အပိုင်း ၅၃
Viewers 16k

Chapter 53


ထိုအမျိုးသမီးတစ်ယောက်တည်းကသာ သူ့အတွက် ကံကြမ္မာက ဖန်တီးပေးထားသည့်လူဖြစ်ပြီး အခြားအမျိုးသမီးများက ဟာသတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။


နောက်ပိုင်းတွင် ယီကျဲယွီက အလွန်ပင် ခက်ခဲသည့် အခြေအနေတစ်ခုသို့ ရောက်ရှ်ိလာခဲ့သည်။ သူမကို ဧကရာဇ်က နောက်တစ်ဖန်ပြန်၍ မျက်နှာသာပေးရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး ဧကရာဇ်ချင်းဖျင် သေရည်မူးနေအောင်ကြံစည်ပြီး ကိုယ်ဝန်ရအောင်အထိ လုပ်ခဲ့ရသည်။ ဧကရာဇ်ချင်းဖျင်ထံတွင် နန်းမွေဆက်ခံမည့်သူက အလွန်နည်းပါးလှ၍ ထိုအချိန်က ယီကျဲယွီ၏ကိုယ်ဝန်က သူ့အတွက် အာရုံစိုက်စရာဖြစ်လာခဲ့ပြီး ဧကရာဇ်၏ ဂရုစိုက်မှုတစ်ဝက်ကို သူမအပေါ်  ပြန်လည်ရောက်ရှိလာခဲ့သည်။


သို့ရာတွင် ရက်အနည်းငယ်အကြာ၌ ကိုယ်လုပ်တော်ရုန်ကလည်း ကိုယ်ဝန်ရှိနေသည်ဟူသောသတင်းကို ကြားလိုက်ရသည်။

    

ထိုအချိန်က အလယ်နန်းဆောင်တွင် နန်းမွေဆက်ခံမည့် သားတော်တစ်ယောက်မှ မရှိ၍ ထိုကလေးက အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ထို့အပြင် ဧကရာဇ်ကလည်း သူမအပေါ် လုံးဝ ဂရုမစိုက်တော့ပေ။


ယီကျဲယွီ တစ်ညတာလုံး ငိုယိုနေခဲ့ပြီးသည့်နောက်တွင် စိတ်ပိုင်းဖြတ်လိုက်သည်။


ဤတစ်ကြိမ်တွင် ကိုယ်လုပ်တော်ရုန်က သူမထက်ပို၍ အင်အားကြီးလာစေရန် အခွင့်အရေးကို မပေးနိုင်တော့ပေ။ သူမ ကလေးက ကိုယ်လုပ်တော်ရုန်၏ ကလေးနှင့် ရှေ့ဆင့်နောက်ဆင့် မွေးဖွားရတော့မည်ဖြစ်၍ အချိန်ကျလာရင် သူမနှင့် သူမရင်သွေးက ထင်ပေါ်နိုင်မည်မဟုတ်တော့ပေ။

    

သူမ ရင်သွေးကို လွယ်ထားရစဉ်တွင် သူမအစ်ကို၏အကူအညီဖြင့် တုန်းချန်နှင့် ဆက်သွယ်ခဲ့သည်။

    

မိန်မစိုးအကြီးတစ်ယောက်ကို လာဘ်ထိုး၍ ကိုယ်လုပ်တော်ရုန်၏ ဘေးနားတွင်ထားလိုက်ကာ ဤကိစ္စအောင်မြင်ပါက တုန်းချန်နှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် ကိုယ်လုပ်တော်ရုန်ကို ဆေးခတ်ခိုင်းခဲ့ပြီး အသက်နှစ်ချောင်းကို တစ်ချိန်တည်းဆုံးရှုံးအောင် ကြံစည်ခဲ့သည်။

 

ရလဒ်အနေဖြင့် သူမက မင်းသား၄ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့သော်လည်း ကိုယ်လုပ်တော်ရှု့က ကိုယ်ဝန်၉လရှိနေပြီဖြစ်သော်လည်း မွေးဖွားရ ခက်ခဲနေခဲ့သည်။

    

