အပိုင်း ၇၁
Viewers 15k

Chapter 71


သူတို့က လှေကားနှင့်ဝေးသောနေရာတွင်ထိုင်နေခြင်းဖြစ်၍ ထိုလူအုပ်စုဖြတ်သွားသည့်အခါ ဘာမှမမြင်လိုက်ရပေ။ 


ကျွင်းရှောင်ဝူက ပြတင်းပေါက်အပြင်ဘက်ကိုပါ ခေါင်းပြူကြည့်နေသည်။


    ကျွင်းဟွိုင်လန်က သူ့လောက်မသိချင်၍ လက်ဖက်ရည်ကြမ်းသာသောက်ပြီး ထိုလူများကို ခေါ်ဆောင်၍ ပြီးသွားသည်ကို ကြည့်နေလိုက်သည်။ ထိုလူအားလုံးအောက်ထပ်ရောက်သွားသော်လည်း တိတ်ဆိတ်နေဆဲဖြစ်ကာ စစ်သားများပြန်ဆုတ်သွားသည့်အသံကို မကြားရပေ။

    

ကျွင်းဟွိုင်လန်ကလည်း ပြတင်းပေါက်ဘက်ကို လှမ်းကြည့်လိုက်သည်။


ထို‌အခါ မြင်းလှည်း၏လိုက်ကာကို စစ်သားများက မြှောက်ပေးထားပြီး ထိုင်ခုံအပုတစ်လုံးကို အောက်တွင်ချပေးထားသည်ကို တွေ့လိုက်ရသည်။


မြင်းလှည်းပေါ်တွင်ထိုင်နေသူက တဖြည်းဖြည်းဆင်းလာသည်။


သူက အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ထည်တောငိ့တောင့်နှင့်ဖြစ်ကာ ခေါင်းဆောင်းမဆောင်းထားပဲ ဆံပင်ရှည်များကို ရွှေရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။

    

သူက အနက်ရောင်ဝတ်ရုံထူထူကိုဝတ်ထားပြီး မြင်းလှည်းထဲမှထွက်လာချိန်တွင် ထိုဝတ်ရုံက အပေါ် မြောက်တက်သွားကာ အလွန် ထည်ဝါပုံပေါက်စေသည်။

    

မြင်းလှည်းအပြင်သို့ ခြေချလိုက်သည်နှင့် စစ်သားတစ်ယောက်က သူ့ရှေ့တွင်ဦးညွတ်လိုက်ပြီး အဆောက်အဦးထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။


ကျွင်းဟွိုင်လန်၏အကြည့်များ အေးခဲတောင့်တင်းသွားပြီး သူ့လက်ထဲမှလက်ဖက်ရည်ခွက်က အနည်းငယ်လှုပ်ခါသွားသည်။

    

မြင်းလှည်းပေါ်မှ ဆင်းလာသူက ရွှယ်ယန်ဖြစ်နေသည်။


ရွှယ်ယန် လှည်းထဲတွင် မတ်မတ်ထိုင်ကာ သူ၏မျက်နှာပေါ်တွင် စိတ်မရှည်သည့်အမူအယာရှိနေပြီး ဒူးပေါ်လက်တင်၍ လက်ချောင်းများကိုခေါက်နေလိုက်သည်။


ရုံးတော်အတွင်းတွင်မူ မင်းသား၅မှာ ရုတ်တရက်ဆိုသလို ဧကရာဇ်၏မျက်နှာသာပေးမှုကိုရရှိသွားပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ပြစ်ဒဏ်စီရင်ရေးဌာနကိုဝင်ရောက်နိုင်ခဲ့သည် ဟူသည့်ကောလဟာလများပျံ့နှံ့နေသည်။


ထိုအရာမှာ မည်မျှပင် ဂုဏ်ယူဖွယ်ဖြစ်မည်နည်း…


အချို့က ၎င်းမှာ ဧကရာဇ်ချင်းဖျင်၏ကိုယ်လုပ်တော်ရှုနှင့်ကျွင်းမိသားစုကို မျက်နှာသာပေးမှုကြောင့် ထိုရာထူးရရှိခဲ့သည်ဟု ဆိုကြပြီး အချို့မှာ ရွှယ်ယန်၏နောက်ကွယ်မှအမှောင်ဖုံးနေသည့်အရာများကြောင့်ဟုဆိုကြကာ အချို့မှာမူ ရွယ်ယန်သည်ဆက်တိုက်ဆိုသလို ပြသနာများဖန်တီးပြီး ဧကရာဇ်၏အာရုံစိုက်မှုကိုဖမ်းယူနိုင်ခြင်းဟူ၍ပြောဆိုနေကြသည်။


