အပိုင်း ၁၂၈
Viewers 32k

🧑‍⚕️Chapter 128



ရှန့်ဖန်းယွိကသူ့အား အချိန်ကြာမြင့်စွာရေတွက်ခွင့်ပြုခဲ့ပြီး ကျန်းရွှိရေတွက်၍ပြီးခါနီးတွင် ရုတ်တရက်သူ့လက်ကို လှမ်းဆွဲကိုင်ကာ သူ့အား နမ်းလိုက်သည်။

“ ပြဿနာတွေရှာနေတာ တော်လိုက်ပါတော့...”

သူကဖြည်းဖြည်းနှင့်နက်ရှိုင်းစွာနမ်းနေရင်း ကျန်းရွှိနားရွက်များကို ပွတ်သပ်နေသည်။ သူ ကျန်းရွှိအား ချိုမြိန်စွာနမ်းနေခဲ့သည်။ ကျန်းရွှိမနေနိုင်တော့ဘဲ ညည်းသံထွက်လာကာ အသက်ခပ်ဟဟ ရှူသည်အထိ သူ၏လျှာဖျားကို ညင်သာစွာ တိုက်ခိုက်နေခဲ့သည်။

ရှန့်ဖန်းယွိ ကိုယ်ကိုကိုင်း၍ သူ၏နားထဲသို့ ခပ်တိုးတိုးလေးပြောလိုက်သည်။ 

“ အဆင်ပြေလား...”

ခွဲစိတ်ကုသပြီးကတည်းကပင် လပေါင်းများစွာကုန်လွန်သွားပြီး ကျန်းရွှိ၏ခန္ဓာကိုယ်မှာ လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။ စမ်းသပ်ဆေးစစ်မှုအားလုံးက သူသည်ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်းပြနေပြီး သူသည်အခြားအရာများကိုပင် လုပ်နိုင်ပုံရသည်။

ကျန်းရွှိ၏မျက်လုံးများသည် စိုစွတ်နေပြီး ထိုစကားများကိုကြားသောအခါသူ၏နားရွက်များ နီရဲသွားသည်။ ခဏအကြာတွင် သူသည် အိပ်ရာဘေးစားပွဲမှအဝတ်အစားတစ်ထည်ကို ရုတ်တရက်ဆွဲထုတ်ကာ ရှန့်ဖန်းယွိဘေးသို့ ပစ်ချလိုက်သည်။

 “ အရင်ဆုံး အဲ့ဒါငါ့ကိုရှင်းပြ...”

ရှန့်ဖန်းယွိကဖြန့်ကြည့်လိုက်သောအခါ ရင်ဘတ်တွင် အပေါက်ရှိသော ခေါင်းစွပ်အင်္ကျီ ဖြစ်ကြောင်းတွေ့လိုက်ရသည်။

“ မင်း ဒါကိုတောင်ရှာတွေ့တာလား..” 

သူအံ့ဩသွားသည်။

သူတို့အိမ်ပြောင်းရွှေ့သောအခါ ကျန်းရွှိသည် သန့်ရှင်းရေးလုပ်နေပြီး အဝတ်အစားများဗီရိုထဲမှပြုတ်ကျသောအခါ ထိုအင်္ကျီကို မြင်လိုက်ရသည်။ ရှန့်ဖန်းယွိသည်ထိုအင်္ကျီကို ဂရုတစိုက်ဝှက်ထားခဲ့ပြီး ထိုအချိန်ကအပြင်တွင်အလုပ်များနေခြင်းမရှိဘဲ ဗီရိုကိုလည်းတစ်ဝက်မျှအလွတ်ထားခဲ့ပါလျှင် ကျန်းရွှိ ထိုအင်္ကျီအား အချိန်ကြာကြာရှာတွေ့မည်မဟုတ်ပေ။

သို့သော် သူကယခုအချိန်တွင် ရှင်းပြရန်မတွေးခဲ့ပေ။ သူ ရှန့်ဖန်းယွိအား သတိပေးလိုက်သည်။

 “ စကားလမ်းကြောင်းလွဲဖို့ မကြိုးစားနဲ့...”

ရှန့်ဖန်းယွိ ဖြည်းညင်းစွာ တခစ်ခစ်ရယ်လေ၏။

“ မင်းငါ့ကိုဘာရှင်းပြစေချင်တာလဲ… မင်း ၀တ်ထားတာကိုငါမြင်ချင်တယ်လို့ မင်းငါ့ကိုပြောစေချင်တာလား...” 

