အပိုင်း (၇)
Viewers 12k

Part 7


သူမ  ပေါက်စီလုံးလေး ပန်းကန်ထဲသို့ စွပ်ပြုတ်ထည့်ပေးလိုက်သည်။


 " ပေါင်ပေါင်, မာမီလုပ်ထားတဲ့ ဖက်ထုတ်စွပ်ပြုတ်ကို မြန်မြန်လေးစားကြည့်ပါဦး,  အဲ့ဒါကပူတယ်နော်, မစားခင်မှုတ်လိုက်ဦး..."


အသေးလေးက ထန်ထန် ကိုကြည့်လိုက်ပြီး ဖက်ထုတ်စွပ်ပြုတ်ပန်းကန်ကို အမြန်ကြည့်လိုက်တယ်။ သူက အလုတ်သေးသေးလေးကိုက်ပြီးနောက် အတွင်းပိုင်းကိုအေးအောင်မှုတ်နေတယ်။ သူ့ရဲ့ မေးဖောင်းဖောင်းလေးကလဲ လှုပ်ရှားနေပြီး ဟမ်းစတားလေး အစာစားနေသလိုဖြစ်နေတယ်။ 


သူမ  ကလေးအတွက် ဆန်ပြုတ်တစ်ပန်းကန်ကို စားဖို့အသင့်ဖြစ်တဲ့အထိ အပူချိန်အနေတော်ဖြစ်အောင်လုပ်လိုက်ပြီး အသေးလေးရှေ့မှာချပေးလိုက်တယ်။


ရှောင်ကျိုး က ကလေးသေးသေးလေးဖြစ်ပေမယ့်လဲ သူ့ရဲ့အစာစားချင်စိတ်က အတော်လေးမြင့်မားတဲ့အတွက် ဆန်ပြုတ်ပန်းကန်လုံးကြီးတစ်လုံး နဲ့ ဖက်ထုတ်ပြုတ် ၅ ခုစားလိုက်တယ်။ စောင့်ကြည့်နေတဲ့ ထန်ထန် တောင် သူ့ရဲ့ ဗိုက်ကိုကြည့်ပြီး အစာမကြေဖြစ်မှာကိုကြောက်လာမိတယ်။ 


အသေးလေးရဲ့ မျက်နှာလေးကနီရဲလာတယ်။ သူစားတာအရမ်းများသွားပုံရပြီး ထိုင်ခုံပေါ်ကနေ သူ့ဗိုက်ကိုကိုင်ကာ ဆင်းလိုက်တယ်။ ပြီးတော့ ဆိုဖာဆီသို့သွားလိုက်ပြီး ကျောင်းလွယ်အိတ်ကိုလွယ်လိုက်တယ်။ ထို့နောက် တံခါးဆီသို့ပြေးသွားလိုက်ပြီး ဖိနပ်စီးနေလေတယ်။


ထန်ထန် က အဲ့ဒီကလေးရှက်နေမှန်းသိတယ်။ သူမက လှမ်းအော်ပြီးပြောလိုက်တယ် 


" ပေါင်ပေါင်, မာမီ သားနဲ့လိုက်ခဲ့မယ်, တစ်ယောက်တည်းမသွားနဲ့လေ, မာမီ့ကိုစောင့်ပါဦး....’’


အသေးလေးက ဖိနပ်မစီးခင် တစ်ခဏလောက်ရပ်တန့်သွားတယ်။


သူမ ဆက်ပြောလိုက်တယ် 


" ပေါင်ပေါင်, မာမီ့ခြေထောက်ကနာနေတယ်, အဲ့ဒါကြောင့်သားကိုမမီဘူး, မာမီကိုစောင့်ပြီး ဖြေးဖြေးလျောက်နော် မဟုတ်ရင် မာမီချော်လဲလိမ့်မယ်..."


