အပိုင်း ၁၁၅
Viewers 32k

🧑‍⚕️Chapter 115



ဌာနရှိသူ၏လုပ်ဖော်ကိုင်ဖက်များနှင့်အလုပ်လွှဲပြောင်းမှုများပြီးဆုံးပြီးနောက်ဒေါက်တာကျန်းရွှိသည်အိမ်တွင်းဘဝသို့လုံးဝအခြေချခဲ့သည်။

သို့သော်ဒေါက်တာကျန်းရွှိသည်ထိုင်မြဲထိုင်မနေပဲ နေ့စဉ် သူ၏ တက်ဘလက်နှင့် အွန်လိုင်းပေါ်မှ တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။နှစ်ရက်အကြာတွင်သူသည် သားဖွားမီးယပ်အထူးကုဌာန၏အလုပ်များကိုပြီးစီးခဲ့သည်။ ထို့နောက် သူသည် လက်တွေ့ဆင်းရသည့်အလုပ်များကြောင့်လျစ်လျူရှုခံခဲ့ရသောကျောင်းသားများနှင့်ဆက်သွယ်ကာ တစ်ဦးချင်း စကားပြောဆိုမှုများရှိခဲ့သည်။ ထိုကျောင်းသားများအားနေ့စဉ် မေးခွန်းသုံးခုမေးလေ့သည်။

“ တိုးတက်ပြောင်းလဲမှုတွေ ဘယ်မှာလဲ...”

“ စာရွက်စာတမ်းတွေကိုမင်းတို့ ဖတ်ပြီးပြီလား...”

“ စမ်းသပ်မှုတွေမှာ အခြေအနေတိုးတက်မှုတွေရှိလား...”

ကျန်းရွှိ၏ သုတေသနအဖွဲ့သည်ပရမ်းပတာဖြစ်နေကာ ကြောက်လန့်ပြီး စိတ်လှုပ်ရှားနေကြသည်။

တစ်နေ့တွင်ပါမောက္ခ ရှန့်ဖန်းယွိသည် ဓာတ်ခွဲခန်းထဲမှထွက်လာချိန်တွင် ဆန့်ကျင်ဘက်ဓာတ်ခွဲခန်းမှကျောင်းသားနှစ်ဦးတီးတိုးပြောနေသည်ကိုကြားလိုက်သည်။ သူတို့သည် မကြာသေးမီကပါမောက္ခ ကျန်းမည်သို့ဖြစ်သွားသည်ကို မသိကြပေ။သို့သော် သူသည်ကြက်သွေးနှင့်ထိုးခံ ရပြီး CNS ( ဗဟိုအာရုံကြောစနစ် )အားထိခိုက်သွားပုံရကာ အဓိကဂျာနယ်လေးခုတွင်ပါလာခဲ့သည်။

ထိုအကြောင်းရာသည် ရှန့်ဖန်းယွိအား ကျယ်လောင်စွာရယ်မောစေခဲ့သည်။ ထိုညတွင်သူသည် ကျန်းရွှိအားသွားပြောပြခဲ့ကာ နောက်တစ်နေ့တွင် ထိုကျောင်းသားနှစ်ဦး ကိုဖော်ရွေစွာ စကားပြောဆိုရန်ဖိတ်ကြားခဲ့သည်။ သံသယများလေပြင်းတိုက်ခတ်နေသည်။ကျောင်းသားနှစ်ဦး သည်ဓာတ်ခွဲခန်းထဲတွင် သစ္စာဖောက်များရှိသည်ဟူသော သံသယဖြင့်နေ့တိုင်းကြောက်ရွံ့တုန်လှုပ်နေကြသည်။

ခွဲစိတ်ခန်းထဲသို့မ၀င်ခင် ရှန့်ဖန်းယွိသည် လက်ဆေးရင်း ထိုကိစ္စကို ကျန်းချန် နှင့်ဆွေးနွေးခဲ့သည်။ ကျန်းချန်သည် ရှန့်ဖန်းယွိ၏လက်စွပ်ကိုချွတ်နေပုံကို ရုတ်တရက်သတိမပြုမီ ကျန်းရွှိ၏ကျောင်းသားများအတွက်ခဏတာ ဝမ်းနည်းပူဆွေးနေခဲ့သေးသည်။

“ ဘာလို့အဲဒီ လက်စွပ်ဝယ်ထားတာလဲ…စိတ်အနှောင့်အယှက်မဖြစ်ဘူးလား...”

