🧑⚕️Chapter 130
ကျန်းရွှိသည် သူ့သမီးလေး အနည်းဆုံးဆယ်နှစ်အရွယ်မရောက်ခင်ထိ ကောင်လေးများ လာကြိုက်သည်ကို စိတ်ပူစရာမလိုဟုသာထင်ခဲ့သည်။ အမှန်တကယ်မှာ သူသည် သမီးလေး မူလတန်းကျောင်းစတက်ပြီးနောက်မှသာလျှင် မိဘအခေါ်ခံရခြင်းမျိုးရှိမည်ဟုပင် ထင်ခဲ့သည်။
သို့သော် အရာရာက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
စာသင်နှစ်စတင်ပြီးမကြာမီ သမီးလေးသည် အတန်းဖော် ဝမ့်ရီချီ နှင့် ရန်ဖြစ်ခဲ့ကာ အတန်းပိုင်ဆရာမသည် ကျန်းရွှိကိုမိဘတစ်ဦးအဖြစ်ခေါ်ခဲ့သည်။ ဆရာများရှေ့တွင်သင်သည်ပါမောက္ခတစ်ဦး သို့မဟုတ် ဌာနအကြီးအကဲတစ်ဦးပင် ဖြစ်နေစေကာမူ ဆရာမများ၏ ဆူပူမှုများကို သည်းခံရမည်ဖြစ်သည်။ ကျန်းရွှိကိုယ်တိုင်သူ၏ကျောင်းတက်နေစဉ်ရက်များအတွင်း ထိုသို့ပြင်းထန်စွာဝေဖန်ခံခဲ့ရခြင်းမကြုံခဲ့ရဖူးပေ။ ထို့ကြောင့် သူသည် ဆက်နားထောင်ရန်သည်းမခံနိုင်တော့သောကြောင့် ဖုန်းအား ရှန့်ဖန်းယွိထံသို့လွှဲပေးလိုက်သည်။
ရှန့်ဖန်းယွိက သည်းခံတတ်သောကြောင့် ဆရာမအားရိုးရှင်းစွာမေးမြန်းခဲ့သည်။
“ ကျန်းမူရှန့်က ဝမ့်ရီချီကိုဘာလို့ ရိုက်လိုက်တာလဲခင်ဗျ... ”
ထိုအချိန်တွင် ကျန်းမူရှန့်သည် ဆရာဘေးတွင်ရပ်နေကာ ဆရာမကဖုန်းပြောနေစဉ် စပီကာဖွင့်ထားသောကြောင့် သမီးလေးကထငိုလေတော့သည်။
“ ဒယ်ဒီ သူကသမီးကိုကိုက်တယ် ... ”
ထိုစကားပြီးနောက် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ကံကောင်းထောက်မစွာပင် မူကြိုက ကျီဟွား နှင့်အလွန်နီးနေခဲ့သည်။ သူတို့နှစ်ဦး နေ့လည်စာစားရန်အချိန်ပင်မရှိပဲ သူတို့သမီးမတရားခံရမည်ကို စိုးရိမ်၍ မူကြိုသို့အလျင်အမြန်ပြေးသွားကြသည်။ ထို့နောက်သူတို့သည် ယောင်ရမ်းနေသောနှာခေါင်း၊ ဒဏ်ရာများရှိနေသောမျက်နှာနှင့် ရိုက်နှက်ခံထားရသောဝမ်ရီချီ နှင့် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများမရှိဘဲငိုနေသော သမီးလေး တို့ကိုတွေ့လိုက်ရသည်။
