အပိုင်း (၃၀၇)
Viewers 31k

Chapter 307


သူမက ဝတ္ထုများစွာဖတ်ခဲ့ဖူးပြီး ထိုထဲတွင် အမျိုးသမီးဇာတ်လိုက်များအားလုံးက တော်ကြပြီး အမျိုးသားဇာတ်လိုက်များ၏ ပြဿနာများကိုဖြေရှင်းပေးနိုင်ကြသည်။ သို့သော် သူမကိုယ်တိုင်ကမူ သာမန်လူဖြစ်နေသည်။ သူမက ကုမ္ပဏီ၏အခက်အခဲကို အဆင်ပြေစေရန် မကူညီပေးနိုင်ပါချေ။ သူမ သူ့နောက်တွင်တိတ်တိတ်လေးရပ်ပြီး သူစိတ်မပူစေရန် အနှောင့်အယှက်မဖြစ်စေရန်အတွက် သူမနည်းလမ်းနှင့်သူမ သူ့ကိုကာကွယ်ပေးရန် ကြိုးစားရသည်။


စုန့်ထင်ရှန်းက ထရပ်လိုက်ပြီး ယွမ်ရှထိုသို့ပြောလာချိန်တွင် သူမကိုဖိချလိုက်သည်။ ကံကောင်းစွာဖြင့် ဆိုဖာက အတော်လေးကြီးနေသည်။


သူတို့က အလွန်နီးကပ်နေကြသည်။ သူတို့ယခုလို ရုတ်တရက်ကြီးနီးကပ်သွားကြသည်မှာ ပထမသို့မဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ပေ။ သူ၏နွေးထွေးလှသော ထွက်သက်များက သူမ၏လည်တိုင်ကို ပွတ်သပ်ကျီစယ်နေသည်။ သူမအနည်းငယ်ယားလာသလို ခံစားလိုက်ရပြီး လွတ်မြောက်ရန် လမ်းရှာမတွေ့ပေ။


ယွမ်ရှက သူ့လည်ပင်းကိုဖက်တွယ်လိုက်ပြီး ပလုံးပထွေးပြောလာသည်။


"ကျွန်မတွေးတဲ့ပုံက အတော်လေး ရူးနှမ်းမှန်းသိပါတယ်..."


"မဟုတ်ပါဘူး..."


စုန့်ထင်ရှန်းက ခေါင်းခါလိုက်သည်။ သူမကို သူ့မျက်လုံးထဲရှိ ခံစားချက်များကို မြင်ခွင့်မပြုချင်ပေ။


"မင်းက အရမ်းကိုဉာဏ်ကောင်းတာပါ..."


"တကယ်လား...."


"တကယ်ပေါ့... မင်းရဲ့အကြံကအရမ်းကိုကောင်းတယ်.... အနည်းဆုံးတော့ စုန့်ကော်ပိုရေးရှင်းသာ တကယ်ဒေဝါလီခံခဲ့ရရင် မင်းပြင်ဆင်ထားတာတွေက အရမ်းကိုအသုံးဝင်မှာ... အကယ်၍ အဲ့လိုနေ့တွေတကယ်ရောက်လာရင် မင်းစီစဉ်ထားတာတွေက ကိုယ်တို့ကို သေချာပေါက်ကောင်းကောင်းနေခွင့်ရစေမှာ... ဇနီးတစ်ယောက်အနေနဲ့ရော မိခင်တစ်ယောက်အနေနဲ့ရော မင်းက အရမ်းကိုအရည်အချင်းပြည့်မီပါတယ်..."


စုန့်ထင်ရှန်း၏စကားကိုကြားပြီးနောက်တွင် ယွမ်ရှက အတော့လေးခံစားရသက်သာသွားသည်။


အချိန်ခဏမျှတိတ်ဆိတ်ပြီးနောက်တွင် ယွမ်ရှက သိချင်စိတ်ဖြင့်မေးလာသည်။

"ဒါဆို ရှင့်ရဲ့ ကုမ္ပဏီက..."