ခွဲစိတ်ကုသမှုပြုလုပ်သောဆရာဝန်များသည် ဖန်စီလက်ဝတ်ရတနာများကိုမနှစ်သက်ကြပေ။ သူတို့သည်ခွဲစိတ်ခန်းထဲဝင်သောအခါသန့်ရှင်းသပ်ရပ်နေရမည်ဖြစ်ကာ သူတို့နှင့်ဘာမျှ သယ်ဆောင်သွားလေ့မရှိပေ။

အလှအပကိုနှစ်သက်သူများသည် လက်ဝတ်ရတနာအသစ်များကို၀ယ်နိုင်သည်။ အစပိုင်းတွင်၎င်းတို့အားချွတ်လိုက်ဝတ်လိုက်နှင့် အကြိမ်ပေါင်းများစွာသည်းခံနိုင်သည်။သို့သော်အဆုံးတွင် သူတို့အရှုံးပေးသွားကြကာ၎င်းအရာများအား ဝတ်ရန်အလွန်ပျင်းရိသွားကြသည်။

ရှန့်ဖန်းယွိ ကျန်းချန်အား အဓိပ္ပာယ်ပြည့်ဝသောအမူအရာနှင့် ကြည့်လိုက်ကာ လက်စွပ်ကိုခွဲခန်းဝတ်စုံထဲသို့ပစ်ထည့်လိုက်သည်။

 “ ငါ့ရဲ့လက်သူကြွယ်ပေါ်မှာ မင်းမမြင်လိုက်ဘူးလား..”

“ ချီး….” 

ကျန်းချန် ရုတ်တရက်သဘောပေါက်သွားသည်။

"မင်းမြန်လိုက်တာ… မင်း…ရုတ်တရက်ကြီး လက်ထပ်ခဲ့တာလား...”

“၁၀နှစ်လောက်ကြာနေပြီလေ…အခုအချိန်တန်ပြီပဲဟာ...” ရှန့်ဖန်းယွိကပြန်ပြောသည်။

ကျန်းချန်ကသူ့အားတစ်ချက်ကြည့်ကာ

 “ဟုတ်ပါပြီ…မင်းကြွားချင်လည်းကြွားပါ.."

ပြောပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ခဏကြာသောအခါ သူရုတ်တရက်တစ်ခုခုသတိရပြီး ရှန့်ဖန်းယွိအား သတိပေးခဲ့သည်။

"ဒီနေ့ ကျန်းရွှိ လုပ်နေတာနဲ့ပတ်သက်ပြီးတစ်ယောက်ယောက်ကသိချင်နေခဲ့တာ.. တချို့ကလည်းသူနုတ်ထွက်တော့မှာလားဆိုပြီးမေးနေကြတယ်…သူသွားတာ အချိန်တော်တော်ကြာနေပြီလေ…မင်းတို့တွေ ဆင်ခြေကောင်းကောင်းနဲ့ပြန်ပေါ်လာမှရမယ်…သူပြန်လာတာနဲ့အကုန်လုံးက ဝိုင်းမေးကြတော့မှာလေ..."

“ ပြီးတော့…ဒါရိုက်တာ ကျန်းရွှိမှာ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ဆိုတာမျိုး မရေရာတဲ့ အကြောင်းတွေကို ဒါရိုက်တာချွေ့ကပြောနေတယ်ဆိုပြီး ယွီဆန်းက လိုက်အော်နေတယ်တဲ့…. ဒါပေမယ့် ဒါရိုက်တာချွေ့ကလည်း ရှင်းရှင်းလင်းလင်းလုပ်မပြောခဲ့ပါဘူး...”

ဥက္ကဌချောင်သည် ဒါရိုက်တာချွေ့ နှင့်အဆက်အသွယ်ရှိမည်ထင်သည်။ ရှန့်ဖန်းယွိ ကျန်းချန်အား ခပ်တိုးတိုးလေးပြောလိုက်သည်။ 

“ Z နိုင်ငံကလူနာနှင့်ငါတို့ အဆက်အသွယ်ရထားပြီးကျန်းရွှိက အချက်အလက်တွေ ဆက်ပြီးမှတ်တမ်းယူဖို့ လိုက်သွားတယ်လို့ပြောကြမယ်..."

ကျန်းချန်က နားလည်သွားကာ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်နေသည့် အရိပ်အမြွက်များမြင်နေရသည်။ 

“ခွဲစိတ်မှုကို မင်းကိုယ်တိုင်လုပ်မှာလား...”

“ဟုတ်တယ်...”

“ ဘုရားရေ…မင်းမှာသတ္တိအများကြီးရှိတာပဲ… မင်းရဲ့ကိုယ်ပိုင်လူနာကို ကိုယ်တိုင်ခွဲစိတ်ပေးရဲတာ.."

