🧑⚕️Chapter 125
ဤသို့ ပြည်ပထွက်၍ စွမ်းဆောင်ခဲ့မှုသည် ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့ကာ အနောက်နိုင်ငံများမှ သံသယများသည်လည်း တဖြည်းဖြည်လျော့ပါးသွားခဲ့သည်။
အစပိုင်းတွင်မူ ထိုဝေဖန်ထိုးနှက်မှုများ ပိုဆိုးစေရန် မီဒီယာအချို့က ဒေါက်တာခန်းအားဆက်သွယ်ကာ Z နိုင်ငံက ရလဒ်များကိုဖန်တီးခဲ့ကြကြောင်း ပြောဆိုခိုင်းခဲ့သည်။ သို့သော်ဒေါက်တာခန်းက စိတ်ပျက်နေသောမျက်နှာနှင့်ပြန်ဖြေခဲ့သည်။
“ နိုင်ငံခြားတိုင်းပြည်တွေက မင်းတို့ရဲ့ သတင်းတွေသာ ဒီထက်ပိုပြီးမှန်ကန်နေမယ်ဆိုရင် ငါ့ဆီမှာ ဒီလောက်အကြာကြီး ကြပ်တည်းနေတဲ့အခြေအနေမျိုး ကြုံနေပြီး နိုင်ငံခြားမှာ မျက်နှာငယ်နေရမှာမဟုတ်ဘူး…"
ကံကောင်းထောက်မစွာပင် သူ့အားလှောင်ပြောင်ကြသူအများစုမှာ Z နိုင်ငံသားများဖြစ်သည်။ ထို့ပြင် ဒေါက်တာခန်းက တရုတ်စာမဖတ်တတ်သည့်အပြင် ဆိုရှယ်မီဒီယာလည်း သိပ်မသုံးပေ။ မဟုတ်လျှင်လည်း ဒေါသထွက်နေရမည်ဖြစ်သည်။ ဤကိစ္စသည်နိုင်ငံတကာစင်မြင့်တွင် မည်သို့ပင်ဖြစ်နေစေကာမူ ထိုခွဲစိတ်မှု၏အောင်မြင်မှုသည် တရုတ်နိုင်ငံသားတိုင်း၏ စိတ်ဓာတ်အား သံသယဖြစ်ဖွယ်မရှိ တိုးမြှင့်စေသည်မှာ အသေအချာပင်။
ထိုကာလတွင် နိုင်ငံသားများသည် နှစ်သစ်ကူးကဲ့သို့ပင် တက်တက်ကြွကြွနှင့် ထိုစာတမ်းထုတ်ဝေမှုသတင်းများအား မျှဝေနေကြသည်။
သို့သော်လည်း ဒေါက်တာခန်း ၊ဒေါက်တာ အဲလ်ဘတ်တို့နှင့်နှိုင်းယှဉ်လျှင် ရှန့်ဖန်းယွိသည် တတ်နိုင်သမျှ ခပ်လျှိုလျိုသာနေတတ်သည်ဟုပြောနိုင်သည်။သူပါဝင်ခဲ့သည့်အင်တာဗျူးများကို ကျန်းချီ မှအသေးစိတ်စီစဉ်ပေးခဲ့ကာသူ၏တောင်းဆိုချက်အရ တစ်နိုင်ငံလုံးရှိ လူထုတွေ့ဆုံမေးမြန်းမှုများတွင် သူ၏မျက်နှာကိုမပြဘဲ အသံဖြင့်သာ ထုတ်လွှင့်ခဲ့သည်။ ကျန်းချီသည် ပုဂ္ဂလိကနှင့် တရား၀ င်မဟုတ်သော မီဒီယာအင်တာဗျူးများကိုလည်း ငြင်းဆန်ခဲ့သည်။
အမှန်တကယ်မှာ ကျန်းချီကသူ့အား သတင်းပြန်ကြားသူများ၏ အာရုံစိုက်ခြင်းခံရစေရန် ကူညီပေးချင်သော်လည်း ရှန့်ဖန်းယွိ ကငြင်းဆိုခဲ့သည်။ ထို့ကြောင့်နောက်ပိုင်းတရားဝင်သတင်းထုတ်ပြန်ချက်များတွင် ရှန့်ဖန်းယွိ၏ခွဲစိတ်မှုအတွင်း ပါဝင်သည့်ဆေးဘက်ဆိုင်ရာ၀န်ထမ်းများအားချီးကျူးရန်ကိုလည်း မည်သူကိုမျှ ထုတ်ဖော်မပြပဲ တစ်ဦးချင်းစီ ချီးကျုးခြင်းလည်းမရှိပေ။ အင်တာနက်ပေါ်ရှိဓာတ်ပုံနှင့်ဗီဒီယိုပစ္စည်းအနည်းငယ်သည် ရှန့်ဖန်းယွိ၏ကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးပွဲများ၏ တင်ပြဆွေးနွေးမှုများမှဖြစ်သည်။ သို့သော် ထိုအရာအားလုံးသည်လျှို့ဝှက်စွာမှတ်တမ်းတင်ထားခြင်းများသာဖြစ်သောကြောင့် ဆိုက်ဘာရဲအရာရှိများကထိုအရာများကို ချက်ချင်းနီးပါးပင်ဖျက်ပစ်လိုက်ပြီး ပို့စ်တင်ခဲ့သည့်သူများကိုလည်း သတိပေးခဲ့သည်။ အချိန်နှင့်အမျှ ပြဿနာအား မီးလောင်ရာလေပင့်ချင်ကြသော လူအုပ်စုသည် အထက်ပါအခြေအနေနှင့် ပတ်သက်၍ ကြားလါရသောအခါ သူတို့အားလုံး ပွင့်လင်းရိုးသားလာခဲ့ကြသည်။
ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ကြသော တစ်ခုတည်းသောဓာတ်ပုံမှာ ကျီဟွား ဆေးရုံ နံရံပေါ်ရှိ ရှန့်ဖန်းယွိပုံများထဲမှ တစ်ပုံ ဖြစ်သည်။
သို့သော် သတင်းများသည်လည်း အချိန်အကန့်အသတ်ရှိကြသည်။ အစပိုင်းတွင်လူအချို့ကဒေါက်တာရှန့်နှင့်ရက်ချိန်းယူရန် ကျီဟွားဆေးရုံသို့သွားကြသည်။သို့သော်လည်း ဒေါက်တာရှန့် က ထိုအချိန်တွင် အိမ်မှ သူ၏သမီးကိုဂရုစိုက်ရင်း အလုပ်များနေကာ သူဘယ်ဆီဘယ်ဝယ်သို့ ရောက်နေသည်ကိုလည်း ဖုံးကွယ်ထားပြီး ရှာမတွေ့နိုင်ကြရန် စီစဉ်ခဲ့သည်။
လအနည်းငယ်အကြာတွင် လူအနည်းငယ်သည်သာ ထိုကိစ္စကိုအွန်လိုင်းပေါ်တွင်ဆွေးနွေးခဲ့ကြသည်။ သူ၏ဓာတ်ပုံက ချောမောခန့်ညားနေသော်လည်း အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များ၊အတင်းအဖျင်းများ၊သူ၏ဂုဏ်သိက္ခာကိုမြင့်တင်နိုင်သည့်ကျော်ကြားမှုနှင့် ကောလဟာလများ မရှိလျှင် အရှိန်အဟုန်မြန်သော အင်တာနက်လောကမှ အချိန်ကြာကြာအထင်ကြီးမှုရှိစေရန်မှာ အလွန်ခက်ခဲသည်။ စဉ်းစားချင့်ချိန်တတ်သော နိုင်ငံသားများက ရှန့်ဖန်းယွိအတွက် သူ၏ ကိုယ်ပိုင်တည်ရှိမှု အခြေအနေကို ပြန်ပေးသင့်ကြောင်းတောင်းဆိုပေးကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဒေါက်တာရှန့်ဖန်းယွိသည် တဖြည်းဖြည်းနှင့် နိုင်ငံသားများ၏ ပါးစပ်တွင် နိုင်ငံအတွက် ဂုဏ်ကျက်သရေယူဆောင်လာသည့် ချောမောသော Z နိုင်ငံမှ ဆရာဝန်ဖြစ်လာကာ Z နိုင်ငံ၏ ခေါင်းဆောင်ကဲ့သိူ့ပင်ဖြစ်နေသည်။သူ၏ ဂုဏ်သတင်းနှင့်အောင်မြင်မှုများသည်သူ၏နာမည်ထက် ပို၍ ကျော်ကြားသည်။
ဒါရိုက်တာချောင် က ရှန့်ဖန်းယွိအား အနည်းဆူခဲ့ကာ ကျန်းချန်သည်လည်း သူ့အား အဘယ့်ကြောင့်ထိုသို့ အတင်းအကျပ် ပုန်းနေရသည်ကို ခေါ်၍မေးခဲ့သည်။
“ မင်းက အခုအတွင်းဘက်ထက် ပိုပြီး အပြင်ဘက်မှာ သတင်းတွေပိုလုပ်နိုင်ခဲ့ပြီ… ဒါပေမယ့် လူမှုကွန်ယက် ပြင်ပမှာရော လူဘယ်နှစ်ယောက်အာရုံစိုက်နေကြလဲ… တရုတ်နိုင်ငံမှာဆို မင်းကတည်ရှိမနေတဲ့ လူတစ်ယောက်လိုပဲ…. အနည်းဆုံးတော့မင်းကိုမင်း ထူးခြားတဲ့ဆရာဝန်တစ်ယောက် အဖြစ် ကြော်ငြာသင့်တယ်...”
