘဲ အသံထွက်မယ်ဆိုလည်း ကိုယ့်ပုခုံးကိုကိုက်လို့ရပါတယ်…"

အိပ်ရာပေါ်တွင် သူတို့နှစ်ဦးသာရှိနေခဲ့သော်လည်း ရှန့်ဖန်းယွိမှာ တတိယလူအကြောင်းကို အခိုင်အမာပြောနေသောကြောင့် ကျန်းရွှိ သူ့ကိုစိတ်တိုတိုဖြင့်စိုက်ကြည့်နေခဲ့သော်လည်း ထိုအကြည့်မှ ခြိမ်းခြောက်မှုတစ်စုံတစ်ရာကို မထုတ်ဖော်နိုင်ခင် ညအမှောင်ထဲတွင် တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်မှာ နီယွန်မီးများမှာ ချစ်သူ၏မျက်လုံးများကဲ့သို့ တောက်ပနေပြီး ညလေညင်းမှာအေးမြနေကာ အိပ်ရာခင်းမှာမူ နူးညံ့နွေးထွေးနေသည်။

အိပ်ရာမှာ အမှန်တကယ်ပင် ကားအနောက်ခုံထက်ပို၍သင့်လျော်ပြီး ရှန့်ဖန်းယွိ၏လုပ်ဆောင်မှုမှာလည်း ပြောင်မြောက်နေဆဲပင်။ ပန်းရောင်ယုန်ရုပ်လေးမှာ တစ်နည်းတစ်ဖုံဖြင့် ကုတင်အောက်သို့ကျသွားခဲ့ရသော်လည်း ပိုင်ရှင်မှာမူ ထိုအတွက်ဂရုစိုက်နိုင်ချိန်မရှိချေ။

" ကျန်းရွှိ…" ရှန့်ဖန်းယွိ သူ၏လက်ကိုဆွဲထုတ်ကာ ခေါင်းဦးပေါ်တွင် တစ်ဝက်တပျက်လှဲ၍ တစ်ဝက်ခန့်ပွင့်ဟနေသောပါးစပ်ဖြင့် ခက်ခက်ခဲခဲအသက်ရှုနေရသောကျန်းရွှိကို ကြည့်လိုက်မိသည်။ ထို့နောက် ခေါင်းကိုငုံ့ကာ ကျန်းရွှိ၏ပါးပြင်ကို အသာအယာအနမ်းပေးလိုက်ပြီး " မင်းအဆင်ပြေရဲ့လား…"

ကျန်းရွှိ၏လည်ပင်းမှာ လေထဲတွင်ပွင့်ဟနေကာ စိုစွတ်၍နီမြန်းသောဘက်ခြမ်းကို ထုတ်ဖော်နေခဲ့သည်။

ကျန်းရွှိ ခေါင်းစောင်း၍ အေးမြသွားစေရန် ခေါင်းအုံးပေါ်သို့ မျက်နှာအပ်ထားကာ ပြန်မဖြေခဲ့ပေ။

" အခုတော့ မင်းတကယ်ကြီးအပြာကားမကြည့်ဘူးဆိုတာ ငါယုံသွားပြီ…" ရှန့်ဖန်းယွိ ရယ်လျက် သူ၏ဆံပင်များကို ပွတ်သပ်ပေးနေခဲ့ပြီးနောက် တစ်ရှုးကိုလုံးကာ အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ပြီး သူ၏ပုခုံးကိုအသာအယာနှိပ်နယ်နေခဲ့သည်။

သူ၏ပုခုံးမှာ သွေးထွက်လုမတတ်ပင် အကိုက်ခံခဲ့ရလေသည်။

သူ၏လှုပ်ရှားမှုများကို ခံစားလိုက်ရသဖြင့် ကျန်းရွှိ၏အကြည့်များ တုန်ယင်သွားခဲ့သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရှန့်ဖန်းယွိ မှီချလိုက်ကာ အလိုလိုက်ခံရသောကြောင့် ဆိုးသွမ်းနေသကဲ့သို့ ပြုမူလိုက်ပြီး " အရမ်းနာတာပဲ ကိုယ့်ကိုအနမ်းလေးပေးပါဦး…"

