အပိုင်း ၁၂၁
Viewers 32k

🧑‍⚕️Chapter 121




ကျန်းရွှိ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေပြောင်းလဲမှုများနှင့် ကျွမ်းကျင်သောခွဲစိတ်အဖွဲ့၏ဆွေးနွေးမှုများကိုအကဲဖြတ်ပြီးနောက် ရှန့်ဖန်းယွိသည် ဧပြီ ၁ ရက်တွင်ခွဲစိတ်မည့်ရက်ကိုသတ်မှတ်ခဲ့သည်။ ယခင်ကတွက်ချက်ထားသောမွေးရက် ဧပြီဖူးလ် နေ့ပင်ဖြစ်သည်။

ကျန်းရွှိသည် ကျန်းချီက သူတို့အတွက် တပတ်တာမျှကြိုတင်ပြင်ဆင်ပေးထားသော နေရာသို့ပြောင်းရွှေ့ပေးခဲ့သည်။

ရှန့်ဖန်းယွိသည် ကျီဟွားတွင်သူ၏ခွဲစိတ်မှုစွမ်းရည်ကိုလေ့ကျင့်ရန်နှင့် ခွဲစိတ်အဖွဲ့၏အစည်းအဝေးများတက်ရောက်ရန်အချိန်ကိုလည်းနေ့စဉ် ဘေးဖယ်ထားသည်။ကျန်အချိန်များတွင် သူသည် ကျန်းရွှိနှင့်အတူအိမ်တွင်သာနေခဲ့သည်။

ထို့ကြောင့် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည် ဒေါက်တာခန်း၏ ခွဲစိတ်ဗီဒီယိုနှင့် ဒေါက်တာအဲလ်ဘတ်ဗီဒီယို၏ပထမတစ်ဝက်ကို အတူတကွလေ့လာနေခဲ့ကြသည်။ သူတို့၏ လုပ်ထုံးလုပ်နည်းများမှာ အကျွမ်းတဝင်ရှိသောကြောင့် စိတ်ထဲမှ အလိုလိုချက်ချင်းနားလည်ခဲ့ကြသည်။

ထည့်သွင်း စဉ်းစားခြင်းများနှင့် ဆွေးနွေးမှုများအပြီးတွင် ခွဲစိတ်ကုသမှုဆိုင်ရာပြင်ဆင်မှုများ နှင့်ခွဲစိတ်မှုအစီအစဉ်များသည် များသောအားဖြင့်ဒေါက်တာခန်း၏စာတမ်းများအပေါ်တွင်အခြေခံသည်။ အချို့သော အသေးစိတ်အချက်အလက်များနှင့် ညှိနှိုင်းပြင်ဆင်ချက်များဖြစ်သည်။

ဆင်ခြေဖုံးရှိအိမ်သည်မြို့ပြထက် ပို၍ကျယ်ဝန်းပြီးနေရာမှာ သန့်ရှင်းတိတ်ဆိတ်သည်။ သူတို့နှစ်ဦးသည်စာရွက်စာတမ်းများကိုဖတ်ရှုခြင်း နှင့် လေ့လာမှုတွင်ဆွေးနွေးခြင်း သို့မဟုတ် သေလုနီးပါးစောင့်ကြည့်ခဲ့ရသောဗီဒီယိုကိုပြန်လည်ကြည့်ရှုခြင်းများပြုလုပ်နေခဲ့ကြသည်။

တခါတရံတွင် ရှန့်ဖန်းယွိက မနေနိုင်ဘဲ မှတ်ချက်အနည်းငယ်ပေးတတ်သည်။

 “ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားတာဆယ်နှစ်ကျော်ကြာနေပြီ… ဒါပေမယ့်ငါ့ကိုယ်ငါ အထက်တန်းကျောင်း တတိယနှစ် ပြန်ရောက်သွားသလိုခံစားရတယ်...."

