အပိုင်း ၁၂၂ (End)
Viewers 32k

🧑‍⚕️Chapter 122[End]




ကျန်းရွှိ သူ၏ခေါင်းကို ဘေးဘက်သို့လှည့်လိုက်၏။

“ ဘယ်သူကကြောက်နေလို့လဲ...”

မင်းမကြောက်ဘူးလို့ပြောနေသမျှကာလပတ်လုံးငါလည်းမကြောက်ဘူး…။

ကျန်းရွှိ ၏ မျက်နှာပေါ်မှ လုံခြုံနေသောအောက်စီဂျင်မျက်နှာဖုံးကြောင့် သူ၏အသံမှာ ရေရွတ်နေသံသကဲ့သို့ဖြစ်နေသည်။

ခွဲစိတ်ခန်းရှိ ကင်မရာကိုမဖွင့်မီ.. ဒေါက်တာရှန့်၏မျက်လုံးထဲတွင်ရှိနေသမျှသည် နက်ရှိုင်းသောချစ်ခြင်းမေတ္တာများဖြစ်သည်။

“ ငါအခုမင်းကိုနမ်းလို့မရဘူး…ဒါပေမယ့်ငါမင်းနဲ့အတူရှိနေမှာပါ …ကျန်းရွှိ..ဒီကလေးကို ဧပြီဖူးလ်နေ့မှာမွေးပေမယ့် ငါ့ကိုယုံကြည်ပါ…ငါနောက်နေတာမဟုတ်ပါဘူး...”

စကားပြောပြီးနောက် သူသည် အသက်ပြင်းပြင်းရှူကာ ဗီဒီယိုနှင့်အသံသွင်းခလုတ်များကိုနှိပ်ပြီးနောက် အခန်းထဲမှထွက်သွားခဲ့သည်။

“ ပိုးသန့်ဆေးနှင့်မေ့ဆေးများအတွက်ပြင်ဆင်ပါ...”

သူပြန်လာသည့်အခါ ခွဲစိတ်အဖွဲ့သည်နေရာတွင်ရှိနေပြီး ရှန့်ဖန်းယွိ ၏မျက်နှာက မျက်နှာသေ ဖြစ်နေသည်။

အပြာရောင်ခွဲစိတ်ခန်းခေါင်းစွပ်သည် သူ၏ဆံပင်ကိုဖုံးထားသည်။ ဆေးကြောထားသောလက်များကို မြှောက်ထားပြီး ကျန်းရွှိ၏အကြည့်အောက်တွင် သူနာပြုအား သူ၏အနောက်မှ ခွဲစိတ်ဝတ်စုံ၏ကြိုးကို ချည်နှောင်ပေးရန်စောင့်နေခဲ့သည်။

သူသည် အဖြူရောင်ဆေးလက်အိတ်များကိုဝတ်၍ သူ၏လက်များကိုခေါက်တင်ထားကာ ခါးထုံးကိုဖြည်ချထားသည်။ ညာဘက်ခါးစည်းကို သူနာပြုအားကမ်းကာ လှည့်လိုက်ပြီး နောက်ကျောသို့ပတ်ကာလိုက်သည်။ထို့နောက် သူ၏ရင်ဘတ်ရှေ့တွင်ကြိုးထုံးကိုဖြည်းဖြည်းချင်းချည်လိုက်သည်။

သူ၏ မရေမတွက်နိုင်သောအကြိမ်များစွာ ပြုလုပ်ခဲ့သောလှုပ်ရှားမှုများမှာ ယခုအချိန်တွင် ကျွမ်းကျင်နေပုံရပြီးအခြားအချိန်များနှင့်ထွေထွေထူးထူး ကွဲပြားခြားနားနေခြင်းမရှိပေ။

ရှန့်ဖန်းယွိ သည်ခွဲစိတ်ခန်းစားပွဲရှေ့သို့ လျှောက်လာပြီး
ပိုးသတ်ထားသော ပုဝါများထားသည့်နေရာသို့ကြည့်လိုက်သည်။ အပြာနုရောင်နှာခေါင်းစည်းအောက်တွင်သူအသက်ပြင်းပြင်းရှူလိုက်၏။

ပုဝါကာထားသော ဧရိယာသည် အလွန်ကျယ်နေသော
ကြောင့် သူသည် ထိုရှုထောင့်မှနေ၍ ကျန်းရွှိ၏မျက်နှာအား မမြင်ရပေ။

