အပိုင်း ၇၆
Viewers 15k

Chapter 76


သူတို့စားပွဲတွင်ငွေရှင်းပြီးနောက် စားသောက်ဆိုင်မှ ချက်ချင်းထွက်ခဲ့ကြသည်။


" သူတစ်ယောက်ပဲငွေရှိတာကြလို့.. ငါတကယ်သူ့ကို ငွေပြားတွေနဲ့ဖိပြီး အဲ့ဒီနံစော်နေတဲ့ငွေလေးနှစ်တွဲလောက်ရှိတာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သင်ပေးချင်လိုက်တာ…" အပြင်သို့မထွက်ခင်တွင် ရှန်းလျိုဖုန်းမှာ ရေရွတ်နေသည်။


ကျွင်းဟွိုင်လန် သူ့ကိုအသာအယာချော့မော့လိုက်ပြီးနောက် သူတို့စားသောက်ဆိုင်မှထွက်လာသည်နှင့်ဆိုင်သို့လာနေသော ရင်းနှီးသည့်ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။


" ကောသခင်ကြီး…" ကျွင်းဟွိုင်လန်လှမ်းခေါ်လိုက်သည်။


ထိုသူ၏နာမည်မှာ ကောရုန်ဝမ်ဖြစ်ပြီး ယခင်စာရင်းတွင် ဖခင်ဖြစ်သူနှင့်အတူရှိနေသည့်လူဖြစ်ပြီး ယခုအချိန်တွင် အိမ်ခြံမြေရေးရာဌာနတွင်အလုပ်လုပ်နေသူဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ဖခင်ဖြစ်သူနှင့်အတူ သူပါ ကျန်းနန်၏နေရာဒေသအမျိုးမျိုးကိုစစ်ဆေးရန်လိုက်ပါလာပြီဖြစ်သည်။


ကျွင်းဟွိုင်လန်ကိုမြင်လိုက်သည့်အတွက် ကောရုန်ဝမ်လည်းရပ်တန့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်


 " သခင်လေးပါလား တိုက်ဆိုင်လိုက်တာ မင်းလည်း ဒီကိုလာသောက်တာလား…"


ကျွင်း‌ဟွိုင်လန် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည် " ဒီနေ့ရာသီဥတုကလည်းကောင်းတယ်လေ..အဲ့ဒါကြောင့် ကျွန်တော်လည်း အပြင်ထွက်လည်ဖြစ်တာ.. ကောသခင်ကြီး ဒါကရှန်းသခင်ငယ်လေးလေ…"


ထိုသူမှာ ယခုနှစ်တွင် သူ၏ဖခင်ဖြစ်သူကိုအတော်အတန်ကူညီပေးခဲ့သူဖြစ်ရာ ကျွင်းဟွိုင်လန်နှင့်လည်း ရင်းနှီးမှုအချို့ရှိလေသည်။ ကောရုန်ဝမ်မှာ နူးညံ့ကာကောင်းမွန်သည့်စိတ်ထားရှိပြီး သူ၏ဖခင်နှင့်ရင်းနှီးမှုကြောင့် ကျွင်းဟွိုင်လန် နားမလည်သည့်အရာများရှိလျှင်လည်း သင်ကြားပေးတတ်လေသည်။


အချိန်တစ်ခုမျှကျော်လွန်ပြီးနောက်တွင် သူ၏စိတ်နေစိတ်ထားမှာ ကျွင်းဟွိုင်လန်ကဲ့သို့ အေးစက်စေကာမူ သူ့ကိုတွေ့သည်နှင့် နှုတ်ဆက်စကားအချို့ပြောတတ်လာခဲ့သည်။


ကောရုန်ဝမ်းခေါင်းတငြိမ့်ငြိမ့်ဖြင့် " မြို့ပြင်ကလာတဲ့သူငယ်ချင်းတစ်ယောက်ကိုလာတွေ့တာလေ..ဒီကသေရည်နဲ့ဟင်းပွဲတွေကအတော်လေးထူးခြားတာနဲ့ ဒီကိုပဲချိန်းဆိုလိုက်တော့တာ.."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ကာ နှုတ်ဆက်စကားအနည်းငယ်ဆိုလိုက်ပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့သည်။


