🧑⚕️Chapter 108
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည် M နိုင်ငံတွင်အစည်းအဝေးတစ်ခုတက်ရောက်ပြီးနောက် ဒါရိုက်တာချွေ့ သည်သူမ၏ကတိအားဆက်လက်ထိန်းသိမ်းထားကာ သူတို့အား သုံးရက်ကြာခွင့်ရက်ပေးခဲ့သည်။ရှန့်ဖန်းယွိသည်ဒေါက်တာခန်းနှင့်စကားပြောရန်အချိန်တောင်းဆိုခဲ့သည်။သို့သော် သူနှင့်ဒေါက်တာခန်းသည်ကိစ္စများပြီးပြတ်သွားပြီးဖြစ်သောကြောင့် သူတို့အား Z နိုင်ငံမှ လူနာဖြစ်စေ ဆရာဝန်ဖြစ်စေ ထည့်သွင်းမစဉ်းစားမည်မဟုတ်ပဲ မည်သည့် အရေးကြီးအချက်လက်ကိုမျှ မပေးနိုင်လောက်ပေ။
ရှန့်ဖန်းယွိသည် ကားတစ်စီးငှါးကာ ကျန်းရွှိအားခေါ်၍ M နိုင်ငံ၏ ဆင်ခြေဖုံးတွင်ကားပတ်စီးရန်ဆုံးဖြတ်လိုက်သည်။ ကျန်းရွှိ မှ ရှန့်ဖန်းယွိ သည်လေယာဉ်လက်မှတ်အတွက်ငွေထုတ်ချေးသောဆံပင်အနီရောင်နှင့် ဦးလေး၏အကူအညီဖြင့် Z နိုင်ငံသို့ပြန်လာကြောင်းသိရှိခဲ့သောအခါ သူသည်အနီရောင်ဆံပင်နှင့်ဦးလေးအားကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
အခက်အခဲရှိခဲ့သောမိတ်ဆွေဟောင်းတစ်ဦး နှင့်ပြန်လည်တွေ့ဆုံလိုက်ရသောအခါအနီရောင်ဆံပင်နှင့်ဦးလေးသည် ၀မ်းသာအားရဖြစ်ပြီးသူတို့၏ယာဉ်မောင်းအဖြစ် M တစ်နိုင်ငံလုံးပတ်ပြရန်ကမ်းလှမ်းခဲ့သည်။ ကားစီးနေစဉ်တွင် ထိုဦးလေးမှ သူလုယက်ခံရသည့်အကြောင်းကိုလည်းပြောပြခဲ့သေးသည်။
စိတ်ဒဏ်ရာရရှိခဲ့သည့် အချို့သောသူများသည်စိတ်ဒဏ်ရာလွန်ကဲသော စိတ်ဖိစီးမှုရောဂါဖြစ်ပွားနိုင်ပြီး ထိုအဖြစ်အပျက်အကြောင်းပြောဆိုခြင်းကိုရှောင်ရှားနိုင်သည်။ အချို့ကမူသူတို့၏အတွေ့အကြုံကို အခြားသူများနှင့်မျှဝေရန်စိတ်၏တွန်းအားမျိုး ရှိတတ်ကြသည်။အနီရောင်ဆံပင် နှင့်ဦးလေးသည် ထိုနောက်ဆုံးအုပ်စုတွင်ပါ ၀င်သည်။
ကားကိုလိုက်ဖမ်းရန်ဆုံးဖြတ်ချက်ကိုပြန်ပြောပြသောအခါတွင် အနီရောင်ဆံပင်နှင့်ဦးလေးမှာ စိတ်လှုပ်ရှားနေခဲ့သည်။
"အဲ့ဒါကလေ ငါ့ဘ၀မှာ လုပ်ခဲ့သမျှအရာတွေထဲ စိတ်လှုပ်ရှားစရာအကောင်းဆုံးပဲ… ငါ့ကိုယ်ငါ စူပါဟီးရိုးလိုခံစားခဲ့ရတာလေ..ကြောက်လည်းကြောက်…ရင်လည်းတုန်နေတာ…”
နားထောင်ပြီးနောက် ကျန်းရွှိ က ရှန့်ဖန်းယွိအား ထိုအချိန်ကကြောက်နေခဲ့သည်လားဟု မေးလိုက်သည်။
"သူလုံးဝကြောက်လန့်နေတာမျိုးမရှိဘူး.. ”
အနီရောင်ဆံပင်နှင့်ဦးလေးက ကြားဝင်ပြောပြသည်။
" သူက ငါတွေ့ဖူးတဲ့ Z နိုင်ငံ ကလူတွေထဲ အရဲရင့်ဆုံးလူပဲ… အရမ်းအေးဆေးတည်ငြိမ်ပြီး စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်လည်း အရမ်းခိုင်မာတယ်.."
