🧑⚕️Chapter 117
ကိုယ်ဝန်၏တတိယသုံးလပတ်သည်ကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံး၏အခက်ခဲဆုံးအဆင့်ဖြစ်နိုင်သည်။
ကျန်းရွှိ သည်အလုပ်မလုပ်တော့သော်လည်း သူကိုယ်တိုင်ဂရုမစိုက်နိုင်သည့် သူဘဝ၏အစိတ်အပိုင်းများကို သူသည်းမခံနိုင်သေးပေ။
သူလမ်းလျှောက်၍မရပေ။ တခါတရံ သူသည် အသက်ရှူရန်ပင် အခက်အခဲရှိခဲ့သည်။ သူ၏ဆီးအိမ်က ညဘက်လျှင် မကြာခဏဖိအားဖြစ်နေသည်။ခြေထောက်များသက ယောင်ရမ်းနေကာ ဖိနပ်ပင်ဝတ်၍မရပေ။
သူသည် အချိန်ကြာကြာထိုင်မရသကဲ့သို့ အချိန်ကြာကြာလည်း မတ်တပ်မရပ်နိုင်ပေ။ သူသွားသည့်နေရာတိုင်းတွက် ထိုလေးလံသောဖိအားကိုခံစားနေရသည်။
နေ့တစ်နေ့၏အကောင်းဆုံးအချိန်ဖြစ်ခဲ့ဖူးသော အိပ်စက်ခြင်းသည် အိပ်မက်ဆိုးတစ်ခုဖြစ်လာသည်။ သူမည်မျှပင် လှဲနေစေကာမူ သက်တောင့်သက်သာမရှိပေ။ သူ ကိုယ်ကို လှည့်ခြင်းနှင့်ရွေ့ခြင်းလုပ်ရာတွင်ပို၍ခက်ခဲပြီး အဆင်မပြေဖြစ်လာသည်။
ထို့အပြင် ကလေးကပိုပို၍ အားအင်ပြည့်ဝလာကာ အိပ်ရန်အချိန်ရောက်သည်နှင့် သူမဂနာမငြိမ်ဖြစ်လာတော့သည်။
သို့သော် ကျန်းရွှိလက်ခံရန် အခက်ခဲဆုံးတွေ့ရှိခဲ့သည့်အချက်မှာ သူ၏စိတ်ပိုင်းဆိုင်ရာကို ကောင်းစွာ မထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်သည်။
မကြာခဏအိပ်မပျော်ခြင်းထက် မည်သည့်အရာကမျှ ပို၍ ဆိုးရွားခြင်းမရှိသောကြောင့် ထိုဖိအားက ညအချိန်တွင်အထူးသဖြင့်ပိုဆိုးလာခဲ့သည်။ အဖြစ်ပျက်များစွာပြီးနောက် ကျန်းရွှိ သူ၏နှာခေါင်းမနာကျင်မီ တွင် ဖြစ်ပျက်ခဲ့သောအရာများကိုပင် သတိမထားမိခဲ့ပေ။
ရှန့်ဖန်းယွိခမျာ စိတ်သောကရောက်နေကာ သူ့အား အမြဲဂရုတစိုက်အိပ်စက်အနားယူစေကာ ရေချိုးခန်းသို့သူနှင့်အတူလိုက်ဝင်ပြီး ခြေဖဝါးနှင့်ခြေထောက်များကိုနှိပ်ပေးခဲ့သည်။
သို့သော်ဒေါက်တာရှန့်သည်ကား အလုပ်သွားနေရဆဲ။
ရှန့်ဖန်းယွိသည် ညဆိုင်းအလုပ်လုပ်သည့်အခါတိုင်း ကျန်းရွှိ ၏လက္ခဏာများက ပိုဆိုးရွားလာကာ အထူးသဖြင့်အပျက်သဘောဆောင်သောစိတ်ထိခိုက်မှုများခံစားမိသည်မျိုးဖြစ်သည်။သူ့အား နှစ်သိမ့်ရန်မည်သူမျှမရှိသည့်အပြင် တညလုံးလည်းအိပ်မရခဲ့ပေ။
