အပိုင်း ၁၂၀
Viewers 32k

🧑‍⚕️Chapter 120




မိမိသဘောဆန္ဒအလျောက်အုပ်ထိန်းမှုသည်အရွယ်ရောက်ပြီးသားသူတစ်ဦး၏ အရပ်သားစီမံခန့်ခွဲမှုအတွက်အပြည့်အဝစွမ်းဆောင်နိုင်သော…မိမိအုပ်ထိန်းမှုကိုသတ်မှတ်ထားသည့်….စာဖြင့်ရေးသားထားသော သဘောတူညီချက်သက်သေခံစာချုပ်ကိုရည်ညွှန်းသည်။

ဤဆက်ဆံရေးတွင် မိဘများနှင့်အခြားဆွေမျိုးများကဲ့သို့သော တရား၀င်အုပ်ထိန်းမှုထက်ပို၍ တရား၀င်ဦးစားပေးထားခြင်းမျိုးဖြစ်သည်။

မူလကဤဥပဒေကို သက်ကြီးဘိုးဘွားလူဦးရေပြဿနာကိုဖြေရှင်းရန်စတင်ခဲ့သည်။

သို့သော်မကြာသေးမီက လိင်တူချစ်သူစုံတွဲများသည် ဤဥပဒေ၏ အတိုင်းအတာမှာ လက်ထပ်စာချုပ်ကဲ့သို့ပင် အကျယ်တပြန့် မရှိကြောင်းသိလိုက်ကြရသည်။ လက်ရှိတွင်အိမ်ထောင်ဖက်အခွင့်အရေးများနှင့်တာ၀န် ၀တ္တရားများကို ကာကွယ်ရန် တရားဝင်သည့် အထိရောက်ဆုံးဥပဒေပြဌာန်းချက်ဖြစ်သဖြင့် သူတို့သည် ထိုသက်သေခံစာချုပ်ကို တစ်ဦးပြီးတစ်ဦး စတင်အသုံးပြုလာခဲ့ကြသည်။

ရလဒ်အနေနှင့် အုပ်ထိန်းမှုနှင့်ပတ်သတ်သော သက်သေခံစာချုပ်သည် လိင်တူစုံတွဲများအတွက် “အိမ်ထောင်ရေးလက်မှတ် ” ကဲ့သို့ သောပုံစံတစ်ခုဖြစ်လာခဲ့သည်။

ကာကွယ်ခံရသူများသည် တရားဝင်လုပ်ဆောင်နိုင်စွမ်းမရှိကြတော့သည့်အခါ ဆေးဘက်ဆိုင်ရာစောင့်ရှောက်ခြင်း…ပိုင်ဆိုင်မှုများ စီမံခန့်ခွဲခြင်း နှင့်တရားစွဲဆိုမှုဆိုင်ရာအခွင့်အရေးများ…အတွက် သတ်မှတ်ခံထားရသော အုပ်ထိန်းသူမှ တာဝန်ယူပေးရန်ဝတ္တရားရှိသည်။ 

ရိုးရှင်းသောအသုံးအနှုန်းများအရ ထိုသက်သေခံစာချုပ် ပြီးစီးသည်နှင့် ရှန့်ဖန်းယွိ သည် သူ၏မိသားစုဝင်အဖြစ် ကျန်းရွှိ ၏ခွဲစိတ်ကုသမှုဆိုင်ရာသဘောတူခွင့်ပြုချက်ဖောင်တွင် သူ၏အမည်ကိုလက်မှတ်ရေးထိုးနိုင်သည်။

မှန်သည်။ သူသည် မိမိဆန္ဒအလျောက် ခွဲစိတ်ကုသမှုရုတ်သိမ်းကြောင်း သဘောတူညီချက်တွင်လည်း လက်မှတ်ရေးထိုးနိုင်သည်။

ကျန်းရွှိ သည်သူ၏ခွဲစိတ်ဆရာဝန် ဒေါက်တာရှန့်အား ခွဲစိတ်နေစဉ်သူ့အား ကယ်တင်၍မရတော့ပါက ကုသမှုနှင့်ပြန်လည်ကယ်ဆယ်ရေးကိုရပ်တန့်ပေးနိုင်မည့် အခွင့်အရေးကိုပေးထားခဲ့သည်။

ရှန့်ဖန်းယွိ၏လက်မှာ အနည်းငယ်တုန်လှုပ်သွားကာ ကျန်းရွှိ သည်သူ၏လက်လက်မောင်းကိုညင်ညင်သာသာဖျစ်ညှစ်၍ သူ၏လက်ကိုမထိတထိ ထိလာ၏။

“ စိတ်လှုပ်ရှားမနေပါနဲ့…ဒါကခွဲစိတ်မှုအတွက်ပဲ မဟုတ်ပါဘူး..”