သမီလေးသည် သူမ၏မွေးစာရင်းထက် တစ်နှစ်အသက်ကြီးပြီး ရွယ်တူများထက်ပိုမိုမြန်ဆန်စွာ ကြီးထွားလာသောကြောင့် ဝမ့်ရီချီကသူမထက် ခေါင်းတစ်ဝက်မျှပိုပုနေသည်။
“ သူက သမီးကိုဘယ်နား ကိုက်လိုက်တာလဲ... ”
ကျန်းရွှိကစိုးရိမ်တကြီးမေးလိုက်သည်။
သမီးလေးကသူမ လက်မောင်းကိုမြှောက်လိုက်သည်။လက်မောင်းသေးသေးလေးတွင် ကိုက်ရာတစ်ခုရှိနေကာ သူတို့သာ မိနစ်အနည်းငယ်နောက်ကျမှလာလျှင် ထိုကိုက်ရာကို မြင်ရတော့မည်မဟုတ်ပေ။
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည် သမီးလေး၏လက်မောင်းကို ပိုးသန့်ဆေးနှင့် သန့်စင်ရန်ဝါဂွမ်းများ၊အိုင်အိုဒင်းများကိုအလျင်အမြန်ရှာလိုက်ကြသည်။ သမီးလေးသည်ငိုနေရင်း ရှိုက်နေရာမှ နောက်ဆုံးတွင် သူမငိုတော့ပေ။
မျက်နှာတွင်ယောင်ယမ်းနေပြီး နှာခေါင်းတွင် တစ်သျှူးစို့ထားသောဝမ့်ရီချီ - “ ... ”
ကျန်းရွှိက သမီးလေးအား ချက်ချင်း ကောက်ချီပြီးဆရာမကျီထံသို့သွားရတော့သည်။
“ ကျောင်းသား ဝမ့်ရီချီက ကျွန်တော့်သမီးကို အရင်ကိုက်ခဲ့တာမလား... ”
ဆရာကျီ အကျပ်ရိုက်ပြီးစိတ်ပျက်သွားသည်။
“ ရှင့်ရဲ့သမီးက သူ့ကိုရိုက်နှက်ခဲ့တာလေ… မိန်းကလေးတစ်ယောက်က ဘာလို့ အဲ့လောက်ကြမ်းတမ်းနေရတာလဲ…"
ရှန့်ဖန်းယွိ ဆေးအိတ်ကိုဖယ်လိုက်ပြီးဆရာမကျီထံ သို့သွားလိုက်သည်။
“ ဆရာမသာ အရင်ဆုံးရှင်းရှင်းလင်းလင်းလုပ်ပါ..ဘယ်သူက အရင်စတာလဲ...”
“ ရှင်ကရောဘယ်သူလဲ... ”
များသောအားဖြင့် သမီးလေး ၏အဘိုးအဘွားများကသာ သူမကိုကျောင်းမှ ကြိုလေ့ရှိကြသောကြောင့်ဆရာမကျီသည် ကျန်းရွှိနှင့် ရှန့်ဖန်းယွိ တို့နှင့် အကျွမ်းတဝင်မရှိပေ။
ယခုမူကား ကျန်းရွှိသည်သူ၏ပါးစပ်မှ “ ငါ့သမီး ” ဟုသာဆက်တိုက်ပြောနေခဲ့သည်။ထို့ကြောင့် သူသည် ကျန်းမူရှန့် ၏ဖခင်ဖြစ်လောက်သည်။ သို့သော်လည်းဆရာမကျီ သည် ရှန့်ဖန်းယွိ မည်သူဖြစ်ကြောင်း သူအဘယ့်ကြောင့်လာရကြောင်း ကိုသိချင်သွားသည်။
ရှန့်ဖန်းယွိရှက်ရွံ့ခြင်းမရှိပဲ ဖြေကြားခဲ့သည်။
"တရားမျှမှုရဲ့ ကိုယ်စားလှယ်"