“ငါ့မှာရွေးချယ်စရာလည်းမရှိပါဘူး…ပိုကောင်းတဲ့ရွေးချယ်စရာတွေလည်းမရှိဘူး... ဒေါက်တာခန်းရယ်ဒေါက်တာအဲလ်ဘတ်ရယ်နဲ့ ယှဉ်ရင် ငါက ပိုကောင်းတယ်လို့ထင်တာပဲ…ငါ့ရဲ့ ခွဲစိတ်ကုသရေးအဖွဲ့အတွက် လူရှာနေတာမင်းပူးပေါင်းချင်လား...”

ရှန့်ဖန်းယွိကရှင်းပြရင်း နောက်လိုက်သေးသည်။

“ ငါမလုပ်နိုင်ဘူး..” ကျန်းချန် က အတင်းခေါ်ခံရမည်စိုး၍ သူ၏လက်ကို အကြိမ်ကြိမ်ယမ်းခါပြသည်။

" မင်းကတော့ မင်းချစ်ရသူအတွက်လုပ်နိုင်စွမ်းရှိပေမယ့်ငါကတော့မလုပ်နိုင်ဘူး.. ကျန်းရွှိ နဲ့ငါကအရမ်းရင်းနှီးတဲ့မိတ်ဆွေတွေမဟုတ်ပေမယ့် ငါတို့က မိတ်ဆွေဟောင်းတွေပါ… ငါသူ့ကို ခွဲစိတ်စားပွဲမှာတွေ့ရင် ငါ့လက်ကဖိအားတွေနဲ့တုန်နေလိမ့်မယ်… အဲ့ဖိအားကိုမင်းဘာသာကိုယ်တိုင်ခံယူလိုက်တော့..."

ရှန့်ဖန်းယွိက သူ့ခေါင်းကိုခါရင်း ပြုံးကာ သက်ပြင်းချလိုက်သည်။

နှစ်သစ်ကူးပွဲနီးကပ်လာသောအခါ ကျန်းရွှိ၏ဗိုက်သည်ပို၍ကြီးလာသည်။

သူ၏ဗိုက်က ဖုံးကွယ်၍ မရတော့ကြောင့် သူ၏လေ့ကျင့်ခန်းတွင် အိမ်အတွင်း ရှေ့နောက်လမ်းလျှောက်ခြင်းသာပါဝင်သော်လည်းအပြင်ထွက်သည့်အကြိမ်အရေအတွက်ကို လျှော့ချလိုက်သည်။

ယခုနှစ်တွင် ကျန်းရွှိသည် နှစ်သစ်ကူးချိန် အိမ်သို့ပြန်မသွားခဲ့ပေ။ သူ၏မိဘများက လာလည်ကြကာ ၄ ယောက်အတူ အားလပ်ရက်အတူတူဖြတ်သန်းခဲ့ကြသည်။ရှန့်ဖန်းယွိ နှင့် အမေဖြစ်သူကျန်း တို့သည် သူတို့၏အချက်အပြုတ်ကျွမ်းကျင်မှုများကိုရက်ပေါင်းများစွာဖလှယ်ခဲ့ကြကာ ယခင်က မတူညီသောကောက်ပဲသီးနှံများကို မခွဲခြားတတ်သော ရှန့်ဖန်းယွိ သည် ယခုအခါအမျိုးမျိုးသောဖက်ထုပ်အမျိုးအစားများကိုပြုလုပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်များ၏ အားလပ်ရက်များအတွင်း ကျန်းရွှိ သည်အလုပ်…အချိန်ပို…လူနာများနှင့်သာ အမြဲတမ်းအလုပ်များနေခဲ့သည်။ ယခုနှစ်တွင်မူ သူသည် အားလပ်သည့်အချိန်များရှိခဲ့သောကြောင့်ဓာတ်ပုံများစွာ ရိုက်ခဲ့သေးသည်။

မိသားစုနှင့်အတူတူ နှစ်သစ်ကူးအကြို၏ နွေဦးရာသီအကြိုပွဲတော်ကိုကြည့်နေခဲ့ကြသည့်အချိန်တွင်.…ရှန့်ဖန်းယွိ ၏မိဘများက သူ့ထံဖုန်းဆက်၍ စိတ်မဆိုးတော့ရန်နှင့်နှစ်သစ်ကူးအတွက် အိမ်သို့ပြန်လာရန် ပြောခဲ့သည်။

ရှန့်ဖန်းယွိသည် သူ၏ပျော်ရွှင်သောနေသောအစ်ကိုဖြစ်သူ..ယောင်းမ နှင့်ဆူညံနေသောတူလေးနှစ်ဦးအား ဗီဒီယိုခေါ်ဆိုမှုမှတဆင့် မြင်နေရကာ သူ၏မိဘများအား