ထို့ကြောင့်သူသည် မျက်လွှာချလိုက်ကာ ခွဲစိတ်ဓားငယ်ကိုကောက်ယူလိုက်သောအချိန်တွင် လုံးဝအေးဆေးတည်ငြိမ်သောခွဲစိတ်ဆရာ၀န်ဖြစ်သွားခဲ့သည်။

ချွန်ထက်သော ခွဲစိတ်ဓားငယ်သည်သူချစ်ရသူ၏ခန္ဓာကိုယ်ကို တစ်လွှာပြီးတစ်လွှာ လှီးဖြတ်နေကာ ညွှန်ကြားချက်များသည်လည်း တစ်ခုပြီးတစ်ခု ဆက်လက်ထုတ်ပြန်နေသည်။

“ သန္ဓေသားကို ဖယ်ရှားဖို့ပြင်ဆင်ပါ...”

“ ရေအိတ်ထဲကအရည်တွေနဲ့ အမြှေးပါးအကြွင်းအကျန်တွေကိုရှင်းလိုက်ပါ..."

“ သားအိမ်လမ်းကြောင်း တိုလာကို အတည်ပြုပါ...”

“ ဝမ်းဗိုက်အတွင်း စမ်းသပ်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားပါ...”

“ကိုယ်တွင်းအင်္ဂါအားလုံး အခြေအနေကောင်းပြီးဖယ်ရှားဖို့အဆင်သင့်ပါပဲ...”

ရှန့်ဖန်းယွိ ၏လက်သည် အလွန်ကို ပုံမှန်ဖြစ်နေခဲ့သည်။

ကျန်းရွှိ ၏အရေးကြီးသောလက္ခဏာများမှာလည်း အလွန်တည်ငြိမ်နေခဲ့သည်။

သူသည်စကရင်ပေါ်ရှိရင်းနှီးပြီးသားခွဲစိတ်ကုသမှုဆိုင်ရာပုံရိပ်များကို စိတ်အေးစွာကြည့်ရှုခဲ့ပြီး ဒေါက်တာခန်းလုပ်ခဲ့သည့် ခွဲစိတ်မှုနှင့်အကြိမ်ပေါင်းများစွာတိုက်ကြည့်ခဲ့သည်။

ကလေး ငိုသံကိုကြားလိုက်ရသောအခါတွင်မူ သူ၏နှလုံးခုန်နှုန်းမှာ မြန်လာခဲ့သည်။ သူ၏အချက်အလက်အားလုံး အတော်များများ တည်ငြိမ်နေခဲ့သည်။

ကလေးငယ်များစွာကိုမွေးထုတ်ပေးခဲ့ဖူးသော ဒေါက်တာရှန့် သူ၏သမီးကို တစ်ကြိမ်သာကြည့်လိုက်ခွင့်ရပြီး ချက်ကြိုးကိုဖြတ်တောက်ကာ ကျန်းရွှိသို့ ပြန်လည်အာရုံစိုက်ခဲ့သည်။

ငိုသံမှာ အင်မတန်ကျယ်လောင်နေကာ သူမ၏ဆံပင်သည်အလွန်နက်မှောင်ထူထဲနေပြီး အသားအရေမှာလည်း အလွန်ရဲနေကာစိုစွတ်နေသည်။

မွေးကင်းစကလေးငယ်အများစုသည် အရေးအကြောင်းများပေါ်၍ အညစ်အကြေးများ ပေနေလေ့ရှိသော်လည်း သမီးလေးကိုမူ ထိုသို့မထင်ခဲ့ပေ။ ရှန့်ဖန်းယွိက ကျန်းရွှိ၏ အသန့်ကြိုက်သောစိတ်မှာ သမီးလေးဆီသို့ကူးစက်သွားသည်ဟုတွေးကာ အံ့ဩသွားသည်။

သို့သော် ထိုတစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူမသည် ကျန်းမာသန်စွမ်းသော ကလေးတစ်ယောက်ဖြစ်ကြောင်း ရှန့်ဖန်းယွိသိနေသည်။