သူမ၏မျက်တောင်မွှေးများပေါ်တွင်စိုစွတ်နေဆဲဖြစ်သော သမီးလေးက မနေနိုင်ပဲ အကျယ်ကြီးထရယ်သည်။ လူတိုင်း၏ အကြည့်သည် သူမထံသို့ရောက်နေသည်ကို သတိပြုမိသည်နှင့် သူမသည် ဘဝ၏အဓိပ္ပာယ်ကိုစဉ်းစားသကဲ့သို့ မျက်နှာကို ပြန်တည်လိုက်သည်။
ဆရာမ ကျီ- “ ... ”
သို့သော် အရပ် ၁.၈ မီတာမျှမြင့်သောလူကြီးနှစ်ဦးသည် ရုံးထဲတွင် ရပ်နေကာ သူမသည်အနည်းငယ်အပြစ်ရှိသည်ဟုခံစားရသောကြောင့်အမှန်တိုင်းဝန်ခံခဲ့ရသည်။
“ ဝမ့်ရီချီက ကျန်းမူရှန့်ကို အရင်ဆုံးကိုက်လိုက်တာပါ… နောက်မှ ကျန်းမူရှန့်က ဝမ့်ရီချီ ကိုပြန်ရိုက်ခဲ့တာပါ.. ”
ကျန်းရွှိက ခေါင်းညိတ်ပြလိုက်သည်။
“ ဆရာမကျီ…အကယ်၍ အဲ့ကလေးရဲ့ မိဘတွေက ဆေးကုသကုန်ကျစရိတ်တွေလိုအပ်ရင် ကျွန်တော် ပေးလို့ရတယ်.…ဒါပေမယ့် နောက်ဆို ကျွန်တော့်သမီးကို ဘယ်သူကအနိုင်ကျင့်တယ်ဆိုတာမျိုး မကြားချင်ပါဘူး… ဒီလိုမှမဟုတ်ရင် ကျွန်တော်သူ့ကိုပြန်ရိုက်ခွင့်ပြုရလိမ့်မယ်…ကျန်းမူရှန့် ဒီနေ့ နေ့လယ်ခင်းအတန်းကို ပြန်လာမှာမဟုတ်ပါဘူး… သူအနားယူဖို့ ကျွန်တော်သူ့ကို အိမ်ပြန်ခေါ်သွားမှာပါ ”
သူသည် ထိုစကားများပြောပြီးသည့်နောက် ဝမ့်ရီချီကိုပင် လှည့်မကြည့်ဘဲ သမီးလေးအား သူ့လက်မောင်းထဲတွင်ချီကာ ထွက်သွားသည်။
သူတို့အိမ်သို့ပြန်လာသည့်လမ်းတွင် ကလေးအားနှစ်သိမ့်ရန် မုန့်အချို့ဝယ်ခဲ့သည်။ သူတို့အိမ်သို့ပြန်ရောက်လာသောအခါ ကျန်းရွှိသည် လေးနက်သောအမူအရာနှင့် သမီးလေးအားမေးလိုက်သည်။
“ ဘယ်သူက သမီးကို အဲ့လို ပြန်ချရမယ်လို့ သင်ပေးလိုက်တာလဲ... ”
“ စွန်းဝူခုန်းလေ... ”
သမီးလေး ကမဆိုင်းမတွပြန်ဖြေခဲ့သည်။
မျောက်ဘုရင် ဟုလည်းလူသိများသော စွန်းဝူခုန်းသည် ဒဏ္ဍာရီဆန်သောဇာတ်ကောင်ဖြစ်ပြီး တရုတ်ဝတ္ထု “ အနောက် အရပ်သို့ခရီးထွက်ခြင်း” ၏ အဓိကဇာတ်ကောင်များထဲမှတစ်ယောက်ဖြစ်သည်။ သူသည်ကျွမ်းကျင်သောတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပြီးပုံသဏ္ဍာန်ပြောင်းလဲခြင်း စူပါလူသားခွန်အားရှိခြင်း နှင့် မိမိကိုယ်ကိုကိုယ်ပွားများကိုဆင့်ခေါ်နိုင်စွမ်းစသည့် မှော်ဆန်သောစွမ်းအားများရှိသည်။
“ မလိမ်နဲ့နော် ”
ကျန်းရွှိက ဆူလိုက်သည်။
