အခန်း ၁၄ အပြောင်းအလဲမြန်လွန်းသော ဝမ် ရာသီဥတု
Viewers 3k

အခန်း ၁၄။ အပြောင်းအလဲမြန်လွန်းသော ၀မ်ရာသီဥတု


နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေသည်။ ကုတင်ထက်မှာတော့ အဖြူရောင်မွေ့ယာနှင့် လိုက်ဖက်စွာပင် မှေးစက်နေသော လူသားတစ်ဦး။

ရှောင်ဟိုင်က စာကြည့်စားပွဲရှေ့မှ ထို်င်ခုံကိုယူပြီးနောက် ကုတင်ဘေးတွင်ချထိုင်ကာ ရှောင်းကျန့်၏လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်သည်။

"သခင်... ကျွန်တော်အရမ်း သတိရနေခဲ့တာ"

အိပ်ပျော်နေသောရှောင်းကျန့်ကိုငေးမောကြည့်ရင်း မျက်ရည်တစ်စက်က မဖိတ်ခေါ်ပါပဲ ပါးပြင်ပေါ်ကျရောက်လာသည်။ ပြန်အလာကို တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ဦးစောင့်နေခဲ့ကြတာ သိမှသိပါရဲ့လား။

"နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုပေမယ့်လည်း ကျေးဇူးတင်ပါတယ် ပြန်လာပေးတာ ကျေးဇူး... ကျေးဇူးတင်ပါတယ်သခင်ရယ်...."

တိုးတိုးလေးရေရွတ်ရင်း မျက်ရည်တို့ကို ပွတ်သုတ်လိုက်သည်။ သူ့ရဲ့ရှစ်ဇွင်းက ချစ်ရသူမရှိတော့သည့်နောက်ပိုင်း အသက်ဆက်မရှင်ချင်တော့သည်အထိ ဖြစ်ခဲ့ရသည်။

သို့သော်လည်း ပြန်လာခဲ့မည်ဟူသည့်စကားလေးကြောင့် သည်မျှကြာအောင် စောင့်နေခဲ့သည်။ ယခုတော့ စောင့်ရကျိုးနပ်ခဲ့လေပြီ။

သို့သော်လည်း သခင်ကဖြင့် သူတို့နှစ်ဦးစလုံးကို မမှတ်မိပါချေ။ မမှတ်မိဆို ဘ၀တွေကလည်း ခြားခဲ့ပြီမဟုတ်ပါလား။ မည်သို့ပင်ဆိုစေ။ ကြိုးစားခွင့်ရှိသေးတာကပင် အဆိုးထဲက အကောင်းဟုမှတ်ယူရတော့မည်။

::::::::::::::::::::::::::::::

အိပ်ရာမှနိုးလာသည်နှင့်တစ်ပြိုင်နက် ကုတင်ပေါ်ခေါင်းလေးစောင်းကာ တင်ထားရင်း အိပ်ပျော်နေသောရှောင်ဟိုင့်ကို ရှောင်းကျန့်တွေ့လိုက်ရသည်။

သူအိပ်ရာမှထမည်ကြံတော့ လက်တစ်ဘက်က လှုပ်လို့မရ။ ထိုအခါမှ ရှောင်ဟိုင်က သူ့လက်တစ်ဘက်ကို ဆုပ်ကိုင်ထားတာဖြစ်ကြောင်း သတိထားလိုက်မိသည်။

အလိုလိုပြုံးလိုက်မိရင်း ကျန်လက်တစ်ဘက်ဖြင့် ရှောင်ဟိုင်၏ ခေါင်းလေးကို ဖွဖွလေးပွတ်ပေးလိုက်သည်။ ထိုအချိန်မှာပင် မသိစိတ်ကလည်း သည်လိုအမူအရာကို ဟိုးယခင်တုန်းကလည်းလုပ်ဖူးသလိုမျိုး ခံစားလိုက်ရပြီး ပုံရိပ်များစွာက ခေါင်းထဲတရိပ်ရိပ်တိုး၀င်လာသည်။

အာရုံထဲ၌ မြင်လိုက်ရသည်က စားဖိုဆောင်တစ်ခုဖြစ်ပြီး လူတစ်ယောက်က အသီးအရွက်တို့ကို လှီးဖြတ်နေသည်။

