🧑⚕️Chapter 109
သို့သော်လည်း အမှန်တကယ်မှာ ရှန့်ဖန်းယွိ၏ စပရိုက်သည် ရွက်လှေတစ်စင်းဖြစ်သည်။
ထိုအချိန်တွင် ကျန်းရွှိသည်ခပ်လှမ်းလှမ်းမှ ရွက်လှေတစ်စင်းကိုရုတ်တရက်မြင်သည့်အချိန်တွင် သူတို့သည်ကမ်းခြေတစ်လျှောက်လမ်းလျှောက်နေခဲ့ကြသည်။
ရွက်လှေသည်အလွန်ကြီးမားလွန်းသည်မဟုတ်သော်လည်းလှပစွာအလှဆင်ထားသည်။အဖြူရောင်ကိုယ်ထည်သည်အပြာရောင်မှန်များနှင့်တွဲဖက်ထားပြီး ကိုယ်ထည်ပေါ်တွင်သစ်ဆေးဖြင့်ခြယ်သထားသောအရောင်ခုနစ်မျိုးသည် ကြီးမားသောသက်တန့်ပုံစံမျိုးဖြစ်ပေါ်စေသည်။
ကုန်းပတ်ဟင်းလင်းပြင်သည် လိမ္မော်ရောင်နေဝင်ဆည်းဆာ၏လွှမ်းခြုံခြင်းခံထားရသည်။နက်ရှိုင်းသောပင်လယ်ပြာပေါ်ရှိရှည်လျားသောအရိပ်များသည် တိတ်ဆိတ်၍ သိမ်မွေ့နေသည်။
ရှုခင်းအလွန်လှပသောကြောင့် ကျန်းရွှိ မနေနိုင်တော့ပဲ သူ၏ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။ သ်ု့သော် ရှန့်ဖန်းယွိကရုတ်တရက်သူ၏နားသို့ကပ်ကာ
" မင်းအပေါ်တက်သွားပြီးဓာတ်ပုံရိုက်လို့ရပါတယ်"
ကျန်းရွှိကသူ့ဖုန်းကိုချလိုက်ကာ သူ့အားအံ့အားသင့်စွာကြည့်မိသည်။ထိုအချိန်တွင် သူသည် သူ၏ နှုတ်ခမ်းကိုပင့်ဟကာ…
"အစကတည်းက ဒါကိုမင်းအတွက်ငှါးထားခဲ့တာပါ…စပရိုက်လေ…"
ရွက်လှေသည်ရေပေါ်ရှိအဖြူရောင်လှိုင်းများကို ဖြတ်၍သွားကာ နေဝင်ဆည်းဆာသည်တဖြည်းဖြည်းပျောက်ကွယ်သွားပြီးညကောင်းကင်မှိန်မှိန်ကိုသာချန်ထားခဲ့သည်။
ကျန်းရွှိ သူ၏ဦးခေါင်းအနည်းငယ်စောင်းလျက် ကုန်းပတ်ပေါ်တွင်ရပ်နေသည်။ ကြယ်တာယာအလင်းများသည် မှုန်ဝါးနေပြီးလေပြင်းအေးသည် သူ၏ဆံပင်ကို ဖြတ်၍ တိုက်ခတ်နေကာ လန်းဆန်း၍ စိတ် ကျေနပ်စေသည်။
“လှေငှါးဖို့ စိတ်ကူးကိုမင်း ဘယ်လိုရခဲ့တာလဲ..”
သူ ရှန့်ဖန်းယွိအား မေးလိုက်သည်။
“ငါတို့အတူတူဆိုခဲ့တဲ့ သီချင်း ကိုသတိရသွားတာ...”
ရှန့်ဖန်းယွိ ၏လက်က တန်းပေါ်သို့ရောက်သွားသည်။ကျန်းရွှိအား ချစ်ခင်တွယ်တာသောမျက်ဝန်းများဖြင့်ကြည့်ကာ
“ ငါတို့တွေ အတူတူဆယ်နှစ်လောက်ရွက်လွှင့်ခဲ့တယ်…
နှစ်ပေါင်းတစ်ရာလောက် အတူတူအိပ်ခဲ့ကြတယ်… ”
သူက သီချင်းကိုညည်းဆိုရင်းပြောသည်။
“ ငါတို့တွေ စာသားရဲ့နောက်တစ်ဝက်ကျန်နေသေးတယ်… အဲ့ဒါကြောင့် ဒီနေ့တော့ ပထမတစ်ဝက်ကိုပြီးအောင်လုပ်မယ်..."