သူမလိမ်နေသည်ကို ပါပါးသိသွားသောအခါ သမီးလေးက သူမ၏မျက်လုံးထောင့်မှတဆင့် ရှန့်ဖန်းယွိအား ကြည့်လိုက်ပြီး မကြောက်မရွံ့ပြန်ပြောလာသည်။
“ ဒယ်ဒီကသမီးကိုသင်ပေးတာ... ”
“ ရှန့်ဖန်းယွိ...” ကျန်းရွှိ မတ်တပ်ရပ်လိုက်သည်။
“ ငါတို့သမီးကိုအဲ့လို လက်ပါဖို့သင်ပေးခဲ့တာလား.. ”
ရှန့်ဖန်းယွိက မျက်နှာကျက်သို့ငေးကြည့်နေသည်။
“ ငါသူ့ကိုကောင်းကောင်းသင်ပေးခဲ့တယ်မဟုတ်လား… ဟိုပြဿနာကောင်လေး ကိုကြည့်…သူပြန်တောင် မချနိုင်ဘူး… ဒီလိုမှမလုပ်ရင်ဒီနေ့အနိုင်ကျင့်ခံရတဲ့သူက ငါတို့သမီးဖြစ်သွားလိမ့်မယ်...”
ထိုစကားကိုကြားသည့်အခါ သမီးလေးက ပို၍ ပင်ဂုဏ်ယူစွာဖြင့် တိုက်ခိုက်ရေးဟန်ရေးပြသည့်စတန့်ပင် လုပ်ပြလိုက်သေးသည်။ ကျန်းရွှိမျက်မှောင်ကြုတ်သွားသည်ကို သူမ မြင်သောအခါ လက်များနှင့်ခြေထောက်များကိုလျင်မြန်စွာပြန်လည်ရုပ်သိမ်းခဲ့ပြီး စကားနာခံတတ်သောပုံစံနှင့် သူမ၏ခေါင်းကိုငုံ့ထားကာ မတ်တပ်ရပ်နေသည်။
“ ပါပါးပြောတာကိုနားထောင်ပါ.. လူတွေကိုလက်ပါဖို့မသင့်တော်ဘူးလေ…ပြဿနာတွေကိုဖြေရှင်းရင် အကြမ်းဖက်ဖို့မလိုဘူး..."
“ မင်းကနောက်နေတာပဲ.. ”
ရှန့်ဖန်းယွိက ပြန်ပြောဖို့ပြင်လိုက်ချိန်တွင် ကျန်းရွှိကသူ့အားကြည့်လိုက်သောကြောင့် လေသံကိုပြောင်းလဲလိုက်သည်။
“ ငါ့အပြစ်ဟုတ်ဘူးလေ…ငါ့မှာ လုံးဝအပြစ်မရှိဘူး...”
သမီးလေး: “ ဒါပေမယ့် ပါပါး … သမီးက ပြန်တိုက်ခိုက်လို့ရတယ်လို့ဆရာမကိုပြောခဲ့တယ်မဟုတ်လား... ”
ကျန်းရွှိ - “ ... ”
ထိုစကားမှာ ဝမ့်ရီချီကြားစေရန် တမင်ပြောခြင်းဖြစ်သည်။ ထို့ပြင် ဆရာမကမူလ အဖြစ်မှန်ကိုဖုံးကွယ်ရန် ရည်ရွယ်ထားသောကြောင့် ကျန်းရွှိအားဒေါသထွက်သွားစေခြင်းလည်းပါသည်။
“ ဒယ်ဒီနဲ့ဘွားဘွားကပြောတယ် သမီးကအခြားသူတွေကိုလည်းအနိုင်မကျင့်ရဘူး…သမီးကို သူများအနိုင်ကျင့်တာ လည်းမခံရဘူးတဲ့... "
ထိုသို့စကားပြောနေစဉ် သမီးလေးက ကျန်းရွှိ၏နဖူးပေါ်မှ မျက်မှောင်ကြုတ်ထားသည်ကို ပွတ်သပ်လိုက်သည်။
“ ပါပါး….မျက်မှောင်ကြုတ်ပါနဲ့...”
