အခန်း ၁၉ ဟောဒီ့နာကျင်နေတဲ့နှလုံးသားကပြောနေတယ်'အဲ့ဒီ့လူကခင်ဗျားပဲ'တဲ့လေ
Viewers 3k

အခန်း ၁၉။ ဟောဒီ့ နာကျင်နေတဲ့ နှလုံးသားက ပြောနေတယ် 'အဲဒီ့လူကခင်ဗျားပဲ' တဲ့လေ


လေပြည်ညှင်းတို့၏ ခပ်သော့သော့တိုက်ခတ်မှုကြောင့် ကန်ရေပြင်ထက်တွင်လှိုင်းကြပ်ခွပ်လေးများ ပြေးလွှားကခုန်နေကြပြီး အနောက်ဘက်ကောင်းကင်ယံမှာတော့ တိမ်နီနီတို့နေရာယူနေကြလေပြီ။

သူရိန်နေမင်းကတော့ တစ်နေ့တာအလင်းပေးပြီးနောက် တစ်ညတာကွန်းခိုရန် မိုးကုပ်စက်၀ိုင်းဆီသို့၀င်လုပြီ။ အစာရှာငှက်ငယ်တို့မှာလည်း အိပ်တန်းတက်ရာအရပ်ဆီ အလျင်အမြန်ပျံသန်းနေကြလေပြီ။

ကန်ဘောင်တစ်လျှောက်မှာတော့ ခုံတန်းရှည်လေးများ အစီအရီရှိနေကြလေသည်။ သို့သော်လည်း လူတစ်ယောက်စ နှစ်ယောက်စမှလွဲလို့ အခြားမည်သူမျှရှိမနေပေ။

သဘာ၀၏အလှအပများကို ခံစားကြည့်ရှုနေရင်း ရှောင်းကျန့်တစ်ယောက် သက်ပြင်းတိုးတိုးချမိသည်။ လူက သည်နေရာတွင်ရှိနေသော်လည်း စိတ်က အတိတ်ကိုပြန်တွေးနေမိသည်။

သခင်လေး၀မ်က ဘာလို့များသည်လိုလုပ်ခဲ့ရပါသလဲ။ ဇာတ်လမ်းအရဟု ယူဆရအောင်လည်း မဖြစ်နိုင်ပေ။ အတွေးတို့က ထိုအကြောင်းထံ ရောက်သွားချိန်မှာ ၀ဲဘက်ရင်အုံက တဒိန်းဒိန်းခုန်ပေါက်လာသည်။

ရှောင်းကျန့် သူ့ကိုယ်သူ ေ၀ခွဲမရဖြစ်သွားကာ ယောင်ရမ်းပြီးရင်ဘတ်ကိုလက်ဖြင့်ဆုပ်ကိုင်မိတော့သည်။ သည်အမူအရာကို ရိပေါ်ကလည်းမြင်လိုက်လေသည််။

"ရှောင်းကျန့်... နေမကောင်းဘူးလား"

ရိပေါ် စိတ်ပူသွားကာ ရှောင်းကျန့်၏နဖူးပေါ် လက်တင်ကာစမ်းကြည့်မည်ကြံစဉ်မှာ လက်ကိုဖြတ်ရိုက်ခံလိုက်ရသည်။ တရားခံကား ၀မ်ရိပေါ်၏ ချစ်မြတ်နိုးလွန်းရပါသော မက်မွန်ပွင့်လေးသာ။

"စိတ်ဆိုးနေတုန်းလား တောင်းပန်ပါတယ် ကိုယ်စိတ်မထိန်းလိုက်နိုင်ဘူး"

ရှောင်းကျန့်က ရိပေါ်၏အမေးစကားကို ပြန်မဖြေ။ မျက်မှောင်ကြုတ်လျက်သာ မျက်နှာချင်းဆိုင်လိုက်သည်။

ရှောင်းကျန့်၏စိတ်ထဲ မတင်မကျဖြစ်နေသည်မို့ မေးချင်ပါသော်လည်း မေးရမှာလည်း အားနာမိပြန်သည်။ သို့သော် မသိစိတ်ကလည်း အလွန်အမင်း သိချင်နေမိပြန်သည်။

"မေးစရာတစ်ခုခုရှိတယ် မဟုတ်လား"

"အင်း... မေးလည်းမေးချင်တယ် အားလည်းနာလို့"

"အားမနာပါနဲ့ မေးပါ"

"မမေးသင့်ဘူးထင်ပေမယ့်လေ သခင်လေး၀မ်က... ဂေးလား..."

ရှောင်းကျန့်ထံမှ အမေးစကားကြောင့် ရိပေါ်တစ်ယောက် ခဏမျှကြောင်အမ်းသွားပြီးမှ ဟက်ဟက်ပက်ပက် ရယ်မောတော့သည်။ ပြီးကာမှ မျက်နှာပိုးသတ်ကာ ရေရွတ်သည်။

"sorry... ၀တ်ရုံလက်ပြတ်တွေကို အခုခေတ်မှာ ဂေးလို့ခေါ်တာ ကိုယ်မေ့သွားလို့..."

