အပိုင်း ၁၁၆
Viewers 32k

🧑‍⚕️Chapter 116




“ အကိုရွှိ အကို့ရဲ့နားတွေကဘာလို့ နီနေရတာလဲ…မနက်ဖြန် ကျွန်တော် ဆေးရုံကနေ နှင်းကိုက်နာ လိမ်းဆေးတစ်ဗူးလောက်ယူလာပေးရမလား"
ယွီစန်းကပြောလိုက်သည်။

“ ရတယ် မလိုပါဘူး…ငါရေချိုးထားတာလေ… အဲ့ဒါကနည်းနည်းပူတော့ ”

ကျန်းရွှိက သူ၏မျက်နှာကိုလှည့်ကာ ပြောလိုက်၏။

“အကိုရွှိ ... ကျွန်တော်မရည်ရွယ်ဘူး…ဒါပေမယ့်အကိုရွှိ ဆေးသွားစစ်ဖို့ ဆေးရုံသွားဖို့လိုတယ်…အစ်ကိုရွှိက ဝိတ်တက်ပြီးဝလာတာမျိုးလည်းမဟုတ်ဘူး…ရုတ်တရက် ကြည့်လိုက်ရင် မြင်မြင်ချင်းဆို ကိုယ်ဝန်ဆောင်ထားရသလိုပဲ…နည်းန်ညးလန့်စရာကြီး...” 

ယွီဆန်းက သူ၏ဝမ်းဗိုက်ကိုပြန်ကြည့်ကာ ပြောသည်။

ကျန်းရွှိ ၏ချီတုံချတုံဖြစ်နေသော အမူအရာနှင့် ရှန့်ဖန်းယွိ ၏ရုတ်တရက် လာရောက်လည်ပတ်မှုအား မြင်နေရသည်ကို ပေါင်းစပ်လိုက်သောအခါ ယွီဆန်းသည် ရုတ်တရက်တစ်ခုခုစဉ်းစားမိသွားပြီး သေချာမေးမြန်းခဲ့သည်။

“ ဒါမှမဟုတ်…အကိုရွှိ တကယ်နေမကောင်းလို့..အဲ့ဒါကြောင့်ခွင့်ယူလိုက်တာလား..”

ရှန့်ဖန်းယွိ ကိုလည်းသူမေးခဲ့သည်။ 

”အကိုက အကိုရွှိဆီကိုရုတ်တရက်လာပြီး သူနဲ့ပြန်သင့်မြတ်သွားတာ… အကို ရွှိ နေမကောင်းဖြစ်နေလို့မလား...”

ယွီဆန်းကသူတို့အတွက်ဆင်ခြေတစ်ခုစဉ်းစားပေးသည်ဟုမြင်မိသောအခါ ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည်အချင်းချင်းကြည့်လိုက်ကြကာ ယွီဆန်းပြောသည့်အတိုင်း လိုက်၍ပြောခဲ့သည်။ 

“ ဟုတ်တယ်…အမှန်ပါပဲ...”

“ဘယ်လောက်တောင်ဆိုးလို့လဲ…ဘယ်လိုရောဂါမျိုးလဲ...” ယွီဆန်းက အရမ်းစိုးရိမ်နေရှာ၏။

ကျန်းရွှိကဒုတိယမေးခွန်းကိုရှောင်ရှားကာ

 “ဒါကအရမ်း မပြင်းထန်ပါဘူး…အနားယူဖို့ပဲလိုတာပါ..”

ယွီဆန်း သည်စိတ်သက်သာရာရသွားပြီး အနည်းငယ်ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ရည်းစားကသူ့အားသွားရန်သတိပေးခဲ့သည်မှာ တော်သေးသည်ဟုတွေးမိသည်။ မဟုတ်လျှင် ကျန်းရွှိနေမကောင်းဖြစ်သည်ကိုပင်သူသိခဲ့မည်မဟုတ်ပေ။

လူနာကို အလွန်အနှောင့်အယှက်ဖြစ်စေခြင်းက အဆင်မပြေကြောင်း သူသိသည်။ သူ၏ရည်းစားသည်လည်းအနီးအနားတွင်စောင့်ဆိုင်းနေသောကြောင့် ခဏစကားပြောပြီးနောက် နှုတ်ဆက်လိုက်သည်။

“ကိုယ့်ကိုယ်ကိုဂရုစိုက်ပါအကိုရွှိ…နောက်ရက်ကျမှ တွေ့မယ်နော်...”