ကျန်းရွှိ နားထောင်စဉ်သူ၏မျက်လုံးများတွင် သိမ်မွေ့သောအပြုံးတစ်ခုပေါ်လာသည်။ သူသည်ရှန့်ဖန်းယွိကို ဘေးစောင်းအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ရှန့်ဖန်းယွိတွင် ခံတပ်ကြီးကဲ့သို့ထူထဲသောအသားအရေရှိသော်လည်း သူသည်အနီရောင်ဆံပင်နှင့်ဦးလေး၏ချီးမွမ်းမှုကိုခံနိုင်ရည်မရှိပဲ ကျန်းရွှိလှည့် ကြည့်သောအခါ တွင်လည်း ရှန့်ဖန်းယွိသည်ရှက်သွေးဖြာနေသေးသည်။
"ငါအဲ့တုန်းက သူပြောသလို အရမ်းသတ္တိရှိမနေပါဘူး…အဲဒီအချိန်တုန်းက ငါအရမ်းစိုးရိမ်ခဲ့တယ်…စာရွက်စာတမ်းတွေအကြောင်းကိုပဲဆက်တိုက်စဉ်းစားနေပြီးတော့ ငါကြောက်တာဘာညာကို ဂရုမစိုက်မိဘူး…ဒါပေမယ့်နောက်မှ ... ငါအတော်လေးကြောက်လာတော့တာ..."
ထိုကဲ့သို့သောအခြေအနေများနှင့်ကြုံတွေ့ရသောအခါ အလယ်တကူ စိတ်လှုပ်ရှားမှုလွယ်ခြင်းနှင့် အလွယ်တကူဆင်ခြင်တုံတရားဆုံးရှုံးတတ်သည့် ရှောင်လွှဲမရသောကံ၏သဘောမျိုးရှိသည်။
ရှန့်ဖန်းယွိသည်သူ၏နှုတ်ခမ်းကို တင်းတင်းစေ့၍ ၀န်ခံခဲ့သည်။
“ စာရွက်စာတမ်းတွေရပြီးတဲ့နောက်ငါရဲ့ရင်တွေတုန်နေခဲ့တာ… အဲဒီအချိန်တုန်းက တစ်ခုခုသာ မှားယွင်းသွားရင်ဘာဖြစ်မယ်ဆိုတာကိုပဲစဉ်းစားပြီး ... မင်း..."
သူစကားမဆုံးခဲ့သော်လည်း ကျန်းရွှိက နားလည်ခဲ့သည်။
ရှန့်ဖန်းယွိသည်ကားကိုလိုက်ဖမ်းနေစဉ် ကျန်းရွှိကိုစဉ်းစားနေပြီး ကားကိုလိုက်ဖမ်းပြီးနောက် သူကြောက်လန့်နေချိန်တွင်လည်း ကျန်းရွှိအကြောင်းကိုသာတွေးနေဆဲဖြစ်သည်။
ကျန်းရွှိ မတတ်နိုင်ပဲ တရုတ်စကားသို့ပြောင်းကာ
“ မင်းကိုယ့်ကိုကိုယ် တစ်ခါလောက်မစဉ်းစားနိုင်ဘူးလား"
သူတို့သည် သုံးယောက်သားစကားပြောဆိုနေကြသော်လည်း ကျန်းရွှိ သည် တရုတ်ဘာသာသို့ပြောင်းသွားသောကြောင့် အနီရောင်ဆံပင်နှင့်ဦးလေးမှာ စကားဝိုင်းမှဖယ်ထုတ်ခံလိုက်ရသည်။
သူ၏အမူအရာသည်သိမ်မွေ့စွာပြောင်းလဲသွားကာ ကျန်းရွှိ ပြောခဲ့သည့်စကားကို သူနားမလည်သော်လည်း ရှန့်ဖန်းယွိ ၏အမူအရာတွင်သိသာသော ပြောင်းလဲမှုကို သူတွေ့မြင်ရသည်။
