အပိုင်း ၁၀၇
Viewers 32k

🧑‍⚕️Chapter 107


ထိုသတင်းသည်အများပြည်သူသို့ပျံ့နှံ့သွားပြီးနောက် များသောအားဖြင့် လိုက်လျောညီထွေဖြစ်ကာ သွက်လက်သော ကျီဟွားဆေးရုံ၏သားဖွားနှင့်မီးယပ်အထူးကုဌာနမှာ သုံးရက်တိုင်တိုင်တိတ်ဆိတ်နေခဲ့သည်။ အမြဲတမ်းပြုံးရွှင်နေခဲ့သောဒါရိုက်တာချွေ့သည်ပင် ထိုသုံးရက်အတွင်း သူ၏မျက်နှာပေါ်တွင်အပြုံးမရှိခဲ့ပေ။

အင်တာနက်ပေါ်တွင် နိုင်ငံသား များစွာသည်ထိုကိစ္စနှင့်ပတ်သက်၍စိုးရိမ်ကြောင်းဆွေးနွေးခဲ့ကြသည်။အချို့လူများက လူနာသည်အမှားမရှိကြောင်းနှင့် ပိုမိုကောင်းမွန်သောဆေးဘက်ဆိုင်ရာအရင်းအမြစ်များကိုရှာဖွေသည်မှာပြဿနာမဟုတ်ကြာင်းပြောကြသည်။ အခြားသူများကမူ လူနာသည်တရုတ်နိုင်ငံတွင်ဦးစွာဆေးကုသမှုခံယူသင့်ကြောင်းနှင့် နိုင်ငံခြားတိုင်းပြည်များကိုမျက်စိမှိတ်ယုံကြည်ရန်ခဲယဉ်းသေးကြောင်းပြောကြသည်။

ကျီဟွား ဆေးရုံ၏ သားဖွားနှင့်မီးယပ်အထူးကုဌာနအစည်းအဝေးခန်းမတွင်ဒါရိုက်တာချွေ့သည်လေးနက်တည်ကြည်စွာရှင်းပြခဲ့သည်။

"လွန်ခဲ့တဲ့လအနည်းငယ်က ဒီခွဲစိတ်ကုသမှုကိုမင်းတို့လုပ်နိုင်တယ်လို့ ထင်ကြလားဆိုပြီး ငါအားလုံးကိုမေးခဲ့ဖူးတယ်နော်…အခု ဒေါက်တာခန်းက အဲ့မေးခွန်းကို တရုတ်နိုင်ငံက သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်တွေရော တစ်ကမ္ဘာလုံးကိုရော မေးနေပြီ..."

ဒါရိုက်တာ ချွေ့၏ အကြည့်သည် ဌာနတွင်းရှိသူမ၏လုပ်ဖော်ကိုင်ဖက်များ၏မျက်နှာများအား ဖြတ်သန်းသွားခဲ့သည်။ အများပြည်သူအမြင်၏ဖိအား နှင့်ဂုဏ်သိက္ခာချိုးနှိမ်ခံရမှုများကြောင့် အားလုံး၏ မျက်နှာအမူအရာမှာ မသာမယာဖြစ်နေကြောင်းပိုသိသာနေသည်။

“ဒေါက်တာခန်းက မောက်မာနေပေမယ့်…ငါတို့က အဲ့မေးခွန်းကို တက်တက်ကြွကြွရင်ဆိုင်သင့်တယ်လေ…လူနာကိုအခုအပြစ်မတင်ပါနဲ့…အကယ်၍ အဲ့လူနာက ငါတို့ဆေးရုံကို တကယ်ရောက်လာရင် ငါတို့ကတကယ်စွမ်းဆောင်နိုင်မှုရှိမရှိ နဲ့ အဲ့ခွဲစိတ်မှုကိုလုပ်ချင်တဲ့ ဆန္ဒရှိမရှိလူတိုင်းသေချာစဉ်းစားနိုင်လိမ့်မယ်လို့ ငါမျော်လင့်တယ်..."