သူ ခေါင်းငုံ့လိုက်ကာ ကျန်းရွှိ၏နှုတ်ခမ်းများနမ်းလိုက်သည်။

"မင်းကို အဲ့ဒါ ၀တ်ထားတာကို ငါတကယ်မြင်ချင်တယ်…ငါတို့ လုပ်နေတဲ့အချိန် မင်းအဲ့ဒါဝတ်ထားတာကိုငါမြင်ချင်တယ်..." 

သူသည် နောက်ဆုံးစကားကို လေသံဖြင့်သာပြောလိုက်သည်။

“ မင်းမရှက်ဘူးလား..” 

နောက်ဆုံးစကားလုံးများတွင် ကျန်းရွှိ၏မျက်နှာက နီရဲသွားသည်။

“ မင်းဘာရှက်နေတာလဲ ” 

ရှန့်ဖန်းယွိသည်သူ၏မျက်ခုံးများကိုလက်ချောင်းဖြင့်ပွတ်သပ်လာသည်။

“ မင်းကိုယ်ဝန်ဆောင်တုန်းကဆိုရင်... ”

“ တော်ပါတော့..”

ရှန့်ဖန်းယွိသည် ညင်သာစွာရယ်မောပြီးသူ၏ နားရွက်ဖျား ကိုပွတ်သပ်လိုက်သည်။

“ ဘယ်အချိန်မှာဝယ်ခဲ့တာလဲ...” 

ကျန်းရွှိကသူ့ကိုမေးသည်။

“ မင်းငါ့ကိုစစ်ဆေးနေတာလား…မင်းဟိုစကားပုံကိုမေ့သွားပြီလား...သက်သက်သာသာ ဝန်ခံ ပြင်းပြင်းထန်ထန် ခုခံ ဆိုတာလေ..."

ကျန်းရွှိ၏မျက်နှာမှာ သူ၏စကားများကြောင့် ပူထူနေ၏။

“ မင်း စကားကောင်းကောင်းပြောလို့မရဘူးလား...”

“ဘယ်သူက အိပ်ရာထဲမှာ ကောင်းကောင်းပြောလို့လဲ...” 

ရှန့်ဖန်းယွိသည်အိပ်ရာမှ ရုတ်တရက်ထကာ တစ်ခုခုရှာရန် စာကြည့်ခန်းထဲသို့ လျှောက်သွားသည်။ ခဏအကြာတွင် သူသည်သူ၏လက်များအား နောက်ကျောသို့ပစ်ကာ ပြန်လျှောက်လာပြီး ကျန်းရွှိအား အဓိပ္ပာယ်အပြည့်နှင့် ကြည့်လိုက်သည်။

“ မင်းဘာသွားယူတာလဲ..”

ရှန့်ဖန်းယွိသည်သူ၏ဘယ်ဘက်လက်ဖြင့် လေးထောင့်ဗူးလေးကို ကမ်းပေးခဲ့ပြီး ကျန်းရွှိက ရင်တုန်စွာဖြင့် ထိုဗူးကိုယူလိုက်သည်။

ရှန့်ဖန်းယွိသည် သူ့အား တစ်ခဏမျှစိုက်ကြည့်ရင်း ညာဘက်လက်နှင့်လက်ထိပ်ကို ထုတ်လိုက်ကာ သူမတုံ့ပြန်နိုင်ခင်မှာပင် သူ့အား အိပ်ရာနှင့် တွဲ၍ လက်ထိပ်ခတ်လိုက်သည်။

“ ဒီနေ့ ငါမင်းကို ဘယ်လိုမျိုးစစ်ဆေးမေးမြန်းရတယ်ဆိုတာသင်ပေးမယ်..."

ကျန်းရွှိ ၏စိတ်သည် ဗလာနထ္ထိဖြစ်နေကာ သူ၏မျက်နှာကို ခေါင်းအုံးထဲသို့နစ်ဝင်ထား၍ လှဲနေရင်း အနည်းငယ်မောနေခဲ့သည်။

 “ ဘာလို့အဲ့ဒါကိုဆက်သိမ်းထားတာလဲ...”

