Chapter 316
(Extra 3)
ယွမ်ရှက ဝတ္ထုထံမှ အတော်လေးလွှမ်းမိုးခံလိုက်ရ၍လားမသိ ကလေးနှစ်ယောက်ကိုကြည့်လိုက်ချိန်တွင် ရှုယီချွမ်က ဝမ်လေး၏ပရိတ်သတ်လေးဟု ရုတ်တရက်ခံစားလိုက်ရသည်။ဝမ်လေးက သူမကို အခြားသောကောင်မလေးများလိုသာဆက်ဆံသည်။ တည့်တိုးပြောရလျှင် သူမက ကောင်မလေးတိုင်းကို တစ်ပြေးညီသာဆက်ဆံလေသည်။ တစ်ယောက်ကိုမှ အနိုင်မကျင့်သလို အထူးတလှယ်အရေးပေးခြင်းမရှိပေ။
ဇာတ်ကြောင်းက အရမ်းကိုသန်မာနေတာလား... အရာအားလုံးပြောင်းလဲသွားပေမဲ့... သူတို့ရဲ့ တွေ့ဆုံပုံက မပြောင်းလဲဘူးဖြစ်နေတယ်...
သူမ အိမ်ပြန်ရာလမ်းတစ်လျှောက်တွင် သက်ပြင်းချနေသည်။
စုန့်ထင်ရှန်းအလုပ်မှဆင်းချိန်တွင် ယွမ်ရှက ဆိုဖာပေါ် တိတ်တဆိတ်ထိုင်နေကြောင်းတွေ့လိုက်ရသည်။ သူမက TVမကြည့်နေသလို ဖုန်းဂိမ်းလည်းဆော့မနေပေ။ လေထဲကိုသာ တွေတွေကြီးငေးနေလေသည်။
စုန့်ထင်ရှန်းက ဝမ်လေးကိုဆွဲခေါ်ပြီး တိုးတိုးတိတ်တိတ်မေးလိုက်သည်။
"သားဒီနေ့ သားမာမားကို စိတ်ပျက်အောင်လုပ်လိုက်သေးလား...."
ဝမ်လေးက အတော်လေး မတရားခံနေရသလိုဖြစ်သွားသည်။
"သားမလုပ်ခဲ့ဘူး... သားဒီနေ့ကောင်းကောင်း လုပ်ပြခဲ့တယ်..."
အလွန်ထူးဆန်းနေသည်။
စုန့်ထင်ရှန်းက လွန်ခဲ့သည့်နှစ်ရက်က သူ၏လုပ်ရပ်များကို ပြန်တွေးကြည့်သည်။ ညဘက်မှာ သူမကို အနှောင့်အယှက်ဖြစ်အောင်လုပ်မိပြီး ကုတင်ပေါ်မှ ကန်ချခံရလုနီးပါးဖြစ်သွားသည်မှလွဲ၍ အခြားအရာမလုပ်ခဲ့ပေ။
သူမစိတ်အခြေအနေမကောင်းတာ သူနဲ့ရော ဝမ်လေးနဲ့ပါ မဆိုင်တော့... ဘာများဖြစ်နိုင်သေးလဲ...
ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့က ယွမ်ရှ၏နောက်ကျောကို လေးလေးနက်နက်စိုက်ကြည့်နေသည်။
သူမက မိသားစုထဲတွင် အနေအထားအမြင့်ဆုံးလူဖြစ်သည်။ သူတို့က သူမ၏ပျော်ရွှင်မှုကို အတော်လေး အလေးထားပြီး သူမစိတ်ဆိုးပါကလည်း ပြာယာခတ်နေလေ့ရှိသည်။
ဝမ်လေးက သူ့မေးစေ့လေးသူပွတ်နေသည်။
"မာမားက သွေးထပ်ထွက်ပြန်တာလား... အဲ့တာကြောင့်များ မပျော်မရွှင်ဖြစ်နေရတာလား..."
သူက အမျိုးသမီးများ၏ ခန္ဓာဗေဒကို နားမလည်သေးသည့် ကလေးတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သူ့မာမားက လတိုင်းသွေးထွက်ပြီး မသက်မသာဖြစ်ရကြောင်းသိကတည်းက သူ့စိတ်ထဲရှိ သူ့မားမား၏ပုံရိပ်မှာ ပို၍ ထိလွယ်ရှလွယ်ဖြစ်လာသည်။
စုန့်ထင်ရှန်းက လက်ချောင်းများချိုးကာ နေ့ရက်ကိုရေတွက်လိုက်သည်။
"အဲ့တာ ဒီနေ့မဟုတ်သေးပါဘူး...."
