🧑⚕️Chapter 110
ပြည်ပတွင်ကျန်းရွှိ ၏တရားဝင်အိမ်ထောင်ဖက်ဖြစ်လာသည့်တတိယနေ့တွင် ရှန့်ဖန်းယွိ သည်တရုတ်သို့ပြန်လာ၍ မောက်ထိုင် အရက်သေတ္တာတစ်လုံးအား လျှော့စျေး၂၀% ရရှိရန်မျှော်လင့်ကာ လီယာလေ့အား ခေါ်ခဲ့သည်။
လီယာလေ့သည် ဖုန်းထဲတွင် ရှန့်ဖန်းယွိ၏အရက်ဖြင့်လက်ထပ်ခွင့်တောင်းမည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းပြချက်ကိုနားထောင်ခဲ့ပြီးကျိန်ဆဲခြင်းမပြုမီခဏတာမျှ အံ့ဩတုန်လှုပ်သွားခဲ့သေးသည်။
“ မင်းကငါ့ရဲ့လရောင်ဖြူလေး(ငယ်ချစ်ဦး)ကိုလည်း လက်ထပ်ခဲ့သေးတယ်…အခုလည်းအရက်ဝယ်တာ ကူညီဖို့မင်းကတောင်းဆိုချင်သေးတဲ့စိတ်ရှိသေးတယ်နော်…ရှန့်ဖန်းယွိ.. မင်းကတော်တော် ကောင်းတဲ့ညီအစ်ကိုပဲ..."
"ဘာတွေ ကြီးကြီးမားမားဖြစ်နေကြတာလဲ.."
ရှန့်ဖန်းယွိသည် လီယာလေ့၏ဖုန်းထဲမှ အကျွမ်းတဝင်ရှိသော အသံကိုကြားလိုက်ရသည်။
“ သူလေ ငါငှါးလိုက်တဲ့ ရွက်သင်္ဘောပေါ်မှာ လက်ထပ်ခွင့်တောင်းတာ..."
ရှန့်ဖန်းယွိက မတော်တဆ ပြက်ရယ်ပြုကာ
“ မင်းတို့နှစ်ယောက်ရော အတူတူ ဘယ်လိုအဆုံးသတ်သွားလဲ..."
ဖုန်း၏အခြားတစ်ဘက်တွင်တိတ်ဆိတ်ငြိမ်သက်မှုအနည်းငယ်ရှိခဲ့ပြီး လီယာလေ့က ဖုန်းကို ချက်ချင်းချလိုက်သည်။
ရှန့်ဖန်းယွိသည်သူ၏ဖုန်းကိုဖြည်းညှင်းစွာကြည့်လိုက်ပြီး ခဏအကြာတွင် လီယာလေ့ ထံမှ မက်ဆေ့ခ်ျစာတစ်စောင်ရရှိခဲ့သည်။
"၂၀% လျှော့စျေးမလိုဘူး…ငါမင်းကို ၅၀% လျှော့စျေးပေးမယ်"
“မင်းကိုငါသစ္စာရှိတာမဟုတ်ဘူး…မင်းပိုက်ဆံလိုတဲ့အခါ ကျန်းရွှိ အပေါ် မတရားဆက်ဆံမှာကို ငါကြောက်တယ်.."
ရှန့်ဖန်းယွိ ခေါင်းကိုငုံ့ထားကာ ခပ်တိုးတိုးရယ်မိသည်။ ထို့နောက်ကုန်တိုက်၏ ပထမထပ်ရှိဇိမ်ခံပစ္စည်းဆိုင်သို့ဝင်ရောက်ခဲ့သည်။ သူ အမျိုးသမီးနှစ် ဦး အတွက် လက်ကိုင်အိတ်များကိုဂရုတစိုက်ရွေးချယ်ခဲ့ပြီး ကုန်တိုက်မှထွက်ခွာစဉ်ဖုန်းခေါ်ဆိုခဲ့သည်။အနည်းငယ်ရှုပ်ထွေးသောအမျိုးသမီးအသံကအခြားတစ်ဖက်မှ ထွက်ပေါ်လာကာ…
“ ဘယ်သူလဲ..."