ကျန်းရွှိ သက်ပြင်းချလိုက်သည်။ မမျှော်လင့်ပဲနှင့် သမီးလေးက သူမျက်မှောင်ကြုတ်နေသည်ကိုသတိထားမိသောအခါ သူ့အားစိတ်သက်သာရာရစေရန်ကြိုးစားခဲ့သေးသည်။
သူမသည် ကျန်းရွှိနှင့်အလွန်တူပြီးသူ့အနားတွင် အချိန်ကြာကြာ နေလာသောကြောင့် ကျန်းရွှိ၏အမူအရာများကိုသိသိသာသာတုပနိုင်သည်။ သေးသွယ်သော မျက်နှာဝိုင်းဝိုင်းလေးကပါ လိုက်၍ နဖူးကြုတ်ပြသောကြောင့် ကျန်းရွှိသည်ဟန်မဆောင်နိုင်စွာ အံ့ဩလွန်းရပြန်သည်။
ခဏအကြာတွင်သူသည် အလျှော့ပေးသည့်သဘောဖြင့် မျက်နှာကြောကိုဖြေလျော့ပြလိုက်ကာ သမီးလေး၏မျက်နှာကို ဖျစ်ညစ်လိုက်ပြီးရှန့်ဖန်းယွိအားပြောလိုက်သည်။
“ ဒါဖြင့် ပိတ်ရက်တွေကျ သူ့ကို တိုက်ကွမ်ဒိုသင်တန်း ဆီခေါ်သွားပေးလိုက်…ကလေးတွေမှာ အရိုးတွေပျော့ပျောင်းတာမို့ လဲကျရင် မင်းလိုမျိုး ခံနိုင်ရည်ကောင်းကောင်းမရှိဘူး…သူ့ကိုတကယ့်ဆရာတစ်ယောက်ဆီကနေသင်ယူခွင့်ပေးလိုက်… ဒါပေမယ့်သူမကိုဒဏ်ရာမရစေနဲ့…"
“ ပြီးတော့ သမီးက တခြားကလေတွေကိုအနိုင်စကျင့်တာမျိုးတွေမလုပ်ရဘူးနော်… အဲ့လိုဆို သမီးရဲ့ အရုပ်တွေအားလုံးကို ပါပါးသိမ်းပစ်မှာ... ”
သမီးလေးသည် ချက်ချင်းသတိဆွဲလိုက်၏။ “ ဟုတ်ကဲ့..."
သမီးလေးအား လေ့ကျင့်ရေးသင်တန်းသို့ပို့ခြင်းဖြင့်ထိုကိစ္စကိုနောက်ဆုံးတွင်ဖြေရှင်းခဲ့သည်။ ဝမ့်ရီချီ၏မိဘများကလည်း သူတို့၏သားဖြစ်သူ မှားနေသည်ကိုသိပြီးဆေးဖိုးကုန်ကျစရိတ်များအတွက် ကျန်းရွှိထံသို့မလာခဲ့သော်လည်းဆရာမကျီက သူမ၏အပြစ်ရှိစိတ်ကြောင့်ကျန်းရွှိအား ဖုန်းခေါ်၍ တောင်းပန်ခဲ့သည်။
ကျန်းရွှိ သည်နောက်ဆုံးတွင် အရာရာအဆင်ပြေခဲ့သော်လည်း သမီးလေးအတန်းတက်ပြီးသိပ်မကြာမီတွင် ထိုရိုက်နှက်ခံခဲ့ရသော ပြဿနာကောင်လေးကသူ၏သမီးနှင့်ချိန်းတွေ့လိုသည်ဟု ပြောခဲ့လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
ဘာတွေဖြစ်နေတာလဲ။
