Chapter 33
ကျွင်းအန်းကျယ် ယုံလဲ့နန်းဆောင်၏ပွဲကြည့်စင်မှထွက်လာချိန်၌ ဧကရီမှာမူ ရှန်းရှီနှင့်စကားပြောရန်အတွက် ယုံနင်းမြို့စားထံသို့ သွားနေခဲ့သည်။ မင်းသား၂မှာ လူအုပ်ကြီးဖြင့်ဝန်းရံခံထားရသော်လည်း သူတစ်ဦးတည်းဖြစ်နေပြီး သူ၏နောက်မှ လိုက်ဝံ့သည့်သူမရှိခဲ့ပေ။
ကျွင်းအန်းကျယ်၏ခြေထောက်များမှာ ပျော့ခွေနေပြီး သူ၏စိတ်မှာမူ အက်ကွဲနေခဲ့သည်။
သူ၏ဖခင်အုပ်စိုးသောအရပ်မှာ လင်းနန်ဖြစ်ပြီး ထိုနေရာ၏လေထုမှာ လူကောင်းကိုပင် သေစေနိုင်သည်ဟူ၍သူကြားဖူးထားကာ အခြေအနေမကောင်းပေ။ သူသည် သေခြင်းနှင့်ရှင်ခြင်းကြား နေထိုင်ရန် တွန့်ဆုတ်နေခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း သူ့ကို မခံစားစေချင်သည့်အတွက် အဆုံးတွင် ယုံနင်းမြို့စားထံတောင်းဆိုနိုင်ခဲ့ပြီး ယုံနင်းအိမ်တော်တွင် နေထိုင်ခွင့်ရခြင်းဖြစ်သည်။
၎င်းမှာ အခြားသူများအပေါ်တွင် မှီခိုနေရခြင်းဖြစ်သော်လည်း လင်းနန်သို့သွားရခြင်းထက်တော့ သာလွန်နေသေးသည်။ ပို၍ကောင်းသည့်အချက်မှာ သူသည် မင်းသား၂၏မိတ်ဆွေအပေါင်းအသင်းဖြစ်ပြီး မင်းသား၂ပြီးလျှင် အကျော်ကြားဆုံးသူတစ်ဦးဖြစ်ရာ အလွန်ပင်အဖိုးထိုက်တန်လှကာ သူ့ကိုအထင်သေးရဲ့သည့်သူမရှိခဲ့ပေ။ တော်ဝင်မျိုးနွယ်သခင်လေးများအကြားတွင်လည်း သူသည် ပြောင်မြောက်သော စွမ်းဆောင်ရည်ရှိသူတစ်ဦးဖြစ်လေသည်။
သို့သော် ယခုအချိန်၌ ထိုအရာအားလုံး ပြီးဆုံးသွားရလေပြီ…
သူ ဧကရာဇ်ကို အပြစ်ပြုမိခဲ့ပြီး မင်းသား၂သည်ပင် သူ့ကိုမကယ်တင်နိုင်ခဲ့ချေ။ မင်းသား၂အတွက်မူ ထိုအရာမှာ သာမန်တော်ဝင်မျိုးနွယ်သခင်မလေးတစ်ဦးကို နောက်ပြောင်ခဲ့မိခြင်းဖြစ်သော်လည်း သူ့မှာမူ ၎င်းအရာသည် မင်းသားတစ်ပါးကို သွေးထိုးလှုံ့ဆော်သည့် ပြစ်မှုကြီးတစ်ခုဖြစ်သည်။
ကိစ္စများဤသို့ဖြစ်လာပြီး သူ့ထံတွင် လွတ်မြောက်ရန်လမ်းမရှိတော့သည်ကို ကျွင်းအန်းကျယ်သိရှိနေခဲ့သည်။ ထို့အပြင် ယခုအချိန်၌ သူ မိုင်ပေါင်းများစွာကွာဝေးသည့် အဆိပ်ငွေ့များပြည့်နှက်နေသော အဆိပ်ငွေ့များအပြည့်နှင့် လင်းနန်ပြည်နယ်ဆီသို့ သွားရောက်ရပေတော့မည်။
