တောအုပ်ထဲတွင် အလင်းရောင် လုံလုံလောက်လောက် မရသည့်အပြင် မြွေနက်၏မှန်သည် တံခါးပေါက်ထက်ပင် ပို၍ကြီးနေခဲ့ပြီး လွယ်လွယ်ဖြင့်ရွှေ့မရခဲ့ပေ။
ဝမ်ကျုံးသည် ထိုမှန်ကိုရွှေ့ရန် အချိန်အတော်အကြာ ယူခဲ့ရပြီး နောက်ဆုံးမှသာ အလင်းရောင်အနည်းငယ်ရသော နေရာမှန်အားတွေရှိခဲ့သည်။ ထို့နောက် ထင်းကိုင်းများပေါ်တွင် မြက်ခြောက်များအား စုတင်ကာ မီးရှို့လိုက်သည်။
သူက အသားများအား သစ်သားချောင်းများဖြင့် တံစို့ထိုးပြီး မီးကင်ရန် မီးပုံအားကြိုတင်ပြင်ဆင်ထားလိုက်သည်။ ထို့နောက် သူသည် အသားတံစို့များအား မီးပုံပေါ်တွင် တင်လိုက်လေသည်။ သူ၏လက်များကိုလဲ သန့်စင်အောင်ဆေးကြော၍ မြွေနက်ထံသို့ မှန်မပေးခင် ဂရုတစိုက်ပြောင်စင်အောင် သုတ်လိုက်သည်။
မြွေနက်က သူ့အမြီးကို မှန်တစ်ဝိုက်တွင် ရစ်ပတ်လိုက်ကာ ဂရုတစိုက် အချိန်အတော်ကြာ စစ်ဆေးနေခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာအမှားအယွင်း မရှိသည်ကို အတည်ပြုပြီးနောက် မငှားစဥ်ကာလကထက် ပို၍သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။ သို့မှသာ ဝမ်ကျုံးဘက်သို့ လှည့်၍ သူ၏လျှာအား အလျင်အမြန်ထုတ်ကာ ကျေနပ်မှုအား ဖော်ပြလိုက်လေသည်။
ဝမ်ကျုံးသည် မြွေနက်၏လှုပ်ရှားမှုတိုင်းကို ဂရုတစိုက်စစ်ဆေးပြီးနောက် သူ၏စိတ်ထဲတွင် မည်သည့်လှုပ်ရှားမှုက မည်သည့်အဓိပ္ပါယ် ဖြစ်မည်ကို ဖော်ထုတ်ရန်ကြိုးစားနေခဲ့လေသည်။ မြွေနက်၏ စိတ်အနှောက်ယှက်ဖြစ်နိုင်ချေများအား ရှောင်ရှားရန်နှင့် သူ၏အသက်ရှင်နိုင်မှုနှုန်းအား မြှင့်တင်နိုင်ရန် အသုံးဝင်သော အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းနိုင်ရန် မျှော်လင့်ခဲ့သည်။
ယခု သူ့တွင်အချက်အလက် အနည်းငယ်အား စုဆောင်းမိခဲ့လေပြီ။
မြွေနက်က လူများ၏ဘာသာစကားကို နားလည်သဘောပေါက်နိုင်သည်။ အထူးသဖြင့် ချီးကျူးမြှောက်ပင့်သောစကားများအား အလွန်နှစ်ခြိုက်လေသည်။
သူက သန့်ရှင်းမှုနှင့် အလှအပအား ချစ်မြတ်နိုးပြီး ထိုမှန်ကို အမှန်တကယ်ပင် ဂရုစိုက်လေသည်။မြွေနက် ပျော်ရွှင်နေသော အချိန်များတွင် သူ၏လျှာအား ခပ်သွက်သွက် ထုတ်လေ့ရှိကာ အပြင်တွင် အချိန်အကြာကြီး မထားတတ်ပေ။ တစ်ခါတစ်ရံတွင် ထိုအပြုအမူနှင့်အတူ ခေါင်းကိုစောင်းခြင်းနှင့်သူ၏အမြီးအား လှုပ်ယမ်းခြင်းစသည့် လှုပ်ရှားမှုများဖြင့်လည်း ဖော်ပြတတ်လေသည်။
၎င်း၏အစာ ကွင်းဆက်ဖြစ်လေသော ဝမ်ကျုံးအတွက်မူ ထိုအရာအား မှန်ကန်အောင်ခန့်မှန်းရန် အခွင့်အရေးလိုအပ်လေသည်။
သူသည် ထိုအချက်အလက်များအား စိတ်ထဲတွင်မှတ်သားကာ သူ့ကိုယ့်သူ သတိပေးလိုက်သည်။ [ သန့်ရှင်းမှုရှိရန်၊ လှပနေရန် နှင့် မြွေနက်တန်ဖိုးထားသော ထိုမှန်မှ ဝေးဝေးနေရန်။]
