အပိုင်း (၈)
Viewers 12k

Part 8


 ရှောင်ကျိုး နာမည်ကိုကြားလိုက်ရတဲ့အခါ အေးစက်နေတဲ့ ကျိယန် ရဲ့အမူအယာက အနည်းငယ်ပျော့ပြောင်းသွားပြီး သူ့ရဲ့မျက်ဝန်းထဲမှာတောင် နွေးထွေးမှုအနည်းငယ်ပေါ်ထွက်လာတယ် 


" ငါးရက်ခွင့်ယူဖို့ပြောထားတယ်, အလုပ်တွေအားလုံးလဲပြီးပြီမို့ နောက်တစ်ပါတ်ဆို ငါပြန်မှာ "


တုန်းလီ သက်ပြင်းချက်လိုက်ပြီး 


" အာ…အကိုက ကလေးကိုတစ်လမှာ နှစ်ရက်လောက်ပဲတွေ့ခွင့်ရပြီး ကလေးရဲ့အမေကလဲမကောင်းဘူး...ဘာလို့ ကလေးကိုဒီ မခေါ်လာတာလဲ မပြည့်စုံဘူးဆိုပေမယ့် ဒီကမူကြိုလဲ မဆိုးပါဘူး ရှောုကျိုးကိုသာ ဒီကိုခေါ်လာမယ်ဆိုရင် အကိုလဲ သူ့ကိုနေ့တိုင်းတွေ့နိုင်တယ် ပြီးတော့ စိတ်ပူဖို့လဲမလိုတော့ဘူးပေါ့...”


တုန်းလီ နဲ့ ကျိယန် က အထက်တန်းကတည်းက ကျောင်းနေဖက်တွေဖြစ်တယ်။ သူတို့က စစ်တပ်ထဲကို အတူတူ၀င်ခဲ့ကြပြီး အထူးတပ်ဖွဲ့မှာလဲ အလုပ်အတူတူပဲဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့တွေက အခက်အခဲတွေကို အတူတူဖြတ်ကျော်ခဲ့ပြီးဖြစ်တယ်။ သူတို့က ညီအကိုကောင်းတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုကြတယ်။ နောက်ပြီး သူက ကျိယန်ရဲ့ အိမ်ထောင်ရေးအကြောင်းကို အတွင်းရေးအထိသိတဲ့ တစ်ယောက်တည်းသောသူဖြစ်တယ်။ 


ကျိယန်  ခေါင်းယမ်းလိုက်ပြီး


 “ရှောင်ကျိုးကိုဒီကိုခေါ်လာလဲ မကောင်းဘူး။ ငါကအချိန်မရွေး မစ်ရှင်ရှိနေနိုင်တယ်။ တကယ်လို့ ငါမရှိဘူးဆိုရင် ကလေး ကိုစောင့်ရှောက်မယ့်သူ တစ်ယောက်မှမရှိဘူး။”


တုန်းလီ က စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်တယ်။ စစ်တပ်အိမ်ယာမှာ ကလေးထိန်းငှားတာက ကောင်းတဲ့အကြံညဏ်တစ်ခုမဟုတ်ဘူး ပြီးတော့၀င်ခွင့်လဲမပြုဘူး။ ရှောင်ကျိုး အမေက အားမကိုးရလို့ဆိုပြီး ကလေးကိုသာဒီခေါ်လာမယ်ဆိုရင် စောင့်ရှောက်ပေးမယ့်သူတစ်ယောက်မှရှိမှာ မဟုတ်ဘူး။ 


ရှောင်ကျိုး ရဲ့အမေသာ ပုံမှန်ဆိုရင် အရမ်းကောင်းမှာပဲ။


တုန်းလီ က သူ့သူငယ်ချင်းအစား သက်ပြင်းချလိုက်မိတယ်။ သူ့အနေနဲ့မကူညီနိုင်ဖြစ်ပြီး ရေရွတ်မိလိုက်တယ်


 " မင်းသူနဲ့ဘာလို့ လက်ထပ်ထားသေးလဲဆိုတာ စဉ်းစားမရဘူး, ငါမင်းကို သူနဲ့ကွာရှင်းပြီး ကလေး အတွက် မိထွေးတစ်ယောက်ရှာဖို့ပြောထားတယ်လေ။ ပြီးတော့ မိထွေးတိုင်းက ဆိုးမနေပါဘူး။ အနည်းဆုံးတော့ သူတို့တွေက ရှောင်ကျိုး ရဲ့မိခင်အရင်းထက်တော့ သာမှာပဲ"