“ မစ္စရန်…ကျွန်တော်က ရှန့်ဖန်းယွိပါ…ကျန်းရွှိရဲ့လုပ်ဖော်ကိုင်ဖက်ပါ..."
— — — — -
ကျန်းရွှိသည် သူ၏ဖုန်းသို့လှမ်းကြည့်လိုက်သည်။ညသန်းခေါင်ယံဖြစ်နေပြီး ရှန့်ဖန်းယွိကပြန်မလာသေးပေ။
သူတို့အလုပ်ဆင်းကြသည့်အခါ ရှန့်ဖန်းယွိက သူ့တွင် လုပ်စရာတစ်ခုခုရှိသည်ဆိုကာ ကျန်းရွှိကိုစောစောပြန်စေ၍ သူ့ကိုမစောင့်ခိုင်းဘဲ အနားယူခိုင်းသည်။
ကိုယ်ဝန်ပင်ပန်းနွမ်းနယ်မှုကြောင့် ကျန်းရွှိသည်မကြာသေးမီကအိပ်ပျော်နေခဲ့သော်လည်း အကြောင်းပြချက်အချို့ကြောင့်သူယနေ့ညတွင်အနည်းငယ်အထီးကျန်ဆန်ခဲ့သည်။
ရှန်ဖန်းယွိသည်သူ၏လစာကဒ်ကိုသူ၏ဖုန်းနှင့်ဆန္ဒအလျောက်ချိတ်ဆက်ခဲ့သည်။ ဤကာလအတွင်းသူသည်ကြီးမားသောကုန်ကျစရိတ်များနှင့်ပတ်သက်သော အသိပေးချက်များ မကြာခဏလက်ခံရရှိတတ်သည်။ ရှန့်ဖန်းယွိ မဆင်မခြင်ပြုလိမ့်မည်မဟုတ်ကြောင်းသိသောကြောင့် မဟုတ်ခဲ့ပါက ကျန်းရွှိအနေဖြင့် ရှန့်ဖန်းယွိသည်အပြင်ဘက်ရှိအရိပ်စီးပွါးရေးလုပ်ငန်းများတွင်ပါ၀င်နေသည်ဟုသံသယရှိရလိမ့်မည်။
သူအတွေးများထဲတွင်လမ်းပျောက်နေစဉ် တံခါးအပြင်ဘက်မှ အသံသည် ရုတ်တရက် ကျန်းရွှိ၏ အာရုံကိုဖမ်းစားခဲ့သည်။
အိပ်ရေးမဝခြင်းသည် အသံများနှင့်ပတ်သက်၍ အထူးထိခိုက်လွယ်သည်။ရှန့်ဖန်းယွိသည် ပေါ့ပါးစွာဝင်လာခဲ့သော်လည်း ကျန်းရွှိသည် သူဝင်လာ၍ ဖိနပ်အပါးလဲဝတ်ကာ ဧည့်ခန်းထဲတွင် တစ်ခုခုရှာနေသည်အထိ ရှင်းလင်းစွာ ကြားရသည်။ ထို့နောက် သူသည်ရေချိုးခန်းသို့ဝင်သွားပုံရသည်။
သို့သော်အချိန်ကြာမြင့်သွားသော်လည်း ရေချိုးခန်းမှရေချိုးနေသည့်အသံမကြားရပေ။
ရေချိုးခန်းတံခါး၏ အသံလုံစနစ် မကောင်းခြင်း မဟုတ်ပေ။ သို့သော် ရှန့်ဖန်းယွိ ရေချိုးလျှင် ထိုမျှလုံးဝတိတ်ဆိတ်နေရမည်မဟုတ်ပေ။
ကျန်းရွှိ အိပ်ရာမှစိုးရိမ်ပူပန်မှုနှင့်အတူထထိုင်ကာ အပြင်မထွက်မီသူ၏ကုတ်အင်္ကျီကိုကောက်ဝတ်လိုက်သည်။
ဧည့်ခန်းသည်အမှောင်ထုဖြစ်ပြီး ရေချိုးခန်း၏နှင်းခဲအကွက်မှန်တံခါးများကသာအလင်းပြန်နေသည်။
ရေချိုးခန်းသို့ချဉ်းကပ်လိုက်သည်နှင့် ကျန်းရွှိသည် အလွန်ပြင်းထန်သော အရက်အနံ့ကို ရလိုက်သည်။
သူ တံခါးကိုအကြိမ်အနည်းငယ်ခေါက်ခဲ့သော်လည်းအတွင်းမှတုန့်ပြန်မှုမရှိခဲ့ပါ။ သူ ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်ရာ အိမ်သာရှေ့အော့အန်နေသူကိုတွေ့လိုက်ရသည်။
“မင်းဘာလို့ဒီလောက်သောက်ခဲ့တာလဲ..”