ထိုလူ၏သွယ်လျ ဖြူဖျော့သောလက်ကောက်ဝတ်အား ငွေရောင် လက်ထိပ် နှင့်အတူတန်ဆာဆင်ခဲ့သည်။
သူသည် ဖြူဖွေးနေသောရင်ဘတ်အားအနည်းငယ်မြင်နေရသည့် အနက်ရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားသည်။နှင်းဖုံးနေသောတောင်ထိပ်ပေါ်တွင်ပြန့်ကျဲကျနေသော အနီရောင် မက်မွန်ပွင့်များကဲ့သို့ ပင် သူ၏ ရင်ဘတ်တည့်တည့်မှ အနီရောင်မှဲ့လေးသည် တစ်စွန်းတစ်စ ပေါ်လွင်နေသည်။

“ အဲဒီအချိန်တုန်းက ငါလွှင့်ပစ်ဖို့မေ့ခဲ့တာ.…နောက်တော့ငါမှာတခြားအကြံရသွားတယ်လေ...”

ကျန်းရွှိသည် အနည်းငယ်ပျင်းနေကာ သူပြောသမျှကိုများများစားစားမတွေးတော့ပဲ…မေးခွန်းများသာအလိုက်သင့်မေးတော့သည်။  

“ဘာအကြံလဲ...”

ရှန့်ဖန်းယွိ သူ၏လက်များပေါ်မှ လက်ထိပ်ခတ်များကို ပြန်ချွတ်လိုက်ပြီး သူ၏ချစ်သူအားစိတ်ကျေနပ်မှုအပြည့်ဖြင့်ကြည့်နေခဲ့သည်။

“ငါတို့အခုပဲ လက်တွေ့ လုပ်ဖြစ်ခဲ့တဲ့ အကြံတွေပေါ့...”

"ကျစ်…."ကျန်းရွှိ၏မျက်နှာကနီရဲသွားလေသည်။

ရှန့်ဖန်းယွိက သူ၏နဖူးကို နူးညံ့စွာနမ်းခဲ့သည်။ 

“ ရေချိုးဖို့အတွက် ငါ သယ်သွားပေးရမလား... ”

ကျန်းရွှိက ဘာမှမပြောဘဲ ဘေးဘက်သို့လှည့်ပြီး ရှန့်ဖန်းယွိအား ဖက်လိုက်သည်။

သက်တောင့်သက်သာရှိသော အမူအရာဖြစ်ပြီး ရှန့်ဖန်းယွိ၏နှလုံးသားမှာ ရုတ်တရက် ခုန်သွားခဲ့ရသည်။

“ အကယ်၍ မင်းရဲ့စိတ်ထဲမှာတစ်ခုခုရှိရင်ငါ့ကိုပြောလို့ရတယ်… မင်းငိုချင်ရင်လည်း ရတယ်…ငါဒီဘက်ကနေ မမြင်ရပါဘူး... ”

“ ဘယ်သူကငိုချင်လို့လဲ…ဟေ့...ကျန်းရွှိ...မင်း….ငါငိုတယ်ဆိုပြီး ကောလာဟလတွေ ထပ်ဖြန့်ရင် နောက်တစ်ခါကျ မင်းအိပ်ရာထဲမှာငိုနေတာကို ငါဗီဒီယိုမှတ်တမ်းရိုက်ထားပစ်မယ်..."

ရှန့်ဖန်းယွိက သူ့ကိုပွေ့ဖက်ပြီးခြိမ်းခြောက်ခဲ့သည်။ 

ကျန်းရွှိ သူ့အား ဒူးနဲ့တိုက်လိုက်သည်။

“ အိုး အိုး အိုး…တော်တော့်..ငါပြန်ရုတ်သိမ်းတယ်…ငါဘာမှမပြောခဲ့ဘူး... ” 

သူသည် ခဏတိတ်ဆိတ်နေပြီးနောက် ကျန်းရွှိ ကိုဝန်ခံလိုက်သည်။

 “ငါစောနကလှဲနေတုန်း…အမေကငါ့ကို မက်ဆေ့ခ်ျပို့လိုက်တာ ... ”

“ အင်း… ငါမြင်ပြီးပြီ... ” 