ထိုညတွင်ပင် ကျန်းရွှိ သည်သူ၏ညဘက် လုပ်ရိုးလုပ်စဉ်များအပြီးသတ်ပြီးကာ ထို ခွဲစိတ်မှုနှင့် ပတ်သက်၍ အင်တာနက်ပေါ်မှ မရေမတွက်နိုင်သောမှတ်ချက်များကို ဖတ်ကြည့်ပြီးနောက် အိပ်ယာပေါ်တွင် လှဲအိပ်လိုက်တော့သည်။

ရှန့်ဖန်းယွိ ကသူ့အားကြည့်ရင်း တက်ဘလက်ကိုကူပိတ်ပေးကာ သက်ပြင်းချရင်း 

" ကြည့်တာတွေရပ်ပြီးအနားယူတော့"

"ရှန့်ဖန်းယွိ" ကျန်းရွှိ ရုတ်တရက်သူ့ခေါင်းကိုလှည့်ကာ သူ၏နာမည်အားခေါ်လာသည်။

"ဟင်"

ကျန်းရွှိကသူ့အား ကြည့်ကာ အနည်းငယ်သုန်မှုန်သွားပြီးစေ့စပ်ညှိနှိုင်းသောအသံနှင့် သေချာသောအမူအယာဖြင့် 

"ငါတို့ခွဲစိတ်မှုပြီးသွားရင် စာတမ်းထုတ်ကြရအောင်"

ရှန့်ဖန်းယွိ သည်ခဏတာမျှတိတ်ဆိတ်နေကာ

"မစ္စတာဘေကာ ရဲ့ အခြေအနေကိုကြည့်လေ.. အကယ်၍ မင်းစာတမ်းထုတ်ဝေမယ်ဆိုရင် မင်းရဲ့ ကိုယ်ရေးအချက်အလက်အတွက်အာမခံလုံးဝဖို့ခက်သွားပြီးတော့ ပေါက်ကြားမှုတွေလည်း ပိုပိုများလာတော့မှာလေ..."

"မင်းဒေါသထွက်နေတယ်မဟုတ်လား...” 

တက်ဘလက်ကိုင်ဆောင် ထားသောကျန်းရွှိ၏လက်ချောင်းအဆစ်များသည် တင်းဆုပ်ထားရာမှ အနည်းငယ်ဖျောလျော့သွားသည်။

"ငါဒေါသထွက်တာပေါ့… ဒါပေမယ့်အခုတော့ မင်းထက်ပိုပြီး ဘာမှအရေးမကြီးဘူး….အဲ့ဒါကြောင့်ငါသည်းခံနိုင်တယ်..."

ကျန်းရွှိကမူ "ဒါပေမဲ့ ငါကတော့ ဒီဒေါသကိုမမျိုသိပ်နိုင်ဘူး..."

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်ကာလတွင် သူသည်ဆေးဘက်ဆိုင်ရာတက္ကသိုလ်သို့ ၀င်ရောက်လာသောအခါက နိုင်ငံတစ်ဝှမ်းမှထိပ်တန်းကျောင်းသားများနှင့် ပညာရေးဆိုင်ရာအထက်တန်းလွှာအများစုသည် အဆုံးမရှိသောရည်မှန်းချက်များဖြင့်ရောက်ရှိလာခဲ့ကြသည်။

ဆယ်နှစ်ကြာလေ့လာခြင်းနှင့်အလုပ်လုပ်ခြင်းသည်လူတို့၏စိတ်အား တဖြည်းဖြည်းလျော့ကျစေသည်။ ထိုကျောင်းသားများသည် လူအများစုမှာ ကိုယ်တွေ့သတ္တိမရှိကြသော စက်အတွင်းရှိ ဓားသွားစိတ်များကဲ့သို့ပင် ဖြစ်ကြောင်းတဖြည်းဖြည်းသဘောပေါက်လာကြသည်။

အများအားဖြင့် ကျန်းရွှိ နှင့် ကျီဟွားဆေးရုံမှဆရာဝန်များအတွက် လူ့အသက်ကယ်ခြင်းသည် ယုံကြည်မှုထက် ရိုးရှင်းသော သာမန်အလုပ်နှင့်ပို၍တူသည်။

သူ၏အလုပ်အကိုင်ကြောင့် အောင်မြင်မှုခံစားရခြင်းက အလွန်နည်းသည်။ သူသည်ထိုသို့ မီဒီယာနှင့်ဆောင်းပါးအမျိုးမျိုးတွင်ဖော်ပြခံရသည့်ကြီးကျယ်မှုမျိုး တခါမျှမခံစားခဲ့ရဖူးပေ။

