🧑⚕️Chapter 106
နောက်တစ်နေ့တွင် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့ရုံးသို့အတူတူသွားခဲ့ကြသည်။
တံခါးမှမဝင်ခင် သူတို့အချင်းချင်းတွဲထားသည့်လက်များအားလွှတ်ချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် လမ်းတွင်မည်သူနှင့်မျှ မတွေ့ခဲ့ကြပေ။ရုံးထဲသို့ဝင်သွားကြသည့်အခါ ရှန့်ဖန်းယွိသည် စိတ်အေးချမ်းသာစွာဖြင့် ဟင်းကနဲ သက်ပြင်းချလိုက်သည်။
ကျုံးလန် ကသူ့အားကြည့်ကာစလိုက်၏။
"စီနီယာ အကိုရှန့် ပျော်စရာတွေရှိနေလို့လား..."
"အဲ့ဒါက ပျော်စရာကြီးရယ်လို့ အတိအကျတော့ မဟုတ်သေးပါဘူး….ငါလက်ထပ်ခွင့်တောင်းထားပေမယ့်ထားပေမယ့်အဲ့တယောက်ကလက်ခံတယ် လို့ မပြောသေးဘူး…ဒါပေမဲ့လက်မခံဘူးလို့လည်း မပြောသေးပါဘူး.."
သူ ကျန်းရွှိအားကြည့်ကာပြောသည်။
"အိုး…အဖြစ်အပျက်တွေကမြန်ဆန်လိုက်တာ…မြန်မြန်ဆန်ဆန်အကွက်ရွှေ့နေပြီပေါ့"
ကျုံးလန်က ရှန့်ဖန်းယွိသည် နောက်ဆုံးတစ်ခေါက်တွင် လုပ်ဖော်ကိုင်ဖက် အားလုံးအား မုန့်ဝယ်ကျွေးခဲ့သည်ဖြစ်၍ ရှန့်ဖန်းယွိအနေနှင့် သူကြိုက်နှစ်သက်သောသူနှင့်စတင်ချိန်းတွေ့လောက်မည်ကိုသိသည်။
ကျန်းချန် သူ၏မျက်နှာကိုတဖက်သို့လှည့်လိုက်သည်။ရှန့်ဖန်းယွိ၏ထူးခြားနေသော အမူအရာအားဆက်မကြည့်နိုင်တော့ပါ။သူသည်ရည်းစားတစ်ခါမျှမထားဖူး၍ ရှန့်ဖန်းယွိ၍၏ ခပ်ကြွားကြွားအခြေအနေအား နားမလည်ပေ။
ယခုသူသည်ယုံကြည်စိတ်ချမှုအပြည့်ဖြစ်နေသော ရှန့်ဖန်းယွိအား ကြည့်လိုက်သည်။ ယခု သူ၏စိတ်ထဲတွင်ကြားနိုင်သမျှသည် ပြီးခဲ့သည့်ညက ချမ်းသာသောဒုတိယမျိုးဆက်နှစ်ခု၏ ကြေကွဲဖွယ်ကောင်းသောအသံများဖြစ်သည်။
အခန်းဖော်အားနောက်ကျောမှဓားထိုးကာ အိမ်တန်းပြန်၍ လက်ထပ်ခွင့်တောင်းခံခြင်းက မည်မျှဆိုးရွားလိုက်သနည်း။
သူသည် မတတ်နိုင်ပဲ ကံမကောင်းသော နှစ်ယောက်အတွက် မျက်ရည်ဝဲသွားခဲ့သည်။
ကျန်းရွှိ သည် ယွီဆန်း မှထအော်ပြောသည့်အချိန်အထိ ငြိမ်သက်နေ၏။
"အစ်ကိုရွှိ….လည်ပင်းက ဘာဖြစ်တာလဲ..."
ကျန်းရွှိ ပတ်တီးကိုဖုံးအုပ်ရန်သူ၏ကော်လာအားဆွဲတင်လိုက်သည်။
"ဒဏ်ရာနည်းနည်းရသွားလို့ပါ..."
