🧑⚕️Chapter 123
ကလေးမွေးပြီးသည့်နောက် ပထမဆုံးလတွင်မိသားစုအများစုသည်သူတို့၏ကလေးများကို အိပ်ရေးဝရန်နှင့်အစားကောင်းကောင်းစားရန်ပျိုးထောင်ပေးကြလိမ့်မည်။
သို့သော်လည်း သမီးလေး၏ပထမဆုံးလတွင် အိပ်ရေးဝဝအိပ်ခြင်းနှင့်အစာကောင်းကောင်းစားခြင်းတို့အပြင် အင်္ဂလိပ်စာလည်းစတင်နားထောင်နေရပြီဖြစ်သည်။
ကျန်းရွှိမီးမဖွားမီတွင် ကျန်းချီသည်သူတို့ငှားရမ်းထားသော ကလေးထိန်း ပေါင်းညန်ကိုစုံစမ်လေ့လာခဲ့ပြီး လျှို့ဝှက်သဘောတူညီချက်စာချုပ် လက်မှတ်ထိုးခိုင်းခဲ့သည်။ ခွဲစိတ်မှုအပြီးတွင် ကျန်းချီသည် ပေါင်းညန်အားသူတို့၏ဆင်ခြေဖုံးနေအိမ်သို့ ကိုယ်တိုင်ခေါ်သွားပေးခဲ့သည်။
ပေါင်းညန်ကစကားသိပ်မပြောခဲ့ပေ။ သို့သော် သမီးလေးကိုဂရုစိုက်သည့်အချိန်ဖြစ်စေ…လူနာ ပြန်၍နာလန်ထူရန်အတွက်အစားအစာပြင်ဆင်နေသည့်အချိန်ဖြစ်စေသူမ၏အလုပ်တွင်အလွန်စဉ်းစဉ်းစားစားလုပ်ပေးတတ်သည်။
ကျန်းရွှိ ဆေးရုံမှဆင်းပြီးနောက်ဆရာဝန်နှစ်ဦးမှာ လက်တွဲဖြုတ်ကြကာ သူတို့၏စာတမ်းအတွက် အူယားဖားယား ခြေလှမ်းစတင်ကြတော့သည်။
ရှန့်ဖန်းယွိသည် ကလေးကိုဂရုစိုက်ခြင်းနှင့်စာတမ်းရေးသားခြင်းဖြင့်သာ သူ၏နေ့ရက်များကိုကုန်ဆုံးခဲ့သည်။သူသည်ကားကွန်ပျူတာနှင့် စာတတောက်တောက် ရိုက်နှိပ်ခဲ့ပြီး အပိုင်းတစ်ပိုင်း ပြီးသွားသည့်အခါတိုင်း ကျန်းရွှိအားဖတ်ပြလိမ့်မည်။ မီးဖွားပြီးကာစ လူနာသည် စကရင်ကိုအချိန်ကြာကြာကြည့်လျှင် မျက်စိများအားနာကျင်စေသောကြောင့် ကျန်းရွှိသည်သူ၏မျက်လုံးများကိုပိတ်ပြီးရှန့်ဖန်းယွိပြောသည်ကိုသာနားထောင်ခဲ့လိမ့်မည်။ထို့နောက် သူတို့နှစ်ဦးသည် စာတစ်ကြောင်းချင်းစီ ဆွေးနွေး၍ ပြန်ပြင်ခဲ့ကြမည်။
ကလေးလေး နိုးလာသည့်အခါတိုင်း ပေါင်းညန်က သူမအား ဖခင်နှစ်ဦးနှင့်ကစားရန် ခေါ်ဆောင်သွားပေးလိမ့်မည်။ ကျန်းရွှိ၏ချုပ်ရိုးနှင့်ခန္ဓာကိုယ်သည် ပြန်လည်နာလန်ထူကာစ အချိန်တွင်သာရှိနေဆဲဖြစ်သောကြောင့် သူသည် ကလေးကိုကြာမြင့်စွာမချီထားရဲပေ။ များသောအားဖြင့်ကလေးကို သူ၏လက်မောင်းများထဲတွင် ခဏတာသာချီထားပြီးနောက် ရှန့်ဖန်းယွိထံသို့ ပြန်လွှဲပေးတတ်သည်။
သမီးလေးမှာမျက်ဝန်းကြီးများရှိကာ တကိုယ်လုံးလည်းသေးငယ်၏နူညံ့ပျော့ပျောင်းနေသည်။ ရှန့်ဖန်းယွိသည် ကျန်းရွှိအား စာတမ်းဖတ်ပြနေစဉ် သမီးလေး၏ သေးငယ်သော လက်ကလေးများနှင့်ဆော့ကစားနေတတ်သေးသည်။
