အပိုင်း ၃၅
Viewers 15k

Chapter 35


မမျှော်လင့်ဘဲ သူ၏အလုပ်မစခင်ပင် ပွဲပြတ်သွားခဲ့ရပြီဖြစ်သည်။ သူခိုးကြောင်ခိုးဝှက်မလုပ်ခင်မှာပင် လူမိသွားခဲ့ရသည်။


" အစကတော့ ငါမင်းဆီကိုလာလည်တာပဲ.." ကိုယ်လုပ်တော်ရှုမှ သူ၏အကြည့်နှင့်ဆုံလိုက်ချိန်တွင် သဘာဝမကျစွာ အကြည့်လွှဲလိုက်ပြီး အဓိပ္ပါယ်နှစ်မျိုးကိုဖော်ဆောင်နေသည့် အေးစက်နေသော အမူအယာဖြင့် " မင်းရဲ့အစေခံတွေကိုသာ သွားခွင့်ပေးလိုက်လို့ရတော့..ဒီနန်းတော်ကဆိုလိုချင်တဲ့အတိုင်းဖြစ်သွားမှာပဲ.. ဒီလိုကိစ္စတွေက မင်းရဲ့လူကပဲလုပ်ရတာ ကလေးရဲ့…"


ကျွင်းဟွိုင်လန်မှာ ပဟေဠိဖြစ်နေခဲ့သည်။ ထို့နောက်တွင် ကိုယ်လုပ်တော်ရှုမှ သူမ၏လက်ကိုမြောက်ကာ သူ၏အရှေ့သို့ပစ္စည်းတစ်ခုလှမ်းပေးလိုက်သည်။


ကျွင်းဟွိုင်လန် ငုံ့ကြည့်လိုက်ချိန်၌ လေးလံသော ခြုံထည်တစ်ဆောင်ကိုမြင်လိုက်ရလေသည်။


" ဗုဒ္ဓခန်းမဆောင်ကညဆိုရင်အေးတယ် ဒါကိုသူ့ဆီယူသွားပေးလိုက်…" ကိုယ်လုပ်တော်ရှု သူမ၏မျက်လုံးများကို ကို့ရို့ကားယားနိုင်စွာ လှန်လိုက်ပြီး သာမန်အကြည့်တစ်ချက်ဖြင့် " ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေက နန်းတော်ကသူ့အပေါ်ကိုမှားယွင်းမိခဲ့တာပဲလေ…"


......


တောင်ပိုင်းကောင်းကင်၏အပြင်ဘက် ရင်းဟယ်မြစ်နံဘေးတွင် တိမ်ပင်လယ်အကြား၌ ပေတစ်ရာ့နှစ်ဆယ်မြင့်သောနတ်သစ်ပင်တစ်ပင်တည်ရှိလေသည်။ နတ်သစ်ပင်၏သစ်ကိုင်းများမှာ ထူထဲလှပြီး ကြည်လင်သောမက်မွန်ပွင့်များပြည့်နှက်နေ၏။


သစ်ပင်အောက်တွင် ကျားကွက်ကစားနေသော သူနှစ်ဦးရှိနေပြီး လူကြီးထဲများထဲမှ တစ်ဦးမှာ အဖြူရောင်ဆံပင်နှင့်မုတ်ဆိတ်‌မွှေးများရှိပြီး ကျားခုံပေါ်တွင် အ‌ချိန်အတန်တွေးတောနေကာ သူ၏လက်ထဲမှကျားစေ့ကို ခုံပေါ်သို့ရိုးရိုးရှင်းရှင်းလွှင့်ပစ်လိုက်ပြီး ကစားပွဲကိုဖျက်ဆီးလိုက်သည်။


" ဒီနတ်ဘုံတစ်ခုလုံးမှာ ပန်ရှင်းကျွင်းက ဆိုးရွားတဲ့ ကျားကစားသမား‌ဆိုတာကိုဘယ်သူမသိလို့လဲ..ကျောက်စိမ်းဧကရာဇ်တောင်မှ ငါ့ကို ခြေလှမ်းအနည်းငယ်ချန်လှပ်ထားသေးတယ်.. မင်းလိုမြေအောက်ကမ္ဘာကကောင်ကတော့ ငါ့ကိုအမြဲလိုကိုသတ်ပစ်နေတော့တာပဲ…"