လန်းဆန်းစေသောပင်လယ်လေပြေသည် ကျန်းရွှိ ၏စိတ်အား အလွန်သာယာစေသည်။ရှန့်ဖန်းယွိပြောသည်အား နားထောင်ပြီးနောက် သူ ရုတ်တရက်လှောင်ပြောင်လိုက်သည်။
“ မင်းမှာ လျှို့ဝှက်ငွေအများကြီးရှိနေတာလား...”
ရွက်လှေငှါးရမ်းခြင်းသည်ဈေးမပေါပေ။အထူးသဖြင့် ထိုသို့ လှပသော လှေအသစ်မျိုးကပိုစျေးကြီးသည်။
“ ငါက ဘယ်ပိုက်ဆံမှ မဖွက်ထားပါဘူး M နိုင်ငံ မှာ ဟောင်ချန်ချွန်း ရဲ့ မိသားစုက လှေကုမ္ပဏီတစ်ခုပိုင်တယ်လေ…သူ့ဆီကအကူအညီတောင်းပြီးလျှော့စျေးရခဲ့တာပါ..."
“ ... ”
ရှန့်ဖန်းယွိ၏ညီအကိုမှာ သူ့နှင့် တွေ့ဆုံခဲ့ရ၍ အလွန်ကံဆိုးသည်။
"တော်လိုက်တဲ့ညီအကို"
ကျန်းရွှိကမှတ်ချက်ပေးသည်။
ရှန့်ဖန်းယွိက "ဟုတ်တယ်…ငါတို့ကဆယ်နှစ်ကျော်လောက်ညီအစ်ကိုကောင်းတွေဖြစ်ခဲ့တာပါ….ငါချိန်းတွေ့တာကိုလက်ဆောင်မတောင်းသင့်ဘူးလား..."
ကျန်းရွှိ ထိုစကားကိုကြားသောအခါ သူ့အားအဓိပ္ပာယ်ပြည့်ဝသောအမူအရာနှင့် ကြည့်လိုက်သည်။
" အရင်တုန်းက သူ့ကိုယ်သူသိမ်ငယ်တယ်လို့ ခံစားနေခဲ့တာ ဘယ်သူပါလိမ့်…မင်းက ငါ့ကိုစိတ်ပြောင်းစေချင်တာလား.."
"မဟုတ်ဘူးလေ…ငါ့အပြင်တခြား ဘယ်ကြည့်ကောင်းတဲ့သူ ပိုတော်တဲ့သူ့ကိုမှမတွေ့ရဘူးနော်..." ရှန့်ဖန်းယွိက ကိုယ်ရည်သွေး၍ပြောသေးသည်။
အခြားသူများကသူ့အားချီးမွမ်းသည့်အခါ သူသည်ရှက်ရွံ့နေတတ်သည်။သို့သော် သူသည် သူ့ကိုယ်သူ မရှက်မရွံ့ ချီးမွမ်းတတ်သေးသည်။
"ကျစ်…မင်းကစိတ်ပြောင်းသွားရင်ရော..."
ရှန့်ဖန်းယွိ က "ပိုတောင် မဖြစ်နိုင်သေး…မင်းထက်ပိုကြည့်ကောင်းပြီး ပိုတော်တတ်တဲ့သူနဲ့ငါလုံးဝမတွေ့ဘူး.."
ကျန်းရွှိ သည် သူ၏မျက်နှာကိုတဖက်သို့လှည့်ကာ
" ဒါကမသေချာပါဘူး" ဟုဖြည်းညင်းစွာပြောလိုက်သည်။
ရှန့်ဖန်းယွိ ကပြောလာသည်။
"အဲ့ဒီလိုမျိုးတစ်ယောက်ယောက်နဲ့တွေ့ရင်တောင် ငါနဲ့ဘာမှကိစ္စမရှိပါဘူး… ပိုကြည့်ကောင်းပြီး ပိုထူးချွန်တဲ့ လူတွေရှိပေမယ့် သူတို့ကိုကြိုက်တဲ့ သူတွေလည်း သဘာဝအရရှိကြမှာပဲ…ဒီဘဝတစ်လျှောက်လုံးမှာတော့ ငါမင်းနဲ့ပဲချိန်းတွေ့မယ်…မင်းကိုပဲသဘောကျတယ်…ငါတို့တွေက လုံးဝလိုက်ဖက်ပြီးတော့ ဆိုကရေးတီးကိုယ်တိုင်ချီးကျူးခဲ့တဲ့စုံတွဲလို အတူတူရှိနေဖို့ရည်ရွယ်ထားတယ်..."