ကျိယန်က ဒီလိုစကားတွေကို မကြိုက်မှန်းသိသောကြောင့် ဒီထက်ပိုမပြောတော့ပေ။ သူက ကျိယန် ကို နှုတ်ဆက်ပြီး အိပ်ယာဝင်ရန်အခန်းထဲကထွက်ခွာသွားလေတယ်။


ကျိယန်အစီရင်ခံစာကို ရေးပြီးသွားတဲ့အခါမှာတော့ မနက်ခင်း ၂ နာရီရှိနေပြီဖြစ်တယ်။ သူ့ရဲ့နာကျင်နေတဲ့ မျက်လုံးတွေကို နှိပ်နယ်လိုက်ပြီး မီးကိုပိတ်လိုက်ကာ သူ့အခန်းကိုပြန်သွားလိုက်တယ်။


သူ့က အဖွဲ့တစ်ခုလုံးရဲ့ခေါင်းဆောင်ဖြစ်ပေမယ့်လဲ သူ့အခန်းရိုးရိုးရှင်းရှင်းပုံစံပဲဖြစ်တယ်။ အရာအားလုံးက သပ်သပ်ရပ်ရပ်နဲ့ နေရာတကျရှိနေပြီး စစ်တပ်ရဲ့အငွေ့အသက်ကို ရရှိနေစေတယ်။


ကျိယန် စားပွဲခုံမှာထိုင်လိုက်တယ်။ သူက တစ်စုံတစ်စုံကို သတိရသွားဟန်ရှိပြီး ဖုန်းကိုထုတ်ယူလိုက်ကာ ဖွင့်လိုက်တယ်။ ဖုန်းဖွင့်လိုက်တာနဲ့တပြိုင်နဲ့ နိုတီများစွာက တက်လာတယ်။ သူက အားလုံးကိုဂရုမစိုက်ပဲ WeChat ကိုဖွင့်လိုက်တယ်။ ရှောင်ကျိုး ဆီမှ မက်ဆေ့ ပေါင်းများစွာကိုသူတွေ့လိုက်ရတယ်။ သူ့အမူအယာက ပျော့ပြောင်းသွားပြီး အသံမက်ဆေ့ကိုဖွင့်လိုက်တယ်။


‘’ဒယိဒီ, ဘာလို့ သားကို video call မခေါ်တာလဲ? ဒက်ဒီအလုပ်များနေတာလား...’’


‘’ဒယ်ဒီ, သားကို ဘာလို့ video call မခေါ်သေးတာလဲ. မစ်ရှင်အတွက် အပြင်သွားနေရတာလား...’


‘’ဒယ်ဒီ, မစ်ရှင်ကနေ ပြန်မလာသေးဘူးလား...ဘယ်အချိန်ပြန်ရောက်မှာလဲ...’’


‘’ဒယ်ဒီ, သားကို video call မခေါ်တာကြာပြီနော်, ဘယ်ရောက်နေတာလဲ...’


အသေးလေးရဲ့ အသံသေးသေးလေးက ဖုန်းကနေ တောက်လျောက်ပေါ်ထွက်လာတယ်။ ကျိယန် က အသေးလေးရဲ့အသံကိုကြားပြီး နူးညံ့သွားတယ်။ တကယ်လို့ တစ်ယောက်ယောက်က လက်ထပ်ခြင်းကနေ ဘာတွေရလာလဲမေးရင် သူ့အနေနဲ့ မတုံ့ဆိုင်းပဲဖြေမိမှာက သူ့ရဲ့သားလေးပဲ ဖြစ်တယ်။ ပြီးတော့ သားလေးကိုမွေးဖွားပေးတဲ့ သူမကိုလဲကျေးဇူးတင်တယ်။ ရှောင်ကျိုးအတွက် သူက သူမကိုသည်းခံနိုင်တယ်။ သူမက သူ့ရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကိုမကျော်သရွေ့ သူ့အနေနဲ့ သူမဘ၀အတွက် လိုအပ်တာတွေအကုန်လုံး သူထောက်ပံ့ပေးမယ်လို့ ကတိပေးနိုင်တယ်။ 


ကျိယန် က အသံမက်ဆေ့တွေကို ဆက်နားထောင်နေတယ်။ နောက်ဆုံးတစ်ခုကိုရောက်တဲ့အခါမှာတော့ မမျှော်လင့်တဲ့ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာတယ် 


‘’ ယော...ယောကျာ်း…ရှင့်ကိုယ်ရှင် သေချာစောင့်ရှောက်နော်, ကျွန်မနဲ့ ပေါင်ပေါင်ကို စိတ်မပူနဲ့...’’


