အပိုင်း (၉)
Viewers 12k

Part 9


ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ချိုင်းထောက်တစ်ဖက်နဲ့သူမ တွန်းလို့ရပေမယ့်လဲ အသေးလေးက သူမကိုခွင့်မပြုလေဘူး။ အသေးလေးရဲ့ ကြင်နာမှုကို သူမ ငြင်းပယ်လိုစိတ်မရှိတဲ့အတွက် လက်အောက်ငယ်သားတစ်ယောက်လို သူ့ဘေးနားကနေခြံရံပြီးလိုက်ခဲ့လိုက်တယ်။ အဲ့ဒါက စိတ်၀င်စားဖို့ကောင်းတာပဲ။


ဘော့စ်အသေးလေးရဲ့ ဦးဆောင်မှုအောက်ကနေ သူမက စူပါမားကတ်ကို သက်တောင့်သက်သာ လေ့လာနေတယ်။ ပစ္စည်းတွေအမြောက်အများရှိနေတဲ့အတွက် အားလုံးကိုလိုက်ကြည့်ရင်း သူမခေါင်းမူးလာသလိုခံစားရတယ်။ ဒီကမ္ဘာက တကယ်ကိုအံ့ဩဖို့ကောင်းမှန်း သူမနက်နက်ရှိုင်ရှိုင်းခံစားလိုက်ရတယ်။ ဒီမှာနေတဲ့သူတွေအားလုံးက အရမ်းကံကောင်းကြတာပဲ။


ခေါင်းဆောင်သေးသေးလေးရဲ့  အနောက်မှ ထန်ထန် က အသီးအရွက်အတန်းတွေဘက်ကို သူမတို့လိုအပ်တာတွေကိုယူဖို့ လိုက်သွားတယ်။ တလျောက်လုံး သူမက တခြားသူတွေလုပ်သမျှကို တုပပြီးလုပ်နိုင်တဲ့အတွက် အရာအားလုံးကချော့မွေ့နေတယ်။ သို့ပေမယ့်လဲ အသီးအရွက်များကို အလေးချိန်တွက်ရမယ့်နေရာရောက်တဲ့အခါမှာတော့ အလေးချိန်စက်နားမှာ လူတွေဝိုင်းနေတာကို သူမတွေ့လိုက်ရတယ်။ အသေးလေးက ချက်ချင်းသတိထားလိုက်မိပြီး သူမဘောင်းဘီစကိုဆွဲလိုက်ကာ


 ‘’မလှုပ်နဲ့ ဒီမှာစောင့်နေ ကျွန်တော်သွားတန်းစီလိုက်မယ်...’’


 ထို့နောက် သူက အသီးအရွက်တွေကိုယူလိုက်ပြီး တန်းစီတဲ့နေရာကိုပြေးသွားလိုက်တယ်။ ခန္ဓာကိုယ်သေးသေးလေးက အရွယ်ရောက်လူကြီးတွေကြားမှာ တန်းစီနေပြီး သူကကြောက်ရွံ့တဲ့ပုံမပြတဲ့အပြင့် အရမ်းကိုတည်ငြိမ်နေတယ်။


ရှောင်ကျိုး အလှည့်ရောက်တဲ့အခါ, အလေးချိန်တဲ့စက်နားမှာ ခြေဖျားထောက်ရပ်လိုက်ပြီး သူက၀န်ထမ်းကို ပြောလိုက်တယ်


 ‘’ အန်တီ, အသီးအရွက်တွေကို ချိန်ပေးပါ ခင်ဗျ...’’


စူပါမားကတ်ဝန်ထမ်းအနေနဲ့ ကလေးတစ်ယောက်က စျေးဝယ်တာကို ပထမဆုံးမြင်ဖူးတာပဲဖြစ်တယ်။ ဝန်ထမ်းက ရှောင်ကျိုး ကိုကြည့်လိုက်တယ်။ သူက အရမ်းကိုလေးလေးနက်နက်နဲ့ချစ်ဖို့ကောင်းတာပဲ။ ၀န်ထမ်းရဲ့လှုပ်ရှားမှုတွေက နှေးကွေးကုန်တယ်။


ဘေးနားမှာရှိနေတဲ့ လူတိုင်းရဲ့မျက်ဝန်းတွေက လဲ ကြယ်တွေလိုတောက်ပနေပြီး သူ့ကိုဝိုင်းကြည့်နေကြတယ်။ မိန်းကလေးတစ်ချို့့ဆို သူတို့ရဲ့ဖုန်းကိုထုတ်ပြီး ဓါတ်ပုံရိုက်လိုက်ရင်းနဲ့


 ‘’အား...အရမ်း…အရမ်းချစ်ဖို့ကောင်းတာပဲ ငါသူ့ကို အိမ်ပါခေါ်သွားချင်နေပြီ...’’