နောက်ဆုံးတွင် အနီရောင်ဆံပင်နှင့်ဦးလေးကြီးသည် သူတို့အားတစ်နေရာရာတွင် ချပေးလိုက်သည်။ကျန်းရွှိသည် ကားထဲမှအရင်ဦးစွာထွက်သွားသည်ကို အခွင့်ကောင်းယူကာ ထို ဆံပင်အနီနှင့်ဦးလေးကြီးကရှန့်ဖန်းယွိအား အဓိပ္ပာယ်ပြည့်ဝသောအမူအရာဖြင့်ကြည့်၍
"မင်းသူ့ကိုတကယ်သဘောကျပုံရတယ်…ဆက်လုပ်ထား… မင်းကိုကူညီမယ် ... "
ရှန့်ဖန်းယွိ သည်ခဏတာတွန့်ဆုတ်နေသော်လည်းသူတို့သည်ချစ်သူများဖြစ်ကြောင်းမပြောဖြစ်ခဲ့ပေ။
သို့သော်သူတို့ဟိုတယ်သို့ရောက်သောအခါ သူသည်အနီရောင်ဆံပင်နှင့်ဦးလေး၏နားလည်မှုစွမ်းရည်ကိုလျှော့တွက်ခဲ့မိကြောင်းသဘောပေါက်လိုက်သည်။
ထိုဟိုတယ်သို့ ဦးလေးကြီး၏သူငယ်ချင်းကအကြံပြုခဲ့ကာ ရှန့်ဖန်းယွိ ကသူတို့သည် အသိအကျွမ်းများဖြစ်သည့်အတွက် ရှန့်ဖန်းယွိတို့တည်းနေရန်သဘောတူခဲ့သည်ဟုသာထင်ခဲ့သည်။ အနီရောင်ဆံပင်နှင့်ဦးလေးက သူတို့အတွက်နေရာထိုင်ခင်းကိုပါ တိုက်ရိုက်စီစဉ်ပေးလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပေ။
ရှန့်ဖန်းယွိသည်ဟိုတယ်ခန်းတံခါးကိုဖွင့်၍ ခဏငြိမ်ရပ်နေပြီးနောက် အလျင်အမြန်ပြန်ပိတ်ကာ သူ့နောက်ကွယ်ရှိ ကျန်းရွှိအား ပိတ်၍ရပ်လိုက်သည်။
ကျန်းရွှိ ကသူ့အားရှုပ်ထွေးသောအမူအရာနှင့်ပြန်ကြည့်ကာ ဆက်၍မမေးခင်တွန့်ဆုတ်နေခဲ့သည်။
"အခန်းထဲမှာသရဲရှိလို့လား..."
“ မဟုတ်ပါဘူး ” ရှန့်ဖန်းယွိ ကပြန်ဖြေခဲ့သည်။
ကျန်းရွှိကသူ့အား ပြင်းပြင်းထန်ထန်ဘေးသို့တွန်းဖယ်လိုက်သည်။ ရှန့်ဖန်းယွိသည် ကိုယ်ဝန်ဆောင်သူအားအင်အားသုံးရန်မဝံ့ခဲ့ပေ။ထို့ကြောင့်သူ တံခါးကိုဖွင့်ခွင့်ပြု၍ အမှီများ၊ လက်ထိပ်ခတ်များ၊ ကျာပွတ်များ၊လျှပ်စစ်ကုလားထိုင်များနှင့်ပြည့်နေသောအခန်းကိုသာတွေ့မြင်ရစေသည်။
ကျန်းရွှိ: “ ... ”
ပြဿနာမှာ အခန်းထဲတွင် သရဲရှိနေသည်မဟုတ်ပဲ ရှန့်ဖန်းယွိထံတွင်သာ အပြစ်မကင်းသောစိတ်ခံစားချက်ရှိနေခြင်းဖြစ်သည်။
"ငါတကယ်ဘာမှမသိဘူး..."
ရှန့်ဖန်းယွိ က သူ့ကိုယ်သူပြင်းပြင်းထန်ထန်ခုခံကာကွယ်ခဲ့သည်။
"ငါဒီအခန်းကိုမရွေးခဲ့ဘူး… ဒီလိုဖြစ်မယ်လို့လည်း မထင်ထားခဲ့ဘူး…ကားဆရာကြီးက အကြံပေးညွှန်းခဲ့တာ..."
"အိုး ... "
"အိုး ဆိုပြီးလုပ်မနေပါနဲ့…ငါ့ကိုယုံပါ…ငါတကယ်ဒါကိုမရွေးခဲ့ဘူး…နောက်အခန်းတစ်ခန်းကိုသွားမေးကြည့်ရအောင်..”