ယနေ့ခေတ်တွင်အချို့သောကလေးများက မြန်မြန်ဆန်ဆန် သင်ယူတတ်ကြပြီး သူငယ်တန်းကလေးများသည် အရွယ်ရောက်သူများကိုတုပ၍ ကောင်လေးများ သို့မဟုတ်ကောင်မလေးရည်းစားများ ရှိရမည်ဟု တွေးတတ်ကြကြောင်း ကျန်းရွှိ အခြားသူများထံမှကြားခဲ့ရသည်။ သို့သော် သူသည် ဟာသဟုသာ ထင်ခဲ့မိသည်။
မမျှော်လင့်ပဲနှင့်..တစ်စုံတစ်ဦးက သူ၏သမီးကိုစိတ်ဝင်စားနေခဲ့သည်။
ရှန့်ဖန်းယွိက သူ့ထက်ပို၍ ဒေါသထွက်နေခဲ့သည်။ သူသည် ဝမ့်ရီချီ၏မိဘများက ထားခဲ့သောဖုန်းနံပါတ်ကိုရှာဖွေပြီး အရင်က ကျန်းရွှိအားအမေဖြစ်သူကျန်းရိုက်လေ့ရှိသည့် ကြက်မွေးတုတ်ကိုပင် ယူသွားရန်ပြင်ခဲ့သည်။ ကျန်းရွှိ သာ သူ့အားမတားလျှင် ထိုကောင်လေးနှင့်သွားတွေ့လောက်ပြီဖြစ်သည်။
ကျန်းရွှိသည်ဖုန်သုတ်သည့် ကြက်မွေးတုတ်ကို အထိတ်တလန့်နှင့်ကြည့်ကာ..
"အမေက ဒါကြီးကို ဘာလို့သူ့အိမ်ဟောင်းကနေသယ်လာရတာတုန်း.."
"အမွေအနှစ်လေ.."
ရှန့်ဖန်းယွိက အလေးအနက်ပြောလိုက်သည်။
ကျန်းရွှိ ဆို့နင့်သွားကာ လူသားဆန်ဆန်စကားပြောဆိုနိုင်သော သမီးလေးနှင့်စကားပြောရန်သာရွေးချယ်လိုက်သည်။
“ ဝမ့်ရီချီက သမီးကိုဘာကြောင့် သူ့ကောင်မလေးဖြစ်စေချင်တာလဲ..."
သူကလေသံနိမ့်နိမ့်ဖြင့် မေးသောအခါသမီးလေးက ဂုဏ်ယူစွာပင် ပြန်ဖြေသည်။
“ သူကပြောတယ် သမီးက တော်တော်လှလို့တဲ့... ”
ကျန်းရွှိနှင့် ရှန့်ဖန်းယွိ - “ ... ”
ဟုတ်ပြီ….သူက ပေါ့ပေါ့တန်တန် ကောင်လေးတစ်ယောက်ပဲ။
“သမီးအတွက်ကော သူကဘယ်လိုလဲ... ”
“ သမီးကသူ့ရည်းစားဖြစ်ချင်ဘူး….သူကလုံးဝမမိုက်ဘူး… သမီးက စွန်းဝူခုန်းရဲ့ရည်းစားပဲ ဖြစ်ချင်တာ... ”
သမီးလေးက လေးနက်စွာပြန်ပြောသည်။
အဲ့ဒါကောင်းတယ်…။
ရှန့်ဖန်းယွိ သည်ကြက်မွေးတုတ်ကိုဖယ်လိုက်သည်။ ပထမဦးစွာသူသည် စွန်းဝူခုန်းကိုမည်သည့်နေရာတွင်ရှာရမည်ကိုမသိခဲ့ပေ။ ဒုတိယအနေဖြင့် သူတွေ့ရှိလျှင်ပင် သူ စွန်းဝူခုန်းအား ရိုက်နှက်၍မရပေ။
“ ဘာလို့ စွန်းဝူခုန်း ရဲ့ရည်းစားဖြစ်ချင်တာလဲ... ”
ရှန့်ဖန်းယွိကမေးလိုက်သည်။
ခဏမျှစဉ်းစားပြီးနောက် သမီးလေးသည် ကြက်မွေးတုတ်ကိုယူကာ ရွှေတင်းပုတ်ကဲ့သို့ကစားနေခဲ့သည်။
