အခန်း
(၈) နေရာလွတ်ထဲမှ အပြောင်းအလဲများ
နောက်တစ်နေ့၌
ယောင်ရန်သည် မူးနောက်နေပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်နေသော ခံစားမှုဖြင့် နိုးလာခဲ့လေသည်။
ဆရာဝန်
လာရောက်စစ်ဆေးသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
“မမလေး၊
မနေ့ညက မအိပ်ဘူးလား…။”
“မနေ့ညက
ကိုးနာရီမှာ အိပ်ယာဝင်ပါတယ်…။”
ဆရာဝန်သည်
စစ်ဆေးမှုရလဒ်များကို
ခဏတာ ကြည့်ရှုပြီးသည့်နောက်တွင်
“မမလေး
နောက်တစ်ရက် ဆေးရုံမှာ ဆက်နေဖို့ လိုပါတယ်။ နောက်ထပ် စစ်ဆေးမှုတစ်ခု ထပ်လုပ် ပြီးမှ မမလေးရဲ့ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ချသင့်ပါတယ်…။”
ဆရာဝန်၏
မျက်မှောင်ကြုတ်လိုက်ခြင်းကို
မြင်သောအခါ ယောင်ရန်သည်၊
“ဆရာ ၊
ကျွန်မရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေတာလား…။”
ဆရာဝန်သည်
စစ်ဆေးမှုရလဒ်ကို သူနာပြုထံသို့ ပေးလိုက်ပြီး၊
“မမလေးရဲ့
စစ်ဆေးမှုရလဒ်တွေအရတော့
ကောင်းကောင်း အနားယူဖို့ပဲ လိုပါတယ်။ မနေ့က မမလေး ခံစားခဲ့ရတဲ့ ထိခိုက်မှုက မပြင်းထန်ပါဘူး၊ ဒါပေမဲ့ သွေးတွေ အများကြီး ဆုံးရှုံးသွားတယ်။ သွေးပြန် ဖြည့်ဖို့အတွက် အထူးကုသမှုတစ်ခု ပြင်ဆင်ပေးဖို့ သူနာပြုကို ကျွန်တော် ပြောလိုက်ပါ့မယ်…။”
ယောင်ရန်သည်
ခေါင်းညိတ်လိုက်ပြီး
“ကျေးဇူးတင်ပါတယ်၊
ဆရာ…။”
စစ်ဆေးမှု
ပြီးဆုံးသွားပြီးနောက်
ဆရာသည် အလုပ်သင်ဆရာဝန်အဖွဲ့နှင့်အတူ
အခန်းတွင်းမှ ထွက်ခွာ သွားခဲ့သည်။ သူမသည် တစ်ယောက်တည်း ကျန်ရှိတော့သည့်အခါ၌ ယောင်ရန်သည် သူမ၏ နဖူးကို ပွတ်သပ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ကာ သူမ၏ နေရာလွတ်ထဲသို့ ကြည့်လိုက်လေသည်။
သို့သော်
သူမသည်စိတ်ဝိညာဉ်ဖြင့်
သူမ၏နေရာလွတ်ထဲသို့ ဝင်ရောက်လာသောအခါ အံ့အား သင့်သွား ခဲ့လေသည်။ မူလက သာမန်နေရာတစ်ခုသည် ကြီးမားသော အပြောင်းအလဲများ ဖြစ် ပေါ် နေသည်ကို သူမ အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ သူမသည် တောက်ပသော ကောင်းကင်ကို ကြည့်ရန် မော့၍ ကြည့်လိုက်ပြီး ကျယ်ပြန့်ပြီး နက်မှောင်သည့် မြေကြီးနှင့် ရေကန်တစ်ခုကို ကြည့်ရန်အတွက် ငုံ့၍ကြည့် လိုက်သည်။
ယောင်ရန်အား