ထန်ထန် က အဲ့ဒီမြင်ကွင်းကို သိပ်မဝေးတဲ့နေရာကနေကြည့်နေတယ်။ သူမက ဂုဏ်ယူမှုတွေနဲ့ပြည့်နှက်နေတယ်။ သူမရဲ့ ပေါင်ပေါင်လေးက အရမ်းကို စမတ်ကျပြီး အံ့ဩဖို့ကောင်းတာပဲ။


ရှောင်ကျိုး...ထန်ထန် ဘေးနားသို့ပြန်ရောက်သောအခါ အသီးအရွက်တွေက အလေးချိန် ချိန်ပြီးဖြစ်နေပြီ။ 


သူမ က ခါးညွှတ်လိုက်ပြီး အသေးလေးကိုဖက်လိုက်ကာ နဖူးကိုနမ်းလိုက်ပြီး ပြောလိုက်တယ်


 ‘’ပေါင်ပေါင်, သားလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ, မာမီတော့ သားကိုအားကျနေပြီ..."


အသေးလေးရဲ့ မျက်လုံးတွေကကျယ်သွားတယ်။ နှစ်စက္ကန့်လောက်ကြာပြီးတဲ့နောက် သူကအလျင်အမြန် သူ့နဖူးကို သူ့လက်ဖောင်းဖောင်းလေးနဲ့ ကာကွယ်လိုက်တယ်။ သူက ရှက်သလိုလို စိတ်ဆိုးသလိုလို ခံစားလိုက်ရပြီး ထန်ထန် ကိုစိုက်ကြည့်လိုက်တယ်


 ‘’ခင်…ခင်ဗျား...’’ 


သူဘာမှပြောမထွက်တော့ဘူး။ သူ့မျက်နှာကနီရဲလာပြီး အဆုံးမှာတော့ စျေးဝယ်တွန်းလှည်းကိုတွန်းပြီး ထွက်ပြေးသွားတော့တယ်


 ‘’အိုက်ယား…အရမ်းကိုစိတ်ရှုပ်ဖို့ကောင်းတာပဲ...’’


အသေးလေးက အားသွန်ခွန်စိုက်နဲ့ တွန်းလှည်းကို သူ့ရဲ့ လက်ဖောင်းဖောင်းလေးတွေနဲ့ တွန်းသွားတာကိုကြည့်ပြီး သူမပြုံးလိုက်တယ်။


ထန်ထန် နှင့်အသက်တူလောက်သော ခပ်ငယ်ငယ်မိခင်တစ်ဦးက မြင်ကွင်းတစ်ခုလုံးကိုကြည့်နေခဲ့တယ်။ သူမက မနာလိုဖြစ်စွာနဲ့ ထန်ထန်ကို ကိုပြောလိုက်တယ်


 ‘’အဲ့တာ ရှင့်သားမဟုတ်လား... သူကအရမ်းညဏ်ကောင်းတာပဲ, သူက ရှင့်ကိုဂရုစိုက်တယ် ပြီးတော့ သူက ရှင့်ကိုတွန်းလှည်းလဲပေးမတွန်းဘူး...သူက လှည်းတွန်းရလို့ ချွေးတွေထွက်နေတာတောင် ရှင့်ကိုဘာမှမပြောဘူး...လမ်းတောင်မလျောက်ချင်တဲ့ ကျွန်မသားနဲ့များကွာပါ့... "


အသက်ခပ်ငယ်ငယ်မိခင်ရဲ့  စျေးဝယ်တွန်းလှည်းပေါ်မှာထိုင်းရင်း ရေခဲမုန့်စားနေတဲ့ ကလေးလေးကတော့ သူအမေက သူ့အကြောင်းညည်းညူနေတာကိုမသိပဲ ရေခဲမုန့်ကိုသာ သဲမဲပြီးစားနေတယ်...


ထန်ထန် က သူမအပြုံးကိုဆက်မထိန်းထားနိုင်တော့ဘူး။ သူမအပြုအမူတွေက တော်တော်လေးများနေပြီဆိုတာသိလိုက်ပြီး အဲ့ဒီကလေးအမေကို နှုတ်ဆက်လိုက်တယ်။ ထို့နောက် သူမရဲ့ ရတနာလေးနောက်ကို လိုက်သွားတော့တယ်။


အသီးအရွက်အတန်းတွေဘက်က ထွက်လာပြီးတဲ့နောက် သူမသစ်သီးတစ်ချို့နဲ့ အသေးလေးကြိုက်တတ်တဲ့ သွားရည်စာ တချို့ကိုဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဆုံးမှာတော့ သားအမိနှစ်ယောက်လုံး စားစရာအိတ်ကြီးတစ်အိတ်စာကို ၀ယ်လိုက်ကြတယ်။ ထန်ထန် က ချိုင်းထောက်တစ်ဖက်နဲ့ စျေးဝယ်အိတ်ကိုသာ ကိုင်ထားနိုင်တယ်...


ဲ့ဒါက လမ်းလျောက်ရတာအရမ်းခက်တာပဲ...