ဆက်လက်လုပ်ဆောင်နေသော ခွဲစိတ်မှုကိုအနှောင့်အယှက်မဖြစ်စေရန် မွေးကင်းစကလေးဌာနမှ ဆရာဝန်များကသမီးကလေးကို အခြားအခန်းတစ်ခန်းသို့ခေါ်ဆောင်သွားသည်။ ပြင်ဆင်ထားသောအနွေးခန်းကို မသုံးခဲ့ရပဲ သမီးငယ်သည်သူမပတ်၀န်းကျင်တွင် ဆရာဝန်များနှင့်အတူ ကမ္ဘာမြေသို့၀င်ရောက်လာခြင်းကိုနှစ်သက်ပုံရသည်။ သူမ၏ဖခင်များက ခွဲစိတ်ခန်းတွင်ခွဲစိတ်ကုသမှုကိုဆက်လက်အာရုံစိုက်နေဆဲဖြစ်သည်။

ထိုကံကောင်းသော ကလေးငယ်မွေးဖွားလာသည်နဲ့အမျှသူမ၏ဖခင်နှစ်ယောက်ထံ ကံကောင်းခြင်းများသယ်ဆောင်လာခဲ့သည်။

လူတိုင်း၏အံ့အားသင့်စရာကောင်းအောင်ပင် ခွဲစိတ်မှုသည် အလွန်ပင် အဆင်ပြေချောမွေ့စွာပြီးဆုံးသွားခဲ့သည်။ ကျန်းရွှိ ၏အတွင်းပိုင်းကိုယ်တွင်းင်္အဂါများတွင်ကပ်တွယ်နေခြင်းမျိုးများ မရှိသဖြင့် သူ၏ကိုယ်တွင်းအင်္ဂါများ၏အခြေအနေသည် ဒေါက်တာခန်း၏ဗီဒီယိုထဲမှလူနာနှင့်ထပ်တူကျသည့်နီးပါး တူညီနေသည်။

ခွဲစိတ်မှုတစ်ခုလုံးတွင် ကြိုတင်ပြင်ဆင်ထားသည့်ခွဲစိတ်ကုသမှုအစီအစဉ်ကိုပြောင်းလဲရန်ခဲယဉ်းသည်။ အရာအားလုံးအစီအစဉ်အတိုင်းပြီးသွားခဲ့သည်။ တစ်ဆင့်ပြီးတစ်ဆင့် ယုံကြည်မှုအပြည့်ဖြင့်စတင်ခဲ့ကြသည်။ ထိုခွဲစိတ်ကုသမှုသည် ဒေါက်တာခန်း၏ခွဲစိတ်မှုကို နောက်တဖန်ပြီးပြည့်စုံစွာကြိုးစားခဲ့ကြသလိုပင်ဖြစ်သည်။

အခြေအနေများသည် အဆင်ပြေပြေဖြစ်နေပြီး ဒေါက်တာ ရှန့်ဖန်းယွိ ၏ လှုပ်ရှားမှုများသည်လျင်မြန်သောကြောင့် ခွဲစိတ်မှုတစ်ခုလုံးသည်ဒေါက်တာခန်းထက် ပင်ပို၍ မြန်မြန်ဆန်ဆန်ပြီးခဲ့သည်။

ထို အခြေအနေမှာ ခွဲစိတ်ကုသခြင်းမပြုမီ လူတိုင်းစိတ်ကူးမယဉ်ရဲ မမျှော်လင့်ရဲသည့် အခြေအနေမျိုးဖြစ်သည်။

သို့သော် ထိုအဖြစ်ပျက်က အမှန်တကယ်ဖြစ်လာခဲ့သည်။

အချိန်ကြာမြင့်စွာ ရပ်တန့်နေသောနှလုံးသည်နောက်ဆုံးတွင်အနည်းငယ်ပြေလျော့သွားခဲ့သည်။နောက်ဆုံးချုပ်ရိုးချုပ်နေစဉ် ရှန့်ဖန်းယွိသည် ကျန်းရွှိ နှင့်အတူ ပြီးခဲ့သည့်ညက ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်၍ စကားပြောခဲ့ကြသည်ကိုရုတ်တရက်မှတ်မိသွားသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီနှစ်ဝက်တွင်သူအမှန်တကယ် ဖိအားများစွာခံစားခဲ့ရသည်။

သူ အမှတ်များသောသူဖြစ်ရမည်…သူ့အစ်ကိုထက် ပိုဆိုးအောင်မလုပ်သင့် ဟူ၍ သူ့ကိုယ်သူပြောခဲ့သည်။ ထိုအကြောင်းကြောင့် သူနေ့ရောညပါ ကြိုးစားခဲ့သည်။အထက်တန်းကျောင်း စာမေးပွဲမေးခွန်းများစွာကိုဖြတ်သန်းခဲ့ပြီး ပိုမိုများပြားလာသောအခက်အခဲများနှင့်ပတ်သက်၍ မရေမတွက်နိုင်သောယှဉ်ပြိုင်သည့်မေးခွန်းများကိုပါပြုလုပ်ခဲ့သည်။