အကြောင်းအရာမှာ မည်သို့ပင်ဖြစ်နေပါစေ အတိုချုံးရမည်ဆိုလျှင် ရွှယ်ယန်မှာအလွန်ကံကောင်းလှသည်ကို လူတိုင်းသိရှိနေပြီဖြစ်သည်။


သို့သော် ထိုအရာမှာစိတ်ရှုပ်ဖွယ်ကောင်းသည်ဟု ရွှယ်ယန်ခံစားနေရသည်။


အရင်အချိန်တုန်းက ဧကရာဇ်ချင်းဖျင်မှာ သူ့ကိုမုန်းတီးနေခဲ့ပြီး နန်းတော်ထဲတွင် သူမရှိလျှင်ကောင်းမည်ဟုပင် ထင်မှတ်နေခဲ့သည်ဖြစ်ရာ ရွှယ်ယန်မှာ သူ၏အစီအစဉ်များကို ပျော်ပျော်ရွှင်ရွှင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သူကိုယ်တိုင်စီမံနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ သူ၏နတ်ဆိုးကြယ်ကိစ္စမှာ ဧကရာဇ်၏ရှေ့တွင် ဖြေရှင်းပြီးသွားပြီဖြစ်ပြီး ရုတ်တရက်ဆိုသလို ဧကရာဇ်မှာရူးသွပ်လာကာ ညတွင်းချင်းပင် သူ၏ဖခင်ရင်းကဲ့သို့ပြုမူလာလေသည်။


ဖခင်ရင်းတစ်ဦးရှိရခြင်းမှာ ထိုမျှဒုက္ခများလိမ့်မည်ဟု ရွှယ်ယန်မထင်ထားမိခဲ့ပေ။


လူတစ်ဦးပြီးတစ်ဦးထံမှ တစ်ခေါက်ပြီးတစ်ခေါက်ဆင့်ခေါ်ခြင်းကိုခံရရုံသာမက အသုံးမဝင်သည့်ပြစ်ဒဏ်စီရင်ရေးဌာနတွင်လည်း ရာထူးတစ်ခုရရှိထားပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရန်လည်း လိုအပ်နေသေးသည်။


သူထံတွင် ယုံကြည်နှစ်သက်စဖွယ်ပုံပန်းသဏ္ဍာန်ရှိနေသကဲ့သို့ နန်းတော်တွင်းရှိလူများကိုဆွဲဆောင်မိသွားသည်၊ လူတိုင်းမှာ သူသည်အလွန်အမင်းမျက်နှာသာပေးခံနေရသည်ဟု ချီးမြင့်မြှောက်စားနေကြသည့်ပုံမှာ ခြေထောက်ရိုးမှနှင်းကိုက်နာကဲ့သို့ ထွက်ပြေးလွတ်မြောက်၍ပင်မရနိုင်‌ဖြစ်နေခဲ့သည်။


၎င်းသည် တုန်းချန်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးစေခဲ့ပြီး သူတို့ကိုမနှစ်သက်ခင် သူ၏ရိုးသားမှုကိုပြသရန် အားထုတ်သုံးနိုင်ဖို့ကိုလည်း သင်ကြားပေးခဲ့သည်။


မည်သို့ပင်ဖြစ်စေ ရွှယ်ယန်မှာ ထိုကိစ္စများကိုကိုင်တွယ်နိုင်နေဆဲပင်ဖြစ်ပြီး ၎င်းမှာ ခြောက်သွေ့နေသည့်မီးဖိုထဲသို့ပြုတ်ကျသွားသောမီးစာကဲ့သို့ သူ၏အနှောင့်အယှက်များကို လောင်ကျွမ်းစေသည့်အရာတစ်ခုသာဖြစ်လေသည်။


ရွှယ်ယန် လှည်း၏အံဝှက်ကိုဖွင့်၍ စာအုပ်ပါးတစ်အုပ်ကိုထုတ်ယူလိုက်သည်။


" ခေတ်တစ်ခေတ်၏ကျမ်းဂန် "


