အပိုင်း ၃
ကျန်းလန် ဈေးဝယ်စင်တာသို့ ဖြေးဖြေးချင်း လျှောက်လာပြီး အဝင်ဝ၌ ယင်းချောင်က ကြိုတင်၍ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ပုံပန်းသွင်ပြင်အရ အရပ် 1.9 မီတာရှည်လျား၍ ကျယ်ပြန့်သော ပုခုံးပြင်၊သေးငယ်သည့် ခါးနှင့် ခြေထောက်ရှည်များ ရှိလေသည်။သူက လူကြားထဲ၌ ထင်းထွက်နေပြီး အလွန်ချောမောနေသည်။ ကျန်းလန် ပို၍မြန်ဆန်သည့် ခြေလှမ်းများဖြင့် လျှောက်သွားသည့်အခါ၌ ဝင်ထွက်သွားလာနေသည့် ရှိသမျှ ကောင်မလေးတိုင်းက
ဒုတိယအကြိမ် လည်ပြန်ကြည့်ကြသည်ကို သူမြင်လိုက်ရသည်။
အကယ်၍ ယင်းချောင်ကသာ လစာယွမ်သုံးထောင် ရသည့် သူတစ်ဦးဟု မပြောခဲ့လျှင် ကျန်းလန်က သူ့ကို မာနကြီးသည့် အရှိန်အဝါဖြင့် အချို့ကုမ္ပဏီများအား အုပ်ချုပ်သည့် ဥက္ကဠဟု ထင်မိလိမ့်မည်။
သူ သွက်လက်စွာ လျှောက်လာ၍ ယင်းချောင်ရှေ့၌ ရပ်ကာ အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်သည်။
"ခင်ဗျား စောင့်နေတာကြာပြီလား..."သူပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဖြတ်သွားဖြတ်လာများ၏ ဝိုင်းကြည့်ခြင်းခံရ၍ အနည်းငယ် စိတ်မရှည် ဖြစ်နေသည့် ယင်းချောင်က စိတ်သက်သာရသွားပုံ။
ထို့နောက် သူ၏ဘယ်ဘက်လက်ကောက်ဝတ်၌ ဝတ်ဆင်ထားသည့် နာရီအား ကြည့်ကာ "သိပ်မကြာသေးပါဘူး၊ ကျွန်တော်လာတာ စောတာပါ၊ ကျွန်တော်တို့ စကားပြောဖို့ ဘယ်နေရာမှာ ထိုင်ကြမလဲ..."
သူတို့နှစ်ယောက် ယနေ့ တွေ့ဆုံရသည့် အကြောင်းမှာ မည်ကဲ့သို့ စုံတွဲဟန်ဆောင်ရမည်ကို ဆွေးနွေးရန်အတွက် ဖြစ်သည်။
သို့သော်လည်း ကျန်းလန်က အဓိကအကြောင်းအရင်းအား တည့်တိုးဆန်စွာ ပြောရန် အဆင့်သင့်မဖြစ်သေးသည့်အတွက် အပြုံးလေးဖြင့် မေးလိုက်သည်။ "ခင်ဗျား နေ့လည်စာ စားပြီးပြီလား..."
ယင်းချောင် ခဏတာတုံ့ဆိုင်းသွားကာ ခေါင်းကိုခါလိုက်သည်။ "မစားရသေးဘူး..."
"ဒါဆို စားဖို့ တစ်နေရာရာ ရှာရအောင်လေ ၊ဟော့ပေါ့ဆိုရင်ရော ဘယ်လိုလဲ … အစားရှောင်ထားတာတွေ ရှိလား။" ဟု ကျန်းလန် မေးလိုက်သည်။ ဟော့ပေါ့...တူများဖြင့် ဟင်းသီးဟင်းရွက်များအား အိုးတစ်ခုထဲမှ ခပ်ယူစားသောက်နေကြသည့်ပုံအား တွေးမိရုံနှင့်ပင် ယင်းချောင် မျက်မှောင်ကြုတ်မိသည်။
သို့သော်လည်း ကျန်းလန်၏စားချင်နေသည့်အမူအရာနှင့် သူ၏ဟန်ဆောင်ထားသည့်မွဲနေသော ပုံစံအားထည့်တွေးကာ နောက်ဆုံး၌ မနှစ်သက်မှုအား ချုပ်တည်း၍ ပြောလိုက်သည်။ "မင်းသဘောပဲ..."
အဆိုးဆုံးက သူ မစားဖြစ်တာပဲရှိမှာ...