B မြို့ ရှိအကောင်းဆုံး အထက်တန်းကျောင်းနှစ်ခုအနက်မှတစ်ခုဖြစ်သော အမှတ် ၄ အလယ်တန်းကျောင်းသည် အစမ်းစာမေးပွဲများတွင်ခက်ခဲသည့်အဆင့်ကိုမြှင့်တင်ခဲ့ပြီး ကျောင်းသားများအားတစ်နေ့လုံးညည်းညူ၍ စိုးရိမ်စေခဲ့သည်။

ထိုအချိန်တွင် ကျောင်းသားများကိုစိတ်ဓာတ်လှုံ့ဆော်ရန်အတွက် မရေမတွက်နိုင်သည့် ခက်ခဲသောမေးခွန်းများကို နှစ်နာရီ၊ နှစ်နာရီခွဲကြာမျှစာမေးပွဲများတွင် စမ်းသပ်ခဲ့သည်။ သင်၏ဘ၀သည်ထိုစာမေးပွဲအပေါ်တွင် မှီခိုနေသကဲ့သို့ သင်စဉ်ဆက်မပြတ် ရေးသားနေခဲ့ရမည်။ ခဏတာအာရုံပျံ့လွင့်ခြင်းသည်လည်း မပြီးပြည့်စုံသောစာမေးပွဲဖြစ်သွားစေနိုင်သည်။

သို့သော် ရှန့်ဖန်းယွိ သည်ကောလိပ်ဝင်ခွင့်စာမေးပွဲခန်းတွင်ထိုင်ကာ စာမေးပွဲမေးခွန်းများကို ဖတ်ကြည့်သောအခါအခက်အခဲအဆင့်သည်မှန်သာဖြစ်ကြောင်းတွေ့ခဲ့ရပြီး သူအကြိမ်ထောင်ပေါင်းများစွာလေ့ကျင့်ခဲ့သောမေးခွန်းများပင်ဖြစ်သည်။

သူသည် စာမေးပွဲမတိုင်မီ မရေမတွက်နိုင်သောအတွေးများဝင်လာလေ့ရှိသည်။ အမှတ်အများဆုံးမရခဲ့လျှင်…မေးခွန်းတစ်ခုကိုမှားယွင်းစွာဖတ်ခဲ့မိလျှင်..ဒဿမတစ်နေရာသာလွဲချော်ခဲ့လျှင်… သူမဖြေရှင်းနိုင်သော ပုစ္ဆာနှင့် ကြုံတွေ့ရလျှင်…ခက်ခဲမှုနှုန်းများနေပြီး သူသည် စာမေးပွဲပြီးဆုံးစွာ မဖြေနိုင်ခဲ့လျှင် သူမည်သို့ဖြစ်သွားမည်နည်။

သို့သော် အမှန်တကယ်တွင် ထိုအခြေအနေများ တစ်ခုမှမကြုံခဲ့ရဖူးပေ။

ဘဝတွင် အချိန်အတော်များများသည် ထိုကောလိပ်ဝင်ခွင့်စာမေးပွဲကဲ့သို့ပင် ဖြစ်နေသည်။ များသောအားဖြင့် အခက်ခဲဆုံးအပိုင်းသည်ပြင်ဆင်နေသည့်အပိုင်းဖြစ်ပြီး စမ်းသပ်ရန်အရေးကြီးဆုံးမှာ စာမေးပွဲအတွင်းမှ စိတ်ပိုင်းဆိုင်ရာ ဖြစ်သည်။

ပြင်ဆင်မှုလုံလောက်ပြီး စိတ်ပိုင်းဆိုင်ရာသည်တည်ငြိမ်နေသောအခါ လက်တွေ့စိန်ခေါ်မှု အခိုက်အတန့်သို့ရောက်သည့်အချိန်တွင်စိတ်ကူးထားသကဲ့သို့ခက်ခဲတော့မည်မဟုတ်ပေ။