စုန့်ထင်ရှန်း၏ ပြုမူပုံအရ စုန့်ကော်ပိုရေးရှင်းက ဒေဝါလီခံရမည့်ပုံမပေါ်ချေ။


စုန့်ထင်ရှန်း က သူမ၏နှာခေါင်းလေးကို ဖျစ်လိုက်သည်။ ဘယ်လိုပြောရမလဲ မသိတော့ရယ် ပြုံးရယ်ရင်းသာပြောလိုက်သည်။


"မင်းမှာ အကောင်းမြင်ဝါဒမရှိရင်တောင် မင်းရဲ့ယောက်ျားကိုယုံဖို့ မျှော်လင့်မိတယ်.. အခုခေတ်မှာ ကုမ္ပဏီစတင်ဖို့နဲ့ လုပ်ငန်းစတင်ရတာ မလွယ်ဘူးဆိုပေမဲ့ ဘာတွေပဲဖြစ်နေပါစေ ဝမ်လေးနဲ့မင်းကို အကောင်းဆုံးအရာတွေပဲပေးမှာပါ.. ဒါကြောင့်လဲ ကိုယ်အလုပ်ကြိုးစားနေရတာပေါ့... စိတ်မပါပါနဲ့ ကုမ္ပဏီက ဒေဝါလီမခံရပါဘူး... ဒီအခြေအနေကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်သွားမှာပါ..."


"တကယ်လား...."


ယွမ်ရှက သူ့ကိုမယုံသင်္ကာဖြစ်စွာ ကြည့်လိုက်သည်။ 

သူက ဇာတ်ကြောင်းကို တကယ်ပြောင်းလဲနိုင်ပါ့မလား.... သူကဇာတ်ကြောင်းလောက် သန်မာပါ့မလား....


စုန့်ထင်ရှန်းခေါင်းငြိမ့်လိုက်သည်။ 


"တကယ်ပေါ့... ကိုယ့်ရဲ့ ခန့်မှန်းချက်သာ မမှားရင် ကိုယ်တို့မိသားစုက ပိုချမ်းသာလာဖို့ပဲရှိတော့တယ်... မင်းရဲ့ အိပ်ခန်းနှစ်ခန်းတွဲအိမ်ကိုပြောင်းမယ်ဆိုတဲ့ အကြံပြုချက်ကိုတော့ လျစ်လျူရှုလိုက်မယ်... မင်းပိုကြီးတဲ့ အိမ်တွေမကြိုက်ဘူးလား... ချက်ပြုတ်ရတာ သန့်ရှင်းရေးလုပ်ရတာကတော့ မင်းဝါသနာပါတယ်ဆိုရင်တောင် ကိုယ့်နဲ့အတူတူလုပ်ရမယ်... ဒါမှ ဝမ်လေးက ကိုယ့်ကိုအပြစ်မတင်မှာ... ကိုယ့်ရဲ့ အဖေဆိုတဲ့ ဂုဏ်လေးကို ပြန်တည်ဆောက်ရမယ်လေ.."


အဆုံးတွင် အကောင်ပေါက်လေး၏သူ့အပေါ် တွင်ထားသည့်အမြင်မှာ ယခင်ကလောက် မကောင်းတော့ပေ။


သူမ ယခင်ကတည်းက ပြင်ဆင်ထားပြီးဖြစ်သော်လည်း ကုမ္ပဏီကဒေဝါလီမခံရတော့သလို သူတို့မိသားစု၏ ပိုင်ဆိုင်မှုများ မကုန်ဆုံးတော့ကြောင်းသိလိုက်၍ ပျော်ရွှင်သွားခဲ့သည်။ ထိုခံစားချက်မှာ ထီလက်မှတ်တစ်ခုဝယ်ပြီး ယွမ်ငါးသန်းပေါက်သော်လည်း ထီလက်မှတ်မတွေ့၍ စိတ်ညစ်နေစဉ်တွင် အိမ်တွင် ထီလက်မှတ်ပြန်တွေ့လိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။


သူမ သူမမိသားစုအားလုံးကိုခေါ်ပြီး ရေညှိအကပင် ကချင်သွားသည်။


သို့သော် ယွမ်ရှ၏ တုန့်ပြန်မှုမှာ ဤသို့သာဖြစ်သည်။


"ဒါဆို ကျွန်မ ပိုက်ဆံအိတ်တွေဝယ်လို့ရပြီဆိုတဲ့ သဘောပေါ့နော်... ကျွန်မ ဝီချက်ပေါ်မှာ တခြားသူတင်ထားတဲ့ ပိုက်ဆံအိတ်လေးမြင်ပြီး လိုချင်နေတာ... ကျွန်မတကယ်ကြိုက်ပေမဲ့ မဝယ်ရဲဘူးဖြစ်နေခဲ့တာလေ...."