ထိုညတွင် ကျွင်းဟွိုင်လန် အိမ်တော်မှစာများကိုလက်ခံရရှိခဲ့သည်။


ထူထဲသောအထုပ်ကြီးကိုဖွင့်လိုက်ချိန်တွင် စာအစောင်များများပြုတ်ကျလာခဲ့သည်။ ကျွင်းဟွိုင်လန် ဖယောင်းတိုင်မီးအိမ်ကိုယူကာ လိုက်လံကောက်ယူလိုက်ချိန်တွင် ကောက်ကွေးနေသည့်ပန်းချီအချို့ကိုမြင်လိုက်ရသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုအရာများမှာ ကျွင်းလင်ဟွမ်၏စာများဖြစ်ကြောင်းကို သိနိုင်ပေသည်။


သူမနေနိုင်တော့ဘဲ ရယ်ချလိုက်မိကာ ဖယောင်းတိုင်အလင်းမှ သူ၏မျက်လုံးများကိုရောင်ပြန်ဟပ်မှုကြောင့် ထူးထူးခြားခြားနူးညံ့မှုကိုဖော်ဆောင်နေသည်။


သူဂရုတစိုက်နှင့်ပန်းချီလက်ရာများကိုကြည့်လိုက်ချိန်တွင် ၎င်းတို့အားလုံးမှာ ပန်းပင်နှင့်ငှက်များဖြစ်ကြပြီး ကျွင်းလင်ဟွမ်သင်ယူခဲ့သည့်အရာအသစ်များဖြစ်ပေမည်။ သူမလေးမှာ ချည်ထိုးရာတွင်ပါရမီမပါသကဲ့သို့ ပန်းချီတွင်လည်း မပါသည့်ပုံပင်။ ပန်းပွင့်နှင့်ငှက်များမှာ ‌တိမ်းစောင်းကောက်ကွေးနေကြကာ မည်သို့မျှမကွဲပြားသည့်ပုံပေါ်နေခဲ့သည်။


သို့သော်လည်း ကျွင်းဟွိုင်လန် ဂရုတစိုက်ဖြင့် ဖတ်နေမြဲဖြစ်သည်။


အနောက်ဆုံးတစ်ခုသို့ရောက်ချိန်တွင် ကလေးဆန်သောလက်ရေးဖြင့်ရေးသားထားသည်ကိုမြင်လိုက်ရသည်။


" အစ်ကိုကြီးကို မတွေ့ရတာ တစ်နှစ်လောက်ရှိပြီဆိုတော့ ဟွမ်အာအရမ်းလွမ်းတာပဲ..ဒုတိယအစ်ကိုပြောတာက စာရဲ့အစမှာနှုတ်ဆက်စကားအရင်ပြောသင့်တာတဲ့… ဟွမ်အာ အဲ့ဒါကိုမလုံလောက်ဘူးထင်မိလို့ ပျော်ဖို့ကောင်းတဲ့ပုံလေးနည်းနည်းထပ်ဆွဲပေးလိုက်တယ်နော်…"


" ငှက်တစ်ကောင်ကိုမြင်တွေ့ရတာ ပျော်ရွှင်မှုနဲ့ဆုံတွေ့လိုက်ရသလိုပဲ…" ကျွင်းဟွိုင်လန် မီးအိမ်အောက်တွင် ခပ်တိုးတိုးရယ်မောနေပြီး အသံဖျော့ဖျော့ဖြင့် အထပ်ထပ်အခါခါရွတ်‌ဆိုနေခဲ့သည်။ ထို့နောက် ပုံဆိုးပန်းဆိုးဖြင့် ပန်းချီကားအပုံလိုက်ကြီးအား တန်ဖိုးကြီးပစ္စည်းများသိမ်းဆည်းသည့်နေရာသို့ပို့လိုက်လေသည်။


အံဆွဲကို ဖွင့်လိုက်ချိန်တွင် အထဲ၌လည်း ထူထဲသောအထုပ်တစ်ခုရှိနေသေးသည်။


ရုံးဖွင့်ရက်များတွင် သူ၏ဖခင်ထံသို့ရောက်လာသည့်စာများမှာ မိခင်ဖြစ်သူဆီမှဖြစ်ပြီး သူ့ထံကိုမူ မောင်နှမများ၏စာများရောက်လေ့ရှိသည်။