ထန်ထန်...


သူ မျက်ခုံးတွေတွန့်ချိုးသွားပြီး နောက်ဆုံး အသံမက်ဆေ့ကို စိုက်ကြည့်ပြီး စဉ်းစားနေမိတယ် ‘သူမက သူ့ဆီဘာလို့ အသံမက်ဆေ့ပို့တာလဲ ပြီးတော့ သူမအသံက ဘာလို့ဒီလိုဖြစ်နေတာလဲ’


ကျိယန် က တစ်ခဏလောက်စဉ်းစားလိုက်ပြီး ဖုန်းရဲ့ အသံဖိုင် ကိုဖွင့်လိုက်တယ်။ အန်တီလီဆီမှ မစ်ကောလ် တွေအများကြီးကို သူတွေ့လိုက်ရတယ်။ သူဖုန်းပြန်ခော်ဖို့ပြင်လိုက်ပြီးမှ အချိန်ကိုကြည့်လိုက်ပြီး မခေါ်ဖြစ်တော့ဘူး။ ထို့နောက် အ၀တ်တချို့ကိုယူပြီး ရေချိုးခန်းထဲကိုဝင်သွားတော့တယ်။


မနက်ခင်းရောက်တဲ့အချိန်မှာတော့...ကျိယန်က မနက်ခင်းလေ့ကျင့်ရေးကိုသွားလိုက်တယ်။ ထို့နောက် အသေးလေးနိုးလောက်တဲ့အချိန် ရောက်ပြီဖြစ်တဲ့အတွက်  WeChat မှ video call ခေါ်လိုက်တယ်။ 

 

‘’ဒယ်ဒီ... ဒယ်ဒီ ပြန်ရောက်ပြီလား..."


 video call ခေါ်လိုက်တာနဲ့ တပြိုင်နက် အသေးလေးရဲ့မျက်နှာက ဖုန်းမျက်နှာပြင် မှာပေါ်လာတယ်။ 


ရှားပါးလှတဲ့အပြုံးက ကျိယန် မျက်နှာမှာပေါ်လာတယ်။ 


‘’ရှောင်ကျိုး သားနိုးတာမကြာသေးဘူး မဟုတ်လား...’’


အသေးလေးက ခေါင်းငြိမ့်ပြလိုက်တယ်


 “ သားအခုလေးတင်ပဲနိုးတာ ဒယ်ဒီ, သားကိုမခေါ်တာကြာပြီနော်...မစ်ရှင်သွားတာ ဒဏ်ရာတွေရသေးလား? ဘယ်အချိန် သားကိုပြန်လာတွေ့မှာလဲ...’’


အသေးလေးဆီကနေ မေးခွန်းတွေက ဆက်တိုက်ထွက်လာတယ်။ ကျိယန် ကစိတ်ရှည်စွာနဲ့ နားထောင်နေပြီး စိတ်မကောင်းလဲဖြစ်နေမိတယ်။ သူက ဖခင်ကောင်းမဟုတ်ဘူးဆိုတာ သိပါတယ်။ ကလေးကို ဒီတိုင်းထားခဲ့တယ်။ ကလေးအတွက် မိခင်ကောင်းမရှာပေးနိုင်တဲ့အပြင် သူနဲ့ပါတူတူမနေပေးနိုင်ဘူး။ ကလေးဆီသွားလည်ဖို့လဲ သူ့အတွက်ခက်ခဲရတယ်။ အသေးလေးအရမ်းအထီးကျန်နေမှာကို သိနေပေမယ့်လဲ သူဘာမှလုပ်မပေးနိုင်ဘူး။


‘’ဒယ်ဒီက မစ်ရှင်ကနေပြန်ရောက်တာမကြာသေးဘူး ပြီးတော့ ဒဏ်ရာလဲမရဘူး။ နောက်ရက်နည်းနည်းကြာရင် သားဆီလာတွေ့တော့မှာ...’’