အမြဲပြင်ဆင်ထားတတ်သူများအတွက် အခွင့်အလမ်းများရှိသည်။

ထိုသို့ အခြေအနေများစွာကိုပြင်ဆင်ခဲ့ပြီး စိတ်လှုပ်ရှားစရာအခြေအနေများကို မရေမတွက်နိုင်အောင်ပင် စိတ်ကူးယဉ်ပြီးနောက်…ရှင်သန်နှင့်သေဆုံးခြင်းအကြောင်းကိုအကြိမ်တစ်ထောင်မက စဉ်းစားပြီးနောက်သူသည် နောက်ဆုံးတွင်အဖြေရှာတွေ့ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှင်းရှင်းလင်းလင်းနှင့်ရိုးရှင်းပြီး မည်သည့်ကြိုတင်ပြင်ဆင်မှုများမှ မလိုအပ်ခဲ့သောကြောင့်ဖြစ်သည်။

အခက်အခဲများကိုမကြောက်တတ်သည့် သတ္တိရှိသူများကိုတခါတရံမျက်နှာသာပေးသည့်အခါ ကောင်းကင်ပေးအပ်သော ကံကောင်းခြင်းဟူသည့်လက်ဆောင်ဖြစ်လာသည်။

ယခု ကျန်းရွှိ နှင့်ရှန့်ဖန်းယွိကဲ့သို့ပင်။

သူ နောက်ဆုံးစာမေးပွဲကိုမှတ်မိနေဆဲဖြစ်သည်။ အဖြေလွှာကို နှစ်ကြိမ်မျှစစ်ဆေးပြီးနောက် စာမေးပွဲပြီးဆုံးရန် ၁၀ မိနစ်မျှ ကျန်သေးသည်။

ပျင်းနေသော ရှန့်ဖန်းယွိသည်ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေခဲ့သည်။ ထိုနွေရာသီနေ့၌ နေရောင်ခြည်သည် စိမ်းလန်သောသစ်ပင်ချုံပုတ်များပေါ်သို့တောက်ပစွာ ကျရောက်နေခဲ့သည်။

စာမေးပွဲအဖြေလွှာများထပ်ရန် အတွက်ခေါင်းလောင်းမြည်လာသောအခါ သူသည် အကြည်ရောင်စာရေးကိရိယာအိတ်နှင့် ၀င်ခွင့်လက်မှတ်ကိုင်ကာ စာမေးပွဲခန်းမှ ထွက်လာခဲ့ပြီး နေရောင်ခြည်ကို စူးစိုက်ကြည့်ကာ ကြိုဆိုခဲ့သည်။

သူ ကော်ရစ်တာတွင် ရပ်နေကာ ပျင်းရိစွာဖြင့် လက်ဆန့်ထုတ်လိုက်သည်။ သူနှင့်ခပ်လှမ်းလှမ်းကော်ရစ်တာတွင်လည်း အမှတ်၆မှကျောင်းသားတစ်ယောက် မှီနေသည်ကို သတိမထားမိပေ။ နေပူဆာလှုံနေကာ အပြင်ဘက်ရှိလမ်းများပေါ်တွင်အလင်းတန်းများနှင့် သစ်ပင်ထိပ်များမှ အရိပ်များကိုကြည့်နေခြင်းဖြစ်သည်။

အမှတ် ၆ အလယ်တန်းကျောင်းနှင့်အမှတ် ၄ အလယ်တန်းကျောင်းမှ ကျောင်းသားများကိုတင်ဆောင်ကြသောဘတ်စ်ကားများက ကားရပ်နားရာနေရာ၏ဆန့်ကျင်ဘက်ဘက်တွင်ရပ်ထားသည်။ တစ်စီးမှာ “ အမှတ်၆ အလယ်တန်းကျောင်းသည်အနိုင်ရမည် ” နှင့်အခြားတစ်စီးတွင်မူ “ အမှတ်၄ အလယ်တန်းကျောင်းသည်အနိုင်ရမည်။ ” ဟူသောဆောင်ပုဒ်များရေးကပ်ထားသည်။

သို့သော်အရေးမပါပေ။

အဘယ့်ကြောင့်ဆိုသော် ထိုညနေခင်းတွင်သူသည် B မြို့ရှိအင်တာနက်ကဖေးဆိုင်တွင် အမှတ်၆ အလယ်တန်းကျောင်းသားတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုမှာ တစ်ဘဝစာဖြစ်ခဲ့သည်။

— — — — -

“ ဒေါက်တာရှန့်…မင်းတော်တော်ကြိုးစားခဲ့တာပဲ...”

