🧑⚕️Chapter 111
ကျန်းရွှိလုံးဝမပျော်နေပေ။ သူ ရှန့်ဖန်းယွိကသူ့အားပေးထားသောစာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်သည်။ သူ၏လက်ချောင်းထိပ်များကခေတ္တရပ်သွားသည်။
“ ဘာလို့ လျှို့ဝှက်သဘောတူညီချက်ထားရတာလဲ..."
“ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်တစ်ခုလုံးကိုလျှို့ဝှက်ထားဖို့တောင်းဆိုခဲ့ပြီးတော့ လူနာရဲ့ ကိုယ်ရေးအချက်အလက်သီးသန့်တည်ရှိမှုကိုလည်းသေချာစေရမှာပေါ့လေ..."
ရှန့်ဖန်းယွိ ကရှင်းပြသည်။
“ ခေါင်းဆောင် ချောင် က ပိုမြင့်မားတဲ့ထင်မြင်ချက်တွေမှာလည်း အမြင်ကအတူတူပါပဲတဲ့… ဒီခွဲစိတ်မှုအောင်မြင်မယ်ဆိုရင်လူတိုင်းပျော်ရွှင်ကြလိမ့်မယ်… ဒေါက်တာနှင့်အတူပြဿနာတွေရှိရင် ဒေါက်တာအဲလ်ဘတ်ရယ် S နိုင်ငံကိုယ်စားပြုတွေရယ်..ဒေါသကြီးတဲ့ ဒေါက်တာခန်း ရယ် ရှိသေးတယ်…ခွဲစိတ်မှုမအောင်မြင်ခင် နိုင်ငံက ဒီလျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့လိုအပ်တယ်… အကယ်၍ အဲ့ဒါသာပေါက်ကြားပြီးလူထုအာရုံစိုက်မှုတွေရကုန်ရင် ကျရှုံးမှုရဲ့ အကျိုးဆက်တွေက ပိုပြင်းထန်လိမ့်မယ်...”
ကျန်းရွှိ က နားထောင်နေရင်းတစ်ဝက်တွင် နောက်ပြောင်ပြောလိုက်သည်။
“အဲ့ဒါကလည်း အရင်ခေတ်ကအနုမြူဗုံးထုတ်လုပ်နေသလိုပဲ...”
ရှန့်ဖန်းယွိသည် ခပ်တိုးတိုးရယ်ကာ
"အမှန်ပဲ…ဒါပေမယ့်ငါတို့လုပ်နေတာရဲ့အခက်အခဲအဆင့်ဟာအနုမြူဗုံးထုတ်လုပ်တာထက်အများကြီးနိမ့်တယ်...”
သူက ကျန်းရွှိ၏ဗိုက်ကိုထိကာ..
“ငါတို့တိုင်းပြည်ကအက်တမ်ဗုံးတွေကိုအောင်မြင်စွာလုပ်နိုင်ခဲ့တယ်… အခုငါတို့ကလေးကိုလုံလုံခြုံခြုံမွေးဖွားနိုင်ပြီ.."
ကလေးငယ်သည် သူမအကြောင်းပြောဆိုနေသည်ကို သဘောပေါက်ဟန်ရှိသည်။ ကျန်းရွှိ၏ဝမ်းဗိုက်ထဲမှကလေးလေးသည် အနည်းငယ်လှုပ်ရှားနေကာ ရှန့်ဖန်းယွိသည် သူမနှင့်ထိတွေ့ရန် သူ၏လက်ကိုတိုးလိုက်သည်။
“အနုမြူဗုံးလေးက ကောင်းကောင်းကြီးပြင်းလာပြီပဲ..."