လူအိုကြီးမှာ စိတ်မပြေနိုင်သေးဘဲ လက်ကိုဆန့်လျက် ကျားခုံကိုတွန်းကာ ရှုပ်ထွေးသွားစေခဲ့သည်။


သူ၏အရှေ့တွင်ထိုင်နေသော တိဖူ ဖုကျွင်းမှ " မေ့လိုက်တော့..ငါဒီနေ့နတ်ခုံရုံးကိုလာတာက မင်းနဲ့ကျားကစားဖို့မဟုတ်ဘူး လူအိုကြီးရဲ့…ငါမင်းကိုမေးစရာရှိလို့ အဲ့နေ့တုန်းက အဖြူအမည်းညီနောင်ကမှားခေါ်ခဲ့တဲ့ဝိဉာဉ်ကို ကိုင်တွယ်ခဲ့သေးလား.."


မင်ကောရှင်းကျွင်းမှ သူ၏မုတ်ဆိတ်မွှေးကိုသပ်လိုက်ပြီး ပြောလိုက်လေသည် " ပြီးခါနီးပါပြီ… ပန်ရှင်းကျွင်းက သူ့ကိုအိမ်မက်တွေအများကြီးပေးခဲ့တာလေ… ဒါပေမယ့်အဲ့ကလေးက တကယ့်ကိုဘုရားသားတော်ပဲ သူ့ရဲ့စိတ်ကမာကျောလွန်းတယ်…အဲ့ဒါကြောင့် သူ့ရဲ့အသိကိုမရနိုင်သေးတာ.. အခုရက်ပိုင်းတော့ အဲ့ဒါက ပြီးခါနီးပါပြီလေ…"


ဖုကျွင်းမှ မျက်မှောင်ကြုတ်လျက် " အိမ်မက်ထဲကိုလား…ဒါကကောင်းတဲ့လှုပ်ရှားမှုလို့မင်းထင်တယ်ပေါ့လေ…သူ့ရဲ့ဘဝကိုနတ်ဆိုးကြယ်နဲ့တွဲချည်ထားတာ ပြီးတော့ ထပ်ပြီးတော့လည်းရှင်သန်ရဦးမယ်…အဲ့ဒီအချိန်တုန်းက သတ်ဖြတ်ရေးကြယ်က ကမ္ဘာပေါ်မှာ အမတသွေးချောင်းစီးစေတယ်လို့မင်းထင်တာပေါ့.. ဘာလို့များလဲနော်.. အဲ့ဒါက ယွဲ့လောင်သူတို့ကြားကို ဖူးစားရေးကြိုးနီမချည်ပေးခဲ့လို့လေ…အဲ့ဒီသူကို နတ်ဆိုးကိုဖိနှိပ်ဖို့ အထူးတလည်ပေးပို့ခဲ့ပြီးတော့ သူတို့ကိုခိုင်ခိုင်မချည်ပေးခဲ့မှ‌တော့ ဘယ်လိုလုပ်ပြီး နတ်ဆိုးကိုဖိနှိပ်လို့ရဦးမှာတဲ့လဲ…"


သူထပ်ပြောလိုက်သည် " ဒါပေမယ့် မင်းရေးတဲ့စာတွေကိုတော့ သူဖတ်နိုင်တဲ့ပုံပဲနော်…"


မင်ကောရှင်းကျွင်းမှ ကို့ရို့ကားယားဖြင့် ချောင်းဟန့်လိုက်ပြီး " အဲ့ဒါကြောင့် ငါသူ့ကိုအိမ်မက်ပေးခဲ့တာပေါ့..ငါသူ့ကိုအိမ်မက်တွေပေးနေရတဲ့အကြောင်းရင်းကလည်း ငါအဲ့စာအုပ်ကိုအရင်ဆုံးရေးမိခဲ့လို့ပဲ…"


ဖုကျွင်းမှ မေးလာခဲ့သည် " အဲ့ဒါကတကယ်ကြီးအလုပ်ဖြစ်ပါ့မလား…"