ရှောင်းကျန့်လည်း ရိပေါ်ရယ်မောနေသည်ကိုသာ ကြည့်ရင်းတွေးလိုက်သည်။ သခင်လေး၀မ်က ဘယ်လိုအဖြေမျိုး သူ့ကိုပေးမှာလဲ။ အကယ်၍ဂေးဟုတ်သည်ဆိုလျှင်...

ဒါမှမဟုတ် သူထင်တာမဟုတ်ဘူးဆိုလျှင်...။ ဘာတွေပြောင်းလဲသွားနိုင်သလဲ။ သူမသိတော့ပါ။

"ရှောင်းကျန့်... မင်းသိလား ကိုယ်မင်းနဲ့ပြန်ဆုံနိုင်ဖို့ အကြာကြီးစောင့်နေခဲ့တာ မင်းကိုပြန်တွေ့တော့ ကိုယ်ဘယ်လောက်တောင်မှ ရင်တွေခုန်ခဲ့ရတယ်ထင်လဲ အဟင်း... ဟုတ်တယ် မင်းထင်နေသလိုပဲ ကိုယ်ကဂေးတစ်ယောက်ပါ ဒီလိုသိလိုက်ရလို့ ကိုယ့်ကိုရွံသွားမယ်ဆိုရင်လည်း ရပါတယ်အပြစ်မတင်ပါဘူး"

ရိပေါ်ထံမှ၀န်ခံစကားကြားတော့ ရှောင်းကျန့်ကခေါင်းခါသည်။ သူမေးလိုက်သည်ဆိုတာကလည်း သိချင်ရုံသက်သက်သာဖြစ်သည်။

"ကျွန်တော်မရွံပါဘူး ဂေးဆိုတာလည်းလူထဲကလူတွေပါပဲ အားပေးထောက်ခံတယ်ရယ်လို့ မဟုတ်ပေမယ့် ရှုံ့ချမ့ဲသူတွေထဲမှာတော့ ကျွန်တော်မပါဘူး"

ရှောင်းကျန့်၏စကားကိုကြားပြီးနောက် ရိပေါ်ကရယ်သည်။ ထို့နောက် ရှောင်းကျန့်၏မျက်လုံးကိုတည့်တည့်ကြည့်ကာ မေးလိုက်သည်။

"ဒါပေမယ့် ကိုယ်ကမင်းကိုကြိုက်နေတာဆိုရင်ရော ရှောင်းကျန့် မင်းဘယ်လိုဆုံးဖြတ်မှာလဲ"

"ကျွန်တော်... ကျွန်တော်မသိဘူး"

ရှောင်းကျန့်တစ်ကယ်မသိပါ။ သိချင်စိတ်ကြောင့် မေးလိုက်သည်ဆိုသော်လည်း အဖြေကိုသိရချိန်မှာ သူ့ခေါင်းထဲထွေပြားနေသည်။

တစ်ကယ်ပဲ သခင်လေး၀မ်က သူ့ကိုကြိုက်နေခဲ့သည်လား။ ဒါဆိုတစ်လျှောက်လုံး ကူညီပေးခဲ့တာကရော အဲဒါကြောင့်များလား။

"sorry ကိုယ်မင်းကို စိတ်ညစ်အောင်လုပ်မိပြီ ပြန်ကြစို့လေ မင်းလည်းပင်ပန်းနေလောက်ရောပေါ့"

နှစ်ဦးစလုံးတိတ်ဆိတ်စွာပင် ကားတွေရပ်ထားရာဆီ လျှောက်လှမ်းခ့ဲကြသည်။ ထိုစဉ်မှာပင် ရိပေါ်မြင်လိုက်သည်က သူတို့နှစ်ဦးရှိရာဆီ အရှိန်ပြင်းစွာမောင်းနှင့်လာသော ဆိုင်ကယ်တစ်စီး။

ရိပေါ်၏ခေါင်းထဲတွင် အချက်ပေးသံတွေ ဆူညံသွားပြီးနောက် ရှောင်းကျန့်ကိုဆွဲဖက်ကာ လမ်းဘေးသို့ လှိမ့်ချလိုက်တော့သည်။

လိမ့်သွားသည့်အရှိန်ကုန်သွားပြီးနောက် မြေအနိမ့်တစ်နေရာအရောက်မှာတော့ ရှောင်းကျန့်၏မျက်လုံးတို့ ပြူးကျယ်သွားရတော့သည်။

သူ့တစ်ကိုယ်လုံးက ရိပေါ်၏ကိုယ်ပေါ်တွင် ထပ်လို့နေလျက်။ နှုတ်ခမ်းလွှာများကလည်း တစ်ထပ်တည်း။