ကျန်းရွှိသည်လည်းသူ့လက်ကိုတင်လိုက်သည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိ၏နောက်ကျောဘက်သို့ သူ၏လက်များဖြင့်ပွေ့ဖက်ထားကာ ကျန်းရွှိလည်ပင်းအပေါ်တွင် သူ၏မေးစေ့ကိုတင်ထားသည်။
"ခေါင်းဆောင်ချောင်က ဒီကာလတွေ အတွင်းပိုပြီးမြင့်တဲ့အာဏာပိုင်တွေထဲကမှလူအချို့ကငါတို့ကိုဆက်သွယ်နိုင်တယ်လို့ပြောတယ် …စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားနိုင်အောင်မင်းကိုကြိုတင်အသိပေးချင်တယ်...”
“ဟုတ်ပါပြီ”
“အဲ့အပြင်ခေါင်းဆောင်ချောင်က အထူးအဆက်အသွယ်နဲ့ငါတို့အတွက်အရမ်းလျှို့ဝှက်တဲ့ ခွဲစိတ်ခန်းတစ်ခုစီစဉ်ပေးခဲ့တယ်… အဲ့ဒါက A မြို့ဆင်ခြေဖုံးမှာ ရှိပြီးတော့ ပစ္စည်းတွေအပြည့်အစုံပဲ… ခွဲစိတ်ကုသမှုအဖွဲ့အဆင်သင့်ဖြစ်တာနဲ့ ငါတို့သွားပြီးကြည့်လို့ရတယ်...”
“သူကခွဲစိတ်မှုမှာ တိုက်ရိုက်ပါ၀င်မယ့်ကယ်ဆယ်ရေးအဖွဲ့၀င်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်တွေကို ငါတို့အကြံပြုလို့ရတယ်လို့ပြောတယ်.. သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီးငါကကောင်းကောင်းသိလို့ အသိအကျွမ်းတွေနဲ့စာရင်းတစ်ခုလုပ်ခဲ့တယ်လေ… သူတို့က မင်းကိုမသိကြဘူးဆိုတာငါကိုယ်တိုင်အတည်ပြုထားတယ်…အဲ့အချိန်မှာ အာဏာပိုင်တွေက လျှို့ဝှက်သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးဖို့လိုအပ်မှာ…အဲ့ဒါကြောင့် သူတို့ကိုယုံကြည်စိတ်ချလို့ရတယ်..."
“ ခွဲစိတ်ကုသမှုကာလအတွင်းမှာ လေရှူဖို့ အောက်စီဂျင်မျက်နှာဖုံးကိုမင်းဝတ်ထားရလိမ့်မယ်…အဲ့တော့ သူတို့က မင်းရဲ့အသွင်အပြင်ကိုမှတ်မိဖို့မဖြစ်နိုင်ဘူး…မင်းစိတ်ပူရင် လိုက်ကာဆွဲထားလို့ရတယ် ”
“ မစ္စတာဘေကာရဲ့ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုအဖြစ်အပျက်က S မှာ တော်တော် ကြီးမားတဲ့ ဆူပူအုံကြွမှုဖြစ်စေခဲ့တာတဲ့… အစိုးရအရာရှိတွေကိုလည်းပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တယ်လို့ပြောတယ်…ခွဲစိတ်ကုသမှုမှာ ပါ၀င်မယ့်လက်ထောက်တွေကမင်းဘယ်သူဘယ်ဝါဖြစ်ကြောင်းအတည်ပြုဖို့ မရှာနိုင်ပါဘူး… သူတို့ကခွဲစိတ်မှုလုပ်ငန်းစဉ်ကိုဗီဒီယိုတွေနဲ့မှတ်တမ်းတင်ချင်ရုံပါပဲ..."
“ ငါအဲ့အတွက်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပါတယ်..”
ရှန့်ဖန်းယွိ သည်သဘောတူပုံပြောကာ နှစ်သိမ့်နေသည်။
"သမီးလေး ကြီးပြင်းလာတဲ့အခါသူ့ကိုဗီဒီယိုတွေပြပြီး ဒါ သူ ဘယ်လိုမွေးဖွားလာတာဆိုပြီး ပြောပြလို့ရတယ်..”