ရှောင်ကျိုး က သူပြောတာကိုနားထောင်ပြီးတဲ့နောက် သူ့မျက်လုံးလေးတွေက တောက်ပလာပြီး နှုတ်ခမ်းလေးတွေကအပေါ်ကိုကော့တက်လာတယ်။ သူ့ရဲ့သွားသေးသေးလေးတွေတောင်ပေါ်နေပြီး 


‘’တကယ်လား ဒယ်ဒီ... အဲ့ဒါဆို ဒက်ဒီပြန်လာတာ သားစောင့်နေမယ်။ မြန်မြန်ပြန်လာနော်... ‘’


‘’အိုကေ ဒယ်ဒီမြန်မြန်ပြန်လာမယ်..."


ကျိယန်ကဖြေလိုက်ပြီးနောက် ထပ်မေးလိုက်တယ် 


‘’ရှောင်ကျိုး သားမာမီ အခုတစ်လော တစ်ခုခုဖြစ်နေသေးလား...’’


သူက ခေါင်းကိုငြိမ့်လိုက်ပြီး တံခါးကိုလှမ်းကြည့်လိုက်တယ်။ တံခါးပိတ်ထားတာ သေချာကြောင်းအတည်ပြုပြီးတဲ့နောက် သူက ကျိယန် ကို အသေအချာပြောလိုက်တယ်။ 


"ဒယ်ဒီ, မာမီကားတိုက်ခံရတယ်... ခြေထောက်ကဒဏ်ရာရနေပြီး မျက်နှာမှာလဲ ခြစ်ရာတွေအများကြီးပဲ..."


ကျိယန် နှုတ်ခမ်းကတဖြောင့်တည်း တိတ်ဆိတ်နေပြီး ဘာစကားမှမဆိုဘူး။


အသေးလေးက တံခါးကို နောက်တကြိမ် သေချာပြန်ကြည့်ပြီးနောက်ထပ်ပြောလိုက်တယ်


 ‘’နောက်ပြီးတော့လေ... နောက်ပြီးတော့ မာမီကပြောတယ် သူဘာမှမမှတ်မိတော့ဘူးတဲ့, တော်တော်များများကိုလဲ သူမ မလုပ်တတ်တော့ဘူး, အဲ့ဒါကြောင် သားက သူ့ကိုသင်ပေးဖို့လိုနေတယ်..’’


အတိတ်မေ့တာ... ကျိယန်ရဲ့ ပထမဆုံးတုံ့ပြန်မှုက အယုံအကြည်မရှိခြင်းဖြစ်တယ်။ သူမကို သူမယုံဘူး။ သူမက သူတို့ကိုနောက်ပြောင်ဖို့ ကြိုးစားနေတာလား...


ကလေးက သူ့အဖေ ရဲ့မျက်နှာပေါ်က မယုံကြည်မှုကိုတွေ့လိုက်ရပြီး အမြန်ပြောလိုက်တယ် 


‘’ဒယ်ဒီ, သားကတော့ မာမီတကယ်မမှတ်မိတော့ဘူးလို့ထင်တယ်, အဲ့ဒါတကယ် သိလား...’’


‘’အိုး...သားက ဘာလို့ အဲ့လို ထင်တာလဲ...’’


‘’ ဘာလို့လဲဆိုတော့ သူမက အရင်နဲ့မတူတော့ဘူး...အရင်တုန်းက သားကိုမာမီက ဂရုမစိုက်ဘူး ဒါပေမယ့် ဘယ်လိုလုပ်ပြီး သားအတွက်နေ့တိုင်း ချက်ပြုတ်ပေးနေရတာလဲ ပြီးတော့ အဲ့ဒါတွေက အရမ်းအရသာရှိတယ်။ သားကျောင်းသွားရင် ယူသွားဖို့အတွက် မုန့်တွေလဲလုပ်ပေးတယ်, ကျောင်းကပြန်လာရင်လဲ လာကြိုတယ်, ပြီးတော့ သူမက…’’ 


အဲ့အပိုင်းကိုရောက်တဲ့အချိန်မှာ ရှောင်ကျိုး က သူ့ရဲ့ပျော်ရွှင်မှုကိုဖုံးကွယ်ဖို့ကြိုးစားရင် မသက်မသာဖြစ်နေတယ်


 ‘’သူမက သားကို ပေါင်ပေါင်လို့ခေါ်တယ် ပြီးတော့လဲ ရတနာတုံးလေး, အချစ်လေး အဲ့လိုတွေလဲခေါ်တယ် ဟူးးး အဲ့ဒါတွေက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ...’’