 သို့ရာတွင် မတော်တဆဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ 


ဆေးပမာဏမှားယွင်းမှုဖြစ်ပေါ်သွား၍ ကိုယ်လုပ်တော်ရုန်က သေဆုံးသွားသော်လည်း သူမကလေးက အသက်ရှင်ခဲ့သည်။

    

ပေါင်းပင်များကို အရင်းမှ နှုတ်ပစ်သင့်ကြောင်းကို ယီကျဲယွီသိသည်။

    

ကံကောင်းသည်မှာ ထိုအချိန်က ချင်ထျန်ကျန့်ကို ဧကရာဇ်က ကိုယ်လုပ်တော်ရုန် မွေးဖွားမည့်ကလေးက ယောကျာ်းလေး သို့မဟုတ် မိန်းကလေးဖြစ်မည်ကို တွက်ချက်ခိုင်းခဲ့သည်။

  

တိုက်ဆိုင်သည်မှာ ထိုအချိန်တွင် တာ့ခ်မျိုးနွယ်စုကလည်း ဖရိုဖရဲဖြစ်နေသည်။ ယခင်ခန်ဘုရင်ကို သားဖြစ်သူက သတ်လိုက်ပြီးနောက် အာဏာရလာချိန်တွင် တာ့ယုံကို လက်နက်ချထားသည့်သဘောတူညီမှုကို ဖျက်သိမ်းကာ တာ့ယုံကို စစ်ကြေညာခဲ့သည်။

 

သို့ဖြစ်၍ ထိုညတွင်းချင်းမှာပင် ယီကျဲယွီက ချင်ထျန်ကျန့်ထံသို့ လူလွှတ်ပြီး ဧကရာဇ်ကို ဤသို့ပြောခိုင်းလိုက်သည်။ ညအချိန်တွင် ကောင်းကင်၌ကြယ်တာရာများအား ကြည့်ရှု့စစ်ဆေးနေစဉ် သတ်ဖြတ်ခြင်းနတ်ဆိုးကြယ်တစ်မျိုးက ကမ္ဘာပေါ်သို့ရောက်ရှိပြီး ဧကရာဇ်၏ကြယ်နားသို့ ချဉ်းကပ်လာခဲ့သည်။


နတ်ဆိုးကြယ်ကို မွေးဖွားလိုက်ပါက မိဘများသေဆုံးခြင်း၊ ဆွေမျိုးများကို ကံဆိုးစေခြင်းနှင့် ဧကရာဇ်၏ကြယ်ကို ပျောက်ဆုံးစေခြင်းတို့အထိ ဖြစ်လာနိုင်သည်ဟူ၍ပင်။

 

 ယခုမှ မွေးဖွားထားသော မင်းသား ၄ ကလည်း သေဆုံးနိုင်သည်ဟု ယီကျဲယွီက ပြောခိုင်းခဲ့သည်။

    

  မမျှော်လင့်ထားသည်မှာ ဧကရာဇ်ချင်းဖျင်၏ရင်ထဲတွင် ကိုယ်လုပ်တော်ရုန်ကို စွဲလန်းမှုရှိနေဆဲဖြစ်သည်။ ကံတရားက ဆုံးဖြတ်ထားပြီးသားဖြစ်သော်လည်း ကလေးကို အသက်ရှင်ခွင့်ပေးလိုက်ပြီး ညတွင်းချင်း ယန်ဒေသသို့ စေလွှတ်ခဲ့သည်။


ဤနှစ်များအတွင်းတွင် ဧကရာဇ်ချင်းဖျင်အပေါ် ချစ်သည့်စိတ်ကြောင့် ယီကျဲယွီမှာ စိတ်အေးလက်အေးမနေနိုင်ပဲ ရွှယ်ယန်ကို အမှုန့်ဖြစ်သည်အထိ နင်းချေထားခဲ့ပြီး တန်ပြန်မတိုက်ခိုက်နိုင်အောင်ပင် လုပ်ထားခဲ့သည်။


သို့ရာတွင် ဤတစ်ကြိမ်၌ "ကံတရား" ကလည်း အလုပ်မဖြစ်တော့ပေ။ ဧကရာဇ်ချင်းဖျင်က ကိုယ်လုပ်တော်ရုန်ကို ပြန်အမှတ်လာခဲ့သည်။