"အို့…..တစ်ယောက်ယောက်ကဆေးရုံမှာ ရုတ်ရုတ်သဲသဲတွေလုပ်ခဲ့တာလား…ဘယ်လိုလူက ရက်ရက်စက်စက် အကိုရွှိ လည်ပင်းကို မှလုပ်ရက်တာလဲ.."
ရှန့်ဖန်းယွိ မနေနိုင်ပဲ ချောင်းနှစ်ကြိမ်ဟန့်မိသွားသည်။ကျန်းရွှိကသူ၏အသံကိုကြားလိုက်ရသည်။ သူ၏နားရွက်ထိပ်များနီရဲလာကာ ယွီဆန်းအားပြောလိုက်သည်။
"မဟုတ်ပါဘူး..."
"ဒါဆိုဘာဖြစ်ခဲ့တာလဲ..."
"…."
ပြီးခဲ့သည့်ညက အရက်မူးနေသောတစ်စုံတစ်ယောက်သည်အိပ်ရာထဲတွင် ရစ်သီရစ်သီနှင့် သူ၏လည်ပင်းပေါ်တွင် မရမက အတင်းအမှတ်အသားချန်သွားခဲ့သည်။ သူသည်လည်း အဘယ့်ကြောင့်မိုက်မဲစွာ လက်ခံသဘောတူခဲ့သည်ကို မသိတော့ပေ။ ယခုတွင် သူသည်အချိန်နောက်ပြန်သွားကာ သူ့ကိုယ်သူအသိဝင်ရန် ပါးရိုက်လိုက်ချင်တော့သည်။
ကျန်းရွှိ သည်လိမ်ရာတွင်အလွန်ဆိုးရွားကာ ယခုချိန်တွင်ခြင်ကိုက်ခြင်းဖြစ်သည်ဟု ဖြေဆိုခြင်းသည် အလွန်လိမ်ရာကျမည်ကို သိလိုက်သည်။ သူခဏတိတ်ဆိတ်သွားသောအခါ ယွီဆန်း ကနောက်ဆုံးတွင် သဘောပေါက်လာသည်။
"မရီးလေးက သူ့ရဲ့လွှမ်းမိုးမှုကိုအသေအချာကို ပြနေပါလား…သူမကအတော်လေး လွှမ်းမိုးတတ်တယ်လားအစ်ကို ရွှိရေ…သူ့ကိုသေချာစကားပြောပြီး အရမ်းစိတ်မကြီးဖို့ပြောထားပါအုံး"
ကျန်းချန်က ယွီဆန်း ၏ပါးစပ်ကို ပြေး၍လက်ဖြင့်အုပ်လိုက်သည်။ ယွီဆန်း ဒေါသတကြီး ရုန်းကန်ပြီးနောက်သူ့အားကြည့်လိုက်ကာ ဗလုံးဗထွေးပြောလာသည်။
"ကျန်းချန်….မင်းဘာဖြစ်နေတာလဲ..."
"အနန္တရောင်ခြည်….မင်းဘဝကိုကယ်တင်နေတာ"
ကျန်းချန်၏ဗုဒ္ဓဘာသာ ရောင်လျှံစက်ဝန်းသည် သူ၏ ဦးခေါင်းနောက်တွက်တောက်ပနေကာ ယွီဆန်းထံပြုံးပြလိုက်သည်။
ယွီဆန်းကသူ့အား မျက်လုံးလှန်၍ကြည့်သည်။
"အကိုရွှိနဲ့ငါ စကားပြောနေတာကို မင်းဘာတွေလာဂရုစိုက်နေတာလဲ…မင်းကအမြဲ ဒေါက်တာရှန့်ဘက်ကပဲနေပြီး ငါတို့ကို အထင်သေးနေကြတာမလား…မင်းဘာသာ ဒေါက်တာရှန့်ရဲ့ ဘဝရေးရာတွေပဲ သွားဂရုစိုက်ဖို့ ငါအကြံပေးချင်တယ်…"
"ကျန်းရွှိကကောင်းကောင်းလုပ်နေတယ်…ရှန့်ဖန်းယွိလည်းကောင်းကောင်းလုပ်နေတယ်….လူတိုင်းကကောင်းကောင်းမွန်မွန်နေပြီး ငါတို့ရဲ့ဂရုစိုက်မှုနဲ့ကာကွယ်မှုခံရဖို့ ထိုက်တန်တယ်လေ…ငါတို့ဌာနလည်း ဌာနခွဲနဲ့အငြင်းပွါးမှုတွေကနေ ကင်းလွတ်ပါစေ..."