သူ သဘောတူသည်ကို ကြည့်၍ ကျန်းလန် အမှန်တကယ် ပျော်ရွှင်သွားရသည်။ "ကျွန်တော် အရမ်းအရသာရှိတဲ့ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို သိတယ်… ခဏစောင့်နေနော် ကျွန်တော် ဝက်ခြေထောက်ကင် ဝယ်ပြီးတာနဲ့ ခင်ဗျားကို ခေါ်သွားမယ်..."
ထို့နောက် ယင်းချောင်က စျေးဝယ်စင်တာအရှေ့ရှိ အစားအသောက်တန်းများဆီသို့ သွားနေသည့် ကျန်းလန်အား ကြည့်ကာ ကျန်ရစ်ခဲ့သည်။
ယင်းဈေးဆိုင်တန်းများက ယာယီတဲများသာဖြစ်၍ တဲထဲသို့ အဝင်အထွက်လုပ်နေသည့် လမ်းသွားလမ်းလာများက နေကောင်းကျန်းမာရဲ့လားပင် မသိရပေ။ ကျန်းလန်က ဝက်ခြေထောက်ကင် သုံးခုအား ဝယ်၍ ပြန်လာသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန်းလန်က အလွန်ပျော်ရွှင်နေပုံဖြင့် ဝက်ခြေထောက်ကင်တစ်ခုကို သူ့အား ပေးလာသည်။ "ကျေးဇူးပြုပြီးစားပါဦး"
ယင်းချောင်က ထိုဝက်ခြေထောက်ကင်အား အချိန်အကြာကြီးစိုက်ကြည့်၍ တွန့်ဆုတ်စွာဖြင့် ယူလိုက်သည်။ ကျန်းလန်က သူ၏ထူးဆန်းမှုအား သတိမထားမိဘဲ အရှေ့သို့လျှောက်ကာ ဝက်ခြေထောက်ကင်အား တစ်ကိုက် ကိုက်လိုက်သည်။
"ဒါက အရသာကောင်းတယ်လို့ ပြောရမှာပဲ။"
ထိုသို့ပြောပြီးနောက် သူက မလှုပ်မယှက်ရပ်နေပြီး ယင်းချောင် အရသာမြည်းသည်အား စောင့်နေသည်။
အလွန် ဇီဇာကြောင်သည့် နဂါးဖြစ်သော ယင်းချောင်က လမ်းဘေး အစားအစာများကို တစ်ခါမှ မစားဖူးပေ။ ထို့ပြင် လမ်းလျှောက်နေရင်းလည်း အစာမစားတတ်ပေ။ သူ အသက်ပြင်းပြင်းရှုလိုက်ကာ အပြုံးတစ်ခုအား ဖြစ်ညှစ်ပြုံး၍ ပြောလာခဲ့သည်။
"ကျွန်တော် နောက်မှ စားလိုက်မယ်။"
ကျန်းလန် "အိုး" ဟုပြောလိုက်ပြီး သူ၏အာရုံက အခြားသို့ ရောက်သွားသည်။အိတ်ထဲရှိ စွမ်းနီက အနံ့များရကာ မကျေနပ်သဖြင့် ပျာယာခတ်နေသည်။ သူလည်း စားချင်နေခဲ့သည်။
"အစ်ကို ညီလေးအတွက်လည်း ဝယ်လာခဲ့တယ် ဘယ်သူမှ အနားမှာမရှိတဲ့အခါကျ ပေးမယ်။"
ကျန်းလန်က အသံတိုးတိုးဖြင့် သူ့ညီလေးအား စိတ်သက်သာရာရအောင် ပြောလိုက်သည်။သူက အသံတိုးတိုးဖြင့် စကားတစ်ခွန်းနှစ်ခွန်းပြော၍ ချော့လိုက်ရာ နောက်ဆုံးတွင် အိတ်ထဲ၌ လူးလိမ့်နေသည့် စွမ်းနီ ငြိမ်သွားရသည်။