သူအခမ်းအနားသို့ ပြန်သွားရန်စိတ်မပါတော့ဘဲ ထိုက်ယဲ့ရေကန်၏မထင်ရှားသော ထောင့်တစ်နေရာတွင် ထိုင်ချလိုက်မိသည်။ သူ၏ရှေ့တွင် ထိုက်ယဲ့ရေကန်မှာ တောက်ပနေသော ရေခဲလွှာများဖုံးလွှမ်းနေပြီး ကန်ဘေးတွင်ချိတ်ဆွဲထားသော မီးပုံးများမှ ရေကန်ထဲတွင် ရောင်ပြန်ဟပ်နေခဲ့သည်။ ကန်၏ဆန့်ကျင်ရာအရပ်၌ နန်းဆောင်တော်များ ၊ မျှော်စင်များနှင့် အစိမ်းရောင်ကြွေပြားများခင်းထားသည့် လှပစွာတန်ဆာဆင်ထားသော အဆောက်အဦးများရှိနေခဲ့ကာ ကန်တွင် အရိပ်ထင်နေပြီး ယောင်ချီနတ်ဘုံနတ်နန်းသဖွယ် ထွန်းလင်းတောက်ပနေခဲ့သည်။
ယခင်အချိန်များတွင် သူသည်ထိုနန်းတော်များမှ လူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ အိမ်မက်တစ်ခုကဲ့သို့ နတ်ဘုံမှသည် လူ့ပြည်ဆီသို့ သက်ဆင်းရပေတော့မည်။
ထိုအချိန်တွင် ဖျော့တော့သော အရိပ်တစ်ခုသူ၏ရှေ့သို့ ဝင်ရောက်လာခဲ့သည်။
" မင်းသား၄…" ကျွင်းအန်းကျယ်လှည့်ကြည့်ချိန်၌ အံ့ဩသွားရကာ သူ၏နောက်တွင်ရပ်နေသော မင်းသား၄ဖြစ်သူ ရွှယ်ယွင်ဟုန်ကိုတွေ့မြင်လိုက်ရသည်။
သူနှင့်မင်းသား၂တို့မှာ အမြဲလို စိတ်တူကိုယ်တူရှိကြသော်လည်း ထိုမင်းသား၄မှာမူ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ သူတို့နှင့် မည်သည့်အချိန်ကဲ့မျှ မပတ်သတ်ခဲ့ပေ။ လင်းလက်တောက်ပကာ ချွန်မြနေသော သူ၏မျက်လုံးများမှာမူ ထိုနေရာတွင်ရှိနေသည့် ကျွင်းအန်းကျယ်ကို ကြည့်ရှုနေခဲ့သည်။
ကျွင်းအန်းကျယ်ပြန်လည်တွေးတော့မိခဲ့သည်။
" တကယ်သို့သာ ညီတော်၅က ကလေးကိုပျောက်စေခဲ့ရင် ခမည်းတော်တော့ သူ့ကိုထပ်ပြီးအပြစ်တင်နေတော့မှာ ငါကြောက်မိသား…" ထိုအချိန်တုန်းက ရွှယ်ယွင်ဟုန်မှာ အပြုံးတစ်ပွင့်ဖြင့် ပြောလာခဲ့သည်။
ရွယ်ယွင်စုမှာ အံ့ဩသွားပြီး " ရွယ်ယန်သူ့ကိုခေါ်ထုတ်သွားတာလား.. မင်းကဘယ်လိုလုပ်ပြီးသိတာလဲ…"
" ဒီတိုင်းပဲမြင်မိလိုက်တာလေ.. အမြင်မှားနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့…"
ထို့သို့ပြောလိုက်ပြီးနောက် ရွယ်ယွင်ဟုန်ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး " အစ်ကိုတော်၂က သိချင်တယ်ဆိုရင် သွားမေးလို့ရတာပဲ..ငါတော့ သောက်တာများလို့ ခေါင်းကိုက်နေတဲ့အတွက် အရင်သွားနှင့်တော့မယ်…"
ကျွင်းအန်းကျယ်မှာမူ ပဟေဠိများဖြင့် ရှုပ်ထွေးနေရသည်။
ထိုအချိန်တုန်းက မင်းသား၄မှာ နားရန်ပြန်သွားခဲ့သော်လည်း အဘယ့်ကြောင့်နိုးနေခဲ့ရသည်နည်း…