သို့သော်အနီရောင်ဆံပင်နှင့်ဦးလေးကြီး၏သူငယ်ချင်းကသူတို့အား အခြားအခန်းများကြည့်ရှုရန် ခေါ်သွားကြသောအခါ ကျန်းရွှိ က သူတို့၏အခန်းသည် ရှေးရိုးအဆန်ဆုံး ဖြစ်ကြောင်းသဘောပေါက်ခဲ့သည်။
ပြောဆိုချက်များအရ ပိုမိုရင်းနှီးကျွမ်းဝင်သောလူများသည် လှည့်ဖြားရန်ပိုမိုလွယ်ကူလေဖြစ်သည်။
ထို့ပြင် အပြင်ဘက်တွင်မှောင်မိုက်ပြီးသားဖြစ်သော်လည်း သူတို့သည် ဆင်ခြေဖုံးထဲတွင်ရှိနေကြဆဲဖြစ်သည်။ထို့ကြောင့်သူတို့သည် အပြင်ထွက်ရန် တခြားဟိုတယ်ရှာရန်မှာ မဖြစ်နိုင်ကြတော့ပေ။ အထူးသဖြင့် ရှန့်ဖန်းယွိ ၏ယခင်အတွေ့အကြုံကိုပြန်ပြောပြသည့်အခါ သူတို့နှစ်ဦးသား အနည်းငယ်ကြောက်လန့်နေသေးသည်။
နောက်ဆုံးတွင် M နိုင်ငံသည်ညအချိန်တွင်ထွက်ရန်သင့်တော်သောနေရာမဟုတ်ပေ။
တစ်ညတည်းခိုခြင်းသည်ကြီးမားသောပြဿနာမဖြစ်လောက်ပါဟု ကျန်းရွှိ တွေးလိုက်သည်။
ထိုသို့သော ကာမနှီးနှောမှုမျိုးသည် သူတို့နှင့်မရင်းနှီးသေးပေ။ သူတို့သည်တရားဝင်စုံတွဲများဖြစ်သောကြောင့် အနည်းငယ်ထူးခြားသောစုံတွဲများ၏ဟိုတယ်တွင်တည်းခိုခြင်းနှင့်ပတ်သက်၍ ကြီးကြီးမားမားမတွေးသင့်ပေ။
ဆရာဝန်တစ်ဦး အနေဖြင့် ကျန်းရွှိ သည်ရှုပ်ထွေးနေသောရုပ်ရှင်နှင့်တီဗီရှိုးများအား ကြည့်ရှုမှုနည်းပါးသည်။ထို့ကြောင့်အမြင်မရှိသလိုစိတ်လည်းမရှိပေ။ သူသည် ထိုပစ္စည်းများအား အစွမ်းကုန် လျစ်လျူရှုထားသည်။
အခြားတစ်ဖက်တွင်လည်း အသိပညာကြွယ်ဝသော ရှန့်ဖန်းယွိသည် ကျန်းရွှိကဲ့သို့ အေးဆေးတည်ငြိမ်စွာ မနေနိုင်ပေ။ သူသည်ဆိုဖာပေါ်တွင်မှီထိုင်ကာ သူ၏ဖုန်းကိုတိတ်တဆိတ်ပွတ်နေပြီး စာရွက်စာတမ်းသုံးခုကို လျင်မြန်စွာ ဝေ့ဝဲ၍ဖတ်နေသော်လည်းသူ၏စိတ်ထဲရှိထူးထူးဆန်းဆန်းမြင်ကွင်းများမှသူ၏အာရုံများအား မပြောင်းနိုင်ပေ။
ရေချိုးခန်းမှန်သည်ဖောက်ထွင်းမြင်သာပြီးရေ၏အသံသည်လည်း ရှင်းလင်းစွာကြားနေရရာရှန့်ဖန်းယွိ၏လည်ပင်းမှာ စို့အင့်နေသလိုခံစားနေရသည်။
ကျန်းရွှိ ရေချိုးပြီးသွား သောအခါ အဝတ်များဝတ်ပြီး သူ့ကိုလှမ်းကြည့်ကာပြောသည်။
" မင်း သွားပြီးရေချိုးတော့လေ..."