အဲ့ဒီစကားကိုကြားပြီးနောက် ရှောင်ကျိုး ရဲ့လှုပ်ရှားမှုတွေက သိသိသာသာ နှေးကွေးသွားတယ်။


သူဖိနပ်စီးပြီးတဲ့အချိန်မှာပဲ ထန်ထန် က စားစရာတွေကိုထုတ်ပိုးလိုက်ပြီး သူမဖိနပ်ကိုဝတ်ဆင်ကာ အသေးလေးနောက်က အမြန်လိုက်ရန်ကြိုးစားလိုက်တယ်။ ဒါပေမယ့် အသေးလေးက တံခါးရဲ့တစ်ဖက်မှာ သူမအားစောင့်နေတာကိုတွေ့လိုက်တယ်။  အသေးလေးက သူမကိုတွေ့ပြီးတဲ့နောက် ဓါတ်လှေကားဆီသို့ ဦးတည်လိုက်တယ်။


သူမ ရှောင်ကျိုးနောက်ကနေ ချက်ချင်းပဲလိုက်သွားပြီး ဓါတ်လှေကားရှေ့ရောက်တဲ့အခါမှာ သူမစိုးရိမ်လာမိတယ်။ ' သူမ ဓါတ်လှေကားမသုံးတတ်ဘူး, သူမ ဘယ်လိုလုပ်ရမလဲ ‘ အဆုံးမှာတော့, သူမစိတ်ပူနေတယ်ဆိုတာက မလိုအပ်ဘူးဆိုတာသိလိုက်တယ်။ အသေးလေးက အရမ်းလိမ်မာပြီး အရာအားလုံးကို ဘယ်လိုလုပ်ရမလဲဆိုတာသိတဲ့အတွက် သူမဘာမှလုပ်စရာမလိုတဲ့အထိဖြစ်သွားတယ်။ 


သူမ အသေးလေးရဲ့စောင့်ရှောက်မှုကို လက်ခံရတဲ့သူလို ခံစားလိုက်ရတဲ့အတွက် သူမရှက်သွားတယ်။ သူမအနေနဲ့ ဒီကမ္ဘာမှာနေထိုင်ရန် လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုသင်ယူဖို့ စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တယ်။ သူမက ကလေးတစ်ယောက်ထက် ပိုမဆိုးချင်ဘူး။


သူမတို့ ကားစောင့်နေကျနေရာရောက်တဲ့အခါ ကျောင်းကားက ရောက်မလာသေးပေ။ ထန်ထန် က အသေးလေးကို နေ့လည်စာဗူးလေးလှမ်းပေးပြီး 


"ပေါင်ပေါင်, မာမီသားအတွက် ဗိုက်ဆာလာရင်စားဖို့ အနီရောင်ပဲကိတ်လေးလုပ်ပေးထားတယ်, ကျောင်းကိုယူသွားလိုက်နော် ပြီးတော့ ဗူးကိုလဲ အိမ်ပြန်ယူလာဖို့မမေ့နဲ့နော်..."


ကျိရှောင်ကျိုး က ထန်ထန် ကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ဗူးလေးကိုသေချာစွာကိုင်လိုက်ပြီး တိတ်တဆိတ်လက်ခံလိုက်တယ်။ ကျောင်းကားရောက်လာတဲ့အခါမှာ သူက နောက်ပြန်မကြည့်ပဲ တက်သွားတယ်။ ထို့နောက် ထိုင်ခုံမှာနေရာယူပြီးတဲ့အခါမှာတော့ သူက ပြတင်းပေါက်ကနေဖြတ်ပြီး ထန်ထန့်ကို အမြန်ကြည့်လိုက်တယ်။ 


 သူမက သူရဲ့အကြည့်ကိုမြင်လိုက်တာနဲ့တပြိုင်နက် လက်ကို‌ဝှေ့ယမ်းကာ 


" ပေါင်ပေါင်, မာမီသားကို မူကြိုမှာလာကြိုမယ်နော်... "


ရှောင်ကျိုး သူမအကြည့်ကိုရှောင်လိုက်တယ်။ ဒါပေမယ့် သူ့လက်ထဲမှာတော့ သူမပေးတဲ့နေ့လည်စာဗူးကို တန်ဖိုးရှိတဲ့ရတနာဗူးလေးလို တင်းကြပ်စွာကိုင်ထားတယ်။


သူ့ ရဲ့ အိမ်မ်နီးချင်းကျောင်းနေဘက်ဖြစ်တဲ့ ပါးဖောင်းဖောင်းလေးနဲ့ ကလေးမလေးက သူ့ဘေးနားထိုင်နေပြီး မေးလိုက်တယ်


 “ ကျိရှောင်ကျိုး အဲ့ဒါနင့်မာမီလား...’


သူ ခေါင်းငြိမ့်ပြလိုက်တယ်။


‘’ဝိုး ဒါဆို နင့်မှာမာမီရှိတယ်ပေါ့, ငါအဲ့ဒါကိုမသိခဲ့ဘူး, သူမကနင့်ကိုလိုက်မပို့ဖူးဘူးလေ...’’