သူ့အပေါ်မေးခွန်းထုတ်လာမှုကြောင့် မင်ကောရှင်းကျွင်းမှ ဒေါသတကြီးဖြင့် " ဒီလူအိုကြီးရေးခဲ့တဲ့စာအုပ်က မင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်ထက်တောင် ပိုထူသေးတာကို မင်းကငါ့လောက်နားလည်နိုင်မှာမလို့လား…"


သူခေါင်းမာမိသွားသည်ကို ဖုကျွင်းသိနေသောကြောင့် ထိုစကားကိုကြားလိုက်ရချိန်တွင် သူမည်သည့်စကားမျှထပ်မပြောတော့ချေ။ သူ မင်ကောရှင်းကျွင်းကို ထိုကိစ္စအားတာဝန်ယူခိုင်းလိုက်ထဲက စိတ်သက်သာရသွားရပြီဖြစ်သည်။


အကယ်၍ မင်ကောရှင်းကျွင်းသာ ထိုအရာကိုလုပ်ဆောင်ခဲ့ပါက သူ့အတွက်ပြသနာအတော်များများကို ရှင်းလင်းပေးနိုင်မည်ဖြစ်သည်။ အထီးကျန်သတ်ဖြတ်ခြင်းကြယ်ခုနစ်လုံးမှာ တောင်ပိုင်းကောင်းကင်ပေါ်တွင် မြင့်မားစွာနေရာယူထားပြီး နှစ်တစ်သောင်းလျှင်တစ်ခါ ကမ္ဘာမြေပြင်ပေါ်သို့သက်ဆင်းကာ သွေးချောင်းစီးစေသဖြင့် ငရဲပြည်ကို အချိန်အတော်အတန်ကြာအလုပ်များစေခဲ့သည်။ သူသည် ကိုးဆယ့်ကိုးကြိမ်တောင် ထိုကိစ္စကြောင့် အလုပ်များခဲ့ရသည်ဖြစ်ရာ ယခုနောက်ဆုံးအကြိမ်တွင်တော့ သူ့အတွက်နားရန်အချိန်ရောက်လာပြီဖြစ်သည်။


ထို့ကြောင့် ဖုကျွင်းထရပ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။


သူထွက်သွားတော့မည်အပြုတွင် မင်ကောရှင်းကျွင်းမှ သူ့ကိုထပ်မံတားဆီးလိုက်ပြန်သည်


 " နေဦး ငါ့မှာလည်း မင်းကိုမေးစရာရှိသေးတယ်…"


သူလှည့်ကြည့်လိုက်ချိန်တွင် တူညီသောနေရာ၌ထိုင်နေသည့်လူအိုကြီးမှာ သူ၏လက်များကိုဝှေ့ယမ်းလျက် နေရခက်နေသည့်အမူအယာဖြင့် " အဲ့ဒီမိန်းကလေးငယ်လေး မြေအောက်ကမ္ဘာမှာဘယ်လိုနေနေလည်းမသိဘူးနော်.. မင်းကော ကြည့်ချင်လား…"


ဖုကျွင်းမှာ ရှူပ်ထွေးနေပြီး " မင်းဘာကိုစောင့်နေတာလဲ.."


မင်ကောရှင်းကျွင်း ချောင်းဟမ့်လိုက်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး " ဘာမှမဟုတ်တော့ဘူး ပြန်ကြတာပေါ့.."


ထိုအရာကို မင်ကောရှင်းကျွင်းအနားလည်ဆုံးဖြစ်သည်။ မည်သူကများ ကမ္ဘာပေါ်ကမိန်းကလေး‌တွေအကြောင်းကိုဂရုစိုက်နေလို့လဲ…စာအုပ်ထဲက ပုံပြင်ကစိတ်ဝင်စားဖို့ကောင်းနေသရွှေ့ အမျိုးအစားကဘာများအရေးပါလို့လဲလေ...


လွန်ခဲ့သောရက်အနည်းငယ်အတွက် သူသည်နတ်ဆိုးကြယ်ကိုစိုးရိမ်နေခဲ့ရသည်ဖြစ်ရာ လူ့လောကသို့ နေ့တိုင်းလိုလိုစောင့်ကြည့်နေခဲ့ရသည်။ အကြိမ်ရေအတော်များများစောင့်ကြည့်ပြီးချိန်တွင် ထိုသူနှစ်ဦးမှာ စိတ်ဝင်စားစရာကောင်းလာကာ စာအုပ်တစ်အုပ်ရေးရန်ထိုက်တန်မည်ဟုထင်မိလာပြန်သည်။


မင်ကောရှင်းကျွင်း၏လက်များ ထပ်မံ၍ ယားယံလာခဲ့ရလေသည်။


.........