ကျန်းရွှိက ပြန်ပြောလိုက်သည်။

ရှန့်ဖန်းယွိသည် သူ၏ဖုန်းကိုကြည့်ပြီးနောက် ထူးထူးခြားခြားအသံတိတ်သွားသည်ကို ကျန်းရွှိမြင်လိုက်သောကြောင့် သူ့အား ချော့ရန် ထိုခေါင်းစွပ်အင်္ကျီကိုထုတ်ခဲ့ခြင်းဖြစ်သည်။  

ရှန့်ဖန်းယွိ ကျန်းရွှိ ၏လက်ကိုကိုင်ကာ သူ၏နှလုံးသားပေါ်သို့ တင်လိုက်သည်။ 

“ သူပြောတာက ငါဒီခွဲစိတ်မှုကိုအောင်မြင်ပြီးတော့ အဲဒီဆောင်းပါးကိုလည်း အောင်အောင်မြင်မြင်ထုတ်ဝေနိုင်ခဲ့တဲ့အတွက် သူက အစကတည်းက ငါ့အတွက်ဂုဏ်ယူတယ်လို့ပြောချင်ခဲ့တာတဲ့... ”

“ အဲ့မတိုင်ခင်က ငါ့အမေရဲ့ဂုဏ်ယူရတာတွေအားလုံးကငါ့အစ်ကိုအတွက်ပါပဲ…သူငါ့အတွက်ဂုဏ်ယူတယ်လို့ပြောတာ ဒီတစ်ခါပထမဦးဆုံးပဲ.... ” 

ရှန့်ဖန်းယွိ အသက်ပြင်းပြင်းရှူလိုက်သည်။

“ သူက ချန်းကျီယာမှာလည်း ဂုဏ်ပြုထမင်းစားပွဲလေးကျင်းပချင်တယ်လို့ပြောတယ်... ”

ချန်းကျီယာတွင် ဆယ်နှစ်ကျော်မျှ စားသောက်ပွဲတစ်ခု မလုပ်ဖြစ်ခဲ့ပြီးနောက် ရှန့် စုံတွဲသည် နောက်ဆုံးတွင် သူ့အတွက် ထိုပွဲကိုပြန်လုပ်ပေးရန် သတိရခဲ့သည်။

“ဒါပေမယ့်ငါငြင်းလိုက်ပြီး အဲဒါကိုကြီးကြီးမားနား သိပ်မတွေးဖို့ပြောလိုက်တယ်...” သူကခပ်ပေါ့ပေါ့ရယ်လိုက်၏။

“ငါစိတ်ဆိုးတာတို့ စိတ်ပူတာတို့ဖြစ်လို့ မဟုတ်ပါဘူး…အဲ့ဒါက ငါ့နှလုံးသားထဲကနေ ထုတ်ဖော်ပြဖို့ ခက်ခဲတဲ့ ခံစားချက်မျိုးပေါ့..…သူတို့ကဒီနေ့ ငါ့ကိုတောင်းပန်တော့…ငါ..ငါအတော်လေးစိတ်ရှုပ်ထွေးတယ်လို့ ခံစားရတယ်..”

“ ပြီးတော့ အမေကထပ်ပြောတယ်…ကလေးကိုဘယ်သူမှဂရုမစိုက်နိုင်ဘူးဆိုရင် သူလာပြီးကူညီနိုင်တယ်တဲ့….သူ့မှာအခုအချိန်ရှိပြီးတော့ ကလေးကိုကောင်းကောင်းဂရုစိုက်ပေးမယ်တဲ့…. သူငါ့ကို တင်နေတဲ့အကြွေးတွေအားလုံးကို ငါတို့ရဲ့သမီးလေးကနေတစ်ဆင့်ပြန်ဆပ်လိမ့်မယ်..."

“ ကျန်းရွှိ... ” သူသည် ရုတ်တရက် ကျန်းရွှိ၏လက်ကိုကိုင်မြှောက်ကာ နမ်းလိုက်သည်။ တံတွေးမျိုချကာ သူ၏လည်စေ့ကို ခက်ခက်ခဲခဲ လှုပ်စေရင်းဆို့နင့်နေသောအသံဖြင့်ပြေသည်။

 “ ငါချွဲချွဲပျစ်ပျစ်ပုံစံမျိုးနဲ့ ပြောကောင်းပြောမိလိမ့်မယ်…ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မင်းနဲ့တွေ့ဆုံရတာ ငါ့ဘဝရဲ့ကံအကောင်းဆုံးလို့ ငါတကယ်ခံစားရတယ် ... ”