ရှောင်ကျိုးကခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲက နေ့လည်စာဗူးကိုကြည့်လိုက်ကာ


 " ငါ့မှာ မာမီရှိပါတယ်...’’


ရှောင်ကျိုးလက်ထဲက နေ့လည်စာဗူးအား ကလေးမလေးကကြည့်လိုက်ပြီး စိတ်၀င်တစားနဲ့မေးလိုက်တယ်


 " နင်ဘာတွေကိုင်ထားတာလဲ... အနံ့ကမွှေးနေတာပဲ...’’


ရှောင်ကျိုး ရဲ့ နှုတ်ခမ်းထောင့်လေးတွေက အပေါ်ကို‌ကွေးသွားပေမယ့် သူကပြင်းထန်စွာဖိနှိပ်လိုက်တယ်။  ထို့နောက် သူက


 " အဲ့ဒါက ငါကျောင်းမှာစားဖို့အတွက် ငါ့မာမီလုပ်ပေးထားတဲ့ အနီရောင်ပဲကိတ်တွေပဲ။ သူမက ငါဗိုက်ဆာမှာကြောက်လို့လေ...’’


ကလေးမလေးက ချက်ချင်းပဲမနာလိုဖြစ်သွားတယ်။ သူမက တံတွေးတချို့မျိုချမိလိုက်ပြီး လက်ညှိုးထောင်ကာ ပြောလိုက်တယ် 


" ငါ့ကိုတစ်ခုလောက်ကျွေးပါလား , တစ်ခုတည်းလေ...”


ရှောင်ကျိုးကနေ့လည်စာဗူးကိုကာကွယ်လိုက်ပြီး ခေါင်းကိုယမ်းကာ


 " မရဘူး, ငါ့အတွက် ငါ့မာမီလုပ်ပေးထားတာ, နင်လိုချင်တယ်ဆိုရင် နင့်မာမီကိုလုပ်ခိုင်း..."


ကလေးမလေးက စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းပိတ်သွားလေတယ်။ သူမ  ဟမ့် တစ်ချက်လုပ်လိုက်ပြီး


 "ကျိရှောင်ကျိုး နင်က အရမ်းကပ်စေးနည်းတာပဲ, အဲ့ဒါက အနီရောင်ပဲကိတ်လေးပဲဟာကို, အဲ့ဒါက‌ ကောင်းမှာမဟုတ်ဘူးဆိုတာသေချာတယ်, ငါကလဲအဲ့ဒါကိုမစားချင်ပါဘူးနော်...’’


ရှောင်ကျိုး မျက်တောင်ခတ်လိုက်ပြီး သူရဲ့ကျောပိုးလွယ်အိတ်ကို နေ့လည်စာဗူးပေါ်တင်ထားလိုက်လေတယ်။


ကလေးမလေးက ဒေါသကြောင့် ငိုတော့မလိုဖြစ်လာတယ်။


ထန်ထန်တစ်ယောက် ကျောင်းကားပေါ်တွင်ဖြစ်ပျက်ခဲ့သောအရာများကို သတိမပြုခဲ့မိပါ။ သူမ အိမ်ပြန်ရောက်တဲ့အခါမှာ ညစ်ပေနေသော အဝတ်များအားလုံးကိုလျော်လိုက်ပြီးနောက် တိုက်ခန်းကို သန့်ရှင်းရေးစလုပ်တော့တယ်။  သူမရဲ့ ဒဏ်ရာရနေတဲ့ခြေထောက်ကြောင့် အရာအားလုံးကို သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်အတော်ကြာယူလိုက်ရတယ်။ 


သူမအားလုံးပြီးသွားတဲ့အခါ နေ့လည်ရောက်နေပြီဖြစ်တယ်။ သူမအရမ်းပင်ပန်းလွန်းလို့ လှုပ်တောင်မလှုပ်ချင်တော့ဘူး။ အဆာပြေအဖြစ် သစ်သီးတစ်ချို့ကိုသာ သူမစားဖြစ်လိုက်တယ်။ ထို့နောက် ကမ္ဘာကြီးအကြောင်းကို လေ့လာသင်ယူဖို့ သူမ တီဗီကိုစကြည့်တော့တယ်။