သို့သော်မကြာမီတွင် သမီးလေး သည်ဆက်လက်၍ မသည်းခံနိုင်တော့ဟုထင်ရသည်။ သူမမှာ နောက်ဆုံး အိပ်မော မကျခင်ထိ သူမ၏မျက်လုံးများကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေခဲ့သည်။ ကျန်းရွှိသည် ယခင်ကဆိုလျှင် ကလေးက အလွန်ဂနာမငြိမ်ဖြစ်ကာ အိပ်ချင်လိမ့်မည်မဟုတ်ဟု စိုးရိမ်ခဲ့သော်လည်း သူမအိပ်ပျော်စေရန် ချော့မြူရခြင်းနှင့်ပတ်သက်၍ တစ်ခါမျှ စိတ်ပူစရာမလိုခဲ့ပေ။
ထိုသို့ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ပြီးနောက် ကျန်းရွှိ မနေနိုင်ပဲ အခြားအမြင်တစ်မျိုးမှ စိတ်ပူနေပြန်သည်။
"ကလေးက ဘာလို့ အင်္ဂလိပ်စာကိုကြားတာနဲ့ အိပ်ချင်နေရတာလဲ… သူက အနာဂတ်မှာ အင်္ဂလိပ်စာမလေ့လာချင်ဘူးဆိုရင်ရော...”
ရှန့်ဖန်းယွိသည် ကလေးကိုချီလိုက်ပြီး သူမ၏ အိပ်ပျော်နေသော မျက်နှာလေးကိုကြည့်ကာ ပြုံးလျက်…
“သူတကယ် မသင်ယူချင်ဘူးဆိုရင် လည်း သူသင်စရာမလိုအပ်ပါဘူး….သူပျော်ရွှင်နေဖို့ပါပဲ...”
ကျန်းရွှိကသူ့အားကြည့်လိုက်သောအခါ ရှန့်ဖန်းယွိက ချက်ချင်းပြုံးလိုက်၏။
“ မင်းမှန်ပါတယ်…သူကအင်္ဂလိပ်စာသင်ယူဖို့လိုတယ်…အင်္ဂလိပ်စာတင်မဟုတ်ပါဘူး….ဂျာမန်၊ ပြင်သစ်၊ဂျပန်၊ အီတလီ၊ စပိန်ရောလေ… တစ်ခုမှ လက်လွတ်ခံလို့မရပါဘူး..”
ဟောက်သံထွက်ကာပင် အိပ်ပျော်နေသော သမီးလေးသည် ရုတ်တရက် အန္တရာယ်အချို့ကို အာရုံခံစားလိုက်ရသကဲ့သို့ အိပ်မောကျနေရာမှနိုးလာသည်။
သူမ၏ကြီးမားဝိုင်းစက်နေသော မျက်လုံးများမှာနိုးနိုးကြားကြားရှိလာပြီး ရုတ်တရက်အသံအကျယ်ကြီးနှင့်ထအော်၍မငိုခင် ရှန့်ဖန်းယွိအား ငေးကြည့်နေခဲ့သေးသည်။ မွေးကင်းစကလေးငယ်တစ်ဦး အနေဖြင့် သူမသည်မျက်ရည်များမထွက်ဘဲသာ အော်ဟစ်ငိုကြွေးနိုင်သော်လည်း သူမ၏မကျေနပ်မှုများနှင့် ပတ်သက်၍ စိတ်ထွက်ပေါက်ရှာခြင်းအား မရပ်တန့်နိုင်ပေ။ သူမ တစ်ခါငိုတိုင်း ကျန်းရွှိအား စိတ်သောကဖြစ်ကာပူပန်မိစေသည်။
“ သူဘာဖြစ်တာလဲ…သူအနှီးပြောင်းဖို့လိုလို့လား..."
ကျန်းရွှိ အိပ်ရာပေါ်မှ အလျင်အမြန်ထလာလေသည်။
“ နေနေ… မလှုပ်နဲ့…မင်းလှဲနေပါ… ငါဂရုစိုက်လိုက်မယ်...”
ရှန့်ဖန်းယွိကလည်း သူ့အား လျင်မြန်စွာတားလိုက်သည်။.