“ ဘယ်သူကချွဲပျစ်တဲ့အသံလို့ပြောတာလဲ... ”

ကျန်းရွှိ သည် ချွေးစို့နေသောဆံပင်ကိုပွတ်သပ်ပြီးနောက် သူ၏ရှက်နေသောမျက်နှာကို နမ်းလိုက်သည်။

“ တစ်ယောက်ယောက်ကငါနဲ့ဆုံတာ ကံကောင်းတယ်လို့ခံစားရအောင်လုပ်နိုင်တာက .….အဲ့ဒါ ငါ့ရဲ့အနက်ရှိုင်းဆုံး သစ္စာတရားကြောင့်လို့ထင်တယ်..."

— — — — 

သို့သော်ဒေါက်တာရှန့်သည် သူထိုစကားလုံးများ ပြောပြီးမကြာခင်မှာပင် ကျန်းရွှိကသူ့ကိုလည်း ထိုသို့ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သမီးလေး မွေးဖွားချိန် မှစ၍ ကိုးလကြာခဲ့ပြီးနောက် A ရှိဆောင်းရာသီသည် တွေးထားသည့်အတိုင်းရောက်ရှိခဲ့သည်။ ကျီဟွားသည်လည်း ဒေါက်တာလင်းကျောက်ချီ၏ မွေးနေ့ အတွက် လုပ်ခင်းဆောင်တာအနည်းငယ်ကို စတင်ပြင်ဆင်ခဲ့သည်။

ကျန်းရွှိသည်အဖြူရောင် ဂန္ဓမာပန်းစည်းနှစ်စည်းကိုအထူးပြင်ဆင်ခဲ့ကာ ဖုန်းခေါ်ဆိုမှုကိုစောင့်ဆိုင်းနေခဲ့သည်။

“ ဒေါက်တာကျန်း…ကျွန်မ လျန်းမြောင်ပါ …ကျွန်မကိုမှတ်မိလား...” 

ဖုန်းထဲမှအသံမှာ အကျွမ်းတဝင်ရှိပြီး ကြည်လင်နေသည်။ 

ပို၍အရပ်ရှည်လာပုံရသည့်မိန်းကလေးသည် ပန်းများကိုပွေ့ထားကာ နောက်ဆုံးတွင်ဒေါက်တာလင်း၏ရုပ်ထုအောက်၌ ကျန်းရွှိ နှင့်တွေ့ဆုံခဲ့သည်။ သူမ၏ဖျားနာနေသော ပုံစံမှာ အလွန်တိုးတက်လာပုံရသည်။သူမ၏ အသားအရေသည်လည်း ပန်းနုရောင်သွေးနေကာ စကားပြောနေရင်း ရယ်မောနေခဲ့သည်။

သူမသည် ပန်းများကို လျန်းဟန် သို့ပေးလိုက်ပြီး ကျန်းရွှိနှင့်မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ 

“ ဒေါက်တာတွေ့တယ်မလား... ကျွန်မအသက်ရှင်နေတုန်းပဲ...”

ကျန်းရွှိ သူ၏ပါးစပ်ထောင့်များကွေးတက်သည်အထိပြုံးခဲ့သည်။ 

“ အင်း… ဒေါက်တာလည်းအသက်ရှင်နေပါတယ်.. ”

လျန်းမြောင် သည်ချိုသာစွာပြုံးပြခဲ့သည်။ 

“ ဒါဖြင့် ကျွန်မတို့ နှစ်ယောက် စလုံးကတိတွေ တည်ခဲ့ကြတာမို့ ခွေးပေါက်တွေနဲ့ မတူတော့ဘူးမလား...”

လျန်းဟန် သည် ဘေးတစ်ဖက်မှ ကျန်းရွှိအား နှုတ်ခွန်းဆက်လိုက်သည်။ ထို့နောက် သူမသည် ခဏမျှ တွန့်ဆုတ်နေကာ.. မရဲတရဲမေးလာသည်။

“ ဒေါက်တာရှန့်ရော အဆင်ပြေပြေရှိနေလား…ဒေါက်တာသူ့ကိုတွေ့ရင် ကျွန်မအစားသူ့ကိုနှုတ်ဆက်ပေးလို့ရမလား… ကျွန်မ ... သူ့ကိုအဲ့တုန်းက စိတ်အနှောင့်အယှက်တော်တော်ပေးလိုက်မိတယ်..."