ရှောင်ကျိုးက ထန်ထန်လမ်းလျောက်ရတာ ခက်ခဲနေတာကို သတိထားမိတယ်။ သူ့မျက်ခုံးတွန့်ချိုးသွားတယ်။ ထို့နောက် သူမ ဆီပြေးသွားပြီး အိတ်ကိုဝိုင်းမပေးလိုက်တယ်။


 သူက ထန်ထန်ကို အိတ်သယ်ရတာ သက်သာစေချင်ပေမယ့်လဲ သူက အရမ်းကိုသေးငယ်တဲ့အတွက် သူ့ခမျာ အဆင်ပြေပြေလမ်းလျောက်လို့မရဘူးဖြစ်နေပြန်တယ်။ သူက လမ်းလျောက်တဲ့အခါမှာ ယိုင်သွားပြီး ချော်လဲမလိုဖြစ်သွားတယ်။


ထန်ထန် သူ့လက်ကိုအမြန် လှမ်းဆွဲလိုက်ပြီး 


“ ပေါင်ပေါင်, သားကူညီဖို့မလိုပါဘူး, မာမီသယ်နိုင်ပါတယ်, မာမီက သန်မာတယ်လေ..."


အသေးလေးက သူမပြောတာကိုမယုံပါဘူး။ သူ့လက်လွတ်သွားတာနဲ့ အိတ်ကိုနောက်တကြိမ် ထပ်ကြိုးစားလိုက်ပြီး သက်ပြင်းချလိုက်တယ်


 ‘’အာ…ကျွန်တော်မသန်မာသေးဘူးပဲ, ဒယ်ဒီသာရှိနေရင် အရမ်းကောင်းမှာပဲ, ဒယ်ဒီက အရမ်းသန်မာတာ...”


ထန်ထန် ချက်ချင်းပဲ သူကိုနှစ်သိမ့်လိုက်တယ်။


 ‘’စိတ်မပူပါနဲ့, ပေါင်ပေါင်က အရမ်းငယ်သေးတယ်လေ, ပေါင်ပေါင်က အစားကိုသေချာစားမယ်ဆိုရင် သားက အရပ်ရှည်လာပြီး သန်မာလာလိမ့်မယ်...’’


အသေးလေးက အသံတိတ်လေးနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ အနာဂတ်မှာ ဒယ်ဒီ့ထက် အရပ်ပိုရှည်လာအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။


အိမ်ပြန်ရောက်တဲ့အခါ အချိန်ကမစောတောဘူးဖြစ်တယ်။ အဲ့ဒါကြောင့် ထန်ထန် က မီးဖိုချောင်ထဲကို တန်း၀င်ပြီး ညစာအတွက်ပြင်ဆင်တော့တယ်။ 


ပေါက်စီလုံးလေး က မီးဖိုချောင်တံခါး၀မှာရပ်ပြီး တိတ်ဆိတ်စွာနဲ့ ကြည့်နေတယ်။ သူက ရုတ်တရက်တစ်ခုခုကို သတိရသွားပြီး သူ့အခန်းထဲက တက်ဘလက် ကိုသွားယူလိုက်တယ်။ ထို့နောက် သူကပြန်ပြေးလာပြီး ထန်ထန် ရဲ့ပုံကို တိတ်တဆိတ်ရိုက်ယူလိုက်တယ်။ 


ထန်ထန်သတိမထားမိတာကို သိလိုက်ပြီး သူ့အခန်းထဲကိုပြန်ပြေးဝင်သွားကာ အခန်းတံခါးကို လောခ့်ချလိုက်တယ်။ ထို့နောက် သူက ပုံကို ကျိယန် ဆီသို့ပို့လိုက်လေတယ်။


‘’ဒက်ဒီ, သားမာမီနဲ့ စူပါမားကတ်ကို ဒီနေ့သွားတယ်... မာမီက သားအတွက် အရသာရှိတဲ့စားစရာတွေ အများကြီးဝယ်လာတယ် ပြီးတော့ သူအခု မီးဖိုချောင်ထဲမှာ သားအတွက် စားကောင်းတာတွေချက်နေတယ်...”


 ရှောင်ကျိုး ရဲ့လေသံက တစ်ခုခုကို အရိပ်အမြွက်ပြနေလေတယ်...