သို့သော်အခြားသူများ၏ ကလေးများနှင့်သူတို့၏ကလေးက လုံးဝကွဲပြားခြားနားသည်။ ကလေးငယ်များကို ချော့မြူရာတွင်အနည်းငယ်ပါရမီရှိသော်လည်း သူ၏သမီးငိုသံကိုကြားရသည့်အခါတွင်မူ ရှန့်ဖန်းယွိ သည် မထိန်းနိုင်ပဲ ထိတ်လန့်တုန်လှုပ်ကာ ပျာယာခတ်သွားတတ်သည်။
သူသည် သမီးလေးအား ကလေးအစား စားသည့်နေရာတွင် အမြန်ထားကာ အနှီးယူရန် အပြေးသွားခဲ့သည်။သို့သော်သမီးလေး၏အော်ငိုသံများသည် အထိတ်တလန့်ပင်ဖြစ်နေကာ ပို၍ပင် ကျယ်ကျယ်လာသည်။ ရှန့်ဖန်းယွိ ၏လက်များမှာ တုန်နေကာ စားပွဲပေါ်တွင်စုပုံထားသောကလေးပစ္စည်းများအား မတော်တဆတိုက်ချမိသွားသည်။
ကျန်းရွှိ-“ ... ”
ကံကောင်းထောက်မစွာနှင့် ပေါင်းညန်သည် နားပါးသောကြောင့် သူမ၏တည်ထားသော နွားနို့ကိုမေ့ကာ ပရမ်းပတာဖြစ်နေသော အခန်းအား ထိန်းသိမ်းရန် ထိုနေရာသို့အလျင်အမြန်ရောက်သွားခဲ့သည်။
“ အစ်မပေါင်း ...အစ်မရဲ့ကြိုးစားမှုတွေအတွက်ကျေးဇူးပါ...” ရှန့်ဖန်းယွိသည် သူမထံမှ အချော့ခံထားရပြီးသော သမီးလေးအား အပြစ်ရှိစိတ်နှင့် သတိကြီးစွာ ပြန်ယူ၍ ချီလိုက်သည်။
“ ရပါတယ်…ကျမလုပ်ရမယ့် အလုပ်တွေပဲဟာ...”
ပေါင်းညန်သည်မျက်နှာပေါ်တွင်အေးဆေးတည်ငြိမ်နေသည်ဟုထင်ရသော်လည်း စိတ်အတွင်းပိုင်းတွင်မူ သက်ပြင်းချလိုက်ကာ ပြန့်ကျဲနေသောပစ္စည်းများကိုစတင်ကောက်ယူလိုက်သည်။
မိဘအသစ်များက အမြဲတမ်းထိုကဲ့သို့ပင်ဖြစ်တတ်သည်။ သူတို့ကလေး၏ လှုပ်ရှားမှုအသေးအဖွဲလေးများနှင့်ပတ်သက်၍ပင် အလန့်တကြားဖြစ်တတ်ကြသည်။ ပေါင်းညန်သည် အရင်ကတည်းက မြင်ဖူးခဲ့ပြီး၍ပုံမှန်ဖြစ်သည်ကို သိသောကြောင့် ထွေထွေထူးထူးကိစ္စမဟုတ်ခဲ့ပေ။
သို့သော် ကလေးငယ်အား သူမမွေးဖွားခဲ့သည့်ရက်မှစ၍ နေ့စဉ်လိုလို စာတမ်းများကိုနားထောင်စေခြင်းသည်…။
ပေါင်းညန်က သူမအနေနှင့် အရင်က ထိုသို့ တစ်ခါမျှမမြင်ဖူးသည့်အတွက် လက်ရှိပညာရေး ခေတ်ရေစီးကြောင်းနှင့် သိပ်မရင်းနှီးသေးသောကြောင့်သာဖြစ်မည်ဟုတွေးခဲ့သည်။
— — —
ရှန့်ဖန်းယွိ သူ၏စာတမ်းအား ဂျာနယ်တိုက်သို့တင်ပြရန်ပြင်ဆင်နေစဉ် ကျန်းချီက သူ့ထံသို့ ထပ်မံ၍ လာလည်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကျန်းချီသည် ရှန့်ဖန်းယွိ က ပါမောက္ခကျူ အနေနှင့်သိထားသော…၊သိပ်မကြာခင်နှစ်များက ရုတ်တရက် တိုးတက်လာသောပြည်တွင်း သတင်းဂျာနယ်တိုက် တည်ထောင်သူများထဲမှတစ်ယောက်ဖြစ်သူအား ခေါ်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ရှန့်ဖန်းယွိသည် အိပ်ရာပေါ်တွင်ကျန်းရွှိဘေး၌ဝင်ထိုင်၍ ကျန်းချီ၏စကားကိုပြန်ပြောပြခဲ့သည်။