ထပ်ခါတလဲလဲမေးခွန်းများပြန်လုပ်ခြင်း…စာမေးပွဲများစွာပြန်ဖြေခြင်း….အဆက်မပြတ်ပြန်လည်စိစစ်ခြင်း…ခွဲခြမ်းစိတ်ဖြာခြင်း….အကျဉ်းချုပ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်နေကာ အချိန်တွက်နေသော နာရီ၏အနီရောင်နံပါတ်များ ပိုနည်းလာသည်ကိုလည်း မြင်နေရသည်။

ကျန်းရွှိ တက်ဘလက်ကိုကြည့်ရှုရန် သူ၏ခေါင်းကိုငုံ့လိုက်သည်။နေဝင်ဆည်းဆာမှာ သူ၏မျက်နှာတစ်ဖက်ခြမ်းသို့ ကျနေ၏။ ရှန့်ဖန်းယွိသည် သူ့အားငေးကြည့်နေရင်း အထက်တန်းကျောင်းစာသင်ခန်းတွင် ကျန်းရွိ နှင့်အတူစာ လေ့လာနေသည့်စိတ်အာရုံမျိုးပင် ခံစားလိုက်ရသည်။

ခွဲစိတ်ကုသမည့်နေ့ခွဲစိတ်ကုသမည့်နေ့မှာ တစ်နေ့ပြီးတစ်နေ့ နီးကပ်လာခဲ့သည်။ နောက်ဆုံးညနေခင်းတွင် သူတို့သည်ဗီဒီယိုကိုနောက်ဆုံးတစ်ကြိမ် ပြန်လည်ကြည့်ရှုပြီးသောအခါ ရှန့်ဖန်းယွိသည် ပရောဂျက်တာကိုပိတ်ပြီး ကျန်းရွှိ၏တက်ဘလက်ကိုယူသွားလေသည်။

“ငါမကြည့်ချင်တော့ဘူး....ငါတို့ဒီညကောင်းကောင်းအနားယူရမယ်..." 

သူကမတ်တပ်ရပ်ကာ ကျန်းရွှိ၏ လက်ကိုဆွဲလိုက်သည်။

" သွားကြစို့…ငါမင်းကိုငရုတ်ပွစိမ်းကြော် စပ်စပ်လေး လုပ်ကျွေးမယ်..."

ကျန်းရွှိ၏ ဘီးလှည့်ကုလားထိုင်မှာ ရှန့်ဖန်းယွိ၏လှုပ်ရှားမှုနောက်သို့လိုက်နေကာ ကိုးဆယ်ဒီဂရီလှည့်လိုက်ပြီး သူ့အားမျက်နှာချင်းဆိုင်ရန် တွန်းအားပေးနေသည်။

သူသည်ကား ထိုင်ခုံပေါ်တွင် ကူကယ်ရာမဲ့စွာထိုင်နေကာ…ရှန့်ဖန်းယွိအားသူ၏လက်ကိုကိုင်ထားကာ မော့ကြည့်ပြီး ဝေဖန်လိုက်သည်။

“ မင်းစာမလုပ်ချင်တာနဲ့ သူများကိုပါ မလုပ်ခိုင်းတော့ဘူးပေါ့..."

ရှန့်ဖန်းယွိ ရယ်ချင်သွားသည်။ 

“ မင်းကသာ အာဏာရှင်တက္ကသိုလ်ဆရာလို ဖြစ်နေတာကို ခဏရပ်ထားသင့်တာပါနော်…. ငါအပြည့်အဝပြင်ဆင်ထားပြီး ချက်ချင်းသွားရင်ဆိုင်ဖို့ပဲ လိုတော့တာ …ငါကအကုန်အလွတ်ရနေပြီ…ဘာမှမမှားနိုင်ဘူး...”

“ မင်းအတော်လေးယုံကြည်မှုရှိနေတာပဲ ” 

ကျန်းရွှိ ပြုံးကာ ရှန့်ဖန်းယွိ၏ လက်ကိုဆုပ်ကိုင်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ငါ့ကိုကူညီနော်...”

ရှန့်ဖန်းယွိသည် အားအနည်းငယ်သုံး၍ကူပေးကာ သူသည်လည်း မတ်တပ်ရပ်ရန် အမှီပြု၍ ထခဲ့သည်။ ထို့နောက်သူသည် ရှန့်ဖန်းယွိ၏လက်များကိုလွှတ်လိုက်ကာသူ၏ခါးတွင်ထောက်လိုက်သည်။ 

“ ငါပိုပိုပြီးလေးလာတာ"

“ တကယ်လား…မင်းကိုချီကြည့်ရမလား ”

 
ထိုစကားများပြောရင်း ရှန့်ဖန်းယွိ ကျန်းရွှိအား ရုတ်တရက်ပွေ့ချီလိုက်သည်။ သူသိပ်မအံ့ဩနေပေ။ရှန့်ဖန်းယွိက သူ့အားလွှတ်မချမည်ကိုသိသောကြောင့် ချီခွင့်ပြုလိုက်သည်။

“ဘာလို့ဒီနေ့အရမ်းစိတ်ကောင်းဝင်နေတာလဲ...” 

