အခန်း (၇)
Viewers 1k

အခန်း (၇) စျေးနှုန်းနှစ်ဆ

 

အဘိုးရွှီ၊ ဒီကိစ္စကို လက်ထောက်ဟယ်ကို ကျွန်မ လွှဲထားပြီးပါပြီ။ သူ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိပါတယ်…။

 

ဟု ယောင်ရန်က သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းများပေါ်တွင် သဲ့သဲ့လေးပြုံးလျက် ပြောလိုက်သည်။

 

ထိုစကားကို ကြားပြီးနောက် အဘိုးရွှီ စိတ်တည်ငြိမ်သွားခဲ့ပြီး ခေါင်းညိတ်လိုက်ကာ၊

 

လက်ထောက်ဟယ်က အရည်အချင်းရှိတဲ့သူပါ…။

 

သူသည် တစ်စက္ကန့်မျှလောက်ရပ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

 

ရန်ရန်၊ နင် ဘာလို့ ငါ့ကို ရုတ်တရက် ခေါ်လိုက်တာလဲ။ ငါ့ရဲ့ အသုံးမကျတဲ့ မြေးနဲ့ တွေ့ဖို့ နောက်ဆုံး တော့ သဘောတူပြီလား…။

 

ယောင်ရန်သည် အဘိုးရွှီ၏ အသံထဲမှ နောက်ပြောင်မှုကို ကြားလိုက်ရသောအခါ ပြုံးလိုက်ပြီး

 

အဘိုးရွှီ၊ ကျွန်မ အဘိုးကို တခြားကိစ္စတစ်ခုနဲ့ ဖုန်းဆက်တာပါ။ ကျွန်မအဘိုးရဲ့ အကူအညီ လိုပါ တယ်..။

 

ဟင်.. နင်က ငါ့လို လူအိုကြီးဆီက ဘာအကူအညီများ လိုအပ်လို့လဲ…။

 

ယောင်ရန်သည် တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်လေသည်၊

 

အဘိုးရွှီ ၊ ကျွန်မ လက်နက်တွေ ဝယ်ချင်ပါတယ်။အဘိုး ကူညီပေးနိုင်မလား…။

 

ထိုစကားကို ကြားပြီးနောက် အဘိုးရွှီသည် ခဏမျှ တိတ်ဆိတ်နေပြီး…၊

 

ယောင်အိုကြီးက နင့်အတွက် ပိုက်ဆံတွေ အများကြီး ထားခဲ့တာပဲ။ နင် မှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုတယ်…။

 

သူသည် ခဏမျှစဉ်းစားပြီးသည့်အခါ၌၊

 

နင် ဘယ်လောက်အထိ လိုအပ်လဲ…။

 

ယောင်ရန်သည် လက်နက်များနှင့်ပတ်သက်ပြီး အနည်းငယ်သာ သိပေသည်။ လူသတ်ဖို့ အသုံးပြုနိုင် သမျှ ကောင်းသော လက်နက်များ ဖြစ်သည်ဟု သူမက ယူဆထားပေသည်။

 

သူမသည် တစ်စက္ကန့်မျှ စဉ်းစားပြီး၊

 

များများရှိလေ ကောင်းလေပါပဲ။ ကျွန်မ လက်နက်တွေအကြောင်း သိပ်မသိတော့အဘိုးရွှီပဲ စီစဉ် ပေးပါ…။

 

အဘိုးရွှီသည် မေးစေ့ကို ပွတ်သပ်ပြီး၊

 

အဲဒါအတွက် ဘယ်လောက်အထိ သုံးဖို့ ဆန္ဒရှိလဲ…။

 

လက်ထောက်ဟယ်က သုံးလအကြာတွင် ပေးခဲ့သော ပိုင်ဆိုင်မှုစာရင်းနှင့် ငွေသားများအပေါ် အခြေခံ၍ ယောင်ရန်သည် သူမ၏ ပိုင်ဆိုင်မှုများနှင့် ကုမ္ပဏီအားလုံးကို ရောင်းချပြီးသည့်နောက် အနည်းဆုံးဘီလီ ယံ နှင့်ချီသော ငွေများ ရရှိမည်ဟု ခန့်မှန်းထားခဲ့လေသည်။

 

ခဏမျှ စဉ်းစားပြီးသည့်နောက် သူမက၊

 

လက်နက်နဲ့ ကျည်ဆံတွေ ဝယ်ဖို့ အတွက် (၂) ဘီလီယံ ကနေ (၅)ဘီလီယံအထိ သုံးနိုင်ပါတယ်…။”

 

အဘိုးရွှီသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့ပြီး

 

ရန်ရန်၊ နင်က စစ်တပ်တစ်ခု တည်ထောင်ချင်နေတာလား…။

 

ယောင်ရန်က ရယ်မောလိုက်ပြီး

 