ကျန်းရွှိကသူ့အားတံခါးဝထိလမ်းလျှောက်ပို့ပြီးနောက် ယဉ်ကျေးသောအသံဖြင့်သာပြောခဲ့သည်။

 “ကိုယ်တိုင်ဒုက္ခခံဖို့ မလိုပါဘူးကွာ..”

“ကျွန်တော်တို့ရဲ့ဆက်ဆံရေးကဘာလဲ…ကျွန်တော်တို့မှာဆရာတပည့်ဆက်ဆံရေးရှိပြီးသားပါ…သူငယ်ချင်းတွေလည်းဟုတ်တာပဲ… ဒါကဘယ်လိုလို့ဒုက္ခခံတာဖြစ်ရမှာလဲ...” 

ယွီဆန်းသည်သူ၏ဖိနပ်ကိုလဲ၍ဝတ်နေခဲ့ကာ ကျန်းရွှိအား နောက်ထပ်သတိပေးချက်အနည်းငယ်များလည်း မသွားခင်ပေးခဲ့သည်။သူသွားခါနီးတွင် ရှန့်ဖန်းယွိကကျန်းရွှိ ဘေးတွင်ရပ်နေသည်ကို ရုတ်တရက်မြင်လိုက်ရသည်။

“အကိုဖန့်လည်း ပြန်မှာမဟုတ်ဘူးလား...” သူကမေးလာသည်။

ရှန့်ဖန်းယွိက "ငါ….ငါ.."

“ လာပါ ” 

ယွီဆန်းက သူ့အားဆွဲခေါ်လိုက်သည်။

 “အကိုရွှိက နေမကောင်းတော့အနားယူဖို့လိုတယ်လေ…သူ့ကိုအနှောင့်အယှက်မပေးကြရအောင်...”

ထို့ကြောင့် ယွီဆန်းသည် ရှန့်ဖန်းယွိအား ဓာတ်လှေကားထဲသို့တွန်းပို့လိုက်သည်နှင့် ကျန်းရွှိ ကူကယ်ရာမဲ့စွာကြည့်နေကာသူ၏မျက်လုံးထဲမှအကြည့်သည် အလွန်ဖော်ပြရခက်နေသည်။

အကယ်၍ ဌာနသည် အနာဂတ်တွင်ဆောင်းဦးရာသီပွဲတော်အတွက် ဖျော်ဖြေရန်အခွင့်အရေးရှိသေးပါက သူသည် ယွီဆန်းအား ဖာ့ဟိုင်၏နေရာမှ ပါ၀င်သရုပ်ဆောင်ရန်အကြံပြုရလိမ့်မည်။

— — — — — — 

သူတို့ ထိုဝန်းထဲမှ လမ်းလျှောက်ထွက်လာသည်နှင့် ယွီဆန်း၏ရည်းစားက သူ့ထံရောက်လာကာ လက်အားဆွဲကိုင်ရင်းမေးသည်။

 “အခြေအနေ ဘယ်လိုလဲ...”

“ ငါ့ကိုသွားဖို့ ဖျောင်းဖျပေးတဲ့အတွက်ကျေးဇူးတင်တယ် ..ဒီနေ့ငါ သူ့အတွက်မလာခဲ့ရင် အစ်ကိုရွှိ နေမကောင်းဖြစ်နေတာကို သိမှာမဟုတ်ဘူး”

ယွီဆန်းကသူအလွန်ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

သူသည် ပြောနေရင်းပင် စိတ်အနည်းငယ်ထိခိုက်လာကာ..