ပို၍များပြားသောအသံများထွက်ပေါ်လာပြန်သည်။ 


ရွှယ်ယန် ဗုဒ္ဓဆင်းတုတော်ရှေ့တွင် ဒူးထောက်ထိုင်နေကာ ပျင်းတိပျင်းရွဲဖြင့် သူဖတ်ခဲ့သော စစ်‌မှုရေးရာစာအုပ်ကို အလွတ်မှတ်နေလိုက်သည်။ ထိုစစ်စာအုပ်မှာ သွေးထွက်သံယို သတ်နည်းဖြတ်နည်းများဖြင့် ပြည့်နှက်နေခဲ့သည်။ လောကသုံးဘုံ၏သက်ရှိအားလုံးကို သနားညှာတာတတ်သော ဘုရားသခင်ရှေ့တွင် ထိုကဲ့သို့သော စာအုပ်မျိုးဖတ်နေရခြင်းအပေါ် ရှက်ရွံ့အားနာခြင်းပင်မရှိဘဲ ရွှယ်ယန်စာလုံးများကို ထပ်ခါတလဲလဲ ပြန်ရွတ်ဆိုနေခဲ့သည်။ 


ထိုအချိန်တွင် သူ့နောက်မှ ဗုဒ္ဓနာမည်ကိုရွတ်ဆိုနေသော အသံသေးသေးလေး တစ်ခုကို ကြားလိုက်၏။

35..2


"အော်မီတော်ဖော် မနေ့ညက ဒကာလေးရောက်လာတာပဲ.. ဘာကိစ္စရှိလို့လဲမသိဘူး…" ရွှယ်ယန် ထိုအသံသေးသေးလေးမှ မေးလိုက်သည်ကို ကြားလိုက်၏။ 


ထိုသူမှာ တုန်းချန်ဆီမှ လူမဟုတ်ကြောင်းကို ရွှယ်ယန်အသေအချာပင်သိလိုက်သည်။ တုန်းချန်၏ အလုပ်သမားများမှာ ခြေရာလက်ရာမပျက် သွားလာနေကြသူများဖြစ်ပြီး ခြေလက်လက်ရာဖုံးနိုင်ရန်လည်း အထူးအလေးပေးဆောင်ရွက်ကြသောကြောင့် ဘုန်းတော်ကြီးငယ်လေးက သူတို့ကို သတိထားမိရန်မှာ မဖြစ်နိုင်ချေ။


ထို့နောက် တောင်ကျစမ်းချောင်းအတွင်းမှ နှင်းကဲ့သို့ အေးမြကြည်လင်ပြီး နူးညံသောအသံလေးကို ကြားလိုက်ရ၏။ 


" ကျွန်တော်ညဘက်အိပ်မပျော်တာနဲ့ ဘုရားကိုလာဝတ်ပြုတာပါ…" ဟု ‌ပြောလိုက်သည်။ 


" ကိုရင်ငယ်လေးက ကျွန်တော့်ကို ဂရုစိုက်ပေးဖို့မလိုတော့ပါဘူး သွားနားလို့ရပါပြီ…" 


ကျွင်းဟွိုင်လန်လား…


ရွယ်ယန်၏နောက်ကျောမှာ အအေးဒဏ်ကြောင့် တောင့်ခဲနေပြီး အိမ်မက်ယောင်နေသကဲ့သို့ သူ၏စိတ်မှာခဏတာမျှ ဗလာဖြစ်သွားကာ မည်သည့်အရာကိုမှ မသိနိုင်တော့သလိုဖြစ်သွားခဲ့ရသည်။