ထိုအချက်အလက်များက အလွန်အသုံးဝင်ကြောင်း မကြာခင် သက်သေပြလာ၏။ဤခရီးစဥ်မှ အချက်အလက်အများအပြားရရှိခဲ့သည်။ အရာအားလုံးသည် အကောင်းဘက်သို့ တဖြည်းဖြည်းချင်း ဦးတည်နေပုံပေါ်သည်။
အနားယူစဥ်အတွင်း သူသည် သီချင်းညည်းသံလေးဖြင့် စတင်၍ အသားကင်လိုက်သည်။
သီချင်းက ခေတ်ဟောင်း အချစ်သီချင်းတစ်ပုဒ်ပင်။
စာသားများသည် ရိုးရှင်းကာ စိတ်အားထက်သန်ဖွယ်ကောင်း၍ မက်မောဖွယ်ကောင်းလေသည်။
ဝမ်ကျုံး သီချင်းဆိုခြင်းသည် တိကျမှုမရှိသော်လည်း သူ့အသံကမူ ကောင်း၏။ သံစဥ်က ငြိမ့်ညောင်းပြီး သာယာလှသည်။
သီချင်းသီဆိုနေရင်းဖြင့် သူသည် စိတ်အေးလက်အေးရှိနေသော မြွေကြီးအား မသိမသာတစ်ချက်ကြည့်လိုက်သည်။
မြွေနက်သည် ဝမ်ကျုံး၏ လျှို့ဝှက်အကြည့်များအား သတိထားမိသွားကာ ရှက်သွေးဖြာလာခဲ့ပြီး ၎င်း၏အမြီးများအား တင်းကျပ်စွာခွေလိုက်၍ မှန်အားမေးလိုက်လေသည်။
[ ကြေးမုံကြီးရေ ကြေးမုံကြီးရေ]
[ မင်းကြားလိုက်လား… သူပြောနေတာ ငါကသူရဲ့ အချစ်စစ်တဲ့ ပြီးတော့ နှင်းဆီတွေထက် ပိုချစ်စရာကောင်းတယ်တဲ့… ငါ ချောတယ်ဆိုတာ ပြောပြဖို့မေ့သွားတယ်နဲ့တူတယ် ဒါပေမယ့် ငါ စိတ်ထဲမထားပါဘူး သူ ငါ့ကို ပိုးပန်းနေပြီဟ]
[ သူက တအားတည့်တိုးဆန်တာပဲ…ချစ်ခင်တာက ငါတို့အမြှီးတွေကို ရစ်ပတ်တယ့်အခါ ပိုလိုက်ဖက်ညီစေတာ မှန်ပေမယ့် အခုချိန်မှာ သူကတအားပိန်နေပြီး နေမကောင်းသေးဘူး သူ ဘယ်လိုလုပ်ပြီး ငါရဲ့အချစ်နဲ့ အကြင်နာတွေကို သည်းခံနိုင်ပါ့မလဲ…]
[ ဒါပေမယ့် ငါသူ့ကို မတုံ့ပြန်ရင်ရော သူနာကျင်သွားမှာလား …]
မြွေနက်သည် သစ်ပင်အောက်တွင် အချစ်အကြောင်း သီဆိုနေသော ဝမ်ကျုံးအား သောကရောက်စွာကြည့်နေလေသည်။ သူ၏ မျက်ရည်စိုများနှင့် နူးညံ့နေသော မက်မွန်ပွင့် သဏ္ဌာန်မျက်ဝန်း အစုံအား မြွေနက် တွေ့လိုက်ရသည်။သူသည် မြွေကြီးအား ပြန်လှည့်ကြည့်ချင်သော်လည်း မလုပ်ရဲခဲ့ပေ။ သူ ခိုးကြောင်ခိုးဝှက်ဖြင့် သွေးဆောင်ဖြားယောင်းနေခဲ့ပြီး ပြင်းထန်သော အချစ်အတွက် တောင်းဆိုနေခဲ့သည်။
ငါ ဘာလုပ်သင့်လဲ…
မြွေနက်သည် ရုန်းကန်လိုက် တုံ့ဆိုင်းလိုက် ယိမ်းယိုင်လိုက် တုံ့ဆိုင်းလိုက်ဖြင့် အချိန်အတော်ကြာ ထပ်တလဲလဲဖြစ်နေခဲ့သည်။ သူ့မိတ်ဖက်က သူ့စိတ်အတွင်း၌ ရုန်းကန်နေမှုကို သတိမထားမိဘူးဟု ခံစားနေရသည်။ သူသည် တာဝန်သိတတ်မှုရှိသော စွမ်းဆောင်ရည်နှင့် မြွေမျိုးနွယ်၏ ပြိုင်ဘက်ကင်း ပြီးပြည့်စုံသော လူကြီးလူကောင်းဆန်သည့် အမူအရာအား ထိန်းသိမ်းထားခဲ့သည်။ ထိုသူ၏ခံစားချက်များ အားထိခိုက်နာကျင်စေလိုစိတ် မရှိခဲ့ပေ။
သို့သော်ငြား….
