Ch 16
Viewers 1k

အခန်း(16)


မော့ဝမ်ယွီ နေ့လည်စာများ ပြင်ဆင်ပြီးချိန်တွင် ကောင်းစွာ၀တ်ထားပြီး ရင်းနီးဖော်ရွေသောအပြုံးကိုပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးက ခြံ၀န်းထဲသို့ ၀င်လာခဲ့သည်။ 


ထိုလူငယ်က အသာပြုံး၍ မေးလာခဲ့လေသည်။


“ငါ့ ယောက်ဖက အရသာရှိတဲ့ ဟင်းတွေ ချက်နေတယ်ဆိုပြီး ငါကြားခဲ့တယ် ၊ ငါလည်း အဲဒီဟင်စလျာတွေကို လာပြီး မြည်းစမ်းကြည့်လို့ရနိုင်မလား”


မော့၀မ်ယွီသည်ကား တစ်ဖက်လူအား မသိသော်လည်း ကျူးရှုကမူ  ထိုသူကိုအးမြင်သော် ‘အစ်ကိုကြီး’ ဟုခေါ်လိုက်ပြီး သူ၏အသံကလည်း ပိုမို၍ နူးညံ့ညင်သာသွားခဲ့သည်။


မော့၀မ်ယွီတစ်ယောက် စာအုပ်ထဲမှ ဇာတ်ကောင်များအား ပြန်လည်တွေးလိုက်ပြီး သူ၏ အရှေ့မှလူအား ဖြည်းဖြည်းစဉ်းစားပြီးနောက် ပြန်လည်မှတ်မိသွားခဲ့သည်။ 


သူလည်လည်း အမြန်ပင် ‘အစ်ကိုကြီး’ ဟုခေါ်လိုက်ကာ ရွှင်ပြစွာပင် သဘောတူလက်ခံလိုက်လေသည်။


ထိုသူသည်ကား ကျူးရှု၏အကိုအကြီးဆုံး  ကျူးရှန်ကျိုးပင်ဖြစ်ပေသည်။ 


အိမ်တော်မှ အကြီးဆုံးသားက လက်ထက်ပြီးသည်နှင့် အိမ်မှခွဲထွက်ရသော စည်းမျဉ်းကြောင့် ကျူးရှန်ကျိုးသည်လည်း ခွဲထွက်သွားပြီး ဆန်ဆိုင်ဖွင့်ထားခဲ့သည်။


ညီအစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်သဖြင့် သူ၏ ညီဖြစ်သူကို မကြာမကြာ လာတွေ့တတ်လေ့ရှိလေသည်။ ကျူးအိမ်တော် ဖျက်စီးခံရပြီးနောက်တွင်လည်း သူက စိတ်ပူပန်ပြီး မကြာမကြာ လာကြည့်ခဲ့သေးသည်။ 


မတိုင်ခင်အချိန်များတွင် ကျူးရှုနှင့်သူက အပြင်ထွက်၍ လိုအပ်သည့် ပစ္စည်းပစ္စယများအား ၀ယ်ရန်သွားနေခြင်းကြောင့် အတော်ကြာသည်အထိ မဆုံခဲ့ခြင်းဖြစ်ပေသည်။


“သေချာပေါက်ရတာပေါ့...လာခဲ့လေ၊ အကိုကြီး ဒီကို လာပြီး စားကြည့်ပါဦး”


တစ်ဖက်လူက ပေါ့ပေါ့ပါးပါးပင်ပြုမူသူဖြစ်၍ မော့၀မ်ယွီလည်း စိတ်အေးသွားသည်။ အတူတူစားသောက်ပြီးနောက်တွင် မော့၀မ်ယွီတစ်ယောက် ကျူးရှန်ကျိုးက စိတ်၀င်စားစရာကောင်းသောသူဖြစ်ကြောင်း သိလိုက်သည်။ 


လက်ရှိကမ္ဘာတွင် သူ့အနေဖြင့် တစ်စုံတစ်ဦးနှင့် ပုံမှန်စကားပြောနေကြဟန်ဖြင့် ပြောဆိုရန် မလွယ်ကူခဲ့ပါချေ။ သို့သော်လည်း ကျူးရှန်ကျိုးကမူ အခြားသူများနှင့်မတူပေ။ 


သူတို့နှစ်ဦးသား ဧည့်ခန်းမထဲတွင် ထိုင်၍ စားသောက်ဆိုင်ဖွင့်မည့်ကိစ္စအား ပြောဆိုတိုင်ပင်နေခဲ့ကြသည်။