ကျန်းချန်က ငြိမ်းချမ်းရေးသံအမတ်ကြီးကဲ့သို့ပြောသည်။
ယွီဆန်း သည်တစ္ဆေတစ်ကောင်ကိုတွေ့ခဲ့ရသည့်အတိုင်းကြည့်လိုက်ကာ ကျန်းရွှိ၏ အင်္ကျီလက်စကိုဆွဲ၍…
"သူဘာဖြစ်နေတာလဲ…ဒီနားနည်းနည်း ချို့ယွင်းနေတာလား..." သူ၏ ဦးခေါင်းကိုပါလက်နှင့်ထိုးပြရင်း မေးသည်။
ကျန်းရွှိသည်ခဏမျှငြိမ်နေပြီးနောက် ယွီဆန်း၏ပခုံးကို အသာပုတ်၍
"ဒေါက်တာကျန်းပြောတာမှန်တယ်…မင်းသူ့ဆီကနေသင်ယူသင့်တယ်..."
ယွီဆန်း- "….."
သူတို့သည်သူ့အား မခေါ်ဘဲနှင့် စုပေါင်းဦးနှောက်အစားထိုးကုသမှုအတွက်သွားခဲ့သည်လား။
ကျီစယ်စနောက်နေခြင်းများသည် သိပ်ကြာကြာမခံပေ။သတင်းအပိုင်းအစတစ်ခုကြောင့်လျင်မြန်စွာအနှောင့်အယှက်ဖြစ်သွားခဲ့သည်။
သိပ္ပံနည်းကျသုသေသနအသိုင်းအဝိုင်းတွင် ကြီးမားသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
မကြာသေးမီက M နိုင်ငံတွင်ပြုလုပ်ခဲ့သောအင်တာဗျူးတစ်ခုတွင် ပါမောက္ခ ခန်း သည် Z နိုင်ငံ မှဆရာဝန်များအားပြောင်ပြောင်တင်းတင်း လှောင်ပြောင်သရော်ခဲ့သည်။ ဗီဒီယိုက ပြည်တွင်းတွင်ပြန့်သွားသောအခါ ကျီဟွား ဆေးရုံ သားဖွားနှင့် မီးယပ်အထူးကုဌာနမှဆရာဝန်များအားလုံး အသံတိတ်သွားကြသည်။
ယခင်က မစ္စတာဘေကာပြန်လည်နိုးထပြီးနောက် S နိုင်ငံ အစိုးရသည် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများကိုချုပ်ထိန်းရန် မစ္စတာ ဘေကာအား တရားဝင်မီဒီယာများမှတဆင့် လူထုရှေ့ထွက်ပြကာ ပြင်ပကမ္ဘာသို့အခြေအနေများရှင်းပြပေးရန် အဆိုပြုခဲ့သည်။
မမျှော်လင့်ဘဲ S နိုင်ငံ၏အစိုးရပိုင်းဆိုင်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများကိုတာဝန်ယူရသော အဓိကပုဂ္ဂိုလ်တစ်ဦးသည် မစ္စတာဘေကာ၏အမှုသည် သတင်းတန်ဖိုးများစွာရှိသည်ဟုယုံကြည်ကာ တရားဝင်မဟုတ်သောမီဒီယာထံသို့ မစ္စတာဘေကာ၏ S နိုင်ငံမှချမ်းသာသောသူတစ်ယောက်ဖြစ်ကြောင်းအချက်အလက်များကိုသတင်းပေးဖြန့်ခဲ့သည်။
ကိုယ်ရေးအချက်အလက် ပေါက်ကြားမှု၏အရင်းအမြစ်ကိုရှာဖွေတွေ့ရှိခဲ့သော မစ္စတာဘိတ်ကာ သည်အလွန်ဒေါသထွက်သွားခဲ့သည်။ သူသည် S အစိုးရအပေါ်လုံးဝယုံကြည်မှုပျောက်ဆုံးသွားကာအင်တာဗျူးတွင် ဒေါက်တာ အဲလ်ဘတ်အပေါ် S အစိုးရ၏အရေးယူဆောင်ရွက်ခဲ့မှုများကိုဖော်ထုတ်ခဲ့သည်။