ရှေးခေတ်အ၀တ်အစားများ ၀တ်ဆင်ထားသောအမျိုးသမီးငယ်များမှာ စားဖိုဆောင်အပြင်တွင် ကိုယ်စီမတ်တပ်ရပ်လျက် ရှိကြသည်။

ထိုအချိန်မှာပင် ၁၄နှစ်၊ ၁၅နှစ် အရွယ်ခန့်ကောင်လေးတစ်ယောက် စားဖိုဆောင်ထဲသို့ ခုန်ပေါက်ကာ၀င်လာပြီး ချက်ပြုတ်နေသူ၏အနားသို့ကပ်သွားကာ ဗိုက်လေးကိုပွတ်ရင်း ပြောလိုက်သည်။

"သခင်... ကျွန်တော် ဗိုက်ဆာတယ်"

"သခင်လို့ မခေါ်နဲ့လို့ ပြောထားတယ်လေ ရှောင်ဟိုင်"

"ဟုတ်ကျန့်ကျန့် ကျွန်တော်မေ့သွားလို့ပါ"

"မမေ့နဲ့ ငါကအခုလက်ရှိ မင်းရဲ့အစ်ကိုနော်"

"မရပါဘူး သခင်လို့မခေါ်ရရင် ကျန့်ကျန့်ပဲခေါ်မှာ"

"ကောင်ဆိုးလေး အစ်ကိုလို့ခေါ်ဖို့ ပြောလို့ကိုမရဘူး သွား... မင်းရှစ်ဇွင်းနဲ့အတူတူစောင့်နေ ခဏနေရင်စားရမယ်"

ချက်ပြုတ်နေသောထိုသူကရယ်မောရင်း ကောင်ကလေး၏ ခေါင်းကိုခပ်ဖွဖွ ပွတ်လိုက်တော့ ကောင်ကလေးက ရယ်သည်။

"ရှောင်ဟိုင်"

အာရုံထဲမှ မြင်ကွင်းတို့ ပျောက်သွားတော့ ရှောင်းကျန့်လည်း ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ထိုအမည်က အဘယ်ကြောင့် သူသိသောလူတစ်ယောက်နှင့် တူညီနေပါလိမ့်။ အာရုံထဲဖျတ်ခနဲခဏလေးမျှပေါ်လာတာမို့ မျက်နှာကိုတော့ မမှတ်မိလိုက်ပါချေ။

သို့သော်လည်း ရှောင်းကျန့်မသိလိုက်သည်က သူ့ခေါ်သံကြောင့် အိပ်ပျော်နေသောရှောင်ဟိုင် နိုးသွားသည်ကိုပင်။

"ကျန့်ကျန့်နိုးပြီလား..."

ရှောင်ဟိုင်က မျက်လုံးတစ်စုံကို ပွတ်ရင်းဝါးခနဲသမ်းသည်။ ထိုအခါမှ ရှောင်းကျန့်လည်း ရှောင်ဟိုင့်ကို အသေအချာကြည့်မိသည်။

"ရှောင်ဟိုင်"

"ဟုတ် ကျန့်ကျန့်"

ရှောင်ဟိုင်၏ပြန်ထူးသံကြောင့် ရှောင်းကျန့်၏ရင်တစ်ခုလုံး ဒိန်းခနဲမြည်ဟီးသွားရသည်။ ထိုအသံက စောစောကအာရုံထဲမှာ သူကြားလိုက်မိသောအသံနှင့် လေယူလေသိမ်းဟာ တစ်ထပ်တည်း။

သို့သော်လည်း ရှောင်ဟိုင်ကတော့ ဘာမျှမသိဟန်ဖြင့် အူကြောင်ကြောင်လေး ပြန်ကြည့်နေသည်မို့ စိတ်ထင်လို့ဖြစ်မှာပါဟုသာ ယူဆလိုက်တော့သည်။ အကြောင်းအရာကို ဆက်တွေးကြည့်ရန်ကလည်း ခေါင်းပြန်ကိုက်လာတာကြောင့် မဖြစ်နိုင်သေးပါလေ။

"သခင်လေး၀မ်ရော..."