ကျိယန်က သံသယတွေနဲ့ ပြည့်နှက်သွားတယ်။ ထန်ထန် ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး သူရှင်းရှင်းလင်းလင်းသိပြီးဖြစ်တယ်။ သူမက ရှောင်ကျိုး ကို တစ်ချက်လေးတောင် စောင်းငဲ့ကြည့်ဖို့ ဆနရှိတဲ့သူ မဟုတ်ဘူး။ အဲ့ဒါဆို သူမက ရုတ်တရက် ကလေး အတွက် ဘာလို့ဒီလိုအရာတွေ အများကြီးလုပ်ပေးနေရတာလဲ? တကယ်အတိအကျ ဘာဖြစ်သွားတာလဲ...


သူ့ရင်ထဲက မေးခွန်းတွေကိုထုတ်မေးရမဲ့အစား သူကမေးလိုက်တယ်


 ‘’အန်တီလီက ဘာဖြစ်သွားလို့လဲ... သူမက ဘယ်သွားတာလဲ ဘာလို့ မာမီက ချက်ပြုတ်နေရတာလဲ...’’


အသေးလေး က ပြန်ဖြေလိုက်တယ် 


‘’အဖွားလီက အိမ်ပြန်သွားတယ်, သူမရဲ့ ကလေးသေးသေးလေးကို ဂရိုစိုက်ဖို့တဲ့...’’


အန်တီလီရဲ့ ချွေးမကကိုယ်ဝန်သည်မှန်း ကျိယန် သိထားပြီးဖြစ်တယ်။ ကြည့်ရတာ အဲ့ဒါပဲဖြစ်နိုင်တယ်။ ထို့နောက် သူက ချက်ချင်းပြောလိုက်တယ် 


“အချိန်မစောတော့ဘူး, မြန်မြန်ဆန်ဆန် သွားတိုက်ပြီး ကျောင်းမသွားခင် မနက်စာသွားစားဦး ဒယ်ဒီက နောက်နေ့ကျရင် ပြန်လာခဲ့မယ်...’’


‘’ဟုတ်ကဲ့ ဘိုင့် ဘိုင့် ဒယ်ဒီ...’’


 အသေးလေးက ဖုန်းမချချင်သေးပေမယ့်လဲ video call ကိုရပ်လိုက်ရတော့မယ်ဆိုတာကို သိတာကြောင့် ကျိယန် ကိုလက်‌ဝှေ့ယမ်းပြလိုက်ပြီး video call ကိုအဆုံးသတ်လိုက်တယ်။


ကျိယန် WeChat ကထွက်လိုက်ပြီး အန်တီလီကို ဖုန်းခေါ်လိုက်တယ်။ 


-  - - - - - - - - - - - - - - - - - - - - - - -


တခြားတစ်ဖက်မှာတော့, အသေးလေးတစ်ယောက် ဒီနေ့မနက် ခံစားချက်တွေကောင်းနေတာကို ထန်ထန်  သတိထားမိနေတယ်။ သူ့ရဲ့ ပျော်ရွှင်မှုကိုပြတဲ့အမူအရာတွေက, စားပွဲမှာစားသောက်နေတဲ့အချိန်မှာ သူ့ရဲ့ခြေထောက်တွေကို ထိုင်ခုံမှာထိုင်ရင်းနဲ့ လွှဲရမ်းပြီးဆော့နေတယ် ပြီးတော့ ခဏခဏပြုံးနေတယ်။


"ပေါင်ပေါင်, ဘာတွေပျော်နေတာလဲ မာမီကိုပြောပြလို့ရမလား...’’


အသေးလေးရဲ့ ခြေထောက်လွှဲရမ်းပြီး ဆော့နေတာက ရပ်သွားတယ် ။ သူက စားနေတာကိုမျိုချလိုက်ပြီး


 ‘’ဘာမှမရှိပါဘူး...’’