“ဆိုင်ဖွင့်တာကတော့ အကြံကောင်းပဲ၊ ဒါပေမဲ့ အခုက ကျုးမိသာ့စုအိမ်ရဲ့ ဆိုင်က ပေါင်ထားရတယ်လေ၊  ဘယ်‌နေရာကိုသွားပြီး ဆိုင်ကိုဘာတွေနဲ့ ဆောက်မှာလဲ”


ကျူးရှန်ကျိုးက တစ်ဖက်လူ၏ စားသောက်ဆိုင် ဖွင့်လိုသည့် အကြံအား အထင်မသေးခဲ့ပါချေ။ သူက အရေးကြီးသည့် အချက်များကိုပင် ထောက်ပြခဲ့သည်။


“နေရာထိုင်ခင်း အတွက်ကတော့ အဒေါ် ရှီက ကျေးဇူးဆပ်တဲ့ အနေနဲ့ ဈေးထဲမှာ ဆိုင်နေရာရှာပေးမယ်တဲ့...ဆိုင်ကိုတော့...”


မော့၀မ်ယွီက သူ့၏နောက်မှ တွန်းလှည်းပုံစံ ရေးဆွဲထားသော စာရွက်အား ဆွဲထုတ်ပြလိုက်ပြီး တွန်းလှည်း၏အနေအထားကို အကြမ်းဖျင်းရှင်းပြလိုက်သည်။


ကျူးရှန်းကျိုးက စာရွက်ကို ဆွဲယူလိုက်ပြီး သေချာကြည့်လိုက်လေသည်။ သူ ထိုသို့သော ယာဉ်မျိုးအား မမြင်ဖူးခဲ့ပါချေ။ 



ကိုယ်ထည်အတွင်း၌ အိုးရှိနေပြီး အပြင်ပန်းကတော့ဖြင့် ပုံမှန်ဆိုင်များကဲ့သို့ပင်ဖြစ်ပြီး အပေါ်နားတွင် တစ်စုံတစ်ခုအား ရေးထားသော ဆိုင်းဘုတ်တိုင်တစ်ခု ရှိနေသည်။


မော့၀မ်ယွီက လှည်းအတွင်းမှ အိုးအား လက်ညှိုးညွှန်ပြပြီး ရှင်းပြလိုက်သည်။


“ဒီနေရာမှာ ပုံမှန်အပူချိန်ရှိနေတာလေ၊ အဲဒါမှ အထဲက ဟင်းတွေက မတူးသွားပဲ အပူမလွန်ကဲသွားပဲ ဆက်ပြီး နွှေးနေသလိုမျိုး ဖြစ်သွားမှာ၊ အိုးအောက်မှာ ထည့်ရမဲ့ တန်ဆာပလာတွေတော့ရှိတာပေါ့”


‌အိုးအောက်တွင် ထည့်ရန်အတွက် မော့၀မ်ယွီရှာဖွေထားသော အပူထိန်းနိုင်မည့်အရာ အနည်းငယ်ရှိသည်။


 အကြောင်းသင့်စွာပင် သူသည်ကား ဓာတုဗေဒအား ကြိုးစားသင်ယူခဲ့ပြီး သူ့တွင် အသိဉာဏ်များ ကျန်ရစ်နေခဲ့သေးသည်။ ထို‌ကြောင့် အချိန်ကူးပြောင်းလာခဲ့ပြီး‌သည့်နောက်တွင်ပင် သူ ထိုကဲ့သို့သော ပြဿနာများအား ဖြေရှင်းနိုင်သေးသည်။


ကျူးရှန်ကျိုးက မည်သည်မှနားမလည်လိုက်သော်လည်း ခြုံငုံသုံးသပ်လိုက်သော်အခါ အလွန်ကောင်း‌သည့်အကြံဖြစ်ကြောင်း  သိရှိခဲ့သည်။  


သူက ခေါင်းငြိမ့်လိုက်ကာ ချီးကျူးလိုက်ပြီး တစ်ဖက်လူ၏ မျက်လုံးများကို မယုံနိုင်သဖွယ် မျက်လုံးတစ်စုံအား ကြည့်လိုက်သည်။


“မင်း ဆိုလိုတာက အဲဒီလှည်းကို လုပ်ပေးဖို့ လက်သမားဆရာ ရှာပေးဖို့ကိုမဟုတ်လား”