ရှန့်ဖန်းယွိသည် ဖြစ်ပျက်နေသမျှ အရာအားလုံးနီးပါးကိုသိထားသော ကျန်းချန်ထံတွင် မည်သည့်အရာကိုမျှမဖုံးကွယ်ခဲ့ပေ။
ဝက်များသည် အသားတိုး၍ဝလာရန် ကြောက်ကြသကဲ့သို့ လူများသည်လည်း ကျော်ကြားမှုကိုကြောက်တတ်ကြသည်။ အခြားသူများ၍အောင်မြင်ခြင်းနှင့်လဲကျခြင်းကိုထိုင်ကြည့်လိုသူများ အမြဲရှိနေသည်။ ကျော်ကြားမှုနှင့်ကံကောင်းမှု ရောက်လာပြီးနောက် ပြဿနာများသည်လည်းအနောက်မှ ကပ်၍ပါလာလိမ့်မည်။ ယနေ့လူတိုင်းသည် သူ့အား အင်တာနက်ပေါ်တွင်ချီးမွမ်းနေကြသည်။ သို့သော်မနက်ဖြန်သူ့အား ကျိန်ဆဲကောင်း ကျိန်ဆဲကြလိမ့်မည်။ကျော်ကြားမှုသည်အလွန်ပေးဆပ်ရတတ်ပြီး ယခုသူတစ်ယောက်တည်းမဟုတ်တော့ပေ။ သူ သမီးလေး နှင့် ကျန်းရွှိ တို့အတွက်လည်းစဉ်းစားရမည်။
“ Z နိုင်ငံက ငါတို့တွေလည်း ဒီခွဲစိတ်မှုကိုလုပ်နိုင်တယ်ဆိုတာ လူတွေကိုသိစေချင်လို့ ငါက စာတမ်းကို ထုတ်ပြီး ပြည်ပအစီစဉ်နှင့်ပူးပေါင်းခဲ့တာ…သူတို့ကို ငါဆိုတဲ့ရှန့်ဖန်းယွိက လုပ်နိုင်တယ်လို့ ပြောနေတာမဟုတ်ပါဘူး…Z နိုင်ငံက ဆရာဝန်တွေ ဆိုတဲ့စကားမျိုးကိုကြားရတဲ့အတွက်တကယ် ဂုဏ်ယူတယ်..."
သူသည် နာမည်ကြီးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုခဲ့ပေ။ သူသည် ယခုကဲ့သို့လူမသိသူမသိ သူတစ်ယောက်ဖြစ်ခြင်းသည်သာ အလုံခြုံဆုံးဖြစ်ခဲ့သည်။
“ ဒါပေမယ့်လည်း ... စွန့်လွှတ်အနစ်နာခံတတ်တာကလည်း အရမ်းဂုဏ်ရှိပါတယ်..." ကျန်းချန်ကပြောကြားခဲ့၏။
“ ဒီလောက်ခွဲစိတ်မှုကြီး ပြီးသွားတာတောင် အဲ့ဒါက ပြည်တွင်းဂျာနယ်တွေမှာပဲ ထုတ်ဝေရုံတင်မကဘူး…အခု လူအများစုက ဒေါက်တာ့နာမည်တောင်သိပ်မသိကြဘူးလေ..."
ရှန့်ဖန်းယွိသည် ပိုင်ကျောက်မှ နို့ဗူးတိုက်ထားသော သူ၏သမီးလေး ကို ချီလိုက်သည်။
“ ကျန်းရွှိကငါ့အကြောင်းသိရင်ပဲ လုံလောက်ပါပြီ… အဲ့အပြင် အနစ်နာခံတာနဲ့ ပတ်သက်ရင်လည်း ငါက သူ့ထက်ပိုပြီးအနစ်နာခံနိုင်ပါအုံးမလား...”
