အပိုင်း ၁၃၁
Viewers 32k

🧑‍⚕️Chapter 131




သမီးလေး မွေးဖွားလာချိန်မှစ၍ သူတို့၏ ချစ်တင်းနှီးနှောချိန်များကို သိသိသာသာလျှော့ချခဲ့ရသည်။ ပထမဆုံး ၂ နှစ်တာမှာ အဆင်ပြေသော်လည်း နောက်ပိုင်းတွင် သမီးလေးက ကြီးလာပြီး အချိန်ကြာကြာနိုးနေတတ်သည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့အလုပ်ဆင်းပြီး ပြန်လာတိုင်း သူမနှင့် အတူတူ ကစားရန်တွန်းအားပေးလိမ့်မည်။

ကလေးများသည် နွေးထွေးမှုလိုအပ်ပြီး ကျန်းစုံတွဲသည်လည်းအနားယူရန်လိုအပ်သည်။ ထို့ကြောင့်ဖခင်နှစ်ဦးမှာ အမြဲ အချိန်ပိုဆင်း၍အလုပ်လုပ်ကြပြီး အလုပ်ဆင်းလျှင် သမီးဖြစ်သူအတွက် အချိန်ပေးကြရသည်။

ကလေးငယ်ဟူသော အချိန်ကာလထဲ၀င်ရောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရပြောင်းလဲမှုတစ်ခုဖြစ်သည်။နောက်ဆုံးတွင် သူမအိပ်ပျော်ရန်ကြိုး စားရသည်မှာ အလွန်ပင်ပန်းသည်။ သူတို့ဟာရေမိုးချိုးပြီးလျှင် အိပ်ရာထဲသာပြန်အိပ်ကြပြီး ပင်ပန်းလွန်း၍ ဘာမျှပင်မလုပ်နိုင်တော့ပေ။ စကားသာ ပြောနိုင်ကြတော့သည်။

ထို့အပြင် ညအချိန်တွင် အိမ်၌လူများလည်းရှိသည်။ထို့ကြောင့်သူတို့သည် အသံဆူလွန်း၍မရပေ။ ပထမဆုံး ၁ကြိမ် ၂ကြိမ် မျှတွင် သူတို့၏ အသံများအား ပြန်ထိန်းနေရသည်မှာ စိတ်လှုပ်ရှားစရာကောင်းဆဲ ဖြစ်သော်လည်း အသံထွက်မည်ကို ပို၍ကြောက်လာရသောအခါ စိတ်ကျေနပ်မှုလည်း ပိုလျော့နည်းလာရသည်။

ကျန်းရွှိ၏အိမ်ဟောင်းကိုလည်း အိမ်ငှါးချထားခဲ့သည်။ထို့ကြောင့် အိမ်ပိုင်ရှိသောထိုနှစ်ဦးသားသည် တစ်ခါတစ်ရံတွင် ဟိုတယ်အခန်းတစ်ခန်းကိုငှားရမ်း၍ ကောလိပ်ကျောင်းသားရည်းစားများကဲ့သို့ တကူးတကချိန်းတွေ့နေရသည်။

နောက်ဆုံးတစ်ခါက ရှန့်ဖန်းယွိ အခန်းသော့ကဒ်ကိုပြန်အပ်ရန်မေ့ခဲ့သည်။ သူသည် သူ့အိတ်ကပ်ထဲတွင်ထည့်ထားလိုက်ပြီး ဧည့်ခန်းထဲတွင် သူ့အဝတ်အစားများကိုထားခဲ့သည်။ ထို့ကြောင့် သမီးလေးက ထိုအဝတ်အစားများကို သူမဘာဘီရုပ်အတွက် အိပ်ရာနှင့်ခေါင်းအုံးအဖြစ်သုံးရန် ယူ၍ကစားနေစဉ် ထိုကဒ်ပြုတ်ကျလာသည်။

သမီးလေးမှာ ပစ္စည်းများစွာကို မမှတ်မိနိုင်သောကြောင့် ထိုပစ္စည်းသည် မည်သည့် ပစ္စည်းဖြစ်ကြောင်း သူမ၏ဘိုးဘွားများအားမေးမြန်းရန် စိတ်အားထက်သန်စွာသွားခဲ့သည်။

ကျန်းရွှိ၏မိဘများက သဘောပေါက်၍ အနည်းငယ်ရှက်သွားကြသည်။ သူအိမ်ပြန်ရောက်သောအခါသူ၏ အဖေဖြစ်သူက အဓိပ္ပာယ်ပေါက်စေရန် အရိပ်အမြွက်ဖြင့်ပြောလိုက်သည်။

