အပိုင်း ၁၁၂
Viewers 32k

🧑‍⚕️Chapter 112




လက်သာကိုင်ထားကြသည့်အသစ်စက်စက် ချစ်သူစုံတွဲများအတွက်မူ သူတို့သည် ချိုသောစကားလုံးများကိုပြောသောအခါခေါင်းများငုံ့ထား၍ ရှက်သွေးဖြာခြင်း..ရယ်ခြင်းများပြုမူတတ်ကြသည်။

လက်ထပ်ပြီး၍ တစ်ဦးနှင့်တစ်ဦးချည်နှောင်ထားကြသောအိမ်ထောင်သည်စုံတွဲများသည် ချိုမြိန်သောစကားလုံးများကိုပြောသည့်အခါ နမ်းခြင်း…ပူးကပ်ပွေ့ဖက်နေကြခြင်းနှင့် နားထဲသို့ခပ်တိုးတိုးပြောခြင်းများပြုမူတတ်ကြသည်။

မြေပြင်ပေါ်တွင်စာရွက်စာတမ်းများပြန့်ကျဲနေသည်။ တစ်ဦးနှင့်တစ်ဦး ဆုပ်ကိုင်ထားသောလက်ချောင်းများတွင် တူညီသောလက်စွပ်များဖြင့်တန်ဆာဆင်ထားသည်။ သူတို့၏လက်ချောင်းဆယ်ချောင်းသည် ထပ်တူကျ၍ချိတ်ဆက်သွားသည့်အခါ သူတို့နှစ်ဦးသားက တသားတည်းပြီးပြည့်စုံသွားသည်။

နက်ရှိုင်းသောအနမ်းများပြီးနောက် နူးညံ့သောအနမ်းများသို့ပြောင်းကာ အသက်ခပ်ဖြည်းဖြည်းရှူရန်လိုအပ်လာသည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိ ၏မျက်လုံးများ…မျက်ခုံးများ… နှာတံထပ်ဖျားများနှင့်လက်ချောင်းများကို တယုတယနမ်းခဲ့သည်။

သူ၏နှုတ်ခမ်းများသည်အဆုံးမရှိသောကြင်နာမှုများနှင့်အတူ အလွန်နူးညံ့ကာနွေးထွေးနေသည်။

သူသည်လက်သူကြွယ်တွင်ဝတ်ဆင်ထားသော လက်စွပ်မှစ၍ လက်ချောင်းထိပ်လေးများအထိ နမ်းခဲ့ပြီး ထိုအနမ်းများသည် နှလုံးသားထဲတွင် ငှက်တောင်မွှေးများလွင့်မျောနေသကဲ့သို့ခံစားရသည်။ ကျန်းရွှိသည် သူ၏ နှုတ်ခမ်းကိုကိုက်ကာ မော့ကြည့်လိုက်သည်။ ရှန့်ဖန်းယွိက သူ၏လက်ကိုလွှတ်လိုက်ကာ သူ့အားထပ်၍ နမ်းလိုက်သည်။

"မင်းငါ့ကိုကိုက်လို့ရတယ်.. ကိုယ့်ကိုယ်ကိုပြန်မကိုက်ရဘူး.."

ကျန်းရွှိ ခပ်ပေါ့ပေါ့ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရှန့်ဖန်းယွိ၏ နှုတ်ခမ်းကိုကိုက်လိုက်သည်။ရှန့်ဖန်းယွိက ခပ်တိုးတိုးရယ်ကာသူ၏မေးဖျားကိုပွတ်သပ်လိုက်သည်။

ဒီရေသည်မြင့်တက်လာကာ ပြန်ကျသွားပြီး ကျောက်စိမ်းသစ်ပင် ပွင့်ဖူးလာခဲ့သည်။

ထိုအချိန်တွင်ပြတင်းပေါက်အပြင်ဘက်၌ မိုးများစတင်ရွာသွန်းလာသည်။ မှိန်နေသောလမ်းမီးများသည် မိုးသည်းသည်းတွင် ပို၍ဝိုးတဝါးဖြစ်နေကာ မိုးသံတဖွဲဖွဲသည်လည်း မှန်ပြတင်းမှတဆင့် နွေးထွေးသောအခန်းထဲသို့ရောထွေးယှက်ဝင်လာသည်။

ရှန့်ဖန်းယွိ သည် ကျန်းရွှိ ၏ ရီဝေနေသောမျက်လုံးများကိုကြည့်ကာရုတ်တရက်ပြောလိုက်သည်။

"အကယ်၍ မင်းကိုခွင့်ရက်ရအောင်ကူညီပေးရင် ငါ့ရဲ့တောင်းဆိုချက်ကိုလိုက်လျောပေးမယ်လို့မင်းပြောခဲ့တာကို မှတ်မိတယ်မလား..."