“ ကျွန်တော်ထပ်ပြောပါမယ်..ကျွန်တော့်ကိုလက်ခံတဲ့အခါ ပြန်လာပါ့မယ်”

ဖုန်းကိုချလိုက်ပြီးနောက် သူလှည့်ကြည့်လိုက်ရာ ကျန်းရွှိသည်ဆိုဖာပေါ်တွင်ထိုင်ကာ ဝရန်တာ၏မှန်ပြတင်းမှတဆင့်သူ့အားကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ရှန့်ဖန်းယွိ ထိုင်နေသည်ကိုတွေ့ရသောအခါ ကျန်းရွှိကသူ၏လက်ကို ခဏကိုင်ထားသည်။ ထို့နောက် လက်ကိုယူကာ သူ၏စူထွက်နေသောဝမ်းဗိုက်ပေါ်သို့ ညင်ညင်သာသာတင်လိုက်သည်။

သူဘာမျှမပြောခဲ့ပေ။သို့သော် ရှန့်ဖန်းယွိက သူဆိုလိုသည်ကို နားလည်ခဲ့သည်။

သူခဏမျှငြိမ်နေသည်။ထို့နောက် မိဘများအာရုံမရှိကြသည့်အချိန်တွင် ကျန်းရွှိအား ကိုင်းညွတ်၍ နမ်းချင်သည့်စိတ်အား မတွန်းလှန်နိုင်ပေ။

ကျန်းရွှိကသူ့အားကြည့်ပြီးနောက် တီဗွီကြည့်နေသော မိဘများအား အပြစ်ရှိသကဲ့သို့ လှမ်းကြည့်လိုက်ပြန်သည်။ ရှန့်ဖန်းယွိသည်သူ၏ခေါင်းကိုငုံ့ထားကာ ပြုံးလိုက်သည်။

သူစတင်အလုပ်လုပ်စဉ်အခါက သူသည်နှစ်သစ်ကူးကာလများတွင် အခြားသူတစ်ဦး၏အိမ်သိူ့ရောက်နေေသ္ ဧည့်သည်တစ်ဦး ကဲ့သို့ခံစားခဲ့ရကာ သူ၏အစ်ကိုမိသားစုနှင့် မိဘများပျော်ရွှင်နေကြသည်ကိုကြည့်နေရသည်။

ယနေ့မှသာ သူသည် နောက်ဆုံးတွင် သူ၏မိသားစုနှင့်အတူနှစ်သစ်ကူးပွဲကိုကျင်းပရသည်မှာမည်သို့ခံစားရကြောင်း သိလိုက်ရသည်။

နှစ်သစ်သည် စိတ်လှုပ်ရှားဖွယ်ကောင်းသောခေတ်သစ်တစ်ခုရောက်ရှိလာခြင်းကို ပြသသည့်အလား နှင်းစက်များရစ်ဝဲကျလာခြင်းနှင့်အတူရောက်ရှိခဲ့သည်။

အားလပ်ရက်ရာသီ အဆုံးသတ်သွားသည်နှင့်အမျှသူတို့သည် ကျန်းရွှိ၏မိဘများနှင့်တွေ့လိုက်ကြရသည်။ ထို့ပြင် အချိန်အတန်ကြာ မကြင်နာရသေးသော စုံတွဲမှာ နောက်ဆုံးတွင် တွယ်တာယုယနေကြသည်။

သို့သော် အချိန်မမှန်သေးပေ။ထို့ကြောင့် သူတို့ အဆုံးထိမသွားလိုက်ကြရပေ။ သူတို့၏ စိတ်အားထက်သန်မှုအထွတ်အထိပ်ရောက်သွားကြသည့်အချိန်တွင် ရပ်တန့်လိုက်ကြရသည်။

ကျန်းရွှိသည်ရေချိုးကန်တွင် အနားယူနေကာ ရှန့်ဖန်းယွိက ဆိုဖာအားရှင်းလင်းနေစဉ် အပြင်မှ တံခါးဘဲလ်ကရုတ်တရက်မြည်လာသည်။

သိပ်မတွေးဘဲနှင့် သူတံခါးကိုဖွင့်လိုက်ရာ ယွီဆန်း ၏အံ့အားသင့်ဖွယ်အကြည့်နှင့် ကြုံလိုက်ရသည်။

ထိုအဖြစ်အပျက်မှာလွန်ခဲ့သော ၁၀ မိနစ်ကစတင်ခဲ့သည်။

အားလပ်ရက်ရာသီအကုန်တွင် ယွီဆန်းနှင့်သူ၏ရည်းစားက ရက်ပေါင်းများစွာလျှောက်လည်ခဲ့ကြသည်။ ညအချိန်တွင် လမ်းလျှောက်နေစဉ်သူတို့သည်ရက်ပေါင်းများစွာမမြင်ရသည့် ကျန်းရွှိ အကြောင်းရုတ်တရက်ပြောဆိုဖြစ်ခဲ့ကြသည်။