“ မင်းအမေနဲ့ငါကနားသိပ်မကြားတဲ့ သူတွေမို့ငါတို့က ဆယ်နာရီမတိုင်ခင်အမြဲတမ်းအိပ်ပျော်နေပြီ… ငါတို့က ကောင်းကောင်းလည်းအိပ်ပျော်တယ်…ဒါကြောင့်ငါတို့ကတော်ရုံတန်ရုံ စိတ်အနှောင့်အယှက်မဖြစ်ဘူး…အဆင်မပြေဘူးဆိုရင် ငါတို့အခုကနေစပြီး ၉ခွဲဆို အိပ်သွားလိုက်မယ်...”

ကျန်းရွှိ သူ့အဖေဆိုလိုသည်ကိုနားမလည်ခဲ့ပေ။ ထိုအချိန်တွင် ရှန့်ဖန်းယွိကသူ၏ဘယ်ဘက်အိတ်ကပ်ထဲမှတစ်ခုခုသည်ညာဘက်အိတ်ကပ်သို့ပြောင်းလဲသွားပုံရကြောင်းပြောပြလိုက်မှသာ ကျန်းရွှိ ရုတ်တရက်နားလည်သွားသည်။ 

သေမလိုဖြစ်သွားသောဒေါက်တာကျန်းမှာ သူ၏အိတ်များကိုထုပ်ပိုးပြီး ကမ္ဘာမြေမှထွက်ခွါသွားခါနီး ဖြစ်သွားကာ ရှန့်ဖမ်းယွိသည်လည်းထိုကိစ္စကြောင့်ဆိုဖာပေါ်တွင်အမြဲတမ်းနေထိုင်ရမည့်သူဖြစ်လာခါနီးမျိုး ကြုံလိုက်ရသည်။

ရက်ရက်စက်စက် ပိတ်ထားသည့် မျက်နှာချင်းဆိုင်အိပ်ခန်းတံခါးအားကြည့်ကာ ရှန့်ဖန်းယွိမှာ တရားခံလေးအား ဧည့်ခန်းသို့ခေါ်ဆောင်သွားပြီး သူနှင့်ဆွေးနွေးရန်အချိန်ပိုအလုပ်စလုပ်နေရသည်။

နောက်ဆုံးတွင် ကျန်းရွှိသည် ထွက်လာရန်ဆုံးဖြတ်ပြီး အခြေအနေကိုကြည့်လိုက်သောအခါ အဖေနှင့်သမီးနှစ်ယောက်သည် ပုံပြင်များပြောနေကြသည်။ သူတို့သည်အတော်လေး ရင်ထဲထိနေပုံရသည်။ သမီးလေးမှာ သူမ၏မျက်လုံးများတွင် မျက်ရည်စများနှင့်အတူ ကျန်းရွှိ၏ ပန်းရောင်ယုန်ရုပ်လေးအားကိုင်ထားကာ သူမ၏နှာခေါင်း နီရဲသည်အထိငိုနေခဲ့သည်။

“ အဲ့ဒါဆိုဘာဖြစ်သွားတာလဲ? ဦးဦးယုန်ကြီး က ဘာလုပ်ခဲ့လဲ... ”

“ ဦးဦးယုန်ကြီးက သူ့အဖွဲ့ကို စိတ်ပျက်အားငယ်တဲ့အခြေအနေမှာထားခဲ့တာပေါ့ …အဲ့ကတည်းက သူ့ကို ဘယ်သူမှမမြင်ရတော့ဘူး... ”

သူသည် သမီးလေးကို သူ့လက်ထဲတွင်ချီထားပြီး သူမ၏နောက်ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးသည်။သမီးလေးက ရှိုက်ကြီးတငင်ငိုကာဒေါသတကြီးနှင့် မေးလိုက်သည်။

"ယုန်လေးက ဦးဦးယုန်ကြီး ရဲ့လျှို့ဝှက်ချက်ကို ဘာလို့ လူတိုင်းကိုလျှောက်ပြောပြရတာလဲမသိဘူး….ဦးဦးယုန်ကြီးက လူတိုင်းအတွက်ကောင်းပေးတာကို... ”