တစ်ခါတစ်ရံ ရှန့်ဖန်းယွိကသူ့အားဖုန်းခေါ်တတ်သည်။ သို့သော်ဆရာဝန်၏ဖုန်းမွာ ၂၄ နာရီရှိနေရမည်ဖြစ်ကာအကယ်၍ ဖုန်းခေါ်ဆိုမှုကြာလွန်းလျှင် ကျန်းရွှိသည် ရှန့်ဖန်းယွိအနေနှင့် အရေးကြီးသောဖုန်းခေါ်ဆိုမှုများ လက်လွတ်သွားမည်ကိုစိုးရိမ်နေမိသည်။ ထို့အပြင် ညဆိုင်းမဆင်းမီတွင် မိနစ်အနည်းငယ်အိပ်စက်အနားယူရသည်ဖြစ်ကာ ကျန်းရွှိသည် ရှန့်ဖန်းယွိ အလုံအလောက်အနားမရပဲ နောက်တစ်နေ့ခွဲစိတ်ခန်းဝင်ရန် လုံလောက်သောအားအင် မရှိမည်ကိုလည်းစိုးရိမ်နေသည်။
ထို့ကြောင့် သူဖူန်းမချသွားမီ မိနစ်ပိုင်းမျှသာစကားပြောလေ့ရှိကြသည်။
ကျီဟွားဆေးရုံ၏ညဆိုင်းသည် မွန်းလွဲပိုင်းထိဆက်လက်ဆင်းရသည်ဖြစ်ရာ အနားယူစရာအချိန်မရှိခဲ့ပေ။တစ်ညတွင် ရှန့်ဖန်းယွိသည်ပုံမှန်အတိုင်း ညဆိုင်းဆင်းနေကာ ကျန်းရွှိကမုန့်ဗူးပါဆယ်မှာနေရင်းမှ ထိုအကြောင်းကိုရုတ်တရက်သတိရသွားသည်။
အဆိုပါပါဆယ်ဗူးသည် မည်သူမျှအဖက်မလုပ်သည့် အရသာရှိသော အစားအစာများအပြည့်ပါသည်။ကျန်းရွှိသည် သူ၏တူများကို ပြန်မချခင်ထိ နှစ်လုတ်မျှသာစားရသေးသည်။
သူရုတ်တရက် ငရုတ်ပွစိမ်းကျော်နှင့် ပိုကျိုင်ကိတ်မုန့်များကို စားချင်စိတ်ပေါ်ခဲ့သည်။
ကျောင်းသားများ၏ စမ်းသပ်မှုများမွာ တိုးတက်မှုများမရှိသေးပဲ စာရွက်စာတမ်းများကိုလှန်လှောကြည့်ပြီးသော်လည်း သူသည်ကျောင်းသားများပရောဂျက်အတွက် တန်ဖိုးရှိသောအချက်အလက်များကို ရှာမတွေ့နိုင်သေးပေ။ ကျန်းရွှိ သည်စားပွဲပေါ်ရှိ ကျန်ရှိနေသောပစ္စည်းများကိုကြည့်ကာ အမှန်တကယ်စိတ်ဓာတ်ကျနေသည် ဟုခံစားရသဖြင့် ဝီချက်(WeChat) ကိုဖွင့်ကာ ပုံမှန်မဟုတ်သောပို့စ်တစ်ခုကိုတင်ခဲ့သည်။
“ ဆရာဝန်တစ်ယောက် နဲ့လက်မထပ်ပါနဲ့… မင်းပျော်မှာမဟုတ်ဘူး..”
WeChat တွင်ကြာမြင့်စွာပျောက်ဆုံးနေရာမှ ရုတ်တရက်ပြန်ပေါ်လာသောအခါ မှတ်ချက်အမျိုးမျိုရေးလာကြသည်။
အမှန်တရားကိုမသိသော ကြည့်ရှုသူအများစုသည် ဒေါက်တာကျန်းက သူ့ကိုယ်သူ ပြန်ပြောခြင်းဖြစ်သည်ဟုသာ ထင်နေကြကာ မည်သည့်ချစ်ရေးဆိုသူအား ငြင်းလိုက်သနည်းဟုမေးနေကြသည်။ ထိုအတောအတွင်း ဌာနတစ်ခုတည်းမှလုပ်ဖော်ကိုင်ဖက်များသည်လည်း ကျန်းရွှိသည်သူ၏ရည်းစားနှင့် ရန်ဖြစ်ထားခြင်းဖြစ်မည်ဟုတွေးထင်နေကြသည်။
ဇာတ်လမ်းအတွင်းပိုင်း၏တစ်စိတ်တစ်ပိုင်းကိုသိသော ဟောင်ချန်ချွန်း က ချက်ချင်းမှတ်ချက်ဝင်ရေးသည်။
“ သူ့ကိုထားခဲ့ပြီးငါနဲ့လိုက်ခဲ့..”