"ရှန့်ဖန်းယွိနဲ့ အကိုရွှိက ဆက်ဆံရေးမကောင်းခဲ့တော့ ငါလည်း သူ့ကို အရမ်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့တာ… ဒါပေမယ့် ဒီလို ဒုက္ခဖြစ်နေတဲ့အချိန်မှာ စစ်မှန်တဲ့ စိတ်ရင်းမှန် ခံစားချက်တွေကို ထုတ်ပြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…သူကအကိုရွှိနေမကောင်းဖြစ်နေတာကြားတော့သူ့ကို နှစ်သစ်ကူးကြိုဆိုပွဲလုပ်ပေးဖို့လာပေးခဲ့သေးတာ… သူက ငါ့အမြင်တွေကို တကယ်ပြောင်းလဲသွားစေခဲ့တာပဲ...”

“သူဘာယူလာခဲ့တာလဲ…သစ်သီးနည်းနည်းလား..အဲ့ဒါနဲ့လုံလောက်မလားလို့...” သူ့ရည်းစားကစိုးရိမ်တကြီးနဲ့မေးခဲ့သည်။ 

“သူကလက်ဗလာနဲ့ပြန်သွားပုံရတာပဲ… ငါတော့ သူဘာမှယူလာတာ မမြင်မိဘူး…ဒါပေမယ့် ငါတော့ တော်တော်လေးထူးဆန်းတယ်လို့ထင်တာပဲ…ငါရောက်သွားတဲ့အခါ အစ်ကို ရွှိကရေချိုးနေတာ… ရှန့်ဖန်းယွိကိုရေချိုးခန်းထဲကနေ နှစ်ကြိမ်တောင်ခေါ်ခဲ့တာ…သူတို့က အခုအဲ့လောက်တောင် ရင်းနှီးသွားကြတာလား...”

ယွီဆန်းက ပြန်ပြောပြသည်။သူသည်အလွန်ခေါင်းရှုပ်နေသည်။

သူ၏ရည်းစားက အသေးစိတ်ဆက်စပ်စဉ်းစားနေခဲ့သည်။

 “နင်အိမ်ထဲကိုရောက်တော့ ရှန့်ဖန်းယွိက အိမ်ထဲမှာ ရှိနေပြီးသားလား...”

“ ဟုတ်တယ်လေ…သူပဲငါ့အတွက်တံခါးဖွင့်ပေးတာ..."

သူ၏ရည်းစားသည် အမူအယာပြောင်းလဲသွားကာ စိတ်အားထက်သန်စွာမေးသည်။

"ယွီဆန်း…အကယ်၍ နင့်ရဲ့လုပ်ဖော်ကိုင်ဖက် ကနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောဖို့ နင့်အိမ်ကိုလာရင် နင်ရေချိုးနေမှာလား...”

ယွီဆန်း၏ရည်းစားသည် သူ့အားအရိပ်အမြွက်ပြောကြားခဲ့ကာ တစ်ခုခုမူမမှန်ကြောင်း ရုတ်တရက်သဘောပေါက်ခဲ့သည်။သူသည် ခေါင်းကိုခါလျက်…

“မချိုးဘူးလေ…အစ်ကိုရွှိရဲ့ အမူအကျင့်အရ သူလည်းအဲ့လိုလုပ်မှာမဟုတ်ဘူး...”

"ဒါဆို နင် ထွက်လာတော့ ရှန့်ဖန်းယွိရော နင်နဲ့အတူတူထွက်လာလား...”

“ ငါထွက်လာတယ်…ငါတို့အောက်ထပ်ကိုဆင်းသွားပြီးတော့ သူကကားရပ်ထားတဲ့နေရာကို သွားမယ်လို့ပြောတာနဲ့ ငါတို့လည်း လူချင်းကွဲသွားတာပဲ..."

သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြသည်။ခေတ္တမျှငြိမ်နေပြီးနောက် ကောင်မလေးက အကြံပြုသည်မှာ 

“ ပြန်သွားပြီးကြည့်ကြစို့..”

သူတို့ ကျန်းရွှိ၏အဆောက်အဦအားချဉ်းကပ်နေစဉ်မမျှော်လင့်ပဲနှင့် အကျွမ်းတဝင်ရှိသောပုံသဏ္ဍာန်တစ်ခုက ယွီဆန်းရှေ့တွင်ပေါ်လာခဲ့သည်။

သူ၏ ကားရပ်နားရာနေရာသို့ သွားနေသည်ဟု ပြောခဲ့သော ရှန့်ဖန်းယွိ။ သူ၏သော့များဖြင့်ဓာတ်လှေကားသို့ပြန်သွားသည်ကို ယွီဆန်း မယုံနိုင်စွာငေးကြည့်နေသည်။

“ သူ…သူ ...သူဘာကြောင့်ပြန်လာတာလဲ...”

