ဝမ်ကျုံး ရွှေရောင်အုတ်ခဲပေါ်တွင် ၁၄၈ ဟူသော နံပါတ်ကို ထွင်းထုခဲ့သည်။
သူ အိမ်ပြန်ရန် မျှော်လင့်ချက်အား ယခုထိလက်မလျှော့ခဲ့ပေ။
သို့သော်ငြား သူ၏လက်ကျန် သက်တမ်းတစ်လျှောက် မပြန်နိုင်တော့မည်ကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ဝမ်ကျုံး သူ၏ယခုအခြေနေအား ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူ၏ပစ္စည်းများအား သိမ်းဆည်းပြီးနောက် အနာဂါတ်အတွက် အတိုချုပ် အစီစဥ်ဆွဲနေလိုက်သည်။
သူသည် တူဖြင့် အသုံးဝင်သော ပစ္စည်းများစွာအား ပြုလုပ်ခဲ့ပြီး သူ၏ နေထိုင်ရေးအတွက် ပိုမိုအဆင်ပြေလာသော်လည်း ၎င်းတို့သည် သေခြင်းရှင်ခြင်းနှင့် မသက်ဆိုင်ပေ။
သို့သော်ငြား သူ အဆင်ပြေ၏။
လူသူမဲ့ကျွန်းပေါ်တွင် အရာအားလုံး ချို့တဲ့နေခဲ့သော်လည်း မရှိမဖြစ် အလိုအပ်ဆုံးသော အရာသည် အချိန်ပင်ဖြစ်သည်။
ဝမ်ကျုံးသည် မြွေနက်၏ အမြီးပေါ်မှီကာ သူ၏ခြေထောက်များအား လှုပ်ယမ်း၍ ချောက်ကမ်းပါးပေါ်၌ ထိုင်လိုက်သည်။ သူ့ပါးစပ်ထဲ၌လည်း သစ်ကိုင်းတစ်ကိုင်းအား ကိုက်၍ ဝါးနေလျက်။ ထိုမှကျန်ရှိနေသော အမျှင်များအား သွားပွတ်တံပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
မြွေနက်သည် သူဆော့ကစားနေသည်ဟု ထင်နေခဲ့လေသည်။ထို့ကြောင့်သူသည် ရေပုံးအရွယ် အထူရှိသော သစ်ကိုင်းအား ချိုးလိုက်၍ သူ၏ပါးစပ်ရှေ့သို့ ပို့ပေးလိုက်သည်။
ဝမ်ကျုံး အသံထွက်ရယ်လိုက်ပြီး သူ၏ပါးစပ်သို့ ညွှန်ပြပြီး ထိုသစ်ကိုင်းအထူအား ညွှန်ပြနေသည်။သူ၏ လှပသော မျက်ဝန်းတစ်စုံဖြင့် ပြုံးပြလျက်
“မြွေချောကြီးရေ ဒီဟာဘယ်လောက်ထူလဲကြည့်…ပြီးတော့ ကျွန်တော် ပါးစပ်ဘယ်လောက်ကျယ်လဲ ကြည့်ဦး အဲ့တာကြီးက ဘယ်လိုလုပ်ပြီး ကျွန်တော့ပါးစပ်နဲ့ ဆန့်ပါ့မလဲ… ’’
မြွေနက်သည် သူ့ဒေါင်လိုက်မျက်ဝန်းများဖြင့် သူ၏ထူထဲ ကြီးမားသောအမြီးအား အနည်းငယ်ငုံကြည့်လိုက်သည်။ ထို့နောက် ဝမ်ကျုံး၏ လှပသောကောက်ကြောင်းပေါ်သည့် နှင်းဆီရောင် နှုတ်ခမ်းများအား ကြည့်လိုက်သည်။ ထို့အပြင် သူတို့နှစ်ခုအကြား အမှန်တကယ်ပင် မကိုက်ညီကြောင်း စစ်ဆေးနေခဲ့ပြီး သူ ကူကယ်ရာမဲ့နေသည်အား ခံစားလိုက်ရသည်။ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
သူ ပျော်ရွှင်မှုအား ပျောက်ဆုံးသွားသကဲ့သို့ ခံစားနေခဲ့ရသည်။
ဝမ်ကျုံးသည် မြွေနက်၏ နှလုံးသား အတွင်းမှ ဖော်မပြနိုင်သော အတွေးများအား မသိခဲ့ပေ။