သူ၏မိတ်ဖက်သည် အလွန် လှပသောကြောင့် သူသည် သက်ရှိသတ္တဝါများအား စိတ်ရှုပ်ထွေးမိန်းမောစေသည်။
သူက ပြီးပြည့်စုံ၍ တော်လွန်းလှသောကြောင့် မည်သူမျှ သူ့အားမယှဥ်နိုင်ပေ။ အကယ်၍ သူသာအငြင်းခံလိုက်ရပါက မိမိကိုယ်ကို အထင်ကြီးမှုအတွက် စိတ်ပျက်သွားပြီး သူ၏ဦးခေါင်းအား ထပ်မံမြှောက်နိုင် တော့မည်မဟုတ်လောက်ပေ။
သူ့မိတ်ဖက်အား တုံပြန်မှုတစ်ချို့ ပေးသင့်သည်ဟု ခံစားခဲ့ရလေသည်။
မြွေနက်သည် သူ့မိတ်ဖက်အား အငြင်းခံလိုက်ရခြင်းနှင့် ပတ်သတ်၍ ဆိုးရွားသောခံစားချက်များအား မခံစားစေလိုပေ။
သူ၏ဒေါင်လိုက်ကျသော မျက်စိသူငယ်အိမ်များ အားကျဥ်းမြောင်းလိုက်၏။ ကြက်သွေးရောင် တောက်ပနေသော မြွေလျှာအားထုတ်လိုက်ကာ ချိတ်ကဲ့သို့သော အစွယ်များဖြင့် ဖြဲပြနေခဲ့သည်။ ၎င်းသည် ဝမ်းကျုံးဘက်သို့ ငြင်သာစွာပြုံးပြပြီးနောက် သူ့အမြီးဖြင့် ညှင်သာစွာအသာယာတို့လိုက်သည်။
“အား...’’
ဝမ်ကျုံးသည် မိမိဘာသာ ပျော်ရွှင်ကြည်နူးစွာ သီချင်းဆိုနေရာမှ ရုတ်တရက် မြွေနက်၏ အမြီးဖြင့် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။ သူသည် မြွေနက်က အစွယ်များ ဖြဲပြနေသည်အား မြင်လိုက်ရသည်။
ထို့ကြောင့် သူအလျင်မြန် ပါးစပ်ပိတ်လိုက်ကာ မိမိကိုယ်ကို သတိပေးလိုက်သည်။
[ ယခုမှစ၍ ဘယ်သောအခါမှ မြွေနက်ရှေ့တွင် သီချင်းမဆိုရန်နှင့် သီဆိုမိပါက သူသည် ဒေါသထွက်နေလိမ့်မည်] ဟူ၍ပင်။
အသားဒုတ်ထိုးများသည် ဆီပူမြည်သံများ ထွက်လာသည်အထိ ကင်ထားခဲ့၍ အသားကင်ရနံ့နှင့်ပင် ပါးစပ်အတွင်း၌ သားရည်များလျှံထွက်လာစေသည်။
ဝမ်ကျုံးသည် မြွေနက်အား လျှို့ဝှက်စွာ ကြည့်လိုက်သည်။ ၎င်းက နောက်ထပ်ပြဿနာများအား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။
သူသည် အကြီးဆုံး အသားကင်အပိုင်းအား စုပြီးရွေးထုတ်လိုက်ပြီးနောက် မြွေ၏ အမြီးထိပ်နားသို့ ကမ်းပေးလိုက်၍ ချော့မော့ငြင်သာစွာ ပြောလိုက်၏။
“ မြွေချောလေးရေ အသားက စားဖို့အသင့်ပဲ ’’
သူပြောလိုက်ပြီးသည်နှင့် သူ မတတ်နိုင်ဘဲ တံတွေးများအား အလျင်စလို မြိုချမိသွားသည် ။ မြွေနက်သည် စိတ်မဝင်စားပုံဖြင့်သာ ရှိနေခဲ့ပြီး သူ၏အမြီးအား ဝမ်ကျုံး၏ ခြေကျင်းဝတ် တစ်ဝိုက်တွင် ရစ်ပတ်နေခဲ့သည်။