အရှက်တကွဲအကျိုးနည်းကြုံရကာ အခမ်းအနားကျင်းပပွဲ၌တမင်တကာ လျစ်လျူရှုခံခဲ့ရသောဒေါက်တာအဲလ်ဘတ်အား အများပြည်သူ၏ အာရုံစူးစိုက်မှုကိုပြန်လည်ရရှိစေရန်အတွက် အထောက်အကူပြုခဲ့သည်။
သို့သော်မစ္စတာဘေကာသည်ဒေါက်တာအဲလ်ဘတ်အား ကျော်ကြားမှုနှင့်အနာဂတ်ကို မျှော်ကိုးသည့်အပြင် မရိုးရှင်းသည့်သူဖြစ်နေကြောင်း မထင်ထားမိခဲ့ပေ။
ဒေါက်တာအဲလ်ဘတ်သည်ဤအခွင့်အလမ်း၏နောက်ကွယ်ရှိကြီးမားသောအလားအလာကိုလျင်မြန်စွာတွေ့မြင်ခဲ့သည်။သတင်းထောက်များနှင့်သူ၏အင်တာဗျူးများတွင် သူလုပ်ဆောင်ခဲ့သောခွဲစိတ်မှုအခက်အခဲ၏ခြားနားချက်အား ဒေါက်တာခန်းနှင့်နှိုင်းယှဉ်၍ ချဲ့ကားပြောဆိုခဲ့သည်။ နာမည်ကြီးရန်အတွက်အမျိုးမျိုးသောသတင်းဌာနများနှင့်ဆက်သွယ်ခဲ့သည်။ ယခင်ကမိုးထိတိုင် ချီးကျူးခံခဲ့ရသောဒေါက်တာခန်းအား "ဒေါက်တာ ကံကောင်း" ဟူ၍ အမည်တပ်ကာ သတင်းဖြန့်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် လူထုအမြင်ပြောင်းပြန်ဖြစ်သွားကာ ဤခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများမှာ နာမည်အကြီးဆုံးဖြစ်သည်။နောက်ဆုံးတွင် ဒေါက်တာအဲလ်ဘတ်သည် ဒေါက်တာခန်း၏ဂုဏ်သတင်းထက်ပို၍ နာမည်ကြီးမားလာကာ ဒေါက်တာခန်း၏ ဒေါက်တာကံကောင်းဟူသည့် နာမည်မှာလည်း ပိုမို ပျံ့နှံ့လာခဲ့သည်။
ကျွမ်းကျင်သောခွဲစိတ်ဆရာဝန်တစ်ဦးသည် "အလွန်တော်သော ဆရာဝန်"မှ "အလွန်ကံကောင်းသော ဆရာဝန်" အခြေအနေသို့ရုတ်တရက်ရောက်သွားခြင်း ဟူသော သတင်းသည် ဂုဏ်သရေရှိသော ဒေါက်တာခန်းအတွက် အလွန်ကြီးမားသောစော်ကားမှုဖြစ်သည်။
ဒေါက်တာခန်းက ဒေါက်တာအဲလ်ဘတ်၏ ခွဲစိတ်မှုသည်ခက်ခဲသော်လည်း သူ၏ခွဲစိတ်မှုသည်လည်း ကိုယ်တွင်း ချို့ယွင်းချက်များစွာရှိခဲ့ကြောင်းမီဒီယာရှေ့တွင်ထပ်ခါတလဲလဲရှင်းပြခဲ့သည်။သို့သော် အဲလ်ဘတ်၏အရှိန်အဟုန်သည်ခိုင်မာသောကြောင့် လူအများကဒေါက်တာခန်း၏ငြင်းခုံမှုကိုဂရုမစိုက်ကြပါ။