ရှန့်ဖန်းယွိ ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်သည်။ကျန်းရွှိ နှင့်မျက်လုံးချင်းဆုံတွေ့ခြင်းကိုရှောင်ရှားကာ အဝတ်အစားများအတွက်သူ၏ခရီးဆောင်အိတ်များကိုအလျင်အမြန်လှန်လှောရှာဖွေ၍ ရေချိုးခန်းထဲသို့တန်းဝင်သွားခဲ့သည်။
“ ... ”
သူတို့သည် ဖခင်များဖြစ်နေကြသော်လည်း စိတ်လှုပ်ရှားလွယ်နေကြဆဲပင်ဖြစ်သည်။
ကျန်းရွှိ သက်ပြင်းချကာ သူ၏အကြည့်သည်တက်ဘလက်ပေါ်ရှိသတင်းသို့ပြန်ရောက်သွားသည်။
ခဏအကြာတွင် ရေချိုးခန်းဆီမှရေသံများကြားရသည်။သူသည်မသိစိတ်အရ ထိုအသံလာရာသို့လှမ်းကြည့်လိုက်သောအခါ ရှန့်ဖန်းယွိအဘယ့်ကြောင့်ပျာယာခတ်နေခဲ့သည်ကို သဘောပေါက်သွားသည်။
ရေချိုးခန်းမှန်သည်တစ်ဖက်တည်းသာမြင်ရသောကြောင့် ၎င်းသည်အပြင်ဘက်မှမြင်နိုင်သော်လည်း အတွင်းပိုင်းမှမမြင်ရပေ။
သေပါပြီ…။
ထိုတစ်ကြိမ်တွင် ကျန်းရွှိ စိတ်ရှုပ်ထွေးသွားသည်။
သူ မျက်နှာကိုလှည့်လိုက်ကာ သူ၏နှလုံးသားသည် အနည်းငယ်ပိုမြန်နေသည်။သူ၏မျက်နှာက ပိုနွေးနေသည်။
သူ ၀ယ်ထားသောရေပုလင်းတစ်လုံးသည် စားပွဲပေါ်တွင် ရှိနေ၏။ သူသည် အနည်းငယ် စိတ်အေးစေရန် ရည်ရွယ်၍ ရေယူရန်ထလာသည်။ သို့သော် တင်ထားသော ပစ္စည်းကို မတော်တဆတိုက်မိသွားသည်။
ကျန်းရွှိ ပစ္စည်းများကိုကောက်ယူရန် ကုန်းလိုက်သည်။ ၎င်းသည်မဖွင့်သေးသောဆေးပုလင်းတစ်ခုဖြစ်သည်ကို သတိပြုမိသွားသည်။
ဆရာဝန်တစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်၍ အလုပ်နှင့်သက်ဆိုင်သော ရောဂါဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းရွှိသည် သိလိုစိတ်အချို့ဖြင့်ဆေးသေတ္တာအနည်းငယ်ကို ကိုင်ထားကာပုလင်းပေါ်ရှိတံဆိပ်များကိုစစ်ဆေးခဲ့သည်။ အားလုံးသည် အင်္ဂလိပ်လိုပင်ရေးထားခြင်းဖြစ်ကာသူသည် တဝက်မျှ ဖတ်ကြည့်ပြီးသောအခါ ရုတ်တရက်တစ်ခုခုပိတ်ထားကြောင်းသဘောပေါက်လာခဲ့သည်။
သို့သော်သူသည်ပစ္စည်းများကိုပြန်မချလိုက်နိုင်မီ ရှန့်ဖန်းယွိသည် ရေချိုးပြီးသွားသောကြောင့် ရေချိုးခန်းတံခါးကိုရုတ်တရက်ဖွင့်လာခဲ့သည်။
ကျန်းရွှိ သည်သူ၏ဘယ်ဘက်လက်တွင် Rushပုလင်းတစ်လုံးနှင့် Sildenafil(လိင်စိတ်တက်ကြွစေသောဆေးတမျိုး)တစ်လုံးကိုသူ၏လက်ထဲတွင်ကိုင်ထားသည်။ သူတို့နှစ်ဦးစလုံးသည်တစ်ပြိုင်တည်းစကားမပြောမီ ခဏတာမျှတစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။
ရှန့်ဖန်းယွိက "မင်းဘာကိုကြည့်နေတာလဲ..."
ကျန်းရွှိကလည်း " ဘာလို့ငါ့အတွင်းခံတွေဝတ်ထားတာလဲ..."