မော့၀မ်ယွီက ‘ဖောင်း’ ခနဲမြည်အောင် လက်ဖဝါးနှစ်ဖက်ကို ရိုက်လိုက်ပြီး ကျေးဇူးတင်စွာပြောလိုက်သည်။


“အစ်ကိုကြီးက တကယ်ကိုဥာဏ်ကောင်းတာပဲ!! တကယ်ကို  အစ်ကိုကြီးလို့ မပြောရဘူး ၊ တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ အကုန် သိသွားတာပဲ”


လှည်းပုံစံသည်ကား ကြည့်လိုက်ပါက ရိုးရှင်းသော်လည်း အမှန်တကယ် တည်ဆောက်ရသည်မှာ ရှုပ်ထွေးသည်။ မော့၀မ်ယွီ ၎င်းကို မတည်ဆောက်ခင်တွင် သူကိုယ်တိုင် အချိန်အတော်ကြာအောင် ပုံကြမ်းဆွဲခဲ့ခြင်းဖြစ်သည်။ 


သူက ယခုမှ ကူးပြောင်းလာခဲ့ခြင်းဖြစ်၍ ဤနေရာနှင့် စိမ်းသက်နေသေးသည်။ ထို့ကြောင့် လက်သမားဆရာအား လိုက်မေးပြီး ရှာဖွေခြင်းထက် ထိုသို့သော အလုပ်မျိုးနှင့် အကျွမ်း၀င်ပြီးသားသူကိုသာ အကူအညီတောင်းလိုက်ခြင်းက ပို၍သင့်တော်သည်။


ကျူးအိမ်တော်သည်ကား ယခင်က ဆိုင်များဖွင့်ထားခဲ့ဖူးပေ၏။ ယခုအချိန်တွင် ပေါင်လိုက်ရပြီဖြစ်သော်လည်း လူအများအပြားနှင့်တော့ ဆက်ဆံခဲ့ဖူးသေးသည်။ 


ထို့ကြောင့် အကိုကြီးကျူး၏ ဆိုင်ကလည်း တစ်နေ့တစ်နေ့ ၀ယ်သူအများအပြားရှိ၍ လက်သမားနှင့်ပန်းရံဆရာ တစ်ဦးစနှစ်ဦးစတော့ဖြင့် အသိအကျွမ်းရှိလိမ့်မည်။


ကျုးရှန်ကျိုးတစ်ယောက် ခေါင်းကိုက်သွားရပြီး နားထင်အား အသာပွတ်လိုက်မိသည်။ လူရှာရသည်က ခက်ခဲသောကိစ္စမဟုတ်သော်လည်း ဆောက်ရမည့်အရာကမူ တစ်ချက်ကြည့်ရုံနဲ့တင် ရှုပ်ထွေးနေဟန်ပေါ်သည်။


 ထိုသို့သော လက်ရာမျိုးကို ဖန်တီးပေးနိုင်သည့်သူက တစ်ယောက်နှစ်ယောက်ခန့်သာရှိပေသည်။ 


သူက တစ်ဖက်လူထံမှ ထိုသို့ပြောဆိုလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ဘဲ လက်ရှိတွင် အကျပ်ရိုက်သွားရပြီဖြစ်သည်။ တစ်ဖက်လူက ဉာဏ်ပြေးလှသည်။ 


အဆုံးတွင်မူ သူ၏ ယောက်ဖဖြစ်သူက ပိတ်ဆီးထားသဖြင့် ကူညီရန် လက်ခံလိုက်ရတော့သည်။ သို့သော် မကြာမီမှာပင် မော့၀မ်ယွီက တိတ်တဆိတ်ပြန်လှည့်လာခဲ့ပြီး အသံနိမ့်နိမ့်ဖြင့် မေးလာခဲ့သည်။


“ဒါနဲ့ အစ်ကိုကြီး၊ ရုန်စစ်က ယုန်လေးတွေကို ကြိုက်တယ်မဟုတ်လား!?”


ကျူးရှန်းကျိုး ခဏရပ်တန့်သွားပြီး မည်သည်ကို ပြန်ဖြေရမည်အား မသိခဲ့ချေ။ 



‘တွန်းလှည်းဆောက်တဲ့ကိစ္စက ရုန်စစ် ယုန်တွေကို ချစ်တဲ့ကိစ္စနှင့် ဘယ်လိုများ သက်ဆိုင်နေလို့လဲ၊ ဒါမှမဟုတ် သူ မတိုင်ခင်က ကြောင်အနေခဲ့တဲ့အချိန်မှာ စကားချို့ကို မကြားလိုက်တာများလား...’