"ဒါရိုက်တာက သတ်မှတ်ထားတဲ့ ကာလအတွင်း ပြီးအောင်ရိုက်ရမယ်ဆိုတာနဲ့ ရက်အစားထိုးအနေနဲ့ သူ့အခန်းတွေရိုက်ဖို့သွားတယ်"

ရှောင်ဟိုင်၏အဖြေဆုံးတော့ 'သြော်'ဟုသာရေရွတ်ရင်း သူခေါင်းညိတ်လိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်လုပ်တော့ ရှောင်ဟိုင်ကတွဲပေးလေသည်။

"ကောင်ဆိုးလေး... ငါ လူနာမဟုတ်ပါဘူး အကောင်းကြီးပါကွာ"

ရှောင်းကျန့်၏စကားကြောင့် ရှောင်ဟိုင်အံ့သြသွားကာ တွဲကူပေးရန်ဟန်ပြင်လိုက်သောလက်တစ်စုံမှာ လေထဲတွင်ပင် ရပ်တန့်သွားရသည်။

ကောင်ဆိုးလေးတဲ့လားဗျာ။ ကျန့်ကျန့်ကကျွန်တော့်ကိုတော့ မမှတ်မိဘဲ အဲဒီ့အခေါ်အေဝါ်ကိုတော့ မှတ်မိနေတယ်တဲ့လား။

ရှောင်ဟိုင်၏မျက်၀န်း၌ မျက်ရည်တို့ ေ၀့တက်လာရသည်။ ရှောင်းကျန့်ကတော့ ဘာမျှမသိသည့်အပြင် ရှောင်ဟိုင့်ကို 'ကောင်ဆိုးလေး'ဟု ခေါ်မိသည်ကိုလည်း သတိမထားလိုက်မိချေ။

ရှောင်ဟိုင်၏ ခေါင်းကိုဖွဖွပွတ်လိုက်ပြီးနောက် ခြံထဲဆင်းကာ လမ်းလျှောက်ရန် အခန်းထဲမှ ထွက်လာခဲ့သည်။ တစ်နေကုန် အိပ်ပျော်နေခဲ့တာကြောင့် ညောင်းနေပြီမဟုတ်ပါလား။::::::::::::::::::::::::::::::


[Love Knot]

ပိုင်စစ်ယွမ်စ်ယောက် ကျောင်းသားစာသင်ခန်းများကို ဖြတ်ကာလျှောက်လာပြီးနောက် တစ်နေရာတွင်ရပ်လိုက်သည်။ ထိုနေရာက ကျောင်းရေကူးကန်ဖြစ်ပြီး ကျောင်းလည်းလွှတ်လိုက်ပြီမို့ မည်သူမျှ ရှိမနေသင့်တော့ပေ။

သို့သော်လည်း မိန်းကလေး လေးယောက်ရှိနေသည်။ အတိအကျပြောရပါလျှင် မိန်းကလေးတစ်ဦးကိုကျန်သုံးဦးက အုပ်စုဖွဲ့၍အနိုင်ကျင့်နေခြင်းဖြစ်သည်။

သူရပ်ကြည့်နေရင်းမှ နှုတ်ခမ်းတစ်စုံကိုအထက်သို့ ခပ်ပါးပါးလေး တွန့်ချိုးလိုက်သည်။ အနိုင်ကျင့်ခံနေရသော မိန်းကလေးက သူ့ပစ်မှတ်ဖြစ်သော ကျင်းယွမ်ရှင်း၏ညီမ ကျင်းမင်ယွဲ့ဖြစ်နေသည်လေ။

နေ့လည်တုန်းက ထိုကျောင်းသူများ၏ ရေကူးကန်တွင် ပြုလုပ်မည့်အစီအစဉ်ကို မထင်မှတ်ပဲသူကြားခဲ့ရသည်။ အစီအစဉ်ဆိုသည်က အခြားမဟုတ်။

သူတို့ကြိုက်နေကြသော ကျောင်းမြက်ခင်းလေးက ထိုကောင်မလေးကို သဘောကျနေတာကြောင့် ကွယ်ရာတွင်အနိုင်ကျင့်ရန် ကြံစည်ကြတာဖြစ်သည်။