လန့်ဖြန့်ကာကုန်းထလိုက်တော့ သူ့အောက်တွင်ပိနေခဲ့သောရိပေါ်တစ်ယောက် နာကျင်သွားပုံရသည်။ မျက်နှာရှုံ့မဲ့သွားသည်အပြင် ပါးစပ်မှလည်း အားခနဲအော်သံ ခပ်တိုးတိုးထွက်လာလေသည်။

"သခင်လေး၀မ်... အဆင်ပြေရဲ့လား"

မတ်တပ်ရပ်ပြီးနောက် ရိပေါ်ကိုတွဲထူပေးလိုက်သည်။ သူစိတ်ပူနေသော်လည်း ရိပေါ်ကတော့ ဘာမျှမဖြစ်ကြောင်းပြောကာ ကားနားအထိလိုက်ပို့သည်။

ဆေးရုံသွားကြမည်ဟု ပြောသော်လည်း ကာယကံရှင်က 'အဆင်ပြေတယ် ဆေးရုံဆေးခန်းသွားဖို့မလိုပါဘူး'ဆိုတာကြောင့် ရှောင်းကျန့်လည်း ကားကိုသေချာဂရုစိုက်မောင်းပြန်ရန်မှာကြားကာ အိမ်သို့ပြန်လာခဲ့တော့သည်။ရှောင်းကျန့်၏ကား မောင်းထွက်သွားပြီးမှ ရိပေါ်ကနာကျင်သွားသော လက်မောင်းရင်းကိုဆုပ်ကိုင်ကာ ညည်းလိုက်သည်။


သို့သော်လည်း ခဏတာသာ။ မကြာခင်မှာပင် မျက်နှာကပြုံးယောင်သမ်းလာတော့သည်။ မတော်တဆဆိုသော်လည်း ရှက်ရိပ်သန်းသွားသည့် ရှောင်းကျန့်၏မျက်နှာလေးက ချစ်စဖွယ်ကောင်းလွန်းနေခဲ့သည်။

ထို့အပြင် သူဂေးမှန်းသိသွားသော်လည်း မရွံမုန်းသည့်အပြင် လက်နာသွားသည်ကိုပါ စိုးရိမ်ပေးခဲ့တာကြောင့် စိတ်ထဲကျေနပ်နေမိသည်။

သြော်... အချစ်ရဲ့စွမ်းအား တယ်လည်းကြီးမားသကိုး...။

::::::::::::::::::::::::::::::

ရှောင်းကျန့်က အိမ်ပြန်ရောက်သည်နှင့် ခေတ္တခဏနား၊ ရေချိုးပြီးနောက် အစ်ကိုဖြစ်သူနှင့် ညစာစားသည်။

အဲဒီ့နောက် မနက်ဖြန်အတွက် ဇာတ်ညွှန်းကိုဖတ်သည်။ သို့သော်လည်း စိတ်တွေကစူးစိုက်လို့မရနိုင်ဘဲ ပြန့်ကျဲနေတော့သည်။

သခင်လေး၀မ် အဆင်မှပြေရဲ့လား။ ဆောင်းရာသီမို့ အအေးဒဏ်ကြောင့် ကိုက်ခဲနေမလား။ ဆေးမှလိမ်းထားရဲ့လား။ သည်အတိုင်းကြီး ဇွတ်တရွတ်ကျကာ နေနေမလား။

စသည်ဖြင့် အတွေးတွေများနေသည်မို့ သက်ပြင်းချမိရင်းဇာတ်ညွှန်းအပေါ်ကိုသာ အာရုံစိုက်လိုက်သည်။ သို့သော်လည်း ခဏမျှသာ။ ဇာတ်ညွှန်းဖတ်သည့်ကိစ္စပြီးသည်နှင့် သတိကရလာပြန်တော့သည်။

အိပ်ချိန်ရောက်ပြန်တော့လည်း အိပ်ပျော်ရန်ကြိုးစားသော်ငြား မရနိုင်။ ဟိုဘက်လူး၊ သည်ဘက်လှိမ့်ကာဖြင့် တော်တော်ကြာမှ အိပ်ပျော်သွားတော့သည်။

အိပ်ပျော်သွားသည်နှင့် အိပ်မက်တို့က ၀င်ရောက်လာပြန်သည်။ အိပ်မက်၏ နောက်ခံသည်ကား ယခင်သူမက်နေကျအတိုင်း မက်မွန်ပန်းပင်တို့ ပင်လုံးကျွတ်ပွင့်နေကြသည့် ဥယျာဉ်ပဲဖြစ်လေသည်။

ယခင်တစ်ခါ သူမက်စဉ်ကလှပနေခဲ့သော မက်မန်ပွင့်တို့ဟာ ယခုအခါမှာတော့ သွေးရောင်တို့ခြယ်သလျက်ရှိနေသည်။ မြေပေါ်၌ ကြွေကျနေကြသော ပွင့်ချပ်အချို့ပေါ်မှာလည်း သွေးစသွေးနတို့စိုရွှဲလို့နေလျက်။