အမှန်မှာ ကျန်းရွှိသည် လျန်းမြောင်ကို စတွေ့စဉ်က သူမကိုမမှတ်မိခဲ့ပေ။ သူမ၏ရှုပ်ထွေးနေသောဆံပင်များ မရှိတော့ပဲသူမ၏အဝတ်အစားများသည်ပုံမှန်မဟုတ်တော့။ မိန်းကလေးတိုင်း၏ အရေးကြီးသော ငယ်ရွယ်မှုကဲ့သို့ သူမသည်နံနက်ပိုင်းပွင့်လန်းသောပန်းကဲ့သို့ တက်ကြွမှုများအပြည့်ဖြစ်နေသည်။

“ ငါသူ့ကိုပြောပြလိုက်ပါ့မယ်… မင်းရော နေကောင်းတယ်မလား... ”

လျန်းမြောင်က ဖြေလာသည်။

“ အွန်...ဟွန်....ကျွန်မတက်တက်ကြွကြွနဲ့ ခုန်ပေါက်နေတာ...”

သူတို့သုံးဦးသည် ပန်းများကိုဒေါက်တာလင်းရုပ်ထုရှေ့တွင်ထားခဲ့ကြသည်။ ရုပ်ထုသည်ပန်းများဖြင့် ပြည့်နေပြီးဖြစ်သောကြောင့် အလွန်ဂုဏ်သိက္ခာရှိပြီး မွန်မြတ်နေသည်။

“ ဒေါက်တာရဲ့ကောင်းချီးများအတွက်ကျေးဇူးတင်ပါတယ်... ” လျန်းမြောင်က ဒေါက်တာလင်းကျောက်ချီရုပ်ထုအား အရိုအသေပေးပြီးနောက် ကျန်းရွှိဘက်သို့လှည့်လိုက်၏။

 “ ဒေါက်တာကျန်း ကိုလည်းကျေးဇူးတင်ပါတယ်.. ကျွန်မကို အသက်ရှင်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.…ဒေါက်တာနဲ့တွေ့ဆုံရတာက ကျွန်မဘဝမှာကံအကောင်းဆုံးပါပဲ...”

“ မင်းမှာ ရှေဆက်ရမယ့် ရှည်လျားတဲ့ဘဝရှိနေပါသေးတယ်... မင်းကိုကံကောင်းစေမယ့် လူတွေရော အရာတွေရော မင်း သေချာပေါက်တွေ့ရမှာပါ..."

ထိုအကြောင်းအား နောက်ပိုင်းတွင်ကြားခဲ့ရသော ရှန့်ဖန်းယွိသည် ချက်ချင်းပင် နှစ်ချို့ ရှာလကာပေါင်း နှစ်ပုံးမျှ စားကာ ထရယ်တော့သည်။

 “ငါတော့ ဘာမှမဟုတ်တဲ့ စကားချိုချိုတွေ ဘယ်လိုပြောဆိုရမယ်ဆိုတာကိုလေ့လာဖို့လိုနေပြီထင်တယ်…သူများတွေက ပေါ့ပေါ့ပါးပါးပြောနေပေမယ့် ဘာလို့ အဲ့လောက်သိသာနေရတာလဲ...”

ကျန်းရွှိ သူ့အား ခပ်ပေါ့ပေါ့ကြည့်ကာ “ မင်းငါ့ကိုပြောသမျှတိုင်းက ချိုချိုသာသာတွေချည်းပါပဲ...”

“ သူ... ကျန်းရွှိ..မင်းက အဲ့လိုနေရာမှာပိုတော်လာပြီဆိုတာငါသဘောပေါက်တယ်…ငါခြိမ်းခြောက်ခံရတယ်လို့ စပြီးခံစားနေရသလိုပဲ… မကြာမီ မင်း ငါ့ကိုကျော်တက်သွားတော့မယ်ထင်တယ်...”