“ ဒါပေါ့... ဒါပေမယ့်ယုန်လေးက အဲ့လိုဖြစ်စေဖို့မရည်ရွယ်ပါဘူး…သူကငယ်သေးတယ်လေ…ပြီးတော့အဖွဲ့ထဲမှာ သူ့ရဲ့ ပါပါးကပဲ ယုန်ကလေးတွေမွေးနိုင်တယ်ဆိုတာမသိခဲ့ဘူးလေ…ဒါကြောင့်မတော်တဆ ပြောမိသွားပြီး အဖွဲ့တစ်ခုလုံးက ဦးဦးယုန်ကြီးက သူတို့နဲ့မတူပဲကွဲပြားနေတယ်လို့ထင်မိသွားစေတာပေါ့… ဒါကြောင့် ဦးဦးယုန်ကြီးက အထီးကျန်နေတော့တာ... ”

“ ဒီတော့ သမီးလေး.. ဒယ်ဒီက ဒီနေ့လျှို့ဝှက်ချက်ကိုပြောပြမယ်....သမီးကယုန်လေးလို လိုက်ပြောပြီး ဦးဦးယုန်ကြီးကိုနာကျင်စေသလိုမျိုးမလုပ်ရဘူးနော်…ဟုတ်ပြီလား... ”

သမီးလေးက ခေါင်းညိတ်ပြသည်။

 “သမီး လိုက်မပြောပါဘူး...”

သူသည် သူမ၏မျက်ရည်များကိုသုတ်လိုက်သည်။

 “ သမီးလေးက အဲ့ယုန်လေးလိုပဲ ….သမီးပါပါးက သမီးကိုမွေးဖွားပေးခဲ့တာ… သမီးပါပါးက ကမ္ဘာပေါ်မှာ အံ့ဩဖို့အကောင်းဆုံး အဖေတစ်ယောက်ပဲ…သူကသမီးကိုမွေးနိုင်ဖို့အတွက် အရာရာသည်းခံခဲ့ရတာ..."

“ဒါပေမယ့်သမီးလေး…သမီးရဲ့ တခြားသူငယ်ချင်းတွေက ယုန်အဖွဲ့ထဲက တခြားယုန်လေးတွေလိုပဲ သူတို့ရဲ့ မေမေတွေကနေမွေးဖွားလာတာမို့…ဒယ်ဒီတို့က ပါပါးရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပြီး သူ့ကိုကာကွယ်ရမယ်နော်… တခြားလူတွေကို သူ့ရဲ့ လျှို့ဝှက်ချက်ကိုသိခွင့်မပေးရဘူး... တခြားလူတွေက သူ့ကိုနာကျင်အောင်လုပ်မှာမျိုးလည်း ခွင့်မပြုရဘူးနော်...”

သမီးလေး ၏ ပြည့်ဖောင်းနေသောမျက်နှာသည် အပြုံးများနှင့် ပြည့်နေခဲ့၏။ သူမ၏ စပျစ်သီးကဲ့သို့မျက်ဆံများသည်လည်း အလွန်တောက်ပနေခဲ့ကြသည်။

ရှန့်ဖန်းယွိသည် သူ့သမီး၏ပါးကိုနမ်းလိုက်သည်။

“ အကယ်၍ ဆရာမက သမီးကို ဖေဖေနှင့်မေမေ ပုံနောက်တစ်ခေါက်ဆွဲဖို့ ပြောလာရင် သမီးဘယ်လိုဆွဲမှာလဲ... ”

“ ဒယ်ဒီနဲ့ ပါပါးပုံကိုဆွဲမယ်...” သမီးလေးကပြန်ဖြေသည်။

ရှန့်ဖန်းယွိ ကသဘောမတူပေ။

 “ ဟမ်….. ”

“ အိုး…သမီးလျှို့ဝှက်ချက်ကိုသိမ်းထားပါ့မယ်… အဲဒီအခါကျ သမီးမဆွဲချင်ဘူးလို့ ဆရာမကို ပြောလိုက်မယ်လေ.. ”

ရှန့်ဖန်းယွိက သမီးလေး၏ ခေါင်းကိုပွတ်သပ်လိုက်၏။

“ဟုတ်ပြီ…ဒယ်ဒီတို့ဆွဲချင်မှာမဟုတ်ဘူးလို့ ဆရာမကိုပြောပြလိုက်... ”

ကျန်းရွှိ သူ၏လည်ချောင်းကိုရှင်းပြီး တစ်ဝက်ပိတ်ထားသော တံခါးကိုဖွင့်လိုက်သည်။ သူကဆောင့်ကြောင့်ထိုင်ကာ သမီးလေးအား ပြောပြလိုက်သည်။

 “နောက်ကျနေပြီ…အိပ်ရာဝင်ကြမယ်… ဒယ်ဒီရေသွားချိုးလိမ့်မယ်... ”

“ ပါပါး…ဒီညသမီးကိုသိပ်စရာမလိုတော့ဘူး…သမီးကိုယ်တိုင်အိပ်နိုင်တယ်... ”