နောက်ဆုံးတွင် ဒေါက်တာခန်းသည် အလွန်စိတ်ဆိုးနေသည်လား…သေချာမစဉ်းစားပဲပြောခဲ့သည်လား… Z နိုင်ငံအားဂရုမစိုက်သည်လား သေသေချာချာမသိရပေ။ Z နိုင်ငံ မှထက်မြက်သောသတင်းထောက်တစ်ဦး က ဒေါက်တာခန်းအား ဒေါက်တာအဲလ်ဘတ်၏ခွဲစိတ်မှုနှင့်ပတ်သက်၍ မည်သို့အကဲဖြတ်သည်ကိုလူသိရှင်ကြားမေးမြန်းသောအခါ Z မှလူနာတစ်ဦးသည် သူနှင့်အဆက်အသွယ်ရှိကြောင်းကို ထုတ်ပြောကာ မိမိနိုင်ငံ၏ဆေးဘက်ဆိုင်ရာအဆင့်ကိုဦးစွာဂရုစိုက်သင့်ကြောင်းနှင့် Z နိုင်ငံတွင် အနှစ်၂၀ ကြာသော်လည်း မည်သူမျှ ထိုခွဲစိတ်မှုကိုလုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟုပင် ခြိမ်းခြောက်ကာ ရှုံ့ချခဲ့သေးသည်။
ကျန်းရွှိသည်ထိုအင်တာဗျူးကိုမြင်သောအခါ ဌာနထဲတွင် ခွက်တစ်ခွက်အားဒေါသတကြီးနဲ့ပေါက်ခွဲပစ်လိုက်သည်။
ကိုယ်ရေးအချက်လက် ပေါက်ကြားနိုင်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရသောကြောင့် ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့သည် ဒေါက်တာခန်းအားခွဲစိတ်မှုနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ၄င်းတို့သည် ဆရာဝန်ဖြစ်ကြောင်းအထောက်အထား သို့မဟုတ် ၎င်းတို့၏အမည်များကိုဖော်ပြခြင်းမျိုးများ မရှိခဲ့ပေ။
ယခင်က ရှန့်ဖန်းယွိသည် ကျီဟွား ဆေးရုံ၏ သားဖွားနှင့်မီးယပ်အထူးကုဌာနမှဆရာဝန်တစ်ဦး အဖြစ်သူ၏ အထောက်အထားအားအသုံးပြု၍ ဒေါက်တာခန်းထံမှ ခွဲစိတ်ကုသမှုအသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သော်လည်း ပြန်စာမရခဲ့ပေ။ အကယ်၍ သူတို့၏ခန့်မှန်းချက်မှန်ကန်သော်လည်း သူတို့ ထိုမေးလ်များအား ဖွင့်ကြည့်ရန်စိတ်ကူးမရှိလောက်ပေ။
သူတို့ကိုယ်တိုင် ခွဲစိတ်ကုသမှုခံယူရန်ဆုံးဖြတ်ပြီးနောက်ဒေါက်တာအား သူ၏ခွဲစိတ်ဝန်ဆောင်မှုအားမလိုအပ်တော့ကြောင်း ယဉ်ကျေးစွာအသိပေးခဲ့သည်။ သို့သော် ဒေါက်တာခန်းက သူ့အစား ဒေါက်တာအဲလ်ဘတ်ထံ သို့သာရောက်သွားကြသည်ထင်ကာ သူတို့၏ မေးလ်ကိုပင်ရိုင်းစိုင်းစွာ ဖြေကြားခဲ့သည်။ထို့ပြင် အင်တာဗျူးတွင်လည်း ထိုသို့သော စကားလုံးများသုံးကာ ထိုးနှက်ခဲ့သေးသည်။
တရုတ်နိုင်ငံမှမည်သည့်ဆရာဝန်မျှ ဒေါက်တာခန်းထံမှ ထိုသို့သော ထေ့ငေါ့ခြင်းမျိုးအား လက်ခံလိမ့်မည်မဟုတ်ပါ။ အထူးသဖြင့်တိုင်းပြည်အတွင်းရှိထိပ်တန်းဆရာဝန်များစုစည်းတည်ရှိရာ ဂုဏ်သတင်းကြီးသောကျီဟွားဆေးရုံမှ ဖြစ်သည်။