ကျွင်းဟွိုင်လန် ဒီနေရာမှာ ဘာလာလုပ်နေတာလဲ…


ထိုနေရာတွင် ကိုရင်ငယ်လေးမှ ကျွင်းဟွိုင်လန်ကို ဗုဒ္ဓတရားတော်မှဆုမွန်ကောင်းများ တောင်းပေးလိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားသည်။ ကိုရင်ငယ်လေး ထွက်ခွာသွားသည်ကိုကြည့်ရင်းမှ ကျွင်းဟွိုင်လန်သက်ပြင်းတစ်ချက်ချလိုက်ကာ သူ၏လက်ထဲရှိအထုပ်ကို ကို့ရို့ကားယားနိုင်စွာဖြင့် တစ်ချက်ငုံ့ကြည့်လိုက်သည်။


အဝတ်၏အောက်တွင်မူ အစားအသောက်ဘူးကို အဖိုးတန်အစဖြင့် သပ်ရပ်စွာထုပ်ပိုးထားသည်။


ကိုရင်ငယ်လေးအဝေးသို့ရောက်သွားချိန်တွင် ကျွင်းဟွိုင်လန်လှည့်ကာ ဗုဒ္ဓခန်းမဆောင်အတွင်းသို့ ကြည့်လိုက်လေသည်။


ခန်းမအတွင်းတွင် မီးပုံးများထွန်းထားမှုကြောင့် အလွန်တရာထိန်လင်းနေကာ ဗုဒ္ဓရုပ်ထု၏ပလ္လင်ရှေ့တွင် ဖယောင်းတိုင်ရှည်ရှည်များ အတန်းလိုက်စီတန်းထွန်းညှိထားပြီး တောက်ပသောရွှေရောင်အလင်းကိုထုတ်ဖော်နေသည်။ ရှည်လျားပြီး လစ်ဟာနေသော ဗုဒ္ဓခန်းမထဲတွင် ရွှယ်ယန်မှာ ခါးမတ်မတ်ထားကာ ဒူးထောက်နေပြီး ကြီးမားသောဗုဒ္ဓဆင်းတုများ၏ဝန်းရံထားမှုကြောင့် သူ့အားအနည်းငယ်သေးငယ်နေသလို ‌ဖြစ်စေခဲ့သည်။


ကျွင်းဟွိုင်လန် တံခါးဘောင်ကိုကျော်ကာ ဝင်လာခဲ့သည်။ 


ကျွင်းဟွိုင်လန် ရွှယ်ယန်၏ဘေးတွင်ရပ်ကာ ခေါင်းငုံ့ပြီး သူ့ကိုကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှယ်ယန် ကလည်း ခေါင်းမော့လိုက်သော‌ကြောင့် သူ့မျက်ဝန်းထဲတွင် နွေး‌ထွေးသည့် အဝါရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။


မီးတိုင်များ၏ရောင်ပြန်ဟပ်မှုကြောင့် အလွန်နွေးထွေးသည့်ပုံပေါ်နေသော်လည်း ရွယ်ယန်၏ အရောင်ဖျော့‌ဖျော့တောက်ပ‌နေသည့် မျက်လုံးထဲတွင် မီးတောက်မတတ်ဖြစ်နေသည့်ခံစားချက် တစ်ခုကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။


"ငါ မင်းအတွက်ယူလာတာရှိတယ်…" 


ကျွင်းဟွိုင်လန် ပြောလိုက်ပြီး အဝတ်စဖြင့်ထုပ်ပိုး‌ထားသည့်ဘူးကို ကမ်းပေးလိုက်သည်။ 


ရွှယ်ယန် ဘာမှပြန်မပြော‌သော်လည်း သူ့မျက်လုံးများမှာ လက်ထဲက အစားအသောက်ဘူးထံတွင်သာရှိနေခဲ့သည်။


ကျွင်းဟွိုင်လန် ရှက်ရှက်ဖြင့် လည်ချောင်းရှင်းလိုက်ကာ ပြောလိုက်သည် "ဒါတွေက…ငါ့အရီးတော်‌ပေးလိုက်တာပါ…သူဒီနေ့မင်းအပေါ်မှားယွင်းသွားခဲ့တယ်ဆိုတဲ့အကြောင်းကို မင်းကိုပြောပေးဖို့မှာလိုက်သေးတယ် ပြီးတော့ သူအဲ့ဒီကိစ္စအတွက် အလွန်အားနာမိပါတယ်တဲ့…" 