" အမ်း…"

ထိုအချိန်တွင် ကျန်းရွှိမှာ သိသိသာသာပင် ဆက်ဆံရလွယ်ကူနေဟန်ရှိကာ သူ၏အမူအယာမှာ သက်တောင့်သက်သာရှိနေပြီး သူ၏အသံမှာ တစ်ယောက်ယောက်နိုးလာမည်ကို စိုးရိမ်နေဟန်ဖြင့် လေသံကဲ့သို့ နူးညံ့နေခဲ့သည်။

ကျန်းရွှိ ထိုင်ချလိုက်ပြီး ရှန့်ဖန်းယွိ၏ပုခုံးကိုကြည့်ရန်ပြင်လိုက်သော်လည်း သူ၏အင်္ကျီကော်လာမှာ အလွန်တင်းကြပ်နေသည့်အတွက် ကျန်းရွှိ ကြယ်သီးများကို ဖြုတ်ပစ်ရန် လိုအပ်နေသည်။

ရှန့်ဖန်းယွိ ခေါင်းကိုငုံ့၍ ကျန်းရွှိကိုကြည့်ရန် ကြိုးစားလိုက်သော်လည်း ကျန်းရွှိမှာမူ သူ၏မျက်လုံးများကိုအောက်သို့ ငုံ့ထားပြီး ကြယ်သီးဖြုတ်ရာတွင်သာ အလေးအနက်ထားနေသည်။

ကျန်းရွှိ၏အသားအရေမှာ အလွန်ဖြူဖွေးနေသောကြောင့် ဖြစ်နိုင်ပေမည်၊ မည်သည့်စိတ်ခံစားမှုအတက်အကျများကမဆို သူ၏မျက်လုံးများကို နီမြန်းအောင်လုပ်နိုင်ခဲ့ပြီး ထိုအရာကြောင့်ပင် သူ၏မျက်လုံးအောက်မှမှဲ့လေးမှာ အေးစက်စက်နှင်းတောင်ကို ဖုံးလွှမ်းနေသော ရောင်စုံအလင်းတန်းများကဲ့သို့ ပို၍ပင်အသက်ဝင်လာခဲ့သည်။

အချို့သောအချက်များကြောင့် ကျန်းရွှိ သူ၏ကြယ်သီးကိုဖြုတ်နေသည့်မြင်ကွင်းမှာ သူ့အတွက်ရင်းနှီးနေသည်ဟု ရှန့်ဖန်းယွိခံစားလိုက်ရသည်။

အလင်းရောင်တစ်ချက်လက်သွားချိန်တွင် လွန်ခဲ့သောအချိန်များတွင် အရက်အတုဖြင့်ချိတ်ပိတ်ထားခဲ့သော အမှတ်တရများမှာ ရုတ်တရက်အုံလိုက်ကျင်းလိုက်ဝင်ရောက်လာခဲ့သည်။

ကျန်းရွှိထံတွင် ရှည်လျားသွယ်လျသောခြေထောက်များရှိပြီး သူ၏ပခုံးနှင့်ညှပ်ရိုးကို အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသည်။ သူ၏မေးရိုးမှာထက်ရှနေခဲ့ပြီး အနက်ရောင်နက်တိုင်ဖြင့် မျက်လုံးကို ဖုံးအုပ်ထားသောကြောင့် သူ၏မျက်နှာမှာ ပို၍ပင်ကြည့်ကောင်းနေခဲ့၏။

ရှန့်ဖန်းယွိ သူ၏အရေးပေါ်လှုပ်ရှားမှုများကို ထိန်းချုပ်၍မရနိုင်တော့ပေ။ ထို့အတူ ကျန်းရွှိမှာလည်း အိပ်ရာပေါ်မှ မြူဆွယ်နေကာ စကားလုံးတိုင်းမှာ စိန်ခေါ်နေခဲ့သည်။ " မင်း… အားပြတ်နေပြီလား…"

သိသိသာသာပင် ရှန့်ဖန်းယွိမှာ သူ၏အားနည်းချက်ကို ဖော်ပြရန်ငြင်းပယ်နေကာ " မင်းကသာ… အားပြတ်နေတာ.."

