အပိုင်း ၃၁
Viewers 16k

Chapter 31


အိမ်မက်ထဲတွင် သူသည်အရိပ်ကဲ့သို့ပေါ့ပါးနေခဲ့သည်။ ကျွင်းဟွိုင်လန် ဇီးပန်းပွင့်တောအုပ်ထဲရှိ ကျဉ်းမြောင်းသောလမ်းဆီသို့ သွက်လက်ပေါ့ပါးစွာ လျှပ်ပြေးသွားလိုက်ပြီး ရေလယ်ခေါင်ရှိ ထိုက်ဟူကျောက်ဆုံးဆီသို့ပြေးသွားကာ နန်းတော်မီးပုံးကိုဖြုတ်ယူလိုက်သည်။


သို့သော် သူပြန်ရောက်ချိန်၌ ကျွင်းလင်ဟွမ်မှာပျောက်ဆုံးနေပြီဖြစ်သည်။


သူသည် အလွန်စိုးရိမ်တကြီးဖြစ်သွားရကာ ချက်ချင်းဆိုသလို ကျွင်းလင်ဟွမ်ကိုရှာဖွေရန်ထွက်လာခဲ့သော်လည်း ရုတ်တရက် အစောင့်တစ်စုပေါ်လာခဲ့ပြီး တော်ဝင်အပြင်ဘက်ရှိ အေးစက်နေသော အပြာရောင်ကျောက်တုံးများပေါ်၌ သူ့ကိုဒူးထောက်စေခဲ့သည်။ သူ၏ဘေးရှိ တီးတိုးပြောနေသံများမှာ သူ့နားတဝိုက် ထုံကျဉ်စေခဲ့သော်လည်း ကျွင်းဟွိုင်လန်မှာမူ ပြောစရာစကားများပျောက်ရှနေဆဲဖြစ်နေခဲ့ရသည်။


ကျွင်းဟွိုင်လန်စိုးရိမ်တကြီးဖြင့် " တစ်စုံတစ်ယောက်ကိုအရင်မစုံစမ်းပဲနဲ့ ငါ့ကိုဘာအတွက်ဖမ်းရတာလဲ.."


သို့သော်လည်း သူ၏ဘေးရှိမိန်းမစိုးများနှင့် အစောင့်အကြပ်များမှာ သူ့ကိုအဖက်လုပ်ခြင်းမရှိခဲ့ပေ။


ထို့နောက် သူ့ကို လူများစွာရှိနေသော ခမ်းနားလှသည့် ခန်းမတစ်ခုဆီသို့ ဆွဲခေါ်သွားကာ လူတိုင်းမှာ မတ်တပ်ရပ်နေကြသော်လည်း သူ့မှာမူဒူးထောက်နေရသည်။


" အရှင်မင်းကြီး ကျွင်းလင်ဟွမ်ကိုရှာဖွေဖို့ပဲ လူအရင်လွှတ်ပေးပါ…လင်းဟွမ်ကလျှောက်သွားတတ်တဲ့ကလေးမဟုတ်ဘူး.. ကျွန်တော်သူတစ်စုံတစ်ရာဖြစ်နေမှာကို စိုးရိမ်လှတယ်…" 


ကျွင်းဟွိုင်လန်စိုးရိမ်ပူပန်နေပြီး ဧကရာဇ်ကို တွေ့သည်နှင့် အလျင်အမြန်လျှောက်တင်လိုက်လိုက်သော်လည်း သူ့ကိုဘုရင်မှ လျစ်လျူရှုထားခဲ့သည်။


သို့သော်လည်း ဧကရာဇ်ချင်းဖျင်မှာ သူပြောသမျှကို မကြားသကဲ့သို့ စိတ်ရှုပ်နေသည့်အမူအယာဖြင့် ကြည့်နေကာ သူ၏ပုံပန်းသဏ္ဍာန်မှာ ကျွင်းဟွိုင်လန်ကို အထူးတလည်မရင်းနှီးအောင်ပြုလုပ်နေခဲ့သည်။ သူ၏ဘေးပတ်လည်တွင်ရှိသော လူများတွင် မတူညီသည့် အမူအယာများရှိနေကြပြီး သူတို့အားလုံးမှာ သူ့အတွက်မရင်းနှီးသည့် အေးစက်ကာ မလိုလားသည့်ပုံစံမျိုးပြသနေကြသည်။