“အာ…ဘာတောင်းဆိုမှုလဲ...” ကျန်းရွှိ၏အသံကအနည်းငယ်အက်ကွဲသံပေါက်နေသည်။

“ ငါ့ကိုသာဆက်ပြီးသဘောကျပေး...” 

ရှန့်ဖန်းယွိ သူ့နားထဲသို့ခပ်တိုးတိုးပြောလိုက်သည်။

ကျန်းရွှိ သူ၏နှုတ်ခမ်းထောင့်များကိုပင့်တင်ကာ ပြုံးလိုက်သည်။

ချစ်ခြင်းမေတ္တာနှင့်ကြုံလျှင် သူတစ်ယောက်တည်းသာလျှင် ကလေးဆန်၍ အချစ်ရူးနေသည်မဟုတ်ပေ။

သူသည် ရှန့်ဖန်းယွိ၏ လည်ပင်းကိုပွေ့ဖက်ကာ အနီးသို့ကပ်ဆွဲလိုက်၍ နှုတ်ခမ်းသားများကိုနမ်းလိုက်သည်။

 “အဲ့ဒါက ထာဝရတည်ရှိနေမယ့်အမှန်တရားပဲ…မေးစရာမလိုပါဘူး...”

ရှန့်ဖန်းယွိသည်သူ၏မျက်ခုံးများကိုပင့်ကာ ကျန်းရွှိအနေနှင့်သူ့အားလှည့်စားရန်ကြိုးစားနေသည်လားဟု မေးရန်ပြင်လိုက်သည်။ထိုအချိန်တွင်ကျန်းရွှိသည် သူ၏မျက်ခွံကိုငုံ့ထားကာ ဘေးတစ်ဖက်သို့မျက်နှာလှည့်ထားပြီး…

“ တခြားအကြောင်း တစ်ခုခုပြောကြရအောင်...”

“ ဘာရှိသေးလို့လဲ…ငါကအရူးလုပ်ဖို့မလွယ်ဘူးနော်..”

ရှန့်ဖန်းယွိ စနောက်လိုက်သည်။

အိပ်ခန်း၏အလင်းသည် အနည်းငယ်လင်းထိန်တောက်ပနေကာ ကျန်းရွှိသည် ပက်လက်လှန်လှဲနေရာမှ ရှန့်ဖန်းယွိအား လှမ်းကြည့်လိုက်သောအခါ သူ၏အနည်းငယ်ပေါ်နေသော ဝမ်းဗိုက်ကိုလည်းတွေ့မြင်နေရသည်။

သူ လက်များကိုချထားလိုက်သည်။ သူ၏မျက်လုံးအောက်ရှိ သေးငယ်သောမှဲ့ငယ်လေးသည် အနည်းငယ်တုန်ယင်နေသည်။ သူအသက်ပြင်းပြင်းရှူလိုက်ကာ ထထိုင်လိုက်သည်။ ထို့နောက် ရှန့်ဖန်းယွိ၏ နားသို့ ကပ်ကာ လေသံဖြင့်သာ ခပ်တိုးတိုးပြောလိုက်သည်။

အသံသည်အလွန်တိုးညှင်းကာ စကားပြောနှုန်းသည်လည်းအလွန်မြန်ဆန်သည်။ စကားပြောပြီးနောက် သူသည်လျင်မြန်စွာပြန်အိပ်ကာသူ၏မျက်နှာအားစောင်ဖြင့်ဖုံးအုပ်လိုက်သည်။

မိုးများသည်းထန်စွာရွာသွန်းနေကာ မိုးသံက အလွန်ဆူညံနေသည်။ သို့သော်…ထိုသို့ကျယ်လောင်စွာ မိုးများရွာသွန်းနေသော်လည်း ရှန့်ဖန်းယွိ၏နှလုံးခုန်သံအား မဖုံးကွယ်နိုင်ပေ။