ထို့နောက်သူ့ခန္ဓာကိုယ် အပေါ်ပိုင်း၌ မြင်သာသောနေရာများအား အမြီးထိပ်ဖြင့် ထိတွေးစစ်ဆေးပြီးနောက် သူ၏ဦးခေါင်းအား မှန်ဘက်သို့ ပြန်လှည့်သွားခဲ့သည်။
ဤသည်ကိုမြင်သောအခါ ဝမ်းကျုံး သက်ပြင်းတစ်ချက်ရှိုက်ကာ လျစ်လျူရှုလိုက်သည်။ သူ့ သားရေ အသစ်ပေါ်တွင် ပြန်ထိုင်လိုက်၍ စတင်စားသောက်နေခဲ့သည်။
အသားကင်သည် မီးဖိုးပေါ်မှ ယခုမှ ချလာသောကြောင့် အလွန်ပူနေ၏။ ဆီပူများသည် သူ၏ပေါက်ပြဲနေသော လက်ဖဝါးပေါ်သို့ စီးကျသွားကာ အရည်ကြည်ဖုများကို ချက်ချင်းဖြစ်ပေါ်လာစေသည်။
သို့သော်ငြား ဝမ်ကျုံးကမူ မည်သည်ကိုမျှ ဂရုမစိုက်ပေ။
သူသည် အသားကင်အား အလျင်အမြန်ကိုက်၍ သူ့ပါးစပ်အပြည့် ထိုးသွင်းနေခဲ့၏။ သူအသားများအား မမြိုချခင်ပင် နောက်ထပ် တစ်ကိုက်ထပ်မံကိုက်လိုက်သည်။
သူ၏ပါးများသည် ထင်းရှူးသီးများဖြင့် ဖောင်းကားနေသော ရှဥ့်ပေါက်စလေးတစ်ကောင်နှင့် တူလေသည်။
“ဟာ…’’
“အရမ်းအရသာရှိတာပဲ”
ခြေသုံးချောင်းကြက်၏ ကလီစာများအား စားနေစဥ် သူသတိထားမိသည်က ၎င်း၏ ကြမ်းတမ်းသောအထိတွေ့မျိူးနှင့် အဆီမများခြင်းပေ။ သူမူလတွေးခဲ့သည်က အသားသည် ခြောက်သွေ့ပြီး ဝါးရခက်မည်ဟုပင်။ သို့သော် မီးနှင့်ကင်ပြီးသောအခါတွင် အဆီများသည် စိမ့်ထွက်လာကာ စိုစွတ်၍ပိုနူးညံ့ပြီး အရသာရှိလာခဲ့သည်။အသားသည် ပင်ကိုအငန်ဓာတ် ခပ်ပါးပါးရှိသောကြောင့် သစ်သားနှင့်မီးသွေးလောင်ကျွမ်းရာမှ ထွက်လာသောရနံ့ဖြင့် ပေါင်းစပ်သွားလေရာ သူ၏အချိန်တော်ကြာ ညှင်းပန်းခံခဲ့ရသော အရသာခံဖုများအား နိုးထလာစေရန် လှုံ့ဆော်နေခဲ့သည်။
အပြင်ဘက်ပိုင်းသည် ကြွပ်ရွ၍ အတွင်းပိုင်းသည် နူးညံ့ကာရနံ့ဖြင့်ပြည့်နှက်နေသောကြောင့် အသား၏ပင်ကိုအရသာအား ပြီးပြည့်စုံသွားစေသည်။
ဝမ်ကျုံး၏ ပါးစပ်တွင် အဆီအပြည့်ဖြင့် အစားအစာအား ပျော်ရွှင်စွာ စားသုံးနေခဲ့သည်။ မြွေနက်က သူ သတိမထားမိသောအချိန်၌ သစ်ပင်ပေါ်မှဆင်းလာခဲ့ပြီး သူ၏ဘေးတွင် ဝင်ခွေနေသည်။