-  - - - - - - - - - - - - - - - - - - - - - - - -


ကျိယန် သူ့အခန်းကိုပြန်ရောက်တဲ့အခါ ရေချိုးလိုက်တယ်။ ထို့နောက် သူက ဖုန်းကိုဖွင့်လိုက်တဲ့အခါမှာ အသေးလေးဆီကနေ မက်ဆေ့ပို့ထားတာကို တွေ့လိုက်တယ်။ အဲ့ဒါက အမျိုးသမီးတစ်ယောက်က အေပရွန် ကို၀တ်ဆင်ထားပြီး မီးဖိုမှာဟင်းချက်နေတဲ့ပုံပဲဖြစ်တယ်။ အမျိုးသမီးက အရိုးစုပမာ ပိန်ကပ်နေပြီး သူမခြေထောက်က ဒဏ်ရာရထားတယ်။ သူမရဲ့ ချိုင်းထောက်က သူမအနီးမှာရှိနေပြီး သူမက ဟင်းချက်ရာမှာ ကျွမ်းကျင်တဲ့ပုံရတယ်။


ကျိယန် ပုံထဲက အဲ့ဒီအမျိုးသမီးကို ကြည့်ရတာ မရင်းနှီးသလိုဖြစ်နေတယ်။ အဲ့ဒါက သူ့မှတ်ညဏ်ထဲမှာရှိတဲ့  ထန်ထန်ရဲ့ အပြုအမူတွေနဲ့ မတူဘူးဖြစ်နေတယ်။ သူ့မှတ်ညဏ်ထဲမှာ သူမက အမြဲတမ်းအရက်မူးနေပြီး ဒေါသထွက်နေမယ် ပြီးတော့ သူ့ကိုသေစေချင်နေတဲ့သူဖြစ်တယ်။  ဒါပေမယ့်လဲ, ပုံထဲက အမျိုးသမီးဆီကတော့ နူးညံ့တဲ့ရောင်ဝါတွေထွက်နေပြီး အဲ့ဒါက တည်ငြိမ်အေးဆေးတဲ့ ခံစားချက်ကိုရစေတယ်။


ပုံထဲကသူသာ ထန်ထန်ရဲ့သွင်ပြင်နဲ့လုံးဝတူနေတာကြောင့်သာမဟုတ်ရင် သူ  သူမကို တခြားတစ်ယောက်လို့ ထင်မိနိုင်တယ်။ 


ဘာလို့ အဲ့လိုအပြောင်းအလဲက ကြီးမားနေတာလဲ... အတိတ်မေ့သွားတာကြောင့်လား... မှတ်ဉာဏ်တွေ ပျောက်သွားမဟုတ်ဘူးဆိုရင် သူမအနေနဲ့ ဒီလိုမျိုးသရုပ်ဆောင်ဖို့ အကြောင်းပြချက်မရှိဘူး။


ကျိယန် သံသယတွေကိုဖျောက်လိုက်ပြီး ရှောင်ကျိုးဆီကို video call ခေါ်လိုက်တယ်။ နှစ်ကြိမ်လောက်ခေါ်ပြီးတဲ့နောက် မျက်နှာပြင် ပေါ်မှာ အသေးလေးရဲ့မျက်နှာဝိုင်းဝိုင်းဖောင်းဖောင်းလေးက ပေါ်လာတယ်။အသေးလေးက သူ့ကိုတွေ့လိုက်တဲ့ခဏမှာပဲ ဒယ်ဒီလို့တန်းခေါ်လိုက်လေတယ်...


ကျိယန် နွေးထွေးစွာပြုံးလိုက်ပြီး မေးလိုက်တယ်


 ‘’ဒီနေ့ညစာ ကောင်းကောင်းစားရဲ့လား...’’


အသေးလေးဆီမှာ သူ့အဖေကို ပြောစရာတွေအများကြီးရှိနေတယ်။ အဲ့ဒါကြောင့် သူက လက်နှစ်ချောင်းထောင်ပြီး ဖြေလိုက်တယ် 


“ သား ဒီည ထမင်းနှစ်ပန်းကန်တောင်စားလိုက်တယ် ပြီးတော့ ကြက်တောင်ပံလဲစားတယ် ပဲပြားလဲစားတယ် ပြီးတော့…ပြီးတော့…’’


သူ့မှတ်ညဏ်လေးက အကန့်အသတ်နဲ့ရှိနေပြီး အကုန်လုံးကို ခဏအတွင်း ပြန်မမှတ်မိဘူးဖြစ်နေတယ်။ ကျိယန်က စိတ်ရှည်ရှည်နဲ့စောင့်နေတယ်။ အချိန်အတော်လေးကြာပြီးနောက် အသေးလေးက နောက်ဆုံးမှာမှတ်မိသွားတယ်။


‘’အိုး...အိုး... စွပ်ပြုတ်လဲရှိသေးတယ်, အဲ့ဒါက အရမ်းသောက်လို့ကောင်းတာပဲ...”


‘’ဟုတ်လား... မာမီ အားလုံးလုပ်ပေးတာလား...’’


ရှောင်ကျိုး က အားအပြည့်နဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးနောက် သူက ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ပြောသလိုမျိုး လေသံတိုးတိုးလေးနဲ့ပြောလိုက်တယ်


 “ ဒယ်ဒီ မာမီချက်တာတွေက အရမ်းစားကောင်းတာသိလား အဖွားလီချက်တာထက် ပိုစားကောင်းတယ် ပြီးတော့လေ မာမီလုပ်ပေးတဲ့ မုန့်လေး တွေကလဲ အရမ်းစားကောင်းတယ်။ အဖွားလီက အဲ့ဒါတွေမလုပ်ဘူး...” 