“ အဓိပ္ပာယ်မရှိတာ…မင်းဘယ်တုန်းကရော ငါ့ကိုကျော်ခဲ့လို့လဲ... ”

ကျန်းရွှိက မေးခွန်းပြန်ထုတ်လိုက်သည်။

— — —

ရာသီများပြောင်းလဲသွားပြီးအချိန်များကုန်လွန်သွားသည်။

သမီးလေး၏ ပထမဆုံးမွေးနေ့တွင် သူမသည်မှတ်ပုံတင်ထားသောကလေးဖြစ်လာပေတော့မည်။

ကျန်းချီ ၏ဖုန်းခေါ်ဆိုမှုကိုဖြေကြားပြီးနောက် ကျန်းချီသည် စိတ်အေးသွား၍ သက်ပြင်းချလိုက်ကာ ရှန့်ဖန်းယွိ အား ပြောလိုက်သည်။ 

"ငါ ကျန်းချီနဲ့အတူ သမီးလေးရဲ့ မွေးစာရင်းလက်မှတ်ကိုသွားထုတ်ရမယ်.."

ရှန့်ဖန်းယွိသည် သမီးလေး၏မွေးနေ့ပွဲအတွက် ပြင်ဆင်နေကာ အလုပ်များနေသောကြောင့် အပြင်မထွက်နိုင်။ သူသည် သမီးလေး ကိုချီရင်း ကျန်းရွှိအား တံခါးထိပို့လိုက်သည်။

 “ဟုတ်ပြီ.. မကြာခင်ပြန်လာခဲ့…မင်းပြန်လာသည့်အခါ သမီးလေးရဲ့ ပထမဆုံးဆံပင်ညှပ်တဲ့ပွဲလေးကို ငါတို့လုပ်ကြမယ်..."

မသွားခင်တွင် ကျန်းရွှိက မေးလိုက်သေးသည်။

“ နာမည်စဉ်းစားပြီးပြီလား... ”

သမီးလေး၏မွေးစာရင်းအတွက် လျှောက်ထားသောအခါကလေး၏နာမည်ကိုရေးသားရမည်။ ကျန်းရွှိ၏အိမ်ထောင်စုစာရင်းအောက်တွင်ကလေးအားမှတ်ပုံတင်ရန်ဆုံးဖြတ်ထားသောကြောင့် ကလေးကို မျိုးရိုးနာမည် ကျန်း ဟု အမည်ပေးခြင်းသည်သဘာဝကျပါသည်။

"အင်း….ကျန်းရှန့်ဆိုရင်ရော..."

ခဏတာမျှကြားရရုံနှင့် နားထောင်၍ကောင်းသည်။

ကျန်းရွှိ ခေါင်းညိတ်ပြကာ စာရွက်စာတမ်းများကိုယူပြီးအောက်ထပ်သို့ဆင်းသွားသည်။

ကျန်းချီ၏အကူအညီကြောင့် အစစအရာရာအဆင်ပြေခဲ့သည်။ တစ်ခုတည်းသောပြဿနာတစ်ခုမှာ ကျန်းရွှိ ၀န်ထမ်းများအားကလေး၏အမည်ကိုပြောပြီးနောက် သူရုတ်တရက်စိတ်ပြောင်းသွားပြီး နာမည်ပြန်ပြောင်းရေးပေးရန် ၀န်ထမ်းများအားတောင်းဆိုခဲ့သည်။

ကျန်းချီသည် မွေးစာရင်းတွင် ပြုပြင်ထားသောနာမည်ကိုကြည့်ကာ အဓိပ္ပာယ်အပြည့်နှင့်ပြုံးလိုက်သည်။

အိမ်ပြန်ရောက်ပြီးနောက် ကျန်းရွှိသည် ရှန့်ဖန်းယွိ ခေါက်ထားသည့်သန့်ရှင်းသောအဝတ်အစားများပေါ်တွင် မွေးစာရင်းလက်မှတ်ကိုတင်ထားလိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်လိုက်ပြီး ကလေးကိုသူ့လက်ထဲမှယူလိုက်သည်။

 "ဧည့်သည်တွေမကြာခင်ဒီကိုလာတော့မှာလေ…မင်းရဲ့ညဝတ်အင်္ကျီဘောင်းဘီတွေလဲလိုက်တော့... ငါတို့တွေ ဓာတ်ပုံတူတူရိုက်လို့ရအောင်..."

"ဟုတ်ပါပြီ… အချိန်ဖြုန်းလိုက်အုံး.." 

