အပိုင်း (၁၀)
Viewers 12k

Part 10


‘’ရှောင်ကျိုး ဒီမှာ ကစားဖို့သားကို ဘယ်သူခေါ်လာတာလဲ... အန်တီလီလား...’’


 ထိုလူကြီးကမေးလိုက်တယ်။


‘’အဖွားလီက ကလေးသေးသေးလေးကို စောင့်ရှောက်ဖို့ အိမ်ပြန်သွားတယ် မာမီက သားကိုဒီခေါ်လာပေးတာ...”


ထိုလူကြီးက ရုတ်တရက်အံ့ဩသွားတယ်


 “သားရဲ့အမေ... သူမက ဘယ်လိုလုပ်ပြီး သားကို ဒီခေါ်လာတာလဲ... ‘’ 


အဲ့ဒီမိန်းမက ဘယ်တုန်းကမှ ကလေး ကိုဂရုစိုက်ခဲ့တာမဟုတ်ဘူး။


ကျိရှောင်ကျိုး က ခေါင်းငြိမ့်ပြလိုက်ပြီး


 ‘’တကယ်ပါ မာမီ သားကို ဒီခေါ်လာပေးတာ...”


"အဲ့ဒီမိန်းမက အဲ့လောက် သဘောကောင်းလို့လား...သူက သားကိုလှည့်စားနေတာမဟုတ်ဘူးလား...သားကိုကော တစ်ခုခုလုပ်သေးလား... ‘’ 


သူမ တစ်ခုခုကိုများကြံစည်နေတာလား... ကျိယန်သူမကိုဘယ်လိုစဉ်းစားပြီးလက်ထပ်ခဲ့လဲဆိုတာ သူနားမလည်နိုင်ဘူး။


ရှောင်ကျိုး က ထိုလူကြီးရဲ့လက်ကိုဆွဲကာ အလေးအနက်ပြောလိုက်တယ် 


‘’ အဘိုး, မာမီက သားကိုလိမ်နေတာမဟုတ်ဘူး, သူမက တော်လာပြီးတော့ သဘောလဲကောင်းလာပြီ အဘိုး မာမီကိုထပ်ပြီး မဆူသင့်တော့ဘူး...’’


ထိုလူကြီးက သက်ပြင်းလေးလးတချက် ချလိုက်ပြီး ပြောလိုက်တယ်


 “သားအမေလိုလူမျိုးက ဘယ်လိုလုပ်ပြီးပြောင်းလဲနိုင်မှာလဲ, သူမတစ်ခုခုကိုကြံစည်နေတာပဲနေမှာ...’’


ယခုအချိန်တွင် ရှောင်ကျိုးက သူ့မိခင်ပေါ် တခြားသူတွေမကောင်းပြောတာကို မခံနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့်လက်ကို သူ့အဘိုးဆီမှပြန်ဆွဲလိုက်ပြီး အလေးအနက်ပြောလိုက်တယ်


 “အဘိုး, မာမီ့မကောင်းကြောင်းတွေမပြောပါနဲ့, မဟုတ်ရင် သားစိတ်ဆိုးလိုက်မှာနော်...’’ 


သူ့ရဲ့မြေးလေးက သူ့လက်ကိုဖြုတ်ချလိုက်တာကိုကြည့်ပြီး လူကြီးက ချက်ချင်းပဲသဘောတူလိုက်တယ်


 “ကောင်းပြီ...ကောင်းပြီ... အဘိုးထပ်မပြောတော့ဘူး, သားအမေကို မကောင်းမပြောတော့ဘူး ဒါပေမယ့် သားမိဘတွေကို အဘိုးတို့တွေ့တဲ့အကြောင်းမပြောရဘူးနော်, အဲ့ဒါ အဘိုးတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲ...’’


ရှောင်ကျိုးခေါင်းအသာငြိမ့်လိုက်ပြီး...


 ‘’သားသိပါတယ် သားတို့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားရမယ်...’’


လူကြီးက အချိန်လင့်နေတာကို သတိထားမိလိုက်ပြီး စကားဆက်မပြောသင့်တော့တဲ့အတွက် အသေးလေးရဲ့ခေါင်းကိုပွတ်လိုက်ပြီး


 ‘’ သားပြန်သွားသင့်ပြီ, အဘိုးတို့ နောက်မှထပ်တွေကြတာပေါ့...’’