ခဏအကြာတွင် လီယာလေ့သည်ထိုမှတ်ချက်အောက်တွင် မေးခွန်းအမှတ်အသား(?) ဖြင့်ပြန်လည်ဖြေကြားခဲ့သည်။ ထိုအရာမွာ ကျန်းရွှိအတွက်ဖြစ်သည်လား ဟောင်ချန်ချွန်းအတွက်ဖြစ်သည်လားဟူ၍ မသေချာသော်လည်း သိပ်မကြာမီ တွင် ဟောင်ချန်ချွန်းရေးထားသောမှတ်ချက်ကပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် အမှန်တရားတစ်ခုလုံးကိုသိသော ကျန်းချန် သည်သူ၏မိုဘိုင်းဖုန်းကိုယူကာ တာဝန်ခန်းသို့ပျော်ရွှင်စွာပြေးသွားပြီး ရှန့်ဖန်းယွိအား သတိပေးလိုက်သည်။
“ ကျန်းရွှိ စိတ်မကြည်ဘူးဖြစ်နေတယ်…မင်းတော့ပြဿနာတက်ပြီ.."
ထိုအချိန်တွင် ရှန့်ဖန်းယွိသည်အရေးပေါ်ခွဲစိတ်ကုသမှုပြီးနောက် ခွဲစိတ်ခန်းမှပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်သည်။ သူ ကျန်းချန်၏စကားများကိုကြားရသောအခါ အံ့သြသွားပြီး
“ ဘာဖြစ်လို့လဲ..”
“ သူက မင်းကို သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်နေတယ်…"
“သူ ဆိုရှယ်မီဒီယာပေါ် မှာ ဘယ်ချိန်ကတင်လိုက်တာလဲ..”
ရှန့်ဖန်ယွိ ကသူ၏ဖုန်းကိုဖွင့်ကြည့်ရင်းပြောလိုက်သည်။
ကျန်းရွှိက သူမျှဝေထားသော အိပ်ယာဝင်နောက်ကျခြင်း၏ကျန်းမာရေးဆိုင်ရာအန္တရာယ်များ အကြောင်းပို့စ်ကိုလိုက်ခ်ပေးထားကြောင်းတွေ့လိုက်ရသော်လည်း သူ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိတော့ပေ။
ကျန်းရွှိ ၏ ပို့စ် ကိုဖတ်ပြီးနောက်သူသည် ထိုအက်ပလီကေးရှင်းထဲမှ စိတ်ရှုပ်ထွေးစွာဖြင့် ထွက်လိုက်သည်။ ထို့နောက်သူသည် ကျန်းရွှိမှသူ့အားနောက်ဆုံးပို့ထားသော မက်ဆေ့ချ်အားတွေ့လိုက်သည်။ လှောင်ပြုံးပြုံးနေသော အီမိုဂျီဖြစ်သည်။
ရှန့်ဖန်းယွိခမျာသူ၏ ဦးရေပြားများပင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားခဲ့သည်။
သူတို့၏ဆက်ဆံရေးတိုးတက်လာကတည်းကပင် ကျန်းရွှိသည် သူ့ထံသို့ ထိုအီမိုဂျီမပို့တော့သည်မှာ ကြာပြီဖြစ်သည်။ ယခုထို လှောင်ပြုံးပြုံးနေသောအဝါရောင်အီမိုဂျီက ပြန်လာပြီ။ သူက သူတို့သည် ယနေ့ညတွင် အချိန်ကောင်းရှိကြမည်လား သို့မဟုတ် မကောင်းသောအရာတစ်ခုခုဖြစ်ပျက်သွားမည်လား မသိတော့ပေ။ သူသည်အနည်းငယ် ထိတ်လန့်နေသည်။
“ ကျန်းချန်…ငါတို့ဂျူတီချိန်းရအောင်…အဆင်ပြေလား..” သူရုတ်တရက်ထပြောလိုက်သည်။
ပျော်စရာများ ကြည့်ရသည်ကိုစိတ်မ၀င်စားသော ကျန်းချန်သည် ဂျူတီခန်းထဲသို့သွားလိုက်ရသောအခါ မှင်သေသေဖြစ်နေသည်။ သူသည်ရှန့်ဖန်းယွိအနေနှင့် အံ့ဩဖွယ်ရာ ညတစ်ညဆုံးရှုံးခဲ့ရသည်ကို သဘောပေါက်သော်လည်း သူ၏တောင်းဆိုချက်ကို အဘယ့်ကြောင့်သဘောတူခဲ့မိသည်ကို နားမလည်တော့ပေ။
“ ချီး….” ကျန်းချန်သည် ရှန့်ဖန်းယွိ၏ပြန်ကြိုးစားနေသည့်ပုံစံကိုကျိန်ဆဲလိုက်သည်။
“ မင်းကိုအသိပေးလိုက်တဲ့သူက ခွေးပဲ..”