ယွမ်ရှ၏ ဓမ္မတာက အတော်လေးပုံမှန်မဟုတ်သော်လည်း ယနေ့ဖြစ်ရန်မှာ အတော်စောနေသေးသည်။ ဤကိစ္စတွင် သူက သူမထက်ပိုသိသည်။
သူနှင့်ဝမ်လေးက သူမဘာကြောင့် စိတ်အခြေအနေမကောင်းရကြောင်း ခန့်မှန်းကြည့်နေသည်။ ဘာကြောင့်မှန်းမသိသေးသော်လည်း သူတို့ လျစ်လျှူမရှုထားနိုင်ပေ။
ညစာစားချိန်တွင် ဝမ်လေးနှင့် စုန့်ထင်ရှန်းက အလွန်သိတတ်နေသည်။ ယွမ်ရှပန်းကန်ထဲ ဟင်းများထည့်ပေးကာ လက်သုတ်ပဝါကမ်းပေးကြသည်။ ယွမ်ရှက ဧကရီတစ်ပါးလို ဆက်ဆံခံနေရသည်ကို သဘောကျနေသည်။
ယွမ်ရှက သူမစိတ်အနှောင့်အယှက်ဖြစ်နေသည့်အရာကို ထုတ်မပြောပြပေ။
အမျိုးသမီးဇာတ်လိုက်ပေါ်လာပြီဆိုတော့ အမျိုးသားဇာတ်လိုက်ကလည်း သိပ်မကြာခင်ပေါ်လာတော့မှာပေါ့နော်...
ထိုနှစ်ယောက်က နောက်ခံတူညီပြီး ပြိုင်ဘက်များလို ကြီးပြင်းလာကြသော်လည်း အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကို စိတ်မဝင်စားခဲ့ပေ။ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်နှင့် အတူတူနေသောအခါမှ သူတို့၏သူငယ်ချင်းဆက်ဆံရေးက အချစ်အဖြစ်တိုးတက်လာခြင်းဖြစ်သည်။ သို့သော် စာရေးသူက ဝတ္ထု အဆုံးတွင် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကိုချစ်သွားပြီး အတူရှိသွားကြသော်လည်း သူမအချစ်ဆုံးလူမှာ သူမ၏လရောင်ဖြူလေးသာဖြစ်ကြောင်း ဖန်ကွဲလက်တစ်ဆုပ်ကြဲချသွားသေးသည်။
စာရေးသူက ဝမ်လေး၏ဇာတ်ကောင်ကို အလွန်သဘောကျလေသည်။ အဆုံးအထိ သူ၏နာမည်ကြီးမှုမှာ စာဖတ်သူများကြားတွင် အမျိုးသားဇာတ်လိုက်ထက် မြင့်ပေသည်။
ယွမ်ရှ ဝမ်လေးကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထဲအစားအသောက်များ ထည့်ထား၍ နှုတ်ခမ်းတွင် ဆီများဝေ့နေလေသည်။
သို့သော် ၎င်းက သူမထိန်းချုပ်၍မရသောအရာဖြစ်သည်။ အနာဂတ်တွင် ဝမ်လေး၏အချစ်ကိစ္စမှ သူမ၏ကိစ္စပင်မဟုတ်ချေ။ သူမက သူမသားကိစ္စနှင့်ပတ်သတ်လျှင် စည်းမရှိတော့သလို ပြုမူမည့် အမေမဟုတ်ပေ။ သူ၏ဘဝကို သူမစိတ်တိုင်းကျ အသက်မရှင်စေချင်ပေ။ ထိုသို့ပြောသော်လည်း ဝမ်လေးက ငါးနှစ်သာရှိသေးလေရာ သူ၏အချစ်ကိစ္စကိုထိန်းချုပ်ရန်မှာ ဘာမှမရှိသေးပေ။
ယွမ်ရှက ဝမ်လေးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"အိုး....မာမားရဲ့သားလေးရယ်..."
ဝမ်လေး ".... မာမား...."