မက်မွန်တစ်ပင်၏အခြေမှာတော့ လူတစ်ယောက်ထိုင်နေသည်။ တိတိကျကျပြောရပါလျှင် ၀တ်ရုံတစ်ခုလုံး သွေးတို့ဖြင့်ဖုံးလွှမ်းနေပြီဖြစ်သော လူတစ်ယောက်။ ၀တ်ရုံသည်ကား သွေးတို့ဖြင့်စိုရွှဲနေပြီမို့ မူရင်းအရောင်ကိုပင် ခန့်မှန်းရခက်နေလေပြီ။

ထိုသူက ငိုကြွေးနေရင်း ရင်ခွင်အတွင်းမှ လူ၏ပါးပြင်ကို ခပ်ဖွဖွတို့ထိလိုက်သည်။ ရင်ခွင်အတွင်းမှလူကလည်း ပါးပြင်ကိုထိတွေ့နေသော လက်ကိုအသာထိကိုင်ရင်း ပြုံးသည်။

ထို့နောက် ၀မ်းနည်းစွာ ငိုကြွေးနေသူ စိတ်သက်သာစေရန်အလို့ငှာ နှုတ်ခမ်းလွှာကို အသာဟကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

"ဘယ်လောက်ပဲ ခက်ခဲပါစေ ကိစ္စမရှိပါဘူး...
ဟောဒီ့မက်မွန်ပွင့်တွေကို သက်သေတည်လို့
ကိုယ်သစ္စာဆိုတယ်...

ကိုယ်တို့ကွဲကွာသွားတဲ့အခါ
မင်းအကြောင်း တစိမ့်စိမ့်တွေးရင်း
စောင့်မျှော်နေမယ်ဆိုတာ သတိရပေးပါ...

မင်းသိပ်ကြိုက်တဲ့သေရည် အတူတူသောက်ရင်း
ပျော်ရွှင်စရာတွေ မျှေ၀ဖို့ ကိုယ်စောင့်နေမှာ...

ခွဲခွာခြင်းတွေ
ဟိုအေ၀းဆီလွင့်ပါးသွားတဲ့အခါ
မင်းရဲ့လက်မောင်းတွေပေါ် မှီခိုခွင့်ပြုပါ...

ချစ်ရသူရေ...
တို့နှစ်ဦး ကျိန်းသေပြန်ဆုံကြမှာပါ..."

ရုတ်တရက် အိပ်မက်မှလန့်နိုးလာတော့ ရှောင်းကျန့်၏ရင်တစ်ခုလုံး တာဝေးအပြေးသမားတစ်ယောက်ပမာ မောဟိုက်လို့နေသည်။

ပါးပြင်ကိုစမ်းကြည့်တော့ စိုစွတ်နေသောအထိအတွေ့အရ သူငိုမိသည်မှာသေချာသွားခဲ့လေပြီ။

"သခင်လေး၀မ်... သူက ခင်ဗျားလား..."

ယခင်အခါက သူအိပ်မက်မှနိုးလာချိန်တွင် အိပ်မက်ထဲမှလူ၏ မျက်နှာကို မမှတ်မိခဲ့။ သို့သော်လည်း ယခုတော့ မှတ်မိလိုက်ပါပြီ။

၀တ်ရုံတစ်ခုလုံး သွေးတို့ဖြင့်ချင်းချင်းရဲနေသူက သူနှင့်ချွတ်စွပ်တူနေပြီး ကဗျာကိုရွတ်ဆိုလိုက်သူကတော့ သူသိသော၀မ်ရိပေါ်နှင့် တစ်ရုပ်တည်းပင် ဖြစ်နေလေတော့သည်။

::::::::::::::::::::::::::::::

ရိပေါ်အိမ်ပြန်ရောက်တော့ ရေချိုး၊ ဘာညာကိစ္စရပ်တွေလုပ်ပြီးနောက် ရှောင်ဟိုင်နှင့် ညနေစာအတူစားသည်။ ထို့နောက်မှာတော့ နောက်ရက်ရိုက်ကူးရမည့် နေရာနှင့် dialogue တွေဖတ်သလို ရေးလက်စသူတို့၏ ဇာတ်လမ်းလေးကိုလည်း ဆက်ရေးသည်။

နားမည်ကြံတော့ အချိန်ကည ၁၁နာရီကျော်နေလေပြီ။ အိပ်ချိန်ရောက်ပြီဆိုသော်လည်း လူကအိပ်မရ။ နေ့လည်ကအကြောင်းသာ မျက်လုံးထဲ တ၀ဲလည်လည်ဖြစ်နေတာကြောင့် သက်ပြင်းချမိသည်။

အစကတော့ ဟန်ကလေးပင်လုပ်မည်ဟု စိတ်ကူးထားသော်လည်း တစ်ကယ်ရို်က်ကူးချိန်မှာတော့ နီးကပ်စွာရှိနေသော ထိုလူသားလေးကို မြတ်နိုးစိတ်က ထိန်းမရနိုင်ခဲ့ပေ။