ဟော့ပေါ့ဆိုင်က လျှောက်လမ်း၏အဆုံး၌ ရှိသည်။ကျန်းလန်က ယင်းချောင်အား လမ်းပြကာ ဈေးဝယ်စင်တာ၏ ညာဘက်လျှောက်လမ်း၌ လမ်းလျှောက်နေခဲ့သည်။ လမ်းတစ်ဝက်တွင် သူတို့ အော်ဟစ်ငြင်းခုံသံများအား မျက်နှာချင်းဆိုင်ဘက်ခြမ်းမှ ကြားလိုက်ရသည်။ လျှောက်လမ်းက ဈေးဝယ်စင်တာကဲ့သို့ လူစည်ကားသည်မဟုတ်၊ ဖြတ်သွားသူအနည်းငယ်ကသာ ထိုသူများအား ကြည့်နေကြသည်။
ကျန်းလန် ရပ်ကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်ကို မီးခိုးရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကားတစ်စီးထဲအတင်း ဆွဲထည့်နေသည်။
"ကျွန်မကိုလွှတ်ပါ။"
သူတို့နှစ်ဦးနောက်တွင်ရှိသည့် သက်လတ်ပိုင်းမိန်းမကြီးတစ်ယောက်က သူမ၏မျက်ရည်များကို သုတ်ကာ ငိုနေရင်း ပြောလိုက်လေသည်။
"ချန်ချန်း၊ မိဘတွေနဲ့ ရန်ဖြစ်နေတာ တော်ပါတော့၊သမီးအိမ်က ထွက်ပြေးနေတာ ရက်တော်တော် ကြာနေပြီ နင့်အဖေနဲ့ ငါက နင့်ကို ဒီရက်ပိုင်း မျက်လုံးတောင် မမှိတ်ဘဲ နေရာတိုင်း ရှာနေကြတာ၊ ငါတို့နဲ့ပြန်လိုက်ခဲ့ပါ"
ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသားက စိတ်တိုစွာပြောလာသည် "သူ့အရှေ့မှာ ငိုပြနေလည်း ဘာအကျိုးရှိမှာလဲ၊ သူသာဒီလောက်လိမ္မာနေရင် မိဘပိုက်ဆံခိုးပြီး ထွက်ပြေးသွားပါ့မလား...ဒီတစ်ခါတော့ ငါတို့အိမ်ပြန်ရောက်ရင် သူ့ကို ကျောင်းဘော်ဒါဆောင် ပို့ပစ်မယ် ပြီးတော့ ဒီကလေး ဒီလိုဖြစ်ရတာ နင့်ကြောင့်ပဲ..."
သက်လတ်ပိုင်းအမျိုးသားနှင့် အမျိုးသမီးက တစ်လေသံတည်း ပေါက်နေသည်။ တစ်ယောက်တွင် နီရဲနေသည့် မျက်နှာနှင့် နောက်တစ်ယောက်တွင် ဖြူဖတ်ဖြူရော် မျက်နှာရှိလေသည်။ ကူညီပေးရန် လာသည့် ဖြတ်သွားဖြတ်လာများက ကောင်မလေး ရုန်းကန်၍ အကူအညီတောင်းနေသည်ကို တွေ့သောအခါ တုံ့ဆိုင်းသွားကြသည်။
အချို့သက်ကြီးရွယ်အိုများက ဖျန်ဖြေရန် လုပ်ကြသည်။ "ကလေးကငယ်ပြီး မသိနားမလည်သေးတာမို့ မင်းတို့လူကြီးတွေ သေသေချာချာ ပြောသင့်တယ် အကြမ်းမဖက်သင့်ဘူး။"
အချို့လူများကလည်း ကောင်မလေးအား ဆိုဆုံးမကြသည်။ "အိမ်ကပိုက်ဆံကို ခိုးတာမှားတယ်လေ ဘာလို့ ငယ်တုန်းမှာ သေချာမသင်ယူတာလဲ..."