သူသည်လူနာများအတွက်ငွေကိုမထောက်ပံ့ပေးနိုင်သကဲ့သို့ ဆေးရုံတွင်ပရမ်းပတာဖြစ်စေသောလူနာများကိုလည်းသည်းမခံခဲ့ပေ။အမျိုးသမီးများ၏အပြန်အလှန်အကူအညီပေးရေးနှင့်အခွင့်အရေးအသင်းအဖွဲ့သို့ပမာဏအနည်းငယ်မျှ ပုံမှန်လှူဒါန်းခြင်းမှလွဲ၍ သူသည်သာမာန်ပင် အလုပ်လုပ်ကာ ငွေရှာနေသောသူတစ်ဦးဖြစ်သည်။ သူ့ဘဝတွင် ဖိအားများစွားရှိသည်။ သူဟာပရဟိတအလှူရှင်ကြီးလည်းမဟုတ်ပါပေ။

ကျန်းရွှိ သူ၏အရိုးအသွေးများထဲမှ ဂုဏ်ယူရမှုများမည်သည့်အခါမျှပြောင်းလဲခဲ့ခြင်းမရှိသည်ကို သတိမထားမိသေးချိန်အထိသူ၏အသက် ၁၇ နှစ်မှ ၁၈ နှစ်အတွင်းရှိငယ်ရွယ်သောအားမာန်များသည်အချိန်ကုန်လွန်လာသည်နှင့်အမျှတဖြည်းဖြည်းပျောက်ကွယ်သွားပြီဟုသာထင်ခဲ့သည်။

"ပါမောက္ခ ဟောင် ကိုမှတ်မိလား...."

ကျန်းရွှိ က ရှန့်ဖန်းယွိကိုမေးလိုက်သည်။

ထိုစဉ်က A ဆေးပညာတက္ကသိုလ်၏သန့်ရှင်းနေသောစာသင်ခန်းတစ်ခုတွင် တောက်ပသောနေရောင်သည်ပြတင်းပေါက်မှဝင်လာ၍ထွန်းလင်းနေကာ သုံးပေစင်မြင့်တွင်ရပ်နေသောလူလတ်ပိုင်းပါမောက္ခ၏မျက်လုံးများကိုပင် ကျိန်းစေသည်။

"ကျွန်တော် M နိုင်ငံ မှာ အနှစ် ၂၀ နေခဲ့ပြီး နှစ်ပေါင်း ၂၀လောက် သုသေသနပြုခဲ့ပါတယ်… ကျွန်တော်တရုတ်ကိုပြန်လာတဲ့နေ့ကိုမှတ်မိသေးတယ်… ကျွန်တော့်ရဲ့ တစ် ဦး တည်းသောကျောင်းသားက ကျွန်တော့်ကိုကြိုဖို့လာခဲ့တယ်…ကျွန်တော်လည်းသူ့ကိုပြောလိုက်တယ်…တိုင်းပြည်မှာ ငွေမရှိဘူး…ငါ့မှာလည်းငွေမရှိဘူး…ဒါပေမယ့် ငါကိုယ်တိုင် ပြည်ပကနေ စက်ဒလက်ကြီးပြန်သယ်လာခဲ့မယ်…ပြီးရင် နှစ်ပေါင်းများစွာ M ဓာတ်ခွဲခန်းမှာစုဆောင်းခဲ့တဲ့ ဆဲလ်တွေနဲ့ကြွက်တွေရောပဲ…ပြီးတော့ ဒီမှာအားလုံးပြန်ပြီးအသစ်စတင်တာပေါ့"

"တစ်နေ့မှာကျွန်တော်တို့ရဲ့ ကျောင်းသားတွေဟာအကောင်းဆုံးဗဟုသုတတွေကို လေ့လာပြီး ပြည်ပကိုသွားစရာမလိုဘဲနောက်ဆုံးပေါ်သုသေသနတွေပြုနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်..”

သိပ္ပံနည်းကျ သုသေသနနဲ့ပတ်သက်တဲ့သတင်းထူးအကြောင်းအရာတွေက နှစ်တိုင်းပြောင်းလဲနေတာမင်းတို့သိတဲ့အတိုင်း အဲ့ဒီနယ်ပယ်မှာရှိတဲ့ သတင်းထူးအကြောင်းအရာတွေကို လိုက်စုဆောင်းလိုက်ရုံနဲ့ စာတမ်းတွေအလွယ်တကူထုတ်ဝေဖို့အကောင်းဆုံးနည်းလမ်းပဲလေ"