သူ၏မျက်နှာပေါ်မှ သံသယဝင်နေသည့်အမူအယာကြောင့် ရွှယ်ယွင်ဟုန်ပြုံးလိုက်ပြီး ပေါ့ပေါ့းပါးပါးပြောလာခဲ့သည်။
" အခုပဲနားနေရင်းကနေ ဆူဆူညံညံအသံတွေကြားမိလို့လေ..နောက် မင်းနဲ့အစ်ကိုတော်၂တို့ဖြစ်ခဲ့တာကို ကြားလိုက်လို့ စိတ်ပူမိသွားတာနဲ့ မင်းကိုလာကြည့်တာ…"
ကျွင်းအန်းကျယ်ကျေးဇူးတင်နေသည့် အမူအယာဖြင့် ကြည့်လိုက်ပြီး မျက်ရည်များဝေ့ဝဲလာကာ " အရှင်မင်းသားရဲ့ စိတ်ပူပေးမှုကိုကျေးဇူးတင်ပါတယ်..အခုချိန်ကစပြီးတော့ ကျွန်တော်မျိုးတော့ ထပ်မံဆုံတွေ့ခွင့်မရလောက်တော့ဘူးထင်တာပဲ…"
" ဘာလို့ ထပ်ဆုံလို့မရတော့မှာလဲ…" ရွှယ်ယွင်ဟုန် အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။
ကျွင်းအန်းကျယ်မှ ပြန်ဖြေလိုက်သည်။
" လင်းနန်ကဒီနဲ့ဆိုအရမ်းဝေးကွာလွန်းတယ်လေ .. ကျွန်တော်ဘယ်လိုလုပ်ပြီး ဒီကိုပြန်လာလို့ရတော့မှာလဲ…"
ထို့ကြောင့် ရွှယ်ယွင်ဟုန် ခေါင်းယမ်းကာ ပြုံးလျက် " အစ်ကိုတော်၂ကမင်းနဲ့ခွဲခွာဖို့ကို တွန့်ဆုတ်နေသရွေ့ အကွာအဝေးဆိုတာပြသနာမဟုတ်တော့ပါဘူးလေ.."
ကျွင်းအန်းကျယ်သည်လည်း ထိတ်လန့်သွားပြီး " မင်းဆိုလိုချင်တာက…"
ရွှယ်ယွင်ဟုန် နူးညံ့စွာပြောလာခဲ့သည် " မင်းက အစ်ကိုတော်၂နဲ့ ကလေးဘဝထဲက အတူတူရှိခဲ့ကြတာ..ဒီလိုမိတ်ဆွေဆက်ဆံရေးကို ဘယ်သူကများ ယှဉ်နိုင်မှာမလို့လဲ..မင်းထွက်သွားရတော့မဲ့အချိန်ကျရင် အင်ပါယာအစ်ကိုတော်၂ကိုတွေ့ဖို့ အကြောင်းပြချက်တစ်ခုရှာပြီး နှုတ်ဆက်စကားပဲပြောလိုက်… သူမင်းကိုသွားခွင့်ပေးမှာမဟုတ်ဘူး.. အဲ့ကျမှ မင်းငိုပြလိုက်ရင် အစ်ကိုတော်၂ကဒီလောက်စိတ်ထားနူးညံ့တာ သူသေချာပေါက်မင်းကိုအမှတ်ရနေပြီးတော့ လင်းနန်မှာ အကြာကြီးခံစားနေစေမှာမဟုတ်ဘူး…"
ကျွင်းအန်းကျယ်၏ အမူအယာမှာ တဖြည်းဖြည်းရွှင်ပြလာခဲ့သည်။
အမှန်ပင်။ သူမည်သို့မေ့နိုင်ပါမည်နည်း.. သူ၏ကံကြမ္မာကို ကိုယ်တိုင်မဆုံးဖြတ်နိုင်သော်လည်း နန်းတွင်းထဲ မင်းညီမင်းသားများကတော့ မတူပေ။
33.2
သူ၏စကားကိုအလေးအနက်နားထောင်နေသည်အား မြင်လိုက်ရချိန်တွင် ရွှယ်ယွင်ဟုန်ရယ်မောလိုက်ကာ ထပ်မံတိုက်တွန်းလိုက်သည်။
" အဲ့အချိန်ကျရင် မင်းပြောရမဲ့တစ်ခုတည်းသောအရာက မင်းအစ်ကိုတော်၂နဲ့မခွဲနိုင်ဘူးဆိုတာကိုပဲ…ပြီးတော့ ရွှယ်ယန်မင်းကို ထိခိုက်စေခဲ့တယ်လို့လဲပြောရမယ်..အစ်ကိုတော်၂က ရွှယ်ယန်ကို ဒီလောက်မုန်းတီးနေတာ သူသေချာပေါက်မင်းအတွက် ကူညီပေးမှာပဲ.. သူမင်းကိုပြန်ခေါ်နိုင်လို့ ကြိုးစားလာလိမ့်မယ်…"