ကျန်းရွှိ ကခေါင်းညိတ်လိုက်သည်။
“ သူလည်း သက်ဆိုင်ရာဗဟုသုတတွေကို သင်ယူသင့်တယ်.. အချိန်တန်လာတဲ့အခါ ငါတို့ရဲ့စာတမ်းကိုသူဖတ်ဖို့ပေးလို့ရတယ်...”
ရှန့်ဖန်းယွိ : “ ... ”
ထိုအတွက်မလိုအပ်ပါပေ။
သူသည်မမွေးသေးသော သမီးလေး အတွက်ခဏတာငိုကြွေးမြည်တမ်းခဲ့သည်။ ထို့နောက်ရုတ်တရက်တစ်ခုခုကိုသတိရသွားသည်။
“ စကားမစပ် မစ္စတာဘေကာရဲ့အင်တာဗျူးတွေကိုမင်းမြင်ဖူးလား..”
“ ငါ့မှာရှိတယ်...”
"အချစ်အတွက် ကလေးမွေးပေးတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီး" ဟူသော သတင်းခေါင်းစဉ်သည် နိုင်ငံတိုင်းတွင်အတူတူပင်ဖြစ်သည်။မစ္စတာဘေကာသည် သတင်းထောက်များထံတွင် အကြိမ်ကြိမ်ဖမ်းမိနေကာ S နိုင်ငံမှ မီဒီယာများစွာသည် သူ၏ကုမ္ပဏီသို့တိုက်ရိုက်သွားခဲ့သည်။ သူသည်အလွန်ဒေါသထွက်ခဲ့ကာ သူ၏ကိုယ်ကိုယ်ရေးအချက်အလက်ကိုပေါက်ကြားစေခဲ့သောမီဒီယာနှင့်အစိုးရအရာရှိများကို လူသိရှင်ကြားတရားစွဲဆိုခဲ့သည်။
နောက်ဆုံးတွေ့ဆုံမေးမြန်းခန်းတွင်အယူခံ၀င်ခြင်းမပြုမီသူတွန့်ဆုတ်စွာလက်ခံခဲ့သည်။စိတ်သောကရောက်နေသောမစ္စတာဘေကာက
“အမျိုးသားတွေ ကလေးမွေးဖွားတာ အရမ်းအန္တရာယ်များတယ်… ဒါပေမယ့် အမျိုးသမီးတွေ ကလေးမွေးဖွားပေးတာကလည်း အန္တရာယ်ကြီးတယ် အသက်အရွယ်ပြဿနာတွေ.. နာမကျန်းတာတွေ… ဘဝစိတ်ဖိစီးမှုများတာ..အလုပ်က ပင်ပန်းနွမ်းနယ်တာမျိုးတွေကြောင့်ပေါ့.."
“ကျွန်တော့်ဇနီးက သူ့သားအိမ်ကိုမဖယ်ရှားခင်ကတောင်မှသူ့ရဲ့ကျန်းမာရေးကမကောင်းဘူး..ဒါပေမယ့်သူမလဲ ကျွန်တော့်လိုပဲ ကလေးကိုကိုယ်ဝန်ဆောင်ချင်တဲ့ ဆန္ဒကရှိနေတယ်..."
“တကယ်တော့ကမ္ဘာပေါ်ရှိတဲ့ အမျိုးသမီးတွေကလုပ်ခဲ့တဲ့..လုပ်ဆောင်ဖို့ဆန္ဒရှိတဲ့ အရာမျိုးကိုသာကျွန်တော်က လုပ်နိုင်ခဲ့တာပါ… ခင်ဗျားတို့လုပ်နေတဲ့အုတ်အော်သောင်းနင်းသတင်းပေးပို့နေကြတာနဲ့ တန်တယ်လို့မထင်ဘူး...”