ကောင်မလေးက မျက်ရည်များဝဲကာ ဖြတ်သွားဖြတ်လာများအား ကူညီရန် တောင်းဆိုသည်။
"ကျွန်မ သူတို့ကို တကယ်မသိပါဘူး သူတို့က လူကုန်ကူးသမားတွေပါ၊ တစ်ယောက်ယောက် ရဲခေါ်ပြီးကူညီပေးကြပါ။"
သက်လတ်ပိုင်းအမျိုးသားက ကောင်မလေး၏ နောက်ကျောအား ပြင်းထန်စွာ ရိုက်လိုက်ပြီး ကားထဲသို့ ပိုမို၍ ကြမ်းတမ်းစွာ ဆွဲခေါ်လေသည်။ "နင် ရဲခေါ်ခိုင်းနေတာ ဘယ်နှစ်ခါရှိပြီလဲ၊ ရဲက တိုင်ကြားချက် အမှားထပ်လုပ်ရင် သူတို့ရဲ့ တာဝန်တွေကို နှောင်ယှက်မှုနဲ့ ထောင်ထဲမှာ ထိန်းသိမ်းပြီး အပြစ်ဒဏ်ပေးမယ်လို့ ပြောထားတယ်လေ"
သတ်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးက သပ်ရပ်စွာ ဝတ်စားထားပြီး သူတို့၏ ယုံကြည့်မှုရှိသည့်ပုံစံက နဂိုကတည်းက တုံ့ဆိုင်းနေသည့် လမ်းသွားလမ်းလာများအား ပိုမိုတုံ့ဆိုင်းသွားစေသည်။
တုံ့ဆိုင်းနေသည့် အချိန်ခဏလေးတွင်းမှာတွင် ကောင်မလေးကို ကားတစ်ဖက်ခြမ်းသို့ဆွဲခေါ်ခံလိုက်ရသည်။ကြည်ရှုနေသူများက သံယသရှိနေသည်။ သူမက ကားတံခါးအား လက်နှစ်ဖက်ဖြင့်ကိုင်ထား၍ ကားထဲသို့ဝင်ရန် ငြင်းဆန်နေသည်။ သူမ အားငယ်စွာဖြင့် ငို၍ အကူအညီတောင်းရုံသာ တတ်နိုင်သည်။
ကောင်မလေးက ကားထဲသို့ထည့်ခံရတော့မည့်အခြေအနေတွင် ကျန်းလန်က မြန်ဆန်စွာဖြင့် သူ့လွယ်အိတ်နှင့်ဝက်ခြေထောက်ကင်များအားယင်းချောင်၏ လက်ထဲသို့ ထိုးပေးလိုက်သည်။ထို့နောက် မြန်ဆန်စွာ လျှောက်သွားလိုက်ပြီး ကောင်မလေးအားကားအပြင်သို့ ဆွဲခေါ်လိုက်သည်။
သက်လတ်ပိုင်းအမျိုးသားက မည်သူမှ ပြဿနာလုပ်မည် မထင်သည့်အတွက် အမူအရာများ ပြောင်းသွားရသည်။ သူက ကောင်မလေးအား ပြန်ဆွဲခေါ်၍ ပြောလိုက်သည်။ "ကောင်လေး ဒါကငါတို့ အိမ်တွင်းရေးကိစ္စ။"
အော်ဟစ်ရင်း ကောင်မလေးက ကျန်းလန် နောက်တွင် ပုန်းလိုက်သည်။ "ကျွန်မ သူတို့ကိုမသိဘူး..." ဟူ၍ ပြောလိုက်သည်။
ကျန်းလန်က လက်တစ်ဖက်ဖြင့် သက်လတ်ပိုင်းအမျိုးသား၏ လက်အားလှမ်းဆွဲလိုက်၍ နောက်လက်တစ်ဖက်ဖြင့် ၁၁၀ သို့ဖုန်းခေါ်နေသည်။ "ဒါက အိမ်တွင်းရေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရဲတွေ လာတဲ့အထိ စောင့်လိုက်ရအောင် ၊ဒါဆို အကုန်လုံး ရှင်းသွားလိမ့်မယ်။"
သက်လတ်ပိုင်းအမျိုးသားက သူ့အား ဒီလောက်သန်မာမည်ဟု မထင်ထားသည့်အတွက် ခဏတာရုန်းကန်ပြီးနောက် သူ၏အမူအရာများက ကို့ရို့ကားယားဖြစ်လာသည်။ "ကောင်လေး နားလည်မှု လွဲနေတယ်ထင်တယ် ကျေးဇူးပြုပြီး လွှတ်ပါဦး၊ ဒါကိုရှင်းအောင် လုပ်ရအောင်။"
အမျိုးသား ရုန်းကန်နေသည်ကို မြင်သည့် သက်လတ်ပိုင်းအမျိုးသမီးက ဒူးထောက်၍ ကျန်းလန်နောက်၌ ပုန်းနေသည့် မိန်းကလေးကို ကြည့်ကာ ငိုကြွေးလေသည်။
"ချန်ချန်း ပြဿနာ မရှာပါနဲ့တော့၊ သမီး မိဘတွေနဲ့ပြန်လိုက်ခဲ့ပါ၊ အခုလို ပြဿနာတွေ ဆက်လုပ်နေမယ်ဆိုရင် သမီးမိဘတွေ ရှေ့လျှောက်အသက်ရှင်ဖို့ မျက်နှာမရှိတော့ဘူး။"
သက်လတ်ပိုင်းမိန်းမကြီးက ထိုကဲ့သို့ ပူဆွေးစွာငိုကြွေးနေသောကြောင့် ဖြတ်သွားဖြတ်လာများက မသိစိတ်၌ သူမဘက်သို့ပါနေကြသည်။
အချို့လူများက ကျန်းလန်အား ဖျောင်းဖျသည်။
"ဒါကသူများတွေရဲ့ အိမ်တွင်းရေးလေ၊ ဝင်မစွက်ဖက်ပါနဲ့၊ ရဲရောက်လာရင် အရှက်ရမှာက ခင်ဗျားပဲဖြစ်မှာနော်"
"ဒီကလေး...."