မြွေနက်သည် သူ၏ဆီပေကျံနေသော လက်များအား ရှောင်ရှားကာ သူ့အမြှီးထိပ်ဖြင့် ဝမ်ကျုံး၏ဖြူဝင်း သေးသွယ်သော ခါးတစ်ဝိုက်တွင် ရစ်ပတ်ထားကာ ၎င်း၏လျှာအား သူဘက်သို့ထုတ်နေခဲ့သည်။
ဝမ်ကျုံးသည် ရုတ်တရက်ထိတ်လန့်မိသွား၏။
မြွေနက်သည်လည်း စားချင်နေမည်ဟု တွေးမိလိုက်သည်။ သူ့လက်ချောင်းများကို အလျင်အမြန် လျက်လိုက်ကာ ကျန်ရှိနေသေးသော အသားပိုင်းများကို ယူ၍ တိုးတိုးပြောလိုက်သည်။
“အပူမလောင်အောင် သတိထားဦးနော် ’’
မြွေနက်သည် စားရန်ငြင်းပယ်ခဲ့ပြီး သူ့အမြီးထိပ်ဖြင့် ဝမ်ကျုံး၏ ဝမ်းဗိုက်အား ငြင်သာစွာတွန်းလိုက်သည်။ မြွေနက်သည် သူ လုံလောက်စွာစားပြီးသည်နှင့် ထပ်မံစားသောက်ရန် ခွင့်မပြုကြောင်းကို သတိပေးနေလေသည်။
ဝမ်ကျုံး မျက်တောင်ခတ်လိုက်ပြီး အသားမစားရသည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏အစာအိမ်သည် တောင်ခံ့နိုင်တော့မည်မဟုတ်သည်ကို သတိရသွားသည်။သူခေါင်းငြိမ့်နာခံလိုက်ကာ သူ၏ပါးစပ်များအားသုတ်ပြီးနောက် လက်ကျန်အသားများအား သစ်ရွက်ဖြင့် ထုတ်ပိုးကာ မီးငြိမ်းလိုက်၏။ ထို့နောက် မြွေအသိုက်သို့ ပြန်ရန်ပြင်လိုက်သည်။
မြွေနက်ကမူ ဝမ်ကျုံးနှင့် မှန်မှလွဲ၍ အခြားမည်သည့်ပစ္စည်းကိုမှ မသယ်ချင်ခဲ့ချေ။
ဝမ်ကျုံး ရွေးချယ်စရာမရှိပေ။ ပစ္စည်းများအား သားရေဖြင့် ထုတ်ပိုးကာ နွယ်ပင်ဖြင့်ချည်နှောင်၍ မြေပြင်ပေါ်၌ တရွတ်တိုက်ဆွဲသွားခဲ့လေသည်။ မမျှော်လင့်စွာဖြင့် ထိုအရာ၏ကျုံနိုင်စွမ်းနှင့် ခုခံနိုင်စွမ်းသည် သူခန်မှန်းထားသည်ထက် ကျော်လွန်ကြောင်း တွေ့လိုက်ရသည်။ သူ ခြေသုံးချောင်း ကြက်မွှေးများအား နုတ်ကာ အိတ်တစ်လုံး ပြုလုပ်ရန်တွေးနေခဲ့သည်။
ဤခရီးစဥ်သည် အမှန်တကယ်ကို ပင်ပန်းစေပြီး သူတို့မြွေအသိုက်သို့ ပြန်ရောက်ချိန်တွင် ညနေပင်စောင်းနေခဲ့လေပြီ ။
ဝမ်ကျုံး သူ၏နာကျင်ကိုက်ခဲနေသာ လက်မောင်းများအား ပွတ်ကာ ပင်ပန်းလှသောကြောင့် အိပ်စက်ရန်ပြင်နေသည်။သို့သော် မြွေနက်သည် သူ၏အမြီးဖြင့် ပိတ်ကာ သူ လိုဏ်ဂူသို့ဝင်သည်အား တားဆီးနေခဲ့သည်။
တင်းကြပ်စွာကြေငြာနေလေသည်။
သူ့အား မြွေအသိုက်အတွင်းသို့ ပစ္စည်းများ သယ်ယူခွင့်မပြုပေ။
ဝမ်ကျုံး “……..”