‘’ဟုတ်ကဲ့ ဘိုင့် ဘိုင့်, အဘိုး...’’ 


ကျိရှောင်ကျိုး က သူ့ကားလေးကိုမောင်းလိုက်ပြီး သူမိခင်ကိုရှာဖို့ထွက်သွားလိုက်တယ်။ အဆုံးမှာတော့ ထန်ထန်ကိုလမ်းတဝက်မှာတွေ့လိုက်တော့တယ်။


ထန်ထန် က လန့်လွန်းလို့သေတော့မတတ် ခံစားနေရတယ်။ သူမ ကလေး ကိုတွေ့တဲ့အခါ, သူမရဲ့ချိုင်းထောက်ကို ချက်ချင်းလွှတ်ချလိုက်ပြီး အသေးလေးကို တင်းကြပ်စွာဖက်ထားတော့တယ်။ ထိန်းထားတဲ့ သူမရဲ့မျက်ရည်တွေက စတင်ကျလာပြီးနောက် ငိုရှိုက်ရင်း သူမမျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ပြည့်သွားတော့တယ်။ 


‘’ သားဘယ်တွေသွားနေတာလဲ...သားကိုဘယ်တော့မှ မတွေ့တော့ဘူးလို့ထင်နေတာမာမီဘယ်လောက်ကြောက်သွားလဲ သားသိလား...’’


သူ့မာမီ ငိုနေတာကိုကြည့်ပြီး ရှောင်ကျိုး အေးခဲတောင့်တင်းသွားတယ်။ သူ့အဘိုးနဲ့ လျှို့ဝှက်တွေ့ဆုံမှုက သူ့မာမီအား ထိတ်လန့်စေတာကို သိလိုက်ရတယ်။ သူက အပြစ်ရှိသလိုခံစားလိုက်ရပြီး တောင်းပန်လိုက်တယ်


 “တောင်းပန်ပါတယ်မာမီ သားတစ်ယောက်တည်း လျောက်မသွားသင့်ပါဘူး, မငိုပါနဲ့တော့, မာမီ...’’(အခုမှပဲ မာမီလိုခေါ်တော့တယ်)


ထန်ထန် ရှောင်ကျိုး ကိုတင်းကြပ်စွာဖက်ထားတယ်။ သူမရဲ့မျက်ရည်တွေကို ထိန်းမထားနိုင်သေးဘူးဖြစ်နေတယ်။သူမ တကယ်ကိုပဲ အသေးလေး ကိုဆုံးရှုံးရပြီလို့ ထင်ခဲ့မိတာ။ မတော်လို့များ လူကုန်ကူးတဲ့သူတွေက ကလေးကိုပြန်ပေးဆွဲသွားတာဆိုရင် ဘယ်လိုလုပ်မလဲ အဲ့ဒါဆို သူမသေဆုံးရမယ်ဆိုရင်တောင် လျော်ကြေးကလောက်မှာ မဟုတ်ဘူး


ရှောင်းကျိုးလဲ သူမ ငိုနေသေးတာကိုမြင်တဲ့အခါ သူ့မျက်လုံးတွေကလဲ စတင်နီရဲလာတယ်။ သူက ခဏလောက်စဉ်းစားလိုက်ပြီး သူ့ကိုသူမချော့တဲ့အခါလုပ်သလိုမျိုး အတုခိုးလိုက်တယ်။ သူ ထန်ထန် ရဲ့ပုခုံးကိုပုတ်ရင်းနဲ့ ပြောလိုက်တယ် 


“မာမီ...ပေါင်ပေါင်မှားသွားပါတယ်...ခွင့်လွှတ်ပေးပါနော်, မာမီ, ဆက်မငိုနဲ့တော့နော်, တိတ်...တိတ်...’’


သူမ မျက်ရည်တွေကိုသုတ်လိုက်တယ် ပြီးတော့ အသေးလေးရဲ့မျက်ရည်တွေကိုကော သုတ်ပေးလိုက်ပြီး မေးလိုက်တယ်


 ‘’သားဘယ်တွေသွားနေတာလဲ... ဘာလို့မာမီကိုပြောမသွားတာလဲ ပြီးတော့ ဘာလို့ တစ်ယောက်တည်းလျောက်သွားတာလဲ ဟင်..."