ရွှယ်ယန် ကျမ်းစာအုပ်ကို လက်တစ်ဖက်ဖြင့်ဖွင့်၍ ပျင်းတိပျင်းရွဲ့ဖတ်နေလိုက်သည်။


သူ့ကို စိတ်ဆင်းရဲအောင်အလုပ်နိုင်ဆုံးအရာမှာမူ ကျွင်းဟွိုင်လန်၏ထွက်ခွာသွားခြင်းသာဖြစ်သည်။


ကျွင်းဟွိုင်လန်၏ထွက်ခွာသွားခြင်းမှာ ခြေရာလက်ရာပင်မကျန်ခဲ့ပေ သူမင့်လွမ်နန်းဆောင်သို့ရောက်ရှိချိန်တွင် အရှေ့ဆောင်မှာ အပြောင်ရှင်းထားကာ ဘေးဘက်ရှိခန်းမကျယ်ကြီးမှာမူ မည်သူကမျှမနေထိုင်ဖူးသကဲ့သို့ ထူထပ်စွာသော့ခတ်ထားခဲ့သည်။


သူသည် တစ်စုံတစ်ဦး‌အပေါ်ခံစားချက်ရှိနေသည်ကို မှုန်ဝါးဝါးသဘောပေါက်လာသည့်အချိန်ကျမှ ထိုသူမှာ အသံတစ်ချက်ပင်မပြုဘဲ သူ၏ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားသည်။


သူ ထိုသူကိုချစ်မိခဲ့သည့် အထွပ်အထိပ်အရောက်ဆုံးအချိန်တွင် သူ၏ဖူးစာကြိုးနီလေးမှာ ရုတ်တရက်ဖြုတ်ချခံလိုက်ရကာ ရွယ်ယန်သူ၏သနားစဖွယ်နှလုံးသားလေးကို လှောင်ချိုင့်ထဲတွင်သာ သော့ခတ်သိမ်းထားလိုက်ရတော့သည်။


လှောင်ချိုင့်ထဲမှာ နေ့စဉ်ဘယ်ညာခုန်ပေါက်နေသော သူ၏နှလုံးသားမှာ ရွှယ်ယန်ကိုခက်ခဲအောင် ပြုလုပ်နေမည့်ပုံပင်။


သို့သော် ယနေ့တွင် ထပ်မံ၍ ပျင်းစရာကောင်းသည့် အမှုတစ်ခုမှာ သူ၏လက်တွင်းသို့ရောက်ရှိလာပြန်သည်။


ဧကရာဇ်ချင်းဖျင်မှာ သူ၏စွမ်းရည်များကိုပြသရန်အခွင့်အရေးတစ်ခုပေးလိုပုံရသည်။ သို့မှသာ နန်းတွင်းနှင့်ရုံးတော်ရှိမှုးမတ်များကို သူ၏အရည်အချင်းအား သက်သေပြနိုင်မည်ဖြစ်သည်။ ပြစ်ဒဏ်စီရင်ရေးဌာနမှလူများသည်လည်း သူတို့၏မြင်းများနောက်လိုက်၍ အကယ်၍ အကျိူးအမြတ်ရရှိနိုင်မည့်အမှုတစ်ခုရှိလာပါက သူ့ထံလွှဲပြောင်းပေးကာ သူ၏အာရုံစိုက်မှုကိုရရှိရန်ကြိုးပမ်းနေကြသည်။


ထိုအရာကိုရွှယ်ယန်မလိုလားသည့်တိုင်အောင် ထိုသူများမှာ သူ့ကိုအခွင့်ထူးခံတစ်ဦးကဲ့သို့ ဆက်ဆံနေမြဲဖြစ်ကြပြီ ရွှယ်ယန်မှာ ချမှတ်ပေးထားသည့်အမှုကိစ္စများကိုဆောင်ရွက်ရန်သာ လိုအပ်ပေသည်။


ယနေ့တွင် ပြစ်ဒဏ်စီရင်ရေးဌာနမှ ရွှယ်ယန်အား အလွန်များပြားသောငွေအလွဲသုံးစားမှုကိုလုပ်ဆောင်ခဲ့သည့်မူးမတ်တစ်ဦး၏သားကို ရှာဖွေရန်စေခိုင်းလိုက်သည်။