" ဒါပဲလား…" ရွှယ်ယန် ပြန်ပြောလိုက်၏။ 


ကျွင်းဟွိုင်လန်မှာ လိမ်ညာပြောရာတွင် အလွန်ညံ့လှသည်။ ထို့ကြောင့် သူ အကြည့်လွှဲလိုက်ကာ‌ ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောလိုက်လေသည် " ဟိုဟိုဒီဒီ တစ်ချို့ဟာတွေရောပေါ့…"


ညလယ်ခေါင်ကြီး သူတစ်ဖက်လူအတွက် သီးသန့်ထုပ်ပိုးကာ လာပို့ပေးသည်ဟု ထိုသူ့ကို မျက်နှာခြင်းဆိုင်ပြောပြရန်မှာ အလွန်ရှက်ဖွယ်ကောင်းလှသဖြင့် ကျွင်းဟွိုင်လန်ထုတ်မပြောနိုင်ချေ။


သို့သော်လည်း ရွှယ်ယန် အသံတိုးတိုးလေးဖြင့်ရယ်လိုက်သည်ကို သူကြားလိုက်ရသည်။


"မင်းရူးသွားတာလား…" သူပြောလိုက်၏။


ကျွင်းဟွိုင်လန်မှာ ကြောင်အသွားပြီး " ဘာကိုလဲ…"


ထို့နောက် ရွှယ်ယန်တည်တည်ငြိမ်ငြိမ် သူ၏ခေါင်းကိုမော့လာသည်ကိုမြင်လိုက်ရပြီး သူ့ရှေ့တွင် ရှိနေသော ဗုဒ္ဓဆင်း‌တုကိုကြည့်ကာ အသာအယာပြောလိုက်သည်


 " အဲ့ဒီတုန်းက ငါကမင်းရဲ့ ညီမလေးကို‌ ပျောက်ဆုံးစေခဲ့တာလေ…ဘာလို့ငါ့ကို အပြစ်မတင်ဘဲနဲ့ ကူညီရတာလဲ…" 


ကျွင်းဟွိုင်လန် ထိုစကားလုံးများကို ကြားပြီးနောက် အချိန်ခဏကြာ ဆွံ့အသွားရကာ ဘယ်လိုပြန်ဖြေရမည်မှန်း သူမသိတော့ပေ။


အဘယ့်ကြောင့်ဆို‌သော် သူကိုယ်တိုင်သည်ပင် အဖြေကိုမပေးနိုင်သောကြောင့်ဖြစ်သည်။ 


ကျွင်းဟွိုင်လန် သူ၏ညီမလေးကို ချစ်ရုံသာမက အနည်းငယ်မျှသော ငြိုငြင်မှုကိုမျိုးကိုပင် မခံစားစေချင်ပေ။ထို့အပြင် သူမလေးကို ရွှယ်ယန်နှင့် ထပ်မံမပတ်သက်စေချင်တော့သော်လည်း တစ်ချိန်တည်းမှာပင် ရွှယ်ယန်မှာ အပြစ်ကင်းစင်ပြီး အထင်လွဲခံရသည်ကို သူ၏စိတ်ထဲ၌ အသေအချာသိနေပြီဖြစ်၏။ 


ထို့ကြောင့် သူထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကြောင့်ပင် သူအရင်ဘဝတွင် မမြင်နိုင်ခဲ့သော အမှန်တရားကို မြင်လိုက်ရပြီဖြစ်သည်။ 


သူ၏ညီမငယ်နှင့် ရွှယ်ယန်တို့အကြားရှိ ပဠိပက္ခမှာ မရှိခဲ့ပေ။ အရာအားလုံးမှ မင်းသား၂၏နောက်ပြောင်လှည့်စားမှုမှ စတင်ခဲ့ခြင်းသာဖြစ်သည်။


ကျွင်းဟွိုင်လန် ရွှယ်ယန်ကို စိုက်ကြည့်နေခဲ့သည်။ ထိုအရာအား ခဏတာစဥ်းစားခဲ့ပြီးနောက်တွင် သူ၏နှလုံးသားထဲ၌ ငြိမ်းချမ်းလာကာ အရင်ဘဝတွင် စာအုပ်မှသယ်ဆောင်လာခဲ့သော အမုန်းတရားများပင် ပျောက်လုနီးပါးဖြစ်နေလေပြီ။ 