ရှန့်ဖန်းယွိ ကလေးကိုလွှဲပေးလိုက်ကာ အဝတ်အစားလဲရန် အိပ်ခန်းထဲဝင်သွားသည်။

ကျန်းရွှိ က "အင်း" ဟုသာ အေးဆေးတည်ငြိမ်စွာပြောခဲ့ပြီး ရှန့်ဖန်းယွိ အခန်းထဲသို့ ၀င်သွားသည်နှင့်တပြိုင်နက် သူသည်ကလေးကိုဂရုတစိုက်ကိုင်ပြီး အနည်းငယ်ဖွင့်ထားသောအိပ်ခန်းတံခါး၏ ဟနေသော နေရာသို့လှမ်းကြည့်နေသည်။

၁၂ စက္ကန့်အကြာတွင် ရှန့်ဖန်းယွိ၏ ကြွေးကြော်သံကြားလိုက်ရသည်။

"ကျန်းရွှိ….မင်း... မင်းဘယ်လိုလုပ်ခဲ့လိုက်တာလဲ..."သူ၏အသံသည်အလွန်စိတ်လှုပ်ရှားနေသည်။

သန့်ရှင်းသောအဝတ်အစားများတွင် အဝါနှင့်အစိမ်းရောင် အနားကွပ်များနှင့် လက်မှတ်တစ်ခု။ပထမဆုံး စာကြောင်းတွင်ကလေး၏အမည်ရေးထားသည်။

စကားလုံးသုံးလုံး။

"ကျန်း မူ ရှန့်"

"မူ" ဆိုသည်မှာ "ချစ်ခြင်းမေတ္တာနှင့်အထင်ကြီးလေးစားခြင်း" ကိုဆိုလိုသည်။ ထို့ကြောင့် ကျန်းမူရှန့် သည် ကျန်း က ရှန့် ကိုချစ်ကြောင်းဖော်ပြနေခြင်းဖြစ်သည်။

ရှန့်ဖန်းယွိ ၏မျက်ခွံများက အနည်းငယ်တုန်လှုပ်သွားပြီး သူ၏နှလုံးသားသည်လည်း အရည်ပျော်သွားပြီဖြစ်သည်။

ကျန်းရွှိ ပါးစပ်များကွေးတက်သည်ထိပြုံးနေကာ တံခါးအပြင်တွင်ရပ်နေရင်း သူ၏လက်ထဲမှ ကလေးငယ်ကို ခပ်တိုးတိုးလေးပြောသည်။

"မင်းဖေဖေကိုကြည့်အုံး…ကမ္ဘာကြီးကို မမြင်ဖူးတာကျလို့…အရမ်းအံ့ဩလွယ်နေတာ..."

ကျန်းမူရှန့်သည် သူမခေါင်းကိုခါလိုက်ပြီး သူ့အမြင်ကို သဘောတူပုံရကာ လက်ခုပ်တီးနေသည်။

"မင်းရဲ့နာမည်အသစ်ကိုမင်းကြိုက်လား…ဒါပေမဲ့ မင်းမကြိုက်ဘူးဆိုရင် မင်းအသက်ကြီးလာတဲ့အထိစောင့်နေရအုံးမှာနော်..."

သူသည် မေးမြန်းပြီး ငြင်းဆန်ရန်အခွင့်ပင် မပေးပဲ ထပ်ပြောလိုက်သည်။

ကျန်းမူရှန့် - "."

ကျန်းရွှိသည် နှုတ်ခမ်းဆူနေသော ကလေးငယ်ကိုကြည့်ကာမနေနိုင်ပဲ သူ၏ ပါးဖောင်းဖောင်းလေးအား နမ်းလိုက်သည်။

အချိန်ကုန်လွန်သွားပြီးအခြားနွေဦး ရာသီသည် ပြတင်းပေါက်အပြင်ဘက်သို့ရောက်လာခဲ့သည်။မြက်ပင်ကြီးများပိုရှည်လာကာ ငှက်များလည်းပျံသန်းနေခဲ့ပြီး ရွှေရောင်မုန်ညင်းပန်းများသည် အချိန်အခါသင့်စွာ ပွင့်ဖူးနေကြသည်။

'ငါတို့မျိုးရိုးနာမည်တွေကိုသုံးရမယ်ဆိုရင် ..အဲ့ဒီနာမည်မှာ ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ထုတ်ပြခွင့်ပေးပါ..."