“ သူကအစွမ်းရှိပြီး နတ်ဆိုးတွေကိုဖမ်းနိုင်တယ်လေ... ”
ထိုအကြောင်းပြချက်က ရိုးရှင်းပြီး မှန်ကန်ပါသည်။
ကလေးများထံတွင် မရေမတွက်နိုင်သောစိတ်ကူးယဉ်အတွေးအခေါ်များရှိသော်လည်း သူတို့သည်အလွန်ဖြူစင်သောကြောင့် လူကြီးများအား မတတ်နိုင်ပဲ ပြုံးစေပြန်သည်။
နောက်ဆုံးတွင် ကျန်းရွှိကသမီးဖြစ်သူအား သေချာ သင်ပေးသည်။
"အကယ်၍ အခြားကလေးတစ်ယောက်က သမီးကို သူတို့ရည်းစားဖြစ်ပေးဖို့တောင်းဆိုလာရင် သမီးက ပါပါးနဲ့ ဒယ်ဒီ ကိုပြောပြရမယ်…ပြီးတော့ တခြားယောက်ျားလေးတွေကို နမ်းခွင့် ဖက်ခွင့် မပေးရဘူးနော်..."
“ အကယ်၍ သူက သမီးကို လာနမ်းရင် ဒါမှမဟုတ်လာဖက်ရင် သူတို့ကိုပြန်ရိုက်ပစ်... ”
ရှန့်ဖန်းယွိကရိုးရှင်းစွာပြောခဲ့သည်။
သမီးလေးကအလေးအနက်ခေါင်းညိတ်ပြသည်။
“ စွန်းဝူခုန်းကရော သမီးကိုဖက်လို့ရလား... ”
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိကပြိုင်တူပြန်ဖြေသည်။
“သူလည်း မရပါဘူး..."
“ ဟုတ်ကဲ့”
သမီးလေးက သူမ၏ ပြောင်းလဲပုံများကို လေ့ကျင့်ရန်အတွက် ကြက်မွေးတုတ်ကို အင်တင်တင်နှင့် ဝရန်တာဆီသို့ ယူသွားခဲ့သည်။ ကျန်းရွှိက သူမ၏ မရင့်ကျက်သေးသောပုံစံကိုကြည့်ပြီးစိုးရိမ်နေမိသည်။
“ သူကြီးလာတဲ့အခါ မကောင်းတဲကောင်လေးတွေ ရဲ့လှည့်စားတာခံရရင်ရော... ”
“ သူ့ကို ကျုံးလန်တို့ လင်းကျန်တို့နဲ့ စကားများများပြောခိုင်းရမှာပေါ့... ”
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ပခုံးပေါ်တွင်လက် တင်၍ မှတ်ချက်ထပ်ပေးသည်။
"ဒါပေမယ့် ငါတို့သမီးက သာမန်ယောက်ျားလေးတွေကိုမျောက်တွေထက်ပိုသာတယ်လို့ကိုမမြင်ဘူးထင်တယ်…သူစိတ်ဝင်စားမှာမဟုတ်ဘူး... ”
သို့သော် သူတို့နှစ်ဦးစလုံးသည် ထိုမျောက်အတွက် သမီးလေး ၏ချစ်ခင်မှုကိုလျှော့တွက်ခဲ့မိသည်။
သိပ်မကြာခင်မှာပင် ကျန်းရွှိသည် ဆရာမကျီထံမှ နောက်ထပ်ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ရန်ဖြစ်၍မဟုတ်ဘဲဆရာမက သူတို့၏မိသားစုပုံများဆွဲခဲ့ရန် ကလေးများအတွက်အိမ်စာသတ်မှတ်ပေးခဲ့သောကြောင့်ဖြစ်သည်။ လူတိုင်းသည် သူတို့မိဘများနှင့်သူတို့ပုံများဆွဲခဲ့ကြသော်လည်း သမီးလေးကမူ အလယ်မှထက်ခြမ်းကွဲနေသော ကျောက်တုံးနှစ်တုံးပုံဆွဲထားခဲ့သည်။