ကျန်းရွှိ မျက်မှောင် ကြုတ်ကာမေးလိုက်သည်။
အကယ်၍ နောက်ဆုံးတခေါက်က သူဝိုင်ကိုသောက်သုံးခြင်းသည် ပုံမှန်အတိုင်း ပေါ့ပေါ့တန်တန်သောက်ခြင်းသာဖြစ်ပါက ဤတစ်ကြိမ်တွင်မူ အရက်အလွန်အကျွံသောက်ခြင်းဖြစ်သည်။
ကျန်းရွှိ ဆေးဝါးထည့်သည့်အကန့်ကို စစ်ဆေးရန်လှည့်လိုက်သော်လည်း ရှန့်ဖန်းယွိ ၏လက်သည်ရုတ်တရက်ရောက်ရှိလာပြီးသူ့အားညင်ညင်သာသာကိုင်ထားပေသည်။
“ငါမမူးပါဘူး..” ရှန့်ဖန်းယွိ၏စိတ်သည်ရှင်းနေတုန်းပင်။သူသည်လျှာလေးသည့်အခါတွင် သုံးသည့်အရာအား အမှိုက်ပုံးထဲသို့ပစ်လိုက်ကာ…
"အလွန်အကျွံသောက်ပြီးမအန်ရင် အစာအိမ်ကိုနာကျင်စေတယ်…စိတ်မပူပါနဲ့…ငါမသောက်ခင်က အရက်နာမကျစေတဲ့ဆေးကို အရင်ကြိုသောက်ထားပါတယ်.."
သူကျန်းရွှိ၏လက်ကိုလွှတ်လိုက်သည်။ အိမ်သာကိုသန့်ရှင်း၍ ဖြည်းဖြည်းချင်းမတ်တပ်ရပ်သည်။ထို့နောက်သူဘေစင်ရေပိုက်ခေါင်းကိုဖွင့်၍ သူ၏မျက်နှာကိုရေဖြင့်ဖြန်းကာ ကျန်းရွှိသို့စကားပြောနေရင်း သူ၏ပါးစပ်ကိုသုတ်လိုက်သည်။
“ မင်းအတွက်နားရက်အချိန်တွေယူခဲ့တယ်…စုစုပေါင်းငါးလ….ကလေးမမွေးဖွားခင်သုံးလနဲ့ ကလေးမွေးဖွားပြီးနှစ်လပေါ့... မင်းနဲ့အဆင်ပြေရဲ့လား..”
ကျန်းရွှိ အနည်းငယ်အံ့ဩသွားကာ ရှန့်ဖန်းယွိ အားမှင်သေသေအကြည့်ဖြင့် ငေး၍ကြည့်နေသည်။
“ငါ့ကိုဘာလို့ဒီလိုကြည့်နေတာလဲ ”
ရှန့်ဖန်းယွိ သူ၏လက်များကိုခြောက်သွေ့စေပြီး ပြုံးကာ ကျန်းရွှိ၏မျက်နှာကိုဖျစ်ညစ်လိုက်သည်။
“ ငါတို့ဒါကိုလုပ်ဖို့သဘောတူခဲ့တယ်လေ…မှတ်မိတယ်မလား..”
“ ငါ့ကိစ္စကြောင့်မင်းသောက်ခဲ့တာလား..”
“ ဒါက မင်းရဲ့ကိစ္စပဲမဟုတ်ပါဘူး…ငါတို့ရဲ့ကိစ္စတွေ...”