ကလေးမရှိသော အဘိုးအိုနှင့် အဘွားအို နှစ်ဦးသည် လမ်းဘေးမှ ကောက်ယူမွေးစား ခြင်းကိုခံရ
ပြီးနောက် လယ်သမားမိသားစုတွင်
ကြီးပြင်းလာခဲ့သည်။ သူမသည် ပညာရှင်တစ်ဦး မဟုတ် သော်လည်း စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထိုက်အလျောက်တော့ အသိပညာ ရှိခဲ့လေသည်။
ကြည့်လိုက်ရုံမျှဖြင့်
သူမသည် ထိုနက်မှောင်သောမြေသည် သူမ မြင်ဖူးသမျှ မြေဆီလွှာများထဲတွင် အကောင်းဆုံးနှင့် အသန်မာဆုံး မြေဆီလွှာဖြစ်ကြောင်း သိရှိလိုက်သည်။ သူမ မြင်တွေ့နိုင်သမျှ နက် မှောင်သော မြေဧရိယာသည် နှစ်ဧကခန့်မျှရှိပေသည်။
လယ်ယာမြေ၏
ဘယ်ဘက်၌ သူမသည် ရေကန်ထဲရှိ ကြည်လင်သောရေကို
မြင်တွေ့နေရသည်။ သို့သော် သူမသည် ရေထဲသို့ ကြည့်လိုက်သောအခါ အောက်ခြေကို မမြင်ရပေ။ သူမသည် ရေကန်၏ အနက်ကို အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။
လယ်ယာမြေနှင့်
ရေကန်ကို စစ်ဆေးပြီးနောက် ယောင်ရန်သည် ညာဘက်သို့ ကြည့်လိုက်မိလေ သည်။ လယ်ယာမြေနှင့် ရေကန်ပတ်လည်သည် မြေဆီလွှာများဖြင့် ဖုံးအုပ်ထားသည့် ဧရိယာများနှင့်မတူဘဲ ညာဘက်ရှိ ဧရိယာသည် တစ်မျိုးအမည်မသိသော အနက်ရောင် သတ္တုတစ်မျိုးဖြင့် ဖုံးအုပ်ထား သည်။
ယောင်ရန်သည်
အနက်ရောင်သတ္တုကို ကြည့်ပြီး ၎င်းသည် သူမ၏ မူလနေရာလွတ် ကို ဝန်းရံထားသည့် ပစ္စည်းနှင့်
အတူတူပင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သို့သော် သူမ၏ ဟောင်းနွမ်းသော နေရာနှင့် မတူသည်မှာ ဤနေရာတွင် နံရံများ၊ မျက်နှာကျက်များ မရှိပေ။ ၎င်းသည် သူမ၏ သေးငယ်သော နေရာ ထက်ပင် အဆများစွာ ပိုမိုကြီးမားလေသည်။
သူမ၏
ကျွမ်းကျင်သော တွက်ချက်မှုအပေါ် အခြေခံ၍ ဤဧရိယာသည် ဘောလုံးကွင်းအရွယ်အစား၏ သုံးဆခန့် အနည်းဆုံးရှိပေသည်။ ဤမျှကြီးမားသော နေရာရှိသဖြင့် ယောင်ရန်သည် လိုအပ်သော ပစ္စည်းများဖြင့် ၎င်းကို ပြည့်အောင်ဖြည့်ရန် လုံလောက်သော ပိုက်ဆံနှင့် အချိန်ရှိမရှိ မသိနိုင်တော့ပေ။
ထို့အပြင်
သူမသည် ထိုနေရာ၏ အမြင့်ဆုံး အမြင့်ကို မသိရသေးသောကြောင့် သူမအတွက် ရရှိနိုင်သည့် စုစုပေါင်း ဧရိယာသည် မသေချာတော့ပေ။ ယောင်ရန်သည် သူမ၏ ကိုယ်ပိုင်နေရာကို ခဏတာမျှ လမ်း ပတ်၍ လျှောက်ပြီးနောက်
သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်ထဲမှ ပြန်ရုပ်သိမ်းလိုက်လေသည်။