“သူက ငါတို့ရဲ့ ဆောင်းပါးကို ပြည်တွင်းဂျာနယ်ထဲထည့်စေချင်တာတဲ့… တဖက်မှာလည်း အဲ့ဒါက ငါတို့အတွက်အနောက်တံခါးကို လမ်းဖွင့်ပေးနိုင်ပြီး အမြန်ဆုံးထုတ်ဝေမှုအတွက်လည်း သေချာစေတယ်တဲ့… အဲ့ဒါကြောင့် ငါတို့နိုင်ငံရဲ့ဝါဒဖြန့်ချိရေးကိုချုပ်ကိုင်ထားတဲ့အနောက်တိုင်းဂျာနယ်တွေကနေ သတင်းတွေကို အချိန်မတိုင်ခင်စောစောရကြပြီး ပြန်လည်သုံးသပ်တဲ့ကာလအတွင်းမှာ သတင်းပေါက်ကြားစေတာမျိုးတွေကနေလည်း ကာကွယ်နိုင်တယ်တဲ့…"
“ ဒါပေမယ့်လည်း ထိပ်တန်းအာဏာပိုင်တွေကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပါမောက္ခကျူကို M နိုင်ငံရဲ့ ထိပ်တန်းဂျာနယ်တိုက်ကနေ ငွေတွေအများကြီး အကုန်အကျခံ ပြန်ခေါ်ပြီးတော့ ပြည်တွင်းရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ဂျာနယ်တိုက်တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေခဲ့တာလေ...”
“ ပါမောက္ခ ကျုရဲ့ ဂျာနယ်တိုက်ကိုမင်းသိတယ်မလား… အဲ့ဒါကို တစ်နိုင်ငံလုံးကအမြဲတမ်းထောက်ခံနေတာ အရင်နှစ်တွေတုန်းကလည်းသူ့ရဲ့ တိုးတက်မှုက တော်တော်ကောင်းခဲ့တာပဲလေ… ငါတို့ထည့်သွင်းဖို့စီစဉ်ထားတဲ့ ဂျာနယ်တိုက်လောက်သူက အရမ်း ဂုဏ်သတင်းကအရမ်းမကြီးသေးပေမယ့်….ဒီနှစ်တွေထဲ သူလည်းတော်တော်လေးတိုးတက်နေခဲ့တာပဲလေ..."
“ ငါတို့ရဲ့ စာတမ်းအတွက် သေချာပေါက် ပြယုဂ်ကောင်ရကောင်းရှိဖို့လိုအပ်တယ်…. အကယ်၍ အဲ့ဒါကိုပြည်တွင်းဂျာနယ်တိုက်မှာထည့်သွင်းနိုင်ရင် သူ့ကိုရှေ့ဆက်ဖို့တွန်းတစ်ခုဖြစ်နိုင်တယ်လို့ထင်တယ်…သူ့ရဲ့ဂုဏ်သတင်းကလည်း နောက်နှစ်မှာ ပိုပြီး ကြီးလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ..."
“ ဒါပေမယ့် ကျန်းချီက သေချာပေါက် နာမည်ကြီးတဲ့ အနောက်တိုင်းဂျာနယ်ထဲပဲ ထည့်ရင် ပိုအဆင်ပြေမယ်ပဲပြောနေတယ်…သူကတော့အကြံပေးရုံပါပဲ…ငါတို့ရဲ့ဆုံးဖြတ်ချက်တွေကို ၀င်ရောက်စွက်ဖက်မှာတော့မဟုတ်ပါဘူး...” ဟု ရှန့်ဖန်းယွိကပြောပြသည်။
“ ငါသူ့ကိုအဖြေတန်းမပေးရသေးဘူး….ငါပြန်လာပြီးတော့ မင်းရဲ့ထင်မြင်ချက်ကိုလည်းကြားချင်သေးလို့...”
ကျန်းရွှိမှာ တစ်ခဏမျှ အသံတိတ်နေလေသည်။
“ မင်းဂရုတစိုက်စဉ်းစားဖို့ လိုတယ်နော်…အကယ်၍ မင်းက နာမည်သိပ်မရှိတဲ့ ပြည်တွင်းဂျာနယ်တိုက်မှာထည့်မယ်ဆိုရင် အလုပ်နဲ့ပတ်သက်ပြီးမင်းရဲ့ အကဲဖြတ် ဆုံးဖြတ်တဲ့စံနှုန်းကို အကျိုးသက်ရောက်မှုရှိမှာပဲ...”