ရှန့်ဖန်းယွိသည် သူ့ကို ရေချိုးခန်းထဲမှဖြည်းဖြည်းချင်းတွန်းထုတ်လိုက်သည်။
“နောက်မှငါပြောပြပါ့မယ်…ရေအရင်ချိုးလိုက်မယ်နော်…ဝိုင်ဖြူကအနံ့မကောင်းဘူး…မင်းနဲ့သမီးလေး ကိုစိတ်ဆိုးအောင်မလုပ်ချင်ဘူး”
သူ့ရှေ့မှတံခါးက ပိတ်သွားကာ ရေချိုးခန်းမှရေအသံကိုလည်း ကြားနိုင်သည်။ ကျန်းရွှိ တံခါးနားတွင်ခဏကြာမျှရပ်နေပြီးနောက်ရေခဲသေတ္တာသို့သွားကာ ထောင့်ထဲမှ ပျားရည်အိုးလေးတစ်လုံးကိုထုတ်လိုက်သည်။
သိပ်မကြာသေးမီက သူ၏မိခင်ပို့ပေးထားခြင်းဖြစ်သည်။တောင်တန်းများမှရသည့် အလွန်သဘာဝဆန်သောပျားရည်ဖြစ်သော်လည်း နွေးထွေးသောရေတွင်စိမ်ထားရမည်ဟုပြောကြားခဲ့သည်။ အလွန်အေးလွန်း သို့မဟုတ်ပူလွန်းသည့် အခါသုံးဆောင်၍မရပေ။
ကျန်းရွှိ ပြဿနာကြုံနေရသည်။ ထို့ကြောင့်ပင် တစ်ခါမှ ထိုပျားရည်ကို မစားဖူးပေ။
ယခုမူကား သူဒုက္ခရှာမတွေ့ခဲ့ပါပေ။ သူသည်လျှပ်စစ်ရေနွေးအိုးတွင် ရေနွေးအရင်တည်ကာ ပျားရည်ကိုမွှေရန်အပူချိန်ကို အွန်လိုင်းတွင်ရှာဖွေခဲ့သည်။နောက်ဆုံးတွင်ပျားရည်ခွက်ကို မှန်ကန်သောအပူချိန်ဖြင့်မမွှေရသေးမီ ပျားရည်ကို ဂရုတစိုက်တိုင်းတာရန်နှင့်ရောစပ်ရန်ရှန့်ဖန်းယွိ၏တိုင်းတာသည့်ဆလင်ဒါကိုအသုံးပြုခဲ့သည်။
ရှန့်ဖန်းယွိ ရေချိုးပြီးထွက်လာသောအခါတွင်လည်း ကျန်းရွှိ သည်ထိုအရာများနှင့်အလုပ်ရှုပ်နေသည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိ၏နောက်တွင်ရပ်နေကာ သူ့နောက်တွင် တစ်ယောက်ယောက်ရှိနေသည်ကို သူသတိမထားမိခင်အထိ အချိန်ကြာမြင့်စွာစောင့်ကြည့်ခဲ့သည်။
“ မဒမ်က မီးဖိုချောင်ထဲ တောင် စဝင်နေပြီပေါ့...”