ကျန်းရွှိ သည်ချိုမြိန်သောစကားလုံးများဖြင့်ဗုံးကြဲခံခဲ့ရပြီးသူ၏ဟန်အမူအရာများ ခဏမျှရပ်တန့်သွားသည်။ထို့နောက် စိတ်ပြန်လည်သွားကာပြောလိုက်သည်။
"ဆိုကရေးတီးကမင်းနဲ့ တွေ့ဖို့အချိန်မရှိလောက်ဘူး…ပြီးတော့…မင်း မြွေဖြူရဲ့ဒဏ္ဍာရီ ကို တော်တော်ကြည့်ထားတယ်နဲ့တူတယ်..."
တီဗီပြဇာတ်များမှ စကားများကိုပင်သူ့အားအထင်ကြီးစေရန်အသုံးပြုနေသည်။
ရှန့်ဖန်းယွိ က
"ငါအဲ့ကားကို အကြိမ်ပေါင်းများစွာကြည့်ဖူးတယ်…ဒါပေမယ့် မင်းကို ကြည့်တဲ့ အကြိမ်အရေတွက်လောက်မများပါဘူး..."
ကျန်းရွှိ သူ၏ကျီစယ်နေမှုအား မျက်လုံးလှန်ပြလိုက်သည်။ သို့သော်မနေနိုင်ပဲ ကွေးတက်နေသည့် သူ၏နှုတ်ခမ်းထောင့်များကို ဖိချကာညင်သာစွာရယ်ခပ်တိုးတိုးရယ်လိုက်သည်။
လှိုင်းများ၏အသံသည်ဝေးလံကာ အလွန်ကျယ်ပြန့်ပြီး ငြိမ်သက်အေးချမ်းစွာ ကျန်းရွှိ ၏နားရွက်များထဲသို့ သက်ဆင်းနေသည်။ သူသည်ရုတ်တရက်ပင် ရှန့်ဖန်းယွိအား…"ပြန် ဆိုပြ"
"ဟမ်"
"အဲဒီသီချင်းလေ" ကျန်းရွှိ ရွက်လှေပေါ်ကချစ်သူအားကြည့်ကာ "မင်းအဲ့ဒါကို ဆိုပြတာကြားချင်တယ်..."
လူတစ်ဦးသည်သူတို့အကောင်းဆုံးအရာကိုလုပ်ဆောင်နေချိန်တွင်သူတို့၏ဆွဲဆောင်နေသော ညှို့ဓာတ်ကျက်သရေသည် အလွန်ပေါ်လွင်တတ်သည်။
ကျန်းရွှိ သည် ရှန့်ဖန်းယွိက ညင်သာစွာဆိုနေသည်ကိုကြည့်ရင်း ကျီဟွားရှိစင်မြင့်သို့ပြန်ရောက်သွားသကဲ့သို့ခံစားသွားရသည်။
ထိုနေ့တွင်သူသည်အလွန်စိတ်လှုပ်ရှားနေပြီး ဖျော်ဖြေမှုတစ်လျှောက်လုံးပရိသတ်အား ကြည့်နေရန် မမှတ်မိသော်လည်း ရှန့်ဖန်းယွိ ကသီချင်းဆိုနေစဉ် ပြုံးပြလိုက်ပုံကိုမူ သူမှတ်မိနေသည်။
သူ၏မျက်လုံးထောင့်များသည်အနည်းငယ်ကွေးတက်သွားကာ သဘာဝအပြုံးကိုသယ်ဆောင်လာပြီးသူ၏မျက်လုံးများက လရောင်လွှမ်းနေသောရေကန်ကဲ့သို့တောက်ပနေသည်။
သူ၏ဆံမြိတ်များသည်သူ၏နဖူးထက်ဝက်ကိုဖုံးအုပ်ထားသည်။
သူတို့နှစ်ဦးသည်ကုန်းပတ်ပေါ်တွင်ပခုံးချင်းထိ၍ထိုင်နေကြကာ ရေနွေးခွက်များကိုင်၍ ပင်လယ်လေပြေကိုခံစားနေကြသည်။ကောင်းကင်သည် လုံးဝမမှောင်မိုက်သေးပေ။ အဝေးမှ မီးပြတိုက်သည် မီးထွန်းလင်းပြီးဖြစ်သည်။အကျွမ်းတဝင်တေးသံသည် ညလေတွင်အတော်အတန်ငြိမ့်ညောင်းကာ မြည်ဟည်းနေသည်။သံစဉ်မပါသော တေးသံသည် စစ်မှန်ကာ မျောလွင့်ရွေ့လျားနေသည်။
ရှန့်ဖန်းယွိ ၏အသံမှာအနည်းငယ်တိုးနေသော်လည်းစကားလုံးတိုင်းသည် ကျန်းရွှိ၏နှလုံးသားထဲသို့တိုးဝင်ခဲ့သည်။