ဆေးရုံခုတင်ပေါ်တွင်
ထိုင်ရင်း သူမသည် အတွေးနက်နေခဲ့သည်။ အချိန်အတော် ကြာပြီးနောက် သူမ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ ယောင်ရန်သည် သူမ၏ နှုတ်ခမ်းများကို ကွေးညွှတ် လိုက်ပြီး သူမ၏ အသံထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်ဖြင့်၊
"လန်ကွမ်းဟွေ့ ပစ္စည်းတွေ သိုလှောင်တဲ့နေရာကို ဘာလို့ ရှာမတွေ့ခဲ့တာလဲဆိုတာ အံ့သြစရာမရှိဘူး။ သူက အဲဒီပစ္စည်းတွေကို ကျောက်စိမ်းဆွဲသီးထဲမှာ ဖွက်ထားခဲ့တာ။ ဒါကြောင့် လန်လီဖေးဟာ ကမ္ဘာပျ က်ပြီး နှစ်ပေါင်းများစွာအကြာတာတောင်
ကျန်းမာသန်စွမ်းပြီး သန့်ရှင်းနေနိုင်တာပဲ…။"
အာကသ၏
အပြောင်းအလဲကို သိရှိပြီးနောက် ယောင်ရန်သည် သူမ၏ မိုဘိုင်းဖုန်းကို ယူကာ သူမ ပြင်ဆင်ရန် လိုအပ်သည့် ပစ္စည်းများစာရင်းကို ပြန်လည်ပြင်ဆင်ခဲ့လေသည်။
ယခင်နေ့က
နေရာကန့်သတ် မှုရှိခဲ့သော ကြောင့်
သူမသည် ဆေးဝါးနှင့် လောင်စာဆီ များကို အလွန် အကျွံ မမှာရဲခဲ့ပေ၊ လိုအပ်သော ပစ္စည်း အမျိုးအစားများထဲမှ အချို့တော်တော်များကိုလည်း
စာရင်း မပြုလုပ်ရဲခဲ့ပေ။
သို့သော်
ယနေ့တွင် သူမ၏ အာကသ အဆင့်မြှင့်တင်မှုနှင့်အတူ သူမသည် ပိုမို၍ ယုံကြည်မှုရှိလာခဲ့ သည်။ သူမ၌ ပစ္စည်းများ သိုလှောင်ရန် နေရာပိုမိုရှိသောကြောင့် သူမသည် အဘိုး၏သူငယ်ချင်းများနှင့် ဆက်သွယ်ကာ ဆေးဝါး၊ လောင်စာဆီနှင့် အခြားပစ္စည်းများအတွက် သူမ၏ မှာယူမှုကို သုံးဆတိုး ခဲ့လိုက်လေသည်။
သူမသည်
အွန်လိုင်းစျေးဝယ်ခြင်းဖြင့်
အလုပ်ရှုပ်နေစဉ် လက်ထောက်ဟယ်သည် သူမထံသို့ မက်ဆေ့ချ် တစ်စောင် ပို့လာလေသည်။
[မမလေး၊
ဂူမိသားစုက မမလေးရဲ့ ဈေးနှုန်းကို သဘောတူပါတယ်။ စာချုပ်က မနက်ဖြန် အဆင်သင့် ဖြစ်ပါလိမ့်မယ်။ ဂူအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်ကို တွေ့ချင်ပါသလား..။]
သူမ၏
ယခင်ဘဝတွင် ဂူမိသားစုသည် ပုဂ္ဂလိက အခြေစိုက်စခန်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာပျက်ပြီး နောက်ပိုင်း၌ ကမ္ဘာပေါ်တွင်
အင်အားအကြီးဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
သူမ၏