ထိုစကားကိုကြားနာပြီးနောက် ကျန်းချန်သက်ပြင်းချ၍ သဘောတူလိုက်ရ၏။
"အဲ့ဒါတော့ အမှန်ပဲ..."
ကျန်းချီ၏အကူအညီကြောင့် သူတို့နှစ်ဦးသည် ထိုအချိန်က ဒါရိုက်တာချောင်ထံမှ ရှန့်ဖန်းယွိ တောင်းဆိုခဲ့သည့် အားလပ်ရက်ထပ်ရက်ရှည်ပိုရခဲ့သည်။
သူတို့သည် အထုပ်အပိုးများပြင်၍ မြို့လယ်ခေါင်ရှိသူတို့၏အိမ်သို့ပြန်သွားရန်အဆင်သင့်ဖြစ်သောအခါ ကုန်လွန်ခဲ့သောအချိန်ကာလသည် လေးလမျှကြာပြီးဖြစ်သည်။ သူတို့အား အိမ်သို့ပြန်ပို့သည့်နေ့တွင် ကျန်းချီကနောက်တဖန် ပြန်ပေါ်လာကာ သီးသန့်ညစာကျွေးခဲ့သေးသည်။
သူသည်ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုသည်အလွန်လျော့နည်းသွားပြီးကာ အောင်မြင်ခဲ့မှုများအတွက် အကျိုးပြန်လည်ခံစားရမည့်အချိန်တန်ပြီဖြစ်ကြောင်း သူ၏အကြံဉာဏ်ကို ထုတ်ပြောပြခဲ့သေးသည်။ ထို့ကြောင့် ကျိုးကြောင်းဆီလျော်နေသမျှကာလပတ်လုံး သူတို့အနေနှင့် လိုအပ်သည်များရှိပါက နိုင်ငံတော်သည် တတ်နိုင်သမျှ ဆုလာဘ်တချို့ပြန်ပေးနိုင်ကြောင်းပြောခဲ့သည်။
ရှန့်ဖန်းယွိ နှင့် ကျန်းရွှိ တို့သည်တစ်ဦး နှင့်တစ်ဦး အပြန်အလှန်ကြည့်လိုက်ကြပြီး ကျန်းချီအားပြောလိုက်၏။
“ ငါတို့ဘာမှမလိုချင်ပါဘူး.. ဆန္ဒသေးသေးလေးတစ်ခုပဲ..”
ကျန်းချီ : “ ကျွန်တော့်ကိုသာပြောပါ...”
ရှန့်ဖန်းယွိ စိတ်လှုပ်ရှားစွာတံတွေးမျိုချလိုက်သည်။
“ ကျွန်တော့်သမီးကို အိမ်ထောင်စုမှတ်ပုံတင်ထဲမှာ မှတ်ပုံတင်ချင်တာ...”
လွန်ခဲ့သောလအနည်းငယ်အတွင်း ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည် ထိုပြဿနာနှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာပြောဆိုခဲ့ပြီးဖြစ်သည်။သူတို့က နိုင်ငံတော်မှ ထိုပြဿနာကိုဖြေရှင်းရန်ကူညီသင့်သည်ဟုထင်ခဲ့ကြသော်လည်း ကျန်းချီက ထိုအကြောင်း တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။
ပုံမှန်အားဖြင့် ကလေးငယ်များကို ဆေးရုံမှမွေးဖွားပြီးသုံးရက်အတွင်း မွေးစားရင်းမှတ်ပုံတင်ထားကြသည်။ထို့နောက်သူတို့၏အိမ်ထောင်စုထဲသို့ မှတ်ပုံတင်ရန် ထိုမွေးစာရင်းကိုသုံးနိုင်သည်။
သို့သော် သမီးလေးက ပုံမှန်ဆေးရုံတွင်မွေးဖွားခဲ့ခြင်းမရှိသောကြောင့် မွေးစာရင်းလက်မှတ်မရှိပေ။ပြဿနာမှာမွေးစာရင်းလက်မှတ်မရှိလျှင် အိမ်ထောင်စုမှတ်ပုံတင်ခြင်းကိုမပြုလုပ်နိုင်သောကြောင့် သမီးလေးသည် မှတ်တမ်းတင်ထားခြင်းမရှိပဲ တသက်လုံးနေသွားရနိုင်သည်။