ရှန့်ဖန်းယွိက ကျီစယ်လာသည်။
“ မသေမျိုးဖြစ်တဲ့ကမ္ဘာက လာတဲ့နတ်သမီးများဒါမှမဟုတ်…အနောက်အရပ်က နေထွက်လာတာလား”
ကျန်းရွှိ ကသူ၏လေသံကို နှိမ့်၍
“ မြန်မြန်လာပြီးသောက်ပါ…ဘာလို့ ဒီလောက်စကားများများပြောနေရတာလဲ ”
သူပျားရည်ကို ရှန့်ဖန်းယွိ ထံသို့ အမူအရာမပါဘဲပေးခဲ့ကာ အိပ်ခန်းသို့ပြန်လှည့်ခဲ့သည်။
ရှန့်ဖန်းယွိသည်အိပ်ခန်းထဲသို့ ၀င်သောအခါသူ၏ခန္ဓာကိုယ်ပေါ်တွင်မည်သည့်အရက်နံ့မျှမရတော့ပေ။ သူသည်အာလုတ်ကျင်းသည့်ပုလင်းတစ်ဝက်မျှသောက်ခဲ့ရာ သူ၏အငွေ့မှာ ပူရှိန်းမွှေးအနံ့ရှိနေသည်။
သူက ကျန်းရွှိ ဘေးတွင်လဲလျောင်းခြင်း မပြုမီမိမိကိုယ်ကိုရေမွှေးအနည်းငယ်ဖြန်းခဲ့သေးသည်။
“ငါ မင်းကို အရင်အိပ်နှင့်ဖို့ပြောထားတယ်လေ… ဘာလို့အိပ်မနေတာလဲ ” ရှန့်ဖန်းယွိ သူ့ပါးကိုနမ်းလိုက်သည်။
ကျန်းရွှိကသူ၏စကားများကိုမတုံ့ပြန်ခဲ့ပါ။
“ခွင့်ရက်နဲ့ပတ်သက်၍ အရင်ဆုံးပြောရအောင်...”
“ ကောင်းပြီလေ....” ရှန့်ဖန်းယွိသည်သူ၏ပခုံးပေါ်တွင်ခေါင်းကိုမှီကာ ပုံပြင်တစ်ပုဒ်ကိုပြောသကဲ့သို့ဖြည်းဖြည်းချင်းစကားပြောခဲ့သည်။
“ မင်နောက်ဆုံးတခေါက်ကငါ့ကို ရန်ရွေ့နဲ့ ဟွမ်ပင်းအကြောင်းပြောပြတုန်းက ငါ ရန်ရွေ့ ရဲ့ဖုန်းနံပါတ်ကိုသိမ်းထားလိုက်သေးတယ်…သူ့ကိုထမင်းတစ်နပ်ဝယ်ကျွေးပြီး အိတ်တလုံးလက်ဆောင်ပေး.လိုက်သေးတယ်…သူမကငါတို့ရဲ့ ကြင်နာမှုကိုမှတ်မိပြီး မစ္စချောင်ကိုပါ အတူတူစားသောက်ဖို့ ဖိတ်ခေါ်မယ်ဆိုပြီးကတိပေးခဲ့သေးတယ်...”
“ မစ္စချောင် ကအိတ်ကိုလက်ခံဖို့ငြင်းပြီး သူ့သူငယ်ချင်းကိုကူညီခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းရယ်ငါတို့ကို ဒုက္ခမပေးလိုကြောင်းပါ ပြောသေးတယ်…ဒါကြောင့် ရှန်းချူ မှာခေါင်းဆောင်ချောင့် ကိုထမင်းစားဖို့ဖိတ်ဖို့အတွက် သူ့အဆက်အသွယ်ကိုသုံးခဲ့တာ… ခွင့်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရင်းနဲ့မောက်ထိုက် အရက်သေတ္တာတစ်လုံးလည်းပေးခဲ့သေးတယ်…"
“ လွန်ခဲ့တဲ့နှစ်ရက်ကသူက ငါ့ကိုဆက်သွယ်ပြီးအခြေအနေတွေတိုးတက်နေတယ်ဆိုပြီး အရိပ်အမြွက်ပြောခဲ့သေးတယ်…အလုပ်ဖြစ်မယ့်သဘောပေါ့…အဲ့ဒါနဲ့သူ့ကိုနောက်ထပ်ထမင်းတစ်ခါဖိတ်ကျွေးလိုက်ပြီး ငါတို့တစ်ဝက်လောက်သေလောက်တဲ့ အထိသောက်ခဲ့တာ… နောက်ဆုံးတော့သူ့ကို မြေခွေးကြီးသဘောမတူခင်က ခေတ်ပြိုင် ပိုလဲ့ နဲ့ ဟွာထို ဆိုပြီးချီးကျူးလိုက်ပါတယ်... ”