ပိုင်စစ်ယွမ်တစ်ယောက် သည်အတိုင်းကြည့်နေချိန်မှာပင် ကျင်းမင်ယွဲ့က ရေကန်ထဲပြုတ်ကျသွားလေသည်။ ရေမကူးတတ်သူမို့ ၀ူး၀ူးဝါးဝါးအော်ရင်း ရေထဲနစ်မြုပ်မလိုဖြစ်နေကာမှ သူပြေးသွားလိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

"ဆရာ... ဆရာမုရှောင်ချင်း"

ပိုင်စစ်ယွမ်ပြေးလာသည်ကိုမြင်တော့ ကျောင်းသူများက ကြောက်အားလန့်အားနှင့် ထွက်ပြေးကြတော့သည်။ ကျင်းမင်ယွဲ့ကတော့ ရေထဲတွင်မြုပ်ချည်၊ ပေါ်ချည်ဖြင့်သာ။

သူရေထဲခုန်ချလိုက်ပြီးနောက် ကျင်းမင်ယွဲ့ဆီကူးသွားလိုက်ပြီး ကန်စပ်ဆီဆွဲခေါ်လာခဲ့သည်။ ကန်စပ်ရောက်တော့ ထိုကျောင်းသူမှာ သတိပင်လစ်နေလေပြီ။

ရုတ်တရက် ကြံရာမရဖြစ်သွားမိပြီးနောက်တော့ အရေးပေါ်အသက်ကယ်နည်းကိုသာ အသုံးပြုရန် ကြိုးပမ်းရတော့သည်။ တမင်၀င်မကယ်သေးဘဲ ကြည့်နေသော်လည်း ထိုကျောင်းသူမှာ သည်မျှလောက်အထိ ရေမကူးတတ်သည့်အနေအထားမျိုး ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။

ရန်သူ၏ညီမဖြစ်သော်လည်း အသက်အန္တရာယ်နှင့်ကြုံရသည်ကိုတွေ့တော့ စိတ်မကောင်းတော့ဖြစ်မိသွားသေးသည်။ ကျောင်းသူ၏ရင်ဘတ်ကိုဖိကာ နှလုံးခုန်စေရန် ကြိုးပမ်းသော်လည်း မရပေ။

ထို့ကြောင့် နောက်ဆုံးနည်းလမ်းအဖြစ် ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်းဖို့သာ ကြိုးစားရတော့သည်။ နည်းလမ်းကအလုပ်ဖြစ်ခဲ့ပါသည်။

သုံးကြိမ်၊ လေးကြိမ်ခန့်လုပ်ပြီးနောက်မှ ရေတွေပြန်အန်ထွက်လာကာ သူမသတိပြန်ရလာခဲ့သည်။ ထိုအခါမှ ပိုင်စစ်ယွမ်လည်း ရေတွေစိုကပ်နေသော သူမ၏အ၀တ်အစားကြောင့် သူ့ကိုယ်ပေါ်မှ ဂျာကင်ကိုချွတ်ကာ ခြုံပေးလိုက်ရသည်။

"သူတို့သုံးယောက်ကို မင်းမှတ်မိလား"

"ဟုတ်ကဲ့ဆရာ သမီးမှတ်မိတယ်"

"ကောင်းပြီ ကျောင်းလည်းလွှတ်ပြီဆိုတော့ အရင်ဆုံးမင်းအိမ်ကို လိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့ဆရာ"

ကျောင်းသူမလေးဟာ လွန်စွာ၀မ်းနည်းကာ ရှိုက်ငိုချင်နေပါသော်လည်း စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ကာ ပိုင်စစ်ယွမ်နောက်မှ ငြိမ်သက်စွာဖြင့် လိုက်လာခဲ့လေသည်။

"ok cut"

ဒါရိုက်တာ၏ အော်သံဆုံးတော့ ရှောင်းကျန့်တစ်ယောက် ရိပေါ်ရှိရာဆီ အမြန်ပြေးလာသည်။ ရိပေါ်ကတော့ တဘတ်တစ်ထည်ကိုင်ရင်းရပ်နေကာ မျက်နှာကတော့ သိသာစွာပင် ဆူပုတ်လျက်ရှိနေလေတော့သည်။

အမှန်တစ်ကယ် ပါးစပ်ချင်းတေ့ကာလေမှုတ်သွင်းတာ မဟုတ်သော်လည်း၊ ကင်မရာကိုခေါင်းဖြင့်ကွယ်ထားပြီး ဟန်လေးသာလုပ်တာဆိုပေမယ့်လည်း သူ့ရင်တစ်ခုလုံးဗြောင်းဆန်နေလေပြီ။