ယခု ကလေးကြီးလာသည်နှင့်အမျှ ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည်လည်းစိုးရိမ်နေကြသည်။ သူတို့သည် ထိုကိစ္စနဲ့ပတ်သက်၍ကျန်းချီ နှင့်စကားပြောတော့မည့်အချိန်တွင် ကျန်းချီသည်လည်း သူတို့လိုချင်သည်ကို နောက်ဆုံးတွင် မေးလာခဲ့သည်။
ကျန်းချီမှာ ထိုစုံတွဲ၏တောင်းဆိုချက်ကိုကြားသောအခါမနေနိုင်ပဲ ရယ်မိသွားသည်။
“ဘယ်လို ဆုမျိုးလဲဗျာ… ဒါကကျွန်တော်တို့လုပ်သင့်တဲ့အရာပါ… ဒါက ဒေါက်တာနဲ့ ဒေါက်တာရဲ့ကလေး ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်တာတွေကိုစဉ်းစားနေကြလို့ပါ… အကြံပြုချင်တာကတော့ ကလေးအသက်ကိုတစ်နှစ်လျှော့ချဖို့ပါပဲ… အဲ့ဒါမှ စာတမ်းထဲမှရေးထားတဲ့ခွဲစိတ်တဲ့နှစ်နဲ့ မကိုက်ညီအောင်လို့ပါ…မလိုအပ်တဲ့ ထင်ကြေးပေးပြဿနာတွေကိုရှောင်ရှားပေါ့ဗျာ…ကလေးတစ်နှစ်အရွယ်ရောက်တဲ့အခါ မှတ်ပုံတင်ဖို့ ကျွန်တော် ကူညီမှာပါ..."
“ကာကွယ်ဆေးအသက်အရွယ်နှင့် ပတ်သက်ပြီးကတော့ ကလေးရဲ့ နဂို အသက်အရွယ်အတိုင်းလိုက်လျှောက်ပြီးအရင်ကကာကွယ်ဆေးထိုးခဲ့တဲ့ ဆေးရုံမှာသွားထိုးလို့ရပါတယ်….ကျွန်တော်တို့မှာ မှတ်တမ်းတွေရှိပြီးသားမို့ သူတို့က ကျန်တဲ့အချက်အလက်တွေကိုဆက်ပြီးမှတ်တမ်းတင်သွားပါလိမ့်မယ်… ”
“ ဘာလိုပဲဖြစ်ဖြစ်... ” သူသည်ရုတ်တရက်လှည့်ကာ “ ကျွန်တော်တို့နိုင်ငံမှာ ဒါကပထမဆုံးအဖြစ်အပျက်ဆိုတော့…သင့်လျော်တဲ့ ဥပဒေပြဌာန်းချက်မျိုးတွေလည်း မရှိသေးပါဘူး…ပုံမှန်အရတော့ ကလေးတွေကို ဖခင်နှစ်ဦး နဲ့ မှတ်ပုံတင်လို့မရဘူးပေါ့…ဒါပေမယ့် သေချာဆွေးနွေးပြီတော့ထွက်လာတဲ့ အသင့်လျော်ဆုံးဖြေရှင်းနည်းကတော့…ကလေးအတွက်မိဘတစ်ဦးတည်း နဲ့ မှတ်ပုံတင်ဖို့ပဲလို့ ကျွန်တော်တို့ ထင်ပါတယ်…လက်မထပ်ဘဲမွေးလာတဲ့ ကလေးတစ်ဦး အဖြစ်ပဲ မှတ်ပုံတင်ပြီး မိခင် နေရာမှာကွက်လပ်ထားခဲ့တာပါ..”
“လက်ရှိစနစ်အရ ဖခင်နေရာမှာ နှစ်ယောက်ထဲက တစ်ယောက်ပဲ မွေးစာရင်းမှာဖြည့်လို့ရမှာပါ..အဲ့ဒါမှ အဖေနေရာမှာရေးထားတဲ့သူရဲ့အိမ်ထောင်စုစာရင်းနဲ့အတူ ကလေးမွေးစာရင်းကို မှတ်ပုံတင်လို့ရမှာပါ…တစ်နည်းပြောရရင် ဒေါက်တာတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ကလေးရဲ့ တရားဝင်ဖခင်ဖြစ်လို့ရတာပါ..”