" ရှန့်ဖန်းယွိ .. မင်းရဲ့သက်လုံလောက်နဲ့ ငါ့ကိုလာရှုပ်ချင်တာလား…" ကျန်းရွှိတိုက်ရိုက်ပင် လှုံ့ဆော်ပေးလိုက်သည်။ " မင်းမလုပ်နိုင်ပါဘူး"

အရက်မူးနေသောရှန့်ဖန်းယွိမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ ကျန်းရွှိကို အိပ်ရာပေါ်မှ ဆွဲမ၍ ပမာမခန့်ဟန်ဖြင့်ပြောလိုက်သည်။ " ထပ်ပြောပါဦး…ငါကမလုပ်နိုင်ဘူးတဲ့လား…"

ရုတ်တရက် သူ၏အထောက်အပံ့ကိုဆုံးရှူံးသွားသောကြောင့် ကျန်းရွှိ ထိတ်လန့်သွားကာ ရှန့်ဖန်းယွိ၏လည်ပင်းကို အမြန်ဖက်ထားလိုက်မိကာ နှုတ်ခမ်းကိုကိုက်၍ ထွက်‌လာတော့မည့်အသံကိုမြိုချလိုက်သည်။

" မင်း… ခွေးကောင်… ငါ့ကိုချပေး…"

ကျန်းရွှိမှာ ကြောက်လန့်နေသောကြောင့် စက္ကန့်ပိုင်းအတွင်း တစ်စုံတစ်ယောက်ကို ထရိုက်မလိုဖြစ်နေခဲ့သည်။

တစ်ဖက်တွင်မူ ရှန့်ဖန်းယွိမှာ ရန်ငြိုးထား၍ သူ၏သက်လုံကိုသက်သေပြသည့်အနေဖြင့် ကျန်းရွှိကို ခေါင်းမာမာဖြင့်ပွေ့ဖက်ထားကာ သူမည်မျှပင်ပြောဆိုနေပါစေ လွှတ်မပေးခဲ့ပေ။

ကျန်းရွှိ သူ၏ခြေထောက်များကိုတွယ်ချိတ်ထားလိုက်ရပြီး ပြုတ်ကျနိုင်သည့်ဟူသောအသိစိတ်ကြောင့် ပြုတ်မကျလာစေရန် ရှန့်ဖန်းယွိ၏အင်္ကျီကိုသာ တင်းတင်းဆုပ်ကိုင်ထားမိသည်။

ဤသို့တင်းကြပ်စွာဆုပ်ကိုင်ထားရင်းမှ ကျန်းရွှိ ရုတ်တရက်တစ်စုံတစ်ခုကို သတိပြုမိသွားသောကြောင့် အံကိုကြိတ်၍ မျက်လုံးကိုအုပ်ထားသည့်နက်တိုင်ကို အောက်သို့ဆွဲချကာ ရှန့်ဖန်းယွိကိုပြောလိုက်သည်။

 " မင်း ခွေးကောင်… ငါ့ကိုယ်ကြ အဝတ်တွေချွတ်ပစ်ပြီးတော့ မင်းဘာမင်းကြမချွတ်ထားဘူး…"

ထိုသို့ပြောပြီးနောက် အမူးသမားကဲ့သို့ဖြစ်လာသည့်ကျန်းရွှိမှာ မည်သည့်အရာကိုမျှ အရေးမစိုက်နိုင်တော့ဘဲ လက်ကိုဆန့်ကာ ကျန်းရွှိ၏အင်္ကျီကိုသာ ဆွဲချွတ်နေခဲ့သည်။

ရှင်းပြ၍မရ‌နိုင်သောနည်းလမ်းဖြင့် တိုက်ခိုက်မှုမှာစတင်လာခဲ့သော်လည်း လျင်လျင်မြန်မြန်ပင် ပူလောင်လာခဲ့သည်။