ရှန့်ဖန်းယွိ : “ ... ”
နောက်ဆုံးတွင် ပိုမိုရှက်စရာကောင်းသောအခြေအနေတွင်ရှိခဲ့သော ဒေါက်တာရှန့် အလျှော့ပေးရတော့သည်။
သူ၏ မြင်သာထင်သာသော မျက်နှာကိုမြင်သောအခါ ကျန်းရွှိသည် အေးဆေးတည်ငြိမ်သည့်ပုံစံ ဟန်ဆောင်ခဲ့ကာ ဆေးသေတ္တာများကိုအံဆွဲထဲသို့ထည့်လိုက်သည်။ အခင်းများကိုတိတ်တဆိတ်မလိုက်ကာ အိပ်ရာပေါ်တွင်အိပ်ရန်ပြင်လိုက်သည်။
သို့သော်သူအိပ်လိုက်သည်နှင့်အိပ်ရာလှုပ်သွားကာ အခန်းထဲရှိလူနှစ်ဦးမှာ အသံတိတ်သွားသည်။
ပူနွေးသောရေနွေးငွေ့အိပ်ရာသည် ကျန်းရွှိ ၏လှုပ်ရှားမှုများနှင့်အတူ ညင်ညင်သာသာယိမ်းယိုင်လှုပ်ခါနေသည်။သူရုတ်တရက်လန့်သွားကာ အိပ်ယာခင်းများအား ဆုပ်ကိုင်လိုက်သည်။
ထိုလူ၏လက်ချောင်းများသည်သွယ်လျနေကာ ကောင်းစွာပုံစံကျနေပြီး အခင်းများအား သူဆုပ်ကိုင်ထားသည့်ပုံစံသည်အချို့သောမနှစ်မြို့စရာအတွေးများကိုအလွယ်တကူဖြစ်ပေါ်စေသည်။
"အဟမ်း…မင်းအိပ်လို့ရလား.."
ရှန့်ဖန်းယွိ သူ၏လည်ချောင်းကိုရှင်းလင်းကာ မဝံ့မရဲနှင့်မေးလိုက်သည်။
ကျန်းရွှိ ကသူ့အားလှမ်းကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသထွက်မထွက်ရန် သူ့ကိုယ်သူဖျောင်းဖျခဲ့သည်။
ခဏတွန့်ဆုတ်နေပြီးနောက်အိပ်ရာ၏အခြားတဖက်သို့လမ်းလျှောက်သွားကာ တဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့သည်။
သို့သော် အိပ်ရာသည် သိသိသာသာပင် အထိမခံဖြစ်နေသကဲ့သို့…သူ၏လှုပ်ရှားမှုများကို နှေးကွေးစွာပြုမူသော်လည်း အဆင်မပြေခဲ့ပေ။
ထိုအိပ်ယာပေါ်တွင် သန်းဝေရုံမျှနှင့်ပင် အတော်အတန်လှုပ်ခါနေကာ ဟိုဘက်ဒီဘက်လှည့်ရုံမျှနှင့်ပင် ပိုဆိုးစွာ နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။
သူတို့ ထိုသို့လဲလျောင်းနေကာ ဘာမျှမလုပ်ခဲ့ကြသော်လည်း နားမလည်နိုင်လောက်အောင်ပင် ဒွိဟဖြစ်နေသော အခြေအနေမျိုးရှိခဲ့သည်။
ကျန်းရွှိသည်စိတ်ရှုပ်ထွေးနေသောအခြေအနေတွင်သူ၏မျက်စိကို ပိတ်လိုက်ကာ သူ၏အတွေးများသည်ရည်ရွယ်ချက်မဲ့စွာ လှည့်ပတ်နေခဲ့သည်။ခဏအကြာတွင် သူကရုတ်တရက်တစ်ခုခုကိုမှတ်မိကာ ရှန့်ဖန်းယွိအား
"မင်းငါ့အတွင်းခံအဝတ်အစားတွေကို ပြန်လဲဖို့မေ့နေပုံရတယ်..."