“ မင်းပြောခဲ့တယ်လေ ဥပဒေကငါတို့ကိုမကာကွယ်နိုင်ဘူး…ဒါပေမဲ့မင်းကငါ့ကိုကာကွယ်ပေးမယ်ဆို…ပြီးတော့ငါ့ရဲ့အဖြေက ဥပဒေတစ်ခုကငါတို့ကိုကာကွယ်လို့မရဘူးဆိုရင်လည်း မင်းကိုကာကွယ်ဖို့ အခြားဥပဒေတွေကိုငါသုံးမယ်...”

“ မင်းငါ့ကိုလက်ထပ်ခွင့်အရင်တောင်းခဲ့တယ်…အခုမင်းကို လက်ထပ်ခွင့်ပြန်တောင်းမယ့်အလှည့်ပဲ..."

 ကျန်းရွှိ၏မျက်လုံးများတွင် မတ်လ၏ ပွင့်လန်းနေသော သစ်ပင်ပုံရိပ်များမြင်နေကာ သူ၏ချစ်ရသူမျက်လုံးများထဲတွင်မူ မက်မွန်ပွင့် ပုံရိပ်များမြင်နေရသည်။

 “မစ္စတာရှန့် ….လက်ခံတယ်လို့ ပြောမှာလား...”

ရှန့်ဖန်းယွိ၏လက်ထပ်ခွင့်ထောင်းခံမှုသည်ရွက်လှေ..မီးရှူးမီးပန်းများ…သီချင်းတစ်ပုဒ်နှင့်လက်စွပ်တစ်စုံကုန်ကျခဲ့သည်။

ကျန်းရွှိ၏လက်ထပ်ခွင့်သည်ကားယွမ်သုံးထောင်တန် သက်သေခံစာချုပ် နှစ်စုံစာ ကုန်ကျသည်။

ရှေနေရုံးရှိ ၀န်ထမ်းများသည် အတော်ပင် စည်းကမ်းတင်းကျပ်ကာ သူတို့၏ဆက်ဆံရေးအခြေအနေကို ထပ်ခါတလဲလဲအတည်ပြုပြီးနောက်ဆုံးတွင် သူတို့အတွက်ဖြေရှင်းကိုင်တွယ်ရန်သဘောတူခြင်းမပြုမီ ထိုကိစ္စ၏လေးနက်မှုကို သေချာစွာသတိပေးပြောကြားခဲ့သည်။

လေးနက်သောသဘောထား…အဖြူရောင်နှင့်အနက်ရောင် စာရိုက်ထားသော စာချုပ် နှင့်…အနီရောင်တံဆိပ်တုံးကြီးများက သက်သေဖြစ်သည်။

ရှေ့နေရုံးမှထွက်ခွာပြီးနောက် ရှန့်ဖန်းယွိသည်ယခင်ကလက်မထပ်ခဲ့ဖူးသည့် ပုံစံဖြင့် လက်ထဲမှ စာရွက်ကိုကြည့်ခဲ့သည်။ သူ၏နှလုံးသားနှင့်အနီးဆုံးနေရာဖြစ်သောသူ့ကုတ်အင်္ကျီ၏အတွင်းပိုင်းအိတ်ကပ်ထဲသို့စိတ်လှုပ်ရှားစွာထည့်လိုက်သည်။

“ ငါတို့က လက်ထပ်စာချုပ်မှာ ငါတို့တတ်နိုင်တာထက် ပိုပြီးသုံးခဲ့ကြတာ… အဲ့ဒါကြောင့် မင်းက ငွေအတွက်ငါ့ကိုထားခဲ့လို့မရတော့ဘူး...” သူသည် ကျန်းရွှိ၏လက်မောင်းကိုင်ကာနောက်ပြောင်လိုက်သည်။

ကျန်းရွှိသည်သူ၏လက်များကို အိတ်ကပ်ထဲသို့ထည့်ကာသူ၏ပါးစပ်ထောင့်များပါကွေးတက်သည်ထိပြုံးလာ၏။

“ အကယ်၍ မင်းလည်းထွက်သွားချင်ရင် သက်သေခံစာချုပ်ဖိုး ပြန်ပေးလေ...."