ကံကောင်းစွာနှင့် ကျွင်းလင်ဟွမ်ကိုရှာ‌တွေ့ရ‌န်အ ချိန်အများကြီးမကြာလိုက်ပေ။


ကျွင်းဟွိုင်လန် သူ၏စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် အလျင်စလိုလှမ်းကြည့်လိုက်သော်လည်း ကျွင်းလင်ဟွမ်၏ သူ့ကိုမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ မြင်နေသည့် ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများနှင့်သာ ဆုံလိုက်ရလေသည်။


ကျွင်းဟွိုင်လန်၏မျက်လုံးများနှင့်ဆုံလိုက်ပြီးချိန်မှာပင် ကျွင်းလင်ဟွမ်မှာ တုန်လှုပ်ခြောက်ခြားနေကော သူမအနားတွင်ရှိသူတစ်ဦး၏လက်မောင်းကြားသို့ ဝင်ပုန်းလိုက်သည်။


ထို့နောက်တွင် လူတိုင်း၏စွပ်စွဲနေသောအကြည့်များနှင့်အတူ ဧကရာဇ် သူ့ကိုအပြစ်ပေးရန် အမိန့်ထုတ်လိုက်သည်မှာ သူ၏‌ဦးနှောက်ထဲတွင် ဝေဝါးစွာပေါ်လာခဲ့သည်။ သူနှင့်ရင်းနှီးနေသောအရာများကို ကြောက်လန့်နေသည့်မျက်နှာ၊ တစ်ကိုယ်လုံး၏အေးစက်နေမှု၊ အသက်ရှူကျပ်သည့်ဝေဒနာကို ထုပ်ပိုးထားမှုတို့နှင့်အတူကြည့်လိုက်လေသည်။


သူအနီးပတ်ဝန်းကျင်တဝိုက်သို့ စိတ်ပျက်အားလျော့နေသည့် အမူအယာဖြင့် အလျင်စလိုကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ ရှာမ‌တွေ့ခဲ့ဘဲ ပုံမှန်ပင် သူ၏အိမ်မက်မှယခုနေရာတွင်လန့်နိုးလာခဲ့ရသည်။


ကျွင်းဟွိုင်လန် ချက်ချင်းဆိုသလို အသိဝင်လာခဲ့ပြီး ရွှယ်ယန်ကို ကြည့်လိုက်မိသည်။


ရွှယ်ယန်မှာ သူ့ကိုကြည့်မနေခဲ့သော်လည်း သူ၏ရှေ့ရှိမြင်ကွင်းများမှာ ကျွင်းဟွိုင်လန်နှင့် အလွန်တရာရင်းနှီးနေခဲ့သည်။ ထိုအရာမှာ အသေအချာပင် တူညီသောမြင်ကွင်းဖြစ်သော်လည်း  အိမ်မက်ထဲတွင်မူ ရွှယ်ယန်၏နေရာမှ ဒူးထောက်နေရသူမှာ သူသာဖြစ်လေသည်။


ဖြစ်နိုင်သည်မှာ ‌ရွှယ်ယန်မီးပုံးကိုသွားဖြုတ်ပေးနေသည့်အချိန်၌ ကျွင်းလင်ဟွမ် ရွှယ်ယန်ကို အမည်မဖော်ပြနိုင်သော ကြောက်လန့်သွားမှုကြောင့် အအေးနန်းဆောင်အထိ တစ်ဦးတည်းထွက်ပြေးသွားခြင်းပေလော…အိမ်မက်ထဲတွင် သူတွေ့ကြုံခဲ့ရသည့်အရာများမှာ ရွှယ်ယန်ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများပင်လား..