ပြန်တွေးမိရင်း မျက်နှာတစ်ခုလုံး အပြုံးတို့ေ၀နေစဉ်မှာပင် အခန်းခေါက်သံကြားတာကြောင့်လှည့်ကြည့်တော့ ရှောင်ဟိုင်က အခန်းထဲ၀င်လာသည်။

ရေဇလုံတစ်လုံးကိုပွေ့လာပြီး ပလတ်စတစ်ခြင်းတောင်းလေးတစ်ခုကိုလည်း လက်မောင်းမှာချိတ်လာသေးသည်။

ကုတင်ဘေးရောက်ကာမှ ခြင်းတောင်းထဲမှ ပစ္စည်းတွေကို စားပွဲခုံလေးပေါ် တင်လိုက်သည်။ ထိုအခါမှ ပုဝါ၊ ဆေးဘူးနှင့် ပတ်တီးလိပ်ဖြူဖြူတို့ ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။

"နာမှမနာတော့တာ ဆေးစည်းဖို့မလိုပါဘူး"

"စည်းထားမှဖြစ်မယ် ခဏနေရင်ကျန့်ကျန့်ရောက်လာမှာ"

ရိပေါ်ကြောင်အနေစဉ်မှာပင် ရှောင်ဟိုင်က အကျႌကိုချွတ်စေကာ လက်မောင်းနှင့်ပုခုံးကို ဆေးစည်းဖို့လုပ်တော့သည်။

"အစ်ကိုကြီးသက်သာရဲ့လားလို့ ဖုန်းဆက်မေးလို့ လက်မောင်းကဒဏ်ရာအရှိန်နဲ့ အဖျားတက်နေတယ်ပြောလိုက်တယ် ဟီးဟီး"ရှောင်ဟိုင်ထံမှ တဟီးဟီးရယ်သံကြောင့် ရိပေါ်ပြုံးမိသွားရပြီး ဆံပင်တို့ကိုသာခပ်ဖွဖွဆွဲပွတ်ပေးမိတော့သည်။ ရှောင်ဟိုင်ကတော့ ချစ်စဖွယ်ညီငယ်လေးပီပီ အစ်ကိုနှစ်ယောက်အကြား မြားနတ်မောင်လေးလုပ်ချေပြီ။

ရိပေါ်က ဘယ်ဘက်ပုခုံးနှင့် လက်မောင်းကို ဆေးလိမ်း၊ ပတ်တီးစည်းပြီးနောက် အကျႌပြန်၀တ်လိုက်သည်။ အဲဒီ့နောက် ရှောင်ဟိုင်က အိပ်ရာပေါ်မြန်မြန်လဲလျောင်းစေပြီးနောက် ပုဝါကိုရေနှစ်ပြီးညှစ်ကာ ရိပေါ်၏နဖူးပေါ်အသာတင်လိုက်သည်။

"ကျွန်တော်အောက်ဆင်းပြီး သွားကြိုနေလိုက်မယ် အစ်ကိုကြီးအိပ်နေတော့"

"အင်း..."

ရိပေါ်ပြန်ဖြေပြီးနောက် ရယ်ချင်နေသည်ကိုထိန်းချုပ်ကာ မျက်လုံးအစုံကိုမှိတ်ထားပြီး အိပ်ပျော်ဟန်ဆောင်နေလိုက်တော့သည်။

:::::::::::::::::::::::::::::

ရှောင်းကျန့်တစ်ယောက် အိပ်မက်မှနိုးလာပြီးသည့်နောက် ရိပေါ်၏လက်သက်သာရဲ့လား စိတ်ပူကာ ဖုန်းလှမ်းဆက်လိုက်သော်လည်း ရိပေါ်ကမကိုင်ပေ။

ထို့ကြောင့် အိပ်ပျော်နေတာလား၊ တစ်ခုခုဖြစ်နေတာလား ဝေခွဲမရဖြစ်သွားရပြီး ရှောင်ဟိုင့်ဆီသို့ဖုန်းဆက်လိုက်သည်။

ဒဏ်ရာအရှိန်နှင့် ဖျားနေသည်ဟု သိလိုက်ရတာကြောင့် စိတ်ပူကာ ညတွင်းချင်းကြီး အရောက်သွားမိတော့သည်။ ရိပေါ်တို့တိုက်ရှေ့ရောက်တော့ ရှောင်ဟိုင်ကကားအနားအထိ လာကြိုသည်။

"သူဘယ်လိုနေသေးလဲ"

"ဟုတ် သက်သာတယ်ကျန့်ကျန့် အဖျားတော့ကျသွားပြီ"

ရှောင်းကျန့် သက်ပြင်းတိုးတိုးလေး ချလိုက်ပြီးနောက် ရိပေါ်ရှိရာအထပ်ဆီသို့ နှစ်ဦးသား တက်လာခဲ့တော့သည်။