သူမ၏လေသံက သူ့ကိုပြာယာခတ်သွားစေသည်။
ယွမ်ရှက စိတ်ထဲတွင် သက်ပြင်းကျယ်ကျယ်ချလိုက်သည်။
သားလေးရေ.. မင်းရဲ့မာမားကတော့ မင်းရဲ့အချစ်ရေးကို မစွက်ဖက်နိုင်ဘူး... ဒီတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်...
xxxxxxxChapter 316
(Extra 3)
ယွမ်ရှက ဝတ္ထုထံမှ အတော်လေးလွှမ်းမိုးခံလိုက်ရ၍လားမသိ ကလေးနှစ်ယောက်ကိုကြည့်လိုက်ချိန်တွင် ရှုယီချွမ်က ဝမ်လေး၏ပရိတ်သတ်လေးဟု ရုတ်တရက်ခံစားလိုက်ရသည်။ဝမ်လေးက သူမကို အခြားသောကောင်မလေးများလိုသာဆက်ဆံသည်။ တည့်တိုးပြောရလျှင် သူမက ကောင်မလေးတိုင်းကို တစ်ပြေးညီသာဆက်ဆံလေသည်။ တစ်ယောက်ကိုမှ အနိုင်မကျင့်သလို အထူးတလှယ်အရေးပေးခြင်းမရှိပေ။
ဇာတ်ကြောင်းက အရမ်းကိုသန်မာနေတာလား... အရာအားလုံးပြောင်းလဲသွားပေမဲ့... သူတို့ရဲ့ တွေ့ဆုံပုံက မပြောင်းလဲဘူးဖြစ်နေတယ်...
သူမ အိမ်ပြန်ရာလမ်းတစ်လျှောက်တွင် သက်ပြင်းချနေသည်။
စုန့်ထင်ရှန်းအလုပ်မှဆင်းချိန်တွင် ယွမ်ရှက ဆိုဖာပေါ် တိတ်တဆိတ်ထိုင်နေကြောင်းတွေ့လိုက်ရသည်။ သူမက TVမကြည့်နေသလို ဖုန်းဂိမ်းလည်းဆော့မနေပေ။ လေထဲကိုသာ တွေတွေကြီးငေးနေလေသည်။
စုန့်ထင်ရှန်းက ဝမ်လေးကိုဆွဲခေါ်ပြီး တိုးတိုးတိတ်တိတ်မေးလိုက်သည်။
"သားဒီနေ့ သားမာမားကို စိတ်ပျက်အောင်လုပ်လိုက်သေးလား...."
ဝမ်လေးက အတော်လေး မတရားခံနေရသလိုဖြစ်သွားသည်။
"သားမလုပ်ခဲ့ဘူး... သားဒီနေ့ကောင်းကောင်း လုပ်ပြခဲ့တယ်..."
အလွန်ထူးဆန်းနေသည်။
စုန့်ထင်ရှန်းက လွန်ခဲ့သည့်နှစ်ရက်က သူ၏လုပ်ရပ်များကို ပြန်တွေးကြည့်သည်။ ညဘက်မှာ သူမကို အနှောင့်အယှက်ဖြစ်အောင်လုပ်မိပြီး ကုတင်ပေါ်မှ ကန်ချခံရလုနီးပါးဖြစ်သွားသည်မှလွဲ၍ အခြားအရာမလုပ်ခဲ့ပေ။
သူမစိတ်အခြေအနေမကောင်းတာ သူနဲ့ရော ဝမ်လေးနဲ့ပါ မဆိုင်တော့... ဘာများဖြစ်နိုင်သေးလဲ...
ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့က ယွမ်ရှ၏နောက်ကျောကို လေးလေးနက်နက်စိုက်ကြည့်နေသည်။
သူမက မိသားစုထဲတွင် အနေအထားအမြင့်ဆုံးလူဖြစ်သည်။ သူတို့က သူမ၏ပျော်ရွှင်မှုကို အတော်လေး အလေးထားပြီး သူမစိတ်ဆိုးပါကလည်း ပြာယာခတ်နေလေ့ရှိသည်။
ဝမ်လေးက သူ့မေးစေ့လေးသူပွတ်နေသည်။
"မာမားက သွေးထပ်ထွက်ပြန်တာလား... အဲ့တာကြောင့်များ မပျော်မရွှင်ဖြစ်နေရတာလား..."