သို့ဆိုလျှင် ဤတစ်ခုတွင် တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့သည့် လူတစ်စုအသေအချာပင်ရှိပေမည်။


ထို့အရာကြောင့်ပင် ရွှယ်ယန်နှင့် သူ၏ညီမဖြစ်သူတို့အကြား ထိုလူကြောင့် အထင်လွှဲမှားမှုရှိသွားခဲ့ရသည်။


ထိုအချိန်တွင် နန်းတော်အစောင့်များမှာ ဧကရာဇ်၏အမိန့်ကို နာခံ၍ ရွှယ်ယန်ကို ဆွဲခေါ်အပြစ်ပေးတော့မလိုဖြစ်နေပြီဖြစ်သည်။


ကျွင်းဟွိုင်လန် အများကြီးမတွေးနိုင်တော့ဘဲ အရှေ့သို့ခြေနှစ်လှမ်းအမြန်တိုးကာ ရွှယ်ယန်၏ခန္ဓာကိုယ်ရှေ့သို့ တားဆီးပိတ်ပင်လိုက်ကာ ပြောလာခဲ့သည် 


" ခဏနပေါဦး…"


နန်းတော်အစောင့်များသည်လည်း ကျွင်းဟွိုင်လန် ဧကရာဇ်၏အမိန့်ကိုတားဆီးရဲမည်ကို မထင်ထားမိကြချေ။ ဘုရင်မင်းမြတ်မှာ စိတ်တိုနေခဲ့ပြီဖြစ်သောကြောင့် သူတို့ တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် နေရာတွင်ပင် ရပ်နေလိုက်ကြသည်။


ကျွင်းဟွိုင်လန် ရွှယ်ယန်ကိုကြည့်လိုက်ချိန်တွင် မော့ကြည့်နေသော ရွယ်ယန်၏မျက်လုံးများကို မြင်လိုက်ရသည်။


၎င်း၏အရောင်မှာ တောက်ပနေပြီး အေးစက်မှုများနှင့်အတူ မင်ရောင်ကဲ့သို့ မည်းနက်နေကာ ခန်းမတွင်းရှိ ဧကရာဇ်ထံတွင်သာရှိနေခဲ့သည်။ ထိုမျက်လုံးများမှာ ကျွင်းဟွိုင်လန်ကိုချိန်ရွယ်ထားခြင်းမရှိသော်လည်း သူ၏နောက်ကျောမှပင် ချွေးအေးများပြန်သွားခဲ့ရသည်။


ရုတ်တရက်ဆိုသလို သူတွေးမိသွားသည်မှာ ရွှယ်ယန်ထံတွင် ဖြစ်ပျက်ခဲ့သောအရာများသည် အိမ်မက်ထဲတွင် သူတွေ့ကြုံခဲ့ရသောအရာများဖြစ်သည်ဟူ၍ပင်။


ကျွင်းဟွိုင်လန်၏ပုံရိပ်လေးမှာ လှုပ်ရှားသွားပြီး ‌ရွှယ်ယန်၏မျက်လုံးများရှေ့တွင် ပိတ်ပင်တားဆီးလိုက်ကာ သူနှင့်ဧကရာဇ်အကြားတွင် ရပ်လျက် ရွှယ်ယန်ကိုနောက်ကျောခိုင်းထားခဲ့သည်။


ကျွင်းဟွိုင်လန်ပြောလိုက်လေသည်


 " ကျေးဇူးပြု၍ ဒေါသကိုထိန်းပါ အရှင်မင်းမြတ်…လင်ဟွမ်ကကြောက်လန်နေတဲ့အတွက် အခုထိမည်သည့်အကြောင်းကိုမျှ မမေးမြန်းရသေးပါဘူး..စုံစမ်းမေးမြန်းပြီးသည့်အချိန်ကျမှသာ အရှင်မင်းမြတ်ရဲ့အမိန့်ကိုချပေးစေချင်ပါတယ်…"


ဧကရီသည်လည်း ဒေါသတကြီးဖြစ်နေသော ဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီးနောက် သူမ၏ဘေးမှ ငိုကြွေးနေသော သူငယ်ချင်းဖြစ်သူကို တစ်ဖန်လှည့်ကြည့်လိုက်ကာ ကျွင်းဟွိုင်လန်ကို ဆူမန်လိုက်သည်


 " အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့တော့…"


ဧကရာဇ်ချင်းဖျင် သူ၏ဒေါသကို ဖိနှိပ်လိုက်ပြီး မေးလိုက်လေသည်


 " မင်းရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူးလား.. ဒီလူတွေနဲ့ပြည့်နေတဲ့ခန်းမကြီးထဲမှာ လင်ဟွမ်ကြောက်လန့်နေတာ သူတစ်ယောက်ပဲရှိတယ်.. ပြီးတော့ သူ့ကိုခေါ်သွားပြီး ပျောက်ဆုံးစေခဲ့တာကို ကိုယ်တော်က ဘာကိုစုံစမ်းစစ်ဆေးရဦးမှာလဲ…"