ကြည့်ရတာ သူကတော့  တစ်ယောက်တည်း စိတ်ကူးယဉ်တွေးတောနေမိတဲ့ပုံပဲ!


ထို့နောက်တွင် သူ အိမ်မှမထွက်လာခင်ကပင် ဇနီးဖြစ်သူနှင့်ပက်သက်၍ မကောင်းသောမှတ်ဉာဏ်တစ်ခု အကြောင်းကို ပြန်တွေးလိုက်မိကာ ပြိုလဲကျချင်သွားရပြန်သည်။


မော့၀မ်ယွီသည်ကား သူကို ဆက်၍မကူညီပေးနိုင်တော့သော ကျူးရှန်းကျိုးအား ပြန်ပို့လိုက်ပြီးနောက် စားဖိုခန်းထဲတွင် ပစ္စည်းများသိမ်းဆည်းရန် သွားမည့်ဆဲဆဲတွင် တံခါးဆီမှ အသံတချို့အား ကြားလိုက်ရသည်။


စကားသံတို့က အရေးကြီးဟန်ရှိပြီး ထိုစကားဝိုင်းတွင် သူ၏နာမည်လည်း ယောင်၀ါး၀ါး ပါ၀င်နေခဲ့သည်။ 


မော့ဝမ်ယွီ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး  တံခါးဆီသို့ ပြန်လျှောက်လာခဲ့ရာ တံခါးအနီးသို့ ရောက်ချိန်တွင် ထူးဆန်းသောအသံအား ကြားလိုက်ရသည်။


“ဟေ့...မင်းတို့ရဲ့လူကလည်း အဲဒီလောက်ထိ မကောင်းနေဘူး ၊သူကဒီတိုင်း ကျောင်းသားလေးတစ်ယောက်က စာမေးပွဲအောင်သွားရုံ အဆင့်လောက်ပဲ!! သူက မော့၀မ်ယွီလောက်တောင် မတော်ဘူး၊ မော့ဝမ်ယွီကမှကျူးမိသားစုရဲ့ အကိုင်းအခက်တွေကနေ အမြင့်ကိုတက်နိုင်ပါသေးတယ်”


“ အဲဒီအကိုင်းအခက်တွေကကော တည်ငြိမ်ပြီး ခိုင်ခံ့ရဲ့လား မသိပါဘူး၊ဘမကြာခင်ကဘဲ ကျူးမိသားစုအိမ်က ဖျက်စီးခံထားရသေးတာမဟုတ်လား”


မော့၀မ်ယွီ ခြံအပြင်သို့ ထွက်လာခဲ့ရာ ကြမ်းတမ်းပြီ နီရဲသောဖြင့် မျက်နှာပြောင်ပြောင်နှင့် ခါးကလည်း စည်ပိုင်းကြီးလောက် ၀သော မိန်းမကြီးတစ်ယောက်က ခါးထောက်၍ရပ်နေသည်အား တွေ့လိုက်ရသည်။ 


သူမ၏အသံအား သူ အလွန်ရင်းနှီးနေခဲ့သော်ငြား မည်သူမှန်းကိုမူ အစဖော်၍မရခဲ့ပါချေ။


“ငါက နင်တို့အကုန်လုံးက လူကြီးလူကောင်းလို  မပြုမူတတ်ဘူးလို့ ထင်ခဲ့တာ၊ လူကိုနှုတ်ဆက်ဖို့တောင် ထွက်လာသေးသားပဲ”


ထိုမိန်းမကြီးက ထူးဆန်းသောမျက်နှာနှင့် မော့၀မ်ယွီအား စောင်းကြည့်နေခဲ့သည်။ သူမက သူတို့ကို ရွဲ့စောင်းပြောသလိုလုပ်ပြီးနောက်တွင် မောက်မာသောအပြုံးဖြင့် ပြုံးနေခဲ့ဘေသည်။


  မော့၀မ်ယွီမှ စကားပြန်မပြောသည်အား တွေ့သောအခါ တစ်ဖက်လူက ဂုဏ်မောက်စွာဖြင့် လူများကြားအော် အော်ပြောလိုက်သည်။


“တကယ်ပါဘဲ၊ ကျူးမိသားစုအိမ်က ပိုင်ဆိုင်မှုတွေက အကုန်လုံးကုန်ပြီး အိမ်ကလည်း အဖျက်စီးခံလိုက်ရတယ်ဆိုတာကို ဘယ်လိုများမေ့သွားရတာလဲ၊ ဒါမှမဟုတ် ငါက ကြင်နာမှုကိုပြသတဲ့အနေနဲ့ မင်းတို့ကို စွန့်ကျဲပေးမယ်ဆိုရင်ကော...”