“ လိမ္မာလိုက်တာ... ”

ကျန်းရွှိကပြောသည်။

“ ပါပါး... ”

 သမီးလေးကသူ့အား ပို၍နီးကပ်လာရန် လက်သေးသေးလေးနှင့် ယပ်ခေါ်လိုက်သည်။ ကျန်းရွှိ ကိုယ်ကိုင်းလိုက်သည်နှင့်တပြိုင်နက်သမီးလေးသည် သူ၏ပါးပေါ်သို့ အနမ်းပွင့်အကြီးကြီး ပေးလိုက်သည်။

“ပါပါးရဲ့ ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်...” 

သူမသည် တက်တက်ကြွကြွနှင့်ဆိုသည်။

ကျန်းရွှိ အံ့ဩ၍ မှင်သေသေဖြစ်သွားသည်။ သမီးလေးကသူမ၏အခန်းသို့ ပြန်သွားပြီး တံခါးကိုပိတ်ထားပြီးပြီဖြစ်သည်။ သို့သော်ထိုနွေးထွေးသော ခံစားချက်က သူ့နှလုံးသားထဲတွင် ပျံ့နှံ့နေတုန်းပင်ဖြစ်သည်။

ကလေးများကိုဂရုစိုက်ရခြင်းက အလွန်ပင်ပန်းပြီးသူတို့၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုဂရုစိုက်ရန်မှာလည်း အားစိုက်ထုတ်မှုအများအပြားနှင့်စိတ်ခံစားမှုများစွာလိုအပ်သည်။ ကလေးတစ်ဦး၏လှုပ်ရှားမှုတိုင်းကိုအာရုံစိုက်နေရမည်။ အမြဲတမ်းအနားတွင်ရှိနေရမည်။ သူတို့လဲကျမည်ကိုစိုးရိမ်ရသည်။ စကားမှားပြောမိ၍ ကလေးအား အကျင့်ဆိုးများကိုသင်ပေးမိမည်ကိုလည်း စိုးရိမ်ရသည်။သို့သော် ကလေးထံမှတုံ့ပြန်မှုတိုင်းသည် သူတို့အား ချစ်ရသူများ၏နှလုံးသားကိုအလွယ်တကူထိရှစေနိုင်သည်။

ထိုခံစားချက်သည် စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲသော်လည်း နှိုင်းယှဉ်၍မရအောက်လည်း လှပသည်။

ရှန့်ဖန်းယွိကသူ့ကိုဆွဲကာ သမီးလေးအတိုင်းတုပပြီးအခြားပါးတစ်ဖက်ကိုနမ်းကာ ညင်သာစွာပြောလိုက်သည်။ 

“ မင်းရဲ့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ် ဘေဘီ... ”

ကျန်းရွှိသည် အဖေနှင့်သမီးတို့၏ အဖြစ်သည်းနေပြမှုကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ၏မျက်နှာကိုလှည့်လိုက်သည်။

 “ သူ့ကို ဘယ်လိုပုံပြင်တွေပြောပြလိုက်လို့ သူက အဲ့လောက်ငိုသွားရတာလဲ..."

“ အဲ့ဒါက ဦးဦးယုန်သူရဲကောင်းအကြောင်း ပုံပြင်တစ်ပုဒ်ပါ… ဦးဦးယုန်ကြီးက လင်းယုန်ရဲ့ ကျူးကျော်မှုကိုခုခံရင်းနဲ့ ယုန်အုပ်ကိုငြိမ်းငြိမ်းချမ်းချမ်း ကျောင်းရင်း စောင့်ရှောက်နေတာလေ... ”

သူစကားပြောနေစဉ် ရုတ်တရက်သူ့ရင်ဘတ်ပေါ်တွင်လေးလံနေသည်ဟုခံစားလိုက်ရသည်။ ထို့နောက်မှသာ ရှန့်ဖန်းယွိက ကျန်းရွှိအိပ်ပျော်သွားသည်ကိုသတိပြုမိခဲ့သည်။

သူသည် သူ့ဘေးတွင် ချိတ်ထားသော ကျန်းရွှိလက်ကိုယူကာ ရခဲလှသော အခိုက်အတန့်ကို ခံစားနေသည်။ သို့သော်သူသည်ထိုကဲ့သို့ ကြာမြင့်စွာအိပ်စက်ခြင်းက ကျန်းရွှိအတွက် မသက်မသာဖြစ်မည်ကိုစိုးရိမ်သောကြောင့် သူ့အားညင်ညင်သာသာချီမကာ အိပ်ရာပေါ်သို့ပြန်တင်လိုက်သည်။