အဘိုးရွှီ၊ လက်နက်တွေအပြင် ကျွန်မ ဖောက်ခွဲရေး ပစ္စည်းတွေလည်း လိုချင်ပါတယ်။ ရဟတ်ယာဉ် တွေ၊ စစ်သုံးယာဉ်တွေ ဒါမှမဟုတ် လှေတွေကို ရှာပေးနိုင်မယ်ဆိုရင်လည်း လိုချင်ပါတယ်…။

 

သူမ၏ တောင်းဆိုမှုများကို နားထောင်ပြီးနောက် အဘိုးရွှီက ရယ်မောလိုက်ပြီး

 

ကလေးမလေး၊ နင် တကယ်ကို အများကြီး လိုချင်တာပဲ။ ကောင်းပြီ၊ အဘိုးက နင့်အတွက် ဘာလုပ် ပေးနိုင်မလဲဆိုတာ ကြည့်ပေးမယ်။ ဒါပေမဲ့ နင်လိုချင်တာတွေ အကုန်လုံး ရမယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ဘူး…။

 

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် သက်ပြင်းချလိုက်သည်။

 

ဒါဆို ဒီကိစ္စအတွက် အဘိုးရွှီကို အလုပ်ရှုပ်စေမိပါပြီ။ ငွေကို အမြန်ဆုံး ပို့ပေးပါ့မယ်…။

 

သူမ၏ ယဉ်ကျေးသော စကားများကို ကြားပြီးနောက် အဘိုးရွှီသည် ထပ်မံရယ်မောလိုက်သည်။

 

ငါ့အပေါ် ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ငွေရတဲ့အခါမှသာ ငါ့ဆီ ပို့လိုက်ပါ….။

 

ကောင်းပါပြီ။ ဒါဆို အဘိုးရွှီ အနားယူတာကို အနှောင့်အယှက် မပေးတော့ဘူး။ နောက်မှ တွေ့မယ်၊ အဘိုးရွှီ….။

 

အဘိုးရွှီနှင့် ဖုန်းပြောပြီးသည့်နောက် ယောင်ရန်၏ ရင်ထဲမှ အလုံးကြီးသည် နောက်ဆုံး၌ ကျသွားခဲ့ပြီ ဖြစ်သည်။ လက်နက်များ ရနိုင်သရွေ့တော့ ကမ္ဘာပျက်ခါနီးအချိန်တွင် သူမ ဘေးကင်းပေလိမ့်မည်။

 

လက်နက်ကိစ္စ အဆင်ပြေပြီးနောက် ယောင်ရန်သည် ဆေးဝါးနှင့် လောင်စာဆီ အမြောက်အမြား ဝယ်ယူရန် ဖုန်းထပ်မံ၍ခေါ်ခဲ့လေသည်။ အစိုးရကလည်း လောင်စာဆီနှင့် ဆေးဝါးများကို ထိန်းချုပ်ထား သောကြောင့် သူမသည် ဆယ်ဘဝစာအတွက် လုံလောက်သော ဆေးဝါးနှင့် လောင်စာ ဆီများကို လျှို့ဝှက်အဆက်အသွယ်များမှ တစ်ဆင့် ( ၆ ) ဘီလီယံကျော် သုံးစွဲခဲ့ရလေသည်။

 

ဖုန်းပြောပြီးချိန်၌ နေ့လယ်စာ စားချိန် ရောက်နေပြီဖြစ်သည်။ သူနာပြုသည် နေ့လယ်စာလာပို့စဉ် သူမ ၏ ဖုန်းသည် မြည်လာခဲ့လေသည်။ ယောင်ရန်သည် ခေါ်ဆိုသူ၏ အမည်ကို ကြည့်ပြီး ဖုန်းကိုကိုင်လိုက် သည်။

 

လက်ထောက်ဟယ်၊ ဘာဖြစ်လို့လဲ…။

 

ဖုန်းတစ်ဖက်မှ လက်ထောက်ဟယ်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။

 

မမလေး ယောင်၊ ဂူအဖွဲ့က မမလေးက ကုမ္ပဏီကို ရောင်းမယ်ဆိုတာ ကြားတော့ သူတို့ဘက်ကနေ မမလေး ဆီက ကုမ္ပဏီကို ဝယ်ယူဖို့ ဆန္ဒရှိကြောင်း ကျွန်တော့်ကို လာပြောပါတယ်…။

 

ဂူအဖွဲ့သည် ယောင်အဖွဲ့၏ စီးပွားရေးလောကတွင် အကြီးဆုံးနှင့် အပြင်းထန်ဆုံး ပြိုင်ဘက်ဖြစ်သည်။ ဆယ်စုနှစ်များစွာကြာအောင် ကုမ္ပဏီနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး တစ်ဦး တစ်ယောက်မှ အနိုင်မရခဲ့ပေ။ ယောင်ရန်သည် ဂူအဖွဲ့မှ ဤသတင်းကိုရသည်နှင့် သူမ၏ ကုမ္ပဏီကို ဝယ်ယူ လိုခြင်းမှာ မအံ့သြတော့ပေ။ ထို့နောက် သူမက တည်ငြိမ်စွာ မေးလိုက်သည်။