သူတို့၏မျက်လုံးများနီမြန်းနေပြီး လက်များမတည်မငြိမ်ဖြစ်နေကာ ရှုပ်ထွေးသွားခြင်းကြောင့် သူတို့၏လှုပ်ရှားမှုများကို ခဏခဏရပ်တန့်လိုက်ရသည့်တိုင် ၎င်းမှာ ရှန့်ဖန်းယွိထက် ပို၍ရမှတ်ကောင်းချင်သောကျန်းရွှိ၏စိတ်ပိုင်းဖြတ်ထားမှုကို မကျော်လွန်နိုင်ခဲ့ပေ။

ရလဒ်အနေဖြင့် ရှန့်ဖန်းယွိ၏ဒေါင်းကဲ့သို့ရှပ်အင်္ကျီမှာ ပြတ်သားသောကျန်းရွှိကြောင့် ဆွဲဖြဲခံလိုက်ရလေသည်။

သူ၏အမှတ်တရများကို ပြန်လည်ရရှိလိုက်သောရှန့်ဖန်းယွိမှ သက်ပြင်းတစ်ချက်ခိုးချလိုက်မိသည်။ ကျန်းရွှိ၏ဒေါသမှာ ဤအတောအတွင်း အတော်လေးကို တိုးတက်လာပုံပင်။

အိပ်ခန်းထဲတွင် ရှန့်ဖန်းယွိ တစ်စုံတစ်ခုကိုသတိရသွားသည့်ပုံကိုမြင်လိုက်ရသောကြောင့် ကျန်းရွှိ သူ၏အမူအယာမှာ ရှုပ်ထွေးသွားပြီး နူးညံ့လာခဲ့သည်။

ထို့ကြောင့် သူ၏လက်များကိုရပ်တန့်လိုက်ကာ မေးလိုက်သည်။ " ဘာပြသနာရှိလို့လဲ…"

ရှန့်ဖန်းယွိ လည်ချောင်းရှင်းလိုက်ပြီး ကျန်းရွှိကိုကြည့်ရန် ရှက်နေမိသည်ဟု ခံစားလိုက်ရသည်။

ဤစစ်ဆေးမှုမှာ သူ့အတွက် အမှန်တကယ်ပင် အလွန်ခက်ခဲလှသည်။

ယခုအချိန်တွင် သူမျက်လုံးမှိတ်လိုက်ချိန်တိုင်း ကျန်းရွှိ၏ထက်ရှပြီး ဆွဲဆောင်မှုရှိသောပုံစံကိုသာ မြင်နေတော့မည်ဖြစ်သည်။

ကျန်းရွှိမှ နီမြန်းနေသောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်လာချိန်တွင် ၎င်းတို့မှာ ဆူးများဖြင့် အနီရောင်နှင်းဆီပွင့်များသဖွယ်ဖြစ်နေခဲ့သည်။

ဖြစ်ပျက်နေသည့်အရာများကို တဖြည်းဖြည်းသဘောပေါက်သွားသောကြောင့် ကျန်းရွှိ ခေါင်းကိုငုံ့ကာ ရှန့်ဖန်းယွိကို ကြည့်လိုက်သည်။

" မင်း…"

" ငါ… တစ်ခုခုလုပ်ဖို့လိုလို့…"

ရှန့်ဖန်းယွိ သူ၏ခန္ဓာကိုယ်တွင်းမှ အရက်ရှိန်ကိုဖိနှိပ်ကာ အနောက်သို့လှည့်မကြည့်ဘဲ ရေချိုးခန်းစီသို့ ပြေးထွက်သွားခဲ့သည်။

သို့သော်လည်းသူရေပန်းကိုဖွင့်ချလိုက်ချိန်တွင် ရုတ်တရက်ကျန်းရွှိမှ တံခါးကိုဆွဲဖွင့်လာသည်။