သူတို့တိုက်ခန်းဆီရောက်လာတော့ ရှောင်းကျန့်က ရိပေါ်ရှိရာအိပ်ခန်းဆီ ၀င်သွားလိုက်ပြီး ရှောင်ဟိုင်ကတော့ကြိတ်ပြုံးလိုက်ကာ အနောက်မှာ တဖြည်းဖြည်းချန်နေခဲ့ရင်း ရှောင်ပေးလေသည်။

သူအခန်းထဲရောက်လာတော့ ရိပေါ်က မျက်လုံးအစုံကိုမှိတ်လျက် အိပ်ပျော်နေဟန်ဖြင့်ရှိနေသည်။ နဖူးပေါ်မှာတော့ ရေစိုအ၀တ်က အတန်ငယ် ခြောက်နေပြီမို့ အသာလှမ်းယူကာ ဘေးမှရေဇလုံထဲတွင် ရေစွတ်ကာညှစ်လိုက်သည်။

ထို့နောက် ရိပေါ်၏နဖူးပေါ်ပြန်တင်ပေးရင်း ဘယ်ဘက်လက်မောင်းမှ ထွက်ပြူနေသောပတ်တီးစကိုကြည့်ကာ စိတ်ထဲ၀မ်းနည်းသွားမိသည်။ သူ့ကိုကူညီရင်း ရလိုက်သောဒဏ်ရာမဟုတ်ပါလား။

ဒဏ်ရာဆိုကာမှ ရုတ်တရက်အိပ်မက်ထဲမှ အကြောင်းအရာတို့ကာ အာရုံမှာပြန်လည်ထင်ဟပ်လာရသည်။ ယခင်က အိပ်မက်ထဲမှ ထိုသူ့ကိုသူမမှတ်မိသော်လည်း ယခုညတော့ သိလိုက်ရလေပြီ။

"သခင်လေး၀မ်... ကျွန်တော်တို့က အရင်တည်းက ဆုံခဲ့ဖူးတာလား ဒါမှမဟုတ် ဒါတွေက အိပ်မက်သက်သက်ပဲလား ဘာလို့ဟိုအရင်ကတည်းက သိနေသလို ခံစားနေရတာလဲ"

ရှောင်းကျန့်ကိုယ်တိုင်ပင် သတိမထားမိဘဲ ရိပေါ်၏မျက်နှာပေါ်ရှိ အစိတ်အပိုင်းတစ်ခုချင်းစီကို တို့ထိကြည့်မိသည်။

ရှည်လျားကော့ညွတ်နေသောမျက်တောင်စင်းလေးများ၊ စင်ရော်တောင်သဖွယ် သွယ်တန်းနေသောမျက်ခုံးနှစ်ခု၊ ပြီးတော့ ဖြောင့်စင်းနေသောနှာတံ။

"ဘာလို့များ အဲဒီ့အိပ်မက်တွေကနေ နိုးထလာတိုင်း သေမလိုနာကျင်နေရတာလဲ ဘာလို့ခင်ဗျားကရော သူနဲ့တူနေရတာလဲ ဒါကတိုက်ဆိုင်မှု သက်သက်ပဲလား"

တိုးဖွစွာရေရွတ်မိရင်း ရင်ထဲမှာလည်း၀မ်းနည်းမှုတို့ လှိုက်တက်လာကာ မျက်ရည်တသွင်သွင် စီးကျလာတော့သည်။

"ဒါပေမယ့် ကျွန်တော့်နှလုံးသားက ပြောနေတယ် အဲဒါက ခင်ဗျားတဲ့... ဟောဒီ့ နာကျင်နေတဲ့ နှလုံးသားက..."

ရှောင်းကျန့်က ရိပေါ်မျက်နှာပေါ်ရှိ လက်ကိုရုတ်လိုက်ပြီး ထပ်မံနာကျင်လာသော သူ့ရင်ဘတ်ကိုဆုပ်ကိုင်လိုက်သည်။

ထိုအချိန်မှာပင် စီးကျနေဆဲမျက်ရည်တို့ကို တစ်စုံတစ်ယောက် လှမ်းသုတ်ပေးနေသည်ကို ခံစားလိုက်ရသည်။

"သ... သခင်လေး၀မ် နိုးနေတာလား တောင်းပန်ပါတယ် ကျွန်တော် အနှောင့်အယှက်..."

ပြောလို့ပင်မဆုံးသေး။ ရိပေါ်ကလဲလျောင်းနေရာမှထထိုင်လိုက်ကာ ရှောင်းကျန့်ကိုဖက်ထားရင်း မျက်ရည်တွေစီးကျလာလေသည်။

ရှောင်းကျန့်လည်း အံ့သြသွားမိပြီးနောက် ၀မ်းနည်းစိတ်တို့ လှိုက်တက်လာကာ မျက်ရည်တွေက ထပ်မံစီးကျလာပြန်သည်။

"တောင်းပန်ပါတယ်... ကိုယ်တောင်းပန်ပါတယ်ကွာ..."