ထိုကလေးမှာ မှုးမတ်တစ်ဦး၏တရားဝင်သားဖြစ်ကာ ဖခင်ဖြစ်သူမြင်းပေါ်မှမတော်တဆပြုတ်ကျချိန် (ရာထူးမှထုတ်ပယ်ခံရချိန်)၌ ရုံးတော်မှ သူ၏အိမ်ကိုစစ်ဆေးလိုက်ချိန်တွင် ငွေပြားတစ်သောင်းခန့်ကွာဟနေသည့်စာရင်းစာအုပ်ကို‌တွေ့လိုက်ရလေသည်။


ကြည့်ရသည်မှာ ထိုကောင်လေးသည် ဖခင်ဖြစ်သူ၏ခိုးရာပါပိုက်ဆံကို ကိုယ်လုပ်တော်၏အိမ်တွင်ဖွက်ထားကာ ရုံးတော်မှစစ်ဆေးချိန်တွင် ဇနီး သားသမီးများနှင့်ကိုယ်လုပ်တော်တို့ကို‌ခေါ်၍ထွက်ပြေးသွားပြီး ပိုက်ဆံကိုသူ၏နာမည်အောက်သို့သွပ်သွင်းလိုက်ကာ မြို့ပြင်တွင် ပျော်ရွှင်သောဘဝတစ်ခုရရှိနေသည့်ပုံပင်။


ရွှယ်ယန်၏အမြင်မှာမူ ထိုသူကိုဖမ်းဆီးရန်တစ်စုံတစ်ဦးကိုစေလွှတ်ကာ နှိပ်စက်မေးမြန်းလိုက်လျှင် ပြီးမည့်ကိစ္စပင်ဖြစ်သော်လည်း ပြစ်ဒဏ်စီရင်ရေးဌာနမှ သူ့ကိုသွားရန်စေလွှတ်လာခဲ့သည်။


ပြစ်ဒဏ်စီရင်ရေးဌာန၏မူလရည်ရွယ်ချက်မှာ ရွှယ်ယန်ကိုမျက်နှာသာပေးချင်ပုံရပြီး ထိုသူကို အားမသုံးဘဲနှင့်ဖမ်းဆီး၍ ခိုးရာပါပိုက်ဆံကိုသိမ်းဆည်းကာ မဖမ်းဆီးခင် အချို့ဖယ်ထားစေခြင်းပင်ဖြစ်ရပေမည်။


သို့သော် ရွှယ်ယန်မှာ ထိုပိုက်ဆံအပေါ်လုံးလုံးပင် ဂရုမစိုက်မည်ကို သူတို့ မည်သို့ စိတ်ကူးမိနိုင်ပါမည်နည်း…


ထို့ကြောင့် ထိုဖားယားမှုမှာ ရှုံးနိမ့်သွားရလေသည်။


ရွှယ်ယန် ပျင်းရိစွာစောင့်ဆိုင်းနေရပြီးနောက် ခဏအကြာတွင် တစ်စုံတစ်ဦးကို ဖမ်းမိထားကြောင်း စစ်သည်တော်တစ်ဦးမှ သတင်းပို့လာပြီး အမှုကိုပိတ်သိမ်းရန်အတွက် မေးမြန်းလာသည်။


ရွှယ်ယန် လက်ကိုမြှောက်၍ လှည်းမှထွက်ရန် အချက်ပြလိုက်သည်။


" အမှုစစ်မယ်…" ရွှယ်ယန် ပေ့ါပါးစွာပြောဆိုလိုက်သည်။


လွန်ခဲ့သော နှစ်ရက်အတွင်း သားဖြစ်သူ၏ကိုယ်လုပ်တော်မှာ အပျော်စံအိမ်မှဝယ်ယူထားသော ပြည့်တန်ဆာတစ်ဦးဖြစ်နေသည့် အချက်အလက်များကိုရရှိထားခဲ့ပြီး သူမကိုမဝယ်ယူခင်က သူတို့နှစ်ဦးမှာ သူမသည်သာ ဇနီးမယားဖြစ်ရမည်ဆိုသောကတိမျိုးရှိထားခဲ့သသည်။ 