"ထောင်ဟွား... ငါမင်းကို ဘယ်သူမှမမြင်အောင် ဖွက်ထားချင်လိုက်တာ"

"ထူးဆန်းလိုက်တာ ဒီနားကလေထုက ရုတ်တရက်ကြီး ဘာလို့အေးစိမ့်လာပါလိမ့်"

ခပ်လှမ်းလှမ်းတွင်ရှိနေသော မန်နေဂျာကျင်းဖန်က ရိပေါ်၏အမူအရာကိုကြည့်ပြီး တိုးတိုးလေးရေရွတ်သည်။ ဘာလို့သူ့သူဌေးက အသက်ကယ်တဲ့အခန်း ရိုက်နေတာကိုကြည့်ပြီး မျက်နှာတစ်ခုလုံး ဆူပုတ်နေရပါလိမ့်။

မဟုတ်မှ... ညီမအဖြစ်ရိုက်မဲ့ အဲဒီ့မင်းသမီးကိုများ ကြိတ်ကြိုက်နေတာလား။ အင်း... ဒါဖြစ်နိုင်တယ်။ ကျင်းဖန်က သူ့အမေးကိုသူ့ဘာသာပြန်ဖြေရင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

တစ်ကိုယ်လုံးရေတွေ စိုရွှဲနေသောရှောင်းကျန့်တစ်ယောက် သူ့အနားကိုရောက်လာတော့ ရိပေါ်ကခေါင်းငုံ့ခိုင်းကာ သုတ်ပေးဖို့ဟန်ပြင်သည်။ သို့သော် ရှောင်းကျန့်ကငြင်းကာ ကိုယ့်ဘာသာသုတ်မည်ဆိုတော့ ရိပေါ်လည်း လက်ထဲကိုတဘတ်ထည့်ပေးပြီး အနားမှထွက်သွားလေတော့သည်။

ထို့နောက် ရှောင်းကျန့်လည်း ရေတွေစိုရွှဲနေသည့်ခေါင်းတစ်ခုလုံးကို မြန်မြန်လေးသုတ်ပြီးနောက် အ၀တ်လဲရန်ပြုလုပ်ထားသော အခန်းထဲ၀င်လာခဲ့တော့သည်။

အ၀တ်လဲပြီးနောက် သူပြန်ထွက်လာတော့ ရိုက်ကူးရေးအဖွဲ့သားများအားလုံး ပြန်ဖို့ပြင်ဆင်နေကြလေပြီ။ ကျင်းမင်ယွဲ့အဖြစ်သရုပ်ဆောင်သောမိန်းကလေးသည်လည်း အ၀တ်အစားလဲပြီးချေပြီ။

တွေ့လိုသည့်တစ်စုံတစ်ယောက်ကိုတော့ မျက်လုံးေ၀့ကာ ရှာဖွေလိုက်သည့်တိုင် မတွေ့ပါချေ။

"ရှောင်းကျန့်... ရိပေါ်ကိုရှာနေတာလား... ကားပေါ်ကစောင့်နေမယ်တဲ့"

ဒါရိုက်တာ၏စကားဆုံးသည့်နောက် ရှောင်းကျန့်လည်း ပြန်တော့မည်ဖြစ်ကြောင်း မန်နေဂျာကျင်းဖန်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ထွက်လာခဲ့တော့သည်။

:::::::::::::::::::::::::::::

သည်အရာက တစ်ကယ်မဟုတ်ဘူးဆိုတာ သိနေသော်လည်း ရိပေါ်၏ရင်ထဲ ထိန်းချုပ်မရပေ။ ဘာကိုစိတ်တိုလို့ တိုမှန်းမသိ။စိတ်ထွက်ပေါက်အနေဖြင့် ကားဘီးကိုသာ ဖိနပ်ဦးဖြင့် တဆတ်ဆတ်ကန်နေမိတော့သည်။ မျက်နှာကလည်း ဆူပုတ်နေဆဲဖြစ်ပြီး ပါးစပ်မှလည်း တွတ်ပွတွတ်ပွ ရေရွတ်လျက်။