သူကြားရသည်။

ရှန့်ဖန်းယွိမှာ ခက်ခက်ခဲခဲ တံတွေးမြိုချမိသည်။ အရက်နာကျဆေးနှင့်ပျားရည်နွေးအား ရောသောက်ထားခြင်းသည် မလုံလောက်ကြောင်းနှင့် အရက်၏အရှိန်သည် သူ၏စိတ်အားလွှမ်းမိုးထားဆဲဖြစ်ကြောင်းသံသယဝင်လာသည်။

သူသည် ကျန်းရွှိ၏စကားများကိုလည်း မရေမတွက်နိုင်အောင်ပင် စိတ်ထဲမှ ထပ်ခါတလဲလဲပြန်ရွတ်နေခဲ့သည်။ သူစိတ်အာရုံမပျံ့လွင့်စေရန်သေချာထိန်းသော်လည်းသူ၏စကားများမှာ အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားသည်။ 

"ဘာ…ဘာ… မင်းဆိုလိုတာက..”

ကျန်းရွှိ အခင်းများအောက်မှလက်ထုတ်ကာ ရှန့်ဖန်းယွိအား ထုလိုက်သည်။

အပြုသဘောဆောင်သောအမူအရာဖြစ်သော်လည်း မာနအရိပ်အယောင်အနည်းငယ်ပါသည်။

သို့သော် ရှန့်ဖန်းယွိ မြင်နိုင်သမျှသည် သူ၏လက်ရှိအနက်ရောင်မှဲ့သေးသေးလေးဖြစ်ကာ လက်ချောင်းထိပ်လေးများအား အနမ်းများပေးလိုက်သည်။

တစ်ခါတစ်ရံတွင် လမ်းကြောင်းပေးခြင်း သို့မဟုတ်ရုတ်တရက် ရဲရဲတင်းတင်းပြောဆိုခြင်းသည် ဟော်မုန်းများခဏတာ တဟုန်ထိုးဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်မည်။

ကျန်းရွှိသည် အိပ်မက်များထဲတွင် အလွန်ကောင်းသောအတွေ့အကြုံများ ရဖူးကာ စူးစမ်းကြိုးစားချင်စိတ်လည်းရှိနေခဲ့ခြင်းကြောင့်ဖြစ်မည်။

သို့မဟုတ် ကျန်းရွှိ၏ အလုပ်စည်းချက်မှ ယာယီလွတ်မြောက်စေခဲ့သည့် M နိုင်ငံမှ သုံးရက်ကြာသောအားလပ်ရက်များကြောင့်ဖြစ်မည်။

စိတ်ကိုဖြေလျော့ပေးသောအခါ အချို့သောအရာများကိုစဉ်းစားရန်လွယ်ကူသွားသည်။

သို့မဟုတ်ကျန်းရွှိသည် ရှန့်ဖန်းယွိအနေနှင့် အကြိမ်ပေါင်းများစွာသည်းခံနေသည်ကို ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်၍သော်လည်းကောင်း မြင်ခဲ့ရသည်။ သူသဘောကျရသည့်သူသည် ခက်ခက်ခဲခဲနှင့် သည်းခံနေသည်ကိုမြင်ရသည်မှာ ကရုဏာသက်မိစေသည်။

အတိုချုပ်ရလျှင် ကျန်းရွှိကိုယ်တိုင်ပင် အစီစဉ်တကျပြန်မစီနိုင်တော့သည့် ရောထွေးနေသောခံစားချက်များသည် ထိုမိုးသည်းသောညတွင်ကိစ္စတစ်ခုဖြစ်လာစေသည်။

“ ဒါပေမယ့်မင်း ... မင်း..ကိုယ်ဝန်ရှိနေတယ်လေ"

ရှန့်ဖန်းယွိသည်သူ၏ဦးနှောက်က မရှင်းမလင်းဖြစ်နေသည်ဟုခံစားခဲ့ရသည်။

ကျန်းရွှိ စောင်ကိုဆွဲဖယ်လိုက်ကာ အလေးအနက်ပြောလိုက်သည်။ 

“ လူနာတွေ ဆေးဘက်ဆိုင်ရာအကြံဉာဏ်ပေးတဲ့အခါ မင်းအဲ့လိုမျိုးတစ်ခုခုမပြောဘူးလား..."