“ ငါပေးချင်ရင်တောင် ပြန်ပေးလို့မရဘူးလေ အဲ့ဒါကြောင့် ငါသေရင်တောင်မင်းကိုထားခဲ့မှာမဟုတ်ဘူး...” 

ရှန့်ဖန်းယွိသည်ကျန်းရွှိ၏လက်ကိုကိုင်ရန် သူ၏အိတ်ကပ်ထဲသို့လက်လှမ်းလိုက်သည်။

နွေးထွေးသောနွေဦးရာသီ နေရောင်ခြည်ကသူတို့အပေါ်သို့ကျနေကာ ကျန်းရွှိသည် ဂျာကင်အင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားပြီးချွေးထွက်နေသည်။ သူ ရှန့်ဖန်းယွိ၏ လက်ကိုပုတ်ထုတ်လိုက်၏။

 “ ပူတယ်...”

“ မင်းရဲ့ ဂျာကင်ကိုချွတ်လိုက်လေ...”

ရှန့်ဖန်းယွိ ကားမောင်းသူ၏ထိုင်ခုံသို့မ၀င်မီ ကျန်းရွှိကို ကူ၍ဇစ်ဖြုတ်ပေးလိုက်သည်။ ကျန်းရွှိက သူ၏ဘေးထိုင်ခုံတွင်ဝင်ထိုင်လိုက်သောအခါတွင်လည်း ရှန့်ဖန်းယွိက ထိုင်ခုံခါးပတ်ကို ကူ၍တပ်ပေးခဲ့သည်။

သူကားပြတင်းပေါက်မှန်ချလိုက်သည်နှင့် လေပြင်းကအပြင်ဘက်မှဝင်လာကာ ချယ်ရီပွင့်ဖတ်များသည်လည်း နွေဦးလေပြေနှင့်အတူကားထဲသို့လွင့်ပါလာကြသည်။

ရှန့်ဖန်းယွိ၏အကြည့်သည် ပြုတ်ကျလာသောချယ်ရီပွင့်ချပ်နောက်သို့လိုက်ကြည့်နေစဉ် ကျန်းရွှိ၏ကော်လာပေါ်သို့ကျသွားကာသူ၏လည်ပင်းပေါ်မှ မှဲ့သေးသေးလေးကိုဖုံးကွယ်သွားသည်။

သူမနေနိုင်ပဲ သူ၏နှုတ်ခမ်းကိုတွန့်လိုက်ကာ ကျန်းရွှိ၏လည်ပင်းပေါ်မှ ပွင့်ချပ်ကိုသူ၏လက်နှင့်ညင်ညင်သာသာဖယ်ထုတ်လိုက်သည်။ လက်မောင်းများကို ကျန်းရွှိလည်ပင်းနားတွင် ပတ်၍ သူ၏နဖူးကိုနမ်းရန်ကိုယ်ကိုကိုင်းလိုက်သည်။

“ နွေရာသီရောက်လာပြီ....ပျော်ရွှင်စရာမင်္ဂလာပွဲပါ အချစ်ရေ...."

ကျန်းရွှိမှာ ရှက်သွေးဖြာသွားကာ မျက်နှာတစ်ဖက်သို့လှည့်သွားသည်။ ရှန့်ဖန်းယွိအား သူ၏လက်နှင့်တွန်းကာ တိုးတိုးလေးပြောလိုက်၏။

"ဘာလို့အဲဒီလောက်လာချွဲနေတာလဲ..."