ကျွင်းဟွိုင်လန် သက်ပြင်းတစ်ချက်ချကာ တည်ငြိမ်စွာ ဖြေကြားခဲ့သည် 


" အမှန်ပါပဲ.. မင်းသား၅နဲ့ ကျွန်တော်မျိုးရဲ့ ညီမဖြစ်သူနဲ့ ညီငယ်နှစ်ဦးတို့က ဘယ်အချိန်မှ အခမ်းအနားတွေမှာမဆုံခဲ့ကြဖူးဘူးဆိုတော့ အနည်းငယ်ထူးဆန်းနေလို့ပါ…"(မင်မင်လည်းနားမလည်ဘူး သွေ့ပုချိ)

31.2


ကံကောင်းစွာပင် အတိတ်ဘဝတွင် ကျွင်းဟွိုင်လန်မှာ နှစ်အနည်းငယ်မျှ အမတ်တစ်ဦးဖြစ်ခဲ့သည်ဖြစ်ရာ ဤရွှေနန်းတော်ကြီးတွင် ကျွမ်းကျင်စွာစကားပြောဆိုနိုင်ခဲ့သဖြင့် ယခုတစ်ကြိမ် ဧကရာဇ်၏‌အမျက်ဒေါသကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။


ဧကရာဇ်ချင်းဖျင် မျက်မှောင်ကြုတ်လိုက်သော်လည့် မည်သည့်ဆိုးဝါးသောအရာကိုမျှမလုပ်ဆောင်ခဲ့ဘဲ ခဏအကြာတွင် သူတွန့်ဆုတ်စွာ မိန့်ကြားလာသည် " အဲ့ဒါဆိုရင်လည်း သွားမေးတာပေါ့…"


ကျွင်းဟွိုင်လန် အမိန့်ကိုလက်ခံပြီး ထရပ်ကာ လှည့်ထွက်လိုက်ချိန်၌ ရွှယ်ယန်၏မျက်လုံးများနှင့် ထပ်မံဆုံလိုက်ရသည်။ ထိုသူ၏အမူအယာမှာမူ မည်သည့်အချိန်မှ ပြန်ကောင်းလာမည်မဟုတ်ချေ။ ထိုသူ၏ခံစားချက်များမှာ ပင်လယ်သမုဒ္ဒရာအောက်ခြေရှိ လှိုင်း‌လုံးများကဲ့သို့ ကျွင်းဟွိုင်လန်မမြင်နိုင်ဖြစ်နေရသည်။


ထိုမျက်လုံးများမှာ သူ့ထံတွင်သာ မြံမြဲစွာတည်ရှိနေခဲ့သည်။


ကျွင်းဟွိုင်လန်အရှေ့သို့ မလျှောက်လာမီ သူ့အားတစ်ချက်မျှသာ ကြည့်ခဲ့သည်။ ထို့နောက် ကျွင်းရှောင်ဝူထံသို့ တည့်တည့်လျှောက်လှမ်းလာကာ သူ၏ရင်ခွင်ထဲမှ ကျွင်းလင်ဟွမ်ကိုလှမ်းခေါ်လိုက်သည်။


ကျွင်းလင်ဟွမ်၏အမူအယာမှာ အနည်းငယ်တည်ငြိမ်လာပြီဖြစ်သော်လည်း ထိုအချိန်၌ တိုးတိတ်စွာ ရှိုက်ငိုနေ‌ပြီး သူမ၏အစ်ကိုဖြစ်သူကိုတွေ့လိုက်ချိန်တွင််မူ ကျယ်လောင်စွာငိုကြွေးလာတော့သည်။


" လင်ဟွမ် အစ်ကို့ကိုပြော အခုဘာတွေဖြစ်ခဲ့တာလဲ.." 