ယွီဆန်း၏ရည်းစားက သူနှစ်သစ်ကူးအတွက် ကျန်းရွှိထံ သို့သွားရောက်လည်ပတ်သင့်ကြောင်း အကြံပြုခဲ့သည်။ သူတို့သည်တစ်ဦးနှင့်တစ်ဦး ရက်ပေါင်းများစွာမတွေ့ခဲ့ရပေ။ နှစ်သစ်ကူးတွင် အထက်လူကြီးများအားလေးစားရန်သည်လည်း သာမန်လုပ်နေကျအရာမျိုးဖြစ်သည်။ ယွီဆန်းသည်ပြီးခဲ့သည့်နှစ်က ပုံမှန်ဆရာဝန်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ကျန်းရွှိအားသူ၏လမ်းညွှန်မှုအတွက်ကျေးဇူးတင်သင့်သည်ဟုထင်မိသည်။

ယွီဆန်းက ကျန်းရွှိထိုအရာများကို ဂရုမစိုက်တတ်သောသူတစ်ဦးဖြစ်သည်ဟုခံစားခဲ့ရသော်လည်း သူ့ရည်းစား၏ စည်းရုံးမှုကိုမတွန်းလှန်နိုင်ပေ။သူ၏ရိုသေလေးစားမှုကိုပြသရန်အတွက် အသီးအချို့ကိုဝယ်ရန်ဆုံးဖြတ်ခဲ့သည်။

ရှန့်ဖန်းယွိ တံခါးဖွင့်လိုက်သည်နှင့် ယွီဆန်း အံ့အားသင့်သွားကာ

 “ကျွန်တော်နေရာမှားပြီးရောက်လာတာလား...”

ရှန့်ဖန်းယွိ ခဏတာ ရပ်တန့်သွားပြီး ယွီဆန်း အား “ငါတော့ မထင်ပါဘူး..." ဟုပြောလိုက်သည်။

ယွီဆန်း ကမေးလိူက်သည်။

" သူဘယ်မှာလဲ...”

ရှန့်ဖန်းယွိ ယွီဆန်း ၏လက်မှအသီးများကိုကြည့်ကာ သူ၏ရည်ရွယ်ချက်ကို လျင်မြန်စွာသဘောပေါက်ခဲ့သည်။ သူ၏ ဦးနှောက်မှာ ခဏတာတွေဝေပြီးနောက်

 “ငါလည်း ကျန်းရွှိကို နှစ်သစ်ကူးလေးစားမှုပြတဲ့အနေနဲ့ ဒီကိုရောက်လာတာပဲ..."

“ အို့ ... ” သူတို့နှစ်ဦးသည်အချင်းချင်း နှစ်သစ်ကူးလေးစားမှုကို ပြကြသည့်အခြေအနေထိ မည်သို့ဖြစ်လာကြသည်ကို သူနားမလည်နိုင်ပေ။သို့သော် ယွီဆန်းသည်ထိုအကြောင်းအားအများကြီးမစဉ်းစားတော့ပဲ အသီးများနှင့်အတူ ဧည့်ခန်းထဲသိုလျှောက်သွားခဲ့သည်။

“ အစ်ကို ရွှိက ဘယ်မှာလဲ...” 

သူပတ်ပတ်လည် လိုက်ကြည့်ကာမေးသည်။ဧည့်ခန်းထဲတွင် မည်သူမျှ ရှိမနေပေ။ ဆိုဖာသည်လည်း အနည်းငယ်ပွနေကာ ခေါင်းအုံးများက ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေသည်။

ရှန့်ဖန်းယွိ ခေါင်းအုံးများကို လျင်မြန်စွာကောက်ယူလိုက်ပြီး ဆိုဖာနောက်ကွယ်မှ စွန့်ပစ်ထားသောတစ်ရှူးများနှင့်အမှိုက်ကို လျှို့ဝှက်စွာရွှေ့လိုက်ကာ ယွီဆန်းအတွက်လက်ဖက်ရည်တစ်ခွက် သေချာစွာဖျော်ပေးခဲ့သည်။

“သူက ရေချိုးနေတာမို့ ခဏနေရင် ရောက်လာလိမ့်မယ်...”