ရှန့်ဖန်းယွိက အံ့ဩစွာပြောလိုက်သည်။

ကျန်းရွှိကသူ၏လက်များကို ရှန့်ဖန်းယွိလည်ပင်းပေါ်တွင် ပတ်ထားကာ ပခုံးပေါ်တွင် ငြိမ်သက်စွာမှီနေသည်။

“ ငါကအဲ့လိုပါပဲနော်...”

ကလေး၏အလေးချိန်ကို နေ့စဉ်သယ်ဆောင်ရန်မှာ အလွန်ခက်ခဲနေဆဲဖြစ်သောကြောင့် ရှန့်ဖန်းယွိသည် ကျန်းရွှိအား ဧည့်ခန်းမှတဆင့်ထမင်းစားခန်းထဲသို့ချီလာခဲ့သည်။ သူ့အတွက် ပျော့ပျောင်းသော ကူရှင်ထည့်ပေးထားသော ကုလားထိုင်ပေါ်သို့ ကျန်းရွှိအား ဖြည်းဖြည်းချင်းချပေးလိုက်သည်။

ဟင်းသီးဟင်းရွက်များကိုဆေးကြောနေစဉ် ရှန့်ဖန်းယွိကပုံမှန်အတိုင်းစကားပြောနေခဲ့သည်။

“ ဟေ့...ကျန်းရွှိ…ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ညက မင်းဘာတွေလုပ်ခဲ့လဲ… မင်းအိပ်မပျော်ခဲ့ဘူးမလား...”

“ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ညလား… စဉ်းစားလိုက်အုံးမယ် ... ”

ကျန်းရွှိ တစ်ဖက်ထောက်၍ မှီထားကာ ခါးစည်းကို ၀တ်ဆင်ထားပြီး စားဖိုမှူးတစ်ဦးနှင့်တူနေသော ရှန့်ဖန်းယွိကိုကြည့်နေသည်။

 “အဲဒီအချိန်တုန်းကချက်ချင်းကြီး ခေါက်ဆွဲပြုတ်ထစားချင်တယ်ဆိုတာမှတ်မိသေးတယ်..ဒါပေမယ့်ငါ့မိဘတွေက အဲ့ဒါတွေကိုဘယ်တော့မှစားခွင့်မပြုဘူး…အဲ့တော့ငါကျောင်းဆင်းတာနဲ့ စူပါမားကတ်သွားပြီး တစ်ထုပ်ဝယ်သွားလိုက်တယ်... ငါ့မိဘတွေ အိပ်ပျော်သွားတဲ့အခါကျ တိတ်တိတ်လေး ပြုတ်စားခဲ့တာ…အဲ့ဒါတွေက တော်တော် အရသာရှိတာပဲ..."

“ ငါအဲ့ဒါပြုတ်စားပြီး အိပ်လိုက်တာပဲ… အိပ်ရတာသိပ်ပြဿနာမရှိပါဘူး..."

ရှန်ဖ့န်းယွိသည် ကျန်းရွှိအိမ်၌ ထိုမျှကြီးမားသောခေါက်ဆွဲမျှော်စင်ကြီး အဘယ်ကြောင့် ချက်ချင်း ရှိသွားခဲ့သည်ကိုနောက်ဆုံးတွင် နားလည်သွားပုံရသည်။

“ မင်းကရော...” ကျန်းရွှိ ကသူ့အားမေးလာသည်။

“ ငါတို့အိမ်နားက ရုပ်ရှင်ရုံကိုသွားပြီး ရုပ်ရှင်ကြည့်ခဲ့တာ.. အဲ့အချိန်တုန်းက ရုပ်ရှင်ရုံက အခုရုပ်ရှင်ရုံတွေလို လူသိပ်မများဘူး..B မြို့မှာက လူနည်းနည်းပဲရှိတာလေ.. အဲ့ဒီရုံရဲ့ ငါးပုံတစ်ပုံတောင် လူကမရှိဘူး… အဲဒီမှာအလုပ်လုပ်ပြီး ရုပ်ရှင်ပြခဲ့တဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်… အဲဒီနေ့က ဘယ်သူမှလည်းအိမ်မှာမရှိဘူး…ငါကျောင်းဆင်းတော့ စာမဖတ်ချင်တော့တာနဲ့ အဲဒီကိုသွားဖို့ဆုံးဖြတ်လိုက်တာ...”