ထန်ထန် က တီဗီကို စိတ်၀င်တစားကြည့်နေခဲ့ပြီး ကလေး ကို မူကြိုကနေ သွားကြိုဖို့အချိန်ရောက်တော့မှ သူမ အဲ့ဒါကိုပိတ်ပြီး ထွက်ခွာသွားတယ်။ ထို့နောက် အန်တီလီလုပ်ခဲ့တဲ့အတိုင်းတုပပြီး အစိမ်းရောင် တက်စီပေါ်သူမတက်ခဲ့တယ်။ အရာအားလုံး အဆင်ပြေပြေဖြစ်နေတာကြောင့် သူမကိုယ်သူမ တိတ်တဆိတ်လက်မထောင်ပေးလိုက်မိတယ်။ သူမရဲ့ ပထမဆုံးအကြိမ် တစ်ယောက်တည်း တက်စီစီးခြင်းကအောင်မြင်သွားပြီ။


ထန်ထန် နင်ကအရမ်းတော်တာပဲ...


သူမ မူကြိုကျောင်းကိုရောက်တဲ့အခါ ၀င်ပေါက်မှာစောင့်နေကြတဲ့ မိဘတွေကိုမတွေ့သေးတာမို့ သူမအရမ်းစောသွားမှန်းသိလိုက်တယ်။ သူမက ခြံစည်းရိုးနားအထိလျောက်သွားပြီ ကျောင်းကိုငေးကြည့်ကာစောင့်နေလိုက်တယ်။ အနာဂတ်မှာ အချိန်ကိုသိဖို့အတွက် သူမအိမ်ပြန်ရောက်တဲ့အခါကျရင် အချိန်ဘယ်လိုကြည့်ရမလဲဆိုတာကို တတ်နိုင်သလောက် သင်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။


အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ သူမ မသိလိုက်ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျောင်းဆင်းသွားပြီဖြစ်တယ်။ ဆရာမက ကလေးတွေကိုဦးဆောင်ပြီးထွက်လာတယ်။ သူမ အကြည့်တစ်ချက်နဲ့တင် အသေးလေးကိုတွေ့လိုက်တယ်။ သူက မနက်ကယူသွားတဲ့ နေ့လည်စာဗူးလေးကို တင်းကြပ်စွာကိုင်ထားတယ်။


 'သူ့ရဲ့လွယ်အိတ်ထဲမှာ အဲ့ဒီဗူးကိုထည့်လို့ရတယ်ဆိုတာကို သူမေ့သွားတာလား...


အသေးလေးက ခြံစည်းရိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမကိုမြင်သွားတဲ့အခါ တည်ငြိမ်စွာနဲ့ တစ်ဖက်သို့လှည်သွားပြီး အရမ်းအရေးကြီးတဲ့အရာတစ်ခုကို ပြုလုပ်နေရသကဲ့သို့ တန်းစီနေလိုက်တယ်။ ထို့နောက်သူမကို လှမ်းကြည့်နေပြန်တယ်။ အသေးလေးရဲ့အပြုအမူကိုမြင်ပြီး သူမ ရယ်ချင်လာမိတယ်။ 


ဆရာမက ထန်ထန် ကိုမနေ့ကတွေ့ဖူးပြီးဖြစ်တဲ့အတွက် ရှောင်ကျိုး ကိုသူမနဲ့ထည့်ပေးလိုက်တယ်။ သူမတို့မသွားခင် ဆရာမက 


"ရှောင်ကျိုး မာမီ, ကျောင်းပိတ်ရက်က မကြာခင်ရောက်တော့မယ် အဲ့ဒါကြောင့် ကျောင်းမပိတ်ခင် စုဝေးပွဲတစ်ခုလုပ်ဖို့ရှိတယ် ပြီးတော့ ကလေးတွေကလဲ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကြလိမ့်မယ်။ ကျွန်မတို့ကျောင်းက ကလေးမိဘတွေအနေနဲ့ ကလေးတွေကိုလာပြီး အားပေးဖို့မျှော်လင့်ပါတယ်...ရှောင်ကျိုး ရဲ့ မာမီနဲ့ဒက်ဒီကော ဒီပွဲကိုတက်နိုင်မလားသိဘူး...’’ 