    

 သို့ဖြစ်၍ ယီကျဲယွီက ညပေါင်းများစွာအထိ မအိပ်နိုင်အောင် ဖြစ်ခဲ့ရသည်။


လက်ထဲတွင် စုတ်တံကို ကိုင်ထားပြီး စားပွဲပေါ်မှ စာရွက်အဖြူရောင်ကို ငေးကြည့်နေခဲ့သည်။

    

  ယခင်ကမူ ဧကရာဇ်၏ နှလုံးသားက သေဆုံးသွားခဲ့သူတစ်ယောက်အပေါ်တွင်သာ ရှိနေခဲ့သော်လည်း ယခုအခါတွင် သူ့နှလုံးသားက မင့်လွမ်နန်းဆောင်တွင် ရောက်နေပြန်ပြီဖြစ်သည်။


အနောက်ပိုင်းဒေသက အမွှေးနံ့သာတဲ့လား... ဧကရာဇ်ချင်းဖျင်နဲ့ သူ့နားက အစေခံတွေကသာ ယုံရင်ယုံလိမ့်မယ် ယီကျဲယွီကတော့ မယုံနိုင်ဘူး...


ကျွင်းမိသားစုရဲ့ သားအကြီးဆုံးက နွေးထွေးပြီး ချစ်ခင်စရာကောင်းတဲ့ပုံလေးဆိုပေမယ့် သူ့နှလုံးသားကတော့ နည်းနည်းရှုပ်ထွေးပွေလီမယ့် ပုံပဲ...

    

ယီကျဲယွီ နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး စုတ်တံကိုကိုင်ဆွဲလိုက်သောအခါ သစ်ခွရွက်တစ်ရွက်က စာရွက်ပေါ်တွက်ပေါ်လာသည်။


၎င်းက နူးညံ့ညင်သာသည့် စုတ်ချက်ဖြစ်သော်လည်း အစွန်းနားတွင် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

    

" ငါ့အတွက် တစ်ခုလုပ်ပေးဦး..."

သူမက နူးညံ့ညင်သာသောအသံဖြင့် ထောင်ကျစ်ကို ညွှန်ကြားလိုက်သည်။

   


ကိုယ်လုပ်တော်ရှု့က ယခုရက်ပိုင်းတွင် နန်းဆောင်တွင်း၌ လုပ်စရာကိစ္စ များများစားစားမရှိ၍ ဝတ်ရုံများချုပ်၍ ပြီးစီးသွားပြီဖြစ်သည်။


ကိုယ်လုပ်တော်ရှု့ ဝတ်ရုံချုပ်ပြီးသွားသည့်နေ့ရက် ရှောင်နျန်မတိုင်မီတစ်ရက်ဖြစ်နေသည်။

( T/N - ရှောင်နျန်ဆိုတာ နှစ်သစ်ကူးပွဲအသေးစားလေးဖြစ်ပြီး နွေဦးပွဲတော်ရဲ့ ရှေ့ပြေးလို့ သတ်မှတ်နိုင်ပါတယ်... ‌အဲ့ရက်ကနေစပြီး နွေဦးပွဲတော်အကြိုနေ့မတိုင်ခင်အထိ ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ရလေ့ရှိပါတယ်... အဲ့ရက်မှာ တရုတ်လူမျိုးတွေက သကြားလုံးတွေ လုပ်လေ့ရှိပြီး မီးဖိုချောင်နတ်ကို ပူဇော်ပသကြပါတယ် )


ထိုနေ့က ညစာစားပြီးချိန်တွင် သူမက ကျွင်းဟွိုင်လန်ကို ပင်မခန်းမဆောင်ထဲတွင် ဝတ်ရုံစမ်းဝတ်ကြည့်ခိုင်းရန်အတွက် အစေခံတစ်ယောက်နှင့် ‌ခေါ်ခိုင်းလိုက်သည်။

    

 ကျွင်းဟွိုင်လန်ရောက်ရှိလာချိန်တွင် ကိုယ်လုပ်တော်ရှု့နှင့် ကျွင်းလင်ဟွမ်ကို  စက္ကူပန်းများညှပ်နေသည့် အပျိုတော်အုပ်စုတစ်စုက ဝန်းရံထားသည်ကို မြင်လိုက်ရသည်။