ကျွင်းဟွိုင်လန် မြေပြင်ပေါ်၌ ဒူးတစ်ဖက်ထောက်ကာ ကျွင်းလင်ဟွမ်ကို သူ၏လက်မောင်းကြားသို့ ဆွဲသွင်းလိုက်ပြီး သူမ၏နောက်ကျောကို လက်တစ်ဖက်ဖြင့် ပုတ်ပေးနေခဲ့သည်။


သူတမင်တကာပင် ကျွင်းလင်ဟွမ်၏နောက်ကျောကို ရွှယ်ယန်ရှိရာဘက်သို့ရွှေ့ပေးလိုက်ပြီး သူ၏အကြည့်များမှာမူ ရွှယ်ယန်၏မျက်လုံးထဲတွင်သာရှိနေခဲ့သည်။


ကျွင်းလင်ဟွမ် သူမ၏မျက်လုံးကိုပွတ်လိုက်ပြီး အချိန်အတန်ကြာ ကြို့ထိုးနေပြီးမှ တိုးတိုးလေးပြောလာခဲ့သည်။


 " ညီမ.. ညီမတော် အစားမခံချင်ဘူး…"


ကျွင်းဟွိုင်လန်မှာမူ ကြောင်အသွားပြီး " ဘယ်သူမင်းကိုစားမှာတဲ့လဲ…"


ကျွင်းလင်ဟွမ် သူ၏လက်မောင်းများကြားတွင် ပုန်းအောင်းနေခဲ့ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် " သူ သူတို့ကပြောတာ.. အစ်ကိုတော်မင်းသား၅က လူတွေကိုစားတယ်တဲ့..အဲ့ဒါကြောင့် ဟွမ်အာကို သူတို့ကလူမမြင်နိုင်မဲ့နေရာကို ခေါ်သွားပေးကြတာ..‌ဒါပေမယ့် သူတို့ထွက်သွားပြီးတော့ ဟွမ်အာကို တစ်ယောက်တည်းပစ်ထားခဲ့ကြတယ်…"


ထိုသို့ပြောရင်းမှ ကျွင်းလင်ဟွမ် ထပ်မံငိုကြွေးလာပြီး သီးလုမတတ်ပင်ဖြစ်နေခဲ့ရသည်။


ကျွင်းဟွိုင်လန်မှာမူ ခဏအကြာ ကြောင်အနေရပြီးမှ သူမဆိုလိုချင်သည့်ကို အရာကိုနားလည်သွားခဲ့သည်။ ထို‌မိန်းမလေးငယ်လေး၏ ကြောင်ပေါက်လေးကဲ့သို့ ရှိုက်ငိုသံများကြောင့် သူမကိုထပ်မံပွေ့ချီကာ သူ၏ရင်ခွင်ထဲတွင်ထား၍ ချော့မော့လိုက်ရပြန်သည်။


နှလုံးသားထဲမှ နာကျင်ကိုက်ခဲနေရမှုများအပြင် ကျွင်းဟွိုင်လန် ယခုပင်သူရှာဖွေတွေ့ရှိခဲ့သော အမှန်တရားကြောင့် အနည်းငယ်ထိတ်လန့်နေရလေသည်။


ယခင်ဘဝတွင် ဤအဖြစ်အပျက်မှာ ဖြစ်ပျက်ခဲ့ပြီး ရွှယ်ယန်သည်လည်း ကျွင်းလင်ဟွမ်၏ဖော်ပြချက်ကြောင့် ထို " ထိုက်တန်သည် " ဟူဆိုသည့် အပြစ်ဒဏ်ကိုလက်ခံခဲ့ရလေသည်။ ထိုအချိန်မှစ၍ ကျွင်းလင်ဟွမ်မှာ ရွှယ်ယန်ကို မြွေတစ်ကောင်ကဲ့သို့ ရှောင်ရှားနေတော့မည်ဖြစ်သည်။ အဆုံး၌ သူမလေးသည် ခြောက်လှန့်ရလွယ်ကူသော ခြောက်နှစ်သမီးအရွယ်သာဖြစ်လေသည်။


ထို့ကြောင့် စာအုပ်ထဲတွင် ရွှယ်ယန်ပြောခဲ့သည့်အရာမှာကို ဖြေရှင်းချက်ရှိသွားပြီဖြစ်၏။


ကြည့်ရသည်မှာ ကျွင်းလင်ဟွမ်သည် ထို " သူတို့ " ဟု‌သူမပြောခဲ့သည့် သူများ၏လှည့်စားမှုကြောင့် ရွှယ်ယန်အငယ်လေးအပေါ် အာဃာတထားခဲ့ရပြီး နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ကျွင်းလင်ဟွမ် ရွှယ်ယန်ထံမှာ နားလည်၍မရသော အရှက်ခွဲလှောင်ပြောင်မှုများကို ကြုံတွေ့ခဲ့ရသည်မှာ ထိုသူများ၏ ‌အဓိပ္ပါယ်မရှိသော နောက်ပြောင်မှုများကြောင့်ပေလော….