မစ္စတာဘေကာသည်မှောင်မိုက်သောမျက်နှာနှင့်
“အကယ်၍ ခင်ဗျားတို့က ဒီကိစ္စမျိုးကို အဲ့လောက်ပြောဆို သင့်တယ်ထင်နေရင် ခင်ဗျားတို့ အမေတွေကိုအင်တာဗျူး သွားလုပ်ကြပါလား…"
သတင်းထောက်များ၏မျက်နှာသည်အဆူခံကြရသောကြောင့် ဖြူလျော့သွားကြသည်။ ခဏတာမျှရပ်နေကြပြီးနောက်သူတို့ထဲမှတယောက်က…
“ အကယ်၍ ခင်ဗျားပြန်ပြီးရွေးချယ်နိုင်ခဲ့ရင် ခင်များကိုအရှက်ရစေတဲ့အဲ့ဒီကိုယ်တွင်းအင်္ဂါတွေကို လိုချင်ထပ်လိုချင်နေသေးလား...”
ဘဝ၏သေခြင်းရှင်ခြင်း အကြားမျဉ်းကိုလျှောက်လှမ်းခဲ့သော မစ္စတာဘိတ်ကာသည်လုံးဝမတွန့်ဆုတ်ခဲ့ပေ။ထိုမေးခွန်းကိုကြားပြီးနောက်စီးပွါးရေးသမားကြီး၏ အပြုအမူ ပျောက်ကွယ်သွားပြီး ဒေါသတကြီးဖြင့်ပြန်ဖြေလေသည်။
“ကျွန်တော်ကံကောင်းလို့သာ ကျွန်တော်တို့ချစ်ခြင်းမေတ္တာရဲ့ အသီးအပွင့်ဖြစ်တဲ့ ကလေးကို ကိုယ်ဝန်ဆောင်ပေးဖို့အခွင့်အရေးရခဲ့တာ…ကျွန်တော့်အတွက်အရှက်ရစရာမျိုးလို့ တခါမှမခံစားခဲ့ရဖူးဘူး...”
ထိုမေးခွန်းကိုမေးပြီးနောက် ထိုမီဒီယာမှသတင်းထောက်ကိုမစ္စတာဘေကာမှတိုက်ရိုက်နှင်ထုတ်ခဲ့ပြီး ရလဒ်အနေဖြင့် မစ္စတာဘေကာသည် သူ့အား မည်သူ့ကိုမျှတွေ့ဆုံမေးမြန်းခွင့်မပြုတော့ဘဲ သူ့နောက်အားလိုက်ရန်ကြိုးစားခဲ့သည့်မီဒီယာအားလုံးကို တရားစွဲခဲ့သည်။
သို့သော် Sနိုင်ငံရှိ ရှိထိုသေးငယ်သောသတင်းစာတိုက်သည်မစ္စတာဘေကာ ၏ ထက်မြက်သောတုန့်ပြန်မှုကြောင့်များစွာအာရုံစိုက်ခံရကာအင်တာဗျူးသည်ပြည်တွင်းသတင်းများသို့ပင်ပျံ့နှံ့သွားခဲ့သည်။ကျီဟွားသားဖွားနှင့်မီးယပ်ဌာန တို့တွင်လည်း အသေးစားဆွေးနွေးမှုများပြုလုပ်ခဲ့ကာ မစ္စတာဘေကာ သည်ဆေးဘက်ဆိုင်ရာ၀န်ထမ်းများစွာ၏အမြင်တွင်ပြီးပြည့်စုံသောလူတစ်ယောက်ဖြစ်လာသည်။
အခြားသူများ၏ ခင်ပွန်းကောင်းများကိုမြင်တွေ့ရေသာအခါ နှိုင်းယှဉ်မှုများပြုလုပ်ရန်မလွှဲမရှောင်သာဖြစ်လာသည်။
အကြီးတန်းအစ်ကိုဝူရွေ့၏ကိုယ်ဝန်ဆောင်ဇနီးပင် ထိုအကြောင်းကိုကြားသည်နှင့် ဝူရွေ့အား သူသာဖြစ်နိုင်လျှင် သူမအတွက်ကိုယ်ဝန်ဆောင်ပေးရန် ဆန္ဒရှိမရှိ မေးခဲ့သည်။ဝူရွေ့သည်ဌာနရှိ လူတိုင်းနှင့်ထိုကိစ္စကိုဆွေးနွေးစဉ် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။
ကျုံးလန်က အလောတကြီးနှင့်မေးသည်။
"ဒါဆို ဆန္ဒရှိလား မရှိဘူးလား.."