 

အရှေ့ဆုံးတွင်ရပ်နေသောတစ်ယောက်က မမြင်ဖူးသည့် မျက်နှာစိမ်းအပျိုတော်တစ်ယောက်ဖြစ်သည်။ သူမ၏သွင်ပြင်က သိသာထင်ရှားနေခြင်းလည်းမရှိသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။


ထိုအပျိုတော်က အခြားအပျိုတော်များထက် အနုစိတ်ဆန်သော အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမက ကိုယ်လုပ်တော်ရှု့၏ဘေးတွင်ရပ်နေပြီး အနီရောင်စာရွက်နှင့် ကတ်ကြေးကို ပေးလိုက်သည်။


သူမက စကားပြောဆိုခြင်းမရှိ၊ အရယ်အပြုံးမရှိသော်လည်း လှုပ်ရှားမှုများက မြန်ဆန်လွန်းနေသည်။


" လန်အာ ရောက်လာပြီလား..."


ကျွင်းဟွိုင်လန်ဝင်လာပြီး အရိုအသေပြုလိုက်သောအခါ ကိုယ်လုပ်တော်ရှု့က သူ့ကို အမြန်ထရပ်ခိုင်းလိုက်သည်။ ထို့နောက် သူ့ဘေးနားမှ အပျိုတော်ကို ပြောလိုက်သည်။

" မင်းသားအတွက်ဝတ်ရုံ သွားယူခဲ့..."


အပျိုတော်က သူမလက်ထဲမှ ပစ္စည်းများကို ချထားခဲ့ပြီး အပြင်ထွက်သွားသည်။


" သူက..."

ကျွင်းဟွိုင်လန်က သူမ၏ကျောပြင်ကိုကြည့်ကာ မေးလိုက်သည်။


ကိုယ်လုပ်တော်ရှု့က စက္ကူပန်းပွင့်ကို ညှပ်နေလျက်နှင့်ပင် ဖြေလိုက်သည်။

53.2


" အာ ... သူက နန်းတွင်းရေးရာဌာနက ပို့လိုက်တဲ့အပျိုတော်လေ နာမည်က ပိုင်ကျီတဲ့ ... အရီးတော်လည်း အစကတော့ မလိုဘူးပြောပါတယ် ဒါပေမဲ့ သူတို့က မင့်လွမ်နန်းဆောင်မှာ လူနည်းနေတာသိလို့ ပို့ပေးလိုက်တာတဲ့... ‌အဲဒါနဲ့ စကားအများကြီးပြောနေရမှာစိုးလို့ ခေါ်ထားလိုက်တာပဲ..."

    

သူမက နှစ်ပေါင်းများစွာယုံကြည်ခဲ့သည့် လူတစ်ယောက်ထံမှ သစ္စာဖောက်ခံလိုက်ရ၍ ထိုအရိပ်မည်းကြီးမှ မရုန်းထွက်နိုင်သေးပဲ အပျိုတော်အသစ်ကိုလည်း စိတ်မဝင်စားသည်မှာ သိသာလှသည်။ ထို့အပြင် သူမကိုလည်း သဘောကျပုံ‌မပေါ်ပေ။

    

ကျွင်းဟွိုင်လန် လှမ်းကြည့်လိုက်စဉ်မှာပင် ပိုင်ကျီက ဝတ်ရုံရှည်ကိုယူပြီး ပြန်ထွက်လာသည်။ ၎င်းကို မြေခွေးဖြူ၏သားမွေးဖြင့်ချုပ်ထားပြီး ကျော်လံကလည်းထူကာ အတွင်းဘက်ကိုလည်း ကျန်းနန်ပိုးထည်စဖြင့် ချုပ်လုပ်ထား၍ အလွန်ချောမွေ့ပြီး သက်တောင့်သက်သာ ဖြစ်စေသည်။

   

ကျွင်းဟွိုင်လန်က ပြုံးပြပြီး ပိုင်ကျီကို ကျေးဇူးတင်လိုက်သည်။ 


" ကျေးဇူးတင်ပါတယ် မမပိုင်ကျီ..."