"ဘာကိုလဲ... သခင်လေး၀မ်က ဘာလို့ကျွန်တော့်ကို တောင်းပန်နေတာလဲ"

ရှောင်းကျန့် ပြန်မေးလိုက်တော့ ရိပေါ်ကထွေးဖက်ထားရာမှလွှတ်ကာ ရှောင်းကျန့်၏မျက်၀န်းရှိ မျက်ရည်တွေကိုသုတ်ပေးသည်။ 

"ကျေးဇူးတင်ပါတယ် ကိုယ့်ကိုပြန်ပြီး မှတ်မိပေးလို့ ကျေးဇူးတင်ပါတယ် ထောင်ဟွားရယ်"

ရှောင်းကျန့်၏ မျက်ရည်တို့ကို သုတ်ပေးနေသော်လည်း သူကိုယ်တိုင်ကတော့ မျက်ရည်တွေက ဖြိုင်ဖြိုင်ကျနေဆဲပင်။

"ကျွန်တော်တို့အရင်က ဆုံခဲ့ဖူးတာလား"

"အတိတ်ဘ၀ရှိတယ်ဆိုတာ မင်းယုံကြည်လား"

ရိပေါ်က သူ့မေးခွန်းကိုမဖြေဘဲ ပြန်မေးလိုက်သည်မို့ ရှောင်းကျန့်၏သိချင်စိတ်က ပိုမိုပြင်းပြလာရသည်။

"အတိတ်ဘ၀လား... အဲဒါက အတိတ်ဘ၀ဆိုရင် ကျွန်တော်တို့ ဘာတွေ ဖြစ်ခဲ့ကြတာလဲ"

"မင်းက ကိုယ့်အသက်နဲ့ထပ်တူ မြတ်နိုးခဲ့ရတဲ့သူ"

"ဟင်..."

"ဒါပေမယ့် ကိုယ်ကြောင့်... ကိုယ့်ကြောင့်ပဲ နှစ်ဘ၀လုံး ဝေးခဲ့ရတယ်"

"နှစ်ဘ၀လား..."

"အင်း... အကြောင်းစုံတော့ နောက်ကျရင် ကိုယ်ပြောပြမယ် အရမ်းလွမ်းနေခဲ့တာမို့ အခုတော့ ဒီတိုင်းလေး ခဏနေခွင့်ပြုပါ"ရိပေါ်က ရှောင်းကျန့်ကို နောက်တစ်ကြိမ်ပြန်လည်ကာ ထွေးဖက်ထားလိုက်သည်။ တစ်ချိန်ချိန်မှာပြောပြဖို့ရာ ဆုံးဖြတ်ထားသော်လည်း ၀မ်းနည်းစရာ အကြောင်းအရာတွေ ပါနေတာကြောင့် မပြီးပြတ်သေးသည့် ရိုက်ကူးရေးကို အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်မိသည်။

ရိုက်ကူးရေးကြန့်ကြာမှာကို သူဂရုမစိုက်သော်လည်း ရှောင်းကျန့်ကိုအခြားသူတွေ အမြင်စောင်းကြမှာမျိုးတော့ မဖြစ်စေချင်ပေ။

ရှောင်းကျန့်လည်း သူ့ရင်ခွင်ထဲတိုး၀င်ကာ ကလေးသဖွယ် တအီအီရှိုက်ငိုနေသောရိပေါ်ကို ပြန်လည်ဖက်ပေးထားရင်း ကျောပြင်ကို အသာအယာပွတ်သပ်ပေးလိုက်သည်။

အတန်ကြာတော့ ခပ်မှန်မှန်ထွက်လာသောအသက်ရှူသံကြောင့် အိပ်ပျော်သွားပြီဆိုတာ သိလိုက်ပြီး အိပ်ယာပေါ်နေရာချပေးလိုက်သည်။

သို့သော်လည်း သူ့အင်္ကျီကို မြဲမြံစွာဆုပ်ကိုင်ထားသော လက်တစ်ဖက်ကြောင့် သည်ညအတွက် အိမ်ပြန်မည့်အစီအစဉ်ကို လက်လျှော့လိုက်ရသည်။

ဘောင်းဘီအိတ်ထဲမှဖုန်းယူပြီး သည်ညပြန်မလာတော့ဘူးဆိုသည့်အကြောင်း အစ်ကိုဖြစ်သူဆီ စာပို့လိုက်သည်။

ထို့နောက် ရိပေါ်၏ဘေးမှာသာ ၀င်လှဲလိုက်ရင်း မျက်လုံးတစ်စုံကို မှိတ်ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရိပေါ်၏ နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွားသည်ကိုတော့ ရှောင်းကျန့် မသိလိုက်တော့ပေ။

:::::::::::::::::

နံနက်ခင်း နေရောင်ခြည်လေး အခန်းထဲ ၀င်လာသည်နှင့် ရိပေါ်အိပ်ရာကနိုးလာသည်။ သတိတရဖြင့်စမ်းကြည့်တော့ ဘေးမှာမည်သူမျှ ရှိမနေပေ။