ပန်းချီကားများကို အံဆွဲထဲသို့ထည့်ကာ ကျွင်းရှောင်ဝူ၏စာကိုဆွဲထုတ်လိုက်သည်။


ကျွင်းရှောင်ဝူမှာ အမြဲစကားများသူဖြစ်ရာ စာပို့ချိန်တိုင်း အများကြီးထည့်ရေးသူဖြစ်သော်လည်း စိတ်မရှည်တတ်သဖြင့် စာများကို ဖြစ်သလိုသာရေးခြစ်လေ့ရှိသည်။


ကျွင်းဟွိုင်လန် ဖြည်းဖြည်းချင်းဖတ်လိုက်လေသည်။


ကျွင်းရှောင်ဝူမှာ အိမ်တော်တွင်ဖြစ်ပျက်နေသည့်ကိစ္စများကိုရေးသားထားပြီး စာမျက်နှာအတော်များများပါရှိလေသည်။ ညီမငယ်၏လတ်တလောအသစ်လေ့လာနေသည့်အရာများအကြောင်း၊ လွန်ခဲ့သောရက်အနည်းငယ်တွင် သူကြားခဲ့ရသည့်အတင်းအဖျင်းများနှင့် ချန်အန်း၏အေးခဲသောနွေဦးတွင် နှင်းများအရည်ပျော်ကာ အိမ်နောက်ဖေးမှာစိုစွတ်နေပြီး အိပ်ရာတွင်သာရက်အတန်ကြာကွေးနေရသည့်အကြောင်းတို့ပါဝင်လေသည်။


စာ၏အဆုံးတွင်မူ ကျွင်းဟွိုင်လန်၏မျက်လုံးများရပ်တန့်သွားကာ ရင်းနှီးနေသောနာမည်တစ်ခုကိုမြင်လိုက်ရသည်။


" ရက်အနည်းငယ်အကြာက ကျွန်တော်ပညာရှိအိမ်တော်ကသခင်လေးအချို့နဲ့ထွက်လည်တော့ မင်းသား၅က အရီးတော်ရဲ့နန်းဆောင်မှာနေရာကောင်းရနေပြီဆိုတာကို ကြားခဲ့ရတယ်..အခုဆိုရင် သူက ဌာနခြောက်ခုစလုံးကို တာဝန်ယူထားနိုင်ပြီးတော့ နောက်တက်မဲ့ဧကရာဇ်တောင်ဖြစ်လာနိုင်တယ်တဲ့..ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကမင်းသား၅ရဲ့စိတ်နေစိတ်ထားကဆိုးဝါးတော့ ရက်စက်တတ်တယ်လို့လဲပြောနေကြတယ်…သူ့ကိုကျင်းဝူဝေ့အစောင့်တွေသာမက ရုံးတော်ကမှုးမတ်တွေတောင် သူအမှားရှာမှာကို ကြောက်ရွံ့ရတယ်တဲ့..ဒါပေမယ့်လည်း သူက အမြဲလို အမှားရှာနိုင်ပြီးတော့ ဧကရာဇ်ကလည်း အဲ့ဒါတွေကိုဖြေရှင်းလေ့ရှိတာ..လူတွေအားလုံးပြောနေကြတာက မင်းသား၅က ဧကရာဇ်ကိုရှုပ်ထွေးအောင်လုပ်နိုင်တဲ့ တကယ့်နတ်ဆိုးကြယ်ပဲတဲ့… အစ်ကိုဒီစာကိုဖတ်ပြီးတာနဲ့မီးရှို့ပစ်နော် အခြားသူတွေမြင်လို့မရဘူး..သူတို့ပြောတာက မင်းသား၅ရဲ့လူတွေက နေရာတိုင်းမှာရှိတယ်တဲ့..သူသာသိသွားခဲ့ရင် ကျွန်တော်ကြောက်တာက အစ်ကို့ကိုဒုက္ခဖြစ်စေမှာကိုပဲ…"