သူ့ရဲ့ အတန်းဖော်တွေအားလုံးက သူ့ကိုမနာလိုဖြစ်ကြတယ်လေ။


အသေးလေးရဲ့  စိတ်လှုပ်ရှားစွာနဲ့ ပြောသွားတဲ့စကားတိုင်းမှာ မာမီဆိုတာက ခဏခဏပါလာတဲ့အတွက် သူ့ခံစားချက်တွေရှုပ်ထွေးသွားတယ်...


 “ ရှောင်ကျိုး... သား  အခုမာမီကို သဘောကျလား...’’


အသေးလေးက တိတ်ဆိတ်သွားတယ်။ ခဏကြာပြီးနောက် သူကခေါင်းငြိမ့်လိုက်ပြီး ပြန်ဖြေလိုက်တယ်


 “ ဒက်ဒီ, သား မာမီကိုဒီလိုမျိုး အမြဲဖြစ်စေချင်တယ်, အရင်တုန်းကလိုမျိုး မာမီပြန်ပြောင်းသွားမှာကို သားမလိုချင်ဘူး...”


ဒီတကြိမ်တော့ ကျိယန် တိတ်ဆိတ်သွားရတယ်။ သူမဘာတွေဖြစ်သွားလဲဆိုတာ သူ မသိဘူးဖြစ်တဲ့အတွက် ရုတ်တရက်ပဲ ကလေးကို ဘာပြောရမှန်းမသိဖြစ်သွားတယ်။ သူမက တကယ်ကိုပဲ ကလေး အပေါ်မှာ ကောင်းကောင်းဆက်ဆံနေတာလား ဒါမှမဟုတ် တခုခုကိုကြံစည်နေတာလား။


သူမက ရှောင်ကျိုးအပေါ်ရက်ပိုင်းလောက် ကောင်းသယောင်သရုပ်ဆောင်ပြီး အရင်ပုံစံအတိုင်း ပြန်ပြောင်းသွားမှာကို သူတကယ်ပဲကြောက်မိတယ်။ကလေး ကိုမျှော်လင့်ချက်တွေပေးပြီးမှ ဖျက်ဆီးလိုက်မှာကို သူစိုးရိမ်မိတယ်။ အဲ့လိုသာဆိုရင်တော့ ကျိယန် သူမကို ဒီအတိုင်းလွှတ်ထားပေးမှာ မဟုတ်တော့ဘူး။


-  - - - - - - - - - - - - - - - -


ပိတ်ရက်ရဲ့ နောက်တစ်နေ့မှာတော့...ကျိရှောူ်ကျိုးကျောင်းသွားဖို့ မလိုပေ။


 ထန်ထန် က ပိတ်ရက်တွေမှာ တခြားမိဘတွေက သူတို့ကလေးတွေနဲ့ သွားမယ့်နေရာတွေအကြောင်း ပြောနေတာကို သူမကြားလိုက်ရတယ်။ အဲ့ဒါကြောင့် သူမကလဲ အသေးလေးကို တစ်နေရာရာမှာ ကစားစေချင်တယ်။ တစ်ချို့က ကစားကွင်း, တစ်ချို့က ပြတိုက်လို့ပြောနေတာကိုသူမ ကြားမိပေမယ့်လဲ သူတို့ပြောနေတာတွေကို သူမနားမလည်ဘူး။ ဒါပေမယ့်လဲ သူတို့က ကလေးတွေကို ပျော်ဖို့ကောင်းမယ့် နေရာတစ်ခုခုကို ခေါ်သွားဖို့ပြောနေမှန်း သူမနားလည်ပြီးဖြစ်တယ်။ 


အဲ့ဒါက သူမ အသေးလေးကို ကစားဖို့ တစ်နေရာရာသို့ လိုက်ပို့ချင်တဲ့စိတ်ဖြစ်စေတယ်။


သို့သော်လည်း, သူမအကြံတွေက အသေးလေးရဲ့ ငြင်းပယ်ခြင်းကို ခံလိုက်ရပါတယ်။ သူက ထန်ထန် ရဲ့ ဒဏ်ရာကြည့်ပြီး


 “ ခဗျားခြေထောက် ဒဏ်ရာကြီးနဲ့ သွားလို့မဖြစ်ပါဘူး။ မဟုတ်ရင် အဲ့ဒါက မြန်မြန် မပျောက်ပဲနေလိမ့်မယ် ပြီးတော့ ချိုင်းထောက်ကိုပဲသုံးနေရလိမ့်မယ်...” 