အချိန်ကြာမြင့်သွာပြီးနောက် သူ၏နားထဲတွင် အသံသည်တဖြည်းဖြည်းမှေးမှိန်သွားကာ ရှန့်ဖန်းယွိ သီဆိုပြီးသည်နှင့် တပြိုင်နက် ပင်လယ်နှင့်မနီးမဝေးကမ်းခြေတွင်မီးရှူးမီးပန်းများသည် ရုတ်တရက်ထွန်းလင်းခဲ့သည်။
ကျန်းရွှိ သူ၏ အကြည့်အား ရှန့်ဖန်းယွိ၏မျက်နှာထံမှကောင်းကင်သို့ပြောင်းလိုက်သည်။မီးရှူးမီးပန်းများသည်တောက်ပ၍အရောင်စုံဖြစ်နေကာ သေးငယ်သော မီးပန်းပေါက်ကွဲမှုများ အလွန်များပြားလာပြီး ခမ်းနားထည်ဝါသောမြင်ကွင်းကဲ့သို့ တောက်ပသောဆေးရောင်စုံစပ်ပြားနှင့်အတူ ညကောင်းကင်ယံ တိမ်တိုက်များကိုခြယ်သခဲ့သည်။
"မင်းသဘောကျရဲ့လား..." ရှန့်ဖန်းယွိ ကသူ၏နားရွက်များကို ဖုံးကာပြုံးပြ၍မေးသည်။
"ဒါက ဟောင်ချန်ချွန်း ရဲ့စိတ်ကူးပဲမလား..."
"သူနဲ့ဘာမှမဆိုင်ပါဘူး…ငါပဲပြင်ဆင်ခဲ့တာပါ..."
"A မြို့နဲ့B မြို့မှာမီးရှူးမီးပန်းတွေကို နှစ်ပေါင်းများစွာပိတ်ပင်ခဲ့တော့ မင်းလည်းအဲ့ဒါတွေကို မတွေ့ရတာ အရမ်းကြာနေပြီလို့ငါလည်းတွေးမိတာ…အဲ့တော့ ဒီမှာခွင့်ပြုထားတယ်ဆိုတာသိလို့ ငါလည်းပြင်ဆင်လိုက်တာပေါ့..."
ရှန့်ဖန်းယွိ ကမ်းခြေရှိ မီးရှူးမီးပန်းများကိုပစ်လွှတ်ရန် ကူညီသူအား လေချွန်၍ခေါ်လိုက်သည်။ အခြားတစ်ဖက်မှ မြင်နိုင်ခြင်း ရှိမရှိ မသေချာသော်လည်းသူ၏လက်ကိုဝှေ့ယမ်းပြလိုက်သေးသည်။
ကျန်းရွှိက ရွက်သင်္ဘောသည် ထိုအချိန်သို့မရောက်မီထိ ဦးတည့်ရာမရှိမျောနေခဲ့သည်ဟုတွေးမိခဲ့သည်။ထို့နောက် မှသာ ကျန်းရွှိသည် ရှန့်ဖန်းယွိက လမ်းကြောင်းကြိုတင်ချထားကြောင်းသဘောပေါက်ခဲ့သည်။
သူမေးလိုက်သည်။
"ဒီလှေဘယ်ကိုသွားနေတာလဲ"
ညကောင်းကင်ယံကိုထွန်းလင်းစေသော ရောင်စုံမီးရှူးမီးပန်းများ၏ အောက်တွင် ရှန့်ဖန်းယွိ သည် ရွက်လှေကုန်းပတ်၌ရပ်နေသည်။သူ၏မျက်နှာသည်တောက်ပသောမီးရောင်များထင်ဟပ်နေသည်။
သူသည်လက်တန်းဘောင်ပေါ်တွင်မှီကာ အဆုံးမဲ့ပင်လယ်ကိုငေးကြည့်နေခဲ့သည်။ရှန့်ဖန်းယွိက
"ငါ့တောင်းဆိုချက်ကို လက်ခံသဘောတူမယ်ဆိုရင်တော့ ရွက်လှေက H ထိ ဆက်ပြီးလွှင့်သွားမှာ"
သူကဆက်လက်ပြောခဲ့သည်။
"မနက်ဖြန်မနက် ၉ နာရီမှာကျင်းပမယ့် မင်္ဂလာဆောင်ပွဲအခမ်းအနားအတွက် ငါ မြို့တော်ဝန်နဲ့အတူစီစဉ်ခဲ့တယ်…ဓာတ်ပုံဆရာ မစ္စရူအီရှာ ရယ် ကားမောင်းတဲ့သူ မစ္စတာ ဗင်းဆင့်တို့ရယ် ငါတို့ကို ဆိပ်ကမ်းမှာစောင့်နေလိမ့်မယ်..."