ချက်ချင်းဆိုသလို ကလေး က သူမအကြည့်ကိုရင်မဆိုင်ရဲပဲ ခေါင်းငုံ့သွားတော့တယ်။ သူ့ရဲ့လက်ချောင်းလေးတွေကို အချင်းချင်းထိနေမိပြီး အပြစ်ရှိတဲ့လေသံနဲ့ ပြောလိုက်တယ်


 ‘’ဘယ်မှမဟုတ်ပါဘူး သားကလျောက်ကစားနေတာပါ...’’


 သူ ဘာမှပြန်မပြောဘူးလို့ အဖိုးကို ကတိပေးခဲ့တယ်လေ။ မဟုတ်ရင် သူ့ဒက်ဒီက စိတ်ဆိုးသွားလိမ့်မယ်။


  ကလေးက သူမကိုအမှန်အတိုင်း မပြောဘူးလို့ ခံစားမိလိုက်သော်လည်း သူကမပြောချင်မှတော့ သူမကလဲ အတင်းမမေးတောပါဘူး။ သူ့လက်ကိုဆွဲလိုက်ပြီး သတိပေးလိုက်တယ်


 “နောက်တစ်ခါဆိုရင် ဘာမှမပြောပဲ လျောက်မသွားရဘူး...ဟုတ်ပြီလား မာမီစိုးရိမ်နေရလိမ့်မယ်...’’


ကျိရှောင်ကျိုး က ချက်ချင်းခေါင်းငြိမ့်လိုက်တယ်။ ထို့နောက် သူက Tang Tang ရဲ့ ညာဘက်ဒူး ဒဏ်ရာရထားတာကို သတိထားလိုက်မိတယ်။ အဲ့ဒါက သွေးထွက်နေတုန်းပဲ။ သူက သူမဒူးကိုညွှန်ပြပြီးပြောလိုက်တယ် 


“မာမီ...မာမီ့ဒူးမှာ သွေးတွေထွက်နေတယ်...”


ထန်ထန် က ဂရုမစိုက်ပါဘူး, သူမလက်ကိုယမ်းပြလိုက်ပြီး


 ‘’မာမီ အဆင်ပြေပါတယ် သတိမထားလိုက်မိလို့ ချော်လဲသွားတာ ဆေးထည့်လိုက်ရင် ကောင်းသွားမှာပါ...’’


‘’မာမီ သားကိုရှာရင်းနဲ့ ချော်လဲသွားတာလား..."


ရှောင်ကျိုးလေး မျက်နှာပျက်သွားတယ်။ သူက ထန်ထန့် ရဲ့ဒဏ်ရာကိုထိချင်ပေမယ့်လဲ သူမလုပ်ရဲဘူးဖြစ်နေတယ်


 ‘’မာမီ…’’


‘’မဟုတ်ပာဘူး မာမီ ဂရုမစိုက်မိလို့ပါ, သိပ်လဲမများပါဘူး အိမ်ပြန်ရအောင်လေ...”


 အခြေအနေတွေပြီးသွားတဲ့နောက် သူမ အသေးလေးကို ပေးမကစားရဲတော့ဘူး။ သူမ အိမ်ကိုသာတန်းပြန်လိုက်တော့တယ်။


ရှောင်ကျိုးလဲ စိတ်ထဲမသက်မသာ ခံစားနေရတယ်။ သူ့မာမီဒဏ်ရာ ရသွားတဲ့အတွက်ကြောင့် သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားနေရတယ်။သူ့မာမီ သူမဘာသာ ဒဏ်ရာကိုဆေးထည့်နေတာ မြင်လိုက်ရမှ စိတ်သက်သာရာရသွားတယ်။ 


ထန်ထန် မီးဖိုချောင်ထဲကိုရောက်သွားတဲ့အခါမှာတော့ သူကအဲ့ဒီအခွင့်အရေးကိုယူပြီး အခန်းထဲဝင်သွားလိုက်ကာ ကျိယန်ဆီကို အသံမက်ဆေ့ပို့လိုက်တယ်..


 “ဒယ်ဒီ သားဒီနေ့ အမှားလုပ်ခဲ့မိတယ် သားမာမီကို ငိုပြီးနာအောင်လုပ်လိုက်မိတယ် သားမရည်ရွယ်ပါဘူး...’’