ပိုင်ကျီက သူ့ကို အရိုအသေပြုလိုက်ပြီးနောက် ဝတ်ရုံကိုတစ်ချက်ခါလိုက်ပြီး ကူညီဝတ်ဆင်ပေးရန် ပြင်လိုက်သည်။ ကျွင်းဟွိုင်လန်က စိတ်ထင်သည်လား မသေချာသော်လည်း သူမ၏ လှုပ်ရှားမှုများက အလွန်သေသပ်ပြီး သိုင်းပညာလေ့ကျင့်ထားသူတစ်‌ယောက်နှင့်တူသည်ဟု ထင်နေမိသည်။


ပိုင်ကျီကို တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ သူမက မျက်လွှာချထားပြီး မျက်နှာကလည်း အမူအရာမဲ့နေကာ မူမမှန်သည့်ပုံ မပေါ်ပေ။

    

ဟုတ်သားပဲ... နန်းတွင်းထဲက အပျိုတော်တွေက တခြားလူတွေကိုပဲ နေ့တိုင်းခစားရတာလေ ... သိုင်းပညာလေ့ကျင့်ထားမယ်တဲ့လား...


ကျွင်းဟွိုင်လန်က ဝတ်ရုံကိုဝတ်ကြည့်ပြီးသည့်အခါ မှန်ရှေ့ကိုလျှောက်သွားပြီး ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အချိုးအစားက မည်သည့်အဝတ်အစားကို ဝတ်ဆင်သည်ဖြစ်စေ ကြည့်ကောင်းသည်ဖြစ်သည်။ အထူးသဖြင့် အဖြူရောင်သားမွေးဝတ်ရုံကို ရွှေအိုရောင်အနားသတ်များထိုးထားသည့် ဝတ်ရုံကို ဝတ်လိုက်သည့်အခါ အဝေးမှကြည့်ရုံဖြင့် မြင့်မြတ်ကာ တော်ဝင်ဆန်သူတစ်ယောက်ဟု သိနိုင်ပေသည်။


" အရီးတော်ကိုယ်တိုင်ချုပ်ပေးတဲ့ ဝတ်ရုံတွေက အကောင်းဆုံးပဲ..."

ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့ကို မှန်ထဲမှ လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။


စားပွဲတွင်ထိုင်နေသည့် ကိုယ်လုပ်တော်ရှု့က ခပ်ဖွဖွဖြင့် နှာမှုတ်ကာ ပြောလိုက်သည်။

  " သိရင် ပြီးတာပဲ..."


ကျွင်းဟွိုင်လန် ထပ်မေးလိုက်ပြန်သည်။

" အရီးတော် နှစ်ထည်ချုပ်ထားတာမလား... အရှင့်သားကိုရော ဘာလို့ လာမဝတ်ခိုင်းတာလဲ..."


ကိုယ်လုပ်တော်ရှု့က ထိုစကားများ‌ကြောင့် အံ့အားသင့်သွားသည်။

    

ကျွင်းဟွိုင်လန်က ထိုသို့ပြောလာလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ရွှယ်ယန်က သူမ၏ နန်းဆောင်သို့ ဆောင်းတွင်းကာလမှ ပြောင်းလာခဲ့ခြင်းဖြစ်ကာ ထိုကလေးက သူမနှင့် သက်ဆိုင်သည်လည်းမဟုတ်ပဲ အမည်ခံမျှသာဖြစ်သည်။ ယခုအခါတွင် သူ့အတွက် ဝတ်ရုံချုပ်ပေးခြင်းကလည်း ကိုယ်လုပ်တော်ရှု့ လုပ်ပေးနိုင်သည့် အတိုင်းအတာ အကုန်လုံးဖြစ်သည်။ သူမက တစ်စုံတစ်ယောက်ကိုကောင်းမွန်စွာ ဆက်ဆံပေးရန် ဤမျှမကြိုးစားခဲ့ဘူးပေ။