“ မင်းကြည့်ခဲ့တာကိုမှတ်မိလား ”

“ ငါမမှတ်မိတော့ဘူးလေ…ဒါပေမယ့်အဲ့ဒါက ကြောက်စရာဇာတ်ကားတော့မဟုတ်ခဲ့ပါဘူး”

ရှန့်ဖန်းယွိ ကအခိုင်အမာပြောလိုက်သည်။

ကျန်းရွှိ မနေနိုင်၍ ရယ်မောလိုက်သည်။ ခဏကြာသောအခါ သူသည် ရုတ်တရက်မတ်တပ်ထရပ်ပြီး ရှန့်ဖန်းယွိ၏ နောက်သို့သွားကာခါးစည်းကို ဖြည်လိုက်သည်။

“ မင်းဘာလုပ်နေလဲ…မီးဖိုချောင်ထဲကစားချင်နေတာလား..."

ရှန့်ဖန်းယွိကသူ့အား ကျီစယ်လိုက်သည်။ 

ကျန်းရွှိ ကသူ့အား မျက်စောင်းထိုးကြည့်ကာခါးစည်းကို ဆွဲချွတ်လိုက်သည်။

“မချက်နဲ့တော့…ခေါက်ဆွဲပြုတ်ဗူးတွေသွားဝယ်ရအောင်..."

“ ဘာ…”

“အကယ်၍ ငါတို့တွေ ဒီနေ့ညမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ညကလိုမျိုးလုပ်ကြမယ်ဆိုရင် ငါတို့မနက်ဖြန်ကိုလည်း အဲ့ဒီစာမေးပွဲလိုပဲ အဆင်ပြေပြေနဲ့ကျော်ဖြတ်နိုင်လိမ့်မယ်..."

ရှန့်ဖန်းယွိခမျာ သူ၏စကားများကြောင့် အံ့အားသင့်သွားကာ သူ၏မျက်လုံးများပင် မျက်တောင်တဖျတ်ဖျတ်ခတ်သွားခဲ့သည်။

ခဏအကြာတွင်သူသည် သူ၏လက်ကိုခြောက် အောင်သုတ်လိုက်ပြီး ကျန်းရွှိ၏လက်ကိုကိုင်လိုက်သည်။

“ ဟုတ်ပြီလေ…တစ်ခါလောက် အယူသီးပြီး ခေါက်ဆွဲဗူးတွေချက်ချင်းသွားဝယ်သွားကြမယ်”

နောက်တစ်နေ့ခွဲစိတ်ခန်းထဲသို့သွားမည့်ဆရာဝန်နှစ်ဦးသည် ယခုအနားယူကာ အသင့်စားခေါက်ဆွဲဗူးနှစ်ဗူးကိုအတူတူ ထိုင်စားခဲ့ကြသည်။ ခေါက်ဆွဲဗူး၏အမွှေးအကြိုင်နံ့များကြားတွင် ဟာသရုပ်ရှင်ကိုလည်းအတူတူကြည့်ခဲ့ကြသေးသည်။

ဖိအားများလွန်းသောကြောင့်လည်းကောင်း သို့မဟုတ်ထိတ်လန့်ဖွယ်ရုပ်ရှင်များသာ အမြဲကြည့်ခဲ့သောကြောင့်သော်လည်းကောင်း ယခုဟာသရုပ်ရှင်အတူတူကြည့်ခဲ့ကြခြင်းသည် ခံစားချက်မတူညီကြပေ။ သူတို့သည် စိတ်အေးလက်အေးရယ်မောနေကြကာအလွန်သက်သောင့်သက်သာရှိနေကြသည်။

သူတို့သန့်ရှင်းရေးလုပ်ပြီးနောက် ညဘက်လှဲအိပ်ကြသောအခါ ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ဆံမြိတ်များကို ပွတ်သပ်ကာ ပြောပြလိုက်သည်။

 “မင်းပြုံးတာကို မြင်ရတာ ဒီတစ်ခါပထမဆုံးပဲ...”

ကျန်းရွှိကသူ၏ နှုတ်ခမ်းထောင့်များကိုအနည်းငယ်ကွေးတက်စွာပြုံးလိုက်ပြီး စကားပြန်မပြောပေ။

ရှန့်ဖန်းယွိကသူ့အားကြည့်ပြီး သူအသံတိတ်နေသည်ကိုမြင်သောကြောင့် လက်ချောင်းထိပ်များကိုထပ်မံနမ်းလိုက်၏။

 “ မင်းဘာတွေစဉ်းစားနေတာလဲ ”

ကျန်းရွှိ၏လက်သည် သူ၏ဗိုက်ပေါ်တွင်ရှိနေကာ သူသည် ချက်ချင်းပြန်မဖြေခဲ့ပေ။ အချိန်တခဏမျှကြာမြင့်သွားပြီးနောက်သူသည် ရှန့်ဖန်းယွိ အား ပြောလိုက်သည်။

“ ကလေးကို မနက်ဖြန်တွေ့ကြရအောင်လို့ ပြောလိုက်အုံး.."