"၀မ်ရိပေါ် မင်းဘယ်လိုဖြစ်နေတာလဲ စိတ်ထိန်းစမ်း ဒါကတစ်ကယ်မဟုတ်ဘူးလေ"

သူ့ကိုယ်သူကိုယ်ကို ပြန်လည်သတိပေးနေစဉ်မှာပင် ရှောင်းကျန့်က အနားသို့ရောက်လာသည်။ သူ့ကြောင့်စိတ်မကျေမနပ်ဖြစ်နေရသည်ကို နည်းနည်းကလေးပင်မရိပ်မိဘဲ ပြုံးလို့ရွှင်လို့သာ။

"ေ၀့... သခင်လေး၀မ် တစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ"

သူနှုတ်ဆက်လိုက်သော်လည်း ရိပေါ်ကတစ်ချက်သာလှည့်ကြည့်ပြီးနောက် ဘာမျှမပြောဘဲ ကားထဲ၀င်ထိုင်လိုက်သည်မို့ ရှောင်းကျန့့်မှာဆွံ့အသွားရသည်။ သခင်လေး၀မ် ဒီညနေဘာဖြစ်နေတာပါလိမ့်။

"မင်းတက်မှာလား မတက်ဘူးလား"

သူကြောင်အနေချိန်မှာပင်  ရိပေါ်ထံမှမကျေမနပ်အသံထွက်လာသည်မို့ အနောက်ခန်းထဲ မြန်မြန်၀င်လိုက်ရသည်။ သည်အခါဆူပုတ်နေသော ရိပေါ်၏မျက်နှာမှာ ပိုလို့ပင်မည်းမှောင်သွားလေတော့သည်။

ရိပေါ်က 'ရှောင်းကျန့် ဘေးမှာလာထိုင်'ဟု ပြောလိုသော်လည်းမပြောဘဲ ဟွန့်ခနဲသာအသံပြုရင်း ကားကိုမောင်းထွက်လိုက်တော့သည်။

ရိပေါ်ဘာဖြစ်နေမှန်းမသိတာကြောင့် ရှေ့ခန်းမှာ၀င်မထိုင်ရဲသော ရှောင်းကျန့်ကတော့ နောက်ခန်းမှာသာ ငြိမ်ငြိမ်ကုပ်ကုပ်လေး လိုက်လာခဲ့တော့သည်။

ရိပေါ်ဘာဖြစ်နေမှန်း သူတစ်ကယ်ကိုမသိပါချေ။ မျက်နှာတစ်ခုလုံး ဆူပုတ်နေတာကြောင့် ဘာလုပ်ရမှန်းလဲမသိ။ အကြောင်းရင်းကိုလည်း သွားမမေးရဲပေ။

"ဟပ်ချိုး...."

စကားမပြောဘဲ ရှေ့ကိုအာရုံစိုက်မောင်းနေရင်း ရှောင်းကျန့်၏ နှာချေသံကြားလိုက်ရတော့မှ စိုးရိမ်သွားရပြီး ကားကိုလမ်းဘေးကပ်ကာ ရပ်လိုက်သည်။

"ဒီကိုလာ"

ရှောင်းကျန့်ပြုံးလိုက်ကာ ရှေ့ခန်းထဲသို့ အမြန်ကူးလိုက်သည်။ ရိပေါ်လည်း heater ဖွင့်ပြီးနောက် ကားထဲမှာအမြဲဆောင်ထားလေ့ရှိသော တဘတ်တစ်ထည်ထုတ်ကာ ရှောင်းကျန့်၏ ခေါင်းကိုသုတ်ပေးလိုက်သည်။

"ခေါင်းကရေကိုတောင် ခြောက်အောင်မသုတ်တတ်ဘူးလား တစ်ကယ်ပဲကလေးလည်းမဟုတ်ဘဲနဲ့ သုတ်ပေးမယ်ဆိုတော့လည်း လက်မခံဘူး ခေါင်းမာချက်ပဲ"

သူ့ခေါင်းကိုသုတ်ပေးရင်း ပွစိပွစိဖြင့်တွတ်ထိုးနေသောရိပေါ်ကြောင့် ရှောင်းကျန့်၏နှုတ်ခမ်းလေးမှာ ပြုံးယောင်သမ်းသွားရသည်။

"သခင်လေး၀မ်..."