သူပြောပြီးတဲ့နောက် အသေးလေးက သူ့ခေါင်းကိုလက်နဲ့အုပ်ကိုင်လိုက်ပြီး အိပ်ယာထဲကိုပစ်လှဲလိုက်တယ်။ သူက ညှိုးငယ်နေတဲ့ဝက်ပေါက်စလေးနဲ့ တူနေတော့တယ်။


-  - - - - - - - - - - - - - - -


ကျိယန် က အသေးလေးရဲ့ မက်ဆေ့ကိုညဘက်မှာ လက်ခံလိုက်ရတယ်။ သူက အနည်းငယ်စိတ်ပူသွားပြီးတော့ အသေးလေးရဲ့မပျော်ရွှင်တဲ့ အသံကိုကြားလိုက်ရတယ်။

သူ အသေးလေးကို video call ချက်ချင်းခေါ်လိုက်တယ်။ တဖက်က ချက်ချင်းပဲကိုင်လိုက်တယ်။ အသေးလေးက ဘောင်းဘီလေးပဲဝတ်ထားပြီးတော့ သူရဲ့၀ကစ်ကစ် အပေါ်ပိုင်းကိုလဲမြင်နေရတယ်။ သူက အိပ်ယာပေါ်မှာထိုင်နေပြီး စိုးရိမ်နေတဲ့အမူအယာကို ဖော်ပြနေတယ်။


‘’ဒီနေ့ ဘာဖြစ်ခဲ့လို့လဲ သားဘာအမှားလုပ်ခဲ့တာလဲ...’’သူမေးလိုက်တယ်။


ကလေးပေါက် က သူ့မေးစေ့ကိုလက်နဲ့ထောက်ထားပြီး သက်ပြင်းချလိုက်တယ်။ သူ့ဒယ်ဒီကို အားလုံးပြောပြချင်ပေမယ့်လဲ အဘိုးကိုပေးထားတဲ့ ကတိကိုသတိရသွားတယ်။ အဆုံးမှာတော့, အဘိုးအကြောင်းကလွဲပြီး ကျန်တာပြောဖို့ဆုံးဖြတ်ချက်ချလိုက်တယ်


 ‘’ မာမီက သားကို ကုန်တိုက်မှာ ကစားဖို့ခေါ်သွားတာ သားက အဝေးကြီးကိုလျောက်သွားလိုက်ပြီး မာမီကိုလန့်စေခဲ့မိတယ် မာမီငိုအောင် သားလုပ်လိုက်မိတယ်.... ပြီးတော့ သူ့ခြေထောက်လဲ သွေးထွက်သွားတယ်...’’


‘"ဒါဆို အဝေးကြီးမသွားခင် ဘာလို့ မာမီကိုမပြောသွားတာလဲ...’’


ရှောင်ကျိူး  ခေါင်းငုံ့လိုက်ပြီး တုံ့ဆိုင်းစွာနဲ့ဖြေလိုက်တယ်


"သားက ဒီ…ဒီအတိုင်း ကစားဖို့လောသွားလို့..."


ကျိယန်တိတ်ဆိတ်သွားတယ်...ကလေး အမှန်ဖွင့်ပြောလာအောင်လုပ်လို့ရသော်လဲ တွန်းအားမပေးလိုပေ


 “ နောက်တစ်ခါသွားမယ်ဆိုရင် လူကြီးတွေကိုပြောသွား သားတစ်ယောက်တည်း လျောက်သွားလို့မရဘူး ပြန်ပေးဆွဲခံရရင်ဘယ်လိုလုပ်မလဲ သား နားလည်လား..."


ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်တယ်။


ရှောင်ကျိုးက သူ့အမှားသူသိမှန်း သဘောပေါက်တဲ့အတွက် အဲ့ကိစ္စကိုဆက်မပြောတော့ပေ။ သူက အသေးလေးကိုအိပ်ဖို့မှာပြီး ဖုန်းချလိုက်တယ်။


 ထန်ထန် က ကလေးကြောင့် ငိုတဲ့အပြင် ဒဏ်ရာပါရခဲ့တဲ့အတွက်သူ့ စိတ်ထဲမှာ အတွေးများစွာက အဆက်မပြတ်ပြောင်းလဲနေတယ်။ သူမက သရုပ်ဆောင်နေတာဆိုရင် ဒီလောက်အထိလုပ်ပြဖို့ လိုလို့လား သူမအတိတ်မေ့တယ်ဆိုရင်တောင် ပင်ကိုယ်စရိုက်ကပြောင်းလဲသွားနိုင်လို့လား...ကြည့်ရတာ သူအိမ်ပြန်ပြီး သေချာစောင့်ကြည့်မှဖြစ်တော့မယ်။ 