"နောက်မှငါတို့တွေ ဘုန်းတော်ကြီးရှေ့မှာကတိသစ္စာ တွေ..လက်စွပ်တွေ…အနမ်းတွေဖလှယ်ပြီး ... အဲ့ဒီနောက်ကျ လက်ထပ်ထိမ်းမြားစာချုပ်မှာ ငါတို့ရဲ့ နာမည်နဲ့ လက်မှတ်တွေကို အနက်ရောင်ဘောပင်နဲ့ ရေးထိုးကြမယ်..."
"အကယ်၍ မင်းငြင်းမယ်ဆိုရင် ငါတို့တွေ ဒီနေရာမှာပဲ မီးရှူးမီးပန်တွေကိုပျော်ပျော် ရွှင်ရွှင် ကြည့်ပြီး နေထွက်လာတာနဲ့ ငါတို့လာခဲ့တဲ့နေရာကိုပြန်သွားလို့ရတယ်..."
ရှန့်ဖန်းယွိက ခေါင်းကိုလှည့်ကာကုန်းပတ်ပေါ်တွင်ထိုင်နေသောကျန်းရွှိအားကြည့်လိုက်သည်။ထို့နောက် အနီရောင်ကတ္တီပါဖြင့်ဖုံးအုပ်ထားသေတ္တာငယ်တစ်ခုကိုသူ၏အိတ်ကပ်ထဲမှထုတ်ယူကာ ပြုံးနေသည်။
"ငါတို့ရဲ့ နိုင်ငံမှာ ငါတို့အိမ်ထောင်ရေးကိုအသိအမှတ်ပြုခံရမှာမဟုတ်ပေမယ့် မင်းနဲ့အတူ အဲ့လက်ထပ်ပွဲကို ကျင်းပချင်တယ်..."
သူသည် လက်တစ်ဖက်ဖြင့်ထိုသေတ္တာငယ်ကိုဖွင့်ကာကျန်းရွှိ ရှေ့တွင်တူညီသောလက်စွပ်နှစ်ကွင်းကိုထုတ်ပြခဲ့သည်။ ရှန့်ဖန်းယွိကသေတ္တာငယ်အား သူ့ဆီကမ်းပေးကာ
"အဲ့ဒါကြောင့်….မစ္စတာကျန်း…မင်း…ငါ့ကိုလက်ထပ်မှာလား..."