သူမ နှလုံးသားလေး အရည်ပျော်သွားရတယ်။ သူက အရမ်းငယ်သေးတာတောင်  ကျိုးကြောင်းဆီလျော်အောင် တွေးတတ်တယ် အရမ်းချစ်ဖို့ကောင်းတာပဲ။ အဲ့ဒါက သူ့ကိုမချစ်ပဲ မနေနိုင်ဘူး။ အစတုန်းက သူမတွေးထားတာက သူ့အမေဖြစ်လာတဲ့အတွက် သူမတာဝန်ကျေပွန်အောင် လုပ်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ရက်တစ်ချို့ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူမက အသေးလေးကို ပိုပိုပြီးချစ်လာမိတယ်။ တကယ်ကိုပဲ သူမရဲ့ နှလုံးသားအောက်ခြေကနေစလို့ သူ့ကိုကောင်းကောင်း ဂရုစိုက်ချင်နေတော့တယ်။


သူမ ရှောင်ကျိူး ရဲ့ အမေဖြစ်လာတာ အရမ်းကံကောင်းတာပဲ။ ဘုရားသခင်က သူမရဲ့အရင်ဘ၀ကို အရမ်းသနားတဲ့အတွက် သူမကို ဒီဘဝပေးသနားတာများလား...


သူမက ဒီကမ္ဘာကြီးအကြောင်းကို တီဗီကနေတဆင့် သင်ယူခဲ့တယ်။ ဒီနေရာက သူမရဲ့ အရင်နေရာမဟုတ်မှန်းသူမ သိခဲ့တယ်။ ဒီနေရာက သူမတို့နိုင်ငံရဲ့ အရမ်းအရမ်း‌ဝေးတဲ့ နေရာတစ်ခုသာမဟုတ်မှန်းလဲသိတယ်။ သူမရဲ့ နဂိုကမ္ဘာက မရှိတော့ဘူး။ သူမနေထိုင်ခဲ့တဲ့ကမ္ဘာက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက နေရာတစ်ခုလို့ သတ်မှတ်ခံထားရတယ်။ 


ဘာကြောင့် သူမ အနာဂတ်ကို ပို့ဆောင်ခံရမှန်းမသိဘူး။ ဒါပေမယ့်လဲ သူမက ဒီအခြေအနေကို ဘုရားသခင်က လျော်ကြေးပေးထားတာလို့ ယူဆလိုက်ပြီးဖြစ်တယ်။ အခု သူမရဲ့နေ့ရက်တိုင်းက ကောင်းချီးပေးခံနေရတယ်။ သူမရဲ့ လက်ရှိဘ၀ကို အရမ်းသဘောကျမိတယ်။ နဂိုက သူမတစ်ဘ၀လုံး တစ်ယောက်တည်းရှိလိမ့်မယ်လို့ ထင်ခဲ့မိဖူးတယ်။ ဒါပေမယ့် အခုတော့ သူမမှာ ကလေးတစ်ယောက်နဲ့ခင်ပွန်း ရှိနေပြီဖြစ်တယ်။ သူမ အမြဲလိုချင်ခဲ့တဲ့ မိသားစုတစ်ခု သူမဆီမှာရှိနေပြီဖြစ်တယ်။ အဲ့ဒါကြောင့် ဒီမိသားစုကို ကာကွယ်ဖို့ သူမဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ်။ ဒီမိသားစုက သူမအတွက် အရာရာပဲ။


အသေးလေးက ကစားဖို့အတွက် ဘယ်မှမသွားချင်မှတော့ ကုန်တိုက်က ကစားကွင်းကိုသာခေါ်လာခဲ့လိုက်တယ်။ သူမက အသေးလေးကို တစ်နေကုန်အိမ်မှာပဲ မနေစေချင်ပါဘူး။


ကုန်တိုက်ရဲ့နေရာက ကြီးမားကျယ်ပြန့်ပြီး အပန်းဖြေဖို့ နေရာတစ်ချို့လဲရှိတယ်။ လူကြီးတွေက သူတို့ကလေးတွေကို အဲ့နေရာမှာပေးကစားစေတယ်။ 


ရှောင်ကျိူး ဆီမှာက လျှပ်စစ်ကားသေးသေးလေးတစ်ခုရှိတယ်။ အရွယ်အစားကလွဲရင် ကျန်တာအကုန်လုံးက တကယ့်ကားအစစ်အတိုင်းပဲဖြစ်တယ်။ သူက ကားအတွင်းမှာထိုင်ပြီးတော့ ကစားတဲ့ဧရိယာ တဝိုက်လှည့်ပတ်မောင်းနှင်နေတယ်။ အသေးလေးက အရမ်းကြည့်ကောင်းနေတဲ့အတွက် ဘေးမှတခြားကလေးများရဲ့ အားကျတဲ့အကြည့်တွေကိုခံနေရတယ်။


သူမက ခြေထောက်ဒဏ်ရာရထားတဲ့အတွက်  ခုံတန်းရှည်တစ်ခုမှာထိုင်ပြီး ရှောင်ကျိုးကစားတာကို ကြည့်နေလိုက်တယ်။