သို့သော်နွေဦးလေပြင်းက သူ၏နှလုံးသားကိုဖြတ်တိုက်သွားခဲ့သည်။ ပရုတ်ပင်များ၏အမွှေးအကြိုင်ကသူ၏နှလုံးထဲသို့တိုးဝင်သွားသည်။သူသည် လူအများစုအတွက် အလွန်နားဝင်ချိုစေသည့် ထိုအမည်ပြောင်ကို လက်ခံခဲ့ပုံရသည်။

သူ၏နှလုံးသားအနည်းငယ်ပူနေဆဲ။

ရှန့်ဖန်းယွိကပြုံးပြလာသည်။

“ မင်းကိုမချွဲရဘူးဆိုရင်ငါက ဘယ်သူ့ကိုကပ်ချွဲရမှာလဲ...”

သူတို့အိမ်သို့ပြန်သောအခါ Aမြို့ ၏မြို့ပြရေးရာအဖွဲ့အစည်းမှ ဖြတ်လာခဲ့ရသည်။ စုံတွဲများကအနီရောင်စာအုပ်များကို ကိုင်၍လက်များကိုင်ထားကာ တံခါးတစ်ခုမှတစ်ခုသို့ လျှောက်လှမ်းနေခဲ့ကြသည်။ မြို့ပြရေးရာအဖွဲ့အစည်းဌာန၏ဝင်ပေါက်တွင်ရှိသော မက်မွန်ပွင့်များက ပျော်ရွှင်နေသောချစ်သူများ၏မျက်နှာများကိုထင်ဟပ်စေပြီးအပြည့်အဝပွင့်ဖူးနေကြသည်။

ရှန့်ဖန်းယွိအား မချစ်မိခင်က ကျန်းရွှိသည် တစ်နေ့တွင် မြို့ပြရေးရာအဖွဲ့အစည်းဌာနတွင် လက်ထပ်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။

မမျှော်လင့်ဘဲ…ကံကြမ္မာ၏အနီရောင်ချည်က အထူးသဖြင့် တွေ့ရခဲသည်။နောက်ဆုံးတွင်သူသည် သက်သေခံရုံး၌အမှန်တကယ်လက်ထပ်ဖြစ်ခဲ့သည်။

ကျန်းရွှိသည်သူ၏ အကြည့်ကိုရုပ်သိမ်းလိုက်ကာ သူ၏ခေါင်းကိုရုတ်တရက် ငုံ့လိုက်ပြီး လက်ထဲမှ ဖိုင်တွဲကိုနားလည်ရခက်စွာကြည့်နေမိသည်။

ရှန့်ဖန်းယွိ မသိသောအရာမှာ သူမရောက်မီက ကျန်းရွှိသည်အခြား သက်သေခံစာချုပ် လုပ်ခဲ့သည်။

သန့်ရှင်း၍ တောက်ပနေသောအခန်းတွင် ကျန်းရွှိသည် ၀န်ထမ်းများ၏ရှေ့မှောက်၌ အေးဆေးတည်ငြိမ်ကာ သဘာဝကျကျ ဖြင့်ထိုင်နေခဲ့သည်။

“ အကယ်၍ ကျွန်တော့် ဘဝအဆုံးသတ်သွားရင် ကျတော်သတ်မှတ်ထားတဲ့အုပ်ထိန်းသူက ယွီဖန်း အိမ်ယာကပစ္စည်တွေကိုငွေသားနဲ့ရောင်းချလိမ့်မယ်လို့ ကျတော် မျှော်လင့်ပါတယ်… အဲ့အပြင်ကျတော့်ရဲ့စုဆောင်းငွေအားလုံးကို အိမ်ထောင်ရေးပိုင်ဆိုင်မှုအဖြစ် အမွေဆက်ခံရရှိစေရပါမယ်… ”

“ အကယ်၍ ကျတော်သတ်မှတ်ထားတဲ့အုပ်ထိန်းသူမှာ ကလေးရှိနေရင်လည်း အဲ့ဒီပိုင်ဆိုင်မှုတွေရဲ့ တဝက်ကို သူတို့က( ရှန့်ဖန်းယွိနှင့်ကလေးများ ) အမွေဆက်ခံနိုင်ပါတယ်…ကျန်တဲ့တစ်ဝက်ကိုကျန်တော့်ရဲ့ မိဘ တွေကအမွေဆက်ခံရပါမယ်… သူ့မှာ သားသမီးမရှိရင် ငါးပုံတစ်ပုံကိုသူအမွေဆက်ခံပြီး ကျန်တာကိုတော့ ကျတော့်မိဘတွေကအမွေဆက်ခံရပါမယ်...”