အဘိုးနှင့် အမေအတွက် လက်စားချေနိုင်ရန်မှာ သူမအတွက် လွယ်ကူပြီး၊ လန်ကွမ်းဟွေ့၊ ချန်မေလင် နှင့် လန်လီဖေးတို့ကို ကိုင်တွယ်ဖြေရှင်းရန်လည်း မခက်ခဲပေ။ သို့သော် လူသားစမ်းသပ်မှု ဘာသာရပ်တစ်ခုအနေဖြင့် သူမကို အသုံးပြုခဲ့သော အဖွဲ့အစည်းကိုလည်း သူမသည် လက်စားချေလို သေးသည်။
၎င်းတို့၏
အနိုင်ကျင့်ခြင်းနှင့်
ရက်စက်ခြင်းများမှ ဤအဖွဲ့အစည်း၏ နောက်ကွယ်တွင် ၎င်းတို့အား ထောက်ပံ့ပေးနေသော အခြား အင်အားကြီးမားသည့် အင်အားစုတစ်ခု ရှိနေမည်မှာ သေချာပေသည်။
ထိုအဖွဲ့အစည်းကို
သူမ တိုက်ခိုက်လိုပါက ထိုအင်အားကြီးမားသည့် အင်အားစုများ၏ မျက်စိအောက်မှ ဝေးဝေးနေခြင်းသည် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
၎င်းတို့ထဲမှ တစ်ဦးဦးသည် အဖွဲ့အစည်း၏ ထောက်ခံသူ ဖြစ်နေနိုင်သည်ကို
မည်သူသိနိုင်မည်နည်း။
သို့တည်းမဟုတ် အဆိုးဆုံးမှာ ၎င်းတို့အားလုံး သည် အဖွဲ့အစည်းနှင့် ဆက်စပ်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြခြင်းလည်းဖြစ်နိုင်ပေသည်။
သူမ
တစ်ယောက်တည်း တိုက်ခိုက်ခြင်းသည် မိမိကိုယ်ကိုယ် သတ်သေသကဲ့သို့ဖြစ်လိမ့်မည်။
သူမ သည် အစီအစဉ်တစ်ခု ပြုလုပ်ရန် အချိန်ယူရပေအုန်းမည်။
ခဏမျှ စဉ်းစားပြီးနောက်
ယောင်ရန်က ပြန်ဖြေလိုက်သည်မှာ
[မလိုပါဘူး။
စာချုပ်ကို လက်မှတ်ထိုးဖို့ ကျွန်မဆီ ပို့ပေးလိုက်ရုံပါပဲ။ ကျန်တာကိုတော့ ရှင့်ကို လွှဲထားပါ တယ်…။]
နောက်တစ်စက္ကန့်မျှအကြာတွင်
လက်ထောက်ဟယ်ထံမှ မက်ဆေ့ချ် ရောက်လာသည်။
[နားလည်ပါပြီ…။]
ဂူမိသားစုသည်
ယောင်အဖွဲ့ကို ဝယ်ယူရန် ဘီလီယံလေးဆယ် သုံးစွဲရန် ဆန္ဒရှိသောကြောင့် ယောင်ရန် သည် ပျော်ရွှင်စွာ ဆက်သွယ်မှုများ ပြုလုပ်နေခဲ့လေသည်။
နောက်တစ်နေ့နံနက်စောစောတွင်
လက်ထောက်ဟယ်သည် စာချုပ်နှင့်အတူ ဆေးရုံသို့ ရောက်ရှိလာခဲ့ လေသည်။
ယောင်ရန်သည်
ယောင်အဖွဲ့ကို ရောင်းချရန် စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် လက်ထောက်ဟယ် သည် စာချုပ်ကို သိမ်းဆည်းလိုက်ပြီး၊
“မမလေး၊
ကျွန်တော် ဂူအဖွဲ့ရဲ့ ရုံးချုပ်ကို သွားဖို့ လိုအပ်ပါတယ်။ မမလေးအတွက် ယာဉ်မောင်း ကို ခေါ်ပေးရမလား…။"
ယောင်ရန်သည်
ခေါင်းခါလိုက်ပြီးနောက်၊
"တခြားပစ္စည်းတွေရော ဘယ်လိုလဲ။ စိတ်ဝင်စားတဲ့လူရှိရဲ့လား…။"
ဟု မေးလိုက်လေသည်။