ထိုအတွက်ကြောင့် ဖခင်ဖြစ်သူမှရိုက်နှက်ခဲ့ကာ လက်ထပ်ခွင့်မပြုခဲ့ချေ။


ထို့ကြောင့် သူ့ဖခင်၏မတော်တဆမှုဖြစ်ချိန်တွင် ထိုသူပထမဦးဆုံးလုပ်ဆောင်သည့်အရာမှာ ငွေကိုယူ၍ ကိုယ်လုပ်တော်နှင့်ထွက်ပြေးခြင်းပင်ဖြစ်၏။ အကယ်၍သာ တရား‌ဝင်ဇနီးဖြစ်သူမှာ ကလေးများကိုခေါ်ကာ အိမ်တံခါးရှေ့သို့မရောက်လာခဲ့ပါလျှင် သူ့ထံတွင် ထိုသုံးဦးကိုခေါ်ဆောင်သွားမည့်အကြံမရှိခဲ့ပေ။


ထိုအချိန်တုန်းက အမှုမှာပိတ်လိုက်ပြီဖြစ်ပြီး သူ၏မိသားစုဝင်များသည်လည်းအဖမ်းအဆီးခံရသော်ကြောင့် ငွေလက်မှတ်များကို ကိုယ်လုပ်တော်နှင့်အတူ အပျော်စံအိမ်တွင်သာ ဖွက်ထားခဲ့ရသည်။


အကယ်၍သာ သူမကို တရားဝင်ဇနီးသည်ထက်ပို၍ချစ်ခင်ပြီး သေအတူရှင်မကွာနေထိုင်မည့်အကြောင်း မပြောခဲ့ပါက သူပို၍ဒုက္ခများပေလိမ့်မည်။


ရွှယ်ယန် ထိုကဲ့သို့သော အမှိုက်မျိုး၌ အချိန်မဖြုန်းချင်တော့ပေ။


သူ၏အမိန့်ကိုလက်ခံပြီးချိန်တွင် အပြင်တွင်စောင့်ဆိုင်းနေသောကျင်းပေါင်သည် သူ့အတွက်ခြေနင်းကိုအလျင်အမြန်ပြင်ဆင်ကာ လိုက်ကာကိုမပြီး လှည်းပေါ်မှ ဆင်းရန်ပြောလိုက်သည်။ ရွှယ်ယန်လှည်းပေါ်မှဆင်းကာ ဘေးဘီဝဲယာသို့ပင် မကြည့်ဘဲ အိမ်ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်လေသည်။


ဖြတ်သွားဖြတ်လာများကို စစ်သည်များမှ မောင်းထုတ်ထားသဖြင့် ကြီးမားသောဧည့်ခန်းကြီးမှာ ရွှယ်ယန်အတွက် ဗလာဖြစ်လုနီးပါးဖြစ်နေကာ အလွန်တရာတိတ်ဆိတ်ငြိမ်သက်နေပြီး တစ်ဦးတည်းသောကျန်ရှိနေသည့်အရာမှာ ခေါ်ဆောင်သွားခြင်းခံရသည့် မိန်းမများနှင့်ကလေးများ၏ငိုယိုသံများသာဖြစ်သည်။


ကျင်းပေါင်အရှေ့သို့အမြန်တိုးကာ ခုံတစ်လုံးချပေးလာသဖြင့် ရွှယ်ယန် ဝတ်ရုံကိုမကာ ထိုင်ချလိုက်သည်။


" ရှာကြ…" ရွှယ်ယန် သာမာန်မျှသာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။


ချက်ချင်းဆိုသလိုပင် စစ်သည်အချို့မှာ ထိုသူတို့အား ဖင်ပြန်ခေါင်းပြန်ရှာဖွေလိုက်ကြပြီး သယ်ဆောင်လာကြသည့်အထုပ်အပိုးများကိုပင် သေချာရှင်းလင်းလိုက်ကြသည်။


မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် ငွေပြားအနည်းငယ်သာရှိပြီး သခင်ငယ်လေးယူဆောင်သွားခဲ့သည့် ငွေလက်မှတ်များကိုမူ တွေ့မြင်ရခြင်းမရှိပေ။