“ သူ့ဝမ်းကွဲ ညီအကိုကော..” ယွီဆန်းက ကျန်းရွှိတွင် သာမန်ဝမ်းကွဲညီအကိုတစ်ဦး ရှိသည်ဟုသိထားကာ သူ့အား မည်သို့အဆင်ပြေအောင်နေထိုင်ရမည်နှင့် ပတ်သက်၍ တိုင်ပင်ခဲ့သေးသည်။

ရှန့်ဖန်းယွိမှာ ခဏမျှတွန့်ဆုတ်နေကာ

 “ဘယ်ဝမ်းကွဲလဲ...”

“အစ်ကိုရွှိ ကသူ့ဝမ်းကွဲညီအကို နဲ့ အတူတူနေတာလို့ကျွန်တော့်ကိုပြောဖူးတယ်လေ..."

ရှန့်ဖန်းယွိ၏ အမူအရာက ရုတ်တရက် အနည်းငယ်သိမ်မွေ့သွားသည်။

သူမပြောင်းလာခင်က ကျန်းရွှိ အမြဲတစ်ယောက်တည်းနေခဲ့ကာ သူနဲ့အတူ နေထိုင်ခဲ့ဖူးသည့် တစ်ယောက်တည်းသောသူမှာလည်း ရှန့်ဖန်းယွိသာဖြစ်သည်။

ထို့ကြောင့်ဆိုလိုသည်မှာ... ကျန်းရွှိက ယွီဆန်းအား သူ၏ဝမ်းကွဲအကိုနှင့်နေသည်ဟုသာ ပြောခဲ့သည်။

အကြောင်းပြချက်အချို့ကြောင့် ဤသဘောပေါက်မှုသည် ရှန့်ဖန်းယွိအား သူ၏နှလုံးသားတွင်ကြောင်လက်သည်းနှင့် ခြစ်ခံရသကဲ့သို့ ခံစားရစေသည်။ သူမနေနိုင်ပဲ ကျန်းရွှိက သူ့အား "အကိုဖန်းယွိ" ဟုခေါ်ဆိုခဲ့သည်ကိုပြန်လည်အမှတ်ရသွားသည်။

“ ဟုတ်မှာပေါ့... ဒါပေမယ့်သူက ပြောင်းသွားပြီလေ.." ရှန့်ဖန်းယွိက ဂရုတစိုက်ပြောခဲ့သည်။

“အကို့နားရွက်တွေကဘာဖြစ်တာလဲ...” 

စူးစမ်းနေသော ယွီဆန်းသည် ရှန့်ဖန်းယွိ၏ ပြောင်းလဲနေမှုကို လျင်မြန်စွာသတိပြုမိသွားသည်။ 

“ နှင်းကိုက်နာများလား..အဲဒါနဲ့လည်းမတူပါဘူး..ဘာကြောင့်နီနေတာလဲ..”

ရှန့်ဖန်းယွိ သူ၏လည်ချောင်းကိုရှင်းလင်းပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ရေချိုးခန်းမှ ရုတ်တရက်အသံထွက်လာသည်။

“ ရှန့်ဖန်းယွိ မင်းရဲ့အတွင်းခံတွေငါ့ဆီယူလာခဲ့..."

အသံထွက်လာသည်နှင့်တပြိုင်နက်ဆိုဖာပေါ်ရှိလူနှစ်ဦးမှာ တစ်ချိန်တည်း တွင် အချင်းချင်း ကြည့်လိုက်ကြသည်။ ခဏအကြာတွင် ယွီဆန်း၏အမူအရာသည် စိတ်ရှုပ်ထွေးနေကာ..

"အကိုရွှိက…ဘာ…ပြောလိုက်တာ.."

“ သူက ... ” ရှန့်ဖန်းယွိတံတွေးမျိုချလိုက်ကာ

“ သူက ကားသော့ကို ကားဂိုဒေါင်ထဲမှာထားခဲ့တယ်တဲ့...”

“ ... ” 

ယွီဆန်း သည်ခဏတာတိတ်ဆိတ်နေကာ

"သူက အကို့အတွင်းခံတွေ သူ့ကိုလာပေးပါဆိုပြီး ပြောလိုက်တယ်လို့ ခံစားရတယ်..”

“ ဘယ်လိုဖြစ်နိုင်လဲ…ငါဒီမှာတောင်မနေဘူးလေ...”