မူလပိုင်ရှင်၏ ပိုက်ဆံအိတ်များနှင့်ယှဉ်လျှင် သူမကြိုက်သည့် ပိုက်ဆံအိတ်များမှာ အတော်လေးဈေးပေါလေသည်။ သို့သော် သူမ မဝယ်ရဲခဲ့ပေ။ သူမက ဒေဝါလီခံရမည်ဟုတွေးပြီး ကြောက်နေခဲ့သည်။ ပိုက်ဆံအိတ်၏တန်ဖိုးမှာ သာမန်မိသားစုတစ်စုအတွက် လအတန်ကြာစားသောက်ရန် ဖူလုံနေသည်။


စုန့်ထင်ရှန်းက ခေါင်းငုံ့လိုက်ကာ သူမ၏နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်ပြီး ဩရှရှအသံဖြင့်ပြောလိုက်သည်။


"ဝယ်ချင်ရင်ဝယ်ပစ်လိုက်... မင်းလိုချင်သလောက်ဝယ်ပစ်..."


xxxxxxxChapter 307


သူမက ဝတ္ထုများစွာဖတ်ခဲ့ဖူးပြီး ထိုထဲတွင် အမျိုးသမီးဇာတ်လိုက်များအားလုံးက တော်ကြပြီး အမျိုးသားဇာတ်လိုက်များ၏ ပြဿနာများကိုဖြေရှင်းပေးနိုင်ကြသည်။ သို့သော် သူမကိုယ်တိုင်ကမူ သာမန်လူဖြစ်နေသည်။ သူမက ကုမ္ပဏီ၏အခက်အခဲကို အဆင်ပြေစေရန် မကူညီပေးနိုင်ပါချေ။ သူမ သူ့နောက်တွင်တိတ်တိတ်လေးရပ်ပြီး သူစိတ်မပူစေရန် အနှောင့်အယှက်မဖြစ်စေရန်အတွက် သူမနည်းလမ်းနှင့်သူမ သူ့ကိုကာကွယ်ပေးရန် ကြိုးစားရသည်။


စုန့်ထင်ရှန်းက ထရပ်လိုက်ပြီး ယွမ်ရှထိုသို့ပြောလာချိန်တွင် သူမကိုဖိချလိုက်သည်။ ကံကောင်းစွာဖြင့် ဆိုဖာက အတော်လေးကြီးနေသည်။


သူတို့က အလွန်နီးကပ်နေကြသည်။ သူတို့ယခုလို ရုတ်တရက်ကြီးနီးကပ်သွားကြသည်မှာ ပထမသို့မဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ပေ။ သူ၏နွေးထွေးလှသော ထွက်သက်များက သူမ၏လည်တိုင်ကို ပွတ်သပ်ကျီစယ်နေသည်။ သူမအနည်းငယ်ယားလာသလို ခံစားလိုက်ရပြီး လွတ်မြောက်ရန် လမ်းရှာမတွေ့ပေ။


ယွမ်ရှက သူ့လည်ပင်းကိုဖက်တွယ်လိုက်ပြီး ပလုံးပထွေးပြောလာသည်။


"ကျွန်မတွေးတဲ့ပုံက အတော်လေး ရူးနှမ်းမှန်းသိပါတယ်..."


"မဟုတ်ပါဘူး..."


စုန့်ထင်ရှန်းက ခေါင်းခါလိုက်သည်။ သူမကို သူ့မျက်လုံးထဲရှိ ခံစားချက်များကို မြင်ခွင့်မပြုချင်ပေ။


"မင်းက အရမ်းကိုဉာဏ်ကောင်းတာပါ..."


"တကယ်လား...."


"တကယ်ပေါ့... မင်းရဲ့အကြံကအရမ်းကိုကောင်းတယ်.... အနည်းဆုံးတော့ စုန့်ကော်ပိုရေးရှင်းသာ တကယ်ဒေဝါလီခံခဲ့ရရင် မင်းပြင်ဆင်ထားတာတွေက အရမ်းကိုအသုံးဝင်မှာ... အကယ်၍ အဲ့လိုနေ့တွေတကယ်ရောက်လာရင် မင်းစီစဉ်ထားတာတွေက ကိုယ်တို့ကို သေချာပေါက်ကောင်းကောင်းနေခွင့်ရစေမှာ... ဇနီးတစ်ယောက်အနေနဲ့ရော မိခင်တစ်ယောက်အနေနဲ့ရော မင်းက အရမ်းကိုအရည်အချင်းပြည့်မီပါတယ်..."


စုန့်ထင်ရှန်း၏စကားကိုကြားပြီးနောက်တွင် ယွမ်ရှက အတော့လေးခံစားရသက်သာသွားသည်။


အချိန်ခဏမျှတိတ်ဆိတ်ပြီးနောက်တွင် ယွမ်ရှက သိချင်စိတ်ဖြင့်မေးလာသည်။

"ဒါဆို ရှင့်ရဲ့ ကုမ္ပဏီက..."