သူက အမျိုးသမီးများ၏ ခန္ဓာဗေဒကို နားမလည်သေးသည့် ကလေးတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သူ့မာမားက လတိုင်းသွေးထွက်ပြီး မသက်မသာဖြစ်ရကြောင်းသိကတည်းက သူ့စိတ်ထဲရှိ သူ့မားမား၏ပုံရိပ်မှာ ပို၍ ထိလွယ်ရှလွယ်ဖြစ်လာသည်။
စုန့်ထင်ရှန်းက လက်ချောင်းများချိုးကာ နေ့ရက်ကိုရေတွက်လိုက်သည်။
"အဲ့တာ ဒီနေ့မဟုတ်သေးပါဘူး...."
ယွမ်ရှ၏ ဓမ္မတာက အတော်လေးပုံမှန်မဟုတ်သော်လည်း ယနေ့ဖြစ်ရန်မှာ အတော်စောနေသေးသည်။ ဤကိစ္စတွင် သူက သူမထက်ပိုသိသည်။
သူနှင့်ဝမ်လေးက သူမဘာကြောင့် စိတ်အခြေအနေမကောင်းရကြောင်း ခန့်မှန်းကြည့်နေသည်။ ဘာကြောင့်မှန်းမသိသေးသော်လည်း သူတို့ လျစ်လျှူမရှုထားနိုင်ပေ။
ညစာစားချိန်တွင် ဝမ်လေးနှင့် စုန့်ထင်ရှန်းက အလွန်သိတတ်နေသည်။ ယွမ်ရှပန်းကန်ထဲ ဟင်းများထည့်ပေးကာ လက်သုတ်ပဝါကမ်းပေးကြသည်။ ယွမ်ရှက ဧကရီတစ်ပါးလို ဆက်ဆံခံနေရသည်ကို သဘောကျနေသည်။
ယွမ်ရှက သူမစိတ်အနှောင့်အယှက်ဖြစ်နေသည့်အရာကို ထုတ်မပြောပြပေ။
အမျိုးသမီးဇာတ်လိုက်ပေါ်လာပြီဆိုတော့ အမျိုးသားဇာတ်လိုက်ကလည်း သိပ်မကြာခင်ပေါ်လာတော့မှာပေါ့နော်...
ထိုနှစ်ယောက်က နောက်ခံတူညီပြီး ပြိုင်ဘက်များလို ကြီးပြင်းလာကြသော်လည်း အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကို စိတ်မဝင်စားခဲ့ပေ။ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်နှင့် အတူတူနေသောအခါမှ သူတို့၏သူငယ်ချင်းဆက်ဆံရေးက အချစ်အဖြစ်တိုးတက်လာခြင်းဖြစ်သည်။ သို့သော် စာရေးသူက ဝတ္ထု အဆုံးတွင် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကိုချစ်သွားပြီး အတူရှိသွားကြသော်လည်း သူမအချစ်ဆုံးလူမှာ သူမ၏လရောင်ဖြူလေးသာဖြစ်ကြောင်း ဖန်ကွဲလက်တစ်ဆုပ်ကြဲချသွားသေးသည်။
စာရေးသူက ဝမ်လေး၏ဇာတ်ကောင်ကို အလွန်သဘောကျလေသည်။ အဆုံးအထိ သူ၏နာမည်ကြီးမှုမှာ စာဖတ်သူများကြားတွင် အမျိုးသားဇာတ်လိုက်ထက် မြင့်ပေသည်။
ယွမ်ရှ ဝမ်လေးကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထဲအစားအသောက်များ ထည့်ထား၍ နှုတ်ခမ်းတွင် ဆီများဝေ့နေလေသည်။
သို့သော် ၎င်းက သူမထိန်းချုပ်၍မရသောအရာဖြစ်သည်။ အနာဂတ်တွင် ဝမ်လေး၏အချစ်ကိစ္စမှ သူမ၏ကိစ္စပင်မဟုတ်ချေ။ သူမက သူမသားကိစ္စနှင့်ပတ်သတ်လျှင် စည်းမရှိတော့သလို ပြုမူမည့် အမေမဟုတ်ပေ။ သူ၏ဘဝကို သူမစိတ်တိုင်းကျ အသက်မရှင်စေချင်ပေ။ ထိုသို့ပြော