ကျွင်းဟွိုင်လန်မှာ ထိတ်လန့်သွားပြီး သူ၏နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ မျက်လုံးထဲတွင် အေးစက်မှုများရှိနေခဲ့သည်။


ခန်းမထဲမှ လူများသည်လည်း ကျွင်းလင်ဟွမ်၏စကားကိုကြားလိုက်ရချိန်မှစ၍ သူတို့အမူအယာများပြောင်းလဲသွားကြကာ ဧကရာဇ်သည်ပင် သူ၏ဒေါသများအေးခဲသွားရသည်။


ကျွင်းရှောင်ဝူမှာမူ စိုးရိမ်တကြီးဖြစ်သွားကာ အမှုထမ်းတစ်ဦးစောင့်ထိန်းရမည့်ကျင့်ဝတ်များကိုပင် မေ့လျော့သွားခဲ့ပြီး အလျင်စလိုဖြင့် မေးလိုက်လေသည် " ဟွမ်အာ မင်းကိုအဲ့လိုအဓိပ္ပါယ်မရှိတဲ့အရာနဲ့ ခြောက်လှန့်ခဲ့တာဘယ်ကကောင်လဲ.. ဒုတိယအစ်ကိုကိုပြော.. ဒီအစ်ကိုတော်က အဲ့ကောင်ကို အိပ်ရာထဲကသုံးရက်မထွက်နိုင်အောင် ရိုက်နှက်ပေးလိုက်မယ်…"


ကျွင်းဟွိုင်လန် အလျင်အမြန် သူ၏မျက်လုံးကိုပင့်လိုက်ရပြီး ကျွင်းရှောင်ဝူညီမဖြစ်သူအား ထပ်မံ၍ခြောက်လှန့်မိနေခြင်းကို ကပျာကယာတားဆီးလိုက်ရသည်။


ကျွင်းလင်ဟွမ်၏ ကြို့ထိုးသံမှာ အနည်းငယ် ပို၍ပြင်းထန်လာသောကြောင့် ကျွင်းရှောင်ဝူအမြန်ထိုင်ချလိုက်ရပြီး သူမလေး၏ဆံပင်ကိုသပ်၍ ညှင်သာသောအသံဖြင့် ပြောလိုက်ရသည်


 " ဟွမ်အာ ဒုတိယအစ်ကိုတော်ကို ပြောပြပါဦး အဲ့ဒါဘယ်သူတွေလဲ…"


ကျွင်းလင်ဟွမ် ခဏကြာအထိရှိုက်ငိုနေပြီးမှ ပြောလာခဲ့သည်။


 " အဲ့ဒါက အစ်ကိုတော်အန်းကျယ်ရယ်.. ပြီးတော့ အစ်ကိုတော်မင်းသား၂ရယ် နောက် ကျန်တဲ့သူတွေတော့ ဟွမ်အာမသိတော့ဘူး…"


ကျွင်းဟွိုင်လန် ခေါင်းကိုမော့လျက် ခမ်းမထဲရှိ ဧကရာဇ်ချင်းဖျင်ထံသို့ လှမ်းကြည့်လိုက်သည်။


သဘာဝကျစွာပင် ကျွင်းလင်ဟွမ်၏စကားများကိုကြားလိုက်ရချိန်၌ ဧကရာဇ်မှာ ထိုကိစ္စ၌ သူ၏အခြားသားတော်များလည်း ပါဝင်နေမည်ဟု ထင်မထားမိချေ။ ထို့အပြင် ဒုတိယသားတော်ပြောခဲ့သည့် လူသားစားခြင်းအကြောင်းကို ကြားလိုက်ရချိန်၌ သူအလွန်တရာရှက်ရွံ့မိသွားသောကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။


" ဘယ်သူမှမရှိဘူးလား အမြန် သူတို့နှစ်ယောက်ကို ငါ့ရှေ့ခေါ်လာခဲ့ကြ…"