သူ သွားတိုက်တံအား ဘေးချထားလိုက်ကာ လွန်ခဲ့သောရက်က မြွေနက်၏ရတနာသိုက်ထဲမှ မတော်တဆရှာတွေ့ခဲ့သော ရွှေရောင်ကတ်ကြေးအား ထုတ်လိုက်သည်။ ထို့နောက် သူ၏ပခုံးထိရှည်နေပြီ ဖြစ်သောဆံပင်များအား ညှပ်ရန်ပြင်လိုက်သည်။
သူစတင်မလှုပ်ရှားရသေးခင် မြွေနက်သည် သူ့အမြီးဖြင့် သူ့ခါးအားရစ်ပတ်ကာ ရပ်တန့်စေခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက် သူပြောလိုက်သည်။
“ဘာကိစ္စရှိလို့လဲ မြွေချောကြီးရေ ကျွန်တော်ရဲ့ ဆံပင်ရှည်ကို ကြိုက်လို့လား … ’’
ဒါပေမယ့် အဲ့တာကပူစပ်ပူလောင်နဲ့ ကျွန်တော့်နဖူးကို ကျော်ပြီး မျက်စိရှေ့ထိရောက်နေပြီးတော့ သေချာမမြင်ရတော့ဘူး…ဒီနေရာမှာ ခေါင်းလျှော်ရည်လည်း ရှိတာမဟုတ်ဘူး… အဲ့တာက ကျန်းမာရေးနှင့် မညီညွတ်ဘဲ ပြဿနာများစေတယ်လေ အဲ့ဒါကြောင့် ကျွန်တော်ညှပ်ပစ်လိုက်တာက အကောင်းဆုံးပဲ’’
ဝမ်ကျုံးသည် ညှင်သာသောအသံဖြင့် ရှင်းပြနေခဲ့ကာ သူ့ခေါင်း ပြောင်သည်အထိအကုန်ညှပ်ရန်ပြင်နေခဲ့သည်။
မြွေနက်သည် ကတ်ကြေးအား တိုက်ရိုက်လု မယူခဲ့ပေ။ ဓားရှည်အား ဓါးအိမ်ထဲမှ ထုတ်လိုက်ပြီး သူရှေ့တွင် ခြိမ်းခြောက်သောအမူအရာဖြင့် ခါယမ်းပြနေလေသည်။
ဤအခြေနေတွင် ဝမ်ကျုံးသည် မနာခံဘဲ မနေရဲတော့ပေ။ချွန်ထက်နေသော ဓားရောင်အောက်မှ ခေါင်းအားအသာယာရှောင်လိုက်၍ အမြန်ပြောလိုက်သည်။
“ ကောင်းပြီ။ မြွေချောကြီးက ဘော့စ်ပဲ… မြွေချောကြီးက အချောဆုံးပဲ ခင်ဗျားသဘောကျတယ်ဆိုရင် ကျွန်တော် ဒီဟာကို ဒီတိုင်းထားလိုက်တော့မယ် ’’
မြွေနက်သည် သူ၏ခေါင်းအား စောင်းလိုက်ကာ လျှာ ထုတ်လျက် ဒေါင်လိုက်ကျနေသော မျက်ဝန်းများအား မှေးကျဥ်း၍ သူ့အား စိုက်ကြည့်နေခဲ့သည်။
ဝမ်ကျုံး၏ နှလုံးခုန်သံများပင် လွဲချော်သွားလေသည်။ သူ ချိုသာသောစကားလုံးများအား စတင်မပြောရသေးခင် မြွေနက်သည် ဓားရိုးအား စတင်လွှဲနေခဲ့ပြီး သူ၏နဖူးပေါ်မှ ဆံပင်များအား မြန်မြန်ဆန်ဆန် တိုစေခဲ့သည်။အရှိန်မှာ အလွန်မြန်ဆန်လှသောကြောင့် သူ ကြောက်ချိန်ပင် မရခဲ့။
ဝမ်ကျုံး ကြောင်အစွာဖြင့် မျက်လုံးများအား ပင့်လိုက်ရာ မြွေနက်သည် သူ့အားဆံပင်ညှပ်ပေးရုံတင်မက သူ၏ဆံပင်အား သေးသွယ်သောနွယ်ပင်ဖြင့် စည်းပေးနေသည်ကိုမြင်လိုက်ရသည်။၎င်းသည် သူ၏ ဦးရေပြားအား နာကျင်စေသည်။
ဝမ်ကျုံး နာကျင်မှုကြောင့် မြည်တမ်းမိကာ အလျင်မြန်ပြောလိုက်သည်။