“ ဒါကတော်တော်လေး ကြီးတဲ့ပြဿနာပါ…နှစ်တစ်ဝက်ကျော်တောင် အချိန်ကျန်နေသေးတာကြောင့် သေချာ ဂရုတစိုက်စဉ်းစားကြပါ..." ကျန်းချီက အကြံပြုလိုက်သည်။
ရှန့်ဖန်းယွိ ကပြောလိုက်သည်။
“ စဉ်းစားဖို့မလိုပါဘူး ကျန်းရွှိကိုသာရေးပေးပါ..”
“ ရှန့်ဖန်းယွိ… ”
ကျန်းရွှိက သဘောမတူသည့်ပုံစံနှင့် သူ့နာမည်ကိုခေါ်လိုက်သည်။
“ ငါတို့ရဲ့ သုတေသနစာတမ်းကိုရေးနေတဲ့အချိန်တုန်းက မင်းငါ့ကိုဖြောင်းဖျခဲ့တဲ့နည်းလေ….အခုငါအဲ့နည်းလမ်းအတိုင်းသုံးမယ်လေ….သုတေသနစာတမ်းက ငါ့နာမည်အောက်မှာရှိပြီး ကလေးကိုတော့မင်းနာမည်အောက်မှာပဲ မှတ်ပုံတင်လိုက်မယ်… ဒါက ပိုကောင်းတဲ့ကိုယ်ရေးအချက်အလက် ကာကွယ်မှုပဲလေ…”
“ သုတေသနစာတမ်းရဲ့ မူပိုင်ခွင့်ကို အထောက်အပံ့ကောင်းကောင်းကပဲ ဆုံးဖြတ်ပေးသလိုမျိုး…မင်းကပဲကလေးကို မွေးဖွားခဲ့တာမို့လို့ တကယ့်ကို အထောက်အပံ့ကြီးတစ်ခုပဲလေ…အဲ့ဒါကြောင့် ငါတို့တွေ တစ်ယောက်ကိုပဲရွေးချယ်ရမယ်ဆိုရင် အဲ့ဒါ မင်းပဲဖြစ်သင့်တယ်..”
ထိုအတွဲ ကြည်နူးပြသည်ကို ထိုင်ကြည့်နေရသော ကျန်းချီက ပြောပြလိုက်သည်။
“ အကယ်၍ ဒေါက်တာတို့သာ လိင်တူစုံတွဲမဟုတ်ရင် မြို့ပြရေးရာအဖွဲ့ဌာန မှာ ဥပမာတစ်ခုအဖြစ်တောင် ပြောခံရလောက်တယ်… တခြားလူတွေကို ခုန်ရုန် ဦးစားပေးတဲ့ နည်းလမ်းတွေတောင် ဒေါက်တာတို့ တစ်ယောက်ကိုတစ်ယောက်အလျှော့ပေးတာမျိုးနဲ့ ယှဉ်လို့တောင် မရတော့ဘူး..."
( Kong Rong ( ခုန်ရုန် ) သည်တရုတ်ပညာရှင်၊နိုင်ငံရေးသမားနှင့်စာရေးဆရာဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်း ဟန် မင်းဆက် ( AD 25 – 220 ) ကာလအတွင်းနေထိုင်ခဲ့သည်။ သူသည် သူ၏ဉာဏ်ရည်၊သမာဓိရှိမှုနှင့်ကြင်နာမှုများကြောင့် အလွန်လူသိများသည်။ “ ခုန်ရုန် ကအခြားသူများအားအခွင့်အရေးလမ်းပေးသည် ” ဟူသည်မှာ သူ၏ကိုယ်ကျိုးမငဲ့ နှိမ့်ချတတ်သော သဘောသဘာဝကိုရည်ညွှန်းသည့် လူသိများသောတရုတ်စကားရပ် ဖြစ်သည်။ )
ကျန်းရွှိ - “ ... ”
ရှန့်ဖန်းယွိ- “ တကယ်တော့ငါတို့က ခဏခဏအငြင်းအခုံဖြစ်လေ့ရှိပါတယ်...”
ဘယ်လိုပြောင်းလဲခဲ့သနည်း…။ ဤတစ်ခါလည်း ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ခဲ့လိမ့်မည်။ ချစ်ခြင်းမေတ္တာသည်သာကမ္ဘာပေါ်တွင်အံ့သြဖွယ်အကောင်းဆုံးဖြစ်ပေ၏။