ကျွင်းဟွိုင်လန် ထိုစာများကို သတိပင်မကပ်ဘဲ အထပ်ထပ်အခါအခါ ဖတ်ရှုနေမိသည်။ 


ထို့နောက် သူစာကိုလက်ခံလိုက်ပြီး ရုတ်တရက်ဆိုသလို သတိဝင်လာခဲ့သည်။


ရွှယ်ယန်ဆီမှ သတင်းမကြားရသည်မှာ အချိန်အတန်ကြာရှိသည့်ပုံပင်။


သူတောင်ဘက်ဒေသတွင်ရှိနေစဉ် အမြဲလိုအလုပ်ရှုပ်နေရခဲ့ရသည်။ ထိုအချိန်အတွင်း သူ အေးအေးဆေးဆေး အနားယူနိုင်သော်လည်း ၎င်းမှာ မိုးသက်မုန်တိုင်းမလာခင် ခေတ္တငြိမ်သက်နေခြင်းဖြစ်ကြောင်းကို သူသိရှိနေခဲ့သည်။


သူတွေးတောကြည့်မိချိန်တွင် ယခုနှစ်မှာ လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး ချန်အန်းမှထွက်လာခဲ့သည်မှာ ရက်အနည်းသာရှိသေးသည်ဟုပင် ထင်ရလေသည်။


သို့သော်လည်း သူနှင့်ရွှယ်ယန်တို့ အဆက်အသွယ်ပြတ်နေခဲ့သည်။


သူနန်းတော်ထဲတွင်ရှိစဉ်အခါက သူတို့နှစ်ဦးမှာ နေ့စဉ်တွေ့ဆုံကြရပြီး နန်းဆောင်တော်တစ်ခုထဲတွင် နေထိုင်ကြကာ သင်ခန်းစာများသင်ယူရန် တူညီသောနေရာဆီသို့ နေ့စဉ်နေ့တိုင်းသွားရောက်ကြရသည်။


နန်းတော်မှ ထွက်ခွာလာချိန်တွင်မူ သူတို့၏ဆက်ဆံရေးမှာ ပြတ်တောက်သွားရသည့်ပုံပင်။ တစ်ဖက်လူမှ သူ့အကြောင်းကို ရုတ်တရက်မဖော်ပြလာခင်အထိ သူစားပွဲတွင် အချိန်အတန်ကြာ ကမ္ဘာကြီးနှင့်ဝေးကွာနေမိခဲ့သည်။


ခဏအကြာတွင် သူမင်တံကိုကိုင်ကာ စာရွက်ကိုဖြန့်၍ ညီငယ်နှင့်ညီမငယ်တို့ထံသို့ စာပြန်ရန်အတွက် ပြင်ဆင်လိုက်သည်။


မည်သို့ပင်ဖြစ်စေ မင်သို့မင်တံကိုနှစ်လိုက်သည်နှင့် သူ၏လက်မှာ ရပ်တန့်သွားလေသည်။


ရုတ်တရက်ဆိုသလိုပင် ထိန်းချုပ်၍မရနိုင်ဘဲ ရွှယ်ယန်ယခုအချိန်၌ မည့်သည့်အရာများလုပ်ဆောင်နေမည်ကို တွေးတောနေမိခဲ့သည်။


.......


ကွမ်းလင်ဘုရင်ခံစံအိမ်တွင်မူ ထိုအချိန်၌ မီးများထွန်းလင်းနေသည်။


လွန်ခဲ့သောနွေရာသီတွင် ရွှယ်ယန်သည် ရုံးတော်တွင် တရားဝင်အမှုထမ်းနေပြီး ဘုရင်အမည်ခံယူကာ နန်းတော်မှထွက်၍ အိမ်တော်တစ်ဆောင်ဆောက်လုပ်နေထိုင်ခဲ့သည်။


ယခုအချိန်တွင် ဧကရာဇ်မှာကျန်းမာရေးကောင်းမွန်နေပြီး မည်သည့်မင်းသားကိုမှပျိုးထောင်ပေးထားခြင်းမရှိသောကြောင့် အချို့သောမင်းသားများ၏တရားဝင်ရာထူးမှာ မင်းသားမဟုတ်ဘဲ နယ်မြေဘုရင်များသာဖြစ်ကြသည်။


ရာထူးများသည်တူညီသော်ငြားလည်း ကွမ်းလင်ဘုရင့်နန်းတော်မှာ တော်ဝင်နန်းတော်မှလွဲ၍ ချန်အန်းတစ်ခွင်လုံးတွင် မျက်စိအဖမ်းစားနိုင်ဆုံးဖြစ်ကြောင်းကို မသိသူမရှိချေ။