“ မြွေချောကြီးရေ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ် ’’
သူ ကျိုးတိုးကျဲတဲ ဆံပင်များအား နားနောက်တွင်စုကာ နွယ်ပင်လေးဖြင့် ချည်နှောင်၍ မေးလိုက်သည်။
“ မြွေချောကြီး ဘယ်လိုနေလဲ… ကျွန်တော် အဆင်ပြေတယ်မလား … ’’
မြွေနက်ကြီးက အညှို့ခံလိုက်ရသည့်နှယ် သူအား ခဏမျှ ငေးကြောင်ကြည့်နေသည်။ထို့နောက် သူသည် တံခါးပေါက်ထက်ကြီးသော မှန်အား ယူလာခဲ့ပြီး သူ့ရှေ့တွင် ထောင်ပြနေသည်။ထို့နောက် သူ့အမြီးဖြင့် ဝမ်ကျုံးအားရစ်ပတ်ကာ လျှာအား ထုတ်လိုက်ပြီး ဝမ်ကျုံး နှုတ်ခမ်းများအား ထပ်ခါတလဲလဲ လျက်နေလေသည်။
ဝမ်ကျုံး “ ??? ’’
မြွေနက်သည် ဝမ်ကျုံး၏နှုတ်ခမ်းများအား လျက်နေပြီး မှန်အားစကားပြောနေခဲ့သည်။
[ ကြေးမုံကြီးရေ ၊ ကြေးမုံကြီရေ ]
[ ဒီလှပတဲ့အခိုက်တန့်ကို အမြန် ဖမ်းယူထားပေး… ငါမကောင်းဆိုးဝါးလောကကိုပြန်တဲ့အခါ မြွေနန်းတော်မှာ ပုံတူပန်းချီကားထုတ်ပြီး ငါ့ပုံဘေးနားမှာ ချိတ်ထားမလို့ ]
[ ပြောရဦးမယ်]
[ မင်းပုံဆွဲတဲ့ အချိန်ကျရင်လည်း အလင်းအမှောင်ညှိပြီး အသေးစိတ် ဆွဲပေးဖို့မမေ့နဲ့]
ဝမ်ကျုံး စိတ်ရှုပ်ထွေးသွားရသည်။ မြွေနက်ကြီး ဘာလုပ်နေသည်ကို သူ မသိခဲ့ချေ။
သို့သော် သူလှုပ်ရှားမှု မပြုလုပ်ဝံ့ဘဲ ငြိမ်နေခဲ့လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် မြွေနက်ကြီးသည် သူ့လျှာအားသိမ်းကာ သူအား ပြန်လွှတ်ပေးလိုက်သည်။
ဝမ်ကျုံး မသိစိတ်အရ သူ့လက်ကိုမြှောက်ကာ ပါးစပ်အားသုတ်လိုက်သည်။မြေပေါ်သို့ မြွေနက်၏အမြှီးဖြင့် အဖိခံလိုက်ရပြီးနောက် ဝမ်ကျုံး ထပ်၍ အလျက်ခံနေရပြန်သည်။
ဝမ်ကျုံး သေလောက်အောင် ယားလာ၍ သနားညှာတာပေးရန် တောင်းဆိုလိုက်သည်
“ ဟားဟား…..ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်မှားသွားပါတယ်လို့ မြွေချောကြီးရေ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ အရမ်းယားတာပဲ ဟားဟား……’’
လူတစ်ယောက်နှင့် မြွေတစ်ကောင်သည် အချိန်အတော်ကြာ ကစားနေခဲ့ကြသည်။ ဝမ်းကျုံးသည် ရယ်ရလွန်းသောကြောင့် မျက်ရည်များပင် ထွက်လာခဲ့လေသည်။
မြွေနက်အား အနိုင်ယူရန် မဖြစ်နိုင်ပေ။၎င်း၏အမြှီးဖြင့် သူ၏ပတ်ပတ်လည်် ရစ်ပတ်ထားကာ မရပ်ဘဲ ဆက်လုပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများအား လှိမ့်လိုက်ပြီး ဗိုက်အားဖက်ကာ အော်လိုက်သည်။
“ အိုး… နာလိုက်တာ ’’