“ အဲဒါအပြင်…ဒီအကြောင်းကြားစာရက်စွဲကနေ ကျတော့်နာမည်အောက်မှာ ပိုင်ဆိုင်မှုအသစ်တွေကိုကျတော်ရရှိထားရင် သူတို့ကိုအိမ်ထောင်ရေးပိုင်ဆိုင်မှုတွေ အဖြစ်သတ်မှတ်ပြီးအညီအမျှခွဲပေးပါ…တစ်ဝက်ကိုကျတော်သတ်မှတ်ထားတဲ့ အုပ်ထိန်းသူကို ခွဲပေးပါ…အကယ်၍ ကျတော့်ရဲ့ မိဘတွေကွယ်လွန်သွားပြီဆိုရင် အမွေအားလုံးကို ကျတော့်ရဲ့ သတ်မှတ်ထားတဲ့ အုပ်ထိန်းသူကပဲ အမွေဆက်ခံရပါမယ်...”

နောက်ဆုံးအနေဖြင့်အနက်ရောင်အောက်ဂျာကင်င်္အကျီဝတ်ထားသောသူသည် သူ၏ကော်လာကိုတင်းတင်းကျပ်ကျပ် ဆွဲတင်ကာထပ်ပြောသည်။

“ တွက်ချက်မှုကိုအနီးဆုံးယူနစ်ထိ ထည့်သွင်းခဲ့ပါတယ်...”

ထိုသက်သေခံစာချုပ်သည်သေတမ်းစာ ဖြစ်ခဲ့သည်။

ကျန်းရွှိ ၏အေးဆေးတည်ငြိမ်ကာ ထိန်းသိမ်းထားသည့် တစ်ခါမှထုတ်မပြဖူးသော ချစ်ခြင်းမေတ္တာဖြစ်သည်။

ဥပဒေက အာမခံချက်မပေးနိုင်သောအခါ သူသည် ရှန့်ဖန်းယွိကိုကာကွယ်ရန် အခြားဥပဒေရေးရာနည်းလမ်းများကိုအသုံးပြုခဲ့သည်။

(စာရေးသူမှတ်စု:

မိမိသဘောဆန္ဒအလျောက်အုပ်ထိန်းမှုသည် လိင်တူချစ်သူများအသိုင်းအဝိုင်းအတွက် အတော်အတန်သင့်လျော်သော ဥပဒေပြဌာန်းချက်ဖြစ်သည်။အချို့သောလိင်တူစုံတွဲများသည် ထိုပြဌာန်းချက်ကိုအသုံးပြုနေသည်ကိုတွေ့ရှိပြီးနောက်တွင်လည်း နိုင်ငံတော်သည်ကန့်သတ်ချက်များကိုတိုးမြှင့်ရန် ဥပဒေကိုပြုပြင်ခြင်းမပြုခဲ့ပေ။ သက်သေခံရုံး ဝန်ထမ်းများသည်လည်း လိင်တူ စုံတွဲများအတွက်သတ်မှတ်ထားသော အုပ်ထိန်းမှုများကိုကိုင်တွယ်ရန် မငြင်းဆန်ခဲ့ပေ။ သင်သည် ထိုသို့ လုပ်ချင်ပါက သင်သည်လိင်တူချစ်သူစုံတွဲဟုသာပြောလိုက်ပါ။ ယေဘုယျအားဖြင့် သူတို့သည် လူနှစ်ဦး ၏စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် အိမ်ထောင်ရေးဆက်ဆံရေးကိုလည်းအတည်ပြုပေးလိမ့်မည်။မတည်ငြိမ်သောစိတ်ပိုင်းဆိုင်ရာအခြေအနေရှိသူ သို့မဟုတ် မှတ်တမ်းများအရလက်ထပ်ပြီးသားသူများအတွက်မူ ထိုကိစ္စကိုကိုင်တွယ်ရန်ငြင်းဆန်တတ်သည်။

ဤအခန်းရှိသတ်မှတ်ထားသောအုပ်ထိန်းမှုနှင့်သက်ဆိုင်သောသတင်းအချက်အလက်များကို အွန်လိုင်းပေါ်မှဆောင်းပါးများနှင့် Baidu(ပိုင်တု)စွယ်စုံကျမ်းများမှရရှိသည်။)