"ကျွန်တော်တို့ကျောင်းသားတွေသိပါသလား" ပါမောက္ခ ဟောင်ကမေးသည်။

" M နိုင်ငံ မှာဆို တနှစ်တခါလောက်တော့ ဂုဏ်သိက္ခာရှိတဲ့ဂျာနယ်တိုက်တွေနဲ့ နိုင်ငံပေါင်းစုံက ထိပ်တန်းသိပ္ပံပညာရှင်တွေက အတူတူစုကြပြီး ပုဂ္ဂလိကအစည်းဝေးပုံစံမျိုးကျင်းပတတ်ကြတယ်လေ…ထိပ်တန်းသိပ္ပံပညာရှင်တွေက သူတို့ရဲ့သုသေသနမှာ တိုးတက်မှုတွေရှိရင်မျှဝေကြပြီးတော့ အယ်ဒီတာတွေက သူတို့ရဲ့စာတမ်းတွေကိုလက်ခံဖို့ ကြိုတင်သဘောတူကြတယ်လေ…အဲ့လိုနဲ့ နောက်နှစ်အနည်းငယ်အတွက် သုသေသနသတင်းထူးတွေကို ကြိုပြီးခေါင်းစဉ်ချမှတ်ထားကြတာပေါ့..."

ပါမောက္ခဟောင်သည်သက်ပြင်းချကာ…

" ဇီဝဆေးပညာစမ်းသပ်မှုရဲ့သံသရာက အရမ်းကိုကြာပြီး ကျွန်တော့်မှာ ကြိုတင်အသိပေးချက်လည်းမရဘူး… ကျောင်းသားအရေအတွက်လည်းမလုံလောက်ဘူး…တခြားနိုင်ငံက သုသေသီတွေကလည်း ဒီသတင်းထူးတွေနောက်ကိုလိုက်ပြီးတော့ သတင်းတွေ မပျောက်ကွယ်ခင်အချိန်အတိုတွင်းမှာ အမြန်နှုန်းစံချိန်နဲ့စာတမ်းတွေထုတ်ဝေထားမှဖြစ်မှာ..." 

”ကျွန်တော်ကတကိုယ်ကောင်းဆန်တဲ့သုသေသီတစ်ယောက်ပါ” 

ပါမောက္ခ ဟောင် သည်သူ၏မျက်မှန်ကိုချွတ်ကာ ကျောင်းသားများ၏မျက်နှာငယ်များကိုကြည့်ရင်း စင်မြင့်ငယ်ပေါ်တွင်လက်ကိုမှီတင်လိုက်သည်။

"ဒီအစည်းအဝေးမှာတရုတ်သိပ္ပံပညာရှင်တွေရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်…ကျွန်တော်တို့ကျောင်းသားတွေကကြိုတင်အသိပေးစာရပြီး သတင်းထူးနေရာတွေ လက်ဦးမှုယူနိုင်မယ်လို့မျှော်လင့်ပါတယ်"

“ ဒီအစည်းအဝေးမှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်သုသေသီတွေအများကြီးရှိနေလိမ့်မယ်လို့ထင်ပါတယ်…အဲ့ဒါဆိုကျွန်တော်တို့ကျောင်းသားတွေဟာသတင်းထူးတွေကို ကိုယ်တိုင်လိုက်ပြီးရှာနေစရာမလိုတော့ဘူး…ဒါပေမယ့် နိုင်ငံတကာ သုသေသနခေတ်ရေစီးကြောင်းကို ဦးဆောင်ပြီးတော့ ကျွန်တော်တို့ ရဲ့တွေ့ရှိချက်တွေကို သတင်းထူးအကြောင်းအရာတွေဖြစ်လာဖို့ ကြိုးစားလို့ရတယ်… ကျွန်တော်တို့နိုင်ငံရဲ့ ဂျာနယ်တိုက်တွေကလည်း ထိပ်တန်းစာပေထုတ်ဝေရာတွေဖြစ်လာနိုင်တယ်လေ…"

“အခုကျွန်တော်တို့တိုင်းပြည်က နိုင်ငံရပ်ခြားက Z နိုင်ငံ ရဲ့ ဇီဝဆေးပညာပါမောက္ခေတွေကိုတဖြည်းဖြည်းဆွဲဆောင်လာနိုင်နေပြီ..."