တည်ငြိမ်သောနှစ်လယ်ပိုင်းကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းများထုတ်လွှတ်မှုနှုန်းများလာခြင်းသည် စိတ်လိုအင်ဆန္ဒများတိုးမြင့်စေသည်။ ပုံမှန်မဟုတ်သောအခြေအနေများနှင့်အထူးရောဂါများမရှိဘဲကျန်းမာသော လူနာများအတွက် ထိုအဆင့်တွင် သားဖွားနှင့်မီးယပ်ဌာန၏အကြံဥာဏ်မှာ…

 “သင့်လျော်သောအလယ်အလတ်နည်းလမ်းနှင့် စိတ်ပျော်ရွှင်မှုကိုထိန်းသိမ်းပါ...”

သို့သော် လူနာတစ်ယောက်အားပြောသည်နှင့် လက်တွဲဖော်အားပြောခြင်းသည် အခြေအနေမတူညီသောအရာနှစ်ခုဖြစ်သည်။

ကျန်းရွှိ၏မမျှော်လင့်သောစကားသည် sildenafil(ကာမကြွစေသောဆေးတမျိုး)ဘူးပေါင်းတစ်ရာထက် ပို၍ထိရောက်ခဲ့သည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိထိုသို့ပြောလိုက်သည့်အချိန်တွင် မပျောက်နိုင်သော အဖျားရောဂါခံစားနေရ၍ အသက်ရှူမှားသွားသကဲ့သို့ ခံစားရသည်။

ရှန့်ဖန်းယွိ သည်သူ၏ချွတ်ယွင်းနေသော ဦးနှောက်အားအကြောင်းပြရန်သုံးကာ 

“ ကျန်းရွှိ…မင်း..ငါ့ကို..စမ်းသပ်နေတာလား...”

“ ငါ့စိတ်တွေကအဲ့လောက်မခိုင်ဘူးနော်…အကယ်၍ မင်းအဲ့လိုတွေ ဆက်ပြောနေမယ်ဆိုရင် ငါ ဒီစမ်းသပ်မှုကို ဆက်ပြီး တောင့်ခံနိုင်မှာမဟုတ်တော့ဘူး..." 

ကျန်းရွှိ သူ့အား ခဏမျှစိုက်ကြည့်ပြီးနောက် လက်လှမ်းလာကာ သူ၏ပထမဆုံးကြယ်သီးကို ဖြုတ်လိုက်သည်။

“ မင်းကိုဘယ်သူက စမ်းသပ်နေတာလို့ပြောလို့လဲ...”

အနည်းငယ်အေးစက်နေသောလက်ချောင်းထိပ်များသည် သူ၏အသားအရေကိုထိလိုက်သောအခါ အချိန်ကြာမြင့်စွာရုန်းကန်နေရသော ရှန့်ဖန်းယွိသည် အံ့အားသင့်သွားပြီး သူ၏ ဦးနှောက်ရှိ သွေးကြောသည်ရုတ်တရက်ပေါက်ထွက်မတတ်ဖြစ်သွားသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ သူ၏နှုတ်ခမ်းများကိုမနမ်းမီ အာမေဋိတ်သံသာပြုနိုင်တော့သည်။

ရှန့်ဖန်းယွိကသူ၏လက်များကို ဘေးတွင်ချထားသည်။ ရှန့်ဖန်းယွိက သူ့အားတင်းကြပ်စွာ ပွေ့ထားသဖြင့် သူသည် အနမ်းပေးခြင်းကိုပင်အလိုလျောက်တုံ့ပြန်နိုင်ကာ အခြားမည်သည့်အရာမျှမလုပ်နိုင်ခဲ့ပေ။

ရှန့်ဖန်းယွိသည်သူ၏နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။ 

"မင်းလှည့်လို့ရမလား...”