ကျန်းလန်က မတုန်မလှုပ်ဖြင့် ကြည့်နေသူများအား တစ်ခွန်းသာ ပြောလိုက်သည်။ "ကျွန်တော်အမှားလုပ်မိတာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ဒီလူတွေက တကယ်ပဲ လူကုန်ကူးသမားတွေဆိုရင် သူတို့နဲ့ ထည့်ပေးလိုက်တာက ဒီကောင်မလေးရဲ့ဘဝ အဆုံးသတ်သွားလိမ့်မယ်၊ လူတစ်ယောက်ရဲ့ဘဝကို ဆုံးဖြတ်ပေးသွားမှာ၊ ရဲလာတာကို စောင့်ပြီး အဖြေရှာတာက ပိုကောင်းလိမ့်မယ်။"
သူ၏လေသံက တည်ကြည်ပြတ်သားနေသောကြောင့် သက်လတ်ပိုင်း စုံတွဲများမှန်သည်ဟု ယုံကြည်နေသည့် လမ်းသွားလမ်းလာများပင် တုန်လှုပ်သွားသည်။
လူတစ်ယောက်က ကောက်ကာငင်ကာ သံယောင်လိုက်လိုက်သည်။ "အဲ့တာမှန်တယ်၊ ဟိုနားက ဈေးဝယ်စင်တာမှာ အစောင့်တဲရှိတယ်၊တစ်ယောက်က သွားခေါ်နေပြီ။"
အခြေအနေနှစ်ဖက်ဖြစ်၍ မတိုးသာမဆုတ်သာဖြစ်နေသည့်အချိန်၌ တစ်ယောက်ယောက်ကအော်ပြောလိုက်သည်။
"ရဲတွေလာနေပြီ..."
T/N:ဘယ်လိုထင်ကြလဲ၊သူတို့ကတကယ့်လူကုန်ကူးသမားတွေလား???
မသိစိတ်အရ လူတိုင်းက အသံကို အာရုံစိုက်မိကြသည်။ အခြေအနေက အခွင့်မသာမှန်းသိသွားသော သက်လတ်ပိုင်းအမျိုးသားနှင့် အမျိုးသမီးက အခွင့်အရေးအား အရယူ၍ ကားထဲသို့ အမြန်ဝင်ပြီးမောင်းပြေးရန်လုပ်သည်။ သူတို့ မဆင်မခြင်ဖြင့် ကားမောင်းသွားသောကြောင့် လူထုက သူတို့အားတားဆီးရန် မတတ်နိုင်ကြပေ။
သူတို့နှစ်ဦး ဝရုန်းသုန်းကားဖြင့် အမြန်မောင်းနှင်နေစဥ် ကားတာယာများပေါက်သံကို ကြားလိုက်ရပြီး ရုတ်တရက် ကားတာယာလေးလုံးစလုံး ပေါက်သွားသည်။
ထိုမြင်ကွင်းက အလွန်အံ့ဩဖွယ်ကောင်း၍ လူတိုင်းတစ်ခဏမျှ ကြက်သေသေသွားကြသည်။ အခြားတစ်ဖက်၌ ရဲများက လူများအံ့အားသင့်နေကြစဉ် အမြန်ပြေးလာ၍ သက်လတ်ပိုင်း အမျိုးသားနှင့်အမျိုးသမီးအား ကားအပြင်သို့ ထွက်ခိုင်းလိုက်သည်။
ကြည့်ရှုသူများထဲမှ သက်လတ်ပိုင်း အမျိုးသားနှင့်အမျိုးသမီးတို့၏ စကားကို ယုံစားမိသူများက ယခုအခါ ယင်းစုံတွဲက အစစ်အမှန် လူကုန်ကူးသမားများ ဖြစ်သည်ကို သိသွားကြသည်။
ထိုမှမဟုတ်လျှင် သူတို့အဘယ်ကြောင့် ပြေးမည်နည်း။ ရဲများ အာရုံမစိုက်နေသည့်အခိုက်တွင် ဒေါသထွက်နေသည့် ဖြတ်သွားဖြတ်လာများက ယင်းလူကုန်ကူးသမားများအား အကြိမ်အနည်းငယ်ကန်ကျောက်လိုက်ကြသည်။
အချို့လူများက မယုံကြည်နိုင်စွာ ပင့်သက်ရှိုက်ရင်းပြောလိုက်သည်။ "အခု လူတွေကို လူမြင်ကွင်းမှာတင် ပြန်ပေးဆွဲတဲ့အထိ သတ္တိရှိတဲ့ လူကုန်ကူးသမားတွေပါ ရှိနေပြီလား... "
နောက်တွင် အချို့သောလူများက ကျန်းလန်အား ချီးမွမ်းကြသည်။ "ကံကောင်းလို့ပေါ့ ဒီလူငယ်လေးက ထက်မြက်ပြီး တားလိုက်နိုင်လိုက်လို့ပေါ့ မဟုတ်ရင် ကောင်မလေးအတွက် မတွေးရဲစရာပဲ..."