ကျိယန် အတွေးများနေသလိုပဲ ရှောင်ကျိုးလေး ကလဲ နက်နက်နဲနဲ တွေးနေဆဲဖြစ်တယ်။ သူ့လက်ကို ခေါင်းအနောက်မှာထားပြီး ခေါင်းအုံးလုပ်အိပ်ထားတယ် ပြီးတော့ သူက သူ့ခြေထောက်ကို တစ်ဖတ်ချိတ်ထားသေးပြီး ဒီနေ့ဖြစ်သွားတာကို သေချာတွေးနေလေတယ် (စောင်ကလေးအသဲယားစရာ)


သူ..သူ့မာမီပြောင်းလဲသွားတာကို ခံစားမိတယ်။ အရင်တုန်းက, သူ့ကို သူမကလုံး၀ဂရုမစိုက်ဘူး။ သူမက သူ့ကိုအော်ဟစ်ခဲ့တဲ့ အချိန်တွေတောင်ရှိတယ်။ ဘာဖြစ်ဖြစ် သူ့မာမီက နူးညံ့လာပြီ။ သူမက သူ့ကိုပြုံးပြတယ်, အရသာရှိတာတွေ ချက်ကျွေးတယ် သူ့ကို အချစ်လေးလို့လဲခေါ်တယ် ပြီးတော့ ရတနာလေးလို့ခေါ်တယ် ပြီးတော့ သူပျောက်သွားတဲ့အတွက် သူမက ငိုတောင်ငိုသေးတယ်။


အဲ့ဒါကိုကြည့်ရင် သူ့အမေက သူ့ကိုတကယ်ချစ်ပုံရတယ်။


အဲ့ဒါဆို သူ မာမီ့ကိုခွင့်လွှတ်ပြီး အခွင့်အရေးပေးလိုက်သင့်လား...


ရှောင်ကျိုးလေးက သူ့မျက်ခုံးတွေ တွန့်ကုန်တဲ့အထိ စဉ်စားနေတယ်။ နောက်ဆုံးမှာတော့ သူ သက်ပြင်းချလိုက်ပြီး ဒီတစ်ကြိမ် သူ့မာမီကိုခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒယ်ဒီက ယောကျာ်းဆိုတာ သဘောထားမသေးရဘူးတဲ့ ပြီးတော့ မိန်းကလေးတွေကိုလဲ မအော်သင့်ဘူးလို့ပြောထားတယ်လေ။ မာမီက မိန်းကလေးပဲလေ...


ရှောင်ကျိုး အတွေးဝန်ထုပ်ကနေ လွတ်မြောက်သွားပြီးတဲ့နောက် ပြုံးလိုက်တယ်။ သူ့ခြေထောက်တွေကို လေထဲသို့ကန်လိုက်ပြီး ပျော်ရွှင်တဲ့အမူအယာဖြစ်နေတယ်။ ထို့နောက် သူက အိပ်ယာထဲမှာ အချိန်အတော်ကြာလိမ့်နေပြီးနောက် အိပ်သွားတော့တယ်။


-  - - - - - - - - - - - 


 တစ်ညအိပ်ပြီးတဲ့နောက် အသေးလေးပြောင်းလဲသွားတာကို ထန်ထန်သိလိုက်တယ်။ သူက ပုံမှန်ဆို သူမအကြည့်ကိုရှောင်နေကျ, ပြီးတော့ သူမကိုပြန်ဖြေတဲ့အခါ ညည်းညူသံပါလာတတ်တယ်။ အခြေခံအားဖြင့် သူက သူမနဲ့အဆင်ပြေဖို စိတ်မရှည်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မနက်စာ ကျွေးတာကိုမငြင်းတော့ဘူး။ သူမတို့ကျောင်းကပြန်တဲ့အခါ သူကအရင်သူမလက်ကိုစတွဲတယ် ပြီးတော့ သူမကိုဂရုစိုက်ဖို့တောင် သတိပေးလိုက်သေးတယ်။


သူမ အသေးလေးကို တုန်လှုပ်စွာနဲ့ကြည့်လိုက်တယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူမနားမလည်ဘူးဖြစ်နေတယ်။


အသေးလေးက ခေါင်းကိုအသာအယာငြိမ့်လိုက်ပြီး


 “သားက ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဒါပေမယ့် တူညီတဲ့အမှားမျိုး ထပ်ကျူးလွန်လို့တော့ မရဘူးနော်’’


Tang Tang က အံ့ဩသွားပြီး သူ့မျက်နှာကိုလက်နဲ့အုပ်လိုက်ကာ သေချာအောင်မေးလိုက်တယ်


 “ ပေါင်ပေါင်, မာမီကိုစိတ်မဆိုးတော့ဘူးပေါ့...မာမီတို့ အဆင်ပြေသွားပြီပေါ့...”