နောက်ဆုံးတွင် လက်ရှိအကဲဖြတ်မှုနည်းလမ်း အများစုမှာဆောင်းပါးများပေါ်တွင်သာမူတည်နေသည်။ ဂျာနယ်တိုက်၏ အဆင့်များနှင့်အမျိုးအစားများက အမျိုးမျိုးသော အကဲဖြတ်မှုများအတွက် အလွန်စံနှုန်းမြင့်မား၏။
“ငါတွေးနေတာက ဒီစာတမ်းကို ငါတို့ရဲ့အရာရာပြန်စတင်သမျှ အဆင်ပြေဖို့နဲ့ အလုပ်ရပိုင်ခွင့်တွေအတွက်ကြောင့် မဟုတ်ဘဲ ဒီတိုင်းထုတ်ဝေဖို့ဆုံးဖြတ်ခဲ့တာဆိုတော့ ငါတို့နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာနယ်ပယ်ကို တိုးတက်နိုင်ဖို့အခွင့်အရေးပေးလိုက်ရင်ရော…"
“ ဒီစာတမ်းကိုထုတ်ဝေတဲ့အခါ သူတို့လည်း ဂုဏ်သတင်းပိုကြီးသွားလိမ့်မယ်…အဲ့အခါကျ လူတိုင်းငါတို့နိုင်ငံရဲ့ ဂျာနယ်တိုက်တွေကို ကြည့်ဖို့လာကြလိမ့်မယ်…နာမည်သိပ်မကြီးသေးလည်း အဆင်ပြေပါတယ်….ငါစိတ်ထဲသိပ်မထားပါဘူး…ဒါပေမယ့် ပရိုမိုးရှင်းအတွက်ဒီအခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရရင်တော့ အဆင်မပြေလောက်ဘူး…”
ရှန့်ဖန်းယွိ၏မျက်နှာပေါ်တွင် "ငါအဲ့ဒီ ပြည်တွင်းဂျာနယ်တိုက်မှာပဲ စာတမ်းထည့်ချင်တယ်" ဟု သာမြင်နေရသည်။
သူက ကျန်းရွှိအား ခွန်းတုန့်ပြန်ကာမေးလိုက်သည်။
“ အကယ်၍ မင်းသာငါ့နေရာမှာဆိုရင် ဘယ်နေရာမှာ စာတမ်းတင်မှာလဲ...”
လွန်ခဲ့သောတစ်စက္ကန့်က ကျန်းရွှိ သည် ရှန့်ဖန်းယွိအား ဖျောင်းဖျနေဆဲဖြစ်သော်လည်း သူကတိကျပြတ်သားစွာပြန်ဖြေလိုက်သည်။
“ ပြည်တွင်းဟာပဲပေါ့...”
ရှန်ဖ့န်းယွိက ပြုံးလိုက်သည်။
“ ငါသိသားပဲ…ဒီကိစ္စနဲ့ပတ်သက်ပြီးငါတို့မှာ အကြံတူတူပဲရှိတယ်ဆိုတာ ငါသိတာပေါ့… ဟုတ်ပြီ…ဒါဆို ငါပြည်တွင်းဂျာနယ်တိုက်မှာပဲ ထည့်လိုက်တော့မယ်.."