သိူ့သော် သူ၏ရည်းစားမှာ အရာအားလုံးကိုမြင်ပြီးသားဖြစ်ကာ

 "သူတို့ကအတူတူနေတာပဲဖြစ်ရမယ်.."

"မင်းငါ့ကိုနောက်နေတာလား..."

ယွီဆန်း သည် ကျန်းရွှိနေသောအထပ်သို့တဖြည်းဖြည်းတက်နေကာ မရောက်သေးခင်ထိ ဓာတ်လှေကားထဲမှ အထပ် နံပါတ်များကိုငေးကြည့်နေခဲ့သည်။

သူသည်မိမိကိုယ်ကိုနှစ်သိမ့်နေခဲ့သည်။ 

"ရှန့်ဖန်းယွိ ကတစ်ခုခုကိုမေ့သွားလို့ ပြန်ယူဖို့အတွက်နဲ့ အဲ့ကိုပြန်သွားခဲ့တာနေမှာပါ.."

သို့သော်သူအချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ပြီး နောက်ရုပ်သံစကရင်ပေါ်တွင် ဓာတ်လှေကားက နောက်ထပ်မရွေ့တော့ကြောင်းပြနေသည်။

ယွီဆန်း စကားမပြောနိုင်တော့ပေ။

ချက်ချင်းဆိုသလိုပင် သူ ဂရုမပြုခဲ့မိသော အကြောင်းအရာများစွာရှိသည်ကို သတိရမိသွားသည်။ သူအရင်တစ်ခါက မတော်တဆရှာတွေ့ခဲ့သော ရှန့်ဖန်းယွိထံတွင်ရှိသည့် ဘောပင်ဘူးသည် ကျန်းရွှိသုံးသည့် ဘောပင်တံဆိပ်နှင့်အတူတူပင်ဖြစ်သည်။

တချိန်တည်းမှာပင် ရှန့်ဖန်းယွိ နှင့် ကျန်းရွှိတို့ နှစ်ဦးစလုံးချိန်းတွေ့နေခဲ့ကြသည့် အချက်နှင့် ကျန်းချန်၏သတိပေးမှုများလည်းရှိသည်။

ချီး….အမှန်မဟုတ်လောက်ပါဘူး…။

ထိုနှစ်၏ နှစ်သစ်ကူးနေ့တွင်…

သူသည် သူ၏မျက်လုံးများကိုပွတ်သပ်ကာ သူ၏နှာတံထိပ်ကို ဖျစ်ညစ်လိုက်ပြီး သူ၏ရည်းစားအားမျက်နှာသေနှင့်ပြောလိုက်သည်။ 

"တကယ်လို့အဲ့တာအမှန်သာဆိုရင် ငါ့အသက်မွေးဝမ်းကျောင်းအလုပ်တော့ သွားပါပြီ.."

သူ၏ရည်းစားက သူ့အား သနားကြင်နာစွာကြည့်ကာ

" နင် မနက်ဖြန်ခွဲစိတ်ခန်းထဲမဝင်သွားခင် နင့်ရဲ့ညာဘက်ခြေထောက်နဲ့ ခြေလှမ်းလှမ်းဖို့သတိရလိုက်တော့.."

.....