မယဉ်ကျေးတော့သောဒေါက်တာကျန်းနှင့် ပို၍ပင်မယဉ်ကျေးတော့သည့်ဒေါက်တာရှန့်တို့မှာ မထင်မှတ်ဘဲ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကာ လေထုမှာ အချိန်ခဏမျှအေးခဲနေပုံရသည်။

ရေငွေ့များဖုံးအုပ်နေသောမှန်နှင့်အတူ ရေချိုးခန်းတွင် အလင်းရောင်များတောက်ပနေခဲ့သည်။ လူငယ်လေး၏စိုစွတ်နေသောဆံပင်နှင့် ချစ်ရည်ရွှန်းလဲ့နေသောမျက်လုံးများမှာမူ ပါးလွှာသောမြူများဆိုင်းနေသကဲ့သို့ ပို၍ပင်နက်မှောင်လာခဲ့သည်။

စိုစွတ်မှုတစ်ခုမှာ ကျန်းရွှိ၏မျက်နှာပေါ်သို့ ကျရောက်လာပြီး ဝိုင်နီ၏မွှေးရနံ့ဖျော့ဖျော့မှာ သူ၏အသက်ရှုသံတွင် လာရောက်ရစ်ပတ်နေခဲ့သည်။

ဟော်ချန်ချွန်းလက်ဆောင်ပေးခဲ့သည့်ထိပ်တန်းအဆင့်ဝိုင်နီမှာ အမှန်တကယ်ပင် ကြွယ်ဝကာ ဆွဲဆောင်မှုရှိလှပြီး ရှန့်ဖန်းယွိသာမက သူပင်မူးလာသည်ဟုခံစားလိုက်ရသည်။

ရှန့်ဖန်းယွိ လေကောင်းလေသန့်ရရန် ပြတင်းပေါက်တံခါးကိုထဖွင့်လိုက်ချိန်တွင် သူ၏ခြေထောက်များမှာ အနည်းငယ်ယိုင်ထိုးနေခဲ့သည်။

တံခါးဘောင်ကိုမှီ၍ ကျန်းရွှိလက်ဆေးနေသည်ကြည့်နေမိခဲ့သည်။ ‌သိမ်မွေ့သောရေစီးကြောင်းမှ ကျန်းရွှိ၏လှပသောလက်များကိုဖြတ်ကာ စီးဆင်းသွားပြီး သူ၏လက်ကောက်ဝတ်အရိုးများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

စီးဆင်းနေသောရေနှင့်အတူ စီးကပ်နေမှုများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားသော်လည်း ရှန့်ဖန်းယွိ၏နှလုံးသားများမှာ ပူပင်မှုများဖြင့်လောင်ကျွမ်းနေရသည်။

ကျန်းရွှိ၏မျက်နှာကိုအတွင်းဘက်မှ ဖုံးအုပ်ထားသည့် ရေငွေ့ရိုက်နေသောမှန်ပေါ်တွင် အသည်းပုံကြီးတစ်ခု‌ဆွဲလိုက်သော်လည်း ကံမကောင်းစွာဖြင့် ကျန်းရွှိမှာ သူ့ကိုမသိချင်ယောင်ဆောင်နေကာ သူ၏မျက်နှာကိုဒေါသတကြီးလှည့်ပစ်လိုက်သည်။

ကျန်းရွှိ ရှန့်ဖန်းယွိကို ကြည့်လျက် ရှန့်ဖန်းယွိ သူ့ကိုအသိပေးနိုင်ပါလျက်နှင့် အသိမပေးခဲ့ဘဲ တမင်တကာလက်များစိုအောင်လုပ်ခဲ့ကြောင်းကို သိနေခဲ့သည်။

" အပြင်ထွက်တော့…" ကျန်းရွှိ သူ၏လက်များကိုတဘက်ဖြင့်သုတ်ရင်းမှ ရှန့်ဖန်းယွိကို အပြင်သို့တွန်းပို့လိုက်ကာ " ငါရေမိုးချိုးပြီးအိပ်တော့မှာ…"