ဆရာမကျီသည် သမီးလေး ၏လက်ရာကို ကျန်းရွှိထံ သို့ပြသခဲ့သည်။
“ရှင့်ကလေးကိုဘယ်လိုတွေသင်ပေးထားပြန်တာလဲ... ”
ကျန်းရွှိ ထိုဆွဲထားသောပုံနှင့် အိမ်သို့ပြန်လာပြီး အရှုံးသမားလိုခံစားနေရသည်။ သူသည် "အနောက်အရပ်သို့ ခရီးသွားခြင်း"ကို အာရုံစူးစိုက်စွာကြည့်နေသော သမီးလေး နှင့်သူမ၏အဖွားအား လှမ်းကြည့်လိုက်သည်။
“ သမီးလေး…သမီးမိဘတွေက ကျောက်တုံးတွေလို့ ဘယ်သူကများပြောလိုက်တာလဲ... ”
သမီးလေး သည် ချက်ချင်း သူမ၏အဖွားကို ချောက်ချလိုက်တော့သည်။
“ ဘွားဘွားလေ... ”
ကျန်းရွှိကသူ့အမေကို ခေါ်သည်။ “ အမေ…… ”
အမေဖြစ်သူကျန်းက တွန့်ဆုတ်တွန့်ဆုတ်နှင့် ရှင်းပြလာ၏။
"ငါ….ငါလည်း သူက ကျောက်ဆောင်ကြီးနှစ်ခုကြားက ခုန်ထွက်လာတဲ့ ကျောက်တုံးလေးဆိုပြီး ပြောလိုက်တာပါ….သူက စွန်းဝူခုန်းကို တော်တော်ကြိုက်နေတာ…ဟိုတလောကဆို သူက သူလည်း စွန်းဝူခုန်းလို ကျောက်ဆောင်နှစ်ခုကြားကနေ ခုန်ထွက်ချင်တယ်ပြောနေတော့ငါလည်း အလိုက်သင့်ပြောပေးလိုက်တာ ... ”
“ ... ”
ကြည့်ရသည်မှာအဘိုးအဘွားများဖြစ်ခြင်းနှင့် မိဘဖြစ်ခြင်းက လုံးဝကွဲပြားခြားနားသောသဘောထားနှစ်ခုဖြစ်သည်။ သူ့မိဘများက သူကလေးဘဝတုန်းကကဲ့သို့ တင်းကြပ်သောစည်းကမ်းနှင့်တောင်းဆိုမှုများကို သမီးလေးအပေါ်တွင် မချမှတ်ခဲ့ပေ။
သူတို့က သူမအား အလိုလိုက်၍ အကြိုက်နေပေးသေးသည်။
မိသားစုပညာရေးသည် စွမ်းရည်တစ်ခုဖြစ်ပြီးကလေးများကိုသင်ကြားပေးခြင်းသည်လည်း အထူးကျွမ်းကျင်သောစွမ်းရည်ဖြစ်သည်။
ဒါကြောင့် ကျန်းရွှိသည် ရှန့်ဖန်းယွိအား တည့်တိုးပင်တာဝန်ပေးလိုက်သည်။
“သမီးလေးကို သူ ဘယ်ကနေလာတဲ့အကြောင်း ပြန်ရှင်းပြလိုက်…မဟုတ်ရင် မင်း ဆိုဖာပေါ်မှာအိပ်...”
“ ဟာ…ကျန်းရွှိကလည်း .. ဘာလို့အဲ့လောက် ပိုပြီးရက်စက်လာရတာလဲ..."