သူတို့သည် စာတမ်းကို မြန်မြန်ဆန်ဆန် အပြီးသတ်ရေးခဲ့ကြကာ မြန်မြန်ဆန်ဆန်လည်း ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ဂျာနယ်တိုက်၏ကျွမ်းကျင်မှုကြောင့် အချိန်ကြာကြာမစောင့်လိုက်ရသည်မှာ တော်သေးသည်။
ဆောင်းပါးကိုထုတ်ဝေသည့်နေ့တွင် Z နိုင်ငံရှိတရားဝင်မီဒီယာများသည် မျက်နှာပြင်ပေါ်တွင် စိတ်အေးဆေးတည်ငြိမ်နေကြသော်လည်း အမှန်တကယ်တွင်မူ သူတို့သည် သူတို့၏နိုင်ငံအတွင်းတွင် ထိုသတင်းနှင့်ပတ်သက်၍ ဟိုးလေးတကျော် လုပ်နေကြသည်။ဒေါက်တာခန်းအပါအဝင် အနောက်တိုင်းမှ သိပ္ပံပညာရှင်များစွာသိသွားကြစေရန်ဖြစ်သည်။ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့ဝင်များသည် အလွန်စိတ်လှုပ်ရှားနေကြ၍ ရေပင်သေချာ မသောက်ရဲကြပေ။
ဒေါက်တာခန်းသည် အိပ်ရာမဝင်မီတွင် သူ၏လက်ထောက်ထံမှ မက်ဆေ့ချ်ကိုလက်ခံရရှိခဲ့သည်။ထိုအချိန်တွင်သူသည် စိတ်အေးသက်သာစေသောဂီတကြောင့် စတင်ငိုက်မြည်းနေပြီဖြစ်သော်လည်း ထိုသတင်းကိုကြားသောအခါ သူသည်ချက်ချင်းပင် အိပ်ရာမှ ထထိုင်မိတော့သည်။
“ မဖြစ်နိုင်ဘူး….”
သူ၏လက်ထောက်အား အော်ငေါက်ပြီးနောက် သူသည်အိပ်ခန်းထဲတွင် ခေါက်တုံခေါက်ပြန်လမ်းလျှောက်နေခဲ့ပြီး မရေမတွက်နိုင်သောညစ်ပတ်သည့်စကားလုံးများနှင့်ဆဲဆိုနေခဲ့ကာ နောက်ဆုံးတွင် သေချာစွာပင် ထပ်ခါတလဲလဲပြောဆိုခဲ့သည်။
"ဒါက လုံးဝ…မဖြစ်နိုင်ဘူး…”
အမှန်တကယ်မှာ ဒေါက်တာခန်းသာမကမရေမတွက်နိုင်သောအနောက်တိုင်းမီဒီယာများကလည်း ထိုဆောင်းပါးကိုမေးခွန်းထုတ်ခဲ့ပြီးစာတမ်းနှင့်ဆက်စပ်သောအချက်အလက်များကိုခွဲခြမ်းစိတ်ဖြာရန်ကျွမ်းကျင်သူများကိုကြိုးစားရှာဖွေနေခဲ့ကြသည်။
ဒေါက်တာခန်းသည် ဆောင်းပါးကိုပင်ဒေါင်းလုတ် လုပ်၍ တစ်ညလုံး အစအဆုံး ဂရုတစိုက် သေချာဖတ်နေခဲ့ကာ နာရီပေါင်းများစွာကြာမြင့်ခဲ့သော ထိုခွဲစိတ်နေသည့် ဗီဒီယိုကိုလည်း တစ်မိနစ်မျှပင် အလွတ်မခံပေ။
သူ့အားချန်ရစ်ခဲ့သော Z နိုင်ငံမှလူနာသည်ဒေါက်တာ အဲလ်ဘတ်ထံသွားလိမ့်မည်ဟု မူလအစကထင်ခဲ့သည်။Zနိုင်ငံမှ ဆရာဝန်များက ထိုခွဲစိတ်မှုအား ပြုလုပ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
အစပိုင်းတွင်ဒေါက်တာခန်းထံ၌ အပြစ်တင်လိုသောသဘောထားရှိနေခဲ့ကာ ထိုဆောင်းပါးသည်လည်း အလိမ်အညာပင်ဖြစ်လိမ့်ဟုထင်ခဲ့သည်။နောက်ဆုံး၌ ပညာရေးဇာတ်ခုံတွင် လိမ်လည်မှုသည်ဖြစ်လေ့ဖြစ်ထမရှိပေ။ သူသည်ဤထင်မြင်ချက်ကိုအထောက်အကူပြုရန်အတွက် စာတမ်း သို့မဟုတ် ဗွီဒီယိုထဲတွင် တွေ့နိုင်သောမည်သည့် လွတ်ဟာမှုကိုမဆို မှတ်တမ်းတင်ထားရန် ဘောပင်နှင့်စာရွက်ကိုပင် အသင့်ပြင်ထားမိခဲ့သည်။