မမျှော်လင့်ပဲနှင့် ကျန်းရွှိက သူလက်လွှတ်လိုက်သည်နှင့်နိုးလာသည်။

“ မင်းအိပ်တော့လေ ” 

ရှန့်ဖန်းယွိ ကသူ့အားနှစ်သိမ့်ပေးခဲ့သည်။ 

“ မင်းအတွက်ငါ မီးပိတ်လိုက်မယ်…ငါဆေးကြောဖို့အပြင်က ရေချိုးခန်းကိုပဲ သွားလိုက်မယ်… ပြီးတော့မင်းအနှောင့်အယှက်မဖြစ်အောင်ငါအပြင်မှာပဲ အိပ်လိုက်မယ်...”

ကျန်းရွှိက သူ့မျက်လုံးများကိုပွတ်သပ်လိုက်သည်။သူ အိပ်ချင်နေပုံရသည်။ သူက ရှန့်ဖန်းယွိအား ပျင်းရိစွာကြည့်ကာပြောသည်။

“ မင်းကိုစောင့်နေမယ်...”

နှစ်ပေါင်းများစွာအတူတကွနေထိုင်လာခြင်းကြောင့် ရှန့်ဖန်းယွိသည် ကျန်းရွှိစကားလုံးတိုင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်သက်ရောက်မှုများနှင့် အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သည်။

“ ဘာလို့ ရုတ်တရက်ကြီးစိတ်ဝင်စားနေတာလဲ... ” 

ရှန့်ဖန်းယွိကသူ့ကိုမေးလိုက်သည်။

ကျန်းရွှိက နောက်လှည့်လိုက်ကာသူ၏ခေါင်း တစ်ဝက်အား စောင်နှင့်အုပ်လိုက်ပြီး စကားလုံးတစ်လုံးမမျှ မပြောခဲ့ပေ။

ရှန့်ဖန်းယွိ ကမေးလိုက်သည်။

 "မင်း မပင်ပန်းဘူးလား ”

“မပင်ပန်းဘူးလား….ဘယ်တုန်းက ငါပင်ပန်းခဲ့ဖူးလို့လဲ… ငါအသက်ရှူနေသမျှကာလပတ်လုံး ငါအဲ့ဒါလုပ်နိုင်သေးတယ်လို့ လောင်းရဲတယ်...”

“ အာ… ”

ရှန့်ဖန်းယွိသည် ညင်သာစွာတီးတိုး ရယ်လိုက်ကာ စောင်အခင်းများအောက်မှ လူအားဆွဲထုတ်လိုက်သည်။

 “ ကောင်းပြီလေ…ဒါဖြင့် ရေချိုးခန်းထဲမှာ ငါနဲ့အတူတူ တစ်ပွဲလောက်နွှဲကြမယ်... ”

အဝတ်အထည်များကို အဝတ်လျှော်ခြင်းတောင်းထဲသို့ပစ်ထည့်လိုက်ပြီး အဖြူရောင်အခိုးအငွေ့များက ရေချိုးခန်းမှန်နံရံကိုဖုံးကွယ်ထားသည်။အချင်းချင်းထပ်ထားသောလက်ဖဝါးများကိုသာ မှန်နံရံပေါ်တွင်မြင်နေရသည်။

အချိန်ကြာကြာချုပ်ထိန်းထားမှုများသည် ထိုည၏စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုများနှင့်ပေါင်းစပ်မိသောအခါ အနမ်းများကိုပို၍အလောတကြီးဖြစ်စေခဲ့ကြပြီး တဝေါဝေါကျနေသော ရေသံသည် သူတို့၏ ဆူညံသံအားလုံးကို ဖုံးဖိသွားသည်။ ကျန်းရွှိ အမောတကောနှင့် ပင့်သက်ရှိုက်ရင်းပြောလိုက်သည်။

 “မီးပိတ်လိုက်... ”

“ ဟင့်အင်း…မပိတ်ဘူး..ရေချိုးနေတုန်း ဘယ်သူက မီးပိတ်လို့လဲ.."

ရှန့်ဖန်းယွိက ကျီစယ်လိုက်သည်။ 

ထို့အပြင် သူသည်ကိုယ်ကို ကိုင်း၍ မောနေသောလေသံဖြင့် ကျန်းရွှိနားထဲသို့ ခပ်တိုးတိုးလေးထပ်ပြောလိုက်သည်။

"ပြီးတော့ မင်းကတကယ် ကြည့်ကောင်းနေတယ်..."