— — — — — –
အီမိုဂျီ ပေးပို့ပြီးနောက်နာရီဝက်အကြာတွင် ကျန်းရွှိ၏ အိမ်မှ တံခါးဘဲလ်မြည်လာခဲ့သည်။
ဆိုဖာပေါ်တွင်သူ၏ခြေအိတ်ဝတ်ရန်ရုန်းကန်နေရသော ကျန်းရွှိ ရုတ်တရက်မော့ကြည့်လိုက်သည်။သူ ရှန့်ဖန်းယွိ နှင့် အကြည့်ချင်းဆုံသွားသောအခါ ယခုလေးတင် ထိန်းချုပ်ထားသောစိတ်က ထိန်းချုပ်မှုလွတ်သွားပြန်သည်။
“ ငါ့အနားကိုမလာနဲ့....” သူ ရှန့်ဖန်းယွိအား ပြောသည်။
“ မင်းကအဲဒီမှာရှိနေတာလေ..အဲ့ဒါကြောင့်ငါလာရမှာပဲ..”
ရှန့်ဖန်းယွိကသူ့ဘေးတွင်ထိုင်လိုက်သည်။ ခြေထောက်များကိုမြှောက်ကာသူပေါင်ပေါ်သို့တင်လိုက်၏။
“ ဝမ်းနည်းမနေပါနဲ့…ပျော်ပျော်နေပါ.. ငါ ကျန်းချန်နဲ့ ဂျူတီချိန် ချိန်းလာတယ်…ငါဒီညမင်းနဲ့အတူရှိနေမှာ..အဆင်ပြေလား.."
ကျန်းရွှိ သူ၏မျက်နှာကိုလှည့်၍ အသံခပ်အေးအေး ဖြင့်ပြောလိုက်သည်။
“ ငါဝမ်းနည်းနေတာမဟုတ်ပါဘူး..”
“ ဟုတ်ပါပြီ…မင်းဝမ်းနည်းနေတာမဟုတ်ဘူး… ” သူက ကျန်းရွှိ၏ ခြေအိတ်များကိုဘေးဖယ်ထားလိုက်သည်။
“ မင်းရဲ့ခြေထောက်ကိုငါနှိပ်ပေးမယ်…ဒါတွေကို နောက်မှဝတ်လို့ရတယ်… ”
ကျန်းရွှိ ရှန့်ဖန်းယွိအား ကြည့်ကာ မျက်လွှာချထားလိုက်သည်။
သူ၏ခြေထောက်များသည် မူလက အလွန်လှပကာ အရိုးများက ထင်းနေပြီး ကျစ်လျစ်သွယ်လျနေ၍ ခြေဆစ်ခပ်ပါးပါးလည်းရှိသည်။သို့သော်ယခုတွင်မူ သူတို့သည်အလွန် ယောင်ရမ်းနေသောကြောင့် ပေါင်မုန့်လုံးများနှင့်တူနေသည်။
ရှန့်ဖန်းယွိ၏မျက်ခွံများတုန်လှုပ်နေသည်။ သူကျန်းရွှိ၏ အမူအရာများကိုကြည့်ကာ သူ့အတွက်ခပ်ပေါ့ပေါ့နှိပ်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
“အကယ်၍ အားများလွန်းရင် ပြောနော်…ကြိတ်မခံနဲ့...."