"ဟုတ်တယ် ၊ဒီလူကုန်ကူးသမားတွေက ရွံ့စရာကောင်းတယ်၊ သူတို့ သေသင့်တယ်။"
လူတိုင်းက ထိုသို့ဆွေးနွေးနေသည့်အချိန်တွင် လမ်းပေါ်တွင် ပြန်ပေးဆွဲခံရမလိုဖြစ်သွားသည့် ကောင်မလေးက မြေကြီးပေါ်သို့ ဒူးထောက်၍ ငိုကြွေးနေသည်။
ကျန်းလန်က သူမအားထရန် ကူညီပေးပြီး နှစ်သိမ့်လိုက်သည်။ "အခု အဆင်ပြေသွားပါပြီ၊ ရဲတွေရောက်လာပြီမို့ မကြောက်နဲ့တော့။"
ကောင်မလေးက တစ်ဆယ့်ခြောက်နှစ်သို့မဟုတ်တစ်ဆယ့်ခုနှစ်နှစ်အရွယ်သာ ရှိသေးပြီး ကျောင်းသူတစ်ယောက်ဖြစ်သည်။ နောက်ဆုံး၌ သူမက ရဲများကိုမြင်၍ အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ငိုကြွေးနေစဉ် သူမ၏ မိုဘိုင်းဖုန်းအား အိတ်ထဲမှထုတ်ယူ၍ သူမ၏မိဘများအား ဖုန်းဆက်လိုက်သည်။
လူများကို အဓမ္မခေါ်ဆောင်၍ ပြန်ပေးဆွဲနေသည့် လူကုန်ကူးသမားများ၏ အမှုသည် အလွန်ဆိုးရွားသည့်အတွက် ရဲက မြန်ဆန်စွာ ရဲစခန်းသို့ ထိုလူများကို ခေါ်ဆောင်သွားသည်။ ထို့နောက် ရဲဝင့်စွာကူညီပေးခဲ့သည့် ကျန်းလန်က မျက်မြင်သက်သေအဖြစ် ရဲစခန်း၌ ထွက်ဆိုရန် လိုက်ပါခဲ့သည်။
ကြည့်ရှုနေသည့် လူထုက တစ်ဖြည်းဖြည်းနှင့်အသီးသီး နေရာအနှံ့သို့ ဆက်သွားကြသည်။
ကျန်းလန်က ယင်းချောင်ဆီသို့ လျှောက်သွား၍ မျက်နှာအားကုတ်ကာ ပြောလိုက်သည်။ "ခုနကအတွက် ကျေးဇူးပါ၊ ဒါပေမဲ့ ကျွန်တော် ရဲစခန်းကို အရင် သွားရဦးမှာမို့လို့ ဟော့ပေါ့စားဖို့က မဖြစ်နိုင်တော့ဘူး ထင်တယ်။"
------အကယ်၍ လမ်းတစ်ဖက်၌ ရပ်နေသည့် ယင်းချောင်ကသာ ကားမောင်းပြေးသည့် အချိန်၌ မြန်ဆန်စွာတုံ့ပြန်၍ ကားတာယာများအား မှော်အစွမ်းဖြင့် တိတ်တဆိတ်မဖောက်ခဲ့လျှင် ယင်းပြန်ပေးဆွဲသမားနှစ်ယောက်က ယခုဆိုလျှင် အဝေးသို့မောင်းပြေးသွားလောက်ပြီပင်။
ယင်းချောင် သူ၏စကားများအား မဖြေဘဲနှင့် သူ့အား စူးစမ်းစွာကြည့်၍ မေးလိုက်သည်။
"မင်းက ဘာလို့ အရမ်းကူညီတတ်တာလဲ။"
ကျန်းလန်က သူ ဘာကိုဆိုလိုသည်မှန်း အချိန်ခဏကြာသည်အထိ နားမလည်ပေ၊ ထို့နောက် သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။