သူတို့နှစ်ဦးစလုံးသည်အရပ်အမြင့်နှင့်ခန္ဓာကိုယ်တည်ဆောက်ပုံတူညီကာ သူတို့၏အဝတ်အစားများမှာလည်းတူညီသောဆိုဒ်များဖြစ်သည်။ ကျန်းရွှိသည်ကိုယ်ဝန်ဆောင်ပြီးနောက်ခါး၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကြောင့် အဝတ်အစားများက အရွယ်အစားပိုကြီးလာသည်။
အမျိုးသားအတွင်းခံအဝတ်အစားသည်အနက်ရောင်..မီးခိုးရောင် သို့မဟုတ် အပြာရောင်အရောင်များသာ ဖြစ်သောကြောင့် ရှန့်ဖန်းယွိအနေနှင့် ခရီးဆောင်အိတ်ထဲမှ မှားယွင်းစွာယူမိခြင်းအတွက်ခွင့်လွှတ်နိုင်သည်။ သို့သော် သူ့အား သတိပေးပြီသော်လည်း မပြောင်းလဲရသေးသည်မှာ အကျိုးအကြောင်းမဆီလျော်ပေ။ သို့သော် ရှန့်ဖန်းယွိ သည် နားလည်ရခက်သောအမူအရာဖြင့်
"ငါဝတ်ထားပြီးသားကြီးကို မင်းကလိုချင်နေသေးလို့လား.."
သူသည်ယူဝတ်ရုံမျှမက အနည်းငယ်ညစ်တီးညစ်ပတ်ပြောနိုင်သေးသည်။
သူသည်မူလကသူ၏ဘောင်းဘီတိုနှင့် ပြန်ပြောင်းဝတ်ရန်တွေးထားခဲ့သော်လည်း ကျန်းရွှိ နှင့်အိပ်ရာကသူ့အားလုံးဝမေ့လျော့စေခဲ့သည်။
ထို့ပြင် သူ၏လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေကိုပြောင်းလဲရန်အိပ်ရာပေါ်ကဆင်းသွားခြင်းသည် သူပုံမှန်မဟုတ်ကြောင်း ပေါ်ထင်စွာပြနေသည်နှင့် မခြားနားပေ။
မသောက်ထားသောရှန့်ဖန်းယွိသည် မျက်နှာအမူအရာတချို့ ပြုမူနိုင်သေးသည်။
"မင်းဝတ်ထားတဲ့ဟာက ငါဝတ်ထားပြီးသားကြီးလေ...” ကျန်းရွှိ ကသူ၏အတွင်းခံပြန်ရရန်ကြိုးစားခဲ့သည်။
အကြောင်းပြချက်အချို့ကြောင့် ရှန့်ဖန်းယွိနှင့်အဝတ်အစားများမျှဝေခြင်းသည် ကျန်းရွှိ ၏နှလုံးသားကိုငှက်မွှေးနှင့်ထိုးနေသကဲ့သို့ကလိကလိဖြစ်နေကာ မဖော်ပြနိုင်သောနွေးထွေးမှုကိုလည်းခံစားရစေသည်။
“ငါ့အတွက်လက်ဆောင်တစ်ခုလို့ပဲ သဘောထားလိုက်ပါ..."
ရှန့်ဖန်းယွိသည် သူ၏လည်ပင်းကိုလက်ဖြင့်ဖျစ်ညစ်ရင်း
“ မနက်ဖြန်မင်းကိုစပရိုက် တစ်ခုလုပ်ပေးလို့ရလား..."
“စပရိုက်….”
“ အင်း..”
ရှန့်ဖန်းယွိ သည်သူ၏အနေအထားကို အနည်းငယ်မသိမသာပြင်လိုက်ကာ အိပ်နေစဉ်တွင်သူ့အားဖက်ထားရန်ရည်ရွယ်၍ ကျန်းရွှိ၏အနောက်မှတစ်ဆင့် သူ၏လက်မောင်းများဖြင်ပွေ့ထားလိုက်သည်။
မမျှော်လင့်ပဲနှင့် အလွန်အမင်း မဆင်ခြင်နိုင်သော ရေအိပ်ရာသည် ပုခက်ကဲ့သို့လှုပ်ခါနေကာ သူတို့နှစ်ဦးစလုံးလှုပ်ခါခဲ့သည်။
“ ... ငါမရည်ရွယ်ပါဘူး...” ရှန့်ဖန်းယွိကပြောသည်။
ကျန်းရွှိသည်သူ၏မျက်နှာကိုအိပ်ယာအခင်းများထဲနစ်ထားကာ
" အိပ်လိုက်တော့...”