“ ဟုတ်ပြီ” 

ရှန့်ဖန်းယွိ သည် ထထိုင်ကာ ကျန်းရွှိ၏စူထွက်နေသောဗိုက်ပေါ်သို့နမ်းလိုက်ပြီး ကြင်နာယုယသောအသံဖြင့် 

“ မနက်ဖြန်တွေ့ကြမယ်နော်...”

ထိုစကားသည် အမြဲ ကြေးများတတ်သောမိန်းကလေးငယ်အား မျော်လင့်ချက်ရှိစေကာ ထိုညတွင်လည်း သူမသည်ထူးထူးခြားခြားနားလည်မှုရှိခဲ့ပြီး ကျန်းရွှိ ၏အိပ်စက်ခြင်းကိုမနှောင့်ယှက်ခဲ့ပေ။

ကျန်းရွှိကသူသည် ယနေ့တွင်လည်း အိပ်မပျော်ခြင်းကိုခံစားရလိမ့်မည်ဟုထင်ခဲ့သော်လည်း ပြီးခဲ့သည့်လကညတိုင်းထက် ပို၍ ငြိမ်းချမ်းစွာအိပ်ခဲ့ရသည်။ ညကရှန့်ဖန်းယွိအိပ်မပျော်နိုင်ခဲ့သည်ကိုပင် သတိမထားမိပဲသူသည်လျင်မြန်စွာအိပ်ပျော်ကာ အလွန်နှစ်ခြိုက်စွာပင်အိပ်ပျော်သွားခဲ့သည်။

နံနက်စောစောတွင် စီစဉ်ထားသောကားသည် သူ့ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ခွဲစိတ်ခန်းမဝင်မီ အစာရှောင်ခြင်းနှင့် ရေမသောက်ရခြင်းကြောင့် ကျန်းရွှိမှာ အနည်းငယ်အားနည်းနေလေသည်။

ခွဲစိတ်ခန်းမဝင်မီ ကြိုတင်စစ်ဆေးမှုခံယူပြီးနောက် သူသည်အဝတ်အစားများနှင့်ဖိနပ်များကိုလဲဝတ်လိုက်ကာ ပထမဆုံးအကြိမ် လူနာအဖြစ် ရှန့်ဖန်းယွိတစ်ယောက်ကိုသာ အရင်တွေ့ရန်အတွက် ခွဲစိတ်ခန်းထဲသို့ ၀င်ရောက်ခဲ့သည်။

“ အခြားသူတွေဘယ်မှာလဲ...” ကျန်းရွှိကမေးလိုက်သည်။

ရှန့်ဖန်းယွိက ဖြေလာ၏။ 

“ သူတို့နောက်မှလာကြမှာ...” 

“ မင်းအရင်ဆုံးလှဲနေလို့ရတယ်နော် ”

သူသည် ကျန်းရွှိအားသူကြိုတင်တပ်ဆင်ထားသည့်လိုက်ကာအကန့်နှင့် ပတ်သက်၍ ကူပေးလိုက်သည်။သူ၏ ဦးခေါင်းပေါ်တွင် ဗီဒီယိုဖွင့်သည့်စက်ငယ်ကိုလည်း ချိန်ညှိတပ်ဆင်ပေးခဲ့သည်။ ထိုစက်သည် ကျန်းရွှိ၏တောင်းဆိုမှုဖြစ်သည်။ သူသည် ခွဲစိတ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကိုပြန်လေ့လာရန်မျှော်လင့်ခဲ့သည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိထိုကဲ့သို့သောမြင်ကွင်းကိုပြန်ကြည့်သောအခါ စိတ်ဖိစီးမှုရရှိမည်ကိုစိုးရိမ်ခဲ့သည်။သို့သော် ကျန်းရွှိ က ဆိုလာ၏။

“ အကယ်၍ မင်းကြည့်ရဲရင် ငါလည်းကြည့်ရဲတယ်...”

