အပိုင်း (၃၁၁)
Viewers 31k

Chapter 311


အမျိုးသမီးတစ်ယောက်၏ ဆုံးဖြတ်နိုင်စွမ်းမှာ အထင်သေး၍မရပေ။ အထူးသဖြင့် သူမက အရေးကြီးသည့် ပွဲတစ်ခုတက်ရပြီး တောက်ပနေရမည့်အခါမျိုးတွင်ဖြစ်သည်။ စုန့်ထင်ရှန်းက ယွမ်ရှ၏ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း မြင့်မားမှုကို မြင်တွေ့ခဲ့ရသည်။ တစ်ပတ်ကြာပြီးနောက်တွင် သူမက အမှန်တကယ်ဝိတ်ကျသွားခဲ့ပြီး တစ်ကီလိုဂရမ်ထက်ပင် ပိုကျသွားခဲ့သေးသည်။


နေ့တိုင်း သူမက ဟင်းသီးဟင်းရွက်ပြုတ်၊ ကြက်ဥပြုတ်နှင့် ကြက်ရင်ပုံသားကိုသာ စားလေသည်။ သူမ၏ အစားအသောက်တိုင်းတွင် အဆီပါဝင်မှုနည်းပြီး ဆားလည်းနည်းကာ အလွန်ကျန်းမာရေးနှင့်ညီညွတ်လေသည်။ အနပ်တိုင်းမှာ အမျိုးသမီး ဆယ်လီများစားသည်နှင့် တူညီလေသည်။


ဝမ်လေးက ကြက်တောင်ပံစားနေချိန်တွင် ဝေဖန်လာသည်။

"မာမားကြည့်ရတာ အဲ့တာတွေစားနေတိုင်း အရမ်းကိုခက်ခဲနေတဲ့ ပုံကြီးနဲ့...."


သူမ ပါးစပ်ထဲရှိ အစားအသောက်တိုင်းမှာ အရသာမရှိပေ။ သူခန္ဓာကိုယ်ပေါ်ရှိ ဆဲလ်တစ်ခုစီတိုင်းက သူမကိုဟော့ပေါ့စားရန် ကယ်လိုရီမြင့်သော အစားအသောက်များစားရန် တိုက်တွန်းနေသည်။ သို့သော် ယွမ်ရှက ဆီတစ်စက်ပင် မပါသော အရွက်ရေလုံပြုတ်ကို တူဖြင့်ညှပ်ကာ သေခြင်းတရားနှင့်ရင်ဆိုင်နေရပုံနှင့် ပါးစပ်ထဲထည့်နေသည်။


"ဒါ ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ခြင်းရဲ့ တန်ဖိုးပဲ...."


သေသေချာချာစဉ်းစားကြည့်လျှင် သူမသာ စုန့်ထင်ရှန်းနှင့် ဟော့ပေါ့ခဏခဏမသွားစားလျှင် ယခုကဲ့သို့ ခက်ခဲနေရမည်မဟုတ်ပေ။


"မာမား ဝိတ်ချစရာမလိုပါဘူး.."

ဝမ်လေးက သူ၏ဝမ်းဗိုက်ပူပူလေးကို အဖိုးတန်အရာလေးတစ်ခုလို ကိုင်ပြလိုက်သည်။

"သားဆို ဝိတ်ကိုမချတာ..."


စုန့်ထင်ရှန်းလည်း အလိုတူအလိုပါ တိုက်တွန်းလာသည်။


"ဟုတ်တယ်... အသားလေးတစ်လုပ်လောက်စားပါဉီး... မင်းကြည့်ရတာ တအားသနားဖို့ကောင်းနေတယ်...."


မရဘူး.... 

ယွမ်ရှ ခေါင်းခါလိုက်သည်။ သူမက ဤသားအဖမှာ နတ်ဆိုးများလားဟု တွေးမိလာသည်။


သူတို့က သူမကို ပြစ်မှုလုပ်ရန် အကောင်းဆုံးကြိုးစားနေကြသည်။ သူမမျက်စိရှေ့တွင် ပန်းတိုင်ကိုတွေ့နေရပြီဖြစ်၍ ဤနတ်ဆိုးနှစ်ကောင်ကို ဂရုစိုက်ရန်တွေးပင်မတွေးပေ။


ယွမ်ရှက သူမ၏ ပန်းကန်ကိုယူကာ အသီးအရွက်ပြုတ်များနှင့် ကြက်ဥပြုတ်များစားပြီး အိမ်ပေါ်တက်သွားသည်။


သူမထွက်သွားပြီးနောက်တွင် စုန့်ထင်ရှန်းက ဝမ်လေးကိုပြောလိုက်သည်။


"သားရဲ့ မာမားက လှလှလေးဖြစ်ဖို့အကောင်းဆုံးကြိုးစားနေရရှာတာ... ဒီတော့သားက သူ့ကို ခဏခဏချီးကျူးပေးရမယ်နော်...."