 တခြား အသက်ငယ်ငယ်နဲ့ ကလေးမိခင်တစ်ယောက်ကလဲ သူမနားမှာထိုင်နေတယ်။ ကလေးအမေက သူမကလေးတွေကစားနေတာကို ဓါတ်ပုံရိုက်ယူနေတာဖြစ်တယ်။ ကလေးအမေကိုင်ထားတဲ့ အဲ့ဒီအရာက ဖုန်းလို့ခေါ်မှန်း သူမ တီဗီကြည့်ထားတဲ့အတွက် သိနေတယ်။ အဲ့ဒါကလဲ အံ့ဩဖို့ကောင်းတဲ့ အရာ၀တ္ထုတစ်ခုပဲ။ အဲ့ဒီအရာကနေ လူတွေအချင်းချင်းစကားပြောနိုင်တာတွေ ရုပ်ရှင်တွေ ဓါတ်ပုံတွေ လုပ်လိုရတာကို သူမသင်ယူပြီးဖြစ်တယ်။ မူလပိုင်ရှင်မှာလဲ ဖုန်းတစ်လုံးရှိမှန်း ရှောင်ကျိုးဆီကနေ သူမသိပြီးဖြစ်တယ်။ ဒါပေမယ့် သူမ အဲ့ဒါကို ရှာမတွေ့ဘူးဖြစ်နေတယ်။ ကြည့်ရတာ တစ်နေရာရာမှာ ပျောက်သွားတာဖြစ်နိုင်တယ်။


ပုံမှန်ဆိုရင်တော့ သူမအနေနဲ့ ဖုန်းမရှိတာက သူမအတွက် သိပ်ပြီးအနှောက်အယှက်မရှိပေမယ့် အဲ့ဒီအသက်ငယ်ငယ်နဲ့ကလေးမိခင်က သူ့ကလေးတွေကို ဓါတ်ပုံရိုက်ပေးနေတဲ့မြင်ကွင်းကိုကြည့်ပြီး သူမ မနာလိုဖြစ်လာမိတယ်။ သူမဆီမှာသာ ဖုန်းရှိခဲ့ရင် သူမလဲ အသေးလေးရဲ့ဓါတ်ပုံတွေကိုရိုက်လို့ရမှာပဲ။


ကလေးမိခင်က ထန်ထန် ငေးကြည့်နေတာကို သတိထားမိသွားပြီး ပြုံးလိုက်ကာ မေးလိုက်တယ်


 “ရှင့်ကလေးလဲ ဒီမှာ ကစားနေတာပဲလား...’’


ထန်ထန် ခေါင်းငြိမ့်ပြလိုက်ပြီး အသေးလေး ကိုညွှန်ပြလိုက်ကာ


 ‘’ကျွန်မသားလေးက ကားမောင်းနေတဲ့တစ်ယောက်ပါ...’’


“အိုး... သူက ရှင့်သားလား သူက အရမ်းခန့်ညားတာပဲ ကျွန်မခန့်မှန်းကြည့်ရရင် သူကသေချာပေါက် အဖေတူတာပဲဖြစ်ရမယ်...” 


သူမက ပြောလိုက်မိပြီးမှ သူမပြောတဲ့စကားက မသင့်လျော်မှန်းသတိထားမိသွားပုံရပြီး ချက်ချင်းတောင်းပန်လေတယ်


 “ကျွန်မတောင်းပန်ပါတယ် တခြားရည်ရွယ်ချက် မရှိပါဘူးနော်...”


ထန်ထန်ကစိတ်မဆိုးပေ ပြီးတော့ သူမလက်ကိုယမ်းပြလိုက်ပြီး တုံ့ပြန်လိုက်တယ်


 “အဲဒါဘာမှမဖြစ်ပါဘူး, ကျွန်မရဲ့ ပုံစံက ကြည့်မကောင်းတာကြောင့်ပါ....” 


တိတိကျကျပြောရရင် သူမပုံစံက ရုပ်ဆိုးနေတာပါ။ အသေးလေးက ကြည့်ကောင်းတယ်။ အဲ့ဒါက သူ့အဖေနဲ့ အတိအကျကိုတူလို့ပေါ့ ကံကောင်းလို့ သူနဲ့သွားတူတာ မဟုတ်ရင် အသေးလေးတော့ သွားပါပြီ။


အသက်ငယ်ငယ်နဲ့ကလေးမိခင် က ထန်ထန် စိတ်မဆိုးတာကိုသိလိုက်ပြီး... ထန်ထန်ရဲ့ပင်ကိုယ်စရိုက်ကောင်းတယ်လို့တွေးလိုက်မိတယ်။ ထို့နောက် သူမက တခြားခေါင်းစဉ်တစ်ခုကိုပြောင်းပြောလိုက်တယ် အဲ့ဒါက သူတို့ရဲ့အလုပ်အကြောင်းပေါ့ 


“ ကျွန်မက ဘဏ်မှာအလုပ်လုပ်တယ်, ရှင်ကော ဘယ်မှာလုပ်သလဲ...’’