အပျော်စံအိမ်မှ ကိုယ်လုပ်တော်မှာ ဘေးတွင်ရပ်လျက် ငိုကြွေးနေပြီး " အရှင်တို့က ရှာဖွေချင်တယ်ဆိုရင် အကြောင်းပြချက်‌လေးတော့ အရင်ပေးသင့်ပါတယ်.. ဒီနိမ့်ကျတဲ့မိန်းမသားဆီမှာရှိတဲ့ငွေကြေးနဲ့အထုပ်အပိုးတွေက ကျွန်တော်မျိုးမရဲ့ကိုယ်ပိုင်ပစ္စည်းနည်းနည်းပါးပါးလေးပါ.. ဘယ်လိုပဲဖြစ်ဖြစ် အရှင်တို့ရှာဖွေချင်တယ်ဆိုရင်တော့ သင့်လျော်တဲ့ရည်ရွယ်ချက်ကိုပေးဖို့လိုတာပေါ့…"


ထိုသို့ပြောရင်းမှ သူမ၏မျက်ရည်များကို အားလျော့စွာ သုတ်လိုက်ပြန်သည်။


သူ၏ဘေးမှာမူ ‌တရားဝင်ဇနီးနှင့်ကလေးနှစ်ဦးမှာ ရွှယ်ယန်၏ဖိနှိပ်မှုကြောင့် အချိန်အတန်ကြာအထိ အလွန်သနားစဖွယ်ငိုကြွေးနေကြလေသည်။


ထိုသူများမှာ စိတ်ကိုကြိုတင်ပြင်ဆင်ထားပြီးကြပြီး မည်သို့သောအရာများကိုမျှ လုပ်ဆောင်ရဲမည်မဟုတ်ကြောင်းကို ရွှယ်ယန်သိနေခဲ့သည်။


အဆုံးတွင် လောဘကြီးသည့်အမှုထမ်းမှာ နေအိမ်သို့ရှာဖွေနေစဉ်မှာပင် အကျဉ်းထောင်သို့ပို့ဆောင်ခံရပြီး နွေဦးတွင်ကွပ်မြက်ရန်စောင့်ဆိုင်းနေရပြီဖြစ်ကာ သူ၏မိသားစုဝင်များမှာမူ ထိုအခြင်းအရာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် အမှုကိုကိုယ်တွယ်မည့်သူများ ရောက်ရှိလာလျှင်ပင် ထိုသူတို့မှာ ရွှေ့ပြောင်း၍မရချေ။


ငွေလက်မှတ်များမှာ ပျောက်ဆုံးနေပြီး အမှုစစ်များထံတွင်လည်း ခိုင်လုံသော သက်သေအထောက်အထားတစ်စုံတစ်ရာဟူ၍မရှိချေ။ ထိုငွေများမှာ ပျောက်ဆုံးသွားသည်လား ဆုံးရှုံးသွားသည်လားကိုလည်း မည်သည်ကသိနိုင်မည်နည်း.. သဘာဝကျစွာပင် ထိုကိစ္စနှင့်ပတ်သက်၍ သူတို့လုပ်ဆောင်နိုင်သည့်အရာမရှိချေ။


သို့သော်လည်း သူတို့မသိသည်မှာ သူတို့ရှေ့မှလူသည် ရွှယ်ယန်ဖြစ်လေသည်။


ရွှယ်ယန် ညင်သာစွာ မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်ပြီး သခင်ငယ်လေးကို မေးလိုက်လေသည် " ဘယ်မှာလဲ.."


သခင်လေးမှာ အမှန်တကယ်ကံကောင်းပုံပင်။ သူခဏကြာတုန့်ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည် " အရှင်ဘာကိုပြောနေတာလဲ.. ဒီအမှုထမ်းကဘာကိုမှမသိပါဘူး…"


အကယ်၍သာ ငွေအကုန်လွှဲပြောင်းပေးလိုက်ရလျှင် ရုံးတော်ကသာ သူ၏အသက်ကိုမလိုချင်ခဲ့ပါက သူပြန်လွတ်လာချိန်၌ မည်ကဲ့သို့ရှင်သန်နိုင်တော့မည်နည်း။ ထို့အပြင် သူ၏ချစ်ကိုယ်လုပ်တော်လေးမှာလည်း အပျော်အိမ်မှထွက်ကာ သူ့နောက်လိုက်နေပြီဖြစ်သောကြောင့် သူမလေးကို မည်သို့များခက်ခက်ခဲခဲနေစေနိုင်မည်နည်း။