ရှောင်းကျန့်မရှိတော့ဘူးဟူသောအသိကြောင့် သူ့စိတ်ထဲဟာတာတာဖြစ်သွားရပြီး ကိုယ်ပေါ်မှာခြုံထားသည့်စောင်ကို ကမန်းကတမ်းခွာချကာ အခန်းအပြင်သို့ အမြန်ပြေးထွက်လာလိုက်သည်။

ထိုစဉ်မှာပင် မီးဖိုခန်းမှအသံတွေကြားလိုက်ရတာကြောင့် အလျင်အမြန်သွားကြည့်မိတော့ ရှောင်းကျန့်ဖြစ်နေတာကြောင့် စိတ်သက်သာရာရသွားသည်။

ရှောင်းကျန့်လည်း breakfast အတွက် ပြင်ဆင်နေရင်း ခြေသံကြားတော့ ဆဌမအာရုံအရ လှည့်ကြည့်စရာမလိုဘဲ ရိပေါ်မှန်း တန်းသိလိုက်သည်။

"နိုးပြီပေါ့ မျက်နှာသစ်ပြီးပြီလား"

"ဟင့်အင်း"

"မြန်မြန်သွားသစ်လိုက် မနက်စာလုပ်ထားတယ် ရှောင်ဟိုင့်ကိုလည်း သွားနှိုးလိုက်ဦး"

ရှောင်းကျန့်က ရိပေါ်ကိုပြောပြီးနောက် ကော်ဖီဖျော်ဖို့လုပ်နေချိန်မှာပင် ခါးနောက်ဘက်မှ သိုင်းကာဖက်ထားခြင်းခံလိုက်ရသည်။

"မင်းသိလား ဟိုအရင်တုန်းကလည်း ကြေးများတဲ့ကိုယ့်အတွက် မနက်စာကို မင်းပဲပြင်ဆင်ပေးခ့ဲတာ"

ရိပေါ်က ခါးကိုသိုင်းဖက်ထားရင်းမှ နားအနားကပ်ကာ တိုးတိုးလေးပြောလိုက်တော့ အာငွေ့နွေးနွေးက သူ့ပါးပြင်ပေါ် ကလူကျီစယ်သွားလေသည်။

ရုတ်တရက်ပင် ရှောင်းကျန့်၏ရင်တွေ တဒိန်းဒိန်းခုန်ပေါက်ကာ မျက်နှာပူလာသလို ခံစားရသည်။ ဒီသခင်လေး၀မ်ဟာ ဖွင့်ပြောပြီးနောက်ပိုင်း ပိုမိုရဲတင်းလာသလိုပင်။

"ဟုတ်လား ကျွန်တော်ဘာလို့ မမှတ်မိရတာလဲ"

သူ့မှာတော့ ကတုန်ကယင်ဖြစ်နေသည့် ရင်အစုံကို မသိကျိုးကျွံပြုရင်း ပုံမှန်လေသံဖြစ်အောင် ထိန်းကာပြောရသည်။ ယောကျ်ားလေးတစ်ယောက်အပေါ် ရင်ခုန်နေမိသော သူ့ကိုယ်သူလည်းမယုံကြည်နိုင်သေးပါ။

"အားလုံးမှတ်မိသွားရင် မင်းကိုယ့်ကိုမုန်းသွားမှာလား"

"ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းဆိုးခဲ့လို့လား သခင်လေး၀မ်"

"အင်း... ဒါပေမယ့် မင်းကအမြဲတမ်း ကိုယ့်ကိုခွင့်လွှတ်ခဲ့တယ် ပြီးတော့.."

"ဆက်ပြောလေ"

"ဟင့်အင်း နောက်မှပေါ့ မျက်နှာသွားသစ်ဦးမယ် အရမ်းချစ်တယ်နော်"

ရိပေါ်က ရှောင်းကျန့်၏ခါးတစ်၀ိုက်မှာ တင်းကျပ်စွာဖက်ထားသောလက်အစုံကို မလွှတ်ချင်၊ လွှတ်ချင်ဖြင့် လွှတ်လိုက်ပြီးနောက်မှာတော့ မျက်နှာသစ်ရန်ထွက်သွားတော့သည်။

ထိုအခါမှ ရှောင်းကျန့်လည်း တဒိန်းဒိန်းခုန်ပေါက်နေဆဲ ရင်အစုံကိုငြိမ်သက်စေရန် ကြိုးစားရတော့သည်။ သို့သော်လည်း ရင်ဘတ်ထဲက အကောင်ငယ်ဟာ ခုန်ပေါက်နေဆဲပင်။

ထိုမြင်ကွင်းကို အကွယ်တစ်နေရာမှကြည့်နေသော ကောင်လေးတစ်ယောက်မှာတော့ ပီတိစိတ်ဖြင့် မျက်ရည်များဖြိုင်ဖြိုင်စီးကျနေတော့သည်။

::::::::::::::::::::::::::::::