 ဒီနေရာက  သူမနေတဲ့ မင်းဆက်နဲ့ ကွာခြားကြောင်း ထန်ထန်သိတယ်။ ဒီခေတ်ကာလမှာ အမျိုးသားကော အမျိုးသမီးတွေကော ပိုက်ဆံရဖို့အလုပ်လုပ်ကြတယ်။ ပြီးတော့ ဒီနေရာမှာက အမျိုးသမီးအလုပ်တွေက ပိုပြီးကောင်းတယ်။ ပြီးတော့ အိမ်မှာပဲအချိန်ပြည့် ကလေးထိန်းပြီး အိမ်မှုကိစ္စပဲ လုပ်နေတဲ့သူတွေကို လူတွေက အထင်သေးကြတယ်။ သူမလိုမျိုးကို ‘အိမ်ရှင်မ’ လို့ခေါ်တယ်။


သူမက အချိန်ပြည့်အိမ်ရှင်မပဲ


သူမခေါင်းကိုခါလိုက်ပြီး ရိုးသားစွာနဲ့ဖြေလိုက်တယ် 


“ကျွန်မမှာ အလုပ်မရှိပါဘူး...”


အသက်ငယ်ငယ်နဲ့ ကလေးမိခင်က ထန်ထန် ဆိုလိုတာကိုနားလည်လိုက်တယ် ဒါဆို သူမက အိမ်ရှင်မပေါ့။ အဲ့ဒါက သူမလိုငယ်ရွယ်တဲ့ အချိန်ပြည့်အိမ်ရှင်မတွေက တွေ့ရခဲတယ်။ အဲ့ဒီကလေးမိခင်က စကားလမ်းကြောင်းပြောင်းပြီး တခြားမေးခွန်းကိုပြောင်းလိုက်တယ်။


သူမတို့နှစ်ယောက်က ပုံမှန်အကြောင်းအရာတွေကိုပြောနေကြတယ်။ အဲ့ဒီအချိန်မှာပဲ ထန်ထန်က အသေးလေးကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ကိုဘယ်နေရာမှာမှရှာမတွေ့တော့ဘူး။


သူမ နှလုံးတစ်ချက်ဆောင့်ခုန်သွားတယ်။ သူမရဲ့ချိုင်းထောက်ကို အလျင်အမြန်ယူလိုက်ပြီး ရှောင်ကျိုးကိုနောက်ဆုံးတွေ့ခဲတဲ့နေရာကို သွားလိုက်တယ်။ သူမက အမြန်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ဒါပေမယ့် သူမ သူ့ကိုရှာမတွေ့တော့ဘူး။ သူမထိတ်လန့်သွားပြီး ဘေးနားကလူတွေကို အသံတုန်တုန်ရီရီနဲ့ အသေးလေးကိုတွေ့မိသလား လိုက်မေးလိုက်တယ်။ သို့သော်လဲ သူတို့တွေအကုန်လုံး သတိမထားမိကြဘူး။


‘’ပေါင်ပေါင်…’’ 


သူမ ရဲ့ ခြေထောက်ကော လက်ကော အားလျော့ကုန်တယ်။ သူမ မျက်လုံးတွေက နီရဲလာတယ်။ သူမ ရှောင်ကျိုး ပျောက်သွားတာကို မယုံနိုင်ဘူးဖြစ်နေတယ်။ သူမက ဟိုဟိုဒီဒီလျောက်ရင်း အသေးလေးရဲ့ နာမည်ကိုအော်ခေါ်နေမိတယ်။ သူမအရမ်းလောနေတာကြောင့် အကြိမ်တစ်ချို့ချော်လဲပြီး ပြုတ်ကျသွားတတ်တယ်။ ဒါပေမယ့် သူမက မတ်တပ်ပြန်ရပ်ပြီး ရှောင်ကျိုးကို ဆက်ရှာနေတယ်။


သူမ အရမ်းစိတ်ပူနေတာကိုတွေ့တဲ့ တခြားမိခင်တစ်ချို့က သူမကိုကူညီပြီးဝိုင်းရှာပေးကြကာ နှစ်သိမ့်ပေးနေကြတယ်။ 


လူတိုင်းက ရှောင်ကျိူး ကိုရှာဖွေနေကြတဲ့အချိန်မှာ အသေးလေးကတော့ အဲ့ဒီနေရာနဲ့သိပ်မ‌ဝေးတဲ့ တောင်ကုန်းတုလေးရဲ့နောက်မှာ ကစားနေတာဖြစ်တယ်။ အဲ့ဒီမှာ အဖြူရောင်ဆံပင်နဲ့အဖိုးအိုတစ်ယောက်က သူရဲ့ရှေ့မှာရှိနေပြီး သူဆီကနေ ဂုဏ်သိက္ခာရှိတဲ့ရောင်ဝါတွေဖြာထွက်နေတယ်။ သူက ကလေးရဲ့ရှေ့မှာတော့ အရမ်းနူးညံ့ပြီး သဘောကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။