အသေးလေးက သူ့မျက်နှာပေါ်မှာ လေးနက်တဲ့အမူအယာကိုထိန်းထားရင်


 “ဟုတ်...”


သူမ မပြုံးပဲမနေနိုင်တော့ပဲ အသေးလေးရဲ့နဖူးကို အကြိမ်တချို့နမ်းလိုက်တယ် “ကျေးဇူးတင်ပါတယ်, ပေါင်ပေါင်, သားလေးက အရမ်းကောင်းတာပဲ...’’


ရှောင်ကျိုး နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကော့တက်နေပေမယ့် သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ


 “အဲ့ဒါ သားက ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ သဘောထားကြီးလို့ပဲ...”


သူ့ရဲ့ တည်ကြည်လေးနက်တဲ့ အမူအယာက ထန်ထန့်ကိုရယ်မောစေသည်။ သူမ ခေါင်းငြိမ့်ကာ 


“ဟုတ်တာပေါ့ ပေါင်ပေါင်က သဘောထားကြီးတာပဲ မာမီ သားကိုအရမ်းချစ်တာပဲ...’’


အသေးလေး နားရွက်တွေက အနီရောက်သို့ပြောင်းကုန်တယ်။ သူကရှက်ရွံ့စွာနဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဘယ်သူမှမရှိမှန်း သေချာတော့မှ ခြေဖျားထောက်လိုက်ပြီး ထန်ထန့် ပါးကိုနမ်းလိုက်ကာ


 “သားလဲချစ်ပါတယ်...”


ပြောပြီးတဲ့နောက် သူကရှက်သွားပြီး ခြေထောက်တိုတိုလေးတွေနဲ့ ထွက်ပြေးသွားတော့တယ်။


သူမ နှလုံးသားလေး အရည်ပျော်ကျသွားရတော့တယ်။ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ...


သူတို့ပြန်အဆင်ပြေတဲ့ အထိမ်းအမှတ်အနေနဲ့, ထန်ထန် က စားသောက်ပွဲလေးတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမက ရေခဲသေတ္တာထဲကနေ ဟင်းချက်စရာများကိုထုတ်လိုက်ပြီး အသီးအရွက်ပါတဲ့အသားလုံး, ၀က်ချိုချဉ်, ကြက်ကုန်းဘောင်, တို့ဖူးစွပ်ပြုတ် နဲ့ ကြက်တောင်ပံအချိုနှပ်များကို ချက်လိုက်တယ်။အသေးလေး က ကြက်တောင်ပံအချိုနှပ်ကိုကြိုက်တယ်ဆိုတာ သူမသတိထားမိတယ်။ သူမက ချက်ပြုတ်နည်းတွေကို တီဗီထဲကသင်ယူခဲ့တာဖြစ်ပြီး အဲ့ဒီပရိုဂရမ်ကိုကြည့်ရတာ သူမရဲ့ဝါသနာ အသစ်လဲဖြစ်တယ်။


"ဝါး..." 


ဟင်းပွဲတွေ အများကြီးမြင်တွေ့လိုက်တဲ့အခါ အသေးလေးက အံ့ဩသွားတယ်။ သူ့မျက်လုံးတွေက ကျယ်လာပြီး


 “မာမီ ဒီနေ့ကထူးခြားတဲ့နေ့လား...’’ 


ယေဘူယျအားဖြင့် အထူးနေ့တွေမှသာ  ဒီလိုဟင်းပွဲတွေများတာဖြစ်တယ်။


သူမ ခေါင်းငြိမ့်ပြလိုက်ပြီး


 “ဟုတ်တာပေါ့ ဒီနေ့က အရမ်းထူးခြားတဲ့နေ့လေ...အဲ့ဒါကြောင့် မာမီတို့ ပွဲကျင်းပကြတာပေါ့...”