ထန်ထန် က သူ့ကိုမယုံဘူး။ သူမပြောပြချင်ဘူးဆိုတာ သူမသိတယ် အဲ့ဒါကြောင့် သူမရဲ့  လျို့ဝှက်လှည့်ကွက်ကို သုံးလိုက်တယ်


 “ အာ… မာမီကိုပြောပြပါ, မာမီကိုပြောပြနော်...ဟုတ်ပြီလား, မာမီရဲ့ အဖိုးတန်တဲ့အချစ်လေး မာမီသိချင်လို့ပါနော်...’’


ကျိရှောင်ကျိုး က ထန်ထန်ကိုငေးကြည့်လိုက်တယ်။ သူက စိတ်မရှည်စွာနဲ့ 


‘’ကောင်းပြီ, ခများးက အရမ်းအလုပ်ရှုပ်တာပဲ, ကျွန်တော်တော့ စိတ်ရှုပ်လွန်းလို့သေတော့မှာပဲ ပြောပြမယ် ဟုတ်ပြီလား, ယ်ဒီက နောက်ရက်နည်းနည်းနေရင် ကျွန်တော့ကိုတွေ့ဖို့ပြန်လာတော့မယ်...’’


‘’အာ... သားရဲ့ဒက်ဒီ ပြန်လာတော့မယ်..ပြီးတော့ကော…ပြီးတော့ကော...’’ 


သူမ အဲဒါကို မမျှော်လင့်မိဘူး။ လူကိုမတွေ့ရသေးပေမယ့်လဲ သူမနှလုံးခုန်သံတွေကျယ်လောင်လာတယ်။


ရှောင်ကျိုး ထွက်သွားတဲ့အချိန်ထိ သူမက ပေါင်ပေါင်ရဲ့အဖေက ဘယ်လိုပုံမျိုးလဲဆိုတာ ပုံဖော်ကြည့်နေမိတယ်။


 သူ့ရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုရှိနေမလဲသူ့ကိုတွေ့ရင် သူမဘာလုပ်သင့်လဲ သူမကို အန်တီလီပြောထားပုံအရဆိုရင်, ပေါင်ပေါင့်ဒယ်ဒီက မူလပိုင်ရှင်ကိုသဘောမကျဘူး အဲ့ဒါက သူမကိုသဘောမကျဘူးလို့ ဆိုလိုတာပဲမဟုတ်လား...တကယ်လို့ သူက သူမကိုသဘောကျဘူးဆိုရင် သူမဘာလုပ်သင့်လဲ...


ထန်ထန်စိတ်တွေ ရှုပ်ထွေးနေပြီး အဆုံးမှာတော့ သူမအနေနဲ့ အလုပ်ကိုကြိုးစားပြီး ပေါင်ပေါင့်ဒယ်ဒီကို ကောင်းကောင်းဆက်ဆံဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူမက ဇနီးမယားတစ်ယောက်ရဲ့ တာ၀န်ကိုကျေပွန်အောင်လုပ်မယ်။ နောက်ပြီး သူကသဘောမကျသေးဘူးဆိုရင် သူမအနေနဲ့ ဘာမှမတတ်နိုင်ဘူးလေ။ဒါပေမယ် သူတို့ကို သူမကောင်းကောင်းဆက်ဆံပေးတယ်ဆိုတော့ အိမ်ကနေကန်မထုတ်လောက်ဘူး မဟုတ်လား...


အဲ့ဒီအတွေးကိုတွေးလိုက်ပြီးတဲ့နောက် သူမစိတ်အနည်းငယ်လျော့လိုက်ပြီး အသေးလေး အတွက် ဘာချက်ပေးရမလဲစဉ်းစားလိုက်တယ်။ သို့သော်လည်း သူမရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အချိန်မှာ အလွတ်ဖြစ်နေတာကိုတွေ့လိုက်တယ်။