ကျန်းရွှိသည် သတိမရှိစွာပြန်ဖြေလိုက်သည်။ သို့သော် သူလှည့်လိုက်သည်နှင့် ရှန့်ဖန်းယွိက သူ၏လည်ပင်းအား အနောက်မှနမ်းလိုက်သည်။

သွယ်လျသော လည်တိုင်သည် လေနှင့်ထိတွေ့သွားကာ ကျန်းရွှိသည် စောင်အားဆုပ်ကိုင်လိုက်သည်။ သူ၏ချုပ်တည်းထားသောအသက်ရှူသံပြင်းပြင်းသည် ခေါင်းအုံးထဲသို့ နစ်ဝင်ကူးလူးသွားသည်။

သူ၏မျက်နှာသည်အနီရောင်သန်းသွားကာ စကားအရိပ်အမြွက် တဝက်တပြတ်ကိုသာ ပြောနိုင်ခဲ့သည်။ 

“ အံဆွဲထဲမှာ...”

ရှန့်ဖန်းယွိ တံတွေးမြိုချလိုက်သည်။ ကျန်းရွှိ၏နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည့်အချိန်တွင် သူ၏အသံသည် အပူရှိန်နှင့် အက်ကွဲသံပေါက်နေသည်။

ကျန်းရွှိ၏ နားရွက်ထိပ်များသည်အလွန်တောက်ပနေကာ ဆီးနှင်းပေါ်တွင်ပျံ့နှံ့နေသောအနီရောင်သလဲသီးများကဲ့သို့ အနီရောင်သန်းနေသည်။

ကလေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်သောကြောင့် ရှန့်ဖန်းယွိအလွန်ဂရုစိုက်ခဲ့သည်။

နူးညံ့သိမ်မွေ့သောလှိုင်းများသည်ကျောက်တုံးများကိုရိုက်ခတ်နေကာ ဆုံမှတ်ကို အမြဲလွဲနေသကဲ့သို့…လက်လှမ်း မမှီနိုင်သည့်နေရာတွင်ယားယံနေနေသကဲ့သို့….။

ကျန်းရွိသည်သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှန့်ဖန်းယွိ အားအသံတိုးတိုးဖြင့်ပြောလိုက်သည်။

 “ယွီဆန်းက ဒီနေ့လုပ်စရာ အစီအစဉ်တွေရှိတယ်.. အဲ့ဒါကြောင့် ငါတို့ ဂျူတီချိန်းလိုက်တာ… ငါမနက်ဖြန် နားရက်ယူရမယ်...”

သို့သော် ရှန့်ဖန်းယွိ၏စိတ်ကရှုပ်ထွေးနေကာ သူသည် ကျန်းရွှိ ၏စကားအဓိပ္ပာယ်များကိုရှင်းရှင်းလင်းလင်းနားမလည်ခဲ့ပေ။

နောက်ဆုံးတွင်ကျန်းရွှိ စိတ်မရှည်တော့ပေ။သူ မတတ်နိုင်တော့ပဲ ပြောလိုက်တော့သည်။

"မင်း ... မြန်မြန်လုပ်လို့မရဘူးလား...”

“ ဒါပေမယ့်…ငါစိတ်ပူ…”

ရှန့်ဖန်းယွိ စကားမဆုံးခင် ကျန်းရွှိသည်ပြန်လှည့်ကာ ထိုင်လိုက်သည်။

ယခု ရှန့်ဖန်းယွိသည် စည်းချက်လုံးဝမရှိတော့ဘဲသူ၏အသက်ရှူသံနှင့်နှလုံးခုန်သံများပင် ရှုပ်ထွေးနေသည်။

မိုးများသည်းထန်စွာရွာသွန်းနေသည်။သူမြင်နိုင်သမျှမှာ ကျန်းရွှိ ၏စိုစွတ်သောဆံပင်အနက်ရောင်နှင့် ထောင့်များနီရဲနေသည့် မျက်လုံးများ…အောက်နှုတ်ခမ်းအား တင်းတင်းကျပ်ကျပ်ကိုက်ထားသောနှုတ်ခမ်း…သူ၏စောင်းနေသောလည်တံ နှင့် ဖြူဖွေးနေသော ဝမ်းဗိုက်တို့ပင်….။

သူ၏အကြည့်များသည် ပြင်းထန်စူးရှနေကာ သူတို့ နှစ်ဦးအသက်၁၈နှစ်အရွယ်က ခေါင်ရန်းပင်အောက်တွင် တွေ့ခဲ့ကြသည့်အတိုင်းပင်ဖြစ်သည်။