သူ၏အသံသည်အနည်းငယ်တုန်လှုပ်တိမ်ဝင်သွားသေးသည်။

“တစ်နေ့မှာကျွန်တော်တို့ရဲ့ကျောင်းသားတွေဟာပိုကောင်းတဲ့သုသေသနပတ်ဝန်းကျင်ကိုရှာဖွေဖို့ ပြည်ပကိုသွားစရာမလိုတော့ဘူးလို့မျှော်လင့်ပါတယ်… ဇီဝဆေးပညာသုတေသနဖွံ့ဖြိုးတိုးတက်ရေးကိုကိုယ့်နိုင်ငံတွင်းမှာပဲ နေထိုင်ရင်း တိုးတက်အောင်ဖြန့်ဝေနိုင်ကြမယ်လို့မျှော်လင့်ပါတယ်..."

“ သိပ္ပံနည်းကျတိုးတက်မှုဆိုတာ တစ်ညတည်းမအောင်မြင်နိုင်တာကို်သိပါတယ်…ဒီလိုရည်မှန်းချက်တွေပြည့်မီဖို့ နောက်နှစ်ပေါင်းများစွာ စုဆောင်းဖို့လိုအပ်တယ်လေ… ကျွန်တော့်ဘဝသက်တမ်းမှာဆို မြင်လိုက်နိုင်မှာတောင်မဟုတ်ပါဘူး..."

“ဒါပေမယ့်အနာဂတ်မှာမင်းတို့ဟာလွတ်လပ်တဲ့ ပါမောက္ခတွေနဲ့အဓိကစုံစမ်းစစ်ဆေးသူများဖြစ်လာတဲ့အခါမင်းတို့ရဲ့ကျောင်းသားတွေကိုလည်း ထပ်တူပြောပြလိမ့်မယ်လို့မျှော်လင့်ပါတယ်”

“မင်းတို့ရဲ့ကျောင်းသားတွေက သူတို့ရဲ့ကျောင်းသားတွေကိုဆက်လက်ပြောပြလိမ့်မှာပေါ့ ”

စိတ်ဝိညာဉ်ရေးရာနှင့်သန်စွမ်းမှုဆိုင်ရာ ပါမောက္ခ ဟောင်ကအသေအချာပြောကြားခဲ့သည်။

“Z နိုင်ငံမှာရှိတဲ့လူတွေရဲ့အရေးအကြီးဆုံးအရည်အသွေးက ဇွဲရှိတာပဲဆိုတာ မင်းတို့အမြဲသတိရနေရမယ်… ရူးမိုက်တဲ့လူအိုကြီးကတောင်တန်းကြီးတွေကိုဖယ်လိုက်တဲ့ ပုံပြင်ထဲကလိုပဲ…"

“Z နိုင်ငံက ပျက်စီးခြောက်ကပ်နေရာကနေ အခုလိုအခြေအနေဖြစ်တည်မှုမျိုးကို ရောက်လာခဲ့တာ.. ရင်ဘတ်ထဲက အဲဒီမယိမ်းယိုင်တဲ့စိတ်ဓာတ်ကိုယုံကြည်ပြီးတော့…ဘာပဲဖြစ်ဖြစ် အရှုံးမပေးဘူးလို့ ဆုံးဖြတ်ထားပြီးတော့ပေါ့..." 

သူက ရင်ဘတ်သို့ လက်ဖြင့်ညွှန်ပြရင်းပြောသည်။

စင်မြင့်ပေါ်တွင်အလေးအနက်ဖော်ပြထားသောလူလတ်ပိုင်းအရွယ်လူသည်အနီရောင်မျက်လုံးများရှိနေကာ သူ၏အသက်အရွယ်နှင့်အဆင့်အတန်းအတွက်နေရာမရှိဟုထင်ရသည်။

စာသင်ခန်းထဲတွင်ငိုက်မျဉ်းနေသောကျောင်းသားများသည်ရုတ်တရက်နိုးလာကြကာ တိတ်ဆိတ်ငြိမ်သက်နေသည့်စာသင်ခန်းကိုမှောက်ခုံလှန်လိုက်ပုံရသည့် မိုးကြိုးလက်ခုပ်သံများတညံညံထွက်ပေါ်လာခဲ့သည်။

နှစ်ပေါင်းများစွာကြာလျှင် ကျန်းရွှိသည်ထိုနေ့၏မည်သည့်အတန်းချိန် မည်သည့်အခန်းတွင် သူတို့လေ့လာနေခဲ့သည်နှင့် ပါမောက္ခဟောင်သည် ခေါင်းစဉ်မှသွေဖယ်ကာ အခြားအရာတစ်ခုခုအကြောင်းမည်သို့ပြောနေခဲ့သည်ကို မမှတ်မိနိုင်ပါ။