ကွမ်းလင်ဘုရင်မှာ တိုင်းပြည်အတွင်း လွန်ခဲ့သော တစ်နှစ်မှစ၍ စတင်ပေါ်‌ပေါက်လာခဲ့ခြင်းဖြစ်သော်လည်း သူသည်အတောက်ပဆုံးဖြစ်ကာ ရုံးတော်မှသာမန်တရားဝင်မှုးမတ်များသည်ပင် ယှဉ်ပြိုင်နိုင်သူမရှိချေ။ ထို့အပြင် ဧကရာဇ်ချင်းဖျင်မှလည်း ရုတ်တရက်ဆိုသလို သူ့အားအလွန်အမင်းချီးမြင့်မြောက်စားနေခဲ့ရာ လွန်ခဲ့သောနှစ်တွင် သူသည်အပယ်ခံမင်းသားမှ မျက်နှာသာအပေးခံရဆုံးမင်းသားအဖြစ်သို့တက်လှမ်းနိုင်ခဲ့သည်။


ထပ်ပေါင်းရမည်ဆိုလျှင် ယခုအချိန်တွင် မင်းသား၂မှာအချစ်မခံရဆုံးသောမင်းသားတစ်ပါးဖြစ်သွားပြီး မင်းသား၄၏မွေးမိခင်မှာမူ အကျင့်ပျက်မိဖုရားတစ်ပါးဖြစ်သွားသည် မင်းသား၆မှာမူ အလယ်နန်းဆောင်မှမွေးဖွားလာသူဖြစ်သော်လည်း ရုံးတော်သို့ဝင်ရန်စိတ်မဝင်စားသဖြင့် အမြဲလိုလာရောက်ရန်ငြင်းပယ်လေ့ရှိရာ ယခုအချိန်တွင် တော်ဝင်ရုံးတော်၌ ရွှယ်ယန်ကို ယှဉ်ပြိုင်နိုင်သူမရှိတော့ချေ။


ရုတ်တရက်ဆိုသလိုပင် ရုံးတော်၏လျို့ဝှက်စုံစမ်းနေသောမျက်လုံးများ၊ ခိုကပ်ရန်ကြံစည်နေသူများနှင့် စောင့်ကြည့်စောင့်ဆိုင်းနေကြသူများမှာ ထိုနန်းတော်အားမျက်စိကျနေကြသည်။


မည်သို့ပင်ဖြစ်စေ တော်ဝင်မြို့တော်၏အလျို့ဝှက်ဆုံးသောအဖွဲ့အစည်းဖြစ်သည့် တုန်းချန်မှာမူ လွတ်လပ်စွာ သွားလာနိုင်နေဆဲပင်။


ရွှယ်ယန်မှာ စားပွဲအရှေ့တွင်ထိုင်နေပြီး မီး၏အလင်းရောင်မှာ နူးညံ့စွာရောင်ပြန်ဟပ်လျက် လက်ထဲတွင် တုန်းချန်မှတစ်စုံတစ်ဦးပေးပို့လာသည့် လျို့ဝှက်စာတစ်ဆောင်ရှိနေခဲ့သည်။


လွန်ခဲ့သောတစ်လထဲက သူထိုကဲ့သို့သောစာမျိုးကို လက်ခံရရှိနေခဲ့ပြီး စာထဲတွင် များလှစွာသော ရုံးတော်အမှုထမ်းများမှာ ဧကရာဇ်ချင်းဖျင်ကို လျို့ဝှက်အစီရင်ခံနေသည့်အကြောင်းများ၊ ယုံနင်မြို့စားနှင့် ကျန်းဘုရင်ခံတို့ရင်းနှီးသောဆက်ဆံရေးရှိနေသည့်အကြောင်းများနှင့် ကျန်းဘုရင်ခံမှ ကျန်းနန်ရှိလင်းကျန်းကျောင်းတော်သို့လာရောက်သည့်အကြောင်းများပါဝင်နေခဲ့ကာ ယုံနင်မြို့စားမှ ကျန်းနန်၏စာမေးပွဲကိုကျင်းပပေးရန်ခွင့်မပြုသင့်ဟုပြောဆိုနေခဲ့သည်။