ရှောင်ကျိုး ရဲ့မိဘတွေက အရင်နှစ်တုန်းကမတက်ရောက်ခဲ့သောကြောင့် ဆရာမကမေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ အဲဒီတုန်းက, ရှောင်ကျိုးက သူ့မိဘတွေအရမ်းအလုပ်များတယ် ပြောခဲ့တာကြောင့် ဒီနှစ်မှာတော့ လာလိမ့်မည်ဟု သူမမျှော်လင့်မိတယ်။ 


ထန်ထန် စုဝေးပွဲဆိုတာ ဘာမှန်းသူမ မသိပေမယ့် ဆရာမဆိုလိုတဲ့ အဓိပ္ပာယ်ကို သူမနားလည်တယ်။ မူကြိုကျောင်းမှာ ပွဲတစ်ခုခုလုပ်ဖို့ရှိနေပြီး ကလေးမိဘတွေအားလုံးကိုတက်ရောက်ဖို့ ဖိတ်ခေါ်တာပဲ။ သေချာတာပေါ့ သူမသွားရမှာပေါ့။ လူတိုင်းရဲ့မိဘတွေတက်ရောက်ပြီး ရှောင်ကျိုး ရဲ့မိဘတွေသာမရောက်လာခဲ့ရင် ကလေးကဘယ်လောက်တောင်မှ နာကျင်နေလိုက်မလဲ...တက်ရမယ်။ သူမအသေအချာကို တက်ရောက်ရမယ်။


ထန်ထန် ဆရာမကို‌ ခေါင်းငြိမ့်ပြလိုက်ပြီး..


 " ဆရာမ, ကျွန်မ သေအချာတက်ရောက်မှာပါ, ဒါပေမယ့် ရှောင်ကျိုးရဲ့ဒယ်ဒီက အလုပ်များတော့ သူ့မှာအချိန်ရှိဖိုကမသေချာဘူး...’’


ဆရာမက ပြုံးလိုက်ပြီး " ကိစမရှိပါဘူး, ရှင်လာရင်ပဲအဆင်ပြေပါတယ်။ ရှောင်ကျိုး ရဲ့ဒယ်ဒီပါတက်ရောက်ရင်တော့ ပိုကောင်းတာပေါ့...’’


" ကျေးဇူးတင်ပါတယ်...’’


ဆရာမနဲ့စကားပြောပြီးတဲ့နောက် ကလေး လက်ကိုဆွဲပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ အသေးလေးက ဒီတစ်ကြိမ်တော့ သူမလက်ကိုဆွဲမဖြုတ်ပစ်တော့ဘူး ဒါပေမယ့် သူမကိုတော့ လျစ်လျူရှုတုန်းပဲဖြစ်တယ်။


ဘယ်လိုပဲဖြစ်နေပါစေ သူမကတော့ ကျေနပ်နေပြီဖြစ်တယ်...


သူမတို့အိမ်ပြန်ရောက်တဲ့အခါမှာ မနက်ကထည့်ပေးလိုက်တဲ့ နေ့လည်စာဗူးက ပြောင်ရှင်းနေတာကိုတွေ့လိုက်ရတယ်။ အနီရောင်ပဲကိတ်တွေ အကုန်လုံးမရှိတော့ဘူး။ အဲ့ဒါကြောင့် သူမကမေးလိုက်တယ် 


“ပေါင်ပေါင်, မာမီလုပ်ပေးတဲ့ အနီရောင်ပဲကိတ်တွေက စားကောင်းလား...’


အသေးလေးက အချိန်အနည်းငယ်ယူလိုက်ပြီး အနည်းငယ်တွန့်ဆုတ်နေကာ ပြောလိုက်တယ်


 "အဲ့ဒါကကောင်းပါတယ်...’’


ထန်ထန် ကနှုတ်ခမ်းစေ့လိုက်ပြီး သူမရဲ့အပြုံးကိုဖုံးလိုက်တယ်။ 


" ကောင်းပြီ  မနက်ဖြန်အတွက်  ကန်ဇွန်းဥ နဲ့ အနီရောင်စွန်ပလွန်သီးကိတ် လုပ်ပေးရမလား...အဲ့ဒါက အရမ်းအရသာရှိတာနော်...’’


အသေးလေးက အေးစက်သောလေသံနဲ့ သူမကိုပြန်ပြောလိုက်တယ်


 " ဘာပဲဖြစ်ဖြစ်...’’