“ ကျေးဇူးတင်ပါတယ်… ဒါပေမယ့်မင်းလည်းကြိုးစားခဲ့ပါတယ်”

“ ... ပြီးတော့ လူနာလည်းကြိုးစားခဲ့တာပဲ...” 

ရှန့်ဖန်းယွိ ကသူ၏နာမည်ကိုထုတ်မပြောခဲ့သော်လည်း ထိုစကားအား ထည့်ပြောခဲ့သည်။

 “ဒေါက်တာကြိုးစားခဲ့ပါတယ်...”

သူတို့သည် အဆင်ပြေပြေပြောဆိုဖလှယ်နေကြကာ ဗီဒီယိုအားခေတ္တရပ်ထားခဲ့သည်။ မေ့ဆေးဆရာဝန်က ရှန့်ဖန်းယွိအားပြောပြလာ၏။

“ ဒေါက်တာအရင်ဆုံးအနားယူသင့်တယ်…ဒေါက်တာအဲ့မှာ သုံးနာရီ လေးနာရီလောက်ဆက်တိုက်နေခဲ့တာ.. ကျွန်တော်ဒီကနေအကုန်စောင့်ကြည့်နေတာ..."

ရှန့်ဖန်းယွိ ခေါင်းကိုခါလိုက်ကာ မေ့ဆေးဆရာဝန် အဝတ်အစားများလဲပြီးသည်အထိ ခေါင်းမာစွာဖြင့် ကျန်းရွှိ နှင့်အတူနေခဲ့သည်။ထို့နောက်သူ့အား ICU ထဲသို့လိုက်ပို့ခဲ့သည်။

အမှန်မှာ ကျန်းရွှိ၏အခြေအနေက အလွန်ကောင်းသည်။ လူတိုင်းက သူဝင်စရာမလိုကြောင်း ပြောခဲ့ကြသော်လည်း ဖြစ်ရပ်တိုင်းတွင်ကြိုတင်မမြင်နိုင်သောအခြေအနေများရှိလာတတ်သည်ကို ကာကွယ်ရန်တစ်ညလုံးအတူစောင့်နေခဲ့သည်။

ကျန်းရွှိသည် ဆေးရုံအိပ်ရာပေါ်တွင် အနည်းငယ်ပင်ပန်းနေသည်။ လူများမရှိတော့သည့်အချိန်တွက် ရှန့်ဖန်းယွိ ကသူ၏အိပ်ရာဘေးတွင်ထိုင်ကာ IV Drip ချိတ်ထားသောလက်ကိုကိုင်ထားသည်။

"သမီးလေးကိုတွေ့လား…သူကအရမ်းလှတာပဲ..."

ကျန်းရွှိ သည် သူမကို သူ့မျက်လုံးများနှင့် မမြင်ရသေးပေ။ သို့သော် ရှန့်ဖန်းယွိကသူ့အတွက် ပြင်ဆင်ပေးထားသော စကရင်မှတစ်ဆင့်သမီးလေးပေါ်လာကာ သူ၏ခန္ဓာကိုယ်မှ ထွက်သွားချိန်တွင် သူမြင်ခဲ့လိုက်ရသည်။

သူ သမီးလေး ကိုအမှန်တကယ်ပင်တွေ့ချင်နေသည်။သို့သော် ယခုအချိန်တွင် မသင့်တော်ပေ။

ကျန်းရွှိ၏မျက်လုံးများတွင် ၀မ်းနည်းပူဆွေးမှုကိုသတိပြုမိသောအခါ ရှန့်ဖန်းယွိကပြောလာသည်။

“မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေလည်း အရမ်းလှတယ်"

"ကျစ်…မင်းလိုမျိုး သူများချီးမွမ်းတာ တစ်ခါမှမကြားဖူးဘူး...." ကျန်းရွှိကပြုံးရင်းပြန်ဖြေသည်။

သူ၏မျက်လုံးများတွင်အပြုံးတစ်ခုကိုတွေ့ရသောအခါ ရှန့်ဖန်းယွိ သူ၏လက်ကိုကိုင်ပြီး မျက်နှာကိုပွတ်သပ်လိုက်သည်။ 

"ဒီမနက်ပဲ ကျန်းချန်က အိမ်ကိစ္စတွေကိုအပြီးသတ်ပြီးပြီလို့ပြောလိုက်တယ်… မင်းမှာအားရှိရင်တော့ ကြမ်းခင်းအစီအစဉ်တွေကိုစကြည့်လို့ရတယ်...."