 

သူတို့ ဘယ်လောက်ပေးဖို့ ဆန္ဒရှိလဲ…။

 

ဘီလီယံ နှစ်ဆယ်ပါ…။

 

ယောင်ရန်သည် နာရီအနည်းငယ်အတွင်း ဘီလီယံ (၁၁) ဘီလီယံကျော် သုံးစွဲခဲ့ပြီး သူမသည် လိုအပ် သော ပစ္စည်းအမြောက်အမြားကို ဆက်လက်ဝယ်ယူရန်အတွက် လိုအပ်နေသေးသည်။ အခြားပိုင်ဆိုင် မှုများမှ ငွေနှင့် ပေါင်းလိုက်လျှင် အခြားပစ္စည်းများ ဝယ်ယူရန် ငွေ အနည်းငယ်သာ ကျန်ရှိတော့သည်။

 

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်၊

 

စျေးနှစ်ဆ တိုးလိုက်။ ဂူအဖွဲ့က ပိုက်ဆံသုံးဖို့ ဆန္ဒမရှိဘူးဆိုရင် သတင်းကို ဖြန့်လိုက်ပြီး တခြားကုမ္ပဏီ တွေကို ကုမ္ပဏီအတွက် လေလံဆွဲခိုင်းလိုက်။ အမြင့်ဆုံး လေလံဆွဲတဲ့သူက ယောင်အဖွဲ့ကို ဝယ်ယူဖို့ အခွင့်အရေး ရလိမ့်မယ်…။

 

လက်ထောက်ဟယ်သည် သူမ ပြောလိုက်သည့် စကားကို ကြားသောအခါ တံတွေးမျိုချလိုက်သည်။ စကားတစ်ခွန်းတည်းဖြင့် သူမသည် ဂူအဖွဲ့၏ ကမ်းလှမ်းချက်ကို နှစ်ဆ တိုးရဲခဲ့သည်ပင်။

 

ဂူအဖွဲ့ကသာ ငြင်းဆိုခဲ့ပါက၊ ဂူမိသားစုသည် ယောင်မိသားစုထက် ပိုမိုအားကောင်းနိုင်သည့် ရန်သူ အသစ်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် သူတို့သာ သဘောတူခဲ့ပြီး ဘီလီယံလေးဆယ်ကို တစ်ပြိုင်နက်တည်း သုံးစွဲပါက ဂူမိသားစု၏ ရပ်တည်မှုကို ထိခိုက်စေလိမ့်မည်။ သခင်မလေး ယောင်၏ လုပ်ရပ်သည် အလွန်ပင်ရက်စက်လွန်းလှပေသည်။

 

လက်ထောက်ဟယ်သည် စက္ကန့်အနည်းငယ်ကြာအောင် ထိတ်လန့်နေပြီးနောက် အသိပြန်ဝင်လာခဲ့ပြီး၊

 

ကျွန်တော် နားလည်ပါပြီ…။

 

တခြားကိစ္စတွေရော ဖြေရှင်းပြီးပြီလား…။

 

ပြီးပါပြီ၊ သခင်မလေး။ ရောင်းချနိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပြီးပါပြီ။ ဒါပေမဲ့ အရာအားလုံး ကို ရောင်းဖို့ ရက်သတ္တပတ် အနည်းငယ်တော့ ကြာနိုင်ပါတယ်…။

 

ယောင်ရန်သည် သူ၏ လုပ်ငန်းဆောင်တာများ ထိရောက်မှုအပေါ် အလွန်ကျေနပ်သွားပြီး၊

 

ကောင်းတယ်။ ပိုက်ဆံကို ကျွန်မရဲ့ အကောင့်ထဲ တိုက်ရိုက် လွှဲပေးလိုက်ပါ…။

 

ဟုတ်ကဲ့ပါ….။

 

မေးခွန်းအနည်းငယ် ထပ်မေးပြီးနောက် ယောင်ရန်သည် ဖုန်းကို ချလိုက်ပြီး စားပွဲပေါ်ရှိ သစ်သား သေတ္တာလေးကို ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်အကြာတွင် သူမသည် ၎င်းကို ထိလိုက်ပြီး သစ်သားသေတ္တာလေးသည် ပျောက်ကွယ်သွားလေသည်။

 

လန်လီဖေးက ထိုကျောက်စိမ်းဆွဲသီးကို သဘော ကျခဲ့သောကြောင့် ဒီဘဝတွင်မူ သူမကို လုံးဝကြည့်ခွင့် ပေးတော့မည်မဟုတ်ပေ။

 

ယောင်ရန်သည် လူများစွာနှင့် ဆက်သွယ်ကာ ပုံမှန်နည်းလမ်းများဖြင့် မဝယ်ယူနိုင်သော ပစ္စည်းများကို သိုလှောင်နေစဉ် သူမ၏ နေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေခဲ့သည်။ သူမ သတိမထားမိဘဲ သစ်သား သေတ္တာလေးသည် မူလနေရာသို့ ထားလိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။