သို့သော် ကျန်းရွှိသည်အထူးသဖြင့် ပါမောက္ခဟောင်မှာ အရပ်သိပ်မရှည်သော်လည်း နေရောင်ခြည်ကြောင့်ခမ်းနားထည်ဝါသောအရိပ်ရှိကြောင်းအမြဲတမ်းအမှတ်ရနေမိခဲ့မည်။

ကျန်းရွှိသည်ဗီရိုထဲမှဝိုင်ဖန်ခွက်ရှည်တစ်ခွက်ကိုထုတ်ယူခဲ့ကာ ရှန့်ဖန်းယွိအတွက်ဝိုင်နီတစ်ခွက်ကိုလောင်းထည့်ပေးပြီး သူကိုယ်တိုင်အတွက်မူ ကြည်လင်သောရေအေးတစ်ခွက်ကိုလောင်းထည့်ခဲ့သည်။

ဝိုင်နီသည်အလေးအနက်နှင့်စိတ်အားထက်သန်သောနှလုံးသားကိုကိုယ်စားပြုကာ ကြည်လင်နေသောရေသည်အပြစ်ကင်းသော မူလရည်ရွယ်ချက်နှင့်ယုံကြည်ခြင်းကိုကိုယ်စားပြုသည်။

သူ ရှန့်ဖန်းယွိ ကိုကြည့်ကာ

 “အကယ်၍ ခွဲစိတ်မှုအောင်မြင်ခဲ့ရင် ငါတို့ စာတမ်းထုတ်ဝေရမယ်.."

"ငါ့တိုင်းပြည်ကိုယုံကြည်ဖို့ဆန္ဒရှိတယ်.." သူကဆိုသည်။

"ဒါပေမယ့်ငါတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ တကယ်ပေါက်ကြားရင်..."

ကျန်းရွှိ ရှန့်ဖန်းယွိနှင့်ခွက်ချင်းတိုက်ကာ ရေအေးတစ်ခွက်အားမော့သောက်ပြီးနောက် သူ၏မျက်လုံးများကိုပိတ်လိုက်ကာ

" ငါနောင်တမရဘူး…လက်ခံလိုက်ပြီ.."

ရှန့်ဖန်းယွိသည် သူ့အားကြည့်ကာ သူ့နှလုံးသားအား သံပုရာရည်ထဲတွင်စိမ်ခံနေရသကဲ့သို့ ခံစားနေရသည်။

သူသည်ဒေါက်တာခန်းထံမှ သူ၏မာနထောင်လွှားမှုအတွက်ပြန်လည်တောင်းပန်စေလိုကာ ကျန်းရွှိဖြစ်ချင်သကဲ့သို့ဖုံးကွယ်ချင်သည်။သို့သော်သူသည် ကျန်းရွှိအား မည်သည့်အန္တရာယ်မှမဖြစ်စေလိုပေ။

ထိုအခိုက်အတန့်တွင် ကျန်းရွှိသည်မည်သို့သော သူမျိုးဖြစ်သည်ကို တဖန်ပြန်လည်သဘောပေါက်မိသည်။

သူသည် သူ့အား နှလုံးသားနာကျင်စေသောသူဖြစ်ပြီးစကားလုံးများမလိုပဲ ချစ်ပြသည်မှာလည်း သူပင်ဖြစ်သည်။

သူတို့သည် တူညီသောမျှော်မှန်းချက်များနှင့်နည်းနာများ မျှဝေလေ့ရှိသည်။

တစ်ဦးနှင့်တစ်ဦး အမြဲတစေယှဉ်ပြိုင်ခဲ့ကြသောလူနှစ်ဦး သည်ပထမဦးဆုံးအကြိမ်တူညီသော "ရန်သူ" အပေါ် တွင် အနိုင်အရှုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့်သူသည် သူ့၏ဝိုင်ဖန်ခွက်ကိုမြှောက်ကာ ကျန်းရွှိ၏ဖန်ခွက်နဲ့တိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

 "ဆေးပညာလောကအတွက်..." 

ပြတင်းပေါက်အပြင်ဘက်တွင်မရေမတွက်နိုင်သောအိမ်များမှမီးအလင်းများသည်မှိတ်တုပ်မှိတ်တုပ် တောက်ပနေသည်။ကျန်းရွှိ သည်သူ၏ဖန်ခွက်အလွတ်ကိုချထားလိုက်ကာ ညင်သာတိုးလျစွာပြောသည်။

"ငါတို့အမိမြေအတွက်…"