သို့သော်ထိုသို့ပြုလုပ်ရာတွင် သူ၏နားရွက်သည် ရှန့်ဖန်းယွိ ၏မြင်ကွင်းတွင် အပြည့်အဝပေါ်နေသည်။
ကျန်းရွှိ၏ နားရွက်ဘက်မှာ အလွန်ဖြူဖွေးနေသော်လည်းစိတ်လှုပ်ရှားမှကြောင့် အလွယ်တကူအနီရောင်ပြောင်းသွားသည်။ သေးငယ်သည့်သွေးကြောများစွာဖြင့်သူ၏နားရွက်သည်အနီရောင်တောက်တောက်ဖြစ်သွားကာ ထိတွေ့ရန်ဖိတ်ခေါ်နေသည်။
ရှန့်ဖန်းယွိ သည်ခဏတဖြုတ်ငေးကြည့်ရင်း သူ၏အကြည့်သည် အာရုံစူးစိုက်မှုမရှိတော့ပေ။ နောက်ဆုံးသူသည်ကျန်းရွှိ၏ နားရွက်အားညင်ညင်သာသာပွတ်သပ်ချင်သည့်စိတ်အားမတွန်းလှန်နိုင်တော့ပေ။
“ မင်းဘာလုပ်နေတာလဲ...”
ကျန်းရွှိ ကသူ့အား အရင်ဦးစွာ ကန်ချလိုက်သည်။ထို့နောက်မကျေနပ်ဖြင့် နောက်ကွယ်မှသူ့အားဝင်တိုက်လိုက်သော်လည်း မမျော်လင့်ပဲနှင့် တအိအိလှုပ်နေသော ရေအိပ်ရာကြောင့်သူသည် ရှန့်ဖန်းယွိ၏ ခြေထောက်သို့ ဝင်တိုက်မိသွားသည်။
အပူချိန်က အနည်းငယ်မြင့်တက်နေသည်။
လေထုသည် ခဏတာတိတ်ဆိတ်သွားသည်။
သို့သော်သူတို့၏နားရွက်ဖျားများမှာနီရဲသွားကြသည်။
အဆိုပါ ရေမွေ့ယာသည် ကမ္ဘာပေါ်တွင် အသုံးမဝင်ဆုံးတီထွင်မှုပင်ဖြစ်သည်။
"ဒီတစ်ခါတော့ တကယ်ငါ့အမှားမဟုတ်ဘူး...”
“ ပါးစပ်ပိတ်လိုက်တော့...”
ထိုအသံက စောင်အောက်မှဝိုးတဝါး ထွက်လာသည်။
ရှန့်ဖန်းယွိ ပါးစပ်အားပိတ်ထားချင်သော်လည်း မရေရာသောအကြောင်းပြချက်တစ်ခုကြောင့် သူရှေ့နောက်မစဉ်းစားပဲပြောလိုက်သည်။
“စပရိုက်နဲ့ပတ်သက်ပြီး ပြောပြတာပါ…အဲ့ဒါက ရေနဲ့လည်းဆက်စပ်နေတယ်..."
ကျန်းရွှိ: “ ... ”
ရှန့်ဖန်းယွိ ၏ အိပ်ရာမဝင်ခင်စကားလုံးများကြောင့်လား, သို့မဟုတ် သူတို့နှစ်ဦး တစ်ညလုံးယိမ်းထိုးနေ၍ကြောင့်လားမသိရသော်လည်းသူတို့နှစ်ဦး မတော်တဆတစ်ဦးနှင့်တစ်ဦးတိုက်မိသည့်အခါ စစ်မှန်၍ပြတ်သားသော အထိအတွေ့များဖြစ်ကြောင်းခံစားရသည်။
ကျန်းရွှိ ရှားရှားပါးပါး အိပ်မက်တစ်ခုမက်ခဲ့ဖူးသည်။
အိပ်မက်ထဲတွင်မိုးများသည်းထန်စွာရွာသွန်းပြီး စီးနေသောရေများသည်ထိုးဖောက်မြင်သာသောထီးအား စိုသွားစေသည်။ ရှန့်ဖန်းယွိက သူ့အားထီးကိုပိတ်ရန်ချော့ပြောပြီးနောက် "ဒါက စပရိုက်လေ"ဟုပြောခဲ့သေးသည်။
ကျန်းရွှိသည်နံနက်ပိုင်းနိုးလာသောအခါ သူ၏ဘောင်းဘီကိုတိတ်တဆိတ်ကြည့်လိုက်ပြီး အိပ်နေဆဲဖြစ်သော ရှန့်ဖန်းယွိအား လှမ်းကြည့်လိုက်သည်။
အိပ်မက်သည် အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။
စိတ်ခံစားချက်များသည်လည်း အလွန်ရှုပ်ထွေးနေသည်။
ထင်ရှားစွာသိမြင်နေမှုများသည်လည်း ယိုယွင်းသွားသည်။
ထိုအခါ တဏှာကင်းသော ဆက်ဆံရေးသည် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။