ဝူရွေ့သည်ကြာမြင့်စွာတိတ်ဆိတ်စွာနေခဲ့ပြီး ပွင့်ပွင့်လင်းလင်းပြောလာခဲ့သည်။
“ငါ့မှာ သားအိမ်မရှိဘူး… သူလည်းငါ့ကိုတကယ် မွေးဖွားစေချင်မှာမဟုတ်ဘူး…ငါသူ့ကိုလိမ်ပြီး ဆန္ဒရှိတယ်လို့ပြောရင် သူမပျော်ရွှင်မယ်ဆိုတာငါသိတယ်…ဒါပေမယ့်ငါသူမကိုမလှည့်စားချင်ဘူး...”
ဝူရွေ့သည်ချစ်ခြင်းမေတ္တာကျွမ်းကျင်သူမဟုတ်သော်လည်းသူသည်ရိုးသားပြီးစိတ်ရင်းမှန်ဖြင့်ဖြစ်သည်။
“ငါက လူကြီးဖြစ်နေပါပြီ..ငါတကယ်သားအိမ်ရှိရင်တောင်မှ ငါမွေးမှာမဟုတ်ဘူး….ငါ့ကိုအပြစ်မတင်ပါနဲ့…မင်းရဲ့ရည်းစားကိုမေးကြည့်ပါ.. သူ့အတွက်လည်းအဖြေကအတူတူပဲနေမှာ..”
သူသည် ကျုံးလန်၏လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုကိုမသိခဲ့ပေ။သို့သော် ထိုစကားကိုကြားပြီးနောက် ကျုံးလန်သည် အဓိပ္ပာယ်ပြည့်ဝေသာအမူအရာနှင့်ကြည့်ကာ ခဏမျှတိတ်နေသည်။
"အကိုတို့ ယောက်ျားတွေ…အကယ်၍ အကိုကအမျိုးသားတစ်ဦးအနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆိုရင် အဲ့ဒီကိုယ်တွင်င်္အဂါတွေကိုလိုချင်လား.."
မစ္စတာဘေကာ၏အဖြစ်အပျက်နှင့်အတူဤမေးခွန်းသည် Z နိုင်ငံတွင်ပြင်းထန်သောဆွေးနွေးမှုများဖြစ်ပေါ်စေခဲ့သည်။
ရှန့်ဖန်းယွိက ကျန်းရွှိအားကိုစောင်ထဲသို့ဝင်စေပြီးခေါင်းကိုတစ်ဖက်နဲ့ပင့်မြှောက်ကာ စိတ်လှုပ်ရှားစွာဖြင့်သူ့ကိုကြည့်လိုက်သည်။
"စီနီယာအစ်ကိုဝူရဲ့အတွေးက ပုံမှန်ဖြစ်ပြီးတော့မစ္စတာဘေကာ ရဲ့အတွေးအခေါ်က တကယ်မြင့်တယ်…ဒါပေမယ့် ... ရွေးချယ်မှုရှိရင်မင်းဒါကိုဖြတ်သန်းစရာမလိုဘူးလို့မျှော်လင့်ပါတယ်..."