ကျွင်းအန်းကျယ် ရွှယ်ယွင်ဟုန်ပြောသမျှစကားလုံးတိုင်းကို အလျင်အမြန်ချရေးလိုက်ပြီး အကြံပေးမှုအတွက် ရွှယ်ယွင်ဟုန်ကိုကျေးဇူးတင်စကားဆိုလိုက်သည်။
ရွှယ်ယွင်ဟုန် အပြုံးတစ်ပွင့်ဖြင့် " ဘာအတွက်လဲ.. ဒါပေမယ့် ငါကတော့ မင်းကိုဒီအတိုင်းလွှတ်ပေးလိုက်ဖို့ကို တွန့်ဆုတ်နေလို့ပဲလေ..အဲ့ဒါကြောင့် မင်းအတွက်အကြံလာပေးရုံပဲရှိတာပါ…"
မင်းသား၂မှာ သူနှင့်နက်ရှိုင်းသောဆက်ဆံရေးရှိနေခဲ့ပြီး မင်းသား၄မှာလည်း သူ့ကိုမခွဲနိုင်သည့်ပုံပြနေသဖြင့် ကျွင်းအန်းကျယ်အနည်းငယ်ခံစားသွားရသည်။
သူ၏မာနအထိခိုက်ခံကာ အောက်ကျို့ခဲ့ရသောနှစ်များမှာ လုံလောက်သွားလေပြီ…
ရွှယ်ယွင်ဟုန် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး " မင်းလဲ အခုသဘောပေါက်သွားပြီဆိုတော့ ပွဲထဲပြန်သွားကြတာပေါ့…ကန်နားမှာ လေအတော်တိုက်နေတယ်..မင်းကအဝတ်ပါးပါးလေးပဲပါတာ အအေးမိမခံနဲ့ဦး…"
သဘာဝကျစွာပင် ကျွင်းအန်းကျယ်သူ့ကို မည်သည့်သံသယမှမဝင်ခဲ့ဘဲ အရိုအသေပေးကာ ထွက်လာခဲ့လိုက်သည်။
သူပြန်လာနိုင်မည့် အခွင့်အရေးရှိသည်ဆိုကထဲက သူစိတ်ပူနေရန်မလိုတော့ပေ။ အထက်တန်းလွှာအသိုင်းအဝိုင်းတွင်လည်း သူ့ထံ၌ အသိအကျွမ်းအနည်းငယ်ရှိနေသေးသဖြင့် သူတို့၏ဆက်ဆံရေးအတွက် သူပြန်သွားရန်လိုအပ်နေသည်။
ကျွင်းအန်းကျယ်ထွက်ခွာသွားသည်ကို ရွှယ်ယွင်ဟုန်မှ ပြုံးလျက် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် တခစ်ခစ်ရယ်ရင်း သူ့ကိုယ်သူပြောနေလိုက်သည် " ဉာဏ်ရှိတဲ့သူတွေက လှည့်ကွက်တွေအသုံးပြုပေမယ့် အရူးတွေကတော့ ခွန်အားကိုသုံးကြတာ.. ရှေးလူကြီးတွေက လှည့်စားထားတာမဟုတ်ဘူးပဲ…"
မင်းသား၂၏စွမ်းဆောင်ရည်မှာ အလေးထားစရာကောင်းသော်ငြား သူ့ထံတွင် အားကောင်းသော မိခင်ဘက်မှ မိသားစုနောက်ခံမရှိချေ။ ထိုသူမှာ မည်ကဲ့သို့ ကျွင်းအန်းကျယ်ကို ကယ်တင်နိုင်ပါမည်နည်း ၊ သူကျွင်းအန်းကျယ်ကို မင်းသား၂ထံပြောပြဖို့ အကြံပေးလိုက်ခြင်းမှာ မင်းသား၂နှင့် ရွှယ်ယန်တို့အကြားရှိ သဘောထားကွဲလွဲမှုကို ပြင်းထန်စေဖို့အတွက် နောက်ဆုံးမီးစာကို ညှိလိုက်ရုံသာဖြစ်သည်။