လင်းဖူ ကပျာကယာအမိန့်ကိုလက်ခံလိုက်ပြီး အမြန်ပြေးထွက်သွားကာ မိန်းမစိုးငယ်အချို့ကိုလူရှာရန် မှာကြားလိုက်သည်။


အချိန်ခဏအတွင်း ထိုသူနှစ်ဦးအား ခေါ်ဆောင်လာကြသည်။


ရွှယ်ယွင်စု၏တည်ငြိမ်နေမှုကို ကျွင်းဟွိုင်လန်မြင်နေရသော်လည်း အသေအချာကြည့်ရှုလိုက်မည်ဆိုပါက ထိုတည်ငြိမ်နေခြင်းမှာ အတုအယောင်ဖြစ်နေသည်ကို မြင်ရပေမည်။ ထို့အပြင် သူ၏နောက်တွင်ရှိနေသော အန်းရှင်းကျယ်သည်လည်း ပုခုံးများတသိမ့်သိမ်းတုန်နေပြီး ဒူးများပင်ပျော့ခွေနေကော လမ်းလျှောက်ရန်ခက်ခဲနေပုံပင်။


သူသည်အိမ်၌ မျက်လုံးဖြူဝံပုလွေတစ်ကောင်ကိုမွေးထားမိသည်ဟု ကျွင်းဟွိုင်လန် အေးစက်စွာ တွေးမိသွားခဲ့သည်။


ထိုသူနှစ်ဦးရောက်ရှိလာချိန်တွင် ဧကရာဇ်ချင်းဖျင်၏ရှေ့၌ ဒူးထောက်အရိုအသေပေးလိုက်ကြပြီးချိန်တွင် ဧကရာဇ်ပြောလာသည်ကို ကြားလိုက်ရသည်။


 " ဒုတိယသားတော်.. ကျွင်းမိသားစုရဲ့အကြီးဆုံးသခင်မလေးကို အအေးနန်းဆောင်စီခေါ်သွားတာ မင်းလား…"


ရွှယ်ယွင်စု ထိုအချိန်တွင် စိတ်တိုသွားခဲ့ရသည်။


ထိုမိန်းမငယ်လေးကို ခေါ်ဆောင်သွားခဲ့ခြင်းမှာ ထိုမျှအလုပ်များမည်ဟု မည်သူသိနိုင်ပါမည်နည်း… သူမသည် မြန်မြန်မလျှောက်နိုင်ရုံသာမက သူမကိုသယ်ဆောင်သွားရန်မှာလည်း မည်သူကမျှမဝံ့ရဲသောကြောင့် သိသိသာသာပင် ၎င်းမှာ ဝန်ထုပ်ဝန်ပိုးသာဖြစ်လေသည်။


သူသည် အအေးနန်းဆောင်၏သရဲခြောက်သောနေရာသို့ခေါ်ဆောင်သွားရဲသည်ဟု တော်ဝင်သခင်‌လေးများအကြားတွင် ကြွားဝါချင်ရုံမျှသာဖြစ်သည်။ အနည်းငယ်သော တော်ဝင်သခင်လေးများမှာ စိတ်လှုပ်ရှားတက်ကြွနေကြသောကြောင့် သူသည်လည်း ရှေ့တိုးလာကာ ဦးဆောင်ခေါ်လာခဲ့ကြသည်။ ထို့အပြင် ထိုမိန်းမငယ်လေးမှာလည်း သူတို့နှင့် တစ်လမ်းလုံးပါဝင်လာခဲ့ပြီး ခြောက်လှန့်သောစကားအနည်းငယ်နှင့်ပင် သူမလေးမှာ ထွက်ခွာရန် ကြောက်လန့်နေခဲ့သည်။


သို့သော်လည်း ထိုအချိန်မှသာ သူမကိုပြန်ပို့ပေးရန်မှာလည်း ဒုက္ခများလွန်းလှသည့်အပြင် သူသည်ထိုကလေးကို ရွှယ်ယန်ဒုက္ခဖြစ်စေရန်အတွက် ခေါ်ဆောင်သွားသည်ဖြစ်ရာ အဘယ့်ကြောင့်ပြန်‌ပို့ပေးရမည်နည်း..


သူတို့ခေါ်ဆောင်သွားရပေမည်။


Xxxxxxx