ကျန်းရွှိ ကသူ့အားကြည့်လိုက်သောအခါသူသည်ကျန်းရွှိနှုတ်ခမ်းကို ထိကာ
“ငါတို့ကလေးယူတာထက် ဒီနာကျင်မှုနဲ့ဖိအားကိုမခံစားရပဲ မင်းကျန်းမာရေးကောင်းပြီး လုံခြုံစိတ်ချမှုရှိတာကိုပဲမြင်ချင်တာ…"
ကျန်းရွှိ ခဏတာတိတ်ဆိတ်စွာနေပြီးသူ၏မျက်လုံးများကိုငုံ့ထားကာ လက်များကို သူ၏ဗိုက်ကိုညင်ညင်သာသာတင်ထားလိုက်သည်။
"ငါသာရှင်သန်မယ်ဆိုရင် ဒီမေးခွန်းရဲ့အဖြေက ရွေးချယ်မှုပဲ.."
သူခပ်တိုးတိုးပြောလိုက်သည်။
ရှန့်ဖန်းယွိ၏သိသိသာသာသောအံ့အားသင့်နေမှုနှင့်ကြုံရသောအခါ ကျန်းရွှိသက်ပြင်းချလိုက်သည်။
သူခေါင်းအုံးအဖျားများကို ကစားနေသည်။ သူ၏မျက်လုံးများထဲတွင် အကူအညီမဲ့နေသောသဲလွန်စတစ်ခုရှိနေကာ သူကိုယ်တိုင် သူ့ကိုယ်သူအပြည့်အဝနားမလည်နိုင်သလိုပင် ဖြစ်နေသည်။
"ဟော်မုန်းတွေကငါ့ကိုထိခိုက်စေနိုင်တယ်… တခါတလေ .. ဆင်ခြင်တုံတရားကင်းမဲ့တဲ့အတွေးတွေကငါ့စိတ်ထဲရောက်သွားတယ်..."
"နှစ်အနည်းငယ်အတွင်းမှာလည်း ငါ့ဆုံးဖြတ်ချက်နဲ့အခုငါပြောခဲ့တဲ့စကားတွေကအရမ်းကို အသိပညာမရှိဘူးလို့ထင်စရာ ဖြစ်ချင်ဖြစ်လိမ့်မယ်..."
အကယ်၍ သူသည်ဆယ်နှစ်ကျော်ကြာပြန်သွား၍ ကျန်းရွှိ အား၁၀နှစ်အကြာတွင် ရှန့်ဖန်းယွိနှင့်လက်ထပ်ပြီးသူနှင့်အတူကလေးရလိမ့်မည်ဟုပြောလျှင်..သူသည် သူ့ကိုယ်သူ တိုက်ရိုက်ထိုးနှက်ကာ အရူးဟုသာထင်ကောင်းထင်နိုင်သည်။
ကျန်းရွှိက“ဒါပေမယ့်အနည်းဆုံးတော့အခုတော့ငါဟာချစ်ခြင်းမေတ္တာနဲ့စောင့်ရှောက်ခံရတယ်လေ..."
သူ၏လက်ချောင်းများက သမီးလေး၏ရှိရာနေရာသို့ အင်္ကျီဖြတ်၍ ထိလိုက်သည်။
"ငါသူ့ကိုအရမ်းချစ်တယ်…သူမကငါတို့ကံကြမ္မာရဲ့အစပဲ..."