အန်တီလီသွားတာ ရက်အတော်ကြာနေပြီဖြစ်တယ်။ နဂိုကအပြည့်ဖြစ်နေတဲ့ ရေခဲသေတ္တာက အခုတာ့အလွတ်ဖြစ်နေပြီဖြစ်တယ်။ သူမအပြင်ထွက်ပြီး စားစရာတွေဝယ်ဖြည့်ရမယ်မှန်း သို့သော်လဲ ဘယ်နေရာမှာသွားဝယ်ရမှန်း မသိဘူးဖြစ်နေတယ်။ ခဏလောက်စဉ်းစားပြီးနောက် သူမက ပေါင်ပေါင်လေးကိုသာ သွားမေးရန်သာ ဆုံးဖြတ်ချက်ချလိုက်တယ်။


မူကြိုဆင်းပြီးတဲ့နောက် ထန်ထန် က ရှောင်ကျိုး ကိုသွားကြိုပြီး အိမ်သို့မပြန်သေးပဲ မေးလိုက်တယ်


 ‘’ပေါင်ပေါင်, အိမ်မှာချက်စရာမရှိတော့ဘူး, တခုခုဝယ်ဖို့အတွက် မာမီကိုလိုက်ပို့ပေးလို့ရမလား... ဘယ်လိုလုပ်ရမလဲ မာမီမသိလို့...’’


ရှောင်ကျိုး ကတော့ ထန်ထန် ဘာမှမမှတ်မိဘူးဆိုတာကို ယုံကြည်သွားပြီ ဖြစ်တဲ့အတွက် အရင်ရက်တွေတုန်းကလို အံ့ဩမနေတော့ဘူး။ အဲ့ဒီအစား သူကရှေ့မှဦးဆောင်ပြီး လမ်းလျောက်သွားတော့တယ် 


‘’ကျွန်တော့နောက်ကလိုက်ခဲ့, စူပါမားကတ်ကို သွားကြမယ်’’


အရင်တုန်းက အန်တီလီစူပါမားကပ်သွားတိုင်း သူ့ကိုမကြာခဏခေါ်သွားလေ့ရှိတဲ့အတွက် လမ်းကိုရင်းနှီးနေပြီးဖြစ်တယ်။


ထန်ထန် က စူပါမားကပ်ကို တီဗီမှာအရင်ကမြင်ဖူးတယ်။ အဲ့ဒါက အထဲမှာအကျယ်ကြီးဖြစ်ပြီး အရာအားလုံးကို ၀ယ်လိုရတယ်။ ဒီတကြိမ်မှာတော့, သူမက အချိန်အကြာကြီးထိတ်လန့်တုန်လှုပ်သွားပြီး  မျှော်လင့်ချက်တွေနဲ့ပြည့်နေခဲ့တယ်။ အထူးသဖြင့် အသေးလေးက သူမဘေးနားမှာ အဖော်အဖြစ်လိုက်ပါနေတဲ့အတွက်ပေါ့။ 


သူမတို့ စူပါမားကပ်ကိုရောက်တဲ့အခါမှာတော့ အသေးလေးက စျေးဝယ်တွန်းလှည်းတွေ ထားတဲ့နေရာကို ကျွမ်းကျင်စွာနဲ့သွားပြီး အိတ်ထဲက ကြွေစေ့တစ်စေ့ကိုထုတ်လိုက်တယ်။ ထို့နောက် သူက စျေးဝယ်တွန်းလှည်းပေါ်က အပေါက်လေးထဲကို အကြွေစေ့ထည့်လိုက်တဲ့နောက် လောခ့်ပွင့်သွားတာကိုသူမ ကြည့်နေရင်း မျက်ခုံးတွေမြင့်တက်လာပြီး မျက်လုံးထဲက ကြယ်တွေထွက်လာမတတ် ဖြစ်နေတယ်။ 


သူမတို့မိသားစုရဲ့ အဖိုးတန်လေးက တကယ်ကိုအံ့မခန်းတော်တာပဲ


ထန်ထန် ရဲ့ ချီးကျူးနေတဲ့မျက်လုံးများအောက်မှ အသေးလေးက တည်ငြိမ်စွာနဲ့ စျေးဝယ်တွန်းလှည်းကို တွန်းသွားလေတယ်။ ထို့နောက် ဘောစိတစ်ယောက်လိုမျိုး သူ့လက်ကို‌ဝှေ့ယမ်းလိုက်ပြီး သူ့နောက်မှာရှိနေတဲ့ သူမ ကိုခေါ်လိုက်တယ်


 “သွားကြစို့...’’