ရှန့်ဖန်းယွိ ချဲ့ကားပြောကာရယ်ပြလိုက်သည်။

ရလဒ်အနေနှင့် တုန့်ပြန်သံမကြားရသောအခါရေချိုးခန်းအတွင်းမှလူသည်ထပ်မံ၍ခေါ်နေခဲ့သည်။ 

“ ရှန့်ဖန်းယွိ…. ”

အဆိုပါအသံသည် ပျင်းရိရှည်လျားသော ဆွဲပြောသည့်အသံအနေအထားဖြစ်ကာ ရင်းနှီးချစ်ခင်မှုအရိပ်အမြွက်ပါနေသည်။ မြူခိုးကဲ့သို့ရေနွေးငွေ့များနှင့် ရေချိုးခန်းမှ မှန်များဖြင့် ကာရံထားရာမှထွက်ပေါ်လာသောအသံဖြစ်သည်။

ယွီဆန်းမှာ ကျောချမ်းကာ တုန်ယင်သွားသည်။

ကျန်းရွှိကထိုအသံကိုသုံး၍ တစ်ယောက်ယောက်ကိုပြောသည်ကို သူတစ်ခါမှမကြားဖူးပေ။

ကျန်းရွှိသည် ထိုသူအား နာမည်အပြည့်အစုံဖြင့် ခေါ်နေသော်လည်း သူသည်တစ်နည်းနည်းဖြင့် ချော့မြူကလူကျီစယ်သည့် အသံထွက်အောင်ပြု၍ ခေါ်နေခဲ့သည်။

"ရူးနေပြီ…ငါရူးနေပြီပဲ..."

ယွီဆန်း သူ၏နားများကိုပွတ်လိုက်သည်။ ရှန့်ဖန်းယွိသည်လည်း ပို၍ ထိတ်လန့်နေသည်။

သူသည်အသံအကျယ်ဆုံး မအော်ပြောရုံတမယ်ပင် ပြောလိုက်သည်။

“ ယွီဆန်း… အသီးတွေစားအုံးလေ...”

သူ၏အသံကျယ်လောင်မှုကြောင့် ယွီဆန်းမှာ တုန်လှုပ်သွားပြီး ရင်ဘတ်ကိုဆုပ်ကိုင်လိုက်သည်။ 

“ဘာလို့ဒီလောက်အကျယ်ကြီး အော်ဟစ်နေရတာလဲ...”

"ငါဟာ အော်ပရာအဆိုကိုလေ့ကျင့်နေတာ..ငါ့အသံကိုလေ့ကျင့်ဖြစ်နေတာ…ငါ့အသံကိုလေ့ကျင့်နေရုံပါ...”

ဆယ်မိနစ်အကြာတွင် ကျန်းရွှိသည်အဝတ်အစားများ ၀တ်ဆင်ကာ လည်ပင်းတွင်မျက်နှာသုတ်ပုဝါပတ်ထား၍ ရေချိုးခန်းထဲမှ သုန်မှုန်စွာထွက်လာသည်။

သူသည် ရှန့်ဖန်းယွိအား ပထမ ဦးဆုံးကြည့်လိုက်ပြီးနောက် ယွီဆန်းအား သေချာစွာခေါင်းညိတ်ပြကာ

 “မင်းဘယ်လိုရောက်လာတာလဲ...”

ယွီဆန်း၏မျက်လုံးများသည် သူ၏သိသာနေသောဝမ်းဗိုက်ကိုပထမဦးဆုံး ငေးကြည့်နေပြီးနောက် သူ၏လည်ပင်းသို့အကြည့်ထပ်ရောက်သွားသည်။

 "အကိုရွှိ ဒါက ဘယ်လိုဖက်ရှင်စတိုင်ပုံစံမျိုးလဲ...” 

သူက စပ်စုကာ မေးသည်။

 “လည်ပင်းတစ်ဝိုက်ကို လည်စည်းပုဝါအစား မျက်နှာသုတ်ပုဝါကိုပတ်ခြုံတာ ဖက်ရှင်ကျတာလား...”

“ ... ”

ကျန်းရွှိ၏ တိတ်ဆိတ်မှုကို သတိပြုမိပြီးနောက် ရှန့်ဖန်းယွိ သည်ကယ်တင်ရန် လျင်မြန်စွာရောက်လာခဲ့သည်။

“ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ရာသီဥတုအရမ်းခြောက်သွေ့တာ ကြောင့်နေမှာပေါ့… အစ်ကို ရွှိလည်း သူ့လည်ပင်းကို အစိုဓာတ်ထိန်းသိမ်းဖို့လိုတာပေါ့..."

“ အိုး…ကျွန်တော်သဘောပေါက်ပြီ… အကိုရွှိမှာ အဲ့လို ထိန်းသိမ်းတတ်တဲ့အတွေ့ကြုံ မျိုးရှိနေမယ်လို့ မထင်ထားဘူး..."