ထန်ထန် သူ့တင်ပါးလုံးလုံးလေးအား ရိုက်ချင်စိတ်ကိုထိန်းလိုက်ကာ သူ့အနီးသို့လျောက်သွားလိုက်သည်။ သူက တက်ဘလက်ကိုထပ်ပြီးစိုက်ကြည့်နေတယ်။ သူ့ဒယ်ဒီဆီကပြန်စာကို မျှော်နေမှန်းသူမ သိလိုက်တယ်။


ဒီအသေးလေးက သူ့အဖေကို တကယ်လွမ်းနေတာပဲ


အသေးလေးကို အာရုံလွှဲရန် သူမက


 “ပေါင်ပေါင်, ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မာမီသိသွားပြီ, သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်...’’


နောက်ဆုံးတော့ အသေးလေးက သူမကိုမော့ကြည့်လိုက်တယ်။ သူက စည်းကမ်းတင်းကြပ်တဲ့ ကျောင်းဆရာပေါက်စလေးနဲ့တူနေပြီး 


" ခင်များ အဲ့ဒါကို ဘယ်လိုသုံးမလဲ တကယ်သင်ခဲ့တာလား...’’


ထန်ထန် က စိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး


 " အဲ့ဒါ တကယ်ပါ, မာမီသင်ပြီးသွားပြီ...’’


ကျောင်းဆရာပေါက်စလေးက သူမကို တက်ဘလက်ထိုးပေးပြီး လေးနက်စွာနဲ့ပြောလိုက်တယ်

 “ ပါးစပ်ကပြောရုံနဲ့မရဘူး သက်သေပြ..."


‘’အာ...’’ 


သူမကို စမ်းသပ်လိမ့်မယ်လို့  မထင်မိဘူး။ အခု သူမအနေနဲ့ သူမခင်ပွန်းဆီကို အသံမက်ဆေ့ပို့ပေးသင့်လို့လား... မဟုတ်သေးဘူးလေ, သူမအဆင်သင့်မဖြစ်သေးဘူး။


သူမ မလှုပ်ရှားသေးသည့်အတွက် အသေးလေးက သူ့ရဲ့ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းကို ထော်ပြလိုက်ရင်း ...


" သင်ပြီးပြီလို့ပြောလိုက်တယ်မဟုတ်ဘူးလား... ကျွန်တော့ကိုပြလေ, ဒက်ဒီဆီကို မက်ဆေ့ပို့ပေး...’’


အသေးလေးရဲ့ အတည်ပေါက်ကြီးပြောနေတာကိုမြင်ပြီး သူမအနေနဲ့မငြင်းဆန်နိုင်ဘူး။ အဲ့ဒါကြောင့် သူမရဲ့ကြောက်ရွံ့မှုကိုတွန်းလှန်လိုက်ရတော့တယ်။ သူမက အသက်ပြင်းပြင်းရှုလိုက်ပြီး တက်ဘလက် ကိုယူလိုက်ကာ စိတ်ဖိစီးစွာနဲ့ ...


“ယောကျာ်း, ရှင့်ကိုယ်ရှင် ဂရုစိုက်ရမယ်နော်, ကျွန်မနဲ့ ပေါင်ပေါင်ကို စိတ်မပူနဲ့...’’


သူမကပြောပြီးတာနဲ့ ခလုတ်ကိုချက်ချင်းလွှတ်လိုက်တယ်။ သူမအနေနဲ့ မှန်မှန်ကန်ကန် လုပ်ခဲ့မိရဲ့လား မသေချာတဲ့အတွက် စိတ်ပူစွာနဲ့ငေးကြည့်နေမိတယ်။


ရှောင်ကျိုး ရဲ့ လက်ဖောင်းဖောင်းလေးတွေက အခုလေးတင်ပို့လိုက်တဲ့ မက်ဆေ့ကိုနှိပ်လိုက်တယ်။ ထို့နောက် ထန်ထန့် ရဲ့အသံကိုပြန်ကြားရလိုက်တယ်


 “ ယောကျာ်း, ရှင့်ကိုယ်ရှင် ဂရုစိုက်ရမယ်နော်, ကျွန်မနဲ့ ပေါင်ပေါင်ကို စိတ်မပူနဲ့...’’


သူမ အသစ်အဆန်းတစ်ခုလို ခံစားလိုက်မိပြီး အမြန်မေးလိုက်တယ် 


“ ပေါင်ပေါင်, မာမီလုပ်တာမှန်ရဲ့လား...’


အသေးလေးက ခေါင်းငြိမ့်လိုက်ပြီး 


“အင်း ဒယ်ဒီ အဲ့ဒါကိုကြားရလိမ့်မယ်...’’