သူမ ဘော့စ်အသေးစားလေး နောက်ကနေလိုက်လာခဲ့တယ်။


ဘော့စ်အသေးစားလေး က ခန့်ညားနေတဲ့အော်ရာတွေ ရှိနေပေမယ့်လဲ သူ့အရပ်က စျေးဝယ်တွန်းလှည်းထက် နိမ့်နေသောကြောင့် ခွန်အားအများအပြားကို အသုံးချနေရတယ်။ အသေးလေးကိုကြည့်ရင်း ထန်ထန် ရဲ့နှလုံးသားလေးခံစားချက်တွေနဲ့ ပြည့်နှက်သွားတော့တယ်။ ပုံမှန်အားဖြင့် သူ့လိုအရွယ်ကလေးလေးတွေက စျေးဝယ်တွန်းလှည်းထဲမှာ ထိုင်နေပြီး လူကြီးတွေကတွန်းပေးနေရမှာဖြစ်တယ်။ တီဗီထဲမှာ အမျိုးသားဇတ်ဆောင်လုပ်ပြတာကို သူမမြင်ဖူးတယ်။ 


သူမ ပတ်၀န်းကျင်ကို ကြည့်လိုက်တဲ့အခါမှာလဲ ကလေးအများစုက စျေးဝယ်တွန်းလှည်းပေါ်မှာ ထိုင်နေကြတာကို တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် သူမ မေးလိုက်တယ် 


‘’ပေါင်ပေါင်, မာမီတွန်းပေးမယ်လေ, သားက မာမီတွန်းပေးတဲ့ လှည်းပေါ်မှာထိုင်ပေါ့...’’


ရှောင်ကျိုး က တခြားကလေးတွေ စျေးဝယ်တွန်းလှည်းပေါ်မှာ ထိုင်နေကြတာကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးထဲ အလင်းတန်းတစ်ချက်ပြေးသွားပြီး ခေါင်းကိုယမ်းလိုက်ကာ ပြောလိုက်တယ်


 ‘’မထိုင်တော့ပါဘူး, သုံးနှစ်ကလေးတွေပဲ အဲ့ပေါ်မှာထိုင်ကြတာ...’’ 


သူက လေးနှစ်ပြည့်တော့မှာဖြစ်တယ်။ သူက အသက်သုံးနှစ်မှ မဟုတ်တော့တာ။ ပြီးတော့ သူက ထန်ထန် ရဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်ကို မသိမသာလှမ်းကြည့်လိုက်တယ်။


ထန်ထန်.က အသေးလေးပြောတာကို မယုံကြည်ဘူး။ သူမက ထပ်ပြောလိုက်တယ်


 ‘’ အဲ့ဒါအရေးမကြီးပါဘူး, ပေါင်ပေါင်က သုံးနှစ်မဟုတ်တော့ပေမယ့်လဲ ကလေးလေးဖြစ်နေတုန်းပဲလေ လာပြီးထိုင်လှည့်ချေ’’


အသေးလေးက ခေါင်းကိုထပ်ယမ်းလိုက်ပြီး လေးနက်စွာနဲ့ တွန်းလှည်းကိုဆက်တွန်းသွားတယ်။ သူက သူမကိုအပြစ်တင်ဖို့လဲ မမေ့လေဘူး 


‘’ခင်များက လမ်းတောင်ကောင်းကောင်းမလျောက်နိုင်တာ ကျွန်တော်လှည်းပေါ်ထိုင်နေလို့ ဒဏ်ရာပိုဆိုးသွားရင်ဘယ်လိုလုပ်မလဲ ဒီတိုင်းပဲသွားကြတာပေါ့...’’


သူမ အခုတော့နားလည်လိုက်ပါပြီ။ အသေးလေးက သူမကိုစိတ်ပူနေတာပဲ။


ဘယ်လောက်တောင် ကြင်နာတတ်တဲ့ ကလေးလဲ။ သူ့မှာ လိမ်မာတဲ့ကလေးတွေရဲ့ အပြုအမူတွေရှိတယ်။ ဘာလို့များ မူလပိုင်ရှင်က သူ့ကိုဆိုးဆိုးရွားရွား ဆက်ဆံရလဲဆိုတာ သူမနားမလည်နိုင်ဘူး။