လူအများစုတို့သည်ရွှေယောက်ျားလေးများနှင့်ကျောက်စိမ်းမိန်းကလေးများ အကြားမှ ပြီးပြည့်စုံသောလက်ထပ်ပွဲများနှင့်အကျွမ်းတဝင်ရှိကြသော်လည်း…ကမ္ဘာကြီး၏ တထောင့်တနေရာများတွင် လနှစ်စင်းသည် တစ်ဦး နှင့်တစ်ဦး အလင်းပေး၍တောက်ပနေကာ နေနှစ်စင်းသည်လည်း တစ်ဦးနှင့်တစ်ဦး ထွန်းလင်းပေးနေကြသကဲ့သို့ ထူးခြားသောချစ်ခြင်းမေတ္တာပုံပြင်များလည်းရှိနေသေးသည်။
ကျန်းရွှိ ကသူ၏လက်ကိုလှမ်းလိုက်ကာ ရှန့်ဖန်းယွိက သူ့အား ကုန်းပတ်ပေါ်မှ ဆွဲတင်လိုက်သည်။ ကျန်းရွှိ သည် ရှန့်ဖန်းယွိ ၏ဘေးတွင်ရပ်နေကာရေနွေးအပူခွက်တစ်ခုကိုင်ထားပြီး ပင်လယ်လေပြေအားသူ၏ကော်လာကိုကျီစယ်စေကာ အဝတ်လျှော်ဆပ်ပြာရနံ့သင်းနေသောအထည်စသည် သူ၏ပါးကိုညင်ညင်သာသာထိတွေ့နေသည်။
ထည်ဝါသော အမူအရာဖြစ်သည့် ဒူးတစ်ချောင်းထောက်၍ တောင်းဆိုခြင်းမျိုး… တလဲ့လဲ့တောက်ပနေသောစိန်လက်စွပ်နှင့် " မင်းငါ့ကိုလက်ထပ်နိုင်မလား"ဟူသည့်ဖန်တရာတေနေသည့်မေးခွန်းမျိုးလည်း မရှိပါ။
သူ၏ မစ္စတာရှန့် ကသူ့အနားတွင်ရပ်နေကာ တူညီသောလက်စွပ်နှစ်ကွင်းကိုအေးဆေးစွာကိုင်ထား၍ သူနှင့်လက်ထပ်လိုသလားဟုသာမေးမြန်းခဲ့သည်။
ရှန့်ဖန်းယွိ သည် ကျန်းရွှိအား အပြည့်အဝနားမလည်ခဲ့သော်လည်း ကျန်းရွှိ ၏ ၈၀% ကိုနားလည်ရန် အတွက် သူသည် မိမိကိုယ်ကိုဦးစွာနားလည်ရန်သာလိုအပ်သည်။ သူသည် ကျန်းရွှိက မည်သို့သောရင်ခုန်စရာဆက်ဆံရေးမျိုးကိုလိုလားသည်နှင့် မည်သည့်အချိန်သည်လက်ထပ်ထိမ်းမြားမှုကိုဆွေးနွေးရန်အကောင်းဆုံးအချိန်ဖြစ်သည်ကိုလည်းသူသိသည်။
ကျန်းရွှိ ကသူ့အားကြည့်ကာ ရုတ်တရက်ပြုံးပြလိုက်သည်။ သူ၏နှုတ်ခမ်းသည် သိမ်မွေ့စွာ ကွေးတက်နေကာသူ၏မျက်လုံးများသည် တလက်လက်ဖြစ်နေသည်။
"ခွဲစိတ်ကုသမှုမအောင်မြင်ရင် လက်ထပ်ပြီးသုံးလအကြာတွင်မုဆိုးဖိုဖြစ်လာမယ့်အကြောင်း မင်းစဉ်းစားဖူးလား?" ကျန်းရွှိ က ရှန့်ဖန်းယွိအား ထိုသို့ပြောခဲ့သည်။
ရှန့်ဖန်းယွိ ကသူ၏မျက်လုံးထဲတွင် အပြုံးနဲ့ပြန်ဖြေသည်။
"မင်းသာမရှိဘူးဆိုရင် ငါ့ဘဝတစ်လျှောက်လုံး မုဆိုးဖိုအဖြစ်နဲ့ပဲ နေသွားပြီးတယောက်တည်းပဲ ထာဝရနေသွားမယ်..ငါရွေးချယ်ထားတာကိုပဲ ပြန်ရွေးချယ်မှာပါ.."
သူတို့သည်သေခြင်းတရားနှင့် ပတ်သက်၍ ဟာသလုပ်ပြောကာ ချစ်ခြင်းမေတ္တာကိုအသက်များကြားမှဖော်ပြနိုင်သည့်အတွက် သူတို့၏လက်ထပ်ထိမ်းမြားမှုကိုစတင်ရန်အချိန်တန်နေခြင်း ဖြစ်နိုင်သည်။
ကျန်းရွှိ သည် ရှန့်ဖန်းယွိ ၏လက်မှ လက်စွပ်သေတ္တာငယ်ကိုယူ၍ ထပ်ခါတလဲလဲအပိတ်အဖွင့်လုပ်နေသည်။နောက်ဆုံးတွင်သူသည်အဖြူရောင်တန်းဘောင်ကိုမှီ၍ အပြာရောင်ပင်လယ်ကိုဖြတ်ကာ ရှန့်ဖန်းယွိ နှင့်မျက်နှာချင်းဆိုင်လှည့်ပြီးပြောလိူက်သည်။
" ဒါဖြင့် ဒီသင်္ဘောကိုဆက်ပြီး ရွက်လွှင့်ကြတာပေါ့..."