အခြားတစ်ဖက်တွင်လည်း ရှန့်ဖန်းယွိသည် လှည့်ပတ်သွားပြီးနောက် ပြန်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် သူ၏နှာခေါင်းအားပွတ်ကာကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

ကျန်းရွှိ ဧည့်ခန်းတွင် မရှိသောကြောင့် ရှန့်ဖန်းယွိသည် သူ၏ဖိနပ်ကိုလဲဝတ်ကာ အိပ်ခန်းထဲသို့ ၀င်လာခဲ့ပြီး ကျန်းရွှိအဝတ်အစားလဲနေသည်ကိုတွေ့လိုက်ရသည်။

အချစ်မှတ်ရာများအား ဖုံးအုပ်ရန်အသုံးပြုထားသော မျက်နှာသုတ်ပဝါအားဘေးသို့ပစ်လိုက်သည်။ သူ၏ဖြူဖွေးနေသောလည်ပင်းတွင်အနီရောင်အမှတ်အသားများသည်ထင်းနေသည်။

ကျန်းရွှိသည်သူ၏ဘောင်းဘီကိုဆွဲချွတ်လိုက်သည်။ သူ၏ရှည်လျားပြီး သွယ်လျသောခြေထောက်များကိုမြင်နေရသည်။ သူသည် အခြားအတွင်းခံတစ်စုံကိုလဲဝတ်လိုက်ကာ... သူဝတ်ဆင်ခဲ့သည့်တစ်ထည်သည် ယခုအိပ်ရာပေါ်တွင်ဖြစ်သည်။

ကျန်းရွှိကသူ့အား မျက်လုံးထောင့်မှတဆင့် သူ့ကိုကြည့်လိုက်သည်။

"ထွက်သွား..."

"ငါတော့မထွက်သွားပါဘူး…အရင်ကလည်းမြင်ဖူးနေတာပဲကို..."

ရှန့်ဖန်းယွိသည် သူ့အား ကျန်းရွှိမှ အလိုလိုက်၍ နားလည်ပေးသည့်အချိန်မှစကာ သူ့၏အတွေးများကိုဖုံးကွယ်ရန်အပင်ပန်းမခံတော့ပေ။သူ ကျန်းရွှိ၏လက်ကိုကိုင်ကာ နားထဲသို့ ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ငါ့အတွင်းခံကိုပဲဝတ်ထားပါ…မင်းခုနကအဆင်ပြေပြေဝတ်ထားတာပဲဟာ..."

ကျန်းရွှိကသူ့အားတွန်းထုတ်လိုက်သည်။ သို့သော် ရှန့်ဖန်းယွိ က ပိုမိုနီးကပ်လာကာ သူ့အား အနောက်မှ ပွေ့ဖက်ပြီးပြောသည်။ 

"ယွီဆန်း ကို ငါက မင်းရဲ့ဝမ်းကွဲဆိုပြီး ပြောထားတာလား..."

ကျန်းရွှိကသူ၏မျက်နှာကိုတဖက်သို့လှည့်လိုက်ကာ "ငါအဲ့လို ဘယ်တုန်းကမှမပြောဘူး..."

"မင်းပြောခဲ့ပါတယ်….မင်းက မင်းရဲ့ဝမ်းကွဲလို့ပြောပြီးပြီပဲဟာ…ငါ့ကိုဘာလို့ အကိုလို့ မခေါ်တာလဲ.."

 ရှန့်ဖန်းယွိ ကျန်းရွှိ ၏ခါးသို့လက်တင်၍ သူ၏လည်ပင်းကိုနမ်းရန်ခေါင်းငုံ့ချလိုက်သည်။

"ဘယ်လိုလဲ..."

ကျန်းရွှိ အနမ်းပေးနေရင်း အနည်းငယ်အသက်ရှူကျပ်ခဲ့သည်။

သူ ရေချိုးပြီးရုံသာရှိသေးသော်လည်း သူ၏ဆန္ဒကနောက်တဖန်နိုးကြွလာသည်။သူသည်မနေနိုင်တော့ပဲ အနောက်လှည့်ကြည့်ကာရှန့်ဖန်းယွိ၏လက်ကိုကိုင်လိုက်သည်။

"စိတ်ရှုပ်အောင်လုပ်မနေနဲ့တော့"

ရှန့်ဖန်းယွိကသူ့လက်ကိုလွှတ်လိုက်ပြီး သူ့အား ချီမလိုက်ကာ အိပ်ရာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။ သူ ကျန်းရွှိ ခြေထောက်ပေါ်သို့လက်ကိုတင်ကာ

" မင်းငါ့ကို အကို လို့ခေါ်ရင်ငါစိတ်ရှုပ်အောင်လုပ်တော့မှာမဟုတ်ဘူး…ဒီလိုမှမဟုတ်ရင် မင်းဒီညငါ့အတွင်းခံဝတ်ပြီးအိပ်ရလိမ့်မယ်.."