သို့သော် သူဆက်၍ ဖတ်ခဲ့ပြီးနောက် သူ၏ဒေါသနှင့်မယုံင်္သကာဖြစ်နေမှုများသည် အချိန်ကုန်လာ၍ ညအမှောင်ကျလာနှင့်အမျှတဖြည်းဖြည်းပျောက်ကွယ်ပြေလျော့သွားခဲ့သည်။
သူ၏မှတ်စုစာအုပ်တွင်စာလုံးတစ်လုံးမျှပင် ရှိမနေပေ။
ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ်ဆရာဝန်တစ်ယောက်အနေဖြင့် ဒေါက်တာခန်းသည် စာတမ်းတစ်ခုလုံးကိုဖတ်ပြီးနောက် ထိုစာတမ်းသည်အမှန်တကယ်ပင်ဖြစ်ကြောင်းသိခဲ့ရသည်။
ထိုကိစ္စသည် သူပြုလုပ်ခဲ့သောခွဲစိတ်မှုနှင့်အလွန်ဆင်တူသည်။ ထို့ကြောင့် ထိုစာတမ်းသည် အတုဟုတ် မဟုတ် ကို တန်းကြည့်ရုံနှင့် သိနိုင်သည်။
စာတမ်း၏အဆုံးတွင်ခွဲစိတ်ဆရာဝန်သည် ဒေါက်တာခန်းအား သူ၏ အားပေးတိုက်တွန်းမှုများနှင့် ကိုးကားချက်များအတွက် အလွန်ကျေးဇူးတင်ကြောင်း အထူးရေးသားခဲ့သေးသည်။ ဒေါက်တာခန်းက ထိုအကြောင်းအရာသည် သူ့အတွက် ပုံမှန်ထည့်သွင်းပေးခြင်းလားသို့မဟုတ် ထေ့ငေါ့၍ တမင်ထည့်သွင်းပေးထားခြင်းလား ဆိုသည်ကို မသိပေ။ သို့သော် သူသည် ဒုတိယတမျိုးဟုသာ ထင်မိသည်။
သူသည် ဧည့်ခန်းရှိ အနီရောင်သားရေဆိုဖာပေါ်တွင်ထိုင်ကာ ညနေခင်းအလင်းဖျော့ဖျော့တွင် စီးကရက်ဗူးတစ်ဝက်မျှထိုင်သောက်နေသည်။ မီးခိုးများကြားတွင် လေးစားခံရသောအဆင့်တန်းရှိဆရာဝန်သည် အတော်အတန် ပင်ပန်းနေပုံရသည်။
သူ ထိုဒေါက်တာရှန့်ကိုသတိရသွားသည်။ ခွဲစိတ်မှု၏အသေးစိတ်အချက်အလက်များကို သူနှင့်အတူ ဖလှယ်ပေးနိုင်မည်လားဟု ဒေါက်တာခန်းအားအကြိမ်ပေါင်းများစွာမေးမြန်းခဲ့ဖူးသော်လည်း ဒေါက်တာခန်းသည် Z နိုင်ငံသားနှင့်ပတ်သက်၍ အချိန်မဖြုန်းလိုသောကြောင့် သူ့အား ဘယ်သောအခါကမျှ အာရုံမစိုက်ခဲ့ချေ။
သို့သော် သူသည် ထိုသို့သော သာမန်လူတစ်ယောက်တွင် ထိုကဲ့သို့ကြီးမားသောစွမ်းရည်များရှိလိမ့်မည်ဟုဘယ်တုန်းကမျှ မစဉ်းစားခဲ့မိပေ။
ခွဲစိတ်ဆရာ၀န်သည် သူ၏ခွဲစိတ်ကုသမှုကို ကိုးကား၍ ပြုလုပ်ခဲ့သော်လည်း ခွဲစိတ်မှုသည် သီအိုရီဆိုင်ရာမေးခွန်းမျိုးမဟုတ်ပေ။ အလေ့အကျင့်သည် ထင်ထားသည်ထက် အမြဲတမ်းပိုခက်ခဲသည်ကို ဒေါက်တာခန်း နားလည်သည်။ ဤခွဲစိတ်မှုသည် ကိုးကား၍ လိုက်လုပ်ရန်ပင်မလွယ်ကူပါ။ သူကိုယ်တိုင်သည်လည်း ထိုသို့ ထပ်မံလုပ်ဆောင်ရန်လုံးဝယုံကြည်မှုမရှိခဲ့တော့ပေ။