သူ ထိုအခွင့်အရေးအား အမိအရဆုပ်ကိုင်၍ မြွေနက်၏ အမြှီးထိပ်အား ဖက်လိုက်ကာ မြွေနက်ကြီးကို သူ့အောက်သို့လှည့်သွင်းလိုက်ပြီး ပျှော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“ မြွေချောကြီးရေ ခင်ဗျားတော့ လှည့်စားခံလိုက်ရပြီ ’’
သူ မြွေနက်၏ အမြီးအား ပုတ်လိုက်ပြီး လျှပ်တစ်ပြက်အမြန် အဝေးသို့ ပြေးထွက်သွားခဲ့သည်။
ဝမ်ကျုံး သူ၏ပြေလျှော့နေသော ဆံပင်များအား ထပ်မံစည်းနှောင်လိုက်သည်။ မြွေနက်ကြီးနှင့် ဆော့ကစားပြီးနောက် သူ့ခံစားချက်များ တိုးတတ်လာသည်ကိုခံစားလိုက်ရပြီး ပို၍ သက်တောင့်သက်သာရှိလာသည်။
သူ မီးမွှေးလိုက်ပြီးနောက် အသားခြောက် တချို့အား ညစာအတွက် ကင်နေခဲ့သည်။ မီးအေးသွားသည်ကိုစောင့်နေစဥ်အတွင်း သူ ရေငံသီးအား ထပ်မံစားသောက်နေခဲ့သည်။
ဤအတောအတွင်း သူ တနေ့သုံးနှပ်စားသောကြောင့် သူ၏ခန္ဓာကိုယ် အလေးချိန်ကျဆင်းမသွားသည့်အပြင် သူကျန်းမာရေးမှာ သိသာစွာ တိုးတတ်လာခဲ့သည်။ အာဟာရချို့တဲ့ကာ ပိန်ပါးနေပုံသော်လည်း သူ့မျက်နှာသည် ကြည့်ရပိုအဆင်ပြေလာကာ ချွေးထွက်လွန်ခြင်း သို့မဟုတ် မောပန်းနွမ်းနယ်နေခြင်းများ မခံစားရတော့ပေ။ သူ၏စိတ်ကျန်မာရေး အခြေနေသည်လည်း တိုးတတ်ပြောင်းလဲလာခဲ့သည်။
မြွေနက်သည် သေချာသလောက် သူမသေလောက်နိုင်တော့ဘူးဟု တွေးနေခဲ့သည်။ ထို့ကြောင့် သူ၏နေ့နှင့်ည အိပ်စက်သောလုပ်ငန်းစဥ်အား ပြန်လည်လုပ်ဆောင်ခဲ့သည်။
နေဝင်ချိန်တိုင်း၌ ၎င်းသည် သူ့အား ဂူပေါက်ဝတွင် ကြီးမားသောကျောက်တုံးကြီးဖြင့် ပိတ်ထားခဲ့ကာ နေထွက်ချိန်၌ လတ်ဆတ်စွာ ခူးဆွတ်ထားသော ရေငံသီးခြင်းအပြည့်နှင့် ပြန်ရောက်လာခဲ့သည်။ ထို့ပြင် သူ့ကို မြွေအမြီးဖြင့် အလေးချိန်ကြည့်သည်။ထို့နောက် ရေကန်သို့ သွားပြီး ရေကစားကာ ရေကန်ကမ်းစပ်၌လည်း ရွံ့များနှင့်လူးဆော့ပြီး မှန်ကြည့်လေ့ရှိသည်။ ပြီးလျှင် သူ့အမြီးများအား ရစ်ခွေပြီး နှစ်နှစ်ချိုက်ချိုက် အိပ်စက်တော့သည်။
သို့သော် ဝမ်ကျုံး အကျိုးအကြောင်း သိချင်နေခဲ့သည်။
မြွေနက်ကြီးက ညတိုင်း ဘယ်ကိုထွက်သွားတာလဲ…
သူဘာတွေလုပ်နေတာလဲ…
အမဲလိုက်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ လျှို့ဝှက်ပြီး တွေ့ဆုံနေတာလား…
ဝမ်ကျုံးသည် မြွေနက်ကြီး၏ လျှို့ဝှက်ချက်အား သိချင်နေသောကြောင့် ယားကျိကျိဖြစ်နေခဲ့သည်။
မြွေနက်ကြီးက အမြီးအား ရစ်ခွေလျက် ပုံမှန်ကဲ့သို့ပင် မှန်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