စုန့်ထင်ရှန်း၏ ပြုမူပုံအရ စုန့်ကော်ပိုရေးရှင်းက ဒေဝါလီခံရမည့်ပုံမပေါ်ချေ။


စုန့်ထင်ရှန်း က သူမ၏နှာခေါင်းလေးကို ဖျစ်လိုက်သည်။ ဘယ်လိုပြောရမလဲ မသိတော့ရယ် ပြုံးရယ်ရင်းသာပြောလိုက်သည်။


"မင်းမှာ အကောင်းမြင်ဝါဒမရှိရင်တောင် မင်းရဲ့ယောက်ျားကိုယုံဖို့ မျှော်လင့်မိတယ်.. အခုခေတ်မှာ ကုမ္ပဏီစတင်ဖို့နဲ့ လုပ်ငန်းစတင်ရတာ မလွယ်ဘူးဆိုပေမဲ့ ဘာတွေပဲဖြစ်နေပါစေ ဝမ်လေးနဲ့မင်းကို အကောင်းဆုံးအရာတွေပဲပေးမှာပါ.. ဒါကြောင့်လဲ ကိုယ်အလုပ်ကြိုးစားနေရတာပေါ့... စိတ်မပါပါနဲ့ ကုမ္ပဏီက ဒေဝါလီမခံရပါဘူး... ဒီအခြေအနေကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်သွားမှာပါ..."


"တကယ်လား...."


ယွမ်ရှက သူ့ကိုမယုံသင်္ကာဖြစ်စွာ ကြည့်လိုက်သည်။ 

သူက ဇာတ်ကြောင်းကို တကယ်ပြောင်းလဲနိုင်ပါ့မလား.... သူကဇာတ်ကြောင်းလောက် သန်မာပါ့မလား....


စုန့်ထင်ရှန်းခေါင်းငြိမ့်လိုက်သည်။ 


"တကယ်ပေါ့... ကိုယ့်ရဲ့ ခန့်မှန်းချက်သာ မမှားရင် ကိုယ်တို့မိသားစုက ပိုချမ်းသာလာဖို့ပဲရှိတော့တယ်... မင်းရဲ့ အိပ်ခန်းနှစ်ခန်းတွဲအိမ်ကိုပြောင်းမယ်ဆိုတဲ့ အကြံပြုချက်ကိုတော့ လျစ်လျူရှုလိုက်မယ်... မင်းပိုကြီးတဲ့ အိမ်တွေမကြိုက်ဘူးလား... ချက်ပြုတ်ရတာ သန့်ရှင်းရေးလုပ်ရတာကတော့ မင်းဝါသနာပါတယ်ဆိုရင်တောင် ကိုယ့်နဲ့အတူတူလုပ်ရမယ်... ဒါမှ ဝမ်လေးက ကိုယ့်ကိုအပြစ်မတင်မှာ... ကိုယ့်ရဲ့ အဖေဆိုတဲ့ ဂုဏ်လေးကို ပြန်တည်ဆောက်ရမယ်လေ.."


အဆုံးတွင် အကောင်ပေါက်လေး၏သူ့အပေါ် တွင်ထားသည့်အမြင်မှာ ယခင်ကလောက် မကောင်းတော့ပေ။


သူမ ယခင်ကတည်းက ပြင်ဆင်ထားပြီးဖြစ်သော်လည်း ကုမ္ပဏီကဒေဝါလီမခံရတော့သလို သူတို့မိသားစု၏ ပိုင်ဆိုင်မှုများ မကုန်ဆုံးတော့ကြောင်းသိလိုက်၍ ပျော်ရွှင်သွားခဲ့သည်။ ထိုခံစားချက်မှာ ထီလက်မှတ်တစ်ခုဝယ်ပြီး ယွမ်ငါးသန်းပေါက်သော်လည်း ထီလက်မှတ်မတွေ့၍ စိတ်ညစ်နေစဉ်တွင် အိမ်တွင် ထီလက်မှတ်ပြန်တွေ့လိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။


သူမ သူမမိသားစုအားလုံးကိုခေါ်ပြီး ရေညှိအကပင် ကချင်သွားသည်။


သို့သော် ယွမ်ရှ၏ တုန့်ပြန်မှုမှာ ဤသို့သာဖြစ်သည်။


"ဒါဆို ကျွန်မ ပိုက်ဆံအိတ်တွေဝယ်လို့ရပြီဆိုတဲ့ သဘောပေါ့နော်... ကျွ