ထိုခွဲစိတ်ကုသမှုကိုကြိုးစားလုပ်ဆောင်ရန်နှင့် အဆုံးထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သော သတ္တိသည် ထိုခွဲစိတ်ဆရာဝန်တွင် အလွန်ပင်ကျွမ်းကျင်မှုရှိ၍ စိတ်ပိုင်းဆိုင်ရာ အေးဆေးတည်ငြိမ်မှုရှိကြောင်းကို ပြနေသည်။
ဘယ်လိုကြောင့် Z နိုင်ငံက ဆရာဝန်မျိုးက ဖြစ်နိုင်ရတာလဲ….။
ဒေါက်တာခန်းက သူသည် Z နိုင်ငံတွင်အလုပ်လုပ်နေသော နိုင်ငံခြားမှ ဆရာဝန်တစ်ဦး ဟုတ်မဟုတ်ပင်ခန့်မှန်းခဲ့သည်။ သို့သော်မကြာမီပင် အွန်လိုင်းသတင်းအချက်အလက်များကသူ၏အတွေးမှားများအား ခေါင်းထဲမှဖယ်ထုတ်လိုက်သည်။ သူသည် M နိုင်ငံတွင်ပင်ကျောင်းသွားမတက်ဖူးသည့် ပြည်တွင်းမှ သာမန်တရုတ်ဆရာဝန်တစ်ယောက်သာ ဖြစ်နေခဲ့သည်။
ဒေါက်တာခန်းသည် အသက်ငယ်ရွယ်တော့သည်မဟုတ်ပေ။ သို့သော် သူ၏မှတ်ဉာဏ်များသည် သူ၏နှစ်ဆယ်ကျော် သုံးဆယ်ကျော်အချိန်ကာလအတွင်း၌ပင် ပိတ်မိနေသေးပုံရသည်။ သူ့အတွေးများထဲတွင် Z နိုင်ငံမှအလွန်တော်သောဆရာဝန်များသည် အပြန်အလှန်လာရောက်လည်ပတ်ရန်၎င်း စာလေ့လာရန်နှင့် နိုင်ငံသားဖြစ်ခွင့်ကဒ်များအတွက်သာ အတွက်အမေရိကန်သို့လာရောက်ကြလိမ့်မည်။ Z နိုင်ငံသည် ကောင်းမွန်သောပတ်ဝန်းကျင် သို့မဟုတ် ထိပ်တန်းပညာရေးလမ်းကြောင်းများမရှိဟုဆိုကြသည်။ ထို့ကြောင့်သူကပြည်တွင်းဆရာဝန်များသည် ထည့်ပြောရန်ပင်မထိုက်တန်သော ဈေးအသက်သာဆုံးကိရိယာများကို ခွဲစိတ်ကုသမှုပြုလုပ်ရန် အသုံးပြုခဲ့သည်ဟု သဘာဝကျကျတွေးထင်ခဲ့မိသည်။
ယနေ့ထိပင် သူသည် သူ့ကိုယ်သူ့ သမားရိုးကျပုံစံ ဖြစ်လွန်းခြင်းရှိမရှိနှင့်ပတ်သက်၍ အလေးအနက်ထားစဉ်းစားနေခဲ့သည်။
ဒေါက်တာအဲလ်ဘတ်သည် သတင်းများလက်ခံရရှိခဲ့ကာ စာတမ်းကိုဖတ်ပြီးနောက် ရှန့်ဖန်းယွိအား ခေါ်လိုက်သည်။
ထိုအချိန်တွင် ရှန့်ဖန်းယွိသည် အထက်တွင်ဖော်ပြခဲ့ပြီးသော စီစဉ်ထားသည့် အင်တာဗျူးကိုပြီးကာစသာရှိသေး သည်။ ထို့နောက်ဒေါက်တာ အဲလ်ဘတ်၏ဖုန်းခေါ်ဆိုမှုကို ရသောအခါ သူက မေးလိုက်သည်။
"ကျွန်တော့် ကိုဂုဏ်ပြုဖို့ ဒီရောက်နေတာလား...”
“ ဟုတ်တာပေါ့...”
ဒေါက်တာအဲလ်ဘတ်၏အသံမှာ အလွန်စိတ်လှုပ်ရှားနေ၏။
“ မင်းလုပ်နိုင်ခဲ့တယ် ဒေါက်တာရှန့်…. ငါဒေါက်တာခန်းဖြစ်နေမယ့် ပုံစံကိုမြင်ယောင်လိုက်တိုင်း တော်တော်ကြီးပျော်တယ်ခံစားနေရတယ်…. ငါသူ့ရဲ့ဖြစ်ပျက်နေတဲ့ မျက်နှာကို ဘယ်လောက်တောက်မှမြင်ချင်နေလဲတိုတာ မင်း ခန့်မှန်းလို့တောင်ရမှာမဟုတ်ဘူး…"