ဝမ်လေးက သက်ပြင်းချလိုက်သည်။


"မာမားဝလာရင်တောင် သားက သူ့ကိုအလှဆုံးလို့တွေးနေမှာပါပဲ...."


"အဲ့လိုပဲတွေးနော်...."


စုန့်ထင်ရှန်းက သူ့ရေခွက်ကိုယူပြီး ဝမ်လေးနှင့် ခွက်ချင်းတိုက်လိုက်သည်။


ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့က ယွမ်ရှကိုကြည့်ပြီး ကူကယ်ရာမဲ့နေရသည်။ ဤdietအစီအစဉ်တွင် ယွမ်ရှက ဘယ်သူ့ကိုမှ အနှောင့်အယှက်မခံဘဲ အတင်းခေါင်းမာနေသည်။ စုန့်ထင်ရှန်းက နှစ်ကုန်စုဝေးပွဲအမြန်ရောက်ပါစေဟု ဆုတောင်းနေမိသည်။ သို့မှသာ သူမက ထိုပွဲပြီးသည်နှင့် ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်သည်။


---


ကုမ္ပဏီဝန်ထမ်းများမှာလည်း နှစ်ကုန်စုဝေးပွဲကို မျှော်လင့်နေကြသည်။ စုန့်ကော်ပိုရေးရှင်းက သဘောထားကြီးလှပြီး ဤလောကထဲတွင် ဝန်ထမ်းများကို အကောင်းဆုံးဆက်ဆံ၍ နာမည်ကြီးလေသည်။ စားသောက်ပွဲကြီးကျင်းပပေးသလို ဆုမဲများလည်းဖောက်ပေးသေးသည်။ ယခုနှစ်တွင် ပေးအပ်သည့်ဆုမဲမှာ အတော်လေးဈေးများသည်ဟု ကြားထားသဖြင့် ဝန်ထမ်းတိုင်းက ဝေ့ပေါ်တွင် Koiပုံများရှဲကာ မဲပေါက်သူဖြစ်ပါစေဟု ဆုတောင်းနေကြသည်။


---


ယခုနှစ် နှစ်ကုန်စုဝေးပွဲမှာလည်း ပုံမှန်လိုသာဖြစ်သည်။ မြို့ထဲရှိ five star ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ စုန့်ထင်ရှန်းက နာရီတကြည့်ကြည့်ဖြင့် အချိန်အကြာကြီးစောငိ့နေရ၍ စိတ်မရှည်တော့ပေ။ ဝမ်လေးကလည်း tuxedoဝတ်စုံလေးဝတ်ပြီး ဆိုဖာပေါ်တွင် တွေဝေစွာထိုင်နေသည်။ သူတို့နှစ်ယောက် စောင့်နေရသည်မှာ အတော်ကြာပြီမှန်း သိသာလှသည်။


နှစ်ယောက်စလုံးက ယွမ်ရှမြန်မြန်ပြင်ဆင်ပြီးပါစေဟု မျှော်လင့်နေကြပြီး သူမကတော့ အေးအေးဆေးဆေးမိတ်ကပ်ပြင်နေသည်။


လွန်ခဲ့သည့်နှစ်နာရီကတည်းက သူမက ခေါင်းလျှော်ကာ facial maskကပ်ပြီးပြီဖြစ်သည်။ သူမက အရင်တစ်ပတ်ကတည်းက အဝတ်အစား၊ လက်ဝတ်ရတနာ၊ ဒေါက်ဖိနပ်နှင့် ပိုက်ဆံအိတ်များကိုရွေးပြီးပြီဖြစ်သည်။ ယွမ်ရှက အရာရာတိုင်းပြီးပြည့်စုံနေရနိ အသေအချာပြင်ဆင်ထားသည်။ ဆံပင်တစ်မျှင်ချင်းစီကအစ အကောင်းဆုံးအခြေအနေရောက်နေစေရန် အလျှင်မလိုပါချေ။