မည်သို့ပင်ဖြစ်စေ ရွှယ်ယန်အကြည့်များကိုသိမ်းဆည်းလိုက်ပြီး မေးကိုမော့ကာ ကိုယ်လုပ်တော်မိန်းမထံသို့ လက်ပြလိုက်သည် " တစ်ယောက်လောက်…သူ့လက်တစ်ချောင်းကိုဖြတ်ပစ်လိုက်…"


အပျော်စံအိမ်တွင်ရှိနေကြသူများမှာ သာမာန်ကုန်သည်ပွဲစားများနှင့်အရပ်သားများဖြစ်ကြရာ ထိုအချိန်တွင် သူတို့မှာ ထွက်ပင်မလာရဲကြချေ။ အမှုစစ်မှ ညှင်းပန်းမှုကို လူရှေ့တွင်လုပ်ဆောင်ရန်ပြင်လိုက်ချိန်၌ သူတို့အားလုံး ကျက်သီးများပင်ထလာရသည်။


စစ်သည်တစ်ဦးမှ အရှေ့သို့တိုးလာခဲ့သည်။


စစ်သည်တော်များမှာ ရွှယ်ယန်၏နောက်လိုက်များသာဖြစ်ကြပြီး အလွန်နာခံမှုရှိသည့်အတွက် စစ်သည်တစ်ဦးမှ အရှေ့တိုးကာ ကိုယ်လုပ်တော်မိန်းမ၏လက်ကို စားပွဲပေါ်၌ ဖိထားလိုက်ချိန်တွင် အခြားတစ်ဦးမှ ဓားကိုဝင့်ကာ ရွှယ်ယန်၏အမိန့်ကိုစောင့်ဆိုင်းနေသည်။


လုံလုံလောက်လောက်ပင် ထိုမိန်းမမှာ ဓားရှေ့တွင်  ငိုယိုရုန်းကန်နေလေသည်။ သခင်ငယ်လေး၏မျက်နှာမှာမူ အလွန်ပင်ရုပ်ဆိုးသွားကာ ခြေထောက်များတုန်ယင်လာပြီး ပြောစရာစကားပင် ပျောက်ဆုံးသွားရသည်။


ရွှယ်ယန် သူ့ကိုကြည့်လိုက်ပြီး " မေးခွန်းတစ်ကြိမ်ကို လက်တစ်ချောင်းပဲ.. သူ့ရဲ့လက်တွေက မင်းပါးစပ်ကိုဖွင့်နိုင်မနိုင်မသိရပေမယ့် ဆယ့်တစ်ကြိမ်မြောက်ကျရင်တော့ သူဒီနေရာမှာပဲ ကျန်ရစ်ခဲ့တော့မယ်.."


သခင်ငယ်လေးမှာ တုန်ယင်နေမှုကြောင့် ဒူး‌ပင်ထောက်ကျမတတ်ဖြစ်နေကာ အလျင်အမြန်အော်ဟစ်လိုက်သည် " သင်တို့က လူမြင်ကွင်းမှာတောင် ဒီလိုတွေလုပ်နေတာ တိုင်းပြည်ဥပဒေတွေမရှိတော့ဘူးလား…"


ရွှယ်ယန် ပျင်းတိပျင်းရွဲ့ဖြင့် ပြုံးလိုက်ပြီး " တိုင်းပြည်ဥပဒေလား…"


ဘေးတွင်ရှိနေသော ကျင်းပေါင်မှာ လူများကိုလေ့လာအကဲခတ်ရာတွင် အတော်ဆုံးသူဖြစ်သောကြောင့် သခင်ဖြစ်သူ၏အမူအယာကို တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်၌ မောက်မာသည့်အပြုံးတစ်ပွင့်ပေါ်လာကာ " တိုင်းပြည်ရဲ့ဥပဒေလား မင်းရဲ့ရှေ့မှာရပ်နေတာ ဘယ်သူထင်လို့လဲ မင်းကဥပဒေအကြောင်းကိုပြောရဲသေးတယ်ပေါ့.."


မိန်းမစိုး၏စူးရှသောအသံထွက်ပေါ်လာချိန်၌ လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရသည်။


Xxxxxxx