သန္ဓေသားပေါက်လေး သည်သူ၏ရှင်သန်ရပ်တည်ရေးကိုသေချာစေရန် သယ်ဆောင်သူ၏သိမြင်ခံစားနိုင်စွမ်းနှင့် ဦးနှောက်တည်ဆောက်ပုံအား ပြောင်းလဲစေရန် သူ၏သယ်ဆောင်သူအားဟော်မုန်းအမျိုးမျိုးထုတ်လွှတ်ပေးရာတွင်ကူလုပ်ဆောင်ပေးလိမ့်မည်။ မိခင်ချစ်ခြင်းမေတ္တာ၏အနှစ်သာရနှင့် သုံးနှစ်ကြာကိုယ်ဝန်သည်၏ဦးနှောက်ဟူသော စကား၏ပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ဖြစ်သည်။
ကျန်းရွှိ သည်အလွန်အေးဆေးတည်ငြိမ်သောလူတစ်ဦး ဖြစ်သော်လည်းသူသည်သူတော်စင်မဟုတ်ပါ။
သူသည်နူးညံ့သိမ်မွေ့သူဖြစ်ကာ.. သူနှစ်သက်သူတစ်ဦး ရှိနေနိုင်သည်။စိတ်ခံစားမှုများကြောင့်စိတ်မချရခြင်း.. ချစ်သူကိုအားကိုးခြင်းနှင့်ချစ်ခြင်းမေတ္တာကြောင့်လည်း သူကိုယ်တိုင်နားမလည်သော သူ၏တစ်ဖက်ခြမ်းကိုပြသနိုင်သည်။
ချစ်ခြင်းမေတ္တာမရှိခဲ့သောဆရာဝန်ကျန်းသည်သူ၏ဆုံးဖြတ်ချက်ချခြင်းတွင်ချစ်ခြင်းမေတ္တာ၏လွှမ်းမိုးမှုမှာအဓိပ္ပာယ်မရှိဟုသာထင်မြင်ခဲ့မိဖူးလိမ့်မည်။
သူ၏မျက်လုံးများတွင်ပြုံးနေသောအမူအရာဖြင့်“ ချစ်ခြင်းမေတ္တာ” အကြောင်းပြောဆိုနေခြင်းသည်မိန်းကလေးငယ်များအတွက်သီးသန့်ကြုံလေ့ရှိခြင်းမျိုးဖြစ်သည်။
သို့သော် သူအမှန်တကယ်တွေ့ကြုံခဲ့ရသောအချိန်တွင် တစ်ခါတစ်ရံ "ချစ်ခြင်းမေတ္တာဦးနှောက်" ဟူသော ခဏတာအခိုက်အတန့်အားခံစားရန် အခွင့်အရေးရှိရခြင်းသည် ချိုမြိန်လှကြောင်း သူသဘောပေါက်သွားသည်။
သိပ္ပံနည်းကျရှုထောင့်မှကြည့်လျှင် လူသားများသည်နောက်ဆုံးတွင်ဟော်မုန်းများကို အရှုံးပေးရလိမ့်မည်။
လူသားဝါဒရှုထောင့်မှကြည့်လျှင် "ပျိုနီပန်းဥယျာဉ်" ပြဇာတ်မှ စကားနှင့်တူသည်။
"ချစ်ခြင်းမေတ္တာသည်မည်သည့်နေရာတွင်စတင်သည်ကိုမသိသော်လည်း ထိုအရာသည်တစ်ကြိမ်တွယ်ငြိသည်နှင့်အဆုံးထိရစ်ပတ်သည်။"
ရှန့်ဖန်းယွိသည် ဘာပြောရမည်မှန်းမသိပဲ သူ့အားအချိန်ကြာကြာကြည့်နေခဲ့သည်။ နောက်ဆုံးတွင်သူသည် ကျန်းရွှိအားပွေ့ဖက်ကာ…
"ငါသာရွေးနိုင်မယ်ရင်ကိုယ်ဝန်ရတဲ့သူကငါပဲဖြစ်ပါစေလို့မျှော်လင့်တယ်…မင်းကိုနှစ်သိမ့်ပေးရုံမဟုတ်ပါဘူး... ဒါကငါ့ရဲ့စိတ်ရင်းမှန်နဲ့အတွေးပါ…ငါကတိပေးတယ်..ချစ်ခြင်းမေတ္တာကမင်းကိုတသက်တာလုံးအကာအကွယ်ပေးလိမ့်မယ်..."