မော့၀မ်ယွီက တိုက်ရိုက်ပင် ၀င်ဖြတ်ပြောလိုက်သည်။


“ခင်ဗျားက ဘယ်သူလဲ”


သူ့၏အသံက စိတ်အနှောင့်အယှက်ဖြစ်နေဟန်ပေါ်ပြီး စိတ်မရှည်မှုများ ရောပါနေသည်။


မော့ယွီချိုင်တစ်ယောက် ကြောင်အသွားပြီး အံ့ဩတကြီးဖြင့် မော့၀မ်ယွီအား ခေါင်းမော့ကြည့်လိုက်လေသည်။


 

 အမြဲတမ်း နာနာခံခံရှိတတ်သော အရူးတစ်ကောင်က သူမအား မသိသကဲ့သိုသ ဟန်ဆောင်ရဲလိမ့်မည်ဟု မထင်ထားသောကြောင့် သူမ မှင်တက်သွားခဲ့လေသည်။ 



သူမ အံ့သြသင့်စွာမော့ကြည့်လိုက်ချိန်တွင် မော့၀မ်ယွီ၏ နက်ဆွေးသောမျက်လုံးနက်များက အလွန်မေးစက်နေခဲ့ပြီး ဓားလက်နက်များ အစင်းပေါင်းများစွာ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားမိလိုက်ပြီး အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။


မော့၀မ်ယွီက သူမကို လျစ်လျစ်ရှုသွားပြီး ချာကနဲလှည့်ထွက်သွားကာ အပြစ်ကင်းစင်စွာပင် မျက်တောင်ခတ်လိုက်သည်။



ထိုနောက်တွင် တစ်ဖက်တွင်ရှိသော သူ့ဘေးမှလူအား  ပြောလိုက်လေသည်။


“တစ်ယောက်ယောက် စကားပြောနေတာများ ကြားလိုက်ကြသေးလား”


ယခုလေးတွင်ပင် စကားပြော၍‌ပြီးသော မော့ယွီချိုင်မှာ မော့၀မ်ယွီအား မရှိနေသကဲ့သို့ ဆက်ဆံသွားသည်။ 


သို့နှင့်ကွေ့ဟွားမှလူအချို့က မော့ယွီချိုင်နှင့် မော့၀မ်ယွီတို့၏ ရန်ပွဲအား လာကြည့်ကြသော်လည်း မော့၀မ်ယွီပြောသွားသော စကားများကြောင့် အကုန်ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ကာ တခွိခွိရယ်နေကြတော့သည်။


ရယ်သံက တိုးသည်ဆိုသော်လည်း လူတိုင်း၏ ရယ်သံတိုးတိုးများ ရောသွားသောအခါ ရယ်သံအကျယ်ကြီးဖြစ်လာသလိုပင်။


 ထိုအရာက မော့ယွီချိုင်အား ဒေါသတကြီးဖြစ်လာစေသည်။ သူမ၏ ပဲစေ့ကဲ့သို့ မျက်လုံးများက ပြူးကျယ်သွားပြီး မော့၀မ်ယွီအား ရိုက်ရန် ပြင်လိုက်သည်။


“နင်...အရူးကောင်!!နင်ကများ ငါ့ကို ပြန်ပြောရဲတယ်ပေါ့!!”


မော့၀မ်ယွီက အဆီအပြည့်နှင့် လက်ကြီးအား ဆွဲတားလိုက်ပြီး သူ့ရင်ထဲတွင် ရွံရှာမှုများဖြင့် ‌ပြည့်နေခဲ့သည်။ 


သူ တစ်ဖက်လူအား တစ်ကြိမ်ထက်ပို၍လည်း မထိတွေ့ချင်သောကြောင့် လက်ကို ပစ်လွှဲလိုက်ကာ အသာပြုံး၍ပြောလိုက်သည်။


“ခင်‌ဗျားက လူတောင် မဟုတ်ဘူးလေ၊ အဲဒီတော့ ပြန်ပြောဖို့တောင်မတန်ဘူး”


“နင်!!”


“ပါးစပ်ပိတ်လိုက်တော့...”


ထိုအခိုက်တွင် အေးတိအေးစက် အသံတစ်ခုက အားမာန်အပြည့်ဖြင့် အော်‌ပြောလာခဲ့လေသည်။


*