အကယ်၍ သူသာ အဝတ် ဝတ်ထားဆဲဖြစ်ပါက သူ၏ င်္အကျီလက်များကိုခေါက်တင်ကာ နောက်တစ်စက္ကန့်တွင် ရှန့်ဖန်းယွိမျက်နှာအားထိုးနှက်လိမ့်မည်ဖြစ်သည်။

သို့သော် နောက်ထပ်အသွင်အပြင်တစ်ခုအရကြည့်လျှင် ကျန်းရွှိ သည် အပင်၏ထိပ်ဆုံးတွင်ပွင့်နေသော အလှဆုံးခေါင်ရန်းပန်းပွင့်နှင့်တူသည်။

နီရဲ၍ လှပကာ တောက်ပနေသည်။

ခေါင်ရန်း ပန်းပွင့်သည် တစ်နေ့လျှင်သုံးကြိမ်အရောင်ပြောင်းလဲသွားတတ်သည်ဟု ဆိုကြသည်။ နံနက်ခင်းတွင် နှင်းဖြူရောင်..မွန်းလွဲပိုင်းတွင်ပန်းရောင်နှင့် ညနေခင်းတွင်အနီရောင်တောက်တောက်ဖြစ်သည်။

ရှန့်ဖန်းယွိက ထိုစကားသည် ကျန်းရွှ်ိအား ရည်ညွှန်းနေသည်ဟုသာထင်သည်။

ရှေးယခင်ကပြောကြားခဲ့သည့်အတိုင်း ဘဝတွင်အပျော်အပါးလေးမျိုးရှိသည်။

ရှည်ကြာစွာမိုးခေါင်ပြီးနောက် မိုးရာသီသို့ဝင်ရောက်ခြင်း…၊နိုင်ငံခြားတိုင်းပြည်တွင် သူငယ်ချင်းဟောင်းနှင့်ပြန်လည်ဆုံစည်းခြင်း…သတို့သမီး၏ အခန်းမှည…နှင့်ဂုဏ်ယူဝမ်းမြောက်စရာအခိုက်အတန့်မျိုးတို့ဖြစ်သည်။

သူ့၏ ရှေ့တွင်ရှိသော သူသည် စည်ကားနေသောမြို့မှ သူနှင့်တမြို့တည်းသားဖြစ်သည်။သူ့အား လိင်ပိုင်းဆိုင်ရာနိုးထစေသည့်…သူနှင့်အတူ ထိပ်ဆုံးတွင်သာရှိနေသည့် ထိပ်တန်းကျောင်းသားလည်းဖြစ်သည်။

သူတို့သည် သူတို့၏ချစ်ခြင်းမေတ္တာအား နှစ်ဦးသားဘဝများနှင့် ရောယှက်ထားကာ သူတို့၏ ဘဝများနှင့် သူတို့၏ အချိန်များကိုလည်း တသားတည်းဖြစ်တည်နေစေသည်။

ကျန်းရွှိသည် မောပန်းသောအခါ ရှန့်ဖန်းယွိ ၏ပခုံးပေါ်သို့မှီချလိုက်ကာ သူ၏မျက်စိများကိုမှိတ်ထားလိုက်သည်။ထို့နောက်သူသည်တဖြည်းဖြည်းမှီချလာကာရှန့်ဖန်းယွိ၏ ပွေ့ဖက်မှုထဲသို့တိုးဝင်လိုက်သည်။

ကျန်းရွှိ၏ဝမ်းဗိုက်သည် စူထွက်နေကာ ရှန့်ဖန်းယွိ၏ဗိုက်က နစ်ဝင်သွားသည်။

အမြင်အာရုံစွမ်းရည်ကျဆင်းလာခြင်းသည် အနံ့အာရုံခံစားမှုကိုတိုးမြင့်စေသည်။ ကျန်းရွှိသည် ရှန့်ဖန်းယွိ ၏ခန္ဓာကိုယ်ပေါ်မှ ကိုယ်သင်းရေမွှေးနံ့ကို အနံ့ခံနိုင်သည်ဟု အမြဲခံစားရသည်။

ပေါ့ပါးသော..၊တပ်မက်ဖွယ်ကောင်းသော…၊ကြာရှည်ခံ၍ ယုယဖွယ်ကောင်းသည့် ချိုမြိန်မှုများနှင့် နူးညံ့စွာစီးဆင်းနေသော ထာဝရတည်မြဲနေသည့်အချစ်များ….။