ရှန့်ဖန်းယွိကသူ၏ မျက်ခုံးကိုဖျစ်ညစ်ကာပြောလိုက်သည်။
. ပိုလဲ့ သည်တရုတ်သမိုင်းတွင်ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်တစ် ဦး ဖြစ်သည်။ သူသည်ပါရမီရှိသောမြင်းများကိုရှာရန်နှင့်စုဆောင်းရန်သူ၏စွမ်းရည်ကြောင့်လူသိများသည်။“ ပိုလဲ့ ” ဟူသောဝေါဟာရကိုအရည်အချင်းအတွက် ထက်မြက်သောအမြင်ရှိပြီးအလားအလာကိုဖော်ညွှန်းရန်နှင့်ပြုစုပျိုးထောင်ရန်ကျွမ်းကျင်သူတစ်ဦးကိုရည်ညွှန်းရန်ဥပစာစကားဖြင့်အသုံးပြုသည်။
. ဟွာထို သည်ရှေးခေတ်တရုတ်နိုင်ငံအရှေ့ပိုင်းဟန်မင်းဆက်တွင်နေထိုင်သောကျော်ကြားသောခွဲစိတ်ဆရာဝန်ဖြစ်သည်။သူသည်သူ၏အဆင့်မြင့်ဆေးဘက်ဆိုင်ရာဗဟုသုတနှင့်ခွဲစိတ်ကုသမှုဆိုင်ရာကျွမ်းကျင်မှုများကြောင့်လူသိများခဲ့ကာ တရုတ်ဆေးပညာသမိုင်းတွင်အထင်ရှားဆုံးပုဂ္ဂိုလ်တစ် ဦး အဖြစ်မှတ်ယူခံခဲ့ရသည်။သူသည်အထူးသဖြင့်မေ့ဆေးနှင့်သားဖွားခြင်း..အပ်စိုက်ကုထုံးကဲ့သို့သောခွဲစိတ်နည်းစနစ်များကိုအသုံးပြုခြင်းကြောင့်ကျော်ကြားသည်။
ကျန်းရွှိ ကသူ့အားမေးလာ၏။ "တခြားဘာကျန်သေးလဲ...”
ခေါင်းဆောင်ချောင် သည်အဂတိမလိုက်စား၍ လုံးဝမပျက်စီးနိုင်သော လူတစ်ဦးမဟုတ်သော်လည်းအရက်သေတ္တာတစ်လုံးဖြင့်ချော့မော့ကာ ထိုကဲ့သို့သောရှည်လျားသောခွင့်ကိုပေးအပ်ရန်အတွက် သူ့အားစည်းရုံးသိမ်းသွင်းရသည်မှာမလွယ်ကူပါ။
ကျန်းရွှိ၏သံသယကိုကြည့်ခြင်းအားဖြင့် ရှန့်ဖန်းယွိ သည်သူ၏နှုတ်ခမ်းများကိုကွေး၍ပြုံးလိုက်သည်။
“ထင်တဲ့အတိုင်းပါမောက္ခကျန်းပါပဲ…လည်တယ်နော်..."
သူသည်ထထိုင်ကာ အိပ်ရာဘေးစားပွဲပေါ်ရှိအိတ်မှစာရွက်စာတမ်းအနည်းငယ်ကိုထုတ်ယူ၍ ကျန်းရွှိထံသို့လွှဲပေးခဲ့သည်။
“ ငါခေါင်းဆောင်ချောင်ကို ဒေါက်တာခန်းပြောတဲ့ ဖော်ပြလူနာနဲ့အဆက်အသွယ်ရှိပြီး သူ့ကိုခွဲစိတ်ကုသဖို့ စီစဉ်နေတဲ့အကြောင်းပြောပြလိုက်တယ်… ငါကသူ့ကိုဒီကိစ္စဟာရှုပ်ထွေးပြီးတော့ လူနာရဲ့အခြေအနေကိုအမြဲစောင့်ကြည့်ပြီးလေ့လာနေဖို့ အာရုံစိုက်ဖို့လိုတယ်လို့လည်းပြောခဲ့တယ်…ခွဲစိတ်ကုသမှုအန္တရာယ်ကိုလျှော့ချဖို့ ကိုယ်ဝန်ဆောင်နေစဉ်အချက်အလက်အမျိုးမျိုးကိုမှတ်တမ်းတင်ထားဖို့လည်းပြောခဲ့တယ်..."