ရွှယ်ယွင်ဟုန် သူ၏လက်ကိုနောက်သို့ပစ်လျက် ထွန်းလင်းတောက်ပနေသည့်ကန်ရေပြင်သို့ စိုက်ကြည့်နေခဲ့သည်။ အလင်းရောင်များမှာ သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေခဲ့သော်လည်း မည်သည့်အပူချိန်ကိုမျှမပြသနေသလိုပင်။
သူသည်အမှိုက်များကို ရှင်းလင်းချင်သူဖြစ်သော်လည်း ကိုယ်တိုင်လုပ်ဆောင်ရန်မလိုပေ။ အခြားသူအပေါ်အခွင့်အရေးယူတတ်သည့် စွမ်းရည်မှာ ဘုရင်တစ်ပါးဖြစ်လာရန်အတွက် သူ၏မယ်တော်မိဖုရားမှ သင်ကြားပေးထားသည့်အချက်တစ်ခုဖြစ်သည်။
ယခုနှစ်ကဲ့သို့ပင် ရွှယ်ယန်နှင့် သူသည်တစ်ပြိုင်နက်တည်း မွေးဖွားလာပြီး အရှေ့နှင့်အနောက်ကဲ့သို့ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူ၏မွေးမိခင်မှာ မျက်နှာသာမပေးခံရသော ကိုယ်လုပ်တော်တစ်ဦးဖြစ်နေခဲ့ပြီး ရွှယ်ယန်၏မိခင်မှာမူ ဘုရင့်မောင်းမဆောင်မှ မျက်နှာသာအပေးခံရဆုံး ကိုယ်လုပ်တော်ရုန်ဖြစ်နေခဲ့သည်။ ထိုအချိန်တုန်းက ဧကရီ၏ဝမ်းဗိုက်ထဲတွင် ကလေးမရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သောကြောင့် လူတိုင်းမှာ ကိုယ်လုပ်တော်ရုန်ကိုသာ စောင့်ကြည့်နေခဲ့ကြသည်။ သူ၏မွေးမိခင်မှာ ကိုယ်လုပ်တော်ရုန်ကို ကြမ်းတမ်းစွာသေဆုံးစေရန်နှင့် ရွှယ်ယန်၏အင်အားများကို ကျဆင်းသွားစေရန် မျိုးစုံသောသူများမှခွန်အားများကို ငှားရမ်းခဲ့ရပြီးနောက် မူလအစက ရွယ်ယန်ထံတွင်ရှိနေကြသော မျက်လုံးများမှာ သူ့ဆီသို့ကျရောက်လာကြသည်။
ယခုအချိန်၌ သူ့ထံတွင်လည်း ထိုစွမ်းရည်ရှိလာခဲ့ပြီး မြောက်မြားစွာသော ဦးနှောက်မရှိသည့်အရူးများ၏အကူအညီများဖြင့် သူ ရွှယ်ယန်အားမျက်နှာသာပေးမှုများကိုကျဆင်းစေပြီး မည်သို့မျှ လှည့်ပြန်မလာနိုင်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။
အဆုံးတွင် သူ၏မိခင်ဖြစ်သူပြောကြားခဲ့သည်မှာ ဒုက္ခများကို ရှောင်ရှားနိုင်ရန်အတွက် ရန်သူဟောင်းများကိုအချင်းချင်းသတ်စေရမည်ဟူ၍ပင်ဖြစ်သည်။
ထိုအရူးများမှာ အသွားတုံးနေသော ဓားများကဲ့သို့ အသုံးမဝင်လှကာ သူတို့လူမသတ်ခင်တွင်ပင် အသွားများကောက်ကွေးနေပြီဖြစ်သည်။
ရွယ်ယွင်ဟုန် မြင်ကွင်းများရောင်ပြန်နေသည့် ရေကန်၏မျက်နှာပြင်ပေါ်သို့ကြည့်ကာ စိတ်ပျက်မှုကြောင့် သက်ပြင်းချလိုက်မိသည်။
......