 ရှောင်ကျိုးရဲ့ ဒယ်ဒီ သူမအသံကိုကြားနိုင်တယ်ဆိုတာ သိလိုက်ပြီးနောက် သူမနှလုံးခုန်သံတွေကျယ်လာတယ်။ သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူမတွေးနေမိတယ်။ သူမနဲ့ မူလပိုင်ရှင်ကြားက အရမ်းကွာဟမှုတွေကြောင့် သူ့အနေနဲ့ ထူးဆန်းနေမယ်ထင်တယ်။ သူမတို့ စကားပြောတဲ့ပုံစံတောင်မတူဘူးလေ။ ဒါပေမယ့် သူမဘာလုပ်နိုင်မှာလဲ, မူလပိုင်ရှင်အတိုင်း သူမခင်ပွန်းဖြစ်သူကို ကျိန်ဆဲတာမျိုး သူမဘယ်လိုလုပ်နိုင်မှာလဲ ။ အထူးသဖြင့် သူ့လို လူကောင်းမျိုးကိုပေါ့။  


သူမက သူ့ကိုမကျိန်ဆဲနိုင်ပါဘူး။ ဒါ့အပြင် သူမက ပေါင်ပေါင့် ဒယ်ဒီကို နောက်ဆို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ် ဘာလို့လဲဆိုတော့ သူက သူမတို့ကိုထောက်ပံ့နေတာလေ။ အရာအားလုံး သူ့အပေါ်မီခိုနေပြီးမှ ဘာလို့များသူကို ကောင်းကောင်းမဆက်ဆံရမှာလဲ... ပြီးတော့ ဇနီးတစ်ယောက်အနေနဲ့ ကလေးနဲ့ခင်ပွန်းကို ဂရုစိုက်ရတာက ပုံမှန်ပဲလေ။ သူမက ပေါင်ပေါင်ရဲ့မိခင် နဲ့ ပေါင်ပေါင့်ဒယ်ဒီရဲ့ဇနီး ဖြစ်နေကတည်းက သူမ သူတို့ကိုကျိန်းသေဂရုစိုက်ရမှာပဲ။


....


မိုင်ထောင်ပေါင်းများစွာ‌ဝေးတဲ့တစ်နေရာရဲ့ မနက်ခင်းမှာတော့...


အထူး အခြေစိုက်စခန်းတစ်ခု၏ ရုံးခန်းထဲတွင် မီးများလင်းထိန်နေဆဲဖြစ်သည်။ အရပ်ရှည်ရှည်နဲ့သူတစ်ယောက်က စားပွဲအနီးတွင်ထိုင်နေပြီး အစီရင်ခံစာတစ်ခုကို စိတ်ပါ၀င်စားစွာနဲ့ရေးနေသည်။


တံခါးကပွင့်သွားပြီး အသက်သုံးဆယ်အရွယ်ရှိ အမျိုးသားတစ်ယောက်က အခန်းတွင်းသို့ဝင်လာကာ တခြားထိုင်ခုံတစ်လုံးမှာထိုင်လိုက်တယ်။ သူက စစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ထားတယ်


 “ဟေး အကို ကျိ အခုပဲပြန်ရောက်တာကို ဘာလို့ အလောတကြီး  အစီရင်ခံစာရေးနေတာလဲ... ဒီလောက်ရက်တွေအကြာကြီးကို မပင်ပန်းဘူးလား... ‘’


ကျိယန်က မော့ကြည့်ဖို့စိတ်မဝင်စားဘူး။ သူမျက်နှာပေါ်မှာ ဘာခံစားချက်မှရှိမနေဘူး။ ပြီးတော့ ခံစားချက်မဲ့တဲ့အသံနဲ့


“အဲ့ဒါက ဘာမှမဟုတ်ပါဘူး... အစီရင်ခံစာပြီးတာနဲ့ ငါအိပ်မှာပါ...”


‘’အကို ကျိ ဒီတစ်ခါကော အချိန်ဘယ်နှစ်ရက်လောက်ယူမှာလဲ...ရှောင်ကျိုး ဆီကိုသွားလည်မှာလား... အသေးလေးက အကို့ဆီက ဘာသတင်းမှမကြားတာ ရက်အတော်ကြာနေပြီ။ သူ အကို့ကိုလွမ်းနေမှာအသေအချာပဲ...’’