"ကလေးက နိုးနေတုန်းပဲ….သူ့အဖေကိုမလေးစားမလုပ်နဲ့…"

ကျန်းရွှိ ကသတိပေးလိုက်သည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ဗိုက်ပေါ်တွင်လက်တင်ကာခေါင်းကိုငုံ့၍ ခပ်တိုးတိုးပြောသည်။

"ခိုးပြီးနားမထောင်နဲ့နော်… ဖေဖေတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ဆွေးနွေးခွင့်ပြုနော်..."

ကျန်းရွှိ- "ကျစ်"

ရှန့်ဖန်းယွိ ကသူ့အားထပ်နမ်းလိုက်ကာ…

"မင်းအရမ်းစိတ်အားထက်သန်နေရင်…ငါကူပေးမယ်လေ..."

ရှန့်ဖန်းယွိ သူ၏ရှပ်အင်္ကျီမှတဆင့်သူ့အားဆက်လက်နမ်းနေစဉ် ကျန်းရွှိသည်သူ၏မျက်လုံးများအားနောက်သို့ လှန်လိုက်သည်။ 

"ဟုတ်ပြီ…မင်းကိုငါအဲ့လိုခေါ်ရင် ကျေနပ်မှာလား..."

ရှန့်ဖန်းယွိ က သူ၏လက်များကိုလွှတ်ပေးလိုက်ကာ သူ့ကိုခေါ်မည့် ကျန်းရွှိအား ကြည့်၍စောင့်နေသည်။ ကျန်းရွှိ၏နားရွက်များက နွေးထွေးနေသည်။ခဏတာမျှ ချီတုံချတြုံဖစ်ပြီးနောက် သူ၏မျက်လုံးများကိုပိတ်ကာရှန့်ဖန်းယွိအား "အကို" ဟုခေါ်လိုက်သည်။

တစ်စုံတစ်ဦး သည် အမြဲလိမ္မာပါးနပ်ကာ သဘောတူညီမှု၏ပိုမိုကောင်းမွန်သောအဆုံးသတ်ကိုရယူတတ်သည်။ရှန့်ဖန်းယွိက ဆက်ပြောသည်။

"ငါ့ကို အကိုရှန့်ဖန်းယွိလို့ ခေါ်..."

"အိပ်မက် မက်နေလိုက်" ကျန်းရွှိက ပြန်ပြောသည်။

ရှန့်ဖန်းယွိကသူ့အားပုခုံးအားခပ်ဖွဖွကိုက်ကာ ရည်ရွယ်ချက်ရှိရှိ ကျီစယ်လိုက်သည်။

"ဒီနေ့ငါအိပ်မက်ကိုအကောင်အထည်ဖော်ရမယ်" 

ကျန်းရွှိ ၏အမူအရာမှာ အနည်းငယ်အာရုံစိုက်မှုမရှိတော့ပဲ စကားများပြတ်တောင်းပြတ်တောင်း ပြောမိသည်အထိ သူတို့နှစ်ဦးအချိန်တစ်ခုမျှ ကျီစယ်ဆော့ကစားနေခဲ့ကြသည်။

သူတို့နှစ်ဦးမှင်သက်နေချိန်တွင် သူ၏ဖုန်းသည်ရုတ်တရက်မြည်လာပြီး ကျန်းရွှိ ပြန်၍ အာရုံစိုက်လိုက်သည်။သူ ရှန့်ဖန်းယွိ၏ပေါင်ပေါ်မှထလိုက်ကာ သူ၏ဖုန်းကိုလှမ်းယူလိုက်သည်။ ရှန့်ဖန်းယွိသည်အဝတ်အစားများပြန်လိုက်ကောက်နေကာစိတ်အနှောင့်အယှက်ဖြစ်နေပြီး ထိုသို့အလိုက်မသိသောသူကို ကြည့်ရန်ပြင်လိုက်ရာ ယွီဆန်းထံမှ ရှည်လျားသောစာတိုများကို ကျန်းရွှိ၏ဖုန်းထဲတွင် မြင်လိုက်ရသည်။

"ကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော် အကိုရွှိနဲ့ဒေါက်တာရှန့်တို့မှာဒီလိုဆက်ဆံရေးမျိုးရှိခဲ့တယ်ဆိုတာ မသိခဲ့ဘူး… ကျွန်တော်က စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် စိတ်ထဲမထားကြပါနဲ့…ကျွန်တော်မနက်ဖြန်သူ့ကို လူချင်းတွေ့ပြီး တောင်းပန်လိုက်ပါ့မယ်…ကျွန်တော်ရူးနေခဲ့တာပါ…ကျွန်တော်မှားသွားပါတယ်….ကျေးဇူးပြုပြီးကျွန်တော့်ကိုအခွင့်အရေးပေးပါဦး…ကျွန်တော်ဒီထက်ပိုကောင်းတဲ့လူဖြစ်အောင်ကြိုးစားမှာပါ..."

မက်ဆေ့ခ်ျစာတိုများထဲမှ "ကျွန်တော်" အားလုံးက ကျန်းရွှိအားစိတ်ရှုပ်ထွေးစေသည်။

သူက ယွီဆန်းသည်ခိုင်လုံသောအကြောင်းပြချက်အချို့ကိုတွေ့ရှိခဲ့ကာ ထိုအကြောင်းကိုယုံကြည်ရန် သူ့ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်ဟုထင်မြင်ခဲ့သည်။ထို့ကြောင့်အနည်းငယ် တွေးတောရုန်းကန်ပြီးနောက် ယွီဆန်းအား

"အဲ့ဒါကမင်းထင်သလိုမဟုတ်ဘူးထင်တယ်.."

"အကိုရွှိ ရှင်းပြစရာမလိုတော့ပါဘူး..” 

ယွီဆန်းက ချက်ချင်းပင် စာပြန်၍ပြောလေသည်။

"ကျွန်တော် ဘယ်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားပါ့မယ်… တယောက်ယောက်ကိုပြောခဲ့ရင် ကျွန်တော် မိုးကြိုးထိပါစေ…ကျွန်တော့်ရဲ့ ညဂျူတီချိန်မှာ လူနာတွေအများကြီးကျလာပြီး…အကုန်လုံးက ခက်ခဲတဲ့ ဟာတွေပဲဖြစ်ပါစေ…"

ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ- "……"

ဘယ်လောက်တောင်ပြင်းထန်တဲ့ ကျိန်စာတွေလဲ…။

ကျန်းရွှိ ဖုန်းကို ဖယ်ထားလိုက်သည်။ သို့သော် ယွီဆန်းကရင်ခုန်စရာအခိုက်အတန့်ကို ပျက်စီးစေခဲ့သည်။ သူတို့ အိပ်ရာပေါ်တွင် ဘေးချင်းယှဉ်ထိုင်လျက် ပျာယာခတ်နေကာ ဂနာမငြိမ် ခံစားနေကြရသည်။

ခဏအကြာတွင် ရှန့်ဖန်းယွိသည်စကားပြောရန်တွန့်ဆုတ်ခဲ့သည်။

"ဒီတစ်ခါတော့ ... ငါ့အမှားမဟုတ်ဘူးမလား.."

စိတ်ညစ်နေသော ကျန်းရွှိ သည် တစ်ဖက်လို့လှည့်သွားကာ ရှန့်ဖန်းယွိအား သူ၏နောက်ကျောနှင့်မျက်နှာမူ၍ လှဲအိပ်နေခဲ့သည်။

"အိပ်ကြရအောင်..."

"မင်းတစ်ခုခုမေ့နေတာလား…" 

ရှန့်ဖန်းယွိက သူ့အား ခပ်ပေါ့ပေါ့သတိပေးလိုက်သည်။

"မင်းကို အကိုလို့ နောက်တစ်ခါထပ်ခေါ်မယ်လို့ မျော်လင့်မနေနဲ့..." ကျန်းရွှိက တည့်တိုးပြောချလိုက်သည်။

"မရဘူးလေ" ရှန့်ဖန်းယွိက သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

ကျန်းရွှိ- "တော်တော့.."
.."