တော်ဝင်မြို့တော်၏ အရှေ့နောက် နန်းဆောင်ခြောက်ခုအလယ်တွင် ချီချန်းလောဘုရား (ပုံပြင်ခုနစ်ခုဘုရား) တစ်ဆူရှိသည်။ ဘုရား၏ဗုဒ္ဓကျောင်းဆောင်တော်များရှေ့တွင် ခမ်းနားလှပသော ခန်းမကြီးတစ်ခုရှိပြီး ဝတ်မပြုခင် ထွန်းညှိလေ့ရှိသော အမွှေးနံ့သာများမှာ နေ့ရောညပါ ထုံမွှန်းနေပြီး ညဘက်အချိန်တွင်မူ ဘုန်းတော်ကြီးများမှာ သစ်သားနှင့်ပြုလုပ်ထားသည့် ငါးပုံစံအုန်းမောင်းကို ခေါက်ကာ တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ဝတ်ပြုဆုတောင်းနေကြသည်။
ညမှာ အတော်အတန် နက်နေပြီဖြစ်သောကြောင့် အဝေးတစ်နေရာမှာ အချိန်ကိုအချက်ပြသည့်အသံအားကြားနေရသည်။
ဗုဒ္ဓခန်းမဆောင်၏အလယ်တွင် ရွှယ်ယန်မှာ ဒူးထောက်နေပြီး အရှေ့တွင်ရှိသော လက်မအနည်းငယ်မျှမြင့်မားသည့်ဗုဒ္ဓဆင်းတုတော်ကို စိုက်ကြည့်နေခဲ့သည်။ ဆင်းတုတော်၏မျက်လုံးများမှာ သနားကြင်နာကာ စာနာတတ်မည့်ပုံပေါ်နေပြီး မျက်လွှာအနည်းငယ်ချထားကာ သူ၏အရှေ့ကိုငုံ့ကြည့်နေပုံပေါ်သည်။သူ၏ဘေးတွင် လော်ဟန့်ရဟန္တာရုပ်တုများမှာ မတူညီသည့် မျက်နှာအမူအယာများဖြင့် ရှိနေကြပြီး မျက်လုံးများဖွင့်ထားလျက် ဖယောင်းတိုင်အလင်းရောင်များကြားတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ရွှယ်ယန်ခေါင်းကိုမော့လိုက်ချိန်တွင် ဗုဒ္ဓဆင်းတုတော်၏မျက်လုံးများနှင့်ဆုံလိုက်ရသည်။ သူခဏကြာစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ဟမ့်ခနဲနှာမှုတ်လိုက်သည်။
သူတစ်ဦးတည်းသာကြားနိုင်သည့်အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ " ရူးမိုက်တာလား တံားအတာလား.. ငါ့လိုလူအတွက်က ဘာတန်ဖိုးရှိမှာမလို့လဲ…"
သူယနေ့တွင် အကြမ်းပတမ်းဆက်ဆံခံခဲ့ရသည်မှာ သူအချိန်ခဏတာ စိတ်လွတ်သွားပြီး မလိုအပ်သည့်အရာများကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းကို ဝန်ခံရပေမည်။ အရင်အချိန်တုန်းက ထိုအရာများမှာ မဖြစ်ပျက်ခဲ့ဖူးပေ။ အဘယ့်ကြောင့်ဆိုသော် အတိတ်တွင် သူ၏ဘဝမှာ အမြဲလိုတူညီနေကာ ကျွင်းဟွိုင်လန်ကဲ့သို့သော သူမျိုးနှင့်မဆုံတွေ့ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းအား လှည့်စားချက်တစ်ချက်ဟုဆိုနိုင်ပေမည်။ သူသည် တုန်းချန်မှလူများ သူတကယ် သူတို့၏နောက်လိုက်ခွေးဖြစ်လာသည်ဟု ယုံကြည်လာမည့်ကိုနေ့ကိုစောင့်နေခြင်းဖြစ်ရာ ထိုကိစ္စမှာ သူ့အတွက် အခွင့်အရေးတစ်ခုဟူ၍ သူ၏အသိစိတ်မှပြောကြားနေခဲ့သည်။
သူလုပ်ဆောင်ရန်ရှိသည်မှာ တိတ်ဆိတ်စွာနေနေရင်းမှ လူများသူ့ကိုလာတိုက်ခိုက်မည်အားစောင့်ဆိုင်းနေရန်ဖြစ်သည်။ ပြစ်တင်ပြောဆိုကြခြင်းများမှာ အများအားဖြင့် ထူးထူးထွေထွေမရှိချေ။ ထို့အပြင် သူသည်လည်း တန်ပြန်ပြောဆိုတတ်သည့်အကျင့် မည်သည့်အချိန်ကမျှမရှိသောကြောင့် သူ၏ကိုယ်ပေါ်ရှိ သွေးများကိုမှီခိုကာ တုန်းချန်၏ဝံပုလွေများကိုမြူဆွယ်နိုင်ရန်အတွက် ထိုကိစ္စပြီးဆုံးသွားပြီး အပြစ်ပေးလာသည်ကိုစောင့်ဆိုင်းနေမည်သာဖြစ်သည်။
သို့သော် ယခုအချိန်မှာမူ ကွာခြားနေခဲ့သည်။
Xxxxxxxx