များစွာသော ရွှေရောင်ခွက်များအား ငှားပြီးနောက် သူ လွယ်ကူ ရိုးရှင်းသော ဆပ်ပြာတုံးလေးများ ပြုလုပ်ရန် ကြိုးစားနေခဲ့သည်။
ပထမဦးစွာ ဝမ်ကျုံးသည် မီးအေးသွားသော မီးသွေးခဲ အနည်းငယ်အား စုဆောင်းခဲ့ပြီး မြေကြီးပေါ်မှ ကျောက်တုံးများဖြင့် ကောင်းမွန်သော အမှု့န်ဖြစ်အောင် ကြိတ်ချေခဲ့သည်။ထို့နောက် မီးသွေးပြာများနှင့်ရေအား သစ်ကိုင်းဖြင့်မွှေကာ သစ်ရွက်ပေါ်တွင် စင်အောင်စစ်ထားခဲ့သည်။ ထို့နောက် သူသည် နောက်ထပ် မီးမွှေးခဲ့ပြီး အပူပေးထားသော သစ်စေးများအား စုဆောင်းကာ စစ်ထားသောရေထဲသို့ လောင်းထည့်ကာ ထပ်မံကြိုနေခဲ့သည်။အပူပေးနေစဥ်အတွင်း ဆေးဖက်ဝင်အပင်အချို့အား ဖိချေကာ ၎င်းတို့ကို ပေါင်းထည့်လိုက်သည်။
ရလဒ်အနေဖြင့် ဆပ်ပြာသည် ပိုးသေစေသည့် အာနိသင်ရှိရုံသာမက ဆေးဖက်ဝင်သော အစွမ်းနှင့် ဆေးဖက်ဝင်အပင်၏ ရနံ့များ ပါဝင်နေခဲ့သည်။
ခွက်အတွင်းရှိ ရေများ အငွေ့ပျံသွားပြီးနောက် သူသည် ကျန်ရှိနေသော အရည်များအား သစ်သားပုံစံခွက် အတွင်းသို့ လောင်းထည့်လိုက်သည်။
ဆပ်ပြာခဲ ပုံစံပေါ်လာသည်အား စောင့်နေစဥ်အတွင်း နေဝင်သွားခဲ့လေပြီ။
ညအခါ မြွေနက် ဂူအတွင်းကို ပြန်လာခဲ့ချိန်၌ သူသည် မြွေ၏အမြီးအား ဆုပ်ကိုင်ကာမေးလိုက်သည်။
“ခင်ဗျား ဘယ်တွေသွားနေတာလဲ မြွေချောကြီးရေ… ကျွန်တော်တစ်ယောက်တည်း ဂူထဲနေခဲ့ရတာ ပျင်းနေပြီ ပြီးတော့ ခင်ဗျားမရှိဘဲ အိပ်မပျော်တော့ဘူး ’’
မြွေနက် “............”
‘ ဟာ........သူငါ့ကိုထပ်လိမ်ဖို့ ကြိုးစားနေပြန်ပြီ။ သိသိသာသာ မနက်တိုင်း ငါပြန်လာရင် မင်းကိုလျက်နေကြ။ ဒါပေမယ့် မင်းဘာကိုမှ မသိဘဲအိပ်ပျော်နေခဲ့ပြီးတော့။ ’
“ မြွေချောကြီးရေ ကျွန်တော်သိနေတယ် ခင်ဗျားက ကမ္ဘာပေါ်မှာ အချောဆုံးနဲ့ ကောင်းဆုံးဆိုတာကို ’’
ဝမ်ကျုံးသည် မြွေနက်၏ အမြီးအား ကိုင်ကာ ခါလိုက်သည်။ ၎င်းအားထိတွေ့သည်။ထို့နောက် ညုတုတုအမူရာလေးဖြင့် သူ၏မျက်နှာပေါ်တွင် ချစ်ခင်စဖွယ် အပြုံးလေးအား ချိတ်ဆွဲကာ ပွတ်သတ်နေလေသည်။
မြွေနက် “...” အမှန်ပဲ
သူ၏ မြင့်မြတ်သော ဦးခေါင်းနှင့် ဒေါင်လိုက်မျက်ဝန်း များအား ညွှတ်ကိုင်းလျက် ဝမ်ကျုံးအား လုံးလုံးလျားလျား စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူအမြီးထိပ်အား ချိတ်သဏ္ဍာန် ကွေးလိုက်ပြီး ဝမ်ကျုံးရှေ့၌ တွဲလောင်းချလိုက်ကာ သူ့အား အမြန်တတ်ခဲ့ရန် အချက်ပြနေခဲ့သည်။