"ခေါင်းဆောင်ချောင်ကသားဖွားမီးယပ်အထူးကုဆရာ၀န်မဟုတ်ဘူးလေ အဲ့တော့သူက သားဖွားလူနာတွေအတွက် ငါတို့ရဲ့ ရောဂါရှာဖွေပုံနဲ့ကုသတဲ့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သိပ်မရှင်းဘူး… ဒါပေမယ့်သူကဒီကိစ္စနဲ့ပတ်သက်ပြီးတကယ်စိုးရိမ်နေတာ… ငါသူ့ကို စကားချိုချိုပဲပြောပြီးကတိတွေတော်တော်ပေးပြီးတဲ့နောက်ကျ သူကသဘောတူခဲ့တယ်လေ...”
“ ဒီကာလအတွင်း မင်းအတွက်က ကျောင်းသားတွေကိုကြီးကြပ်ဖို့အဓိကတာဝန်ပဲရှိတယ်… အခြားအလုပ်တွေအတွက်အွန်လိုင်းကနေလုပ်လို့ရတယ်…ခေါင်းဆောင်ချောင် ကလည်း မင်းအတွက် အွန်လိုင်းပေါ်ကနေ တိုင်ပင်ဆွေးနွေးမှုနဲ့ဆိုင်တဲ့ တချို့တာဝန်တွေပေးထားတယ်..."
ယနေ့ခေတ်တွင်အွန်လိုင်းတွင်မှားယွင်းသောဆေးဘက်ဆိုင်ရာအချက်အလက်များစွာရှိသည်။ ထို့ကြောင့်တတိယအဆင့်ဆေးရုံအများစုသည်လူနာများအားဖြေဆိုရန် ဆရာဝန်များလိုအပ်သောတာဝန်များကိုသတ်မှတ်ထားပြီး အချို့ခွဲတမ်းများနှင့်အတူ မေးခွန်းများကိုအွန်လိုင်းပေါ်မှတဆင့်ဖြေဆိုရန်လိုအပ်သည်။
“ မင်းပြင်ဆင်ထားဖို့လိုအပ်တဲ့အရာတစ်ခုက.. လာမယ့်လအနည်းငယ်အတွင်းမှာ…ခွဲစိတ်ကြေး…ညဆိုင်းကြေး…ပြင်ပလူနာအခကြေးငွေနဲ့တခြားထောက်ပံ့ငွေတွေကျိန်းသေမရတော့ဘူး…မင်းရဲ့ နှစ်စဉ်အပိုဆုကြေးလည်းနှုတ်ယူခံရလိမ့်မယ်...”
ကျန်းရွှိ ထို အကြောင်းကိုစဉ်းစားပြီးပြီဖြစ်သည်။အဆိုပါဆေးရုံသည် ပရဟိတအဖွဲ့အစည်းမဟုတ်သောကြောင့် သူဘာမျှမလုပ်လျှင် သူတို့ကဘာကိုမျှသူ့အားပေးလိမ့်မည်မဟုတ်ပေ။
သို့သော်ဤလုပ်ခများကိုနုတ်ယူလိုက်သောအခါ ကျန်းရွှိမှာ ငွေအနည်းအကျဉ်းသာရရှိလိမ့်မည်ဖြစ်သည်။
ရှန့်ဖန်းယွိက ကျန်းရွှိ စိတ်အခြေအနေမကောင်းဖြစ်နေမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ့အား အနည်းငယ်ကျီစယ်လိုက်သည်။
“သူတို့က ကလေးငယ်တွေဆိုတာ ရွှေကိုမျိုချတဲ့သားရဲတွေလိုပဲလို့ပြောကြတယ်..ငါတို့ရဲ့ကလေးက မမွေးရသေးပေမယ့်လည်း မျိုချပြီးပြီလေ.. သူကြီးပြင်းလာတဲ့အခါ ဘယ်လောက်ပိုပြီးမျိုချနိုင်မလဲ ဆိုတာ ဘယ်သူသိမှာလဲ.."