 ဤတစ်ကြိမ် ရွှယ်ယန့်အတွက်

ဝတ်ရုံချုပ်ပေးခြင်းကလည်း ကျေးဇူးတင်စရာကိစ္စဟုပင် ဆိုရပေမည်။


ကိုယ်လုပ်တော်ရှုက မနက်ဖြန်မနက်ထိစောင့်ပြီး ရွှယ်ယန်ဆီသို့ တစ်စုံတစ်ယောက်ကိုလွှတ်ကာ ဝတ်ရုံကို ပို့ပေးရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

    

ကိုယ်လုပ်တော်ရှု့၏ အမူအရာကို မြင်သည့်အခါ သူမ ထိုကိစ္စကို မတွေးထားမိကြောင်းကို ကျွင်းဟွိုင်လန်သိသွားသည်။


သူ့ မျက်နှာတွင် အပြုံးတစ်ပွင့်ဖြစ်တည်သွားပြီး ပိုင်ကျီကိုလှမ်းကြည့်ကာ ပြောလိုက်သည်။


" အရီးတော်က မေ့သွားလို့ထင်တယ်... အနောက်ဘက်ခန်းမဆောင်ကို သွား‌ပြီး မင်းသား၅ကို အရီးတော်က ဝတ်ရုံတော်မတော် လာဝတ်ကြည့်ခိုင်းဖို့ခေါ်တယ်လို့ သွားပြောလိုက်ပါ..."


" ဟေး..."

ထိုစကားများကို ကြားသည့်အခါ ကိုယ်လုပ်တော်ရှု့က သူ့ကို လှမ်းအော်လိုက်သည်။

    

ကျွင်းဟွိုင်လန် တစ်ဖက်သို့လှည့်လာသည့်အခါ သူမ၏ မသက်မသာဖြစ်နေသောပုံစံကို မြင်၍ ချောင်းဟန့်ကာ ပြောလိုက်သည်။


" ဒီတိုင်း ခေါ်လိုက်ပါ..."


ထိုကလေးက စကားနည်းသော်လည်း ယခုအခါတွင် သူမသား ဖြစ်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူမက သူ့ကို မည်သို့စကားပြောရမည်မသိဖြစ်နေ၍ သူမချုပ်ထားသောဝတ်ရုံကို စမ်းဝတ်ကြည့်ခိုင်းရန်အတွက် ကျွင်းဟွိုင်လန်က ကြားထဲမှ ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သို့သော် ကိုယ်လုပ်တော်ရှု့က နေရခက်နေပုံပေါ်သည်။


သူ့ကတကယ်ပဲ တစ်ယောက်ယောက်ရဲ့မိခင် ဖြစ်လာပြီပေါ့...

    

ကျွင်းဟွိုင်လန်ပြုံး၍ ပြောလိုက်သည်။

" အရီးတော် ကျွန်တော်က သူ့ကိုယ်တိုင်းယူခဲ့တယ်ဆိုပေမယ့် အင်္ကျီကို အခုစမ်းမဝတ်ကြည့်ရင် ကြီးနေလားသေးနေလား မသိနိုင်ဘူးလေ... တကယ်လို့ အင်္ကျီက မတော်ဘူးဆိုရင် သူက အရီးတော်ကို နောက်မှပြန်ပြောဖို့ ရှက်နေလိမ့်မယ်..."


ထိုစကားများကို ကြားသည့်အခါ ကိုယ်လုပ်တော်ရှု့ ဘာမှ ထပ်မပြောနိုင်တော့ပေ။


" ဒါဆိုလည်း သွားမေးလိုက်လေ..."


ပိုင်ကျီက အမိန့်ရသည်နှင့် အရိုအသေပြုလိုက်ပြီးနောက် ပြန်ထွက်သွားသည်။

    

ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်၏ဘေးနားတွင်ထိုင်ကာ သူတို့ညှပ်ထားသည့် စက္ကူစများကို ကြည့်နေသည်။


ကိုယ်လုပ်တော်ရှု့က တီထွင်ဉာဏ် အလွန်မကောင်းလှ၍ ရိုးရှင်းသောပုံစံများကိုသာ ညှပ်ထားသည်။ စားပွဲပေါ်တွင် စက္ကူပုံစံများစွာရှိပြီး ၎င်းတို့အားလုံးက အနီရောင်တောက်တောက်ဖြစ်နေ၍ ‌နှစ်သစ်ကူးချိန် အငွေ့အသက်များကို ခံစားရစေသည်။