"လူသားမျိုးနွယ်တွေရဲ့ ရိုးရာအလိုက် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဆိုတာက ကူညီရိုင်းပင်းဖို့နဲ့ ရဲရင့်ဖို့မဟုတ်ဘူးလား၊ ကူညီနိုင်ရင် ကူညီသင့်တာ အသေအချာပဲပေါ့။"
ယင်းချောင်၏ ပါးစပ်က မျဉ်းဖြောင့်အတိုင်းဖြစ်သွား၍ သူ့နှင့် အငြင်းအခုံမပြုခဲ့သော်လည်း စိတ်ထဲ၌ လူသားများ၏ ကိုယ်ကျင့်တရားက နတ်ဆိုးမျိုးနွယ်မှလာသည့်သူနှင့် မည်သို့ဆိုင်သည်နည်းဟု တွေးနေခဲ့သည်။
ကျန်းလန်က သူမြင်ဖူးသမျှထဲတွင် လူ့အသိုင်းအဝိုင်းနှင့် ပူးပေါင်းယှဉ်တွဲနေထိုင်နိုင်သည့် နတ်ဆိုးအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက အနည်းငယ်ပြုံး၍ ပြောလိုက်သည်။ "မင်းကငါ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တော်တော်တူတယ်။"
"သူငယ်ချင်းဟောင်း ခင်ဗျားရဲ့ သူငယ်ချင်းလား" ယင်းချောင်က ပြုံး၍ပြောလိုက်သည်။ "အကြီးလို့ပြောရမလားပဲ... သူ့သက်တမ်းတစ်လျှောက်မှာတော့ လူသားမျိုးနွယ်တွေကို ကူညီရတာ ကြိုက်ခဲ့တယ်။"
ကျန်းလန်က အံ့အားသင့်သွားသည်။ "တောင်းပန်ပါတယ်၊ ကျွန်တော်မသိလို့ပါ..."
ယင်းချောင်က သူ့လက်ကိုခါ၍ ပုံမှန်သာ ပြောလိုက်သည်။ "မတောင်းပန်ပါနဲ့၊ သူသေသွားတာ ကြာလှပြီ၊ နောက်ပြီး ငါ ဝမ်းမနည်းတော့ပါဘူး။"
ဤသည်မှာ ထိုသူနှင့် အလွန်တူသည့် လူတစ်ယောက်အား မြင်လိုက်ရ၍ စိတ်ခံစားချက်များ ခဏတာပြန်ပေါ်လာခြင်းသာ။
ကျန်းလန်က ဆက်ပြောချင်သေးသော်လည်း ယင်းချောင်က သူ့လက်ထဲသို့ လွယ်အိတ်နှင့် အေးစက်နေပြီဖြစ်သည့် ဝက်ခြေထောက်များအားလထည့်ပေးကာ စောင့်နေသည့် ရဲကားအား လက်ညိုးထိုး၍ ပြောလိုက်သည်။ "သွားရအောင်၊လူတွေစောင့်နေပြီ။"
သူတို့နှစ်ယောက် ရဲစခန်းသို့သွား၍ ထွက်ဆိုချက်များပေးပြီးနောက် ခဏတာလမ်းလျှောက်ပြီးချိန်တွင် နေ့လည်တစ်နာရီပင် ထိုးနေပြီဖြစ်သည်။
ကျန်းလန် အချိန်ကြည့်လိုက်ပြီး တောင်းပန်စွာဖြင့် ပြောလာသည်။ "ကျွန်တော် ဒီလောက် ကြန့်ကြာလိမ့်မယ်လို့ မထင်လိုက်ဘူး၊ ခင်ဗျား ဒီညနေ လုပ်စရာရှိလား..."