“ဘာနေ့လဲဟင်...’’ 


အသေးလေးက ကြိုးစားပြီးစဉ်းစားပေမယ့်လဲ သူ့ခေါင်းသေးသေးလေးကနေ အဖြေမရတဲ့အတွက်မေးလိုက်တယ်။ 


“ဒီနေ့က ပေါင်ပေါင် မာမီ့ကိုခွင့်လွှတ်ပေးတဲ့နေ့လေ မာမီအရမ်းပျော်တာပဲ, အဲ့ဒါကြောင့် ဒီပွဲလေးကိုလုပ်လိုက်တာ...”


ရှောင်ကျိူးက သူ့ဖောင်းတုတ်တုတ်လက်ကလေးများပါတုန်ခါသည်အထိ ရယ်မောလိုက်တယ်...


 ထန်ထန် အနေနဲ့ အသေးလေးရဲ့ ဟက်ဟက်ပက်ပက် ရယ်တာကိုမြင်ရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ အဲ့ဒီအချိန်မှာ, သူက တကယ့်ကလေးနဲ့တူနေတယ်။ အရင်ကဆို ကာကွယ်ပေးမယ့်သူမရှိတာကြောင့် သူကအရွယ်ရောက်တဲ့သူ တစ်ယောက်လိုမျိုး ပြုမူခဲ့တာဖြစ်ရမယ်။ 


သူမ အသေးလေးရဲ့အပြုအမူကိုနားလည်တယ်။ တစ်ခြားသူတွေရှေ့မှာဆိုရင် တစ်ခုခုမှားပြောမိ လုပ်မိမှာစိုးတဲ့အတွက် သူမလဲပဲ သူမ မသိတဲ့သူတွေရှေ့မှာဆိုရင် တိတ်ဆိတ်နေခဲ့ဖူးတယ်။ သူမရဲ့ စစ်မှန်တဲ့ဘက်ခြမ်းကို သူမကိုထိန်းထဲ အထိန်းတော်တစ်ယောက်တည်းသာ မြင်ခဲ့ဖူးတယ်။


အဲ့ဒါကြောင့် သူမက သူ့အတွက်စိတ်ပူခဲ့တယ်။ သူက သုံးနှစ်ကျော်လေးပဲရှိသေးတာကို အဲ့လိုအပြုအမူမျိုး မဖြစ်သင့်ဘူးလေ။


အခုတော့ အသေးလေးက သူ့ရဲ့စစ်မှန်တဲ့ဘက်ခြမ်းကို သူမရှေ့မှာပြပြီဆိုတော့ သူမအနေနဲ့ အဲ့ဒါကိုစိတ်ပူဖို့မလိုတော့ဘူး။


သူမ အသေးလေးအတွက် ကြက်တောင်ပံတစ်ခုကိုပေးလိုက်ပြီးမေးလိုက်တယ်


 “မာမီခွံကျွေးပေးရမလား..."


 ရှောင်ကျိုးက တူကိုမကိုင်တတ်သေးပေ။ သူက ခရင်းကိုသာ သုံးတတ်သေးတဲ့အတွက် ကြက်တောင်ပံစားရာမှာ ခက်ခဲနေတော့တယ်။


ရှောင်ကျိုး ခေါင်းခါလိုက်ပြီး သူ့ခရင်းနဲ့ ကြက်တောင်ပံကိုထိုးကာ


 “သားဘာသာ စားတတ်ပါတယ် သားက သုံးနှစ်ကလေးမဟုတ်တော့ဘူး...”


ထန်ထန် ပြောစရာစကားပျောက်ရှသွားတယ်


 “ဟုတ်ပါပြီ သားကသုံးနှစ်ကလေး မဟုတ်တော့ပါဘူး...” ။ သူက သုံးနှစ်ခွဲကလေးကြီးလေ။


သားအမိနှစ်ယောက်စားသောက်နေတဲ့အချိန်မှာပဲ တံခါးသော့ဖွင့်သံကိုကြားလိုက်ရတယ်။ သူတို့နှစ်ယောက်လုံး စားသောက်နေတာရပ်သွားပြီး တံခါး၀ကို လှမ်းကြည့်လိုက်ကြတယ်။


စက္ကန့်အနည်းငယ်ကြာပြီးနောက်, စစ်ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားတစ်ယောက် တံခါးဖွင့်သံနဲ့အတူပေါ်လာလေတယ်။