 

ကျွင်းလင်ဟွမ်၏ လက်ကလေးက အနည်းငယ် သနားစရာကောင်းနေသည်။


သူမက ကတ်ကြေးအသုံးပြုနည်းပို သိသော်လည်း သူမ လက်ပိစိလေးများက သေချာမကိုင်နိုင်ပေ။ အနီရောင်စာရွက်များက ပါးလွှာလွန်းသည့်အတွက် ဂရုမစိုက်ပါက စုတ်ပြဲသွားနိုင်သည်။


သူမလက်ထဲတွင် ရှိနေသည်က အပိုင်းပိုင်းပြတ်နေသော စက္ကူနီများနှင့် ပုံစံပျက်နေသည့် အပိုင်းအစများဖြစ်သည်။ သူမက ကျွင်းဟွိုင်လန်ရောက်ရှိလာသည်ကိုပင် ဂရုမစိုက်နိုင်ပဲ နှုတ်ခမ်းစူနေပြီး လက်ထဲမှကတ်ကြေးကိုသာ အာရုံစိုက်နေသည်။


ကျွင်းဟွိုင်လန်က သူမပုံစံကြောင့် မရယ်ပဲ မနေနိုင်တော့ပေ။ သို့ဖြစ်၍ သူမ ဘေးနားတွင်ထိုင်ပြီး စက္ကူစဖြင့် ယုန်ပုံညှပ်နေသည်ကိုသာ စောင့်ကြည့်နေလိုက်သည်။


ရွှယ်ယန်ဝင်လာသည့်အချိန်တွင် ကိုယ်လုပ်တော်ရှု့၏ စနောက်နေသံကို ကြားလိုက်ရသည်။


" လင်ဟွမ်လေးက ဘယ်လိုပြုံးရမယ်ဆိုတာသိပေမယ့် ဒါလေးတွေ မညှပ်တတ်ဘူးပဲ... ကြည့်ရတာလွယ်ပေမယ့် ညှပ်ရခက်တယ်မလား..."


ကျွင်းလင်ဟွမ်က သူ့အစ်ကိုဘက်လှည့်လာသည်။

" ကိုကြီးလည်း တစ်ခုညှပ်..."


ကျွင်းဟွိုင်လန်က ထိုမိန်းကလေးနှစ်ယောက်ကြားထဲ ဝင်ပါလိုက်ရပြီး သူ့လက်ထဲတွင် ကတ်ကြေးနှင့် စက္ကူစများရောက်လာသည်။


" ကျွန်တော် ဘယ်လိုလုပ် ညှပ်တတ်မှာလဲ... ကျွန်တော့်ကို တမင်လုပ်တာလား အရီးတော်..."

 

ရွှယ်ယန်က ရှေ့မှဦးဆောင်သွားသော ပိုင်ကျီ၏အနောက်မှ လိုက်လာစဉ်တွင် သူမ သူ့ကိုလာခေါ်စဉ်က ပြောသည့်စကားများကို ပြန်တွေးနေမိသည်။

 

" ကိုယ်လုပ်တော်ရှု့က နည်းနည်းမာနကြီးပါတယ်... အရှင့်သားကို ဒီကိုလာဖို့ သူ့ကိုပြော‌လိုက်တာ သခင်လေးပါ..."

 

ထိုအချိန်က ရွှယ်ယန် သူမကို အေးစက်စွာဖြင့် သတိပေးခဲ့သည်။ သူမက ကိုယ်လုပ်တော်ရှု့၏ နန်းဆောင်တွင် ခစားရတော့မည်ဖြစ်၍ သခင်က တစ်ယောက်တည်းသာ ရှိတော့ကြောင်းနှင့် သူမသခင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုပါ မဖော်ထုတ်ရန် ပြောပြခဲ့သည်။ သို့ရာတွင် ကျွင်းဟွိုင်လန်၏ နာမည်ကို ကြားလိုက်ရသည့်အခါ ပိုင်ကျီ၏ ရိုးရှင်းသောစကားများကိုသာ ပြန်တွေးနေလိုက်မိသည်။


Xxxxxx