“ဒီရှုထောင့်ကအဆင်ပြေရဲ့လား..” သူမေးလိုက်သည်။

ကျန်းရွှိက ခေါင်းညိတ်ပြသည်။

ရှန့်ဖန်းယွိ ကသူ့အား လက်ကိုမြှောက်ပြီး လက်မ ထောင်ပြကာ…“ ဒီအမူအယာက ခေတ္တရပ်နားတာကိုဆိုလိုတာ...” 

သူကထပ်၍ လက်မအောက်စိုက်ပြကာ

“ ဒီအမူအယာက မင်းမှာပြောစရာတစ်ခုရှိသေးတယ်လို့ ဆိုလိုတယ်...”

မတော်တဆမှုများကိုကာကွယ်ရန် သူတို့သည်လုပ်ငန်းစဉ်တစ်လျှောက်လုံးအောက်စီဂျင်ပိုက်တပ်ရန်ပြင်ဆင်ခဲ့ကြသည်။အောက်ဆီဂျင်မျက်နှာဖုံးသည် ကျန်းရွှိ စကားပြောဆိုခြင်းကို ခက်ခဲစေလိမ့်မည်။ ထို့ကြောင့် ရှန့်ဖန်းယွိ သည်ထို အချက်ပြနည်းများကို စဉ်းစားခဲ့သည်။ 

"ခွဲစိတ်နေတဲ့ အချိန်အတွင်း ခွဲစိတ်တာနဲ့ပတ်သက်ပြီးတမင်းရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီးဖြစ်ဖြစ် တစ်ခုခုမှားနေတာမျိုးခံစားရရင် ဒါမှမဟုတ် မင်းတစ်ချို့အချက်တွေကိုသတိပြုမိခဲ့တာမျိုး ဒါမှမဟုတ် ဗိုက်အတွင်းသားကိုခွဲပြီးတဲ့ပြီးနောက် အခြေအနေထူးခြားလာလို့ပဲဖြစ်ဖြစ်..ငါနဲ့ ခွဲစိတ်နေတာကို ညှိနှိုင်းဖို့ ပြန်ဆွေးနွေးချင်ရင် မင်းအချိန်မရွေးငါ့ကို ကြားဖြတ်ပြောလို့ရတယ်နော်…"

ကျန်းရွှိသည် သဘောတူညီကြောင်း အသံပေးလိုက်သည်။ သူသည် အချိန်တစ်ခုထိစောင့်နေပြီးနောက် ရှန့်ဖန်းယွိသည်လည်း သူ၏အနားတွင် ရပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်။သူသည် ခေါင်းပေါ်မှ ဗီဒီယိုဖွင့်စက်ကိုအရက်ပြန်ဖြင့်သုတ်လိမ်းပြီး ထပ်ခါတလဲလဲပွတ်သပ်နေသည်။ ပိုးသတ်ရန်သုံးနေသည်လား သို့မဟုတ်သူ၏နှာခေါင်းကိုအရက်ပြန်နံ့ဖြင့်မွှန်နေစေရန် တမင်လုပ်နေသည်လားပင် မသိတော့ပေ။

ကျန်းရွှိ နှစ်ကြိမ်တိုင် ချောင်းဟန့်ခဲ့သည်။ကိုယ်ဝန်ဆောင်ချိန်တွင်အတက်အကျရှိသော ဟော်မုန်းများကသူ့ကိုအနည်းငယ်စိတ်မရှည်ပဲ ဒေါသထွက်စေသည်။ 

"မင်းဘာတွေ အချိန်ဆွဲနေတာလဲ…မင်း လုပ်မှာလား မလုပ်ဘူးလား..."

အလွန်ထူးဆန်းသည်။

ထိုစကားသည်သူတို့တစ်ဦး နှင့်တစ်ဦး မတည့်သည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ခံစားရသည်။ရှန့်ဖန်းယွိ ၏နှလုံးသားထဲတွင်တုန်လှုပ်နေသော စိတ်လှုပ်ရှားမှုကရုတ်တရက်ပျောက်ကွယ်သွားသည်။ သူသည် ဟာသပင်လုပ်ပြောနိုင်သွားခဲ့၏။

“ မကြောက်ပါနဲ့…ငါ့ရဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံတွေနဲ့ တိုင်တည်ပြီး ကတိပေးတယ်…မင်းခွဲစိတ်ကုတင်ပေါ်ကနေ အသက်ရှင်လျက်ပြန်မဆင်းနိုင်ရင် ငါကိုယ်တိုင်မင်းအတွက် အုတ်ဂူဝယ်ပေးမယ်..."