ကျန်းရွှိသည်တိတ်ဆိတ်နေခဲ့ပြီး ခဏအကြာတွင် ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ အင်း...”
မကြာသေးမီကပင် ကျန်းရွှိသည်သူ၏ကိုယ်ဝန်ကြောင့်မသက်မသာခံစားခဲ့ရပြီး ဟော်မုန်းများ၏လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။သူသည် ရှန့်ဖန်းယွိအား နာကျင်စေသောစကားများစွာပြောခဲ့ပြီး အသေးအဖွဲကိစ္စများအတွက်ပင် ပြဿနာရှာကာ ဝုန်းဒိုင်းကြဲတတ်ကာအိမ်ထဲသို့ဝင်လျှင် မည်သည့်ခြေထောက်နှင့်လှမ်း၍ဝင်ရမည်ကိုပါစည်းကမ်းချက်များထုတ်၍ချရေးထားမလိုပင်ဖြစ်သည်။
သို့သော်လည်း ကျန်းရွှိ စိတ်အေးတည်ငြိမ်သွားပြီးနောက် သူ့အားပြန်လည် တောင်းပန်လိမ့်မည်ဖြစ်သည်။
ရိုးရိုးသားသားပြောရပါလျှင် ရှန့်ဖန်းယွိသည် အမှန်တကယ်ပင် စိတ်သောကရောက်ခဲ့ရသည်။
ရှန့်ဖန်းယွိက မာနကြီး၍ခေါင်းမာတတ်သောကျန်းရွှိသည်သူ၏ ပုံမှန်စိတ်ငြိမ်ကာ ဆင်ခြင်တုံတရားရှိသောစိတ်ဖြင့် မတူတော့ပဲ ပို၍ဆတ်ဆတ်ထိမခံဖြစ်ခြင်းနှင့် စိတ်ခံစားလွယ်ခြင်းဖြစ်နေသည့်အချက်ကို လက်မခံနိုင်ပဲ ပို၍ခက်ခဲသောအချိန်များကို ဖြတ်သန်းနေရသည်ကိုသိနေခဲ့သည်။
သို့သော် ကျန်းရွှိသည်မည်မျှပင်ကြမ်းတမ်းစွာပြောဆိုနေသည် ဖြစ်စေ ထိုညက မူးနေသောရှန့်ဖန်းယွိ၏ အပြုအမူအတွက် ဘယ်တော့မှအပြစ်မတင်သည့်အပြင် ထိုကလေးအား မမွေးခဲ့သင့်သည့်ပုံစံမျိုးလည်း လုံးဝမပြောခဲ့ပေ။
ရှန့်ဖန်းယွိ၏လှုပ်ရှားမှုများက နှေးကွေးပြီးရင်း နှေးကွေးလာသည်နှင့်အမျှ ကျန်းရွှိလှမ်းကြည့်လိုက်ပြီး နားမလည်နိုင်လောက်အောင်ပင် စိတ်ကသိကအောက်ဖြစ်ခဲ့ရသည်။
သူသည် သူ၏စိတ်ခံစားမှုများကိုချုပ်ထိန်းရန်ကြိုးစားခဲ့သော်လည်း ထိုနာကျင်မှုကြောင့် အမည်မသိရသော ခံစားချက်မီးသည်သူ၏နှလုံးသားထဲတွင် ပို၍ ပြင်းထန်စွာလောင်ကျွမ်းနေခဲ့သည်။ သူစိတ်လွတ်သွားတော့မည့်အချိန်တွင် ရှန့်ဖန်းယွိကသူ့အား ရုတ်တရက်လက်လွှတ်လိုက်ကာ ဖက်လိုက်သည်။
သူ၏ရင်ထဲတွင် ချုပ်ထိန်းထားသောခံစားချက်မီးစာသည် မလောင်ကျွမ်းခင် ပျောက်ကွယ်သွားခဲ့သည်။