ကျန်းရွှိ ယွီဆန်းအားကြည့်လိုက်သည်။ထို့နောက် ရှန့်ဖန်းယွိအား ကြည့်လိုက်သည်။ သူ၏နဖူးတွင် အနက်ရောင်အရေးကြောင်းမှိန်မှန်လေးပေါ်လာသည်။

တစ်ယောက်သောသူသည် ဇာတ်လမ်းများဖန်တီးရန် တွေးတောနေသည်။တစ်ယောက်သောသူကမူ ထိုအရာများအားယုံကြည်ရန်တွေးနေသည်။

“ငါ အဝတ်အစားသွားလဲလိုက်အုံးမယ်...” 

ကျန်းရွှိကပြောသည်။

ယွီဆန်းက သူ့အား အလျင်အမြန်တားလိုက်ကာ…

“ အဆင်ပြေပါတယ်…ကျွန်တော်တို့ အားလုံးသူငယ်ချင်းဟောင်းတွေပဲဟာ… ရေချိုးပြီးရင်လည်း ညဝတ်င်္အကျီပဲ ဝတ်လိုက်ပါ…အဝတ်အစားတွေလဲရတာသိပ်ခက်တယ်လေ… ကျွန်တော်တို့က ဧည့်သည်တွေမှမဟုတ်တာ...”

“ လဲလိုက်တာ ပိုကောင်းမယ်ထင်တယ် ” 

ကျန်းရွှိ အသေအချာပင်ပြန်ပြေသည်။

“ဒါတကယ်အဆင်ပြေပါတယ်…. ကျွန်တော်တို့ဒီမှာ နှစ်သစ်ကူးဆင်နွှဲရုံပဲဟာ….အဲ့ဒါကြောင့် အကိုရွှိ အဆင်ပြေသလို ခံစားရတာပဲ ဝတ်ပါ….အကိုရွှိအနေနဲ့ ကျွန်တော်တို့ကိုအရမ်းပျူငှါပြီး ဧည့်သည်တွေလို ဆက်ဆံဖို့မလိုအပ်ပါဘူး...”

ထို့နောက်သူကကျန်းရွှိသည် ရှန့်ဖန်းယွိနှင့်အကျွမ်းတဝင်မရှိသောကြောင့်သူ၏အဝတ်အစားများကို ပြောင်းလဲလိုခြင်းဖြစ်ကြောင်းရုတ်တရက်သဘောပေါက်ခဲ့သည်။ ထို့ကြောင့်သူက 

“ ဒေါက်တာရှန့်လည်း စိတ်ထဲထားမှာမဟုတ်ပါဘူး…ဟုတ်တယ်မလား...”

ရှန့်ဖန်းယွိသည် ကျန်းရွှိ က သူ၏အဝတ်အစားများကိုလဲပစ်လိုကြောင်း သိသည်။ သို့သော် ယွီဆန်းက ထိုသို့ပြောလာသည့်အချိန်တွင်“စိတ်ထဲထားတာပေါ့ ” ဟုပြန်မပြောနိုင်ပေ။ ထို့ကြောင့် သူသည် “ အမ်း ... ကျွန်တော်လည်းစိတ်ထဲမထားပါဘူး. အစ်ကိုကျန်း…အကိုသက်သောင့်သက်သာဖြစ်တဲ့ ဟာအားလုံးကိုဝတ်ပါ ”

ကျန်းရွှိသည်ခဏတာမျှတိတ်ဆိတ်နေခဲ့သည်။ထို့နောက် သူသည်အနည်းငယ်ရှုပ်ထွေးသောအမူအယာဖြင့်ဆိုဖာပေါ်တွင်ထိုင်ရန် တွန်းအားပေးခံနေရသကဲ့သို့ဖြစ်နေသည်။

မျက်နှာသုတ်ပုဝါဖြင့် ဖုံးအုပ်ထားသော လည်ပင်းတွင် hickeys(အချစ်မှတ်ရာ)များရှိနေဆဲဖြစ်ကာ သူ၏ အိမ်နေရင်းဝတ်ထားသောဘောင်းဘီအောက်မှ အတွင်းခံမှာ ရှန့်ဖန်းယွိ၏အတွင်းခံ ဖြစ်သည်။

ထိုအချိန်အတောအတွင်း ရှန့်ဖန်းယွိသည်တစ်ဦး နှင့်တစ်ဦး အကျွမ်းတဝင်မရှိကြသည့်ပုံစံ ဟန်ဆောင်ခဲ့သည်။ သူသည် အမှန်တကယ်ပင်နှစ်ကူးပွဲကျင်းပရန်လာခဲ့သည့်အလား ယွီဆန်းနှင့်ကျန်းရွှိအား သေချာကြည့်ကာ စကားပြောဆိုနေခဲ့သည်။

ထိုကိစ္စသည် အလွန်ပင်…..။