"နောက်တစ်ခါမှ ဟော့ပေါ့စားကြတာပေါ့" သူ့ဖုန်းအားကိုင်၍ အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်သည်။ "ဒီနေ့ခေါင်းဆောင်က အချိန်ပို ဆင်းရမယ်လို့ ရုတ်တရက် ကြေညာလိုက်တယ်။"
ကျန်းလန် သူ့ကို ကိုယ်ချင်းစာစွာ ကြည့်လိုက်သည် "ဒါဆိုရင်လည်း မြန်မြန်သွားတော့လေ၊ ကျွန်တော်နောက်တစ်ခါ အားတဲ့အချိန်ကျမှ ဟော့ပေါ့ကျွေးပါ့မယ်။" ဟု ပြောလိုက်သည်။
ယင်းချောင်က "အင်း" ဟု ပြောပြီး လမ်းတစ်ဖက်ရှိ တက်စီအား ငှားကာ ဈေးဝယ်စင်တာရှိ သူ၏ကားအား ပြန်သွားယူရမည် ဖြစ်သည်။ ထို့နောက် သူတို့ယနေ့ ဆွေးနွေးရန် တွေ့ကြသည့် အရေးကြီးကိစ္စအား သတိရသွား၍ ပြောလာသည်။
"ဒါနဲ့ ဒါရိုက်တာဟူ ပြောတာက......."
သူ့ စကားမဆုံးသေးခင် ယင်းချောင်က သူ့အား တားလိုက်သည်။ "အခု ဥပဒေအသစ်တွေက ထုတ်ပြန်ပြီးပြီဆိုတော့ ငါတို့လို နတ်ဆိုးငယ်လေးတွေက ဆန့်ကျင်ဖို့အာဏာမရှိဘူး။"
ယင်းချောင် သူ့ဘောင်းဘီအိတ်ထဲသို့ လက်များထည့်ကာ ပြောလာသည်။
"မင်း စိတ်ထဲမရှိဘူးဆိုရင် ငါတို့ စုံတွဲအနေနဲ့ခဏလောက် ဟန်ဆောင်နေလို့ရတယ်။"
ကျန်းလန် မကြိုက်မည်ကိုစိုး၍ သူ ခဏတာ တွေးတောပြီး နောက်ထပ်အကြောင်းအရာ ပေါင်းထည့်လိုက်သည်။ "ဘာမှ ထွေထွေထူးထူး လုပ်ဖို့မလိုဘူး ဒီအတိုင်းရံဖန်ရံခါ ညစာစားပြီးတော့ ဒိတ်လုပ်နေတယ်လို့ ဟန်ဆောင်ပေးရုံပါပဲ၊ နှစ်တစ်ဝက်မကျော်ခင်အထိ ငါတို့ဟူချန်းနဲ့ ညှိနှိုင်းကြမယ်လေ၊ ဒီဥပဒေက အဲ့ထက်တော့ မကြာလောက်ဘူး ထင်တာပဲ။"
ကျန်းလန် ထိုအကြောင်းအား ထွေထွေထူးထူး မတွေးခဲ့သဖြင့် ဒါရိုက်တာဟူ၏ပိုက်ဆံအား ဒီအတိုင်းလက်ခံ၍ သစ္စာရှိရန် ဆုံးဖြတ်ခဲ့သည်။သူက ယင်းချောင် ကောင်းမွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်၍ အကွက်များ သေချာချလိမ့်မည်ဟု မထင်ထားသောကြောင့် ဖြစ်သည်။သူ ပြင်ဆင်ထားခဲ့သည့် စကားလုံးများကို ပြန်မျိုချလိုက်၍ ခေါင်းညိတ်ကာပြောလိုက်သည်။ "ဟုတ်ပြီလေ။"
သူ ငွေ၏ပါဝါအား ခေါင်းငုံ့၍ စည်းမျဉ်းများ ဆန့်ကျန်ရန် မလုပ်ရဲသောကြောင့် မဟုတ်ပေ၊ သူတို့၏ ရည်ရွက်ချက်က အတူတူဖြစ်သောကြောင့်သာ။ ဒါက တော်လှန် သူငယ်ချင်းဆက်ဆံရေးရဲ့ ဖန်တီးမှုလို့ခေါ်မလား...
ကျန်းလန် ရိုးစင်းစွာ တွေးမိလိုက်သည်။
စာရေးသူကပြောစရာရှိပါတယ်
ယင်းချောင်:သိမ့်မွေ့နူးညံ့တဲ့ နဂါးတွေက လမ်းဘေးဆိုင်တွေဆီက မစားဘူး
ကျန်းလန်:ဝက်ခြေထောက်ကင် စားချင်လား။
ယင်းချောင်: ....စားမယ်