ယခုဘဝတွင် အထင်လွဲမှားမှုများကိုလည်း ဖြေရှင်းပြီးဖြစ်ရာ ရွှယ်ယန်နှင့်ကျွင်းလင်ဟွမ်တို့ကြားရှိ အစ်ကိုနှင့်ညီမဆက်ဆံရေးကို ရပ်တန့်သွားနိုင်မည့် အတိတ်ဘဝမှအရာမျိုးသည်လည်း ဖြစ်လာစရာအကြောင်းမရှိတော့ပေ။


ကျွင်းဟွိုင်လန် သူ၏အတွေးများကိုခေတ္တရပ်ထားလိုက်သည်။ 


ထိုသို့တွေးရင်းမှ ကျွင်းဟွိုင်လန် တစ်စုံတစ်ခုကို အတည်ပြုချင်သောကြောင့် ရွှယ်ယန်ကို ပြောလိုက်သည် " အဲ့ဒါကြောင့်...မင်းနောက်ကျရင် လင်ဟွမ်ရဲ့ အစ်ကိုတစ်ယောက်ဖြစ်လာပေးမယ်လို့ ပြောခဲ့တာလေ.. အခုမင်းကတိပေးပြီးပြီဆိုတော့ ကတိကိုဖျက်လိမ့်မယ်လို့တော့ ငါမထင်ပါဘူး…"


စကားပြောရင်းမှ အစားအ‌သောက်ဘူးကို မြေကြီးပေါ်သို့ချလိုက်ပြီး ဝတ်ရုံကိုခါလိုက်ကာ ရွှယ်ယန်ပေါ်သို့ခြုံပေးလိုက်သည်။ 


ရွှယ်ယန့်အနီးသို့ကပ်လိုက်ချိန်တွင် ခပ်ဖျော့ဖျော့သာရနိုင်သော သစ်သားရနံ့ကို ရှုရှိုက်လိုက်ရသည်။ ကျွင်းဟွိုင်လန် မြေပြင်ပေါ်မှ ရွှယ်ယန်ကို ခြုံထည်လွှမ်းခြုံပေးလိုက်ချိန်၌ သူ၏တစ်ကိုယ်လုံးမှာ လေးပင်သောအရာတစ်ခုကိုထမ်းပိုးထားရသကဲ့သို့ တောင့်တင်းနေခဲ့သည်။ 


ခဏအကြာတွင် ရွယ်ယန်၏ထုံကျင်နေမှုများ တဖြည်းဖြည်းနှင့် ပြေပျောက်လာခဲ့သည်။


ရွှယ်ယန် တီးတိုးရေရွတ်‌လိုက်သော်ငြား ကျွင်းဟွိုင်လန်ကြားနိုင်ခဲ့သည်။


" ‌နောက်ကျရင် ငါထပ်ပြီးတော့ လက်လွတ်စပယ်မနေတော့ဘူး…" ရွှယ်ယန် တစ်လုံးချင်းစီပြောနေခဲ့သည်။


သူ၏အသံမှာ မကျယ်သော်လည်း ကျွင်းဟွိုင်လန် ထိုအသံတွင် ပြတ်ပြတ်သားသား သံဓိဌာန်ချထားသည်ကို ကြားနိုင်၏။ သူ့မျက်နှာပေါ်က အပြုံးနှင့်အတူ ကျွင်းဟွိုင်လန် သူဝတ်ရုံစကိုလက်တစ်ဖက်ဖြင့်မကာ ရွှယ်ယန်ဘေးမှ နေရာတွင် ဒူးထောက်ထိုင်လိုက်သည်။ 


" လင်ဟွမ် ပြောတာ ကြားလိုက်တယ်…သူ့အတွက် မီးအိမ်သွားယူပေးခဲ့တာမလား…" 


ကျွင်းဟွိုင်လန် သူ့ရှေ့ကအစား‌အသောက်ဘူးကို ပေါ့ပေါ့ပါးပါးဖွင့်လိုက်ရင်းမှ မေးလိုက်လေသည်။


 "ဘာလိုမီးပုံးမျိုးလဲ.." 


Xxxxxxxx