"ဟင်..."

"စောစောကလေ ဘာလို့မျက်နှာကြီးစူပုတ်နေတာလဲ"

"ဘယ်တုန်းကလဲ မဟုတ်တာတွေ"

"မညာနဲ့ ကျွန်တော်သေသေချာချာ မြင်လိုက်တာနော်"

ရှောင်းကျန့်၏ ပုလိပ်စစ်သလို စစ်မေးမှုကြောင့် နေမကောင်းဖြစ်မှာစိတ်ပူနေခဲ့သော ရိပေါ်တစ်ယောက် မကျေမနပ်ဖြစ်မှုတို့က တဖန်အုံကြွလာပြန်သည်။

"တော်ပြီ ကိုယ့်ဘာသာသုတ်တော့"

ရိပေါ်က လက်ထဲမှတဘတ်ကို ရှောင်းကျန့်ခေါင်းပေါ် ပစ်တင်လိုက်သည်။ ရှောင်းကျန့်ကတော့ စိတ်ပြေပြီးကာမှ ပြန်လည်အုံ့မှိုင်းသွားလေသည့် ရာသီဥတုကြောင့် ခုံမှာတည့်တည့်ပြန်ထိုင်ကာ ခေါင်းကိုသုတ်ရင်း ပါးစပ်လေးပိတ်နေလိုက်တော့သည်။

ဟောဒီ့ ၀မ်ရာသီဥတုက အပြောင်းအလဲ တစ်ကယ်မြန်လွန်းသည်။ လိုက်လို့ကို မမှီတော့။

:::::::::::::::::::::::::::::

အချိန်က မှောင်ရီပျိုးစဖြစ်နေပြီမု့ိ လျှပ်စစ်မီးရောင်တို့က ညဦးယံကိုကြိုဆိုရန် ဟန်ပြင်နေကြလေပြီ။ ရှောင်းကျန့်တို့အိမ်ရှေ့ရောက်တော့ နှစ်ဦးအတူကားပေါ်ကဆင်းလိုက်ကြသည်။

"မနက်ဖြန် sceneနည်းတယ်မလား"

"အင်း... နေ့တစ်၀က်လောက်ပဲပါမှာ ဘာဖြစ်လို့လဲ သခင်လေး၀မ်"

"ခေါ်သွားစရာ တစ်နေရာရှိတယ်"

"ဘယ်ကို..."

ဘယ်နေရာကို ခေါ်သွားမလို့ပါလိမ့်။ ရှောင်းကျန့်တစ်ယောက် ပြူးကြောင်ကြောင်လေး ကြည့်နေမိတော့ မျက်လုံးတစ်စုံက တလက်လက်တောက်ပနေလျက်။

နှုတ်ခမ်းတစ်စုံကတော့ အံ့သြမှုကြောင့် ခပ်ဟဟ။ ရိပေါ်ကြည့်နေရင်း အတော်လေး အသည်းယားသွားမိသည်။

ထောင်ဟွား... မင်းငါ့ကို အဲဒီ့လိုကြည့်ပြန်ပြီ။ သမာဓိအားကောင်းမကောင်း စမ်းသပ်နေတာများလားကွာ။

"ရောက်ရင်သိလိမ့်မယ်... သွား... အိမ်ထဲ၀င်တော့..."

"Good night."

"အင်း... Good night... ဂရုစိုက်ဦး မဖျားစေနဲ့နော်"

ရိပေါ်၏သတိပေးစကားကို ရှောင်းကျန့်ခေါင်းညိတ်ပြပြီးနောက် အိမ်ထဲ၀င်သွားလိုက်သည်။ ရိပေါ်လည်းထိုအခါမှ တဒိန်းဒိန်းခုန်ပေါက်နေသောရင်ဘတ်ကို ဖိထားမိတော့သည်။

ထောင်ဟွား... ကိုယ်တော့မင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်တော့ဘူး အချစ်ရေ။

ရိပေါ်၏ရင်ထဲတိုးတိတ်စွာ ဟစ်ကြွေးပြီးနောက် ကားပေါ်တက်ကာ ပြန်လည်မောင်းထွက်ခဲ့တော့သည်။

::::::::::::::::::::::::::::::