အဆုံးတွင်တော့ ယုံနင်မြို့စားကတော်၏သမီးနှင့် ကျန်းကတော်၏သမီးတို့မှာ ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ သူငယ်ချင်းများဖြစ်ကြသဖြင့် သူတို့ထဲတွင် ကိုယ်ရေးကိုယ်တာဆက်သွယ်မှုရှိကြောင်းကို ရုံးတော်တစ်ခုလုံးမသိသူမရှိချေ။


လျို့ဝှက်အစီရင်ခံမှုများပြီးဆုံးသွားသည့်နောက်တွင် သံသယမရှိသော ဧကရာဇ်ချင်းဖျင်သည်ပင် အနည်းငယ်တုန်ယင်နေခဲ့သည်။


ထို့ကြောင့် ထိုပြသနာကိုဖြေရှင်းရန်အတွက် မှုးမတ်များကို ဆင့်ခေါ်လိုက်သော်လည်း အဆုံးတွင် ၎င်းမှာ ကျန်းဘုရင်ခံနှင့်ဆက်စပ်နေသည့်အတွက် တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးများကိုမခေါ်ခဲ့ဘဲ မင်းမျိုးမင်းနွယ်မိသားစုကြီးများမှ အမှုထမ်းအချို့ကိုသာခေါ်ယူခဲ့သည်။


စေ့စေ့စပ်စပ်ဆွေးနွေးပြီးသည့်နောက်တွင် ဧကရာဇ်ချင်းဖျင်မှ ယုံကြည်ရမည့်မင်းမျိုးမင်းနွယ်အမှုထမ်းတစ်ဦးကိုရွေးချယ်ကာ လျို့ဝှက်စွာအမိန့်ပေး၍ တောင်ဘက်သို့သွားရောက်စစ်ဆေးစေမည်ဟု ဆုံးဖြတ်လိုက်သည်။


အကြည့်တစ်ချက်နှင့်ပင် ၎င်းမှာရှုအဖွဲ့ခွဲ၏ပြင်ဆင်ထားသောအကြံဖြစ်ကြောင်းကို ရွှယ်ယန်သိနေခဲ့သည်။


ထိုသူများမှာ ယုံနင်မြို့စားကို ကျန်းနန်စာမေးပွဲ၏လုပ်ငန်းဆောင်တာများကိုမလုပ်ဆောင်စေချင်သောကြောင့် ဧကရာဇ်ချင်းဖျင်၏သံသယများကိုဦးစွာနှိုးဆွပေးပြီးမှ တစ်စုံတစ်ခုကိုလျို့ဝှက်စွာလုပ်ဆောင်ရန်အတွက် ကိုယ်ပိုင်လူများကိုစေလွှတ်မည်ဖြစ်သည်။


၎င်းမှာ သူ့ *နှာခေါင်းထိပ်လေးမှာပင် ရှုအဖွဲ့မှ ကျွင်းမိသားစုအပေါ်ကြံစည်ရဲသည့် ဒုတိယအကြိမ်ဖြစ်သည်။(မျက်စိအောက်မှာတင်)


သူတို့ငြိမ်ငြိမ်ထိုင်မနေနိုင်ကြောင်းကိုရွှယ်ယန်သိရှိပြီးသားပင်။ အတိတ်တွင် အဖွဲ့ခွဲဟူ၍ ရှုနှင့်ကျန်းတို့သာရှိခဲ့ရာ တစ်ဖွဲ့မှာမင်းမျိုးမင်းနွယ်အမတ်များဖြစ်ကြပြီး တစ်ဖက်မှာအရပ်သားအမတ်များဖြစ်ကြသည့်အတွက် သူတို့အချင်းချင်းမတိုက်ဆိုင်မှုများရှိစေကာမူ လိုက်ဖက်ညီနေမြဲသာဖြစ်သည်။


သို့သော်လည်း ယခုအချိန်တွင် သူတို့မှာ လမ်းတစ်ဝက်တွင်ကျရှုံးရတော့မည်ဆိုပါက မြင့်မြတ်သောနှလုံးသားကိုဆုံးရှုံးရတော့မည့်အပြင် ကျင်းယီဝေ့၏ထိန်းချုပ်ခြင်းကိုလည်းခံရပေတော့မည်။ ကျင်းယီဝေ့မှာ မှုးမတ်ရာပေါင်းများစွာကို ချုပ်ကိုင်ထားနိုင်သည့်အပြင် မျှချေကိုချက်ချင်းဖျက်ဆီးနိုင်မည့် သန်မာသောအာဏာလည်းရှိသည်။