" အိုး…" ရှန့်ဖန်းယွိ တံခါးမပိတ်သွားခင် သူပြောချင်သော " ရေအတူချိုးကြမလား…" ဟူသောစကားကို " ဒါဆို ကိုယ်လည်းနောက်မှရေချိုးလိုက်မယ်…" ဟူ၍ပြောင်းလဲလိုက်သည်။

လမင်းကြီးမှာ ကောင်းကင်၏ထိပ်ဆုံးသို့ရောက်နေပြီဖြစ်ပြီး သစ်ပင်သစ်ကိုင်းများမှာ မှောင်မိုက်သောအရိပ်များကို ထုတ်ဖော်နေခဲ့သည်။ အေမြို့တော်၏ဆောင်းရာသီမြင်ကွင်းမှာ အေးခဲလှသော်လည်း အိမ်အတွင်းတွင်မူ နွေဦး၏အရောင်စုံဖြင့် မတ်လကဲ့သို့နွေးထွေးနေခဲ့ကာ ယနေ့စိုက်သောသစ်စေ့သည် နောက်တစ်နှစ်တွင် ချယ်ရီပန်းပင်အဖြစ် မှော်ဆန်ဆန်ပွင့်လန်းလာသည်ဟု ခံစားနေရသည်။

အိပ်တဝက်နိုးတဝက်ဖြင့် တစ်ညတွင်းရေသုံးကြိမ်ချိုးလိုက်ရသောကျန်းရွှိမှာ မောပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ချစ်ရသူ၏လက်မောင်းကြားတွင် မောနေသည့်တိုင် ကျေနပ်နေမိသည်။

ရှန့်ဖန်းယွိမှာ သူ့ထက်စာလျှင် ရေချိုးရာတွင် တစ်ကြိမ်လျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပေမည်၊ ထိုအချိန်တွင် အနည်းငယ်နိုးကြားနေခဲ့သည်။

ရှန့်ဖန်းယွိ ကျန်းရွှိ၏လည်ပင်းကိုအသာအယာဆွဲယူကာ ငှက်မွှေးကဲ့သို့မျက်တောင်ရှည်များကို အနမ်းပေးလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များမှာ အပြုံးကြောင့်ကော့တက်သွားသည်။

ကျန်းရွှိ သူ့ကိုအဝေးသို့တွန်းထုတ်လိုက်သော်လည်း ရှန့်ဖန်းယွိမှာ သူ့ကိုလက်ဆယ်ချောင်းလုံးဖြင့် ရစ်ပတ်ထားခဲ့လေသည်။

" ကိုယ်မင်းကိုပြောစရာရှိတယ်…" 

" မနက်မှပြောတော့…" ကျန်းရွှိမှာ မျက်လုံးများကို ဖွင့်ထားရန်ပင်ခက်ခဲနေခဲ့သည်။

ရှန့်ဖန်းယွိမှာမူ ဇွဲကောင်းနေသည်။ " ဒီနေ့ပြောရမှပါဆို…"

ကျန်းရွှိ သူ့ကိုမခုခံနိုင်သည့်အတွက် မကျေမနပ်ဖြင့် သူ၏မျက်ခွံများကို အတင်းဖွင့်ထားကာ စက္ကန့်ဝက်မျှပင် နှောင့်နှေး၍မရသော ရှန့်ဖန်းယွိ၏အရေးကြီးစကားများကိုနားထောင်ပေးရန် ပြင်လိုက်သည်။

နူးညံ့သောစောင်အတွင်းတွင် သူတို့ကိုထုတ်ပိုးထားသည့်အတွက် ခြောက်သွေ့ကာ နွေးထွေးနေခဲ့သည်။

ရုတ်တရက်ဆိုသလို ရှန့်ဖန်းယွိမှ သူ့ကိုပွေ့ဖက်လာကာ နားနားကပ်၍ ယနေ့ညအတွက် မမေ့နိုင်‌တော့မည်စကားကို ပြောလာခဲ့သည်။

" ကျန်းရွှိ မင်းလက်တွဲဖော်ကနေ ခင်ပွန်းအဖြစ်ပြောင်းချင်လား…"