ကျန်းရွှိ သည်ညင်ညင်သာသာဖြင့် "အင်း" ဟုသာအသံပြုခဲ့သည်။

ဧပြီလပထမနေ့တွင် ငှက်ကလေးများသည်ချိုမြိန်စွာသီဆိုခဲ့ကြသည်။

မွန်းလွဲပိုင်း ၂ နာရီခန့်တွင် နေရောင်သည်အလွန်တောက်ပနေကာ သစ်ပင်ထိပ်များမှ အရောင်စုံရွှေမှုန်များတလက်လက်တောက်ပနေသကဲ့သို့ဖြစ်နေသည်။

ရှန့်ဖန်းယွိက "နောက်ထပ်နှစ်လအတွင်းမှာပန်းတွေပွင့်လာလိမ့်မယ်….သမီးလေးကိုရုက္ခဗေဒဥယျာဉ်ထဲခေါ်သွားလို့ရတယ်..."

ရှန့်ဖန်းယွိကစနောက်နေသည်။

"ဆောင်းဦး ရာသီရောက်ရင် သူ့ကိုဓာတ်ပုံရိုက်ဖို့ဆေးဘက်ဆိုင်ရာတက္ကသိုလ်ရဲ့ ခေါင်ရန်းပင်တွေဆီခေါ်သွားမယ်…ဆောင်းရာသီမှာ ရောက်ရင် ဆီးသီး ဥယျာဉ်ကိုသွားလို့ရတယ်…ဒါပေမယ့် သမီးလေးကို ဆီးသီး ဥယျာဉ်ဆီတော့ မပို့တော့ပါဘူး...." 

ကျန်းရွှိ ကသူ့အားစူးစိုက်ကြည့်လိုက်စဉ် ရှန့်ဖန်းယွိကသူ့အားဆက်ပြောသည်။

"သမီးလေးက နောက်နှစ်နွေဦးမှာ တစ်နှစ်ပြည့်တဲ့အခါ သူ့ကို အဝါရောင်မုန်ညင်းပင်တွေနဲ့ ရွှေရောင်လယ်ကွင်းတွေကိုကြည့်ဖို့ခေါ်သွားမယ်…ငါကပစ္စည်းကိရိယာတွေကိုသယ်မယ်…မင်းကသူ့ရဲ့ပုံတွေကိုရိုက်.. အဲ့ဒါကစတူဒီယိုမှာ ရိုက်တာထက်ပိုကောင်းလိမ့်မယ်...."

"ငါတိုတွေဓာတ်ပုံတွေအများကြီးရိုက်ပြီး အိမ်မှာချိတ်ထားရမယ်…အယ်လ်ဘမ်တွေလည်းလုပ်ရမယ်"

"ပြီးတော့ငါတို့သမီးလေးနဲ့အတူ ပိုကြီးပိုကောင်းတဲ့အိမ်မှာနေပြီး ပိုပြီးပျော်ရွှင်ပိုပြီးပြည့်စုံတဲ့ဘ၀ကို အတူတူနေထိုင်ကြမယ်"

တစ်နှစ်တွင် ရာသီလေးရာသီနှင့်ဘဝတွင်ပျော်ရွှင်မှုလေးခုရှိသည်။

လှပ၍ ခမ်းနားထည်ဝါသောအိပ်မက်သည် အဆုံးမဲ့ ကြင်နာယုယမှုများနှင့်ပြည့်နှက်နေသည်။ ကျန်းရွှိသည် သူ၏မျက်လုံးများကိုပိတ်လိုက်သည်။

" ဒါက ဒေါက်တာရှန့် ငါ့အတွက်ရေးပေးတဲ့ဆေးညွှန်းလား..."

"အင်းဟုတ်တယ်..”

ဒေါက်တာရှန့်၏ အသံသည် အလွန်နူးညံ့နေသည်။

 "ဒါပေမယ့်အရေးအကြီးဆုံးစကားပျောက်နေတယ်..."

"ဒေါက်တာကျန်း…..ငါမင်းကိုချစ်တယ်..."



             "ပြီးပါပြီ"
             Main story ပြီးပါပြီ extra 10 ပိုင်းကျော်ကျန်ပါဦးမယ် 🥰