ထို့ကြောင့် ရှုမိသားစုမှာ သူတို့ထို့ထက်ပို၍ကြီးထွားလာခြင်းကိုဟန့်တားခြင်နေပြီး ကျန်းမိသားစုမှလည်း ပိုမိုကြီးထွားလာကာ နံရံမှခုန်ကျော်နိုင်ခြင်းကိုတားဆီးချင်သည့်အတွက် ယုံနင်မြို့စားအပေါ်သို့မျက်စိကျလာခြင်းပင်ဖြစ်သည်။


အဆုံးတွင်တော့ ယုံနင်မြို့စားမှာ မည်သည့်အဖွဲ့နှင့်မှမသက်ဆိုင်သူဖြစ်သည်။


ရွှယ်ယန်အတွက်မှာမူ ထိုအရာမှာ ကောင်းကောင်းမွန်မွန်ဖြေရှင်းပြီးသင့်သည့်အရာမဟုတ်စေကာမူ သူ၏မသိစိတ်ထဲတွင် ထိုအရေးအား ကိုယ်တိုင်ဖြေရှင်းရန်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။


အဘယ့်ကြောင့်ဆိုသော ကျွင်းဟွိုင်လန်မှာ ကျန်းနန်တွင်ရှိနေခြင်းကြောင့်ပင်။


ယခုနှစ်အတွင်း ရွယ်ယန် တတ်နိုင်သမျှ သူ့ကိုယ်သူအလုပ်များနေအောင်ဖန်တီးကာ အာရုံမပျံ့လွင့်စေရန်အချိန်မရှိအောင်‌လုပ်ထားခဲ့သည်။ သို့သော်လည်း သူ့ကိုယ်သူထိန်းချုပ်‌ထားနိုင်စေကာမူ သူတွေးတောနေမည့်အရာကိုမူ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပေ။


သူ၏နှလုံးသားမှာ တစ်နှစ်တာလုံး ဗလာဖြစ်နေခဲ့ရသည်။


အကယ်၍ သူသာကျွင်းဟွိုင်လန်ကိုမဆုံတွေ့ခဲ့ဖူးပါက ထိုအရာမှာခက်ခဲမည်မဟုတ်ပေ။ယခုမူ နွေးထွေးသောလေပြေတိုက်ခတ်စဉ် အေးခဲနေသည့်ရေခဲလွှာများအရေပျော်ကျသွားမှုကို ခံစားဖူးခဲ့ပြီးမှ သူ၏အေးစက်ညများပြန်လည်ဖြစ်ပေါ်လာရသည်။ သူနေသားကျနေခဲ့သည့် ထိုအေးစက်မှုများမှာ ယခုအချိန်နိုင် မခံမရပ်နိုင်လောက်အောင်ဖြစ်သွားရလေသည်။


ထိုကိစ္စအပြီးတွင် သူသည်အများကြီးပိုကောင်းလာပြီး ဧကရာဇ်ချင်းဖျင်မှာသူ့အားကြောက်ရွံ့နေခြင်းမရှိတော့ဘဲ ရုံးတော်မှ မှူးမတ်များသည်လည်း သူ့ကိုအရေးပေးလာကြသည်။ သို့သော်လည်း သူ့၏မျက်လုံးထဲတွင် ထိုအရာမှာ ပို၍ရွံရှာဖွယ်ကောင်းလာကာ ပြသနာများသာပေးစွမ်းနေသည့်ပုံပေါ်နေခဲ့သည်။


ပုလဲမှာရှေ့တွင်ရှိရော အခြားအရာများမှာ သူ၏မျက်လုံးထဲသို့အဘယ့်ကြောင့် ဝင်ရောက်နိုင်ပါမည်နည်း။


ထို့ကြောင့် တုန့်ဆိုင်းမနေဘဲ ဧကရာဇ်ချင်းဖျင်ဆင့်ခေါ်ချိန်တွင် ထိုအရေးကို အမှုမဲ့အမှတ်မဲ